ဘ၀အတြက္ ပုရြက္ဆိတ္ေတြဆီက သင္ယူနုိင္တဲ့ အခ်က္ (၄) ခ်က္

Posted on

ေရးသားသူ – ေရႊညာေမာင္ (Focus Youth E-magazine)

ပုရြက္ဆိတ္ေတြကုိ သတိထားျပီး ေစာင့္ၾကည့္ဖူးရဲ႕လား? ပုရြက္ဆိတ္တစ္ေကာင္ဟာ သူ႔သြားရာလမ္းမွာ အစုိင္အခဲ၊ အတားအဆီးတစ္ခုခုရွိလို႔ ေနာက္ျပန္လွည့္သြားတယ္ဆုိတာ ျမင္ဖူးရဲ႕လား? (ဘယ္ေတာ့မွ ေနာက္ျပန္မလွည့္ပါဘူး)

ေနာက္ျပီးေတာ့ ပုရြတ္ဆိတ္ေတြဟာ ေဆာင္းတြင္းကာလမွာ စားေသာက္ဖို႔အတြက္ ေႏြကာလအတြင္းမွာ ရိကၡာဘယ္ေလာက္ထိစုေဆာင္းတတ္ၾကသလဲ? (အတုိင္းအဆမရွိကို စုေဆာင္းတတ္ၾကပါတယ္။)

ဟုတ္ကဲ့။ ပုရြက္ဆိတ္ေတြမွာ ေအာင္ျမင္ေရး တက္က်မ္းေတြမရွိပါဘူး။ ဒါေပမယ့္ လူေတြအတုယူနုိင္တဲ့ အေလ့အထေကာင္းေတြေတာ့ရွိပါတယ္။

(၁) ေနာက္ျပန္မလွည့္ဘူး။

ခုနက ေျပာခဲ့သလုိပါပဲ။ ပုရြက္ဆိတ္ေတြဟာ သူတုိ႔သြားရာလမ္းတစ္ေလွ်ာက္မွာ အတားအဆီးတစ္ခုေတြ႔ရံုနဲ႔ ဘယ္ေတာ့မွ ေနာက္ျပန္မလွည့္တတ္ပါဘူး။ ေကြ႔ဝုိက္ျပီး ေရွာင္လႊဲကာ လုိရာလမ္းကုိေရာက္ေအာင္ သြားတတ္ၾကပါတယ္။

သင္ခန္းစာ – ဘယ္ေတာ့မွေနာက္ျပန္မလွည့္ပါနဲ႔။ ကုိယ္သြားလုိတဲ့ေနရာကုိ သြားခ်င္စိတ္ရွိရင္ နည္းလမ္းရွာျပီးသြားပါ။

(၂) ေႏြကာလမွာ ေဆာင္းအေၾကာင္းေတြးတယ္။

ပုရြက္ဆိတ္ေတြဟာ ေႏြရာသီမွာ အျပင္ထြက္ျပီး အစာရွာစုေဆာင္းတတ္ၾကပါတယ္။ (ဒါ့ေၾကာင့္ ေႏြရာသီမွာ ပုရြက္ဆိတ္ေတြကုိအေတြ႔မ်ားပါတယ္။) ေဆာင္းကာလနဲ႔ မုိးကာလမွာေတာ့ အသုိက္ေအာင္းျပီး ေႏြတစ္ေလွ်ာက္ စုေဆာင္းခဲ့တာေတြနဲ႔ အသက္ဆက္ပါတယ္။ သူတုိ႔ဟာ အခြင့္အေရးရတဲ့ ေႏြကာလမွာ အစားအစာေတြကုိ ရွာရံုသာမရွာဘဲ အနာဂတ္အတြက္ ရည္စူးျပီး အပင္ပန္းခံကာ ရွာေဖြစုေဆာင္းတဲ့အလုပ္ကိုလည္း လုပ္တတ္ၾကပါတယ္။

သင္ခန္းစာ – ကုိယ္ ေကာင္းစားေနတဲ့အခ်ိန္မွာလည္း ေမ့ေလ်ာ့ေပ်ာ္ေမြ႔မေနဘဲ အခက္အခဲျဖစ္နုိင္တဲ့အခ်ိန္ကုိ ၾကိဳေတြးကာ ျပင္ဆင္မႈမ်ား ျပဳလုပ္သင့္ပါတယ္။

