သူေဌးႀကီးဘီဂိတ္စ္ထံမွ သင္ယူႏုိင္တဲ့ အမူအက်င့္မ်ား

Posted on

ဘီဂိတ္စ္ဆုိတာနဲ႔ ကမာၻ႔အခ်မ္းသာဆုံး အရက္ေရာဆုံး သူေဌးႀကီးဆုိတာ အားလုံးသိၿပီးျဖစ္မွာပါ။ လက္ရွိအခ်ိန္မွာ နံပါတ္ ၂ ကိုေရာက္သြားေပမယ့္ နံပါတ္ ၁ေနရာကို ႏွစ္ေပါင္းမ်ားစြာ ရယူခဲ့သူျဖစ္ပါတယ္။ သူ႔ဆီကေန အတုယူစရာအခ်က္ေတြအမ်ားႀကီး ရွိပါတယ္။ ဒီတစ္ခါေတာ့ သုတဇုန္ မိတ္ေဆြမ်ားအတြက္ သူေဌးႀကီးဘီဂိတ္စ္ရဲ႕ အမႈအက်င့္ တခ်ဳိ႕ကို ဗဟုသုတ အေနနဲ႔ မွ်ေ၀ခ်င္ပါတယ္။

၁။ သူဟာသင္ယူမႈကို အဆက္မျပတ္လုပ္ခဲ့တယ္

ဘီဂိတ္စ္နဲ႔ ပတ္သတ္ရင္ ကြ်န္ေတာ္တုိ႔အမ်ားစု သိၾကတာက သူဟာ ေက်ာင္းမၿပီးေသးခင္မွာ ထြက္ခဲ့တယ္ ဆုိတာပါပဲ။ ဟားဗတ္ကေန သူဒီလုိတပုိင္းတစနဲ႔ ထြက္ရျခင္းက သူငယ္ခ်င္းျဖစ္သူ ေပါအလန္နဲ႔အတူ ကုိယ္ပုိင္ ေဆာ့၀ဲကုမၸဏီ ထူေထာင္ဖုိ႔ျဖစ္ပါတယ္။ ေက်ာင္းက ထြက္ခဲ့ေပမယ့္ ဘီဂိတ္စ္ဟာ ေက်ာင္းနဲ႔ အဆက္မျပတ္ခဲ့ပါဘူး။ ေက်ာင္းကို မၾကာခဏလာေလ့ရွိၿပီး သူစိတ္၀င္စားတဲ့အတန္းေတြမွာ ၀င္ေရာက္သင္ယူေနေလ့ရွိပါတယ္။ သူ႔ရဲ႕သေဘာထားကေတာ့ ဘြဲ႔လက္မွတ္ရမရထက္ တကယ္နားလည္ဖုိ႔ တတ္ေျမာက္ဖုိ႔သာ အဓိကပါတဲ့။ အခုထိလည္း သူဟာ လုိအပ္တဲ့အရည္အေသြးေတြကို သင္ၾကားေနဆဲျဖစ္တယ္ လုိ႔ဘီဂိတ္စ္က ဆုိပါတယ္။

၂။ စာဖတ္အလြန္၀ါသနာပါတယ္

ဘီဂီတ္စ္ဟာ ငယ္စဥ္က စာမ်ဳိးစုံကိုဖတ္ခဲ့ၿပီး အဲဒီထဲမွာ စြယ္စုံက်မ္းေတြ ၊ သိပၸံစိတ္ကူးယဥ္ ၀ထၳဳေတြပါ၀င္ပါတယ္။ ဘီဂိတ္စ္ရဲ႕ မိဘေတြကေတာ့ ဘီဂိတ္စ္ဟာ ငယ္စဥ္ကတည္းက စာဂ်ပုိးတစ္ေယာက္ျဖစ္ခဲ့ၿပီး ရသမွ်စာေတြကို မလြတ္တမ္းဖတ္ေလ့ရွိတယ္လုိ႔ ဆုိပါတယ္။ ယခုအခ်ိန္အထိလည္း ကမာၻေက်ာ္သူေဌးႀကီးတစ္ေယာက္အေနနဲ႔ မအားမလပ္ျဖစ္ေနေပမယ့္ ဘီဂိတ္စ္စာအုပ္မ်ဳိးစုံကိုဖတ္ေနတုန္းပါပဲ။ သူဟာ တစ္ႏွစ္ကုိ စာအုပ္ေပါင္း ၅၀ ခန္႔ၿပီးေအာင္ ဖတ္ေလ့ရွိတာေၾကာင့္ တစ္လကုိ ၄အုပ္ေက်ာ္ေက်ာ္ေလာက္ ဖတ္ေနဆဲလုိ႔ ဆုိရမွာပါ။ ဘယ္ေလာက္ပဲ အလုပ္ရႈပ္ေနပါေစ တေန႔ကို မိနစ္ ၃၀ နဲ႔ ၄၅မိနစ္ခန္႔ကိုေတာ့ စာအုပ္ေတြဖတ္ဖုိ႔ ခ်န္ထားေလ့ရွိပါသတဲ့။

