ေရွးတုန္းက အီဂ်စ္ေတြ မံမီလုပ္တဲ့ေနရာကို ရွာေတြ႔ၿပီ

Posted on

ကြ်န္ေတာ္တုိ႔ ေရႊတြင္းႀကီးတစ္တြင္းရဲ႕ေရွ႕မွာ ရပ္မိလုိက္သလုိပါပဲ။

၂၀၁၈ခုႏွစ္ ဇူလုိင္လ ၁၆ရက္

အီဂ်စ္ႏုိင္ငံ ကိုင္ရုိၿမဳိ႕ရဲ႕ ၁၉မုိင္အကြာမွာရွိတဲ့ အီဂ်စ္သဲကႏာၱရထဲက Saqqara သခ်ၤဳိင္းစုထဲမွာ ပုန္းကြယ္ေနတဲ့ ဒီေနရာကုိ အီဂ်စ္-ဂ်ာမန္ သုေတသနအသင္းက ရွာေဖြေတြ႔ရွိခဲ့တာပဲျဖစ္ပါတယ္။ ဒီေနရာဟာ ေျမေအာက္ အနက္ေပ ၉၈ေပ မွာရွိေနၿပီး အခန္းငယ္တခ်ဳိ႕ပါ၀င္ပါတယ္။ အဲဒီအခန္းငယ္ေတြဟာ ေရွးအီဂ်စ္ဘုန္းေတာ္ႀကီးေတြ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၂၀၀၀ေက်ာ္က မံမီေတြကို ဖန္တီးခဲ့တဲ့ေနရာျဖစ္တယ္လုိ႔ သိရပါတယ္။

အခန္းငယ္တစ္ခုမွာေတာ့ သစ္သားအေခါင္း ၃ခု ၊ ေက်ာက္ေခါင္းတလား တစ္ခု ၊ မံမီတစ္ခု နဲ႔ ျမဳပ္ႏွံတဲ့အခါထည့္ေပးလုိက္မယ့္ ပစၥည္းတခ်ဳိ႕ကိုေတြ႔ရွိခဲ့ၾကပါတယ္။ အရင္ရွာေဖြေတြ႔ရွိမႈေတြထက္ ထူးဆန္းတာကေတာ့ ဒီေနရာမွာ ေရႊခ်ထားတဲ့ေငြသားနဲ႔ဖန္တီးထားတဲ့ မံမီမ်က္ႏွာဖုံးတစ္ခုကိုပါ ေတြ႔လုိက္ရတာပါ။ မ်က္ႏွာဖုံးရဲ႕မ်က္လုံးမ်က္ဆန္ေတြကို calcite တြင္းထြက္ေက်ာက္ ၊ မီးေတာင္ေက်ာက္ ၊ ေက်ာက္နက္ ၊ ေရာင္စုံေက်ာက္ေတြနဲ႔ စီျခယ္ထားပါတယ္။ ဒီလုိမ်ဳိးမ်က္ႏွာဖုံးမ်ဳိးကုိ ၁၉၃၉ေနာက္ပုိင္းကတည္းက လုံး၀ေတြ႔ရွိေတာ့ျခင္းမရွိဘူးလုိ႔ သိရပါတယ္။

ဒီမ်က္ႏွာဖုံးကိုေတြ႔ရွိလုိက္တာဟာ အရမ္းေကာင္းတဲ့ေတြ႔ရွိမႈပါပဲ လုိ႔ သုတေနသအဖြဲ႔ရဲ႕ေခါင္းေဆာင္ျဖစ္တဲ့ ဂ်ာမနီ တူဘင္ဂ်န္တကၠသုိလ္က ပညာရွင္ Ramadan Badry Hussein က ဆုိပါတယ္။
“ဒီေန႔လုိ အခ်ိန္မ်ဳိးမွာ ဒီလုိမ်က္ႏွာဖုံးမ်ဳိးကုိ ေတြ႔ရဖု႔ိအလြန္ခက္ခဲသြားပါၿပီ။ ဘာလုိ႔လဲဆုိေတာ့ အီဂ်စ္သခၤ်ဳိင္းေတြဟာ လြန္ခဲ့တဲ့ ရာစုႏွစ္ေပါင္းမ်ားစြာကတည္းက အႀကိမ္ႀကိမ္ေဖာက္ထြင္းခုိးယူျခင္း ခံရၿပီးျဖစ္လုိ႔ပါ” လုိ႔ သူက ဆုိပါတယ္။

