၂၁ရာစု ကမာၻ႔အေတာ္ဆံုး ဟာသပညာရွင္ (သို့) Oxford က လူေပါတစ္ေယာက္ရဲ႕ အတၳဳပၸတၱိ

Posted on

ရးသားသူ – Htet Wa Na

“တခ်ဳိ႕လူေတြက ကမာၻႀကီးကို ေျပာင္းလဲခ်င္ၾကတယ္။ ဒါေပမယ့္ ကမာၻႀကီးက မေျပာင္းလဲပဲ လူေတြရဲ႕ စိတ္ဓာတ္ေတြကသာ ေျပာင္းလဲသြားၾကတယ္ “
Mr.Bean

” အၿပံဳးမ်က္နွာဖံုးရဲ႕ ေနာက္မွာငိုေနတဲ့ မ်က္နွာပိုင္ရွင္ေတြရွိတယ္။
အထက္တန္းစား လူတခ်ဳိ႕ရဲ႔ေနာက္မွာ ေအာက္တန္းစားအမူအက်င့္ေတြ ရွိတယ္ “
Mr.Bean

၂၀ ရာစု အေစာပိုင္းေလာက္မွာ TV အျဖဴအမည္းပိတ္ကားေပၚကို ေပမမွီေဒါက္မမွီနဲ႔ ေပါေၾကာင္ေၾကာင္လူတေယာက္ေပၚလာခဲ့တယ္။ ရုပ္ရွင္မင္းသားဆိုရင္ ခန္႕ေခ်ာျကီးမွ အရပ္အေမာင္းေကာင္းေကာင္းမွ နွစ္သက္အားေပးခံရမႈမ်ားတဲ့ ကမာၻ႔ရုပ္ရွင္အခ်ိန္ကာလတခုမွာ ဒီ၅ေပသာသာ ေပါင္၁၃၀ေကာင္ေလးကကမာၻ႔ရုပ္ရွင္ေလာကကိုေျမလွန္ပစ္ခဲ့တယ္။ သူကစကားလံုး ေတြက်က်နန ဂႏၱဝင္ဆန္ဆန္ဒိုင္ယာေလာ့ေတြ တစ္လံုးမွမေျပာပဲ သူ့ခႏၱာကိုယ္လွဳပ္ရွားမႈ တစ္ခုတည္းနဲ႔ ကမာၻ႔ရုပ္ရွင္ေလာကမွာ တသက္တာဂႏၱဝင္မင္းသားအျဖစ္ေရာ ကမာၻ႔ရုပ္ရွင္ေလာကရဲ့ No.1သရုပ္ေဆာင္အျဖစ္ ၂၀ရာစု တစုလံုးကို ကမာၻနဲ႔ခ်ီ ေတာေရာၿမဳိ႕ပါမက်န္ သိေစခဲ့တဲ့သူျဖစ္ခဲ့တယ္။ သူကေတာ့တျခားသူမဟုတ္ဘူး။ ခ်ာလီခ်ာပလင္ဆိုတဲ့ လူပုဟာသသရုပ္ေဆာင္ေလးတစ္ေယာက္ပါပဲ။

” က်ေတာ့္ရဲ့နာက်င္မႈေဝဒနာေတြက တျခားသူေတြေပ်ာ္ရႊင္ဖို႔အတြက္ ျဖစ္ႏုိင္ေပမယ့္ က်ေတာ္ေပ်ာ္ရႊင္ဖို ့အတြက္ေတာ့ တျခားသူေတြနာက်င္စရာ ဘယ္ေတာ့မွမျဖစ္ေစရဘူး “
ခ်ာလီခ်ာပလင္

