
Posted on

မိမိကိုယ်ကျိုးကိုသာကြည့်တတ်သည့် ကျဉ်းမြောင်းလှသော အတ္တဥခွံလေးထဲမှ ထိုးထွက်ကာ ကျယ်ပြောလှသည့် လူ့လောက ကောင်းကျိုးအတွက် မဆောင်ရွက်နိုင်သေးသ၍ အကြင်သူ၏ ဘ၀ရှင်သန်မှု စတင်ပြီဟုမဆိုနိုင်ပါ။
မာတင်လူသာကင်း

မာတင်လူသာကင်း ဂျူနီယာ (Martin Luther King Jr) သည် အာဖရိကန်-အမေရိကန် သင်းအုပ်ဆရာ တစ်ယောက်ဖြစ်ပြီး အမေရိကန် လူ့အခွင့်ရေး လှုပ်ရှားသူများထဲတွင် တက်ကြွထင်ရှားသော သူတစ်ယောက်ဖြစ်သည်။ သူ၏ ထင်ရှားခဲ့သော ဂုဏ်ရည်မှာ အမေရိကန် လူ့အခွင့်အရေးကို ပိုမိုထိရောက်သော အဆင့်အဖြစ်သို့ ပို့ဆောင်ပေးနိုင် ခဲ့ခြင်းဖြစ်သည်။ မာတင်လူသာကင်းအား ယနေ့တိုင်ပင် လူ့အခွင့်အရေး သင်္ကေတ တစ်ခုအဖြစ် မကြာခဏ ရည်ညွှန်း ပြောဆိုလေ့ရှိကြသည်။

ကင်းသည် သင်းအုပ်ဆရာတော် ဖြစ်လာပြီးနောက် လူ့အခွင့်အရေး လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက် လာလေသည်။ သူသည် မောင်ဂိုမာရီ ဘတ်(စ)ကားလိုင်းအား သပိတ်မှောက်မူ့တွင် ဦးဆောင်ခဲ့ပြီး၊ တောင်ပိုင်း ခရစ်ယာန် ခေါင်းဆောင်မှု ညီလာခံနှင့် သားဖွားဆရာမ သင်တန်းသူများ၏ အကြမ်းမဖက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ စသည်တို့ကို ဖွဲ့စည်းပေးခဲ့သည်။

၁၉၆၃ ခုနှစ်တွင် ကင်းသည် ဘာမင်ဟန်သို့ချီတက်ကာ I Have a Dream ဟူသော မိန့်ခွန်းကို ဟောပြောခဲ့သည်။ ထိုနေရာတွင် သူသည် လူထု၏ လူ့အခွင့်အရေး အမြင်များအား နိုးကြားစေခဲ့ကာ သူကိုယ်တိုင်သည်လည်း အမေရိကန် သမိုင်းတွင် စည်းရုံးဟောပြောခြင်း အကောင်းဆုံးသူများထဲမှ တစ်ယောက်ဖြစ်လာသည်။ သူ၏ အကြမ်းမဖက်ရေး လှုပ်ရှားမှုများကြောင့် ၁၉၆၄ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရရှိခဲ့သည်။ သူသေမည့် ၁၉၆၈ ခုနှစ်ထဲတွင် သူ၏ ဆင်းရဲမွဲတေမှု လျော့ချခြင်းနှင့် ဗီယက်နမ် စစ်ပွဲအား ဆန့်ကျင်သည့် အချက်အား ဘာသာရေး ရှုထောင့် မှနေ၍ ပြန်လည်သုံးသပ်ခဲ့သည်။

ကင်းသည် ၁၉၆၈ ခုနှစ် ဧပြီ ၄ ရက်နေ့တွင် တန်နက်စီပြည်နယ်၊ မင်းဖစ်မြို့တွင် လုပ်ကြံခံခဲ့ရသည်။ သူသေဆုံးပြီးနောက်လည်း သူ့အားဂုဏ်ပြုကာ ဆုတံဆိပ်များစွာ ချီးမြှင့်ခဲ့ကြသည်။ ၁၉၇၇ တွင် Presidential Medal of Freedom ဆုကိုလည်းကောင်း၊ ၂၀၀၄ ခုနှစ်တွင် Congressional Gold Medal ဆုတံဆိပ်ကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။ ၁၉၈၆ ခုနှစ်တွင် မာတင်လူသာကင်းနေ့ ဟူ၍ အမေရိကန်တစ်နိုင်ငံလုံး အားလပ်ရက်အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ကြသည်။

ငယ်စဉ်ဘဝ

မာတင်လူသာကင်းအား ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမြို့တွင် ၁၉၂၉၊ ဇန်နဝါရီ ၁၅ ရက်နေ့တွင်မွေးဖွားခဲ့သည်။ သူ၏ မိဘများမှာ မာတင်လူသာကင်း စီနီယာနှင့် အယ်လဘာတာဝီလျံကင်းတို့ဖြစ်ကြသည်။ သူ၏ ဖခင်မှာ သားနှစ်ယောက်အား မိုက်ကယ်ကင်းနှင့် မိုက်ကယ်ကင်း ဂျူနီယာဟု အမည်ပေးခဲ့သော်လည်း ၁၉၃၄ ခုနှစ်တွင် ဂျာမနီသို့သွားရောက် လည်ပတ်ပြီးသည်တွင် ခရစ်ယာန်ဝါဒပြုပြင်ရေး လုပ်ခဲ့သူ ပုဂ္ဂိုလ်ကြီးအားဂုဏ်ပြုသည့် အနေဖြင့် သားနှစ်ယောက်လုံးအား မာတင်ဟု နာမည်ပြောင်းခဲ့သည်။ မာတင်ဆိုသည့်နာမည်မှာ ထိုခရစ်ယာန်ဝါဒပြုပြင်ရေး လုပ်ခဲ့သူ ဂျာမနီပရိုတက်စတင့် ဂိုဏ်းဝင် မာတင်လူသာ ၏ အမည်ဖြစ်သည်။

အတ္တလန်တာ မြို့တွင် ကြီးပြင်းခဲ့စဉ်ကာလအတွင်း မာတင်လူသာကင်းသည် ဘွတ်ကာတီဝါရှင်တန် အထက်တန်းကျောင်း တွင် ပညာသင်ကြားခဲ့သည်။ သူသည် ကိုးတန်း နှင့် ဆယ့်နှစ် တန်းအဆင့်များအား အဆင့်ကျော်အောင်မြင်နိုင်ခဲ့ပြီး ၁၅ နှစ်သားအရွယ်တွင် အတ္တလန်တာရှိ မိုးဟောက်စ် လူမည်းကောလိပ်တွင် ပညာဆက်လက်သင်ကြားခဲ့သည်။ မိုးဟောက်စ် ကျောင်းမှ လူမှုရေးဒဿန (sociology) ဘာသာဖြင့် ဘွဲ့ရခဲ့ပြီးနောက် ပင်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ချက်စတာမြို့ရှိ ခရိုဇာ သီအိုလိုဂျီကယ် ဆီမင်နရီ ကျောင်းတွင် ပညာဆက်သင်ခဲ့သည်။ ထိုကျောင်းမှ ဘာသာရေးဆိုင်ရာ ဘွဲ့ကိုရရှိခဲ့သည်။ ထို့နောက် ၁၉၅၅ ခုနှစ်တွင် ဘာသာရေးအတွေးအခေါ် ဖြင့် ဒေါက်တာဘွဲ့ကို ရယူခဲ့သည်။

ကင်းသည် ကော်ရက်တာစကော့ဆိုသူအမျိုးသမီးနှင့် ၁၉၅၃ ဂျွန်၊ ၁၈ ရက်နေ့တွင်လက်ထပ်ခဲ့သည်။ ကင်းနှင့် စကော့တို့သည် သားသမီး လေးယောက်ထွန်းကားခဲ့သည်။ ၁၉၅၄ ခုနှစ် ကင်း အသက် ၂၅ နှစ်အရွယ်တွင် အယ်လဘားမား ပြည်နယ်၊ မောင့်ဂိုမာရီမြို့တွင် သင်းအုပ်ဆရာတော်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့လေသည်။

