မာယာလူမ်ဳိးေတြရဲ႕ စိတ္၀င္စားဖြယ္ အခ်က္ ၂၀ 

Posted on

မာယာဆုိတာနဲ႔ ကမာၻေပၚက အထင္ရွားဆုံး စိတ္၀င္စားဖုိ႔အေကာင္းဆုံး ေရွးေဟာင္းလူမ်ဳိးစုကိုေျပာတယ္ဆုိတာ သိၿပီးျဖစ္မွာပါ။ သူတုိ႔ဟာ လြန္ခဲ့ႏွစ္ေပါင္း ေထာင္ခ်ီကာလကတည္းက ႀကီးက်ယ္ခမ္းနားတဲ့ အေဆာက္အအုံႀကီးေတြေဆာက္ၿပီး မီဆိုအေမရိကမွာတ၀ုိက္မွာ ေနထုိင္ခဲ့ၾကပါတယ္။ ခရစ္ေတာ္မေပၚမီ ႏွစ္ေပါင္း ၂၀၀၀ ခန္႔ကတည္းက မာယာလူမ်ဳိးေတြရွိေနႏွင့္ၿပီျဖစ္ပါတယ္။ သူတုိ႔ရဲ႕ အဖြံ႔ၿဖဳိးဆုံး အတုိးတက္ဆုံးကာလကေတာ့ ေအဒီ ၂၅၀ နဲ႔ ၉၀၀ ၾကားအတြင္းျဖစ္ၿပီး အဲဒီေနာက္ေတာ့ မာယာယဥ္ေက်းမႈေတြဟာ တျဖည္းျဖည္းယုတ္ေလ်ာ့လာခဲ့ၿပီး ေနာက္ပုိင္းမွာေတာ့ စပိန္ေတြရဲ႕တုိက္ခိုက္သိမ္းပိုက္ျခင္းကုိ မာယာမ်ဳိးႏြယ္ေတြခံခဲ့ရပါတယ္။

အဲဒီေခတ္ကတည္းက မာယာတုိ႔ရဲ႕စာေပအေရးသားေတြဟာ တုိးတက္ေနၿပီျဖစ္ၿပီး ၊ ဗိသုကာပညာ ၊ ေဆးပညာတုိ႔မွာလည္း ျမင့္မားခဲ့တယ္လုိ႔ သိရပါတယ္။ ယေန႔တုိင္ျမင္ေတြ႔ေနဆဲျဖစ္တဲ့ မာယာၿမဳိ႕ေဟာင္းႀကီးေတြနဲ႔ ပတ္သတ္လုိ႔ကေတာ့  အေျဖရွာမရတဲ့ ပေဟဠိေတြရွိေနဆဲပါ။ အရင္ကလည္း မာယာေတြရဲ႕ အေၾကာင္းကို တင္ခဲ့ဖူးပါတယ္။ ဒီတစ္ခါေတာ့ လူအမ်ားစု မသိေလာက္ေသးတဲ့ မာယာေတြရဲ႕ စိတ္၀င္စားဖြယ္ အခ်က္တခ်ဳိ႕ကို သုတဇုန္မိတ္ေဆြမ်ားထံ ေ၀မွ်လုိက္ပါတယ္။

၂၀။ စပိန္ေတြရဲ႕နယ္ခ်ဲ႕မႈေတြေၾကာင့္ မာယာတုိ႔ရဲဲ႕ယဥ္ေက်းမႈေတြ ေပ်ာက္ကြယ္လုနီးပါးျဖစ္ခဲ့ေပမယ့္ မကၠဆီကုိ နဲ႔ ဂြာတီမာလာႏုိင္ငံေတြမွာ မာယာေတြရဲ႕ ဘာသာစကား နဲ႔ ယဥ္ေက်းမႈေတြကို ယေန႔တုိင္ ထိမ္းသိမ္းထားပါတယ္။

၁၉။ မာယာမ်ဳိးႏြယ္ေတြဟာ ယေန႔တုိင္ေအာင္ ယူဂန္ဒါကြ်န္းဆြယ္မွာ ေနထုိင္ေနၾကဆဲျဖစ္ပါတယ္။ စုစုေပါင္း လူဦးေရ ၇သန္း ခန္႔ရွိပါတယ္။