အခ်ိန္အားျဖင့္ ၁၉၅၅ခုနွစ္ ဇန္နဝါရီလ ၆ ရက္ေန႔မွာေပါ့။ အဂၤလန္နိုင္ငံကကြန္းဆက္ဆိုတဲ့ စိုက္ပ်ဳိးေရးနယ္ေလးတစ္ခုမွာ လယ္သမားမိသားစု တစ္စုေနထိုင္ခဲ့ပါတယ္။ လယ္သမားေပမယ့္ လက္လုပ္လက္စားေတာ့မဟုတ္ဘူး။ Eric Atkinson ဟာ ဖခင္ျဖစ္အေမြေပးထားတဲ့ ဂ်ဳံစိုက္ခင္းဧက ၂၀၀ေက်ာ္ကိုပိုင္ဆိုင္သလို ဇနီးျဖစ္သူ Ella May ဟာလည္း စိုက္ပိ်ဴးေရးသုေတသနပညာရွင္တဦးပါ။ အိမ္ေထာင္သက္ ၅ႏွစ္အတြင္း သား ၃ေယာက္နဲ႔ အတူ ဒီနယ္ေလးရဲ့ ၿမဳိ႕မ်က္နွာဖံုးျဖစ္သလို နယ္ကလူေတြအတြက္လည္း အလုပ္အကိုင္ေတြ ေပးထားနိုင္တဲ့မိသားစုပါ။ ဒီလိုနဲ႔သားေတြခ်ည္းေမြးထားတဲ့ Eric ဟာ သမီးေလးတစ္ေယာက္ထပ္လိုခ်င္တဲ့အခ်ိန္ ဇနီးျဖစ္သူဟာ ကိုယ္ဝန္ထပ္ရခဲ့တယ္။ ဒါေပမယ့္ေမြးလာေတာ့ ေယာက်ာ္းေလးပါပဲ။ ဒီေကာင္ကထူးျခားတယ္။ အဂၤလန္ James Park ကို မိသားစုအလည္သြားရင္းလမ္းမွာေမြးခဲ့တဲ့ ေကာင္ေလးေပါ့။

ဖခင္ျဖစ္သူက ဒီအငယ္ဆံုးေကာင္ကို နာမည္ေပးဖို႔ စဥ္းစားေတာ့ အဘိုးျဖစ္သူက သူ့နာမည္ Rowan ရယ္ အေဖျဖစ္သူနာမည္ Atkinson ရယ္ေပါင္းျပီး Rowan Atkinson လို့ေပးခဲ့ပါေတာ့တယ္။ သူကေတာ့ တျခားသူမဟုတ္ဘူး။ ခ်ာလီခ်ာပလင္ရဲ့ ေျခရာကိုနင္းျပီး အျဖဴအမည္း ရုပ္ရွင္ေခတ္ကေန ကာလာစံုရုပ္ရွင္ဖက္မွာ ခ်ာလီလိုပဲ ဟာသမင္းသားတေယာက္ျဖစ္လာမယ့္ Mr.Bean ပါပဲ။

” ဘဝဆိုတာ လက္ဗလာနဲ႔လာျပီး လက္ဗလာနဲ့ျပန္ထြက္သြားရတဲ့ ေစ်းတခုလိုပဲ။ ဒါေပမယ့္ ဒီေစ်းထဲ သင္ဟာခါးပိုက္ႏႈိက္လား ရတနာဆိုင္ပိုင္ရွင္လားဆိုတာကေတာ့ သင္ဒီေစ်းက ထြက္သြားတဲ့တေန႔ သိၾကမွာပဲ။ နာမည္က်န္ရစ္ဖို ့၂နည္းပဲရွိတယ္။ နာမည္ေကာင္းနဲ့က်န္ရစ္မလား ၊ နာမည္ဆိုးနဲ့က်န္ရစ္မလား ဆိုတာပဲ။”
Mr.Bean

ဖခင္ျဖစ္သူ Eric က သူ႔ရဲ့သားျကီးေတြလိုပဲ ဘင္းကို တည္ၾကည္ရင့္က်က္တဲ့ ေယာက်ာ္းတစ္ေယာက္ျဖစ္ဖို႔ ငယ္စဥ္ထဲက ဆံုးမခဲ့ပါတယ္။ သားျဖစ္သူေတြကို သူ႔လိုထူးခြ်န္တဲ့ စီးပြားေရး သမားလုပ္ငန္းရွင္တစ္ေယာက္ျဖစ္ေစခ်င္တယ္။ အလတ္ေကာင္ Rod က လိမၼာတယ္။ စာလည္းေတာ္တယ္။ ဘင္းကက် ဗရုပ္က်တယ္။ ၃နွစ္သားတည္းက DC ရဲ့ Comic စာအုပ္ေတြကို ဖတ္တတ္ခဲ့ျပီး အဲ့ထဲက Hero ေတြလိုလိုက္လုပ္တတ္တယ္။ အကိုအႀကီးဆံုး Paul ကြယ္လြန္သြားထဲကသားျဖစ္သူ လူမမယ္ကေလးေတြကို Eric က အရမ္းဂရုစိုက္ခဲ့တယ္။ ဘင္း ကို ပညာတတ္စီးပြားေရးသမားတစ္ေယာက္မျဖစ္နိုင္ဘူးထင္ေပမယ့္ အလတ္ေကာင္ Rod ကိုေတာ့ သူေမ်ာ္လင့္ခ်က္ႀကီးတယ္။ Rod က မူလတန္းမွာတင္ ဘာသာစကား၃ခုကို တတ္ခဲ့ျပီး ေက်ာင္းမွာလည္း အၿမဲပထမရခဲ့တယ္။ ဘင္းကေတာ့ စာကို စိတ္မဝင္စားဘူး။ စကၠဴေခါက္တာ ကာတြန္းစာအုပ္ဖတ္တာ အဖိုးျဖစ္သူရဲ႔ လက္သမားအလုပ္ခန္းထဲမွာနရတာကို ႀကိဳက္တယ္။