(၃) ေဆာင္းကာလမွာ ေႏြအေၾကာင္းေတြးတယ္။

မုိးရာသီတုိ႔၊ ေဆာင္းရာသီတုိ႔လုိ အစာရွာမရတဲ့ ခက္ခဲၾကမ္းတမ္းတဲ့အခ်ိန္မွာလည္း စိတ္ဓါတ္က်မေနပါဘူး။ သူတုိ႔ရဲ႕ အခြင့္အေရးေတြရလာမယ့္ ေႏြရာသီကုိ ၾကံၾကံခံျပီး အားတင္းထားတတ္ၾကပါတယ္။

သင္ခန္းစာ – အဆုိးျပီးရင္ အေကာင္းေတြလာပါလိမ့္မယ္။ ၾကိဳတင္ျပင္ဆင္မႈနဲ႔ ၾကံ႕ၾကံ႕ခံနုိင္တဲ့စိတ္ေတြက သင့္ရဲ႕အဆုိးရြားဆံုးေန႔ရက္ေတြကုိ ျဖတ္ေက်ာ္ဖုိ႔ အေထာက္အပံ့ျဖစ္ေစပါလိမ့္မယ္။

(၄) အကန္႔အသတ္မထားဘူး။

ပုရြက္ဆိတ္ေတြဟာ ရိကၡာစုေဆာင္းတဲ့အခါမွာ ဘယ္ေလာက္စုေဆာင္းမယ္ဆုိျပီး အကန္႔အသတ္မထားပါဘူး။ သူတုိ႔သေလာက္ကုိစုေဆာင္းတတ္ၾကပါတယ္။ ဒါမွလည္းပဲ ခက္ခဲတဲ့ရာသီကုိ ေက်ာ္ျဖတ္တဲ့ေနရာမွာ လံုေလာက္တဲ့ ျပင္ဆင္မႈတစ္ခုျဖစ္မွာပါ။

သင္ခန္းစာ – နည္းနည္းပဲေအာင္ျမင္မယ္။ မ်ားမ်ားေအာင္ျမင္မယ္ဆုိတဲ့ ကန္႔သတ္ခ်က္ေတြထက္စာရင္ ကုိယ္စြမ္းအားရွိသေလာက္ ၾကိဳးစားတာဟာ အေကာင္းဆံုးပါပဲ။ ကန္႔သတ္မထားသင့္တဲ့အရာေတြထဲမွာ ၾကိဳးစားျခင္း ပါဝင္ပါတယ္။

ေရႊညာေမာင္ (Focus Youth E-magazine)

—————————

ဘဝအတွက် ပုရွက်ဆိတ်တွေဆီက သင်ယူနိုင်တဲ့ အချက် (၄) ချက် (unicode)

ရေးသားသူ – ရွှေညာမောင် (Focus Youth E-magazine)

ပုရွက်ဆိတ်တွေကို သတိထားပြီး စောင့်ကြည့်ဖူးရဲ့လား? ပုရွက်ဆိတ်တစ်ကောင်ဟာ သူ့သွားရာလမ်းမှာ အစိုင်အခဲ၊ အတားအဆီးတစ်ခုခုရှိလို့ နောက်ပြန်လှည့်သွားတယ်ဆိုတာ မြင်ဖူးရဲ့လား? (ဘယ်တော့မှ နောက်ပြန်မလှည့်ပါဘူး)

နောက်ပြီးတော့ ပုရွတ်ဆိတ်တွေဟာ ဆောင်းတွင်းကာလမှာ စားသောက်ဖို့အတွက် နွေကာလအတွင်းမှာ ရိက္ခာဘယ်လောက်ထိစုဆောင်းတတ်ကြသလဲ? (အတိုင်းအဆမရှိကို စုဆောင်းတတ်ကြပါတယ်။)

ဟုတ်ကဲ့။ ပုရွက်ဆိတ်တွေမှာ အောင်မြင်ရေး တက်ကျမ်းတွေမရှိပါဘူး။ ဒါပေမယ့် လူတွေအတုယူနိုင်တဲ့ အလေ့အထကောင်းတွေတော့ရှိပါတယ်။

(၁) နောက်ပြန်မလှည့်ဘူး။

ခုနက ပြောခဲ့သလိုပါပဲ။ ပုရွက်ဆိတ်တွေဟာ သူတို့သွားရာလမ်းတစ်လျှောက်မှာ အတားအဆီးတစ်ခုတွေ့ရုံနဲ့ ဘယ်တော့မှ နောက်ပြန်မလှည့်တတ်ပါဘူး။ ကွေ့ဝိုက်ပြီး ရှောင်လွှဲကာ လိုရာလမ်းကိုရောက်အောင် သွားတတ်ကြပါတယ်။