၁၈။ ငါးမန္းကို Shark လုိ႔ေခၚတဲ့ ဘာသာစကားဟာ မာယာေတြရဲ႕စကားလုံးျဖစ္တယ္လုိ႔ ဘာသာစကားပညာရွင္ေတြက ယုံၾကည္ၾကတယ္။

၁၇။ မာယာလူမ်ဳိးေတြဟာ သူတုိ႔ရဲ႕ကေလးငယ္ေတြရဲ႕ ရုပ္သြင္ျပင္ကို ျပဳျပင္ေလ့ရွိတယ္။ သူတို႔အတြက္ေတာ့ နဖူးျပားတာကို ႏွစ္သက္တဲ့အတြက္ ကေလးငယ္ေတြရဲ႕နဖူးမွာ ဘုတ္ျပားတစ္ခုနဲ႔ ကပ္ခ်ည္ေပးထားေလ့ရွိပါတယ္။

၁၆။ ေမြးဖြားလာတဲ့ မာယာ ကေလးငယ္ေတြကို အမည္ေပးတဲ့အခါ သူတုိ႔ေမြးတဲ့ေန႔အလုိက္ ေပးေလ့ရွိပါတယ္။

၁၅။ ပညာရွင္ေတြရဲ႕ ေလ့လာေတြ႔ရွိမႈေတြအရ မာယာေတြဟာ အဲဒီေခတ္ကတည္းက ေဆးပညာကို အဆင့္ျမင့္ျမင့္ တတ္ကြ်မ္းေနၿပီလုိ႔ သိရပါတယ္။ လူေတြရဲ႕ဒါဏ္ရာအနာေတြကို ဆံပင္ေတြနဲ႔ခ်ဳပ္တာ ၊ သြားစုိက္တာ နဲ႔ ခႏၶာကိုယ္ျပင္ပပိုင္းေတြကို အစားထုိးတာမ်ဳိးေတြေတာင္ လုပ္ႏုိင္ေနၿပီလုိ႔ ဆုိပါတယ္။

၁၄။ ယေန႔ေခတ္ေအာင္ တခ်ဳိ႕မာယာမ်ဳိးႏြယ္ေတြဟာ ေသြးနဲ႔ယဇ္ပူေဇာ္တာေတြကို ျပဳလုပ္ေနၾကဆဲပါ။ ဒါေပမယ့္ လူရဲ႕ေသြးေတာ့မဟုတ္ပဲ ၾကက္ေတြရဲ႕ေသြးကို သုံးၿပီးပူေဇာ္ပသ တာျဖစ္ပါတယ္။

၁၃။ မာယာေတြဟာ သဘာ၀သစ္ရြက္ေတြကရတဲ့ အကုိက္အခဲေပ်ာက္ေဆးေတြကို ဘာသာေရးပြဲေတြနဲ႔ ေဆးကုသျခင္းေတြမွာ သုံးေလ့ရွိပါတယ္။

Illustration of the Mayan sacred ball game.

၁၂။ အဇက္တက္စ္ေတြလုိပဲ မာယာေတြဟာ Mesoamerican Ballgame ဆုိတဲ့ ေဘာလုံးကစားနည္းကို ကစားေလ့ရွိတယ္။ မာယာၿမဳိ႕ေဟာင္းေတာ္ေတာ္မ်ားမ်ား မွာ ကစားကြင္းေတြရွိေနပါတယ္။ ဒီကစားနည္းကေတာ့ ေဘာလုံးကို တင္ပါးနဲ႔ေပါက္ကာ အ၀ုိင္းေပါက္ထဲကို ၀င္ေအာင္သြင္းရမွာျဖစ္ပါတယ္။ ရႈံးတဲ့သူေတြဟာ ေခါင္းျဖတ္ၿပီးေတာ့ ယဇ္ပူေဇာ္ခံရျခင္း ခံရမွာျဖစ္ႏုိင္တယ္လုိ႔ သိရပါတယ္။ ဒီကစားနည္းကုိမသိရင္ ေအာက္က ဗီဒီယုိမွာ ၾကည့္ႏုိင္ပါတယ္။