မောင့်ဂိုမာရီ ဘတ်စ်လိုင်းအား သပိတ်မှောက်မှု

၁၉၅၅ ခုနှစ် မတ်လတွင် အသက် ၁၅ နှစ်အရွယ်ကျောင်းသူလေး တစ်ယောက်သည် သူ၏ အနီးရှိ လူဖြူအမျိုးသား တစ်ယောက်အား ထိုင်ခုံပေးရန် ငြင်းဆန်ခဲ့သောကြောင့် ဥပဒေအရ အရေးယူခံခဲ့ရလေသည်။ ဘာမင်ဂမ် အာဖရိကန်-အမေရိကန် ကော်မတီဝင်ဖြစ်သော ကင်းက ထိုကိစ္စကို အရေးယူဖြေရှင်းချင်သော်လည်း၊ အက်ဂါနစ်ဆန်(Edgar Nixon) နှင့် ကလစ်ဖို့ဂျား Clifford Durr တို့က ပိုမိုကောင်းမွန်သော အချက်ကြုံမှဖြေရှင်းရန် တားမြစ်ခဲ့ကြသည်။ ၁၉၅၅ ဒီဇင်ဘာ ၁ ရက်နေ့တွင် လူမည်းအမျိုးသမီး တစ်ယောက်ဖြစ်သော ရိုဆာပတ်(Rosa Parks) သည် လူဖြူအမျိုးသားတစ်ယောက်အား ထိုင်ခုံပေးရန်ငြင်းဆန်မှုဖြင့် အဖမ်းခံခဲ့ရလေသည်။

ထိုကိစ္စအား လူမည်းများက မကျေနပ်သောကြောင့် ဘတ်စ်ကားလိုင်းအား သပိတ်မှောက်ခဲ့ရာ နစ်ဆန်က အဓိက အကြံဉာဏ်နှင့် အစီအစဉ်များ ချမှတ်၍ ကင်း ကဦးဆောင်ခဲ့သည်။ ရက်ပေါင်း ၃၈၅ ရက်မျှ သပိတ်မှောက် ခဲ့ပြီး လူမည်းများက တရားရုံးချုပ်အထိ လျှောက်လဲခဲ့ကြသည်။ ဆန္ဒပြကာလအတွင်း တင်းမာမူ့များဖြစ်လာခဲ့ပြီး ကင်း၏ အိမ်သည်လည်း လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခြင်းခံခဲ့ရသည်။

ထိုလှုပ်ရှားမှုအတွင်းတွင် ကင်း သည်လည်း ဖမ်းဆီးခံခဲ့ရသည်။ နောက်ဆုံးတွင် မောင်ဂိုမာရီသည် ဘတ်စ်ကားလိုင်းသည် နီဂရိုး အစည်းအရုံးကို အလျှော့ပေးခဲ့ရပြီး အမေရိကန်တရားရုံးချုပ်ကလည်း မောင်ဂိုမာရီရှိ လူထုဘတ်စ်ကားများပေါ်တွင် လူဖြူ၊ လူမည်းခွဲခြားခြင်းကို ပယ်ဖျက်ရန်ဆုံးဖြတ်ချက်ချခဲ့သည်။ မောင်ဂိုမာရီ အရေးတော်ပုံတွင် အောင်ပွဲ စတင်ရရှိလိုက်သောကြောင့် ကင်း၏ဒဿနကို မှတ်ကျောက်တင်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ ထိုနှစ်ကာလများအတွင်းတွင် ကင်း၏ စည်းရုံးလှုံ့ဆော်မှုဖြင့် ထိုင်သပိတ်များ မှောက်ကြပြီး လူမည်း လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည်။

တောင်ပိုင်း ခရစ်ယာန် ခေါင်းဆောင်မှု ညီလာခံ

ကင်း၊ Ralph Abernathy နှင့် အခြား လူမှုအခွင့်အရေး လှုပ်ရှားသူများသည် ၁၉၅၇ ခုနှစ်တွင် တောင်ပိုင်း ခရစ်ယာန် ခေါင်းဆောင်မှု ညီလာခံ(Southern Christian Leadership Conference,SCLC) ကို တည်ထောင်ခဲ့သည်။ ထိုအုပ်စုသည် လူမည်းဘုရားကျောင်း များ၏ သာသနာရေးအာဏာကို စုစည်းအသုံးပြုကာ မြို့ပြလူမှုအခွင့်အရေး လှုပ်ရှားဆန္ဒပြသူများအတွက် အကြမ်းမဖက်ရေး လမ်းစဉ်ကို အသုံးပြုရန် ဖန်တီးလှုံ့ဆော်ခဲ့ကြသည်။ ကင်းသည် သူသေဆုံးသည်အထိ SCLC အဖွဲ့အား ဦးဆောင်မှုပေးခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် သူ၏ စာအုပ်ဖြစ်သော Strive Toward Freedom အား Harlem ကုန်တိုက်စတိုးတွင် လက်မှတ်ရေးထိုးပေးခိုက် စိတ်မနှံ့သူ လူမည်း အမျိုးသမီးတစ်ဦးမှ ဓားဖြင့်ထိုးခဲ့ရာ နှလုံးနှင့် အနီးဆုံးနေရာကို ထိသွားခဲ့ဖူးသည်။ အလွန်ကံကောင်း သောကြောင့် ကင်းသည် သေဘေးမှ လွတ်မြောက်ခဲ့ရခြင်းဖြစ်သည်။

ဂန္ဒီ၏ အကြမ်းမဖက်ရေး လှုပ်ရှားမူ့များသည် ကင်းအပေါ်တွင် များစွာလွှမ်းမိုးခဲ့ပြီး၊ ထိုနည်းလမ်းများသည် အယ်လဘားမား ပြည်နယ်ရှိ လူ့အခွင့်အရေး လှုပ်ရှားမှုများအား မှန်ကန်သောလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။ SCLC မှ စုစည်းပေးသော ဆန္ဒပြသူများအား ကင်းသည် အကြမ်းမဖက်ရေးဝါဒများကို ဟောပြောပို့ချပေးခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် သူသည် The Measure of A Man ဆိုသည့်စာအုပ်ကို ရေးသားခဲ့ပြီး ထိုစာအုပ်အား What is Man ဟူသော စာအုပ်မှ ရေးသားခဲ့ခြင်းဖြစ်သည်။ ယင်းစာအုပ် The Measure of A Man တွင်လူ့အဖွဲ့အစည်း၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အဆောက်အဦးများ၏ အခက်အခဲရုန်းကန်ရမှုများကို ခြယ်မှုန်းရေးသားခဲ့သည်။

ပြည်ထောင်စု ထောက်လှမ်းရေး ဗျူရို(FBI) မှလည်း ကင်းအား ၁၉၆၃ ခုနှစ်မှစတင်ကာ တယ်လီဖုန်းကြားဖြတ် နားထောင်ကာ စုံစမ်းခဲ့သည်။ ညွှန်ကြားရေးမှူးချုပ် ဂျေအဂ္ဂါဟူးဗားသည် လူ့အခွင့်အရေး လှုပ်ရှားမှုများတွင် ကွန်မြူနစ်များက စိမ့်ဝင်ထိုးဖေါက်လာမည်ကို ကြောက်ရွံ့ခဲ့သည်။ ထို့ကြောင့် စုံစမ်းမှုများလုပ်ခဲ့သော်လည်း မည်သည့်အထောက်အထားမှ မရှိခဲ့သဖြင့် တယ်လီဖုန်းလိုင်းတစ်ခုမှ မတော်တဆဖမ်းယူခဲ့သော ကင်း၏ ပုဂ္ဂလိက အကြောင်းအား တိပ်ဖြင့်ဖမ်းကာ ကင်းအား ထင်ရှားသော ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ရန် ဖိအားပေး ခြိမ်းခြောက်ခဲ့သည်။

