ရြာစားေက်ာ္ႀကီး စိန္ေဗဒါ မရႈ႕မလွရႈံးတဲ့ပြဲ

Posted on

စိန္ေဗဒါ ဟု ဆုိလုိက္လွ်င္ ၿမန္မာ့ဆုိင္းေလာကတြင္ ေနာက္တစ္ေယာက္မရွိသူ ၊ ပထမဆုံး ႏုိင္ငံၿခားသြား ဆုိင္းဆရာအၿဖစ္ယေန႔ထိတုိင္ သိရွိေနႀကဦးမွာပင္။ ထုိသုိ႔ ၿပဳိင္ဘက္မရွိသူ ၿမန္မာ့ဆုိင္းပညာရွင္ ရြာစားေက်ာ္ႀကီး စိန္ေဗဒါ မရႈမလွရႈံးနိမ့္ခဲ့ေသာ ပြဲတစ္ပြဲရွိခဲ့သည္ ဆုိလွ်င္ အားလုံး အံႀသသြားႀကမွာပါ။

တကယ္ပင္ ဆုိင္းဆရာႀကီး စိန္ေဗဒါရႈံးခဲ့တဲ့ပြဲကုိ ဆရာမႀကီးလူထု ေဒၚအမာက ေအာက္ပါအတုိင္းေဆာင္းပါး ၿဖင့္ မွတ္တမ္းတင္ခဲ့ပါတယ္။

” တစ္ခါေတာ့ လူတစ္ေယာက္ ငါတုိ႔ဆုိင္းကုိ လာငွားတယ္။ ဒီလူ႔အိမ္ကုိ ဆုိင္းလာငွားေတာ့ ငါ့မွာလည္း သူလုိခ်င္တဲ့ရက္က ပြဲအားေနတာမုိ႔ တီးရမယ့္ရက္ ေသေသခ်ာခ်ာေမး ၊ ေႀကးကုိေၿပာၿပီး စရန္ေပးတာ ယူထားလုိက္တယ္”

ဒီလူၿပန္ခါနီးေတာ့ “ဆရာႀကီး အဲဒီေန႔က်ရင္ ဆုိင္းၿပဳိင္တီးရလိမ့္မယ္ေနာ္” ေၿပာၿပီး ၿပန္သြားတယ္။ ငါကလည္း ငါတုိ႔ ဆုိင္းနဲ႔ အၿပဳိင္တီးေနက် ငါ့အစ္ကုိ ကုိႀကီးစိမ့္ဆုိင္းနဲ႔ ကုိဘခင္ဆုိင္း ၊ ဒီဆုိင္းႏွစ္ဆုိင္းသာ ငါတုိ႔က ၿပဳိင္ရေလ့ရွိတာကုိး။ တၿခားဆုိင္းေတြက ၿပဳိင္ရဲတာမွ မဟုတ္ပဲကလား။

အဲဒီေတာ့ ဘယ္သူ႔ဆုိင္းနဲ႔ ၿပဳိင္ရမွာလဲ ၊ ဘယ္ကဆုိင္းလဲ မေမးမိလုိက္ဘူး။ ခပ္ေအးေအးပဲ ။ အဲ တီးရမယ့္ေန႔ေတာ့ၿဖင့္ ငါ့တပည့္ေတြကုိ “ဒီေန႔ဆုိင္းၿပဳိင္ရွိတယ္” လုိ႔ေၿပာထားတယ္။ တုိ႔ဆိုင္း အလွဴကိုေရာက္တဲ့အခါ တုိ႔ေနရာနဲ႔ မလွမ္းမကမ္းမွာ ေလးတုိင္စင္ တစ္ခုေဆာက္ထားၿပီး မီးေတြထြန္းထားတာေတြ႔ရတယ္။ တီးမယ့္လူသူ အစအနလည္း မၿမင္ရဘူး။ သူတုိ႔အဖြဲ႔က ေနာက္က်လုိ႔ ထင္ပဆုိၿပီး တုိ႔ကတုိ႔ပစၥည္းေတြခ်ခင္းတာေပါ့။ တုိ႔ခင္းက်င္း ပတ္စာကပ္ၿပီးတဲ့အထိလည္း အဲဒီ ေလးတုိင္စင္ေအာက္ ဘယ္သူမွ မေရာက္လာဘူး။