VIDEO

၁၁။ ေရေႏြးခ်ဳိးခန္း နဲ႔ ေရခ်ဳိးကန္ေတြဟာ မာယာယဥ္ေက်းမႈမွာ ႀကီးမားတဲ့ အခန္းက႑ကေန ပါ၀င္ေနပါတယ္။ ဒီလုိေရခ်ဳိးျခင္းအားျဖင့္ သူတုိ႔ခႏၶာကုိယ္က ေရာဂါေ၀ဒနာေတြကို သက္သာေစၿပီး အညစ္အေၾကးေတြကို သန္႔ရွင္းေစတယ္လုိ႔ မာယာလူမ်ဳိးေတြက ယုံၾကည္ၾကပါတယ္။

၁၀။ ယေန႔တုိင္ေအာင္ မာယာမ်ဳိးႏြယ္ေတြ အသက္ရွင္ေနၾကေသာ္လည္း သူတုိ႔ရဲ႕မ်ဳိးႏြယ္အစုိးရဟာ စပိန္ေတြသိမ္းပိုက္ မအုပ္ခ်ဳပ္ခင္ ၁၆၉၇ ခုႏွစ္မွာ ေနာက္ဆုံးအုပ္ခ်ဳပ္ခဲ့ရတာျဖစ္ပါတယ္။

၉။ မာယာေတြရဲ႕ ထိတ္လန္႔ဖုိ႔အေကာင္းဆုံး အပုိင္းကေတာ့ သူတုိ႔ကုိးကြယ္မႈအရ ယဇ္ပူေဇာ္မႈမွာျဖစ္ပါတယ္။ ဖမ္းမိထားတဲ့ အက်ဥ္းသားေတြ ကြ်န္ေတြရဲ႕ခႏၶာကုိယ္ကို ေဆးအျပာေရာင္ေတြသုတ္တယ္ ၊ ၿပီးေတာ့ ယဇ္ပူေဇာ္မယ့္ ပိရမစ္ရဲ႕ထိပ္ဆုံးမွာ တင္ၿပီးေတာ့ လက္နက္ေတြနဲ႔ ထုိးခုတ္တယ္ ၊ ရင္ဘတ္ကုိခြဲၿပီး ခုန္ေနတဲ့ႏွလုံးကို ထုတ္ယူတယ္။ ဒါေတြကို မာယာဘုန္းေတာ္ႀကီးတစ္ေယာက္က လုပ္ေဆာင္တာျဖစ္ၿပီး တခါတရံမွာေတာ့ တျခားဘုန္းေတ္ာႀကီးေတြကလည္း ကူညီၾကတယ္။ အဲဒီေနာက္မွေတာ့ ယဇ္ေကာင္ရဲ႕ အေရျပားကိုခြာၿပီး ဘုန္းေတာ္ႀကီးကၿခဳံၿပီး ဆုေတာင္းရင္း ရုိးရာအကကုိ ကပါတယ္။ ဒီလုပ္ေဆာင္ပုံေတြကို သူတုိ႔ရဲ႕ပိရမစ္နံရံေတြမွာ ေရးထုိးထားေလ့ရွိပါတယ္။

၈။ လူသိမ်ားၾကတဲ့ မာယာေတြမွာ ျပကၡဒိန္တစ္ခုတည္းရွိၿပီး ၂၀၁၂ခုႏွစ္မွာ ကမာၻပ်က္မယ္လုိ႔ ေရးသားထားတယ္ ဆုိတာ လူေတြရဲ႕ခ်ဲ႕ကားေျပာဆုိမႈသာ ျဖစ္ပါတယ္။

၇။ တကယ္ေတာ့ မာယာေတြမွာ စက္၀ုိင္းပုံစံ ေရတြက္ရတဲ့ ျပကၡဒိန္ ၃မ်ဳိးေတာင္ရွိတယ္။ အဲဒီထဲက တစ္မ်ဳိးကို Haab လုိ႔ေခၚတယ္။ တစ္ႏွစ္မွာ ၃၆၅ရက္ရွိၿပီး ယေန႔ေခတ္ ဂရီဂိုးရီးယန္း ျပကၡဒိန္နဲ႔ ဆင္တယ္။ ႏွစ္ရွည္ၾကာေရတြက္ႏုိင္တဲ့ ျပကၡဒိန္ျဖ္စၿပီး ရက္ေပါင္း ၂,၈၈၀,၀၀၀ မွာတစ္ႀကိမ္ အစကေန ျပန္စရၿပီး အဲဒီကုန္ဆုံးတဲ့ခုႏွစ္ဟာ ၂၀၁၂ခုႏွစ္ျဖစ္တယ္။ ဒါေၾကာင့္လည္း ၂၀၁၂ခုႏွစ္မွာ ကမာၻပ်က္မယ္လုိ႔ ခန္႔မွန္းခ်က္ေတြထြက္ခဲ့တာျဖစ္ၿပီး မာယာေတြကေတာ့ ဒီလုိမ်ဳိးမေျပာခဲ့ပဲ ျပကၡဒိန္ကို အစကျပန္စရမယ္လုိ႔သာေျပာခဲ့တာပါ။