ဒီမ်က္ႏွာဖုံးကို ၀တ္ဆင္တဲ့သူကို ခန္႔မွန္းၾကည့္တဲ့အခါမွာေတာ့ ေရွးေဟာင္းအီဂ်စ္ စၾက၀ဠာနတ္ဘုရားမ Mut ကုိ ကုိးကြယ္သူ ဒုတိယဘုန္းေတာ္ႀကီး ျဖစ္ႏုိင္တယ္ လုိ႔ သိရပါတယ္။ သူဟာ အီဂ်စ္မင္းဆက္ ၂၆ဆက္ကာလ ဘီစီ ၆၆၄ကေန ဘီစီ ၄၀၄ အတြင္း ရွင္သန္ေသဆုံးခဲ့သူ ျဖစ္တယ္ လုိ႔ ဆုိပါတယ္။

ဒါေပမယ့္ သူ႔နာမည္ေရးထားတဲ့ ေက်ာက္ျပားဟာ ပ်က္စီးေနတဲ့အတြက္ နာမည္ကိုေတာ့ မသိရပါဘူး။ ထပ္မံၿပီး ေစ့ေစ့စပ္စပ္ရွာေဖြၾကတဲ့အခါ ဒီဘုန္းေတာ္ႀကီးရဲ႕နာမည္မွာ Neith(နတ္ဘုရားမ) ဆုိတဲ့ စကာလုံးပါ၀င္ေနတာကို သိခဲ့ရပါတယ္။

သခၤ်ဳိင္းေျမေအာက္က ရွာေဖြေတြ႔ရွိခဲ့တဲ့ ဒီအခန္းေတြကို ရြံ႕ေက်ာက္ေတြ ထုံးေက်ာက္ေတြနဲ႔ တည္ေဆာက္ထားတာျဖစ္ပါတယ္။ အခန္းအားလုံးကို ေစ့ေစ့စပ္စပ္ရွာေဖြၿပီးၿခဳံၾကည့္လုိက္တဲ့အခါမွာေတာ့ ဒီေနရာဟာ အီဂ်စ္ေရွးေဟာင္းၿမဳိ႕ေတာ္ မန္ဖစ္ရဲ႕ မံမီေတြကို ဖန္တီးတဲ့အဓိက ေနရာဆုိတာ သိလုိက္ၾကပါတယ္။ အခန္းေတြအားလုံးမွာ မံမီစုစုေပါင္း ၃၅ခုခန္႔ေတြ႔ခဲ့တာျဖစ္ၿပီး ဒီလုိေတြ႔ရွိမႈဟာ လြန္ခဲ့တဲ့ ဧၿပီလကတည္းက စတင္ေတြ႔ရွိခဲ့တာျဖစ္တယ္လုိ႔ သိရပါတယ္။

အခန္းတစ္ခုထဲမွာေတာ့ ရြံ႕အုတ္ေတြနဲ႔ျပဳလုပ္ထားတဲ့ ႀကီးမားတဲ့ ကန္ႏွစ္ခုကိုေတြ႔ၾကရပါတယ္။ ဒီကန္ႏွစ္ခုကို လုပ္ငန္းစဥ္ႏွစ္ခုအတြက္ အသုံးျပဳပါတယ္။ တစ္ခုကေတာ့ ေသဆုံးသူရဲ႕ခႏၶာကုိယ္ကို  မပုပ္သုိးေအာင္ ဆားဓာတ္ေပါင္းေတြနဲ႔ သဘာ၀အတုိင္းေျခာက္ခံဖုိ႔ျဖစ္ၿပီး ေနာက္တစ္ခုကေတာ့ ခႏၶာကိုယ္ကုိ မံမီျဖစ္ေအာင္ ထုတ္ေပးမယ့္ ပတ္တီးစေတြနဲ႔ပတ္ေပးဖုိ႔ ျဖစ္ပါတယ္။