၃။ တျခားသူေတြကို ဂုဏ္ျပဳစကားဆုိေလ့ရွိတယ္။

သူ႔ကို အင္တာဗ်ဴးေတြမွာ စီးပြားေရးေအာင္ျမင္ေစတဲ့ အေကာင္းဆုံး ဆုံးျဖတ္ခ်က္ေတြကိုေမးတဲ့အခါတိုင္းမွာ သူဟာတကယ္ေတာ္တဲ့သူေတြနဲ႔ လက္တြဲခဲ့ရတာေၾကာင့္ လုိ႔ေျဖေလ့ရွိတယ္။ သူနဲ႔ သူငယ္ခ်င္းျဖစ္သူ ေပါအလန္တုိ႔ၾကား ဆက္ဆံေရးအဆင္မေျပမႈေတြရွိခဲ့ေပမယ့္ ေပါအလန္ဟာ သူ႔ရဲ႕အေကာင္းဆုံး စီးပြားေရးမိတ္ေဆြလုိ႔ အၿမဲဂုဏ္ျပဳခ်ီးမြမ္းေလ့ရွိတယ္။ ကြ်န္ေတာ္တုိ႔ ကုိယ့္ကြ်န္ေတာ္တုိ႔ ျမွင့္တင္ဖုိ႔လုိအပ္သလို တၿပဳိင္တည္းမွာ ကူညီခဲ့တဲ့လုပ္ေဖာ္ကုိင္ဖက္ေတြကိုလည္း ခ်ီးက်ဴးဂုဏ္ျပဳစကားဆုိဖုိ႔ မေမ့ပါနဲ႔ တဲ့။

၄။  ကုိယ္ပုိင္ဆုံးျဖတ္ခ်က္ကုိပဲ ယုံၾကည္တယ္

ကိစၥတစ္ခုခုလုပ္ဖုိ႔ စဥ္းစားတဲ့အခါမွာ ပတ္၀န္းက်င္ကလူေတြဟာ အေကာင္းအဆုိး အၿမဲေျပာေလ့ရွိပါတယ္။ ဒီလုိေျပာတဲ့အခါမွာ မ်ားတဲ့ဘက္ကုိ အေလးသာသြားေလ့ရွိပါတယ္။ ဘီဂိတ္စ္ကေတာ့ အဲဒီလုိမဟုတ္ပါဘူး။ အျခားသူေတြရဲ႕ ထင္ျမင္ခ်က္ေတြကို နားေထာင္ပါတယ္။ ဒါေပမယ့္ သူလုပ္ခဲ့သမွ် အလုပ္ေတြကိုေတာ့ ကုိယ္ပုိင္ဆုံးျဖတ္ခ်က္နဲ႔ပဲ လုပ္ခဲ့ပါသတဲ့။ သူမုိက္ခရုိေဆာ့ကုမၸဏီကို စေထာင္တုန္းက မုိက္မဲတယ္လုိ႔ လူေတြကေ၀ဖန္ခဲ့ၾကပါတယ္။ ဒါေပမယ့္ ေခါင္းမာတဲ့ဘီဂိတ္စ္ဟာ ကုိယ္ပုိင္ဆုံးျဖတ္ခ်က္အတုိင္း မမွိတ္မသုန္လုပ္ခဲ့တာေၾကာင့္ ယခုဆုိရင္ ကမာၻ႔အႀကီးဆုံး ကြန္ပ်ဴတာ ကုမၸဏီႀကီးျဖစ္လာခဲ့ပါၿပီ။