ဒါနဲ႔ ငါက ဟုိဆုိင္းဟာ ငါနဲ႔ၿပဳိင္ရမွာလုိ႔ ၀န္ေလးၿပီး မလာေတာ့တာ ထင္ပါရဲ႕လုိ႔ေအာက္ေမ့လုိက္မိတယ္။ ၿပီးေတာ့ ပြဲထြက္ခ်ိန္တုိင္လာတဲ့အခါ ဆုိင္းထုံးစံအတုိင္း ယုိးဒယား ကေရာင္း စတီးတယ္။ အဲဒါၿပီးေတာ့ ငါကုိယ္တုိင္ ဆုိင္းထဲ၀င္ၿပီး အဆူအထ တီးတာပါပဲ။ အဲဒါမွ တီးခါစရွိေသးတယ္ ၊ အရပ္သားေတြစုၿပီး စကၠဴဆုိင္း၀ုိင္းႀကီး တစ္ခုမလာတယ္။ စကၠဴဆုိင္း၀ုိင္းအၿပင္ ပတ္မႀကီးအားလုံး အၿပည့္အစုံ စကၠဴဆုိင္း၀ုိင္းႀကီးကုိ ဟုိေလးတုိင္စင္ေအာက္ကုိ လာခ်ေတာ့တာပဲ။ ဆုိင္းတီးမယ့္သူကလည္း ငါ့လုိပဲ အသားမည္းမည္း ၊ ၀၀တုတ္တုတ္ ၊ ငါ၀တ္သလုိ အကၤ်ီေႀကာင္ႀကားႀကား လုံၿခည္ေႀကာင္ႀကားႀကားနဲ႔ တကယ့္ငါ့ဂုိက္အတုိင္း။

ၿပီးေတာ့တစ္ခါတည္း ပါးစပ္နဲ႔ ပါးစပ္ဆုိင္း တီးေတာ့တာပါပဲကြာ။ အဲဒီအခါမွာ ငါ့ဆီကပရိသတ္ေတြ အကုန္လုံး အဲဒီဆုိင္း၀ုိင္းဘက္ ေ၀ါ ေ၀ါ ေ၀ါ နဲ႔ ေရႊ႕သြားလုိက္ႀကတာ ငါ့ဆီမွာ လူမရွိေတာ့ဘူး။ ငါလည္းမ်က္လုံးၿပဴးလာၿပီး တတ္စြမ္းသေရြ႕ အစြမ္းကုန္တီးေတာ့တာပဲ။ ဒါေပမယ့္ မရပါဘူး။ ဘာလုပ္လုိ႔မွ မရဘူး။ ငါ့ပြဲ ပ်က္ကေရာ။ သူတုိ႔၀ုိင္းမွာေတာ့ တေ၀ါေ၀ါ တဟားဟားနဲ႔ ေပါ့ ။ အဲဒီေတာ့ ငါ့မွာ ဆုိင္းကိုသိမ္းၿပီး ဖ်ာအုပ္ထားခဲ့ရတယ္။ ဒီအခ်ိန္မွာ ငါေကာင္းေကာင္းႀကီး ရႈံးခဲ့ရတဲ့ပြဲပဲ” ဟူ၍ ရယ္ကာေမာကာ ေၿပာၿပသည္သူ၏။