၆။ မာယာေတြဟာ အဲဒီအခ်ိန္ကတည္းက က်န္တဲ့မည္သည့္လူမ်ဳိးထက္မဆုိ သာလြန္တဲ့ အဆင့္အျမင့္ဆုံး စာေရးသားမႈေတြကို ပုိင္ဆုိင္ေနၿပီျဖစ္တယ္။ သူတုိ႔ရဲ႕အေဆာက္အအုံမွာ သူတုိ႔ေရးသားခဲ့တဲ့စာေတြ ၊ ရုပ္ပုံေတြကုိၾကည့္တာနဲ႔တင္ သိႏုိင္ပါတယ္။

၅။ ကံမေကာင္းလွစြာနဲ႔ ၿမဳိ႕ေဟာင္းမွာက်န္ရစ္ခဲ့တဲ့ သူတုိ႔ရဲ႕ စာေပမွတ္တမ္းေတြဟာ က်ဴးေက်ာ္သူ စပိန္ေတြဖ်က္ဆီးမႈေၾကာင့္ မ်ားစြာပ်က္စီးခဲ့ရပါတယ္။ ၂၀ နဲ႔ ၂၁ရာစုေတြမွာေတာ့ ပ်က္စီးခဲ့တဲ့ မွတ္တမ္းေတြထဲက တခ်ဳိ႕ကို ျပန္လည္ဆယ္ယူျပဳျပင္ႏုိင္ခဲ့ၿပီး ဘာသာျပန္္ႏုိင္ခဲ့တာေၾကာင့္ မာယာေတြရဲ႕ယဥ္ေက်းမႈတခ်ဳိ႕ကို သိခဲ့ၾကတာျဖစ္ပါတယ္။

၄။ အဇက္တက္စ္ေတြလုိပဲ မာယာလူမ်ဳိးေတြဟာ သံ နဲ႔ သံမဏိေတြ ကို အသုံးမျပဳခဲ့ၾကပါဘူး။ သူတုိ႔လက္နက္ေတြကိုေတာ့ မီးေတာင္ေခ်ာ္ေက်ာက္ေတြနဲ႔ ဖန္တီးေလ့ရွိတယ္။

၃။ မာယာေတြရဲ႕ နဖူးတည့္တည္ေနရာကို ျပားေနေအာင္လုပ္ေလ့ရွိသလုိ ႏွာေခါင္းကိုလည္း ငွက္ႏႈတ္သီးလုိ ေကြးေနေအာင္ျပဳျပင္ၾကတယ္။ သူတုိ႔ရဲ႕သြားေတြကိုလည္း ေက်ာက္စိမ္းေတြနဲ႔ စီျခယ္ထားတတ္ၾကတယ္။