သား ၃ေယာက္ပဲ က်န္ေတာ့တဲ့ အထဲ ဘင္းက မိမနိုင္ဖမနိုင္ေလးေပါ့။ အငယ္ဆံုးျဖစ္တာကတေၾကာင္း မိခင္နဲ႔ အေနေဝးျပီး ဖခင္ ဦးေလး အဘိုးေတြ နဲ႔ေနရတာကတေၾကာင္း ဘင္းဟာဆိုးခဲ့တယ္။ ဒါေပမယ့္ သူ့ဦးေနွာက္ကမေသးလွဘူး။ ၅နွစ္သားမွာ ခ်ာလီခ်ာပလင္ရဲ့ၿပဳိင္ပြဲေတြမွာ သူၿပိဳင္လို့ဆုရခဲ့သလို ေက်ာင္းမွာလည္း လူရႊင္ေတာ္ျပဇာတ္မွာ သူပါခဲ့ရပါတယ္။ Durham အေျခခံပညာေက်ာင္းသားဘဝမွာ ဘင္းဟာ ဟာသသရုပ္ေဆာင္တစ္ေယာက္ဘဝကို အရမ္းျဖစ္ခ်င္ခဲ့ၿပီ။ ဒါေပမယ့္ မိဘေတြက သူ ဒီလိုလူေတြေရွ႕ ငေပါလိုလုပ္ျပေနတာကို လံုးဝမႀကဳိက္ဘူး။ ၿမဳိ႕ရဲ့အခ်မ္းသာဆံုးသားက ဒီလိုလူျပက္ျဖစ္ေနတာကို ဖခင္ Eric က ရွက္ခဲ့တယ္။

” အေဖေျပာခဲ့ဖူးတယ္။ မင္းကလူေတြကိုရယ္ေအာင္ လုပ္နိုင္တာကို ဟုတ္လွျပီထင္မေနနဲ႔။ မင္းကို လူေပါတစ္ေယာက္လို သူတို့ၾကည့္ျပီးဟားေနတာကို မင္းကဂုဏ္ယူေနတာ”

” ဒီစကားက ကြ်န္ေတာ္ဆယ္ေက်ာ္သက္ ေက်ာင္းသားဘဝမွာ အရမ္းေတြေဝေစခဲ့တယ္။ လူေတြရယ္ေအာင္လုပ္ရတဲ့လူတိုင္းက တကယ္ပဲလူေပါလား လို့က်ေတာ္ေတြးခဲ့ဖူးတယ္။ ေသနတ္ခါးၾကားညွပ္ၿပီး အမိန္႔ေပးတတ္တဲ့လူေတြက် လူေတြကမ်က္နွာထားတင္းတင္းနဲ႔ အေလးျပဳေလးစားတတ္ၾကျပီး လူေတြကိုရယ္ေအာင္လုပ္တဲ့လူေတြက် ဘာလို့လူေပါျဖစ္ရတာလဲ။ အျပံဳးေတြထက္ အမိန္႔ေတြ အာဏာေတြက လူေတြအတြက္အထင္ႀကီးစရာျဖစ္ေနလို႔လားဗ်ာ”
Mr.Bean

အေဖ့ရဲ႔ ဒီစကားေၾကာင့္ Beanဟာ အကိုျဖစ္သူတက္ခြင့္မရတဲ့ တကၠသိုလ္ကိုတက္ခြင့္ရေအာင္ အထက္တန္းေက်ာင္းသားဘဝမွာ ႀကဳိးစားခဲ့ေတာ့တယ္။ Newcastle နည္းပညာတကၠသိုလ္ကို သူ Roll.1နဲ႔ ဝင္ၿပီး တက္ေရာက္ခြင့္ရခဲ့တယ္။ Electrical Engineer ဘြဲ႔ႀကီးကို သူဟာ တစ္နွစ္တာအေတာ္ဆံုးေက်ာင္းသားအျဖစ္ရခဲ့တယ္။ Master တန္းဝင္ခဲ့သလို ကမာၻ႔နာမည္အႀကီးဆုံးဆံုး Oxford တကၠသိုလ္ႀကီးကိုပါ ဝင္ခြင့္ရခဲ့တယ္။ သူ့အကိုနဲ့ သူ႔အေဖအိမ္မက္ထဲေတာင္ မမက္ထားတဲ့ ကမာၻ႔အႀကီးဆံုး Oxford တကၠသိုလ္ႀကီးကေန Engineer Masterဘြဲ့ႀကီးကို သူရခဲ့ပါတယ္။ ဖခင္ျဖစ္သူ Eric မထင္ထားတဲ့ပညာတတ္တစ္ေယာက္ျဖစ္ခဲ့တယ္။