ကင်းသည် လူမည်းများအား စုစည်းကာ ဦးဆောင်မှုပေးနိုင်ခဲ့ပြီး လူမည်းများမဲပေးခွင့်၊ လူဖြူလူမည်း တန်းတူအခွင့်အရေး ရရှိမှု၊ အလုပ်သမား အခွင့်အရေးနှင့် အခြားအခြေခံ လူ့အခွင့်အရေးများအား တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်များထဲမှ အများအပြားမှာ အောင်မြင်မှုများရရှိခဲ့ပြီး အမေရိကန် ပြည်ထောင်စု ဥပဒေများထဲတွင် ၁၉၆၄ လူမှုအခွင့်အရေး ဥပဒေနှင့် ၁၉၆၅ မဲပေးခွင့်ဥပဒေများအဖြစ် ထည့်သွင်းအသက်ဝင်စေခဲ့သည်။

ကင်းနှင့် SCLC တို့သည် အကြမ်းမဖက်ရေး ဆန္ဒပြမှု စည်းမျဉ်းများအား ချမှတ်နိုင်ခဲ့ပြီး ကြီးမားသော အောင်မြင်မှုများလည်း ရရှိခဲ့သည်။ အောင်မြင်ရသော အကြောင်းရင်းများတွင် ဆန္ဒပြမှု နည်းလမ်းများနှင့် ဆန္ဒပြရမည့် နေရာများအား မှန်ကန်စွာ ရွေးချယ်နိုင်ခဲ့ခြင်းတို့ကြောင့်လည်းဖြစ်သည်။ အာဏာပိုင်များမှ မကြာခဏဆိုသလိုပင် ပုံမှန်နှိပ်ကွပ်မှုများနှင့်လည်း ဆန္ဒပြသူများ ကြုံခဲ့ရသည်။ တစ်ခါတစ်ရံတွင် ထိုနှိမ်နင်းမှုများသည် အကြမ်းဖက်ပွဲများဆီသို့ ဦးတည်သွားတတ်လေသည်။

ကရုဏာအလုပ်သည် တောင်းစားနေသူတစ်ဦးထံ ငွေဒင်္ဂါးတစ်ပြားပစ်ပေးလိုက်ရုံနဲ့မပြီး သူတောင်းစားများအား ထုက်လုပ်ပေးနေသည့်လူမှုအဆောက်အအုံကို ပြန်လည်ပြင်ဆင်နိုင်မှ ကိစ္စပြီးသည်
မာတင်လူသာကင်း

ဘာမင်ဟန် တိုက်ပွဲ

ဘာမင်ဟမ် ဆန္ဒပြပွဲသည် အာဖရိကန်-အမေရိကန် များ၏ လူမှုအခွင့်အရေးများ ပိုမိုရရှိစေရန်အတွက် SCLC ၏ မဟာဗျူဟာ မြောက်သော စီစဉ်မှုတစ်ရပ်လည်းဖြစ်သည်။ ထိုဆန္ဒပြပွဲသည် နှစ်လမျှကြာမြင့်ခဲ့ပြီး နောက်ဆုံးတွင် အောင်မြင်မှုရရှိခဲ့သည်။ ထိုစဉ်က အရေးအခင်းအား ပြည်သူ့လုံခြုံရေး ဌာန မင်းကြီး သီအိုဖီးလ်စ်(ဘူးလ်) ကွန်နာ က ကိုင်တွယ်ခဲ့သည်။ ဆန္ဒပြသူအများအပြားအားလည်း ထောင်သွင်း အကျဉ်းချခဲ့ကြသည်။ ထိုအထဲတွင် ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်များပင် ပါဝင်လေသည်။

ရဲများသည် ဆန္ဒပြသူများအား တုတ်ဖြင့်ရိုက်ခြင်း၊ သံချပ်ကာ ကားဖြင့် ဝင်တိုက်ခြင်းများ ပြုလုပ်ခဲ့ကြပြီး၊ ထိုအဖြစ်အပျက်များအား မြင်တွေ့ရသော လူဖြူများပင်လျင် လူမှုအခွင့်အရေး လှုပ်ရှားမူ့အတွင်း ပါဝင်လာကြသည်ဟု ဆိုသည်။ မည်သို့ပင်ဖြစ်စေ အကျပ်အတည်း တစ်ရပ်အား မာတင်လူသာကင်းသည် ဖန်တီးနိုင်ခဲ့လေသည်။ ထိုအကျပ် အတည်းမှ တဆင့် လိုချင်သော ဆန္ဒများအား အကြမ်းမဖက်ရေး နည်းလမ်းကို အသုံးပြုကာ တောင်းယူခဲ့ကြသည်။ ဆန္ဒပြပွဲကြီး ပြီးဆုံးသွားပြီးနောက် ကွန်နာသည် အလုပ်ပြုတ်သွားပြီး ကင်းမှာ ပိုမိုနာမည်ကျော်ကြားလာလေသည်။ အကျိုးဆက်အားဖြင့် အများပြည်သူဆိုင်ရာနေရာ အများစုသည် လူမည်းများအတွက်လည်း အကျုံးဝင်လာလေသည်။

ဘာမင်ဂမ် ဆန္ဒပြပွဲမှာ အဖမ်းခံခဲ့ရတဲ့ကင်း

ကျွန်တော့်မှာ အိပ်မက်တခု ရှိတယ်

မာတင်လူသာကင်းရဲ့ ကမ္ဘာကေ်ျာလှုပ်ရှားမှုတခုကေတာ့ ၁၉၆၃ ခုနှစ်မှာ ဝါရှင်တန်ဒီစီကို ချီတက်တဲ့ပွဲဖစ်ပါတယ်။ ဒီပွဲက အမေရိကန် တောင်ပိုင်းဒေသက လူမည်းတွေရဲ့ အခွင့်အရေးကို တောင်းဆိုဆန္ဒပြတဲ့ပွဲဖြစ်ပါတယ်။ စာသင်ကျောင်းတွေမှာ လူဖြူလူမည်းခွဲခြားမှု ရုပ်သိမ်းဖို့၊ အလုပ်အကိုင်မှာလည်း လူမျိုးခွဲခြားမှုကို တားဆီးတဲ့ ဥဒေပြဌာန်းပေးဖို့၊ လူ့အခွင့်အရေးတာင်းဆိုလှုပ်ရှားသူတွေကို ရဲတွေက အကြမ်းဖက်ဖြိုခွင်းတာမျိုး မလုပ်အောင် အကာအကွယ်ပေးဖို့ အလုပ်သမားတွေအတွက် အခြေခံအလုပ်သမားခကို စံချိန်စံညွှန်းမီအောင် ပေးဖို့ စတဲ့တောင်းဆိုချက်တွေ ပါဝင်ပါတယ်။ လူမည်း ၂၅၀,၀၀၀ ကေ်ျာ ပါဝင်ခဲ့တဲ့ အလွန်ကြီးကျယ်တဲ့ ဆန္ဒပြပွဲကြီး ဖြစ်ပါတယ်။

ဒီပွဲမှာ မာတင်လူသာကင်းဟာ “ကျွန်တော့်မှာ အိပ်မက်တခု ရှိတယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပါတယ်။

“ကျွန်တော့်မှာ အိပ်မက်တခုရှိတယ်။ ဒီအိပ်မက်ကတော့ တနေ့ကျရင် ကျွန်တော်တို့ နိုင်ငံဟာ လူအားလုံး တန်းတူညီမျှဖြစ်တယ်ဆိုတဲ့ ယုံကြည်ချက်ကို အကာင်အထည် ဖော်လိမ့်မယ် ဆိုတဲ့ အိပ်မက်ဖြစ်ပါတယ်။”