ဒါ့အျပင္ အရြယ္အစားအမ်ဳိးမ်ဳိး နဲ႔ ခြက္ေတြ ၊ အုိးေတြကိုလည္း ေတြ႔ရွိခဲ့ၿပီး အဲဒီထည့္စရာေတြေပၚမွာ နာမည္ေတြကို အရုပ္စာေတြနဲ႔ ေရးထုိးထားပါတယ္။ အဲဒီအုိးေတြထဲမွာ မံမီလုပ္ငန္းစဥ္မွာ သုံးရတဲ့ ဆီအမ်ဳိးအစားေတြကို ထည့္ထားတာျဖစ္ပါတယ္။

ဒါေၾကာင့္လည္း သတင္းစာရွင္းလင္းပြဲမွာ Hussein က “ကြ်န္ေတာ္တုိ႔ ေရႊတြင္းႀကီးတစ္တြင္းရဲ႕ေရွ႕မွာ ရပ္မိလုိက္သလုိပါပဲ” လုိ႔ ေျပာခဲ့ျခင္းျဖစ္ပါတယ္။

“အရမ္းအေရးႀကီးတဲ့ရွာေဖြေတြ႔ရွိမႈပါ။ မံမီေတြကို ဘယ္ဆီ နဲ႔ ဘယ္အခ်ဳိးအစားသုံးၿပီး ဖန္တီးတယ္ဆုိတာ တစ္ခုခ်င္းစီစာေတြေရးထုိးထားတယ္။ ဒီရွာေဖြေတြ႔ရွိမႈကေန တဆင့္ ေရွးအီဂ်စ္ေတြ မံမီေတြကို ဘယ္လုိဖန္တီးခဲ့သလဲ ဆိုတာ အေသးစိတ္ သိရပါေတာ့မယ္” လုိ႔ သူက ၀မ္းသာအားရ ထပ္ေျပာခဲ့ပါတယ္။

ဒီေနရာမွာ canopic Jars ေတြကိုလည္း ေတြ႔ၾကပါေသးတယ္။ Canopic Jars ဆိုတာ ေရွးေခတ္အီဂ်စ္ေတြ မံမီဖန္တီးတဲ့အခါ ေသဆုံးသူခႏၶာကုိယ္ထဲက အဆုတ္ အသည္း ႏွလုံး စတဲ့ အဂၤါအစိတ္အပိုင္းေတြကို ထည့္ရတဲ့ အုိးေတြကိုေျပာတာပါ။ ဒီအုိးေတြကိုေတာ့ ထုံးေက်ာက္ ၊ စက်င္ေက်ာက္နဲ႔ ဖန္တီးထားပါတယ္။

သုေတသနအဖြဲ႔ဟာ ဒီ ေျမေအာက္ေနရာကို 3D Laser Scanning နည္းပညာေတြကိုသုံးၿပီး ရွာေဖြေတြ႔ရွိခဲ့ျခင္းျဖစ္ပါတယ္။ ဆက္လက္ၿပီးေတာ့လည္း ဒီေနရာတစ္၀ိုက္မွာ ရွာေဖြတူးေဖာ္မႈေတြကို ျပဳလုပ္လွ်က္ရွိၿပီး ေနာက္ထပ္အေရးပါတဲ့ သမုိင္းအေထာက္အထားေတြကို ေတြ႔ရွိဖုိ႔ ေမွ်ာ္လင့္လွ်က္ရွိပါတယ္။

Ref : Science Alert

သုတဇုန္

——————-

ရှေးတုန်းက အီဂျစ်တွေ မံမီလုပ်တဲ့နေရာကို ရှာတွေ့ပြီ (unicode)

ကျွန်တော်တို့ ရွှေတွင်းကြီးတစ်တွင်းရဲ့ရှေ့မှာ ရပ်မိလိုက်သလိုပါပဲ။

၂၀၁၈ခုနှစ် ဇူလိုင်လ ၁၆ရက်

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရဲ့ ၁၉မိုင်အကွာမှာရှိတဲ့ အီဂျစ်သဲကန္တာရထဲက Saqqara သင်္ချိုင်းစုထဲမှာ ပုန်းကွယ်နေတဲ့ ဒီနေရာကို အီဂျစ်-ဂျာမန် သုတေသနအသင်းက ရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ ဒီနေရာဟာ မြေအောက် အနက်ပေ ၉၈ပေ မှာရှိနေပြီး အခန်းငယ်တချို့ပါဝင်ပါတယ်။ အဲဒီအခန်းငယ်တွေဟာ ရှေးအီဂျစ်ဘုန်းတော်ကြီးတွေ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ကျော်က မံမီတွေကို ဖန်တီးခဲ့တဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။