သင်ခန်းစာ – ဘယ်တော့မှနောက်ပြန်မလှည့်ပါနဲ့။ ကိုယ်သွားလိုတဲ့နေရာကို သွားချင်စိတ်ရှိရင် နည်းလမ်းရှာပြီးသွားပါ။

(၂) နွေကာလမှာ ဆောင်းအကြောင်းတွေးတယ်။

ပုရွက်ဆိတ်တွေဟာ နွေရာသီမှာ အပြင်ထွက်ပြီး အစာရှာစုဆောင်းတတ်ကြပါတယ်။ (ဒါ့ကြောင့် နွေရာသီမှာ ပုရွက်ဆိတ်တွေကိုအတွေ့များပါတယ်။) ဆောင်းကာလနဲ့ မိုးကာလမှာတော့ အသိုက်အောင်းပြီး နွေတစ်လျှောက် စုဆောင်းခဲ့တာတွေနဲ့ အသက်ဆက်ပါတယ်။ သူတို့ဟာ အခွင့်အရေးရတဲ့ နွေကာလမှာ အစားအစာတွေကို ရှာရုံသာမရှာဘဲ အနာဂတ်အတွက် ရည်စူးပြီး အပင်ပန်းခံကာ ရှာဖွေစုဆောင်းတဲ့အလုပ်ကိုလည်း လုပ်တတ်ကြပါတယ်။

သင်ခန်းစာ – ကိုယ် ကောင်းစားနေတဲ့အချိန်မှာလည်း မေ့လျော့ပျော်မွေ့မနေဘဲ အခက်အခဲဖြစ်နိုင်တဲ့အချိန်ကို ကြိုတွေးကာ ပြင်ဆင်မှုများ ပြုလုပ်သင့်ပါတယ်။

(၃) ဆောင်းကာလမှာ နွေအကြောင်းတွေးတယ်။

မိုးရာသီတို့၊ ဆောင်းရာသီတို့လို အစာရှာမရတဲ့ ခက်ခဲကြမ်းတမ်းတဲ့အချိန်မှာလည်း စိတ်ဓါတ်ကျမနေပါဘူး။ သူတို့ရဲ့ အခွင့်အရေးတွေရလာမယ့် နွေရာသီကို ကြံကြံခံပြီး အားတင်းထားတတ်ကြပါတယ်။

သင်ခန်းစာ – အဆိုးပြီးရင် အကောင်းတွေလာပါလိမ့်မယ်။ ကြိုတင်ပြင်ဆင်မှုနဲ့ ကြံ့ကြံ့ခံနိုင်တဲ့စိတ်တွေက သင့်ရဲ့အဆိုးရွားဆုံးနေ့ရက်တွေကို ဖြတ်ကျော်ဖို့ အထောက်အပံ့ဖြစ်စေပါလိမ့်မယ်။

(၄) အကန့်အသတ်မထားဘူး။

ပုရွက်ဆိတ်တွေဟာ ရိက္ခာစုဆောင်းတဲ့အခါမှာ ဘယ်လောက်စုဆောင်းမယ်ဆိုပြီး အကန့်အသတ်မထားပါဘူး။ သူတို့သလောက်ကိုစုဆောင်းတတ်ကြပါတယ်။ ဒါမှလည်းပဲ ခက်ခဲတဲ့ရာသီကို ကျော်ဖြတ်တဲ့နေရာမှာ လုံလောက်တဲ့ ပြင်ဆင်မှုတစ်ခုဖြစ်မှာပါ။

သင်ခန်းစာ – နည်းနည်းပဲအောင်မြင်မယ်။ များများအောင်မြင်မယ်ဆိုတဲ့ ကန့်သတ်ချက်တွေထက်စာရင် ကိုယ်စွမ်းအားရှိသလောက် ကြိုးစားတာဟာ အကောင်းဆုံးပါပဲ။ ကန့်သတ်မထားသင့်တဲ့အရာတွေထဲမှာ ကြိုးစားခြင်း ပါဝင်ပါတယ်။

ရွှေညာမောင် (Focus Youth E-magazine)

Leave a Reply