၂။ မာယာအထက္တန္းစား မိန္းမေတြဟာ သူတုိ႔ရဲ႕သြားေတြကို တံစဥ္းနဲ႔ ခြ်န္ထားေလ့ရွိတယ္။

၁။ မာယာအင္ပါယာႀကီး ဘယ္လုိၿပဳိက် ပ်က္စီးခဲ့တယ္ဆုိတာ ဘယ္သူမွ မသိၾကပါဘူး။ ဒီေနရာကို စပိန္ က်ဴးေက်ာ္သူေတြမေရာက္လာခင္ကတည္းက ႀကီးက်ယ္ခမ္းနားတဲ့ မာယာၿမဳိ႕ႀကီးေတြဟာ လူသူကင္းမဲ့တဲ့ စြန္႔ပစ္ေနရာေတြ ျဖစ္ေနခဲ့ပါၿပီ။ အေကာင္းပကတိျဖစ္ေနေသးတဲ့ ၿမဳိ႕ႀကီးကို လူေတြစြန္႔ခြာသြားခဲ့ရျခင္းအေပၚ သုေတသနပညာရွင္ေတြရဲ႕ ခန္႔မွန္းခ်က္တခ်ဳိ႕ကေတာ့ မုိးေခါင္ေရရွားမႈ ၊ လူဦးေရထူထပ္ကာ အစာေရစာငတ္မြတ္ေခါင္းပါးမႈ နဲ႔ ဆုိးရြားတဲ့ရာသီဥတုေတြေၾကာင့္ ျဖစ္တယ္လုိ႔ ဆုိတယ္။

ဒါေတြကေတာ့ ေရွးေဟာင္း မာယာလူမ်ဳိးေတြရဲ႕ လူသိနည္းတဲ့ စိတ္၀င္စားဖြယ္ အခ်က္ ၂၀ ျဖစ္ပါတယ္။

သုတဇုန္

—————————————

 မာယာလူမျိုးတို့ရဲ့ စိတ်ဝင်စားဖွယ် အချက် ၂၀ (unicode)

မာယာဆိုတာနဲ့ ကမ္ဘာပေါ်က အထင်ရှားဆုံး စိတ်ဝင်စားဖို့အကောင်းဆုံး ရှေးဟောင်းလူမျိုးစုကိုပြောတယ်ဆိုတာ သိပြီးဖြစ်မှာပါ။ သူတို့ဟာ လွန်ခဲ့နှစ်ပေါင်း ထောင်ချီကာလကတည်းက ကြီးကျယ်ခမ်းနားတဲ့ အဆောက်အအုံကြီးတွေဆောက်ပြီး မီဆိုအမေရိကမှာတဝိုက်မှာ နေထိုင်ခဲ့ကြပါတယ်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၂၀၀၀ ခန့်ကတည်းက မာယာလူမျိုးတွေရှိနေနှင့်ပြီဖြစ်ပါတယ်။ သူတို့ရဲ့ အဖွံ့ဖြိုးဆုံး အတိုးတက်ဆုံးကာလကတော့ အေဒီ ၂၅၀ နဲ့ ၉၀၀ ကြားအတွင်းဖြစ်ပြီး အဲဒီနောက်တော့ မာယာယဉ်ကျေးမှုတွေဟာ တဖြည်းဖြည်းယုတ်လျော့လာခဲ့ပြီး နောက်ပိုင်းမှာတော့ စပိန်တွေရဲ့တိုက်ခိုက်သိမ်းပိုက်ခြင်းကို မာယာမျိုးနွယ်တွေခံခဲ့ရပါတယ်။ အဲဒီခေတ်ကတည်းက မာယာတို့ရဲ့စာပေအရေးသားတွေဟာ တိုးတက်နေပြီဖြစ်ပြီး ၊ ဗိသုကာပညာ ၊ ဆေးပညာတို့မှာလည်း မြင့်မားခဲ့တယ်လို့ သိရပါတယ်။ ယနေ့တိုင်မြင်တွေ့နေဆဲဖြစ်တဲ့ မာယာမြို့ဟောင်းကြီးတွေနဲ့ ပတ်သတ်လို့ကတော့  အဖြေရှာမရတဲ့ ပဟေဠိတွေရှိနေဆဲပါ။ အရင်ကလည်း မာယာတွေရဲ့ အကြောင်းကို တင်ခဲ့ဖူးပါတယ်။ ဒီတစ်ခါတော့ လူအများစု မသိလောက်သေးတဲ့ မာယာတွေရဲ့ စိတ်ဝင်စားဖွယ် အချက်တချို့ကို သုတဇုန်မိတ်ဆွေများထံ ဝေမျှလိုက်ပါတယ်။

၂၀။ စပိန်တွေရဲ့နယ်ချဲ့မှုတွေကြောင့် မာယာတို့ရဲ့ယဉ်ကျေးမှုတွေ ပျောက်ကွယ်လုနီးပါးဖြစ်ခဲ့ပေမယ့် မက္ကဆီကို နဲ့ ဂွာတီမာလာနိုင်ငံတွေမှာ မာယာတွေရဲ့ ဘာသာစကား နဲ့ ယဉ်ကျေးမှုတွေကို ယနေ့တိုင် ထိမ်းသိမ်းထားပါတယ်။