၅။ ေငြနဲ႔ပတ္သတ္ရင္ေတာ့ ေရွးရုိးဆန္သူျဖစ္တယ္

ယေန႔ေခတ္မွာ စီးပြားေရးသမားအမ်ားစုဟာ လက္ထဲမွာေငြအေျမာက္အမ်ားရွိလာရင္ အဲဒီေငြေတြကို လုပ္ငန္းေတြမွာပဲ ဆင့္ကာဆင့္ကာ ရင္းႏွီးျမွုပ္ႏွံေလ့ရွိပါတယ္။ ဒါေပမယ့္ ဘီဂိတ္စ္ကေတာ့ ဒီလုိမဟုတ္ပါဘူး။ အင္တာဗ်ဴးတစ္ခုမွာ”လာမယ့္ႏွစ္မွာ ကုန္မယ့္ေငြ အလုံအေလာက္ကို ဘဏ္ထဲမွာပဲ ရွိေနခ်င္ပါတယ္။ အဲဒီလုိျဖစ္လာေအာင္လည္း ကြ်န္ေတာ္အၿမဲႀကဳိးစားေနပါတယ္” လုိ႔ေျပာခဲ့ဖူးပါတယ္။ သူဟာ ရွိသမွ်ကိုရင္းႏွီးျမဳပ္ႏွံမႈမလုပ္ပဲ အရံအတားေငြေတြကို ခ်န္ထားေလ့ရွိပါတယ္။ “အခု ကြ်န္ေတာ့္မွာ ၁၀ဘီလ်ံေလာက္ရွိတယ္။ အဲဒါဟာ လာမယ့္ႏွစ္အတြက္ ေကာင္းေကာင္းလုံေလာက္ပါတယ္” လုိ႔ သူကေျပာခဲ့ပါတယ္။

၆။ သူဟာ သူ႔ရဲ႕အမွားေတြကေန သင္ခန္းစာယူတယ္

မုိက္ခရုိေဆာ့ကုမၸဏီဟာ လက္ရွိမွာ ကမာၻ႔အႀကီးဆုံးကြန္ပ်ဴတာ ကုမၸဏီႀကီးျဖစ္ေနေပမယ့္ အမွားေတြကို လုပ္ခဲ့ဖူးပါတယ္ ။ “ကြ်န္ေတာ္နဲ႔ အျခားကုမၸဏီအႀကီးအကဲေတြရဲ႕ အမွားေတြကေန သင္ခန္းစာေတြရခဲ့ပါတယ္။ နည္းလမ္းတစ္ခုနဲ႔ အဆင္မေျပတဲ့အခါ ပုိေကာင္းတဲ့နည္းလမ္းတစ္ခုကို ႀကဳိးစားခဲ့ရပါတယ္ ၊ ကြ်န္ေတာ္တုိ႔ ႏွစ္တုိင္း အမွား အနည္းနဲ႔ အမ်ားေတာ့လုပ္ခဲ့ဖူးတာပဲ ၊ မွတ္မွတ္ရရ အမွားကေတာ့ Windows Vista ကုိ ထုတ္လုပ္ခဲ့စဥ္ကေပါ့ ”