သူဘြဲ႕ရတဲ့ေန့မွာ ဖခင္ျဖစ္ သူဆီကေန သူလုပ္ခ်င္တာလုပ္ဖို့ ခြင့္ေတာင္းခဲ့တယ္။ ဖခင္ျဖစ္သူလံုးဝခြင့္မျပဳဘူး။ သူ႔ကုမၸဏီမွာ မလုပ္ရင္ သားအျဖစ္က စြန္႔လႊတ္မယ္အထိ ျဖစ္ခဲ့ပါေတာ့တယ္။ ဘင္းကလည္း စကားနားေထာင္တယ္။ အိမ္ေပၚကေနဆင္းခဲ့တယ္။ ဒီအခ်ိန္မွာသူနဲ့ တကၠသိုလ္မွာခင္ခဲ့တဲ့ စာေရးဆရာ Cartis ဆိုတဲ့ သူငယ္ခ်င္းအိမ္ကိုသြားခဲ့တယ္။ ဒီအခ်ိန္မွာ Cartis နဲ့ သူေက်ာင္းမျပီးခင္၂ေယာက္ေပါင္းေရးျပီး သူကိုယ္တိုင္သရုပ္ေဆာင္ခဲ့တဲ့ Not The 9 o’clock ကားေလးက သူအိမ္ေပၚကဆင္းျပီး ၁ပတ္ အျကာမွာပဲ အေမရိကမွာအႀကီးအက်ယ္ ေအာင္ျမင္လာခဲ့တယ္။ အေမရိကကေပးတဲ့ ဆုေတြပါရခဲ့တယ္။ BBCမွာ ဒီသတင္းက တစ္လအထိ လူေျပာမရပ္ဘူး။

” လူေတြက ကြ်န္ေတာ့္ကို ဟာသဥာဏ္ေကာင္းတယ္ထင္ၾကတယ္။ ဒါေပမယ့္ က်ေတာ္က ငတံုးတေယာက္ပါ။လူေတြရယ္ေစခ်င္တာကလြဲရင္ ဘာမွမသိတဲ့ ငတံုးတေယာက္ပါ”
Mr.Bean

Oxford ကေန မာစတာဘြဲ့ရတဲ့ပညာတတ္တစ္ယာက္က ကိုယ့္ကိုယ္ကို ငတံုးလို့ေျဖသြားတာကရယ္စရာႀကီးပါ။ သာမာန္တကၠသိုလ္က ဘြဲ့႐ရင္ေတာင္ ငါပညာတတ္ ငါနဲ့တန္တဲ့ေနရာဆိုျပီးေျပာေနၾကတဲ့လူေတြၾကား သူ႔လိုလူကငတံုးဆိုေတာ့စဥ္းစားစရာပါပဲ။ ဘင္းရဲ့ idolက ခ်ာလီခ်ာပလင္။ သူခ်ာလီခ်ာပလင္ကိုဘယ္ေလာက္ထိရူးသြပ္လဲဆို ခ်ာလီရဲ့ဇာတ္ကားေတြအျပင္စာအုပ္ေတြပါ သူမရမကလိုက္ရွာျပီး စုခဲ့သလို ခ်ာလီရဲ့ရွားပါးပံုေတြကို သူရတဲ့လုပ္အားခနဲ့စုခဲ့သူပါ။ ခ်ာလီရဲ့ ဖိနပ္တံဆိပ္ေခါင္းကို သူဝယ္လို့ရခဲ့တုန္းက သူအရမ္းေပ်ာ္ခဲ့တယ္။(ဒီတံဆိပ္ေခါင္းကို Mr.Bean ကားစရိုက္ေတာ့ သူ့ရဲ့လည္ပင္းမွာဆြဲျပီးကိုကိုယ့္ကိုယ္ကို ယံုၾကည္မူေတြေပးခဲ့တာေပါ့။)

Not The 9 o’clock

သူ့အသက္၂၇နွစ္အထိ ေသခ်ာေရရာတဲ့ ဖန္တီးမူတခုမွမရွိခဲ့ေသးဘူး။ ဒါေပမယ့္သူစိတ္