ဆရာစိန္ေဗဒါ ဆုိလုိရင္းကား လူတစ္ဖက္သားကုိ အထင္မေသးရန္ ၊ အထင္လည္းမႀကီးရန္ ၊ မိမိအလုပ္ကုိ မိမိႀကဳိးစားလုပ္ရန္ ၊ အရာရာကို မထီမဲ့ၿမင္ သေဘာမထားရန္ ၿဖစ္ၿပီး တပည့္အေပါင္းအား သာဓကၿပကာ ဆုံးမသည့္အေနၿဖင့္ ေၿပာၿပၿခင္းၿဖစ္ဟန္တူပါတယ္။ သူဟာ ဂီတပညာကိုဆည္းပူးရာတြင္ မည္သူ႔ထံမွမဆို ေတာင္းခံရန္ ၀န္မေလးေပ ။ လမ္းေဘး ပိုက္ဆံေတာင္းစားရေသာ မ်က္မျမင္ ပတၱလား နွင့္ တေယာဆရာတို႔ထံမွပင္ ဂီတပညာကို ဆည္းပူးသင္ယူခဲ့သည္ဟူ၍ မွတ္သားရပါတယ္။

ဒါေႀကာင့္လည္း သူဟာ ၿပဳိင္စံရွား ဆရာတစ္ဆူ ၿဖစ္ေနသည့္ တုိင္ေအာင္ အၿမဲတေစ မနားမေန ဆုိင္းတီးၿခင္းကုိ က်င့္ေနခဲ့တာပင္။

ထုိသို႔ အၿမဲမၿပတ္ ေလ့က်င့္ေနသာ စိန္ေဗဒါကုိ ၿမင္ႀကသူမ်ားက
“ခင္ဗ်ားကို မွီမယ့္သူလည္း မရွိေတာ့ပါဘူး စိန္ေဗဒါရယ္၊ ဒီလုိမ်ဳိး မနားမေနေလ့က်င့္စရာ မလုိေတာ့ပါဘူး”
ဟု ဆုိႀကေသာအခါ ဆုိင္းဆရာႀကီးစိန္ေဗဒါက

“က်ဳပ္က တၿခားသူနဲ႔ ၿပဳိင္ဖုိ႔ ေလ့က်င့္တာ မဟုတ္ပါဘူး။ က်ဳပ္ကိုယ္က်ဳပ္ ျပန္ျပိဳင္ဖို႔ ေလ့က်င့္ေနတာပါ။ မေန႔က စိန္ေဗဒါကို သည္ေန႔ စိန္ေဗဒါက ခ်ိဳးနိုင္ရမယ္ ။ သည္ေန႔ စိန္ေဗဒါကို နက္ျဖန္ စိန္ေဗဒါက ခ်ိဳးနိုင္ရမယ္ဗ် ။” ဟူ၍ စိန္ေဗဒါ့စကားဟူေသာ လူတုိင္းေၿပာစမွတ္တြင္ေစမယ့္ စကားကုိ ဆုိခဲ့ပါတယ္။

——————

ရွာစားကျော်ကြီး စိန်ဗေဒါ မရှု့မလှရှုံးတဲ့ပွဲ (unicode)

စိန်ဗေဒါ ဟု ဆိုလိုက်လျှင် မြန်မာ့ဆိုင်းလောကတွင် နောက်တစ်ယောက်မရှိသူ ၊ ပထမဆုံး နိုင်ငံခြားသွား ဆိုင်းဆရာအဖြစ်ယနေ့ထိတိုင် သိရှိနေကြဦးမှာပင်။ ထိုသို့ ပြိုင်ဘက်မရှိသူ မြန်မာ့ဆိုင်းပညာရှင် ရွာစားကျော်ကြီး စိန်ဗေဒါ မရှုမလှရှုံးနိမ့်ခဲ့သော ပွဲတစ်ပွဲရှိခဲ့သည် ဆိုလျှင် အားလုံး အံဩသွားကြမှာပါ။

တကယ်ပင် ဆိုင်းဆရာကြီး စိန်ဗေဒါရှုံးခဲ့တဲ့ပွဲကို ဆရာမကြီးလူထု ဒေါ်အမာက အောက်ပါအတိုင်းဆောင်းပါး ဖြင့် မှတ်တမ်းတင်ခဲ့ပါတယ်။