၁၉။ မာယာမျိုးနွယ်တွေဟာ ယနေ့တိုင်အောင် ယူဂန်ဒါကျွန်းဆွယ်မှာ နေထိုင်နေကြဆဲဖြစ်ပါတယ်။ စုစုပေါင်း လူဦးရေ ၇သန်း ခန့်ရှိပါတယ်။

၁၈။ ငါးမန်းကို Shark လို့ခေါ်တဲ့ ဘာသာစကားဟာ မာယာတွေရဲ့စကားလုံးဖြစ်တယ်လို့ ဘာသာစကားပညာရှင်တွေက ယုံကြည်ကြတယ်။

၁၇။ မာယာလူမျိုးတွေဟာ သူတို့ရဲ့ကလေးငယ်တွေရဲ့ ရုပ်သွင်ပြင်ကို ပြုပြင်လေ့ရှိတယ်။ သူတို့အတွက်တော့ နဖူးပြားတာကို နှစ်သက်တဲ့အတွက် ကလေးငယ်တွေရဲ့နဖူးမှာ ဘုတ်ပြားတစ်ခုနဲ့ ကပ်ချည်ပေးထားလေ့ရှိပါတယ်။

၁၆။ မွေးဖွားလာတဲ့ မာယာ ကလေးငယ်တွေကို အမည်ပေးတဲ့အခါ သူတို့မွေးတဲ့နေ့အလိုက် ပေးလေ့ရှိပါတယ်။

၁၅။ ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိမှုတွေအရ မာယာတွေဟာ အဲဒီခေတ်ကတည်းက ဆေးပညာကို အဆင့်မြင့်မြင့် တတ်ကျွမ်းနေပြီလို့ သိရပါတယ်။ လူတွေရဲ့ဒါဏ်ရာအနာတွေကို ဆံပင်တွေနဲ့ချုပ်တာ ၊ သွားစိုက်တာ နဲ့ ခန္ဓာကိုယ်ပြင်ပပိုင်းတွေကို အစားထိုးတာမျိုးတွေတောင် လုပ်နိုင်နေပြီလို့ ဆိုပါတယ်။

၁၄။ ယနေ့ခေတ်အောင် တချို့မာယာမျိုးနွယ်တွေဟာ သွေးနဲ့ယဇ်ပူဇော်တာတွေကို ပြုလုပ်နေကြဆဲပါ။ ဒါပေမယ့် လူရဲ့သွေးတော့မဟုတ်ပဲ ကြက်တွေရဲ့သွေးကို သုံးပြီးပူဇော်ပသ တာဖြစ်ပါတယ်။

၁၃။ မာယာတွေဟာ သဘာဝသစ်ရွက်တွေကရတဲ့ အကိုက်အခဲပျောက်ဆေးတွေကို ဘာသာရေးပွဲတွေနဲ့ ဆေးကုသခြင်းတွေမှာ သုံးလေ့ရှိပါတယ်။

၁၂။ အဇက်တက်စ်တွေလိုပဲ မာယာတွေဟာ Mesoamerican Ballgame ဆိုတဲ့ ဘောလုံးကစားနည်းကို ကစားလေ့ရှိတယ်။ မာယာမြို့ဟောင်းတော်တော်များများ မှာ ကစားကွင်းတွေရှိနေပါတယ်။ ဒီကစားနည်းကတော့ ဘောလုံးကို တင်ပါးနဲ့ပေါက်ကာ အဝိုင်းပေါက်ထဲကို ဝင်အောင်သွင်းရမှာဖြစ်ပါတယ်။ ရှုံးတဲ့သူတွေဟာ ခေါင်းဖြတ်ပြီးတော့ ယဇ်ပူဇော်ခံရခြင်း ခံရမှာဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဒီကစားနည်းကိုမသိရင် အောက်က ဗီဒီယိုမှာ ကြည့်နိုင်ပါတယ်။