“ကျွန်တော့်မှာ အိပ်မက်တခုရှိတယ်။ ဒီအိပ်မက်ကတော့ တနေ့ကျရင် ကျွန်တော့် ရင်သွေးလေးယောက်ကို အသားအရောင်နဲ့ လူဆိုးလူကောင်းသတ်မှတ်တာမဟုတ်ဘဲ သူ့အကျင့်စာရိတ္တနဲ့ သတ်မှတ်လိမ့်မယ်ဆိုတဲ့ အိပ်မက်ဖြစ်ပါတယ်။”

“ကျွန်တော့်မှာ အိပ်မက်တခုရှိတယ်။ ဒီအိပ်မက်ကေတာ့ တနေ့ကျရင် ဂေ်ျာဂျီယာပြည်နယ်က တောင်ကုန်းတွေပ်ါမှာ ကျွန်ဖြစ်ခဲ့သူတွေရဲ့ သားသမီးတွေနဲ့ ကျွန်ပိုင်ရှင်ဖြစ်ခဲ့သူ တွေရဲ့ သားသမီးတွေ ညီအစ်ကိုမောင်နှမေတွလို ချစ်ကြည်ရင်းနှီးစွာ အတူတူ နေထိုင်နိုင်ကြလိမ့်မယ်ဆိုတဲ့ အိပ်မက်ဖြစ်ပါတယ်။”

လူမည်းလည်းလူပဲ၊ လူဖြူလည်းလူပဲ၊ အသားအရောင်နဲ့ လူလူချင်း ခွဲခြား ဆက်ဆံတာဟာ မမှန်ကန်ဘူးဆိုတာကို အလွန်ထက်မြက်တဲ့ အေပြောအဆို အလွန်အားကောင်းတဲ့ စကားလုံးတွေနဲ့ ပြောခဲ့တာပါ။ မာတင်လူသာကင်းဟာ ဒီလို ဟောပြောမှုမျိုးနဲ့ လူတွေရဲ့ နှလုံးသားကို ဖမ်းစားခဲ့တာပါ။

လုပ်ကြံခံရခြင်း

၁၉၆၈ ခုနှစ်နွေဦးတွင် သာမာန်အလုပ်သမား ပြဿနာလေးတစ်ခုအား ဖြေရှင်းရန် မင်းဖစ်မြို့သို့ ကင်းရောက်ရှိခဲ့သည်။ မင်းဖစ်မြို့တွင် တံမြက်လှည်း၊ မြောင်းဖေါ်၊ အညစ်အကြေး ဆေးကြောသန့်ရှင်းရသည့် အလုပ်သမား ၁၃၀၀ ခန့်ရှိသည်။ ထိုအလုပ်သမားအားလုံးမှာ လူမည်းများဖြစ်ကြပြီး လုပ်ခလစာ အလွန်နည်းပါးသည့် အတွက် လစာတိုးပေးရန် သပိတ်မှောက်ကြသည်။ ပထမဆုံး ဆန္ဒပြချီတက်ပွဲမှာပင် လူမည်းများက အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် ကင်းစိတ်ပျက်သွား ခဲ့သည်။ သူ၏ အကြမ်းမဖက်ရေး ဝါဒမှာ သဲထဲရေသွန်သကဲ့သို့ ဖြစ်သွားသည်ဟု ခံစားမိကာ မင်းဖစ်မြို့မှ ကင်းလှည့် ပြန်ခဲ့သည်။ သို့သော် လုပ်ဖေါ်ကိုင်ဖက်များက ဝိုင်း၍ တိုက်တွန်းကြသည့်အတွက် နောက်ဆုံတွင် မင်းဖစ်သို့ ပြန်သွားရန် သဘောတူခဲ့သည်။

လူမည်းတစ်ယောက်ပိုင်ဆိုင်သည့် လော်ရိန်းအမည်ရှိတည်းခိုခန်းတွင် တည်းခိုခဲ့သည်။ ဧပြီလ ၄ ရက်နေ့ညနေတွင် သူတည်းခိုသည့် အခန်း နံပါတ် ၃၀၆ မှနေ၍ အပြင်ဘက်ထွက်လာကာ လေညင်းခံရန်အတွက် လသာဆောင်တွင် ထွက်ရပ်သည်။ ထိုအချိန်တွင် လမ်းတစ်ဖက် မျက်နှာခြင်းဆိုင်အိမ်အပေါ်ထပ်မှ နေ၍ လူသတ်သမားက သေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်လိုက်သည်။ ကျည်ဆံသည် ကင်း၏ လည်ပင်းကိုဖေါက်ထွက်သွားသည်။ သေနတ်ပစ်ခံရပြီး တစ်နာရီအကြာ ည ရ နာရီ ၅ မိနစ်တွင် စိန့်ဂျိုးဆက် ဆေးရုံတွင် ကွယ်လွန်ခဲ့သည်။ သူကွယ်လွန်ချိန်တွင် အသက် ၃၉ နှစ်သာ ရှိသေးသည်။

လုပ်ကြံခံလိုက်ရပြီးနောက်

မာတင်လူသာကင်းအား လုပ်ကြံသတ်ဖြတ်သူမှာ လူဖြူကြီးစိုးရေး ဝါဒီ အစွန်းရောက်တစ်ဦး ဖြစ်သည့် ဂျိမ်းစ်အားလ်ရေး ဆိုသူ ဖြစ်သည်။ သူ့ကို ဖမ်းဆီးမိပြီးနောက် ထောင်ဒဏ် ၉၉ နှစ်ချမှတ်ခဲ့သည်။ ကင်းလုပ်ကြံသတ်ဖြတ်ခံခဲ့ရသော လော်ရိန်း တည်းခိုခန်းအာ ယခုအခါ နိုင်ငံတော်လူမှုအခွင့်အရေး ပြတိုက်အဖြစ်ပြောင်း လဲထားသည်။

ကင်းအားလုပ်ကြံသတ်ဖြတ်ခဲ့သူ ဂျိမ်းစ်အားလ်ရေး
မာတင်လူသာကင်း ဈာပန
မာတင်လူသာကင်း ဈာပန
ဝါရှင်တန်ရှိ မာတင်လူသာကင်း အထိမ်းအမှတ်ရုပ်တု

အင်္ဂလိပ်ဝီကီ နှင့် ၂၀ ရာစုအကြီးကျယ်ဆုံးပုဂ္ဂိုလ်များ၊ ရာပြည့်စာတည်းအဖွဲ့၊
DVB Burmese TV

Myanmar Wikipedia

———————

မာတင်လူသာကင်း ဆိုတဲ့လူ (unicode)

မိမိကိုယ္က်ိုးကိုသာကြည့်တတ်သည့် က်ဉ်းမြောင်းလွေသာ အတ္တဥခြံလေးထဲမွ ထိုးထြက္ကာ က်ယ်ပြောလွသည့် လူ့လောက ကောင်းက်ိုးအတြက် မေဆာင်ရြက်နိုင်သေးသ၍ အကြင်သူ၏ ဘ၀ရွင်သန္မှု စတင်ပြီဟုမဆိုနိုင္ပါ။
မာတင္လူသာကင်း
မာတင္လူသာကင်း ဂ်ူနီယာ (Martin Luther King Jr) သည် အာဖရိကန်-အေမရိကန် သင်းအုပ္ဆရာ တစ်ယောက်ဖြစ်ပြီး အေမရိကန် လူ့အခြင့်ရေး လှုပ်ရွားသူမာ်းထဲတြင် တက်ႂကြထင်ရွားသော သူတစ်ယောက်ဖြစ်သည်။ သူ၏ ထင်ရွားခဲ့သော ဂုဏ်ရည္မွာ အေမရိကန် လူ့အခြင့်အေရးကို ပိုမိုထိရောက်သော အဆင့်အျဖစ်သို့ ပို့ဆောင်ပေးနိုင် ခဲ့ခြင်းဖြစ်သည်။ မာတင္လူသာကင်းအား ယေန့တိုင္ပင် လူ့အခြင့်အေရး သေင်္ကတ တစ္ခုအျဖစ် မကြာခဏ ရည်ညွှန်း ပြောဆိုလေ့ရွိကြသည်။