၇။ အိပ္ေရး၀၀အိပ္ေလ့ရွိတယ္

ကမာၻေက်ာ္ ပုဂၢဳိလ္တခ်ဳိ႕ရဲ႕အိပ္ခ်ိန္မ်ား

အိပ္္ခ်ိန္နဲ႔ ပတ္သတ္လုိ႔ လူတုိင္းဟာ တစ္ေယာက္နဲ႔ တစ္ေယာက္မတူပါဘူး။ ၄ ၊ ၅ နာရီအိပ္လုိ႔ အိပ္ေရး၀သူေတြရွိသလုိ ၉နာရီေလာက္အိပ္မွ အိပ္ေရး၀တတ္တဲ့သူေတြလည္းရွိပါတယ္။ အိပ္ေရးမ၀တဲ့အခါ အလုပ္မွာ ကေမာက္ကမျဖစ္ေလ့ရွိပါတယ္။ ဒီအတြက္ ဘီဂိတ္စ္ဟာ သူဘယ္ေလာက္ပဲ အလုပ္ရႈပ္ေနပါေစ ၊ တစ္ေန႔ကို ၇နာရီေတာ့ အိပ္ခ်ိန္ရေအာင္ထားအိပ္ေလ့ရွိပါသတဲ့ ၊ ဒီလုိမွ မအိပ္ရင္ အိပ္ခ်ိန္မျပည့္၀ရင္ သူ႔ရဲ႕တီထြင္ဖန္တီးမႈေတြကို ေကာင္းေကာင္းလုပ္ႏုိင္မွာ မဟုတ္ဘူး လုိ႔ဆုိပါတယ္။

၈။ လုပ္ေနတဲ့ အလုပ္အေပၚမွာ အာရုံအျပည့္အ၀စုိက္ေလ့ရွိတယ္

အလုပ္ေတြလုပ္ၾကတဲ့အခါမွာ ကုိယ္တုိင္ေၾကာင့္ပဲျဖစ္ျဖစ္ အျခားသူေတြေၾကာင့္ပဲျဖစ္ျဖစ္ အေႏွာက္အယွက္ေတြေၾကာင့္ပဲျဖစ္ျဖစ္ ေသေသခ်ာခ်ာ အာရုံစုိက္ႏုိင္ဖုိ႔ ခဲယဥ္းေလ့ရွိပါတယ္။ ဘီဂိတ္စ္ကေတာ့ သူဘယ္အလုပ္ပဲလုပ္ပါေစ အဲဒီအလုပ္အေပၚမွာပဲ အာရုံအျပည့္အ၀စိုက္ေလ့ရွိၿပီး မျဖစ္ျဖစ္ေအာင္လုပ္ေလ့ရွိပါသတဲ့။ ေနာက္ဆုံးလုပ္ေနရင္းနဲ႔ အိပ္ငုိက္လာတဲ့အခါမ်ဳိးမွာ ၁နာရီေလာက္အိပ္လုိက္ၿပီး ႏုိးလာတဲ့အခါမွာ အဲဒီအလုပ္ကိုပဲ ဆက္လုပ္ေလ့ရွိပါတယ္။

အေပၚက အခ်က္ေတြကေတာ့ သူေဌးႀကီးဘီဂိတ္စ္က်င့္သုံးတဲ့ အက်င့္ေတြထဲက တခ်ဳိ႕ျဖစ္ပါတယ္။ မည္သူမဆို လုိက္လုပ္ႏုိင္တဲ့အခ်က္ေတြျဖစ္ၿပီး ဒီအက်င့္ေတြကို သာ ဂရုတစုိက္ေမြးျမဴသြားမယ္ ဆုိရင္ေတာ့ သူေဌးႀကီးမျဖစ္ရင္ေတာင္ ဘ၀တုိးတက္ေရးမွာ အနည္းနဲ႔ အမ်ား အေထာက္အကူေပးႏုိင္မွာ ျဖစ္ပါတယ္။

သုတဇုန္

——————–

သူဌေးကြီးဘီဂိတ်စ်ထံမှ သင်ယူနိုင်တဲ့ အမူအကျင့်များ (unicode)

ဘီဂိတ်စ်ဆိုတာနဲ့ ကမ္ဘာ့အချမ်းသာဆုံး အရက်ရောဆုံး သူဌေးကြီးဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ လက်ရှိအချိန်မှာ နံပါတ် ၂ ကိုရောက်သွားပေမယ့် နံပါတ် ၁နေရာကို နှစ်ပေါင်းများစွာ ရယူခဲ့သူဖြစ်ပါတယ်။ သူ့ဆီကနေ အတုယူစရာအချက်တွေအများကြီး ရှိပါတယ်။ ဒီတစ်ခါတော့ သုတဇုန် မိတ်ဆွေများအတွက် သူဌေးကြီးဘီဂိတ်စ်ရဲ့ အမှုအကျင့် တချို့ကို ဗဟုသုတ အနေနဲ့ မျှဝေချင်ပါတယ်။