၁၁။ ရေနွေးချိုးခန်း နဲ့ ရေချိုးကန်တွေဟာ မာယာယဉ်ကျေးမှုမှာ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒီလိုရေချိုးခြင်းအားဖြင့် သူတို့ခန္ဓာကိုယ်က ရောဂါဝေဒနာတွေကို သက်သာစေပြီး အညစ်အကြေးတွေကို သန့်ရှင်းစေတယ်လို့ မာယာလူမျိုးတွေက ယုံကြည်ကြပါတယ်။

၁၀။ ယနေ့တိုင်အောင် မာယာမျိုးနွယ်တွေ အသက်ရှင်နေကြသော်လည်း သူတို့ရဲ့မျိုးနွယ်အစိုးရဟာ စပိန်တွေသိမ်းပိုက် မအုပ်ချုပ်ခင် ၁၆၉၇ ခုနှစ်မှာ နောက်ဆုံးအုပ်ချုပ်ခဲ့ရတာဖြစ်ပါတယ်။

၉။ မာယာတွေရဲ့ ထိတ်လန့်ဖို့အကောင်းဆုံး အပိုင်းကတော့ သူတို့ကိုးကွယ်မှုအရ ယဇ်ပူဇော်မှုမှာဖြစ်ပါတယ်။ ဖမ်းမိထားတဲ့ အကျဉ်းသားတွေ ကျွန်တွေရဲ့ခန္ဓာကိုယ်ကို ဆေးအပြာရောင်တွေသုတ်တယ် ၊ ပြီးတော့ ယဇ်ပူဇော်မယ့် ပိရမစ်ရဲ့ထိပ်ဆုံးမှာ တင်ပြီးတော့ လက်နက်တွေနဲ့ ထိုးခုတ်တယ် ၊ ရင်ဘတ်ကိုခွဲပြီး ခုန်နေတဲ့နှလုံးကို ထုတ်ယူတယ်။ ဒါတွေကို မာယာဘုန်းတော်ကြီးတစ်ယောက်က လုပ်ဆောင်တာဖြစ်ပြီး တခါတရံမှာတော့ တခြားဘုန်းတော်ကြီးတွေကလည်း ကူညီကြတယ်။ အဲဒီနောက်မှတော့ ယဇ်ကောင်ရဲ့ အရေပြားကိုခွာပြီး ဘုန်းတော်ကြီးကခြုံပြီး ဆုတောင်းရင်း ရိုးရာအကကို ကပါတယ်။ ဒီလုပ်ဆောင်ပုံတွေကို သူတို့ရဲ့ပိရမစ်နံရံတွေမှာ ရေးထိုးထားလေ့ရှိပါတယ်။

၈။ လူသိများကြတဲ့ မာယာတွေမှာ ပြက္ခဒိန်တစ်ခုတည်းရှိပြီး ၂၀၁၂ခုနှစ်မှာ ကမ္ဘာပျက်မယ်လို့ ရေးသားထားတယ် ဆိုတာ လူတွေရဲ့ချဲ့ကားပြောဆိုမှုသာ ဖြစ်ပါတယ်။

၇။ တကယ်တော့ မာယာတွေမှာ စက်ဝိုင်းပုံစံ ရေတွက်ရတဲ့ ပြက္ခဒိန် ၃မျိုးတောင်ရှိတယ်။ အဲဒီထဲက တစ်မျိုးကို Haab လို့ခေါ်တယ်။ တစ်နှစ်မှာ ၃၆၅ရက်ရှိပြီး ယနေ့ခေတ် ဂရီဂိုးရီးယန်း ပြက္ခဒိန်နဲ့ ဆင်တယ်။ နှစ်ရှည်ကြာရေတွက်နိုင်တဲ့ ပြက္ခဒိန်ဖ်ြစပြီး ရက်ပေါင်း ၂,၈၈၀,၀၀၀ မှာတစ်ကြိမ် အစကနေ ပြန်စရပြီး အဲဒီကုန်ဆုံးတဲ့ခုနှစ်ဟာ ၂၀၁၂ခုနှစ်ဖြစ်တယ်။ ဒါကြောင့်လည်း ၂၀၁၂ခုနှစ်မှာ ကမ္ဘာပျက်မယ်လို့ ခန့်မှန်းချက်တွေထွက်ခဲ့တာဖြစ်ပြီး မာယာတွေကတော့ ဒီလိုမျိုးမပြောခဲ့ပဲ ပြက္ခဒိန်ကို အစကပြန်စရမယ်လို့သာပြောခဲ့တာပါ။