ကင်းသည် သင်းအုပ္ဆရာတော် ဖြစ္လာပြီးနောက် လူ့အခြင့်အေရး လှုပ်ရွားမှုမာ်းတြင် ပါဝင်ဆောင်ရွက် လာလေသည်။ သူသည် မောင္ဂိုမာရီ ဘတ်(စ)ကားလိုင်းအား သပိတ်မွောက္မူ့တြင် ဦးဆောင္ခဲ့ပြီး၊ တောင္ပိုင်း ခရစ်ယာန် ခေါင်းဆောင္မှု ညီလာခံနှင့် သားဖြားဆရာမ သင္တန်းသူမာ်း၏ အကြမ်းမဖက်ရေး ပူးပေါင်းဆောင်ရွက္မှု ကော်မတီ စသည္တို့ကို ဖြဲ့စည်းပေးခဲ့သည်။

၁၉၆၃ ခုနှစ္တြင် ကင်းသည် ဘာမင်ဟန်သို့ခီ်တက္ကာ I Have a Dream ဟူသော မိန့်ခြန်းကို ဟောပြောခဲ့သည်။ ထိုနေရာတြင် သူသည် လူထု၏ လူ့အခြင့်အေရး အျမင္မာ်းအား နိုးကြားစေခဲ့ကာ သူကိုယ္တိုင်သည္လည်း အေမရိကန် သမိုင်းတြင် စည်းရုံးဟောပြောခြင်း အေကာင်းဆုံးသူမာ်းထဲမွ တစ်ယောက်ဖြစ္လာသည်။ သူ၏ အကြမ်းမဖက်ရေး လှုပ်ရွားမှုမာ်းကြောင့် ၁၉၆၄ ခုနှစ္တြင် ငြိမ်းခ်မ်းရေး နိုဘယ္ဆုကို ရရွိခဲ့သည်။ သူသေမည့် ၁၉၆၈ ခုနှစ္ထဲတြင် သူ၏ ဆင်းရဲမြဲတေမှု လော့်ခ်ျခင်းနှင့် ဗီယက္နမ် စစ္ပြဲအား ဆန့်က်င်သည့် အခ်က်အား ဘာသာရေး ရှုထောင့် မွေန၍ ပြန္လည်သုံးသပ္ခဲ့သည်။

ကင်းသည် ၁၉၆၈ ခုနှစ် ဧပြီ ၄ ရက်နေ့တြင် တန္နက္စီပြည္နယ်၊ မင်းဖစ်မြို့တြင် လုပ်ကြံခံခဲ့ရသည်။ သူသေဆုံးပြီးနောက္လည်း သူ့အားဂုဏ်ပြုကာ ဆုတံဆိပ္မာ်းစြာ ခီ်းမြှင့်ခဲ့ကြသည်။ ၁၉၇၇ တြင် Presidential Medal of Freedom ဆုကိုလည်းကောင်း၊ ၂၀၀၄ ခုနှစ္တြင် Congressional Gold Medal ဆုတံဆိပ္ကိုလည်းကောင်း ဂုဏ်ပြုခီ်းမြှင့်ခဲ့ကြသည်။ ၁၉၈၆ ခုနှစ္တြင် မာတင္လူသာကင်းနေ့ ဟူ၍ အေမရိကန္တစ်နိုင်ငံလုံး အားလပ်ရက်အျဖစ် ဂုဏ်ပြုသတ္မွတ္ခဲ့ကြသည်။

ငယ္စဥ္ဘ၀

မာတင္လူသာကင်းအား ဂော်္ဂီ်ယာပြည္နယ်၊ အတ္တလန္တာမြို့တြင် ၁၉၂၉၊ ဇန္နဝါရီ ၁၅ ရက်နေ့တြင်မြေးဖြားခဲ့သည်။ သူ၏ မိဘမာ်းမွာ မာတင္လူသာကင်း စီနီယာနှင့် အယ္လဘာတာဝီလံ်ကင်းတို့ဖြစ်ကြသည်။ သူ၏ ဖခင္မွာ သားနှစ်ယောက်အား မိုက္ကယ္ကင်းနှင့် မိုက္ကယ္ကင်း ဂ်ူနီယာဟု အမည်ပေးခဲ့သော်လည်း ၁၉၃၄ ခုနှစ္တြင် ဂာ်မနီသို့ဩားရောက် လည္ပတ်ပြီးသည္တြင် ခရစ်ယာန်ဝါဒျပုပြင်ရေး လုပ္ခဲ့သူ ပုဂ္ဂိုလ်ကြီးအားဂုဏ်ပြုသည့် အေနျဖင့် သားနှစ်ယောက္လုံးအား မာတင်ဟု နာမည်ပြောင်းခဲ့သည်။ မာတင္ဆိုသည့်နာမည္မွာ ထိုခရစ်ယာန်ဝါဒျပုပြင်ရေး လုပ္ခဲ့သူ ဂာ်မနီပရိုတက္စတင့် ဂိုဏ်းဝင် မာတင္လူသာ ၏ အမည်ဖြစ်သည်။

အတ္တလန္တာ မြို့တြင် ကြီးပြင်းခဲ့စဥ္ကာလအတြင်း မာတင္လူသာကင်းသည် ဘြတ္ကာတီဝါရွင္တန် အထက္တန်းကော်င်း တြင် ပညာသင်ကြားခဲ့သည်။ သူသည် ကိုးတန်း နှင့် ဆယ့်နှစ် တန်းအဆင့်မာ်းအား အဆင့်ကော်္အောင်မြင်နိုင္ခဲ့ပြီး ၁၅ နှစ်သားအရွယ္တြင် အတ္တလန္တာရွိ မိုးဟောက္စ် လူမည်းကောလိပ္တြင် ပညာဆက္လက်သင်ကြားခဲ့သည်။ မိုးဟောက္စ် ကော်င်းမွ လူမှုရေးဒဿန (sociology) ဘာသာဖြင့် ဘြဲ့ရခဲ့ပြီးနောက် ပင္ဆယ္လ်ဗေးနီးယားပြည္နယ်၊ ခ်က္စတာမြို့ရွိ ခရိုဇာ သီအိုလိုဂီ်ကယ် ဆီမင္နရီ ကော်င်းတြင် ပညာဆက်သင္ခဲ့သည်။ ထိုကော်င်းမွ ဘာသာရေးဆိုင်ရာ ဘြဲ့ကိုရရွိခဲ့သည်။ ထို့နောက် ၁၉၅၅ ခုနှစ္တြင် ဘာသာရေးအေတြးအေခါ် ဖြင့် ဒေါက္တာဘြဲ့ကို ရယူခဲ့သည်။

ကင်းသည် ကော်ရက္တာစေကာ့ဆိုသူအမ်ိုးသမီးနှင့် ၁၉၅၃ ဂျွန်၊ ၁၈ ရက်နေ့တြင္လက္ထပ္ခဲ့သည်။ ကင်းနှင့် စေကာ့တို့သည် သားသမီး လေးယောက္ထြန်းကားခဲ့သည်။ ၁၉၅၄ ခုနှစ် ကင်း အသက် ၂၅ နှစ်အရွယ္တြင် အယ္လဘားမား ပြည္နယ်၊ မောင့်ဂိုမာရီမြို့တြင် သင်းအုပ္ဆရာတော်အျဖစ် စတင္တာဝန္ထမ်းဆောင္ခဲ့လေသည်။