” တစ်ခါတော့ လူတစ်ယောက် ငါတို့ဆိုင်းကို လာငှားတယ်။ ဒီလူ့အိမ်ကို ဆိုင်းလာငှားတော့ ငါ့မှာလည်း သူလိုချင်တဲ့ရက်က ပွဲအားနေတာမို့ တီးရမယ့်ရက် သေသေချာချာမေး ၊ ကြေးကိုပြောပြီး စရန်ပေးတာ ယူထားလိုက်တယ်”

ဒီလူပြန်ခါနီးတော့ “ဆရာကြီး အဲဒီနေ့ကျရင် ဆိုင်းပြိုင်တီးရလိမ့်မယ်နော်” ပြောပြီး ပြန်သွားတယ်။ ငါကလည်း ငါတို့ ဆိုင်းနဲ့ အပြိုင်တီးနေကျ ငါ့အစ်ကို ကိုကြီးစိမ့်ဆိုင်းနဲ့ ကိုဘခင်ဆိုင်း ၊ ဒီဆိုင်းနှစ်ဆိုင်းသာ ငါတို့က ပြိုင်ရလေ့ရှိတာကိုး။ တခြားဆိုင်းတွေက ပြိုင်ရဲတာမှ မဟုတ်ပဲကလား။

အဲဒီတော့ ဘယ်သူ့ဆိုင်းနဲ့ ပြိုင်ရမှာလဲ ၊ ဘယ်ကဆိုင်းလဲ မမေးမိလိုက်ဘူး။ ခပ်အေးအေးပဲ ။ အဲ တီးရမယ့်နေ့တော့ဖြင့် ငါ့တပည့်တွေကို “ဒီနေ့ဆိုင်းပြိုင်ရှိတယ်” လို့ပြောထားတယ်။ တို့ဆိုင်း အလှူကိုရောက်တဲ့အခါ တို့နေရာနဲ့ မလှမ်းမကမ်းမှာ လေးတိုင်စင် တစ်ခုဆောက်ထားပြီး မီးတွေထွန်းထားတာတွေ့ရတယ်။ တီးမယ့်လူသူ အစအနလည်း မမြင်ရဘူး။ သူတို့အဖွဲ့က နောက်ကျလို့ ထင်ပဆိုပြီး တို့ကတို့ပစ္စည်းတွေချခင်းတာပေါ့။ တို့ခင်းကျင်း ပတ်စာကပ်ပြီးတဲ့အထိလည်း အဲဒီ လေးတိုင်စင်အောက် ဘယ်သူမှ မရောက်လာဘူး။

ဒါနဲ့ ငါက ဟိုဆိုင်းဟာ ငါနဲ့ပြိုင်ရမှာလို့ ဝန်လေးပြီး မလာတော့တာ ထင်ပါရဲ့လို့အောက်မေ့လိုက်မိတယ်။ ပြီးတော့ ပွဲထွက်ချိန်တိုင်လာတဲ့အခါ ဆိုင်းထုံးစံအတိုင်း ယိုးဒယား ကရောင်း စတီးတယ်။ အဲဒါပြီးတော့ ငါကိုယ်တိုင် ဆိုင်းထဲဝင်ပြီး အဆူအထ တီးတာပါပဲ။ အဲဒါမှ တီးခါစရှိသေးတယ် ၊ အရပ်သားတွေစုပြီး စက္ကူဆိုင်းဝိုင်းကြီး တစ်ခုမလာတယ်။ စက္ကူဆိုင်းဝိုင်းအပြင် ပတ်မကြီးအားလုံး အပြည့်အစုံ စက္ကူဆိုင်းဝိုင်းကြီးကို ဟိုလေးတိုင်စင်အောက်ကို လာချတော့တာပဲ။ ဆိုင်းတီးမယ့်သူကလည်း ငါ့လိုပဲ အသားမည်းမည်း ၊ ၀ဝတုတ်တုတ် ၊ ငါဝတ်သလို အင်္ကျီကြောင်ကြားကြား လုံခြည်ကြောင်ကြားကြားနဲ့ တကယ့်ငါ့ဂိုက်အတိုင်း။