၆။ မာယာတွေဟာ အဲဒီအချိန်ကတည်းက ကျန်တဲ့မည်သည့်လူမျိုးထက်မဆို သာလွန်တဲ့ အဆင့်အမြင့်ဆုံး စာရေးသားမှုတွေကို ပိုင်ဆိုင်နေပြီဖြစ်တယ်။ သူတို့ရဲ့အဆောက်အအုံမှာ သူတို့ရေးသားခဲ့တဲ့စာတွေ ၊ ရုပ်ပုံတွေကိုကြည့်တာနဲ့တင် သိနိုင်ပါတယ်။

၅။ ကံမကောင်းလှစွာနဲ့ မြို့ဟောင်းမှာကျန်ရစ်ခဲ့တဲ့ သူတို့ရဲ့ စာပေမှတ်တမ်းတွေဟာ ကျူးကျော်သူ စပိန်တွေဖျက်ဆီးမှုကြောင့် များစွာပျက်စီးခဲ့ရပါတယ်။ ၂၀ နဲ့ ၂၁ရာစုတွေမှာတော့ ပျက်စီးခဲ့တဲ့ မှတ်တမ်းတွေထဲက တချို့ကို ပြန်လည်ဆယ်ယူပြုပြင်နိုင်ခဲ့ပြီး ဘာသာပြန်နိုင်ခဲ့တာကြောင့် မာယာတွေရဲ့ယဉ်ကျေးမှုတချို့ကို သိခဲ့ကြတာဖြစ်ပါတယ်။

၄။ အဇက်တက်စ်တွေလိုပဲ မာယာလူမျိုးတွေဟာ သံ နဲ့ သံမဏိတွေ ကို အသုံးမပြုခဲ့ကြပါဘူး။ သူတို့လက်နက်တွေကိုတော့ မီးတောင်ချော်ကျောက်တွေနဲ့ ဖန်တီးလေ့ရှိတယ်။

၃။ မာယာတွေရဲ့ နဖူးတည့်တည်နေရာကို ပြားနေအောင်လုပ်လေ့ရှိသလို နှာခေါင်းကိုလည်း ငှက်နှုတ်သီးလို ကွေးနေအောင်ပြုပြင်ကြတယ်။ သူတို့ရဲ့သွားတွေကိုလည်း ကျောက်စိမ်းတွေနဲ့ စီခြယ်ထားတတ်ကြတယ်။

၂။ မာယာအထက်တန်းစား မိန်းမတွေဟာ သူတို့ရဲ့သွားတွေကို တံစဉ်းနဲ့ ချွန်ထားလေ့ရှိတယ်။

၁။ မာယာအင်ပါယာကြီး ဘယ်လိုပြိုကျ ပျက်စီးခဲ့တယ်ဆိုတာ ဘယ်သူမှ မသိကြပါဘူး။ ဒီနေရာကို စပိန် ကျူးကျော်သူတွေမရောက်လာခင်ကတည်းက ကြီးကျယ်ခမ်းနားတဲ့ မာယာမြို့ကြီးတွေဟာ လူသူကင်းမဲ့တဲ့ စွန့်ပစ်နေရာတွေ ဖြစ်နေခဲ့ပါပြီ။ အကောင်းပကတိဖြစ်နေသေးတဲ့ မြို့ကြီးကို လူတွေစွန့်ခွာသွားခဲ့ရခြင်းအပေါ် သုတေသနပညာရှင်တွေရဲ့ ခန့်မှန်းချက်တချို့ကတော့ မိုးခေါင်ရေရှားမှု ၊ လူဦးရေထူထပ်ကာ အစာရေစာငတ်မွတ်ခေါင်းပါးမှု နဲ့ ဆိုးရွားတဲ့ရာသီဥတုတွေကြောင့် ဖြစ်တယ်လို့ ဆိုတယ်။

ဒါတွေကတော့ ရှေးဟောင်း မာယာလူမျိုးတွေရဲ့ လူသိနည်းတဲ့ စိတ်ဝင်စားဖွယ် အချက် ၂၀ ဖြစ်ပါတယ်။

သုတဇုန်

Leave a Reply