မောင့်ဂိုမာရီ ဘတ္စ်လိုင်းအား သပိတ်မွောက္မှု

၁၉၅၅ ခုနှစ် မတ္လတြင် အသက် ၁၅ နှစ်အရွယ်ကော်င်းသူလေး တစ်ယောက်သည် သူ၏ အနီးရွိ လူဖြူအမ်ိုးသား တစ်ယောက်အား ထိုင္ခုံပေးရန် ငြင်းဆန္ခဲ့သောကြောင့် ဥပေဒအရ အေရးယူခံခဲ့ရေလသည်။ ဘာမင္ဂမ် အာဖရိကန်-အေမရိကန် ကော်မတီဝင်ဖြစ်သော ကင်းက ထိုကိစ္စကို အေရးယူဖြေရွင်းခ်င်သော်လည်း၊ အက္ဂါနစ္ဆန်(Edgar Nixon) နှင့် ကလစ္ဖို့ဂာ်း Clifford Durr တို့က ပိုမိုကောင်းမြန်သော အခ်က်ကြုံမွေဖြရွင်းရန် တားမြစ္ခဲ့ကြသည်။ ၁၉၅၅ ဒီဇင္ဘာ ၁ ရက်နေ့တြင် လူမည်းအမ်ိုးသမီး တစ်ယောက်ဖြစ်သော ရိုဆာပတ်(Rosa Parks) သည် လူဖြူအမ်ိုးသားတစ်ယောက်အား ထိုင္ခုံပေးရန်ငြင်းဆန္မှုဖြင့် အဖမ်းခံခဲ့ရေလသည်။

ထိုကိစ္စအား လူမည်းမာ်းက မေက်နပ်သောကြောင့် ဘတ္စ်ကားလိုင်းအား သပိတ်မွောက္ခဲ့ရာ နစ္ဆန္က အဓိက အကြံဉာဏ်နှင့် အစီအစဉ္မာ်း ခ်မွတ်၍ ကင်း ကဦးဆောင္ခဲ့သည်။ ရက်ပေါင်း ၃၈၅ ရက္မျှ သပိတ်မွောက် ခဲ့ပြီး လူမည်းမာ်းက တရားရုံးခ်ုပ်အထိ လျှောက္လဲခဲ့ကြသည်။ ဆန္ဒပြကာလအတြင်း တင်းမာမူ့မာ်းဖြစ္လာခဲ့ပြီး ကင်း၏ အိမ်သည္လည်း လက္ပစ္ဗုံးဖြင့် တိုက္ခိုက်ခြင်းခံခဲ့ရသည်။

ထိုလှုပ်ရွားမှုအတြင်းတြင် ကင်း သည္လည်း ဖမ်းဆီးခံခဲ့ရသည်။ နောက္ဆုံးတြင် မောင္ဂိုမာရီသည် ဘတ္စ်ကားလိုင်းသည် နီဂရိုး အစည်းအရုံးကို အေလျှာ့ပေးခဲ့ရပြီး အေမရိကန္တရားရုံးခ်ုပ္ကလည်း မောင္ဂိုမာရီရွိ လူထုဘတ္စ်ကားမာ်းပေါ်တြင် လူဖြူ၊ လူမည်းခြဲခြားခြင်းကို ပယ္ဖ်က်ရန္ဆုံးဖြတ္ခ်က္ခ်ခဲ့သည်။ မောင္ဂိုမာရီ အေရးတော်ပုံတြင် အောင္ပြဲ စတင်ရရွိလိုက်သောကြောင့် ကင်း၏ဒဿနကို မွတ်ကော်က္တင္လိုက်သကဲ့သို့ ဖြစ်ဩားခဲ့သည်။ ထိုနှစ္ကာလမာ်းအတြင်းတြင် ကင်း၏ စည်းရုံးလှုံ့ဆော်မှုဖြင့် ထိုင်သပိတ္မာ်း မွောက်ကြပြီး လူမည်း လြတ္လပ်ရေးအတြက် တိုက္ပြဲဝင္ခဲ့ကြသည်။

တောင္ပိုင်း ခရစ်ယာန် ခေါင်းဆောင္မှု ညီလာခံ

ကင်း၊ Ralph Abernathy နှင့် အျခား လူမှုအခြင့်အေရး လှုပ်ရွားသူမာ်းသည် ၁၉၅၇ ခုနှစ္တြင် တောင္ပိုင်း ခရစ်ယာန် ခေါင်းဆောင္မှု ညီလာခံ(Southern Christian Leadership Conference,SCLC) ကို တည်ထောင္ခဲ့သည်။ ထိုအုပ္စုသည် လူမည်းဘုရားကော်င်း မာ်း၏ သာသနာရေးအာဏာကို စုစည်းအသုံးပြုကာ မြို့ပြလူမှုအခြင့်အေရး လှုပ်ရွားဆန္ဒပြသူမာ်းအတြက် အကြမ်းမဖက်ရေး လမ်းစဥ္ကို အသုံးပြုရန် ဖန္တီးလှုံ့ဆော်ခဲ့ကြသည်။ ကင်းသည် သူသေဆုံးသည်အထိ SCLC အဖြဲ့အား ဦးဆောင္မှုပေးခဲ့သည်။ ၁၉၅၈ ခုနှစ္တြင် သူ၏ စာအုပ်ဖြစ်သော Strive Toward Freedom အား Harlem ကုန္တိုက္စတိုးတြင် လက္မွတ်ရေးထိုးပေးခိုက် စိတ္မနှံ့သူ လူမည်း အမ်ိုးသမီးတစ်ဦးမွ ဓားဖြင့်ထိုးခဲ့ရာ နှလုံးနှင့် အနီးဆုံးနေရာကို ထိဩားခဲ့ဖူးသည်။ အလြန္ကံကောင်း သောကြောင့် ကင်းသည် ေသေဘးမွ လြတ်မြောက္ခဲ့ရျခင်းဖြစ်သည်။

ဂန္ဒီ၏ အကြမ်းမဖက်ရေး လှုပ်ရွားမူ့မာ်းသည် ကင်းအေပါ်တြင် မာ်းစြာလွှမ်းမိုးခဲ့ပြီး၊ ထိုနည်းလမ်းမာ်းသည် အယ္လဘားမား ပြည္နယ်ရွိ လူ့အခြင့်အေရး လှုပ်ရွားမှုမာ်းအား မွန္ကန်သောလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးနိုင္ခဲ့သည်။ SCLC မွ စုစည်းပေးသော ဆန္ဒပြသူမာ်းအား ကင်းသည် အကြမ်းမဖက်ရေးဝါဒမာ်းကို ဟောပြောပို့ခေ်ပးခဲ့သည်။ ၁၉၅၉ ခုနှစ္တြင် သူသည် The Measure of A Man ဆိုသည့်စာအုပ္ကို ရေးသားခဲ့ပြီး ထိုစာအုပ်အား What is Man ဟူသော စာအုပ္မွ ရေးသားခဲ့ခြင်းဖြစ်သည်။ ယင်းစာအုပ် The Measure of A Man တြင္လူ့အဖြဲ့အစည်း၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပြားရေး အေဆာက်အဦးမာ်း၏ အခက်အခဲရုန်းကန်ရမှုမာ်းကို ခြယ္မှုန်းရေးသားခဲ့သည်။