အခန်းငယ်တစ်ခုမှာတော့ သစ်သားအခေါင်း ၃ခု ၊ ကျောက်ခေါင်းတလား တစ်ခု ၊ မံမီတစ်ခု နဲ့ မြုပ်နှံတဲ့အခါထည့်ပေးလိုက်မယ့် ပစ္စည်းတချို့ကိုတွေ့ရှိခဲ့ကြပါတယ်။ အရင်ရှာဖွေတွေ့ရှိမှုတွေထက် ထူးဆန်းတာကတော့ ဒီနေရာမှာ ရွှေချထားတဲ့ငွေသားနဲ့ဖန်တီးထားတဲ့ မံမီမျက်နှာဖုံးတစ်ခုကိုပါ တွေ့လိုက်ရတာပါ။ မျက်နှာဖုံးရဲ့မျက်လုံးမျက်ဆန်တွေကို calcite တွင်းထွက်ကျောက် ၊ မီးတောင်ကျောက် ၊ ကျောက်နက် ၊ ရောင်စုံကျောက်တွေနဲ့ စီခြယ်ထားပါတယ်။ ဒီလိုမျိုးမျက်နှာဖုံးမျိုးကို ၁၉၃၉နောက်ပိုင်းကတည်းက လုံး၀တွေ့ရှိတော့ခြင်းမရှိဘူးလို့ သိရပါတယ်။

ဒီမျက်နှာဖုံးကိုတွေ့ရှိလိုက်တာဟာ အရမ်းကောင်းတဲ့တွေ့ရှိမှုပါပဲ လို့ သုတနေသအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဂျာမနီ တူဘင်ဂျန်တက္ကသိုလ်က ပညာရှင် Ramadan Badry Hussein က ဆိုပါတယ်။
“ဒီနေ့လို အချိန်မျိုးမှာ ဒီလိုမျက်နှာဖုံးမျိုးကို တွေ့ရဖို့အလွန်ခက်ခဲသွားပါပြီ။ ဘာလို့လဲဆိုတော့ အီဂျစ်သင်္ချိုင်းတွေဟာ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက အကြိမ်ကြိမ်ဖောက်ထွင်းခိုးယူခြင်း ခံရပြီးဖြစ်လို့ပါ” လို့ သူက ဆိုပါတယ်။
ဒီမျက်နှာဖုံးကို ဝတ်ဆင်တဲ့သူကို ခန့်မှန်းကြည့်တဲ့အခါမှာတော့ ရှေးဟောင်းအီဂျစ် စကြဝဠာနတ်ဘုရားမ Mut ကို ကိုးကွယ်သူ ဒုတိယဘုန်းတော်ကြီး ဖြစ်နိုင်တယ် လို့ သိရပါတယ်။ သူဟာ အီဂျစ်မင်းဆက် ၂၆ဆက်ကာလ ဘီစီ ၆၆၄ကနေ ဘီစီ ၄၀၄ အတွင်း ရှင်သန်သေဆုံးခဲ့သူ ဖြစ်တယ် လို့ ဆိုပါတယ်။

ဒါပေမယ့် သူ့နာမည်ရေးထားတဲ့ ကျောက်ပြားဟာ ပျက်စီးနေတဲ့အတွက် နာမည်ကိုတော့ မသိရပါဘူး။ ထပ်မံပြီး စေ့စေ့စပ်စပ်ရှာဖွေကြတဲ့အခါ ဒီဘုန်းတော်ကြီးရဲ့နာမည်မှာ Neith(နတ်ဘုရားမ) ဆိုတဲ့ စကာလုံးပါဝင်နေတာကို သိခဲ့ရပါတယ်။