ပြီးတော့တစ်ခါတည်း ပါးစပ်နဲ့ ပါးစပ်ဆိုင်း တီးတော့တာပါပဲကွာ။ အဲဒီအခါမှာ ငါ့ဆီကပရိသတ်တွေ အကုန်လုံး အဲဒီဆိုင်းဝိုင်းဘက် ဝေါ ဝေါ ဝေါ နဲ့ ရွှေ့သွားလိုက်ကြတာ ငါ့ဆီမှာ လူမရှိတော့ဘူး။ ငါလည်းမျက်လုံးပြူးလာပြီး တတ်စွမ်းသရွေ့ အစွမ်းကုန်တီးတော့တာပဲ။ ဒါပေမယ့် မရပါဘူး။ ဘာလုပ်လို့မှ မရဘူး။ ငါ့ပွဲ ပျက်ကရော။ သူတို့ဝိုင်းမှာတော့ တဝေါဝေါ တဟားဟားနဲ့ ပေါ့ ။ အဲဒီတော့ ငါ့မှာ ဆိုင်းကိုသိမ်းပြီး ဖျာအုပ်ထားခဲ့ရတယ်။ ဒီအချိန်မှာ ငါကောင်းကောင်းကြီး ရှုံးခဲ့ရတဲ့ပွဲပဲ” ဟူ၍ ရယ်ကာမောကာ ပြောပြသည်သူ၏။

ဆရာစိန်ဗေဒါ ဆိုလိုရင်းကား လူတစ်ဖက်သားကို အထင်မသေးရန် ၊ အထင်လည်းမကြီးရန် ၊ မိမိအလုပ်ကို မိမိကြိုးစားလုပ်ရန် ၊ အရာရာကို မထီမဲ့မြင် သဘောမထားရန် ဖြစ်ပြီး တပည့်အပေါင်းအား သာဓကပြကာ ဆုံးမသည့်အနေဖြင့် ပြောပြခြင်းဖြစ်ဟန်တူပါတယ်။ သူဟာ ဂီတပညာကိုဆည်းပူးရာတွင် မည်သူ့ထံမှမဆို တောင်းခံရန် ဝန်မလေးပေ ။ လမ်းဘေး ပိုက်ဆံတောင်းစားရသော မျက်မမြင် ပတ္တလား နှင့် တယောဆရာတို့ထံမှပင် ဂီတပညာကို ဆည်းပူးသင်ယူခဲ့သည်ဟူ၍ မှတ်သားရပါတယ်။

ဒါကြောင့်လည်း သူဟာ ပြိုင်စံရှား ဆရာတစ်ဆူ ဖြစ်နေသည့် တိုင်အောင် အမြဲတစေ မနားမနေ ဆိုင်းတီးခြင်းကို ကျင့်နေခဲ့တာပင်။

ထိုသို့ အမြဲမပြတ် လေ့ကျင့်နေသာ စိန်ဗေဒါကို မြင်ကြသူများက
“ခင်ဗျားကို မှီမယ့်သူလည်း မရှိတော့ပါဘူး စိန်ဗေဒါရယ်၊ ဒီလိုမျိုး မနားမနေလေ့ကျင့်စရာ မလိုတော့ပါဘူး”
ဟု ဆိုကြသောအခါ ဆိုင်းဆရာကြီးစိန်ဗေဒါက

“ကျုပ်က တခြားသူနဲ့ ပြိုင်ဖို့ လေ့ကျင့်တာ မဟုတ်ပါဘူး။ ကျုပ်ကိုယ်ကျုပ် ပြန်ပြိုင်ဖို့ လေ့ကျင့်နေတာပါ။ မနေ့က စိန်ဗေဒါကို သည်နေ့ စိန်ဗေဒါက ချိုးနိုင်ရမယ် ။ သည်နေ့ စိန်ဗေဒါကို နက်ဖြန် စိန်ဗေဒါက ချိုးနိုင်ရမယ်ဗျ ။” ဟူ၍ စိန်ဗေဒါ့စကားဟူသော လူတိုင်းပြောစမှတ်တွင်စေမယ့် စကားကို ဆိုခဲ့ပါတယ်။

Leave a Reply