ပြည်ထောင္စု ထောက္လွမ်းရေး ဗ်ူရို(FBI) မွလည်း ကင်းအား ၁၉၆၃ ခုနှစ္မွစတင္ကာ တယ္လီဖုန်းကြားဖြတ် နားထောင္ကာ စုံစမ်းခဲ့သည်။ ညွှန်ကြားရေးမှူးခ်ုပ် ဂေ်အဂ္ဂါဟူးဗားသည် လူ့အခြင့်အေရး လှုပ်ရွားမှုမာ်းတြင် ကြန်မြူနစ္မာ်းက စိမ့်ဝင္ထိုးဖေါက္လာမည္ကို ကြောက်ရွံ့ခဲ့သည်။ ထို့ကြောင့် စုံစမ်းမှုမာ်းလုပ္ခဲ့သော်လည်း မည်သည့်အေထာက်အထားမွ မရွိခဲ့သျဖင့် တယ္လီဖုန်းလိုင်းတစ္ခုမွ မေတာ်တဆဖမ်းယူခဲ့သော ကင်း၏ ပုဂ္ဂလိက အေကြာင်းအား တိပ်ဖြင့်ဖမ်းကာ ကင်းအား ထင်ရွားသော ခေါင်းဆောင်အျဖစ္မွ နှုတ္ထြက်ရန် ဖိအားပေး ခြိမ်းခြောက္ခဲ့သည်။

ကင်းသည် လူမည်းမာ်းအား စုစည်းကာ ဦးဆောင္မှုပေးနိုင္ခဲ့ပြီး လူမည်းမာ်းမဲပေးခြင့်၊ လူဖြူလူမည်း တန်းတူအခြင့်အေရး ရရွိမှု၊ အလုပ်သမား အခြင့်အေရးနှင့် အျခားအေခြခံ လူ့အခြင့်အေရးမာ်းအား တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုခ်က္မာ်းထဲမွ အမာ်းအျပားမွာ အောင်မြင္မှုမာ်းရရွိခဲ့ပြီး အေမရိကန် ပြည်ထောင္စု ဥပေဒမာ်းထဲတြင် ၁၉၆၄ လူမှုအခြင့်အေရး ဥပေဒနှင့် ၁၉၆၅ မဲပေးခြင့်ဥပေဒမာ်းအျဖစ် ထည့်ဩင်းအသက်ဝင်စေခဲ့သည်။

ကင်းနှင့် SCLC တို့သည် အကြမ်းမဖက်ရေး ဆန္ဒပြမှု စည်းမ်ဉ်းမာ်းအား ခ်မွတ်နိုင္ခဲ့ပြီး ကြီးမားသော အောင်မြင္မှုမာ်းလည်း ရရွိခဲ့သည်။ အောင်မြင်ရေသာ အေကြာင်းရင်းမာ်းတြင် ဆန္ဒပြမှု နည်းလမ်းမာ်းနှင့် ဆန္ဒပြရမည့် နေရာမာ်းအား မွန္ကန္စြာ ရွေးခ်ယ်နိုင္ခဲ့ခြင်းတို့ကြောင့်လည်းဖြစ်သည်။ အာဏာပိုင္မာ်းမွ မကြာခဏဆိုသလိုပင် ပုံမွန်နှိပ္ကြပ္မှုမာ်းနှင့်လည်း ဆန္ဒပြသူမာ်း ကြုံခဲ့ရသည်။ တစ္ခါတစ်ရံတြင် ထိုနှိမ္နင်းမှုမာ်းသည် အကြမ်းဖက္ပြဲမာ်းဆီသို့ ဦးတည်ဩားတတ်လေသည်။

ကရုဏာအလုပ်သည် တောင်းစားနေသူတစ်ဦးထံ ငြေဒင်္ဂါးတစ်ပြားပစ်ပေးလိုက်ရုံနဲ့မပြီး သူတောင်းစားမာ်းအား ထုက္လုပ်ပေးနေသည့်လူမှုအေဆာက်အအုံကို ပြန္လည်ပြင္ဆင်နိုင္မွ ကိစ္စပြီးသည်
မာတင္လူသာကင်း
ဘာမင်ဟန် တိုက္ပြဲ

ဘာမင်ဟမ် ဆန္ဒပြပြဲသည် အာဖရိကန်-အေမရိကန် မာ်း၏ လူမှုအခြင့်အေရးမာ်း ပိုမိုရရွိစေရန်အတြက် SCLC ၏ မဟာဗ်ူဟာ မြောက်သော စီစဥ္မှုတစ်ရပ္လည်းဖြစ်သည်။ ထိုဆန္ဒပြပြဲသည် နှစ္လမျှကြာမြင့်ခဲ့ပြီး နောက္ဆုံးတြင် အောင်မြင္မှုရရွိခဲ့သည်။ ထိုစဥ္က အေရးအခင်းအား ပြည်သူ့လုံခြုံရေး ဌာန မင်းကြီး သီအိုဖီးလ္စ်(ဘူးလ်) ကြန္နာ က ကိုင္တြယ္ခဲ့သည်။ ဆန္ဒပြသူအမာ်းအျပားအားလည်း ထောင်ဩင်း အက်ဉ်းခ်ခဲ့ကြသည်။ ထိုအထဲတြင် ယောက်ျား၊ မိန်းမ၊ ကေလးသူငယ္မာ်းပင် ပါဝင်လေသည်။

ရဲမာ်းသည် ဆန္ဒပြသူမာ်းအား တုတ်ဖြင့်ရိုက်ခြင်း၊ သံခ်ပ္ကာ ကားဖြင့် ဝင္တိုက်ခြင်းမာ်း ပြုလုပ္ခဲ့ကြပြီး၊ ထိုအျဖစ်အပ်က္မာ်းအား မြင်တြေ့ရေသာ လူဖြူမာ်းပင္လ်င် လူမှုအခြင့်အေရး လှုပ်ရွားမူ့အတြင်း ပါဝင္လာကြသည်ဟု ဆိုသည်။ မည်သို့ပင်ဖြစ်စေ အက်ပ်အတည်း တစ်ရပ်အား မာတင္လူသာကင်းသည် ဖန္တီးနိုင္ခဲ့လေသည်။ ထိုအက်ပ် အတည်းမွ တဆင့် လိုခ်င်သော ဆန္ဒမာ်းအား အကြမ်းမဖက်ရေး နည်းလမ်းကို အသုံးပြုကာ တောင်းယူခဲ့ကြသည်။ ဆန္ဒပြပြဲကြီး ပြီးဆုံးဩားပြီးနောက် ကြန္နာသည် အလုပ်ပြုတ်ဩားပြီး ကင်းမွာ ပိုမိုနာမည်ကော်္ကြားလာလေသည်။ အက်ိုးဆက်အားဖြင့် အမာ်းပြည်သူဆိုင်ရာနေရာ အမာ်းစုသည် လူမည်းမာ်းအတြက္လည်း အက်ုံးဝင္လာလေသည်။

က်ြန်တော့်မွာ အိပ္မက္တခု ရွိတယ်

မာတင္လူသာကင်းရဲ့ ကမ္ဘာကျော်လှုပ်ရွားမှုတခုကေတာ့ ၁၉၆၃ ခုနှစ္မွာ ဝါရွင္တန္ဒီစီကို ခီ်တက္တဲ့ပြဲ ြဖစ္ပါတယ်။ ဒီပြဲက အေမရိကန် တောင္ပိုင်းဒေသက လူမည်းတြေရဲ့ အခြင့်အေရးကို တောင်းဆိုဆန္ဒပြတဲ့ပြွဲဖြစ္ပါတယ်။ စာသင်ကော်င်းတြေမွာ လူဖြူလူမည်းခြွဲခြားမှု ရုပ်သိမ်းဖို့၊ အလုပ်အကိုင္မွာလည်း လူမ်ိုးခြွဲခြားမှုကို တားဆီးတဲ့ ဥေဒျပဌာန်းပေးဖို့၊ လူ့အခြင့်အေရးတာင်းဆိုလှုပ်ရွားသူတြေကို ရဲတြေက အကြမ်းဖက်ဖြိုခြင်းတာမ်ိုး မလုပ်အောင် အကာအကြယ်ပေးဖို့ အလုပ်သမားတြေအတြက် အေခြခံအလုပ်သမားခကို စံခိ်န္စံညွှန်းမီအောင် ပေးဖို့ စတဲ့တောင်းဆိုခ်က်တြေ ပါဝင္ပါတယ်။ လူမည်း ၂၅၀,၀၀၀ ကျော် ပါဝင္ခဲ့တဲ့ အလြန်ကြီးက်ယ္တဲ့ ဆန္ဒပြပြွဲကြီး ဖြစ္ပါတယ်။