၁။ သူဟာသင်ယူမှုကို အဆက်မပြတ်လုပ်ခဲ့တယ်
ဘီဂိတ်စ်နဲ့ ပတ်သတ်ရင် ကျွန်တော်တို့အများစု သိကြတာက သူဟာ ကျောင်းမပြီးသေးခင်မှာ ထွက်ခဲ့တယ် ဆိုတာပါပဲ။ ဟားဗတ်ကနေ သူဒီလိုတပိုင်းတစနဲ့ ထွက်ရခြင်းက သူငယ်ချင်းဖြစ်သူ ပေါအလန်နဲ့အတူ ကိုယ်ပိုင် ဆော့ဝဲကုမ္ပဏီ ထူထောင်ဖို့ဖြစ်ပါတယ်။ ကျောင်းက ထွက်ခဲ့ပေမယ့် ဘီဂိတ်စ်ဟာ ကျောင်းနဲ့ အဆက်မပြတ်ခဲ့ပါဘူး။ ကျောင်းကို မကြာခဏလာလေ့ရှိပြီး သူစိတ်ဝင်စားတဲ့အတန်းတွေမှာ ဝင်ရောက်သင်ယူနေလေ့ရှိပါတယ်။ သူ့ရဲ့သဘောထားကတော့ ဘွဲ့လက်မှတ်ရမရထက် တကယ်နားလည်ဖို့ တတ်မြောက်ဖို့သာ အဓိကပါတဲ့။ အခုထိလည်း သူဟာ လိုအပ်တဲ့အရည်အသွေးတွေကို သင်ကြားနေဆဲဖြစ်တယ် လို့ဘီဂိတ်စ်က ဆိုပါတယ်။

၂။ စာဖတ်အလွန်ဝါသနာပါတယ်

ဘီဂီတ်စ်ဟာ ငယ်စဉ်က စာမျိုးစုံကိုဖတ်ခဲ့ပြီး အဲဒီထဲမှာ စွယ်စုံကျမ်းတွေ ၊ သိပ္ပံစိတ်ကူးယဉ် ဝထ္ထုတွေပါဝင်ပါတယ်။ ဘီဂိတ်စ်ရဲ့ မိဘတွေကတော့ ဘီဂိတ်စ်ဟာ ငယ်စဉ်ကတည်းက စာဂျပိုးတစ်ယောက်ဖြစ်ခဲ့ပြီး ရသမျှစာတွေကို မလွတ်တမ်းဖတ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ယခုအချိန်အထိလည်း ကမ္ဘာကျော်သူဌေးကြီးတစ်ယောက်အနေနဲ့ မအားမလပ်ဖြစ်နေပေမယ့် ဘီဂိတ်စ်စာအုပ်မျိုးစုံကိုဖတ်နေတုန်းပါပဲ။ သူဟာ တစ်နှစ်ကို စာအုပ်ပေါင်း ၅၀ ခန့်ပြီးအောင် ဖတ်လေ့ရှိတာကြောင့် တစ်လကို ၄အုပ်ကျော်ကျော်လောက် ဖတ်နေဆဲလို့ ဆိုရမှာပါ။ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ တနေ့ကို မိနစ် ၃၀ နဲ့ ၄၅မိနစ်ခန့်ကိုတော့ စာအုပ်တွေဖတ်ဖို့ ချန်ထားလေ့ရှိပါသတဲ့။

၃။ တခြားသူတွေကို ဂုဏ်ပြုစကားဆိုလေ့ရှိတယ်။

သူ့ကို အင်တာဗျူးတွေမှာ စီးပွားရေးအောင်မြင်စေတဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်တွေကိုမေးတဲ့အခါတိုင်းမှာ သူဟာတကယ်တော်တဲ့သူတွေနဲ့ လက်တွဲခဲ့ရတာကြောင့် လို့ဖြေလေ့ရှိတယ်။ သူနဲ့ သူငယ်ချင်းဖြစ်သူ ပေါအလန်တို့ကြား ဆက်ဆံရေးအဆင်မပြေမှုတွေရှိခဲ့ပေမယ့် ပေါအလန်ဟာ သူ့ရဲ့အကောင်းဆုံး စီးပွားရေးမိတ်ဆွေလို့ အမြဲဂုဏ်ပြုချီးမွမ်းလေ့ရှိတယ်။ ကျွန်တော်တို့ ကိုယ့်ကျွန်တော်တို့ မြှင့်တင်ဖို့လိုအပ်သလို တပြိုင်တည်းမှာ ကူညီခဲ့တဲ့လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ချီးကျူးဂုဏ်ပြုစကားဆိုဖို့ မမေ့ပါနဲ့ တဲ့။

၄။  ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုပဲ ယုံကြည်တယ်

ကိစ္စတစ်ခုခုလုပ်ဖို့ စဉ်းစားတဲ့အခါမှာ ပတ်ဝန်းကျင်ကလူတွေဟာ အကောင်းအဆိုး အမြဲပြောလေ့ရှိပါတယ်။ ဒီလိုပြောတဲ့အခါမှာ များတဲ့ဘက်ကို အလေးသာသွားလေ့ရှိပါတယ်။ ဘီဂိတ်စ်ကတော့ အဲဒီလိုမဟုတ်ပါဘူး။ အခြားသူတွေရဲ့ ထင်မြင်ချက်တွေကို နားထောင်ပါတယ်။ ဒါပေမယ့် သူလုပ်ခဲ့သမျှ အလုပ်တွေကိုတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲ လုပ်ခဲ့ပါသတဲ့။ သူမိုက်ခရိုဆော့ကုမ္ပဏီကို စထောင်တုန်းက မိုက်မဲတယ်လို့ လူတွေကဝေဖန်ခဲ့ကြပါတယ်။ ဒါပေမယ့် ခေါင်းမာတဲ့ဘီဂိတ်စ်ဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက်အတိုင်း မမှိတ်မသုန်လုပ်ခဲ့တာကြောင့် ယခုဆိုရင် ကမ္ဘာ့အကြီးဆုံး ကွန်ပျူတာ ကုမ္ပဏီကြီးဖြစ်လာခဲ့ပါပြီ။

၅။ ငွေနဲ့ပတ်သတ်ရင်တော့ ရှေးရိုးဆန်သူဖြစ်တယ်

ယနေ့ခေတ်မှာ စီးပွားရေးသမားအများစုဟာ လက်ထဲမှာငွေအမြောက်အများရှိလာရင် အဲဒီငွေတွေကို လုပ်ငန်းတွေမှာပဲ ဆင့်ကာဆင့်ကာ ရင်းနှီးမြှုပ်နှံလေ့ရှိပါတယ်။ ဒါပေမယ့် ဘီဂိတ်စ်ကတော့ ဒီလိုမဟုတ်ပါဘူး။ အင်တာဗျူးတစ်ခုမှာ”လာမယ့်နှစ်မှာ ကုန်မယ့်ငွေ အလုံအလောက်ကို ဘဏ်ထဲမှာပဲ ရှိနေချင်ပါတယ်။ အဲဒီလိုဖြစ်လာအောင်လည်း ကျွန်တော်အမြဲကြိုးစားနေပါတယ်” လို့ပြောခဲ့ဖူးပါတယ်။ သူဟာ ရှိသမျှကိုရင်းနှီးမြုပ်နှံမှုမလုပ်ပဲ အရံအတားငွေတွေကို ချန်ထားလေ့ရှိပါတယ်။ “အခု ကျွန်တော့်မှာ ၁ဝဘီလျံလောက်ရှိတယ်။ အဲဒါဟာ လာမယ့်နှစ်အတွက် ကောင်းကောင်းလုံလောက်ပါတယ်” လို့ သူကပြောခဲ့ပါတယ်။

၆။ သူဟာ သူ့ရဲ့အမှားတွေကနေ သင်ခန်းစာယူတယ်

မိုက်ခရိုဆော့ကုမ္ပဏီဟာ လက်ရှိမှာ ကမ္ဘာ့အကြီးဆုံးကွန်ပျူတာ ကုမ္ပဏီကြီးဖြစ်နေပေမယ့် အမှားတွေကို လုပ်ခဲ့ဖူးပါတယ် ။ “ကျွန်တော်နဲ့ အခြားကုမ္ပဏီအကြီးအကဲတွေရဲ့ အမှားတွေကနေ သင်ခန်းစာတွေရခဲ့ပါတယ်။ နည်းလမ်းတစ်ခုနဲ့ အဆင်မပြေတဲ့အခါ ပိုကောင်းတဲ့နည်းလမ်းတစ်ခုကို ကြိုးစားခဲ့ရပါတယ် ၊ ကျွန်တော်တို့ နှစ်တိုင်း အမှား အနည်းနဲ့ အများတော့လုပ်ခဲ့ဖူးတာပဲ ၊ မှတ်မှတ်ရရ အမှားကတော့ Windows Vista ကို ထုတ်လုပ်ခဲ့စဉ်ကပေါ့ ”
၇။ အိပ်ရေး၀ဝအိပ်လေ့ရှိတယ်

အိပ်ချိန်နဲ့ ပတ်သတ်လို့ လူတိုင်းဟာ တစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။ ၄ ၊ ၅ နာရီအိပ်လို့ အိပ်ရေးဝသူတွေရှိသလို ၉နာရီလောက်အိပ်မှ အိပ်ရေးဝတတ်တဲ့သူတွေလည်းရှိပါတယ်။ အိပ်ရေးမဝတဲ့အခါ အလုပ်မှာ ကမောက်ကမဖြစ်လေ့ရှိပါတယ်။ ဒီအတွက် ဘီဂိတ်စ်ဟာ သူဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ ၊ တစ်နေ့ကို ၇နာရီတော့ အိပ်ချိန်ရအောင်ထားအိပ်လေ့ရှိပါသတဲ့ ၊ ဒီလိုမှ မအိပ်ရင် အိပ်ချိန်မပြည့်ဝရင် သူ့ရဲ့တီထွင်ဖန်တီးမှုတွေကို ကောင်းကောင်းလုပ်နိုင်မှာ မဟုတ်ဘူး လို့ဆိုပါတယ်။

၈။ လုပ်နေတဲ့ အလုပ်အပေါ်မှာ အာရုံအပြည့်အဝစိုက်လေ့ရှိတယ်

အလုပ်တွေလုပ်ကြတဲ့အခါမှာ ကိုယ်တိုင်ကြောင့်ပဲဖြစ်ဖြစ် အခြားသူတွေကြောင့်ပဲဖြစ်ဖြစ် အနှောက်အယှက်တွေကြောင့်ပဲဖြစ်ဖြစ် သေသေချာချာ အာရုံစိုက်နိုင်ဖို့ ခဲယဉ်းလေ့ရှိပါတယ်။ ဘီဂိတ်စ်ကတော့ သူဘယ်အလုပ်ပဲလုပ်ပါစေ အဲဒီအလုပ်အပေါ်မှာပဲ အာရုံအပြည့်အဝစိုက်လေ့ရှိပြီး မဖြစ်ဖြစ်အောင်လုပ်လေ့ရှိပါသတဲ့။ နောက်ဆုံးလုပ်နေရင်းနဲ့ အိပ်ငိုက်လာတဲ့အခါမျိုးမှာ ၁နာရီလောက်အိပ်လိုက်ပြီး နိုးလာတဲ့အခါမှာ အဲဒီအလုပ်ကိုပဲ ဆက်လုပ်လေ့ရှိပါတယ်။
အပေါ်က အချက်တွေကတော့ သူဌေးကြီးဘီဂိတ်စ်ကျင့်သုံးတဲ့ အကျင့်တွေထဲက တချို့ဖြစ်ပါတယ်။ မည်သူမဆို လိုက်လုပ်နိုင်တဲ့အချက်တွေဖြစ်ပြီး ဒီအကျင့်တွေကို သာ ဂရုတစိုက်မွေးမြူသွားမယ် ဆိုရင်တော့ သူဌေးကြီးမဖြစ်ရင်တောင် ဘဝတိုးတက်ရေးမှာ အနည်းနဲ့ အများ အထောက်အကူပေးနိုင်မှာ ဖြစ်ပါတယ်။

သုတဇုန်

 

Leave a Reply