သင်္ချိုင်းမြေအောက်က ရှာဖွေတွေ့ရှိခဲ့တဲ့ ဒီအခန်းတွေကို ရွံ့ကျောက်တွေ ထုံးကျောက်တွေနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ အခန်းအားလုံးကို စေ့စေ့စပ်စပ်ရှာဖွေပြီးခြုံကြည့်လိုက်တဲ့အခါမှာတော့ ဒီနေရာဟာ အီဂျစ်ရှေးဟောင်းမြို့တော် မန်ဖစ်ရဲ့ မံမီတွေကို ဖန်တီးတဲ့အဓိက နေရာဆိုတာ သိလိုက်ကြပါတယ်။ အခန်းတွေအားလုံးမှာ မံမီစုစုပေါင်း ၃၅ခုခန့်တွေ့ခဲ့တာဖြစ်ပြီး ဒီလိုတွေ့ရှိမှုဟာ လွန်ခဲ့တဲ့ ဧပြီလကတည်းက စတင်တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခန်းတစ်ခုထဲမှာတော့ ရွံ့အုတ်တွေနဲ့ပြုလုပ်ထားတဲ့ ကြီးမားတဲ့ ကန်နှစ်ခုကိုတွေ့ကြရပါတယ်။ ဒီကန်နှစ်ခုကို လုပ်ငန်းစဉ်နှစ်ခုအတွက် အသုံးပြုပါတယ်။ တစ်ခုကတော့ သေဆုံးသူရဲ့ခန္ဓာကိုယ်ကို  မပုပ်သိုးအောင် ဆားဓာတ်ပေါင်းတွေနဲ့ သဘာဝအတိုင်းခြောက်ခံဖို့ဖြစ်ပြီး နောက်တစ်ခုကတော့ ခန္ဓာကိုယ်ကို မံမီဖြစ်အောင် ထုတ်ပေးမယ့် ပတ်တီးစတွေနဲ့ပတ်ပေးဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် အရွယ်အစားအမျိုးမျိုး နဲ့ ခွက်တွေ ၊ အိုးတွေကိုလည်း တွေ့ရှိခဲ့ပြီး အဲဒီထည့်စရာတွေပေါ်မှာ နာမည်တွေကို အရုပ်စာတွေနဲ့ ရေးထိုးထားပါတယ်။ အဲဒီအိုးတွေထဲမှာ မံမီလုပ်ငန်းစဉ်မှာ သုံးရတဲ့ ဆီအမျိုးအစားတွေကို ထည့်ထားတာဖြစ်ပါတယ်။

ဒါကြောင့်လည်း သတင်းစာရှင်းလင်းပွဲမှာ Hussein က “ကျွန်တော်တို့ ရွှေတွင်းကြီးတစ်တွင်းရဲ့ရှေ့မှာ ရပ်မိလိုက်သလိုပါပဲ” လို့ ပြောခဲ့ခြင်းဖြစ်ပါတယ်။
“အရမ်းအရေးကြီးတဲ့ရှာဖွေတွေ့ရှိမှုပါ။ မံမီတွေကို ဘယ်ဆီ နဲ့ ဘယ်အချိုးအစားသုံးပြီး ဖန်တီးတယ်ဆိုတာ တစ်ခုချင်းစီစာတွေရေးထိုးထားတယ်။ ဒီရှာဖွေတွေ့ရှိမှုကနေ တဆင့် ရှေးအီဂျစ်တွေ မံမီတွေကို ဘယ်လိုဖန်တီးခဲ့သလဲ ဆိုတာ အသေးစိတ် သိရပါတော့မယ်” လို့ သူက ဝမ်းသာအားရ ထပ်ပြောခဲ့ပါတယ်။

ဒီနေရာမှာ canopic Jars တွေကိုလည်း တွေ့ကြပါသေးတယ်။ Canopic Jars ဆိုတာ ရှေးခေတ်အီဂျစ်တွေ မံမီဖန်တီးတဲ့အခါ သေဆုံးသူခန္ဓာကိုယ်ထဲက အဆုတ် အသည်း နှလုံး စတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ထည့်ရတဲ့ အိုးတွေကိုပြောတာပါ။ ဒီအိုးတွေကိုတော့ ထုံးကျောက် ၊ စကျင်ကျောက်နဲ့ ဖန်တီးထားပါတယ်။
သုတေသနအဖွဲ့ဟာ ဒီ မြေအောက်နေရာကို 3D Laser Scanning နည်းပညာတွေကိုသုံးပြီး ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း ဒီနေရာတစ်ဝိုက်မှာ ရှာဖွေတူးဖော်မှုတွေကို ပြုလုပ်လျှက်ရှိပြီး နောက်ထပ်အရေးပါတဲ့ သမိုင်းအထောက်အထားတွေကို တွေ့ရှိဖို့ မျှော်လင့်လျှက်ရှိပါတယ်။

Ref : Science Alert

သုတဇုန်

Leave a Reply