ဒီပြဲမွာ မာတင္လူသာကင်းဟာ “က်ြန်တော့်မွာ အိပ္မက္တခု ရွိတယ်” ဆိုတဲ့ ခေါင်းစဥ္နဲ့ ဟောပြောပါတယ်။

“က်ြန်တော့်မွာ အိပ္မက္တခုရွိတယ်။ ဒီအိပ္မက္ကေတာ့ တေန့က်ရင် က်ြန်တော်တို့ နိုင်ငံဟာ လူအားလုံး တန်းတူညီမ်ွဖြစ္တယ္ဆိုတဲ့ ယုံကြည္ခ်က္ကို အကာင်အထည် ဖော်လိမ့်မယ် ဆိုတဲ့ အိပ္မက်ဖြစ္ပါတယ်။”

“က်ြန်တော့်မွာ အိပ္မက္တခုရွိတယ်။ ဒီအိပ္မက္ကေတာ့ တေန့က်ရင် က်ြန်တော့် ရင်ဩေးလေးယောက္ကို အသားအေရာင္နဲ့ လူဆိုးလူကောင်းသတ္မွတ္တာမဟုတ္ဘဲ သူ့အက်င့်စာရိတ္တနဲ့ သတ္မွတ္လိမ့်မယ္ဆိုတဲ့ အိပ္မက်ဖြစ္ပါတယ်။”

“က်ြန်တော့်မွာ အိပ္မက္တခုရွိတယ်။ ဒီအိပ္မက်ကေတာ့ တေန့က်ရင် ဂျော်ဂီ်ယာပြည္နယ္က တောင္ကုန်းေတြေပါ်မွာ က်ြန်ဖြစ္ခဲ့သူတြေရဲ့ သားသမီးတြေနဲ့ ကျွန္ပိုင်ရွင်ဖြစ္ခဲ့သူ တြေရဲ့ သားသမီးတြေ ညီအစ္ကိုမောင်နှမေတြလို ခ်စ်ကြည်ရင်းနှီးစြာ အတူတူ နေထိုင်နိုင်ကြလိမ့်မယ္ဆိုတဲ့ အိပ္မက်ဖြစ္ပါတယ်။”

လူမည်းလည်းလူပဲ၊ လူဖြူလည်းလူပဲ၊ အသားအေရာင္နဲ့ လူလူခ်င်း ခြွဲခြား ဆက္ဆံတာဟာ မမွန္ကန္ဘူးဆိုတာကို အလြန္ထက်မြက္တဲ့ ေအေပြာအဆို အလြန်အားကောင်းတဲ့ စကားလုံးတြေနဲ့ ပြောခဲ့တာပါ။ မာတင္လူသာကင်းဟာ ဒီလို ဟောပြောမှုမ်ိုးနဲ့ လူတြေရဲ့ နှလုံးသားကို ဖမ်းစားခဲ့တာပါ။

လုပ်ကြံခံရျခင်း

၁၉၆၈ ခုနှစ်နွေဦးတြင် သာမာန်အလုပ်သမား ပြဿနာလေးတစ္ခုအား ဖြေရွင်းရန် မင်းဖစ်မြို့သို့ ကင်းရောက်ရွိခဲ့သည်။ မင်းဖစ်မြို့တြင် တံမြက္လွည်း၊ မြောင်းဖေါ်၊ အညစ်အေကြး ဆေးကြောသန့်ရွင်းရသည့် အလုပ်သမား ၁၃၀၀ ခန့်ရွိသည်။ ထိုအလုပ်သမားအားလုံးမွာ လူမည်းမာ်းဖြစ်ကြပြီး လုပ္ခလစာ အလြန္နည်းပါးသည့် အတြက် လစာတိုးပေးရန် သပိတ်မွောက်ကြသည်။ ပထမဆုံး ဆန္ဒပြခီ်တက္ပြဲမွာပင် လူမည်းမာ်းက အကြမ်းဖက္တိုက္ခိုက္မှုမာ်း ပြုလုပ္ခဲ့သျဖင့် ကင်းစိတ္ပ်က်ဩား ခဲ့သည်။ သူ၏ အကြမ်းမဖက်ရေး ဝါဒမွာ သဲထဲရေဩန်သကဲ့သို့ ဖြစ်ဩားသည်ဟု ခံစားမိကာ မင်းဖစ်မြို့မွ ကင်းလွည့် ပြန္ခဲ့သည်။ သို့သော် လုပ်ဖေါ်ကိုင္ဖက္မာ်းက ဝိုင်း၍ တိုက္တြန်းကြသည့်အတြက် နောက္ဆုံတြင် မင်းဖစ်သို့ ပြန်ဩားရန် သေဘာတူခဲ့သည်။

လူမည်းတစ်ယောက္ပိုင္ဆိုင်သည့် လော်ရိန်းအမည်ရွိတည်းခိုခန်းတြင် တည်းခိုခဲ့သည်။ ဧပြီလ ၄ ရက်နေ့ညေနတြင် သူတည်းခိုသည့် အခန်း နံပါတ် ၃၀၆ မွေန၍ အျပင္ဘက္ထြက္လာကာ လေညင်းခံရန်အတြက် လသာဆောင္တြင် ထြက်ရပ်သည်။ ထိုအခိ်န္တြင် လမ်းတစ္ဖက် မ်က်နှာခြင်းဆိုင်အိမ်အေပါ်ထပ္မွ နေ၍ လူသတ်သမားက သေနတ်ဖြင့် ခော်င်းမြောင်းပစ္ခတ္လိုက်သည်။ က်ည္ဆံသည် ကင်း၏ လည္ပင်းကိုဖေါက္ထြက်ဩားသည်။ သေနတ္ပစ္ခံရပြီး တစ္နာရီအကြာ ည ရ နာရီ ၅ မိနစ္တြင် စိန့်ဂ်ိုးဆက် ဆေးရုံတြင် ကြယ္လြန္ခဲ့သည်။ သူကြယ္လြန္ခိ်န္တြင် အသက် ၃၉ နှစ်သာ ရွိသေးသည်။

မာတင္လူသာကင်းအား လုပ်ကြံသတ်ဖြတ်သူမွာ လူဖြူကြီးစိုးရေး ဝါဒီ အစြန်းရောက္တစ်ဦး ဖြစ်သည့် ဂိ်မ်းစ်အားလ်ရေး ဆိုသူ ဖြစ်သည်။ သူ့ကို ဖမ်းဆီးမိပြီးနောက် ထောင္ဒဏ် ၉၉ နှစ္ခ်မွတ္ခဲ့သည်။ ကင်းလုပ်ကြံသတ်ဖြတ္ခံခဲ့ရေသာ လော်ရိန်း တည်းခိုခန်းအာ ယခုအခါ နိုင်ငံတော်လူမှုအခြင့်အေရး ပြတိုက်အျဖစ်ပြောင်း လဲထားသည်။

အင်္ဂလိပ်ဝီကီ နှင့် ၂၀ ရာစုအကြီးက်ယ္ဆုံးပုဂ္ဂိုလ္မာ်း၊ ရာပြည့်စာတည်းအဖြဲ့၊
DVB Burmese TV
Myanmar Wikipedia

Leave a Reply