ရာဇ၀င္ထဲက အားအသန္ဆုံးသူ (သုိ႔) မင္းလက္၀ါးႀကီး

Posted on

လက္၀ါးရုိက္ခ်က္ ျပင္းထန္လြန္းတဲ့ မင္းလက္၀ါးအေၾကာင္းေတာ့ သိၾကသူမ်ားလိမ့္မည္ဟုထင္ပါသည္။ မ်ဳိးရုိးစဥ္ဆက္မွာ အေလာင္းမင္းတရားလက္ထက္မွ အစဥ္အဆက္အမႈထမ္းလာၾကသူမ်ား ျဖစ္သည္။ မိဘမ်ားမွာ ပုသိမ္ျမိဳ႕၀န္ မဟာ သမိန္ေထာ ႏွင့္ မိမမႀကီး တုိ႔ျဖစ္ၿပီး ေမြးခ်င္းႏွစ္ဦးအနက္ အငယ္ျဖစ္သည္။ ငယ္မည္မွာ ေမာင္လတ္ျဖစ္ၿပီး အစ္မျဖစ္သူမွာ ခင္ခင္ႀကီးျဖစ္သည္။

မင္းလက္၀ါးသည္ ကုန္းေဘာင္ဆက္ မင္းတုန္းမင္း ႏွင့္ သီေပါမင္းတုိ႔ လက္ထက္တြင္ ႏွစ္ေပါင္း ၃၀ ခန္႔ အမႈထမ္းခဲ့သည္။ ငယ္စဥ္က သစ္ခုတ္ရင္း သစ္ငုတ္ထုိးမိေသာ ဒဏ္ေၾကာင့္၀ဲမ်က္လုံးတစ္ဖက္ ကြယ္သြားဖူးသည္။ ေတာင္သူႀကီး တဦး၏ သမီးႏွင့္ အိမ္ေထာင္က်ၿပီး ေယာကၡမ အိမ္သုိ႔ လုိက္ပါေနထုိင္ၿပီး လယ္ယာလုပ္ငန္း မကြ်မ္းက်င္ျခင္းေၾကာင့္ ေယာကၡမ၏ အထင္ေသးကာ ျငဴစူျခင္းကုိ ခံရသည္။ ထုိ႔ေနာက္ အမရပူရၿမဳိ႕ေတာ္၌ သူရဲ၀န္ကေတာ္ျဖစ္ေနေသာ အစ္မျဖစ္သူထံ လုိက္သြားခဲ့သည္။ ေမာင္လတ္၏ က်န္းမာသန္စြမ္းေသာ ပုံစံကုိၾကည့္ၿပီး သူရဲ၀န္ကလည္း သေဘာက်သြားသည္။

ထုိ႔ေနာက္ေမာင္လတ္အား ဓားခုတ္ ၊ လွံထုိး ၊ ဆင္စီး ၊ ျမင္းစီးတုိ႔ကုိ ကြ်မ္းက်င္ေအာင္ သင္ၾကားေပးသည္။ ထုိ႔ေနာက္မင္းတုန္းမင္းထံေခၚသြားရာ မင္းတုန္းမင္းက ေမာင္လတ္၏ အရည္အေသြးကုိ အကဲခတ္ရင္း အပါးေတာ္၌ ခစားေစသည္။ ထုိ႔ေနာက္ေခ်ာင္းဦးဆယ္ရြာကုိ စားေစၿပီး မင္းမူထမ္းေစသည္။ ေမာင္လတ္သည္ တာ၀န္မ်ားကုိ အထူးေက်ပြန္ေအာင္ထမ္းေဆာင္သျဖင့္ မင္းတုန္းမင္းက ႏွစ္သက္ေတာ္မူၿပီး အျမင့္ၿမဳိ႕၀န္ရာထူးတုိးျမင့္ခန္႔အပ္ေတာ္မည္။ ဦးလတ္၏ နယ္တစ္၀ုိက္တြင္ သူခုိး ၊ ဓားျပမ်ား အထူးကင္းစင္သည္။

ဦးလတ္မွာ အသားျဖဴဝင္း စိုျပည္လ်က္ ထြားက်ိဳင္းသန္မာ၍ အံ့ဩေလာက္ေသာ ကာယဗလရွိၿပီး တိုင္းရင္းသားမြန္မ်ားတြင္ ထင္ရွားလွသည္။ ေလးေတာင္ျပည့္ အရပ္အေမာင္းႏွင့္ လိုက္ဖက္ေအာင္ အလုံးအထည္ ႀကံ႕ခိုင္သူလည္းျဖစ္သည္။ ထို႔ေၾကာင့္ သူ၏႐ိုက္ခ်က္မွာ အားေကာင္းေမာင္းသန္လွသျဖင့္ ျပင္းျပင္းအ႐ိုက္ခံရသူမွာ တခ်က္တည္းႏွင့္ စင္းစင္းေသရေလေတာ့သည္။ ဦးလတ္၏ တမူထူးျခားေသာ သူ၏စ႐ိုက္ႏွင့္ စြမ္းအားတို႔ေၾကာင့္ အျမင့္ၿမိဳ႕နယ္တခြင္တြင္ မင္းလက္ဝါး ဟု ျပည္သူမ်ားက ေခၚဆိုၾကေလသည္။

မင္းတုန္းမင္းႀကီးက မင္းလက္၀ါး၏ အစြမ္းကုိ ႏွစ္သက္လြန္း၍ မဟာသမိန္ဘရမ္းဟူေသာ ဘြဲ႔ကုိ ထပ္မံခ်ီးျမွင့္ခဲ့ျပန္သည္။ ျမင္ကြင္းျမင္းခုန္တုိင္ အေရးအခင္းေနာက္ပုိင္း ပန္းတိမ္မင္းသားပုန္ကန္မႈကုိ ႏွိမ္ႏွင္းရန္ မင္းလက္၀ါးအား တာ၀န္ေပးခဲ့သည္။ ပုန္ကန္သူအားလုံးကုိ ႏွိမ္ႏွင္းႏုိင္ခဲ့ၿပီး ပုန္ကန္သူထဲတြင္ပါ၀င္ေသာ မိမိသားကိုပင္ အဆုံးစီရင္ခဲ့သည္။ ထုိပုန္ကန္မႈအား ႏွိမ္ႏွင္းၿပီးေနာက္ ၁၈၇၄ခုႏွစ္တြင္ မင္းႀကီးမဟာသက္ေတာ္ရွည္ဘြဲ႔ထူးကို ခ်ီးျမွင့္ၿပီး ရတနာကုိးပါးစီခ်ယ္ထားေသာ သီလ၀င္ေရႊဓားကုိ ေပးအပ္ျပန္သည္။

တစ္ခါေသာ္ အဂၤလိပ္သံအဖြဲ႔တစ္ဖြဲ႔႔က ၎တုိ႔ သည္ေနမ၀င္ ႏုိင္ငံျဖစ္သည္ႏွင့္အညီ ႏုိင္ငံသားမ်ားသည္ ကုိယ္ခႏၶာႀကံခုိင္မႈ ႏွင့္ ဥာဏ္စြမ္းျမင့္မားမႈ တုိ႔မွာသာလြန္ေၾကာင္း ၊ ၎တုိ႔လူမ်ဳိးအား မွီသူ ကမာၻတြင္ရွိလိမ့္မည္ မဟုတ္ေၾကာင္း ေလွ်ာက္တင္ရာ မင္းတရားႀကီး ႏွင့္ မူးမတ္မ်ား စိတ္မခ်မ္းေျမ့ျဖစ္ၾကရသည္။ သုိ႔ျဖင့္ မင္းလက္၀ါးအား သတိရသြားၿပီး ေရွ႕ေတာ္ေမွာက္ေခၚယူေစကာ အင္အားႀကီးမားေသာ အဂၤလိပ္အားကစား ခ်န္ပီယံႏွင့္ ယွဥ္ၿပဳိင္ေစသည္။ သံလုံးပစ္ ႏွင့္ လွံတံပစ္ အားကစားနည္းမ်ားျဖစ္သည္။ မင္းလက္၀ါးသည္ ထုိအားကစားနည္းမ်ားကုိ ၾကားပင္မၾကားဖူး ၊ နည္းစနစ္ႏွင့္ ေလ့က်င့္မႈမ်ား မရွိပဲ ခြန္အား အားကုိးျဖင့္ အႀကိမ္ႀကိမ္ေလ့က်င့္ထားေသာ အဂၤလိပ္ လူသန္ႀကီးအား ယွဥ္ၿပဳိင္ခဲ့ျခင္းျဖစ္သည္။ သို႔ျဖင့္ ၿပဳိင္ၾကေလရာ မင္းလက္၀ါးသည္ ပြဲတုိင္းႏုိင္ေလေတာ့သည္။ စကားကြ်ံထားေသာ အဂၤလိပ္သံအဖြဲ႔တုိ႔မွာ အရွက္ရလွ်က္ ဦးထုပ္မ်ားခြ်တ္ကာ မင္းလက္၀ါးအား ဂုဏ္ျပဳရေလေတာ့သည္။

ေရွးေခတ္ မင္းလွခံတပ္

မင္းတရားႀကီးကလည္း အားရေတာ္မူလွသျဖင့္ မင္းလက္၀ါးအား ေငြဒဂၤါး ၁ ေသာင္း ကို ခ်ီးျမွင့္ေစသည္။ သုိ႔ေသာ္ ထပ္မံ စမ္းသပ္လုိေသးသျဖင့္ ေငြဒဂၤါး ၁ ေသာင္း မွ ႏုိင္သေလာက္သာ ယူရမည္ဟု အမိန္႔ခ်လုိက္သည္။ ေငြဒဂၤါး ၁ ေသာင္း(၂၂၅ေပါင္) မွာ အလြန္ေလးသည္ျဖစ္၍ နန္းေတာ္မွ အိမ္အထိ သယ္ရန္မျဖစ္ႏုိင္ဟု ထင္မိသည့္အတြက္ျဖစ္သည္။ သုိ႔ေသာ္ မင္းလက္၀ါးက ပ၀ါႏွစ္ထည္ကုိ ေတာင္းကာ ေငြဒဂၤါအားလုံးကို ႏွစ္ပုံ ခြဲကာထည့္ၿပီး ေနာက္ လက္တစ္ဖက္စီတြင္ တစ္အိတ္စီကုိင္လွ်က္ လမ္းတြင္ တစ္ခ်က္မနားပဲ အိမ္သုိ႔သယ္သြားေလေတာ့သည္။  မင္းတုန္းမင္းလက္ထက္တြင္ မင္းလက္၀ါးသည္ အျမင့္ငါး ျမိဳ႕၀န္ မဟာ သမိန္ဗရမ္း၊ မင္းႀကီး မင္းေခါင္သူရိန္၊ မင္းႀကီး မဟာသက္ေတာ္ရွည္ စသည့္ဘြဲ႔ ရာထူးမ်ားကိုရရွိခဲ့သည္။

သီေပါမင္းလက္ထက္တြင္လည္း မကၡရာ ျမိဳ႕စား၊ လက္၀ဲေတာ္မူး၊ မင္းႀကီးသူရ မဟာမင္းေခါင္သမိန္ဗရမ္း ႏွင့္ ေအာက္ျမစ္စဥ္ ခရိုင္မင္းႀကီး ဘြဲ႕မ်ား ခ်ီးျမွင့္ခဲ့သည္။ တတိယအဂၤလိပ္ျမန္မာစစ္ပြဲတြင္ လႊတ္ေတာ္မွ ခုခံလွ်င္ရန္သူဆုိသည့္ အမိန္႔ကိုပင္ မနာခံပဲ ေလွသင္းအတြင္း၀န္ဦးေရႊေမာင္ ႏွင့္ အတူ မင္းလွခံတပ္ႀကီးကုိ ကြပ္ကြဲကာ အဂၤလိပ္တုိ႔အား ျပင္းထန္စြာ ခုခံတုိက္ခုိက္ခဲ့သည္။ လက္နက္အင္အားကြာျခားမႈေၾကာင့္ အေရးနိမ့္ခဲ့ၿပီး ထပ္မံတုိက္ခုိက္ရန္ ျပင္ဆင္ခဲ့ေသာ္လည္း ျမန္မာ့လႊတ္ေတာ္က တားသျဖင့္ လက္နက္ခ်ခဲ့ရသည္။

လက္ရွိမင္းလွခံတပ္
လက္ရွိမင္းလွခံတပ္

သီေပါမင္းပါေတာ္မူၿပီးေနာက္ အဂၤလိပ္တုိ႔က မင္းလက္၀ါးအား ရာထူး ၊ ေငြ တုိ႔ျဖင့္ စည္းရုံးေသာ္လည္း လက္မခံခဲ့။ မင္းလက္ဝါးသည္ အစားေအသာက္ အလြန္စားႏိုင္သည္။ နံနက္ ႏိုဆီဗူးဆန္ ေလးလုံး၊ ညေန ႏို႔ဆီဗူးဆန္ ေလးလုံး ကုန္ေအာင္ စားႏိုင္သည္။ ထမင္းစားၿပီး ဖီးၾကမ္းငွက္ေပ်ာသီးတစ္ဖီး ကုန္ေအာင္ စားႏိုင္သည္။၁၉၀၃ ခုႏွစ္ အသက္ ၈၀ အရြယ္တြင္ အျမင့္ၿမဳိ႕၌ လူႀကီးေရာဂါျဖင့္ ကြယ္လြန္ခဲ့ေလသည္။

ကုိးကား 

မင္းလက္၀ါး – ဦးျမင့္ေစာ(သမုိင္းပါေမာကၡ)
ကုန္းေဘာင္ေခတ္မွ ျမန္မာ့ဂုဏ္ေဆာင္ ကာယဗလသမားႀကီး မင္းလက္၀ါး – ေအာင္ေအာင္(myanmar fitness )

————————-

ရာဇဝင်ထဲက အားအသန်ဆုံးသူ (သို့) မင်းလက်ဝါးကြီး

လက်ဝါးရိုက်ချက် ပြင်းထန်လွန်းတဲ့ မင်းလက်ဝါးအကြောင်းတော့ သိကြသူများလိမ့်မည်ဟုထင်ပါသည်။ မျိုးရိုးစဉ်ဆက်မှာ အလောင်းမင်းတရားလက်ထက်မှ အစဉ်အဆက်အမှုထမ်းလာကြသူများ ဖြစ်သည်။ မိဘများမှာ ပုသိမ်မြို့ဝန် မဟာ သမိန်ထော နှင့် မိမမကြီး တို့ဖြစ်ပြီး မွေးချင်းနှစ်ဦးအနက် အငယ်ဖြစ်သည်။ ငယ်မည်မှာ မောင်လတ်ဖြစ်ပြီး အစ်မဖြစ်သူမှာ ခင်ခင်ကြီးဖြစ်သည်။

မင်းလက်ဝါးသည် ကုန်းဘောင်ဆက် မင်းတုန်းမင်း နှင့် သီပေါမင်းတို့ လက်ထက်တွင် နှစ်ပေါင်း ၃၀ ခန့် အမှုထမ်းခဲ့သည်။ ငယ်စဉ်က သစ်ခုတ်ရင်း သစ်ငုတ်ထိုးမိသော ဒဏ်ကြောင့်ဝဲမျက်လုံးတစ်ဖက် ကွယ်သွားဖူးသည်။ တောင်သူကြီး တဦး၏ သမီးနှင့် အိမ်ထောင်ကျပြီး ယောက္ခမ အိမ်သို့ လိုက်ပါနေထိုင်ပြီး လယ်ယာလုပ်ငန်း မကျွမ်းကျင်ခြင်းကြောင့် ယောက္ခမ၏ အထင်သေးကာ ငြူစူခြင်းကို ခံရသည်။ ထို့နောက် အမရပူရမြို့တော်၌ သူရဲဝန်ကတော်ဖြစ်နေသော အစ်မဖြစ်သူထံ လိုက်သွားခဲ့သည်။ မောင်လတ်၏ ကျန်းမာသန်စွမ်းသော ပုံစံကိုကြည့်ပြီး သူရဲဝန်ကလည်း သဘောကျသွားသည်။

ထို့နောက်မောင်လတ်အား ဓားခုတ် ၊ လှံထိုး ၊ ဆင်စီး ၊ မြင်းစီးတို့ကို ကျွမ်းကျင်အောင် သင်ကြားပေးသည်။ ထို့နောက်မင်းတုန်းမင်းထံခေါ်သွားရာ မင်းတုန်းမင်းက မောင်လတ်၏ အရည်အသွေးကို အကဲခတ်ရင်း အပါးတော်၌ ခစားစေသည်။ ထို့နောက်ချောင်းဦးဆယ်ရွာကို စားစေပြီး မင်းမူထမ်းစေသည်။ မောင်လတ်သည် တာဝန်များကို အထူးကျေပွန်အောင်ထမ်းဆောင်သဖြင့် မင်းတုန်းမင်းက နှစ်သက်တော်မူပြီး အမြင့်မြို့ဝန်ရာထူးတိုးမြင့်ခန့်အပ်တော်မည်။ ဦးလတ်၏ နယ်တစ်ဝိုက်တွင် သူခိုး ၊ ဓားပြများ အထူးကင်းစင်သည်။

ဦးလတ်မှာ အသားဖြူဝင်း စိုပြည်လျက် ထွားကျိုင်းသန်မာ၍ အံ့ဩလောက်သော ကာယဗလရှိပြီး တိုင်းရင်းသားမွန်များတွင် ထင်ရှားလှသည်။ လေးတောင်ပြည့် အရပ်အမောင်းနှင့် လိုက်ဖက်အောင် အလုံးအထည် ကြံ့ခိုင်သူလည်းဖြစ်သည်။ ထို့ကြောင့် သူ၏ရိုက်ချက်မှာ အားကောင်းမောင်းသန်လှသဖြင့် ပြင်းပြင်းအရိုက်ခံရသူမှာ တချက်တည်းနှင့် စင်းစင်းသေရလေတော့သည်။ ဦးလတ်၏ တမူထူးခြားသော သူ၏စရိုက်နှင့် စွမ်းအားတို့ကြောင့် အမြင့်မြို့နယ်တခွင်တွင် မင်းလက်ဝါး ဟု ပြည်သူများက ခေါ်ဆိုကြလေသည်။

မင်းတုန်းမင်းကြီးက မင်းလက်ဝါး၏ အစွမ်းကို နှစ်သက်လွန်း၍ မဟာသမိန်ဘရမ်းဟူသော ဘွဲ့ကို ထပ်မံချီးမြှင့်ခဲ့ပြန်သည်။ မြင်ကွင်းမြင်းခုန်တိုင် အရေးအခင်းနောက်ပိုင်း ပန်းတိမ်မင်းသားပုန်ကန်မှုကို နှိမ်နှင်းရန် မင်းလက်ဝါးအား တာဝန်ပေးခဲ့သည်။ ပုန်ကန်သူအားလုံးကို နှိမ်နှင်းနိုင်ခဲ့ပြီး ပုန်ကန်သူထဲတွင်ပါဝင်သော မိမိသားကိုပင် အဆုံးစီရင်ခဲ့သည်။ ထိုပုန်ကန်မှုအား နှိမ်နှင်းပြီးနောက် ၁၈၇၄ခုနှစ်တွင် မင်းကြီးမဟာသက်တော်ရှည်ဘွဲ့ထူးကို ချီးမြှင့်ပြီး ရတနာကိုးပါးစီချယ်ထားသော သီလဝင်ရွှေဓားကို ပေးအပ်ပြန်သည်။

တစ်ခါသော် အင်္ဂလိပ်သံအဖွဲ့တစ်ဖွဲ့က ၎င်းတို့ သည်နေမဝင် နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံသားများသည် ကိုယ်ခန္ဓာကြံခိုင်မှု နှင့် ဥာဏ်စွမ်းမြင့်မားမှု တို့မှာသာလွန်ကြောင်း ၊ ၎င်းတို့လူမျိုးအား မှီသူ ကမ္ဘာတွင်ရှိလိမ့်မည် မဟုတ်ကြောင်း လျှောက်တင်ရာ မင်းတရားကြီး နှင့် မူးမတ်များ စိတ်မချမ်းမြေ့ဖြစ်ကြရသည်။ သို့ဖြင့် မင်းလက်ဝါးအား သတိရသွားပြီး ရှေ့တော်မှောက်ခေါ်ယူစေကာ အင်အားကြီးမားသော အင်္ဂလိပ်အားကစား ချန်ပီယံနှင့် ယှဉ်ပြိုင်စေသည်။ သံလုံးပစ် နှင့် လှံတံပစ် အားကစားနည်းများဖြစ်သည်။ မင်းလက်ဝါးသည် ထိုအားကစားနည်းများကို ကြားပင်မကြားဖူး ၊ နည်းစနစ်နှင့် လေ့ကျင့်မှုများ မရှိပဲ ခွန်အား အားကိုးဖြင့် အကြိမ်ကြိမ်လေ့ကျင့်ထားသော အင်္ဂလိပ် လူသန်ကြီးအား ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ သို့ဖြင့် ပြိုင်ကြလေရာ မင်းလက်ဝါးသည် ပွဲတိုင်းနိုင်လေတော့သည်။ စကားကျွံထားသော အင်္ဂလိပ်သံအဖွဲ့တို့မှာ အရှက်ရလျှက် ဦးထုပ်များချွတ်ကာ မင်းလက်ဝါးအား ဂုဏ်ပြုရလေတော့သည်။

မင်းတရားကြီးကလည်း အားရတော်မူလှသဖြင့် မင်းလက်ဝါးအား ငွေဒင်္ဂါး ၁ သောင်း ကို ချီးမြှင့်စေသည်။ သို့သော် ထပ်မံ စမ်းသပ်လိုသေးသဖြင့် ငွေဒင်္ဂါး ၁ သောင်း မှ နိုင်သလောက်သာ ယူရမည်ဟု အမိန့်ချလိုက်သည်။ ငွေဒင်္ဂါး ၁ သောင်း(၂၂၅ပေါင်) မှာ အလွန်လေးသည်ဖြစ်၍ နန်းတော်မှ အိမ်အထိ သယ်ရန်မဖြစ်နိုင်ဟု ထင်မိသည့်အတွက်ဖြစ်သည်။ သို့သော် မင်းလက်ဝါးက ပဝါနှစ်ထည်ကို တောင်းကာ ငွေဒင်္ဂါအားလုံးကို နှစ်ပုံ ခွဲကာထည့်ပြီး နောက် လက်တစ်ဖက်စီတွင် တစ်အိတ်စီကိုင်လျှက် လမ်းတွင် တစ်ချက်မနားပဲ အိမ်သို့သယ်သွားလေတော့သည်။  မင်းတုန်းမင်းလက်ထက်တွင် မင်းလက်ဝါးသည် အမြင့်ငါး မြို့ဝန် မဟာ သမိန်ဗရမ်း၊ မင်းကြီး မင်းခေါင်သူရိန်၊ မင်းကြီး မဟာသက်တော်ရှည် စသည့်ဘွဲ့ ရာထူးများကိုရရှိခဲ့သည်။

သီပေါမင်းလက်ထက်တွင်လည်း မက္ခရာ မြို့စား၊ လက်ဝဲတော်မူး၊ မင်းကြီးသူရ မဟာမင်းခေါင်သမိန်ဗရမ်း နှင့် အောက်မြစ်စဉ် ခရိုင်မင်းကြီး ဘွဲ့များ ချီးမြှင့်ခဲ့သည်။ တတိယအင်္ဂလိပ်မြန်မာစစ်ပွဲတွင် လွှတ်တော်မှ ခုခံလျှင်ရန်သူဆိုသည့် အမိန့်ကိုပင် မနာခံပဲ လှေသင်းအတွင်းဝန်ဦးရွှေမောင် နှင့် အတူ မင်းလှခံတပ်ကြီးကို ကွပ်ကွဲကာ အင်္ဂလိပ်တို့အား ပြင်းထန်စွာ ခုခံတိုက်ခိုက်ခဲ့သည်။ လက်နက်အင်အားကွာခြားမှုကြောင့် အရေးနိမ့်ခဲ့ပြီး ထပ်မံတိုက်ခိုက်ရန် ပြင်ဆင်ခဲ့သော်လည်း မြန်မာ့လွှတ်တော်က တားသဖြင့် လက်နက်ချခဲ့ရသည်။

လက်ရှိမင်းလှခံတပ်
သီပေါမင်းပါတော်မူပြီးနောက် အင်္ဂလိပ်တို့က မင်းလက်ဝါးအား ရာထူး ၊ ငွေ တို့ဖြင့် စည်းရုံးသော်လည်း လက်မခံခဲ့။ မင်းလက်ဝါးသည် အစားအေသာက် အလွန်စားနိုင်သည်။ နံနက် နိုဆီဗူးဆန် လေးလုံး၊ ညနေ နို့ဆီဗူးဆန် လေးလုံး ကုန်အောင် စားနိုင်သည်။ ထမင်းစားပြီး ဖီးကြမ်းငှက်ပျောသီးတစ်ဖီး ကုန်အောင် စားနိုင်သည်။၁၉၀၃ ခုနှစ် အသက် ၈၀ အရွယ်တွင် အမြင့်မြို့၌ လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့လေသည်။

ကိုးကား

မင်းလက်ဝါး – ဦးမြင့်စော(သမိုင်းပါမောက္ခ)
ကုန်းဘောင်ခေတ်မှ မြန်မာ့ဂုဏ်ဆောင် ကာယဗလသမားကြီး မင်းလက်ဝါး – အောင်အောင်(myanmar fitness )

Leave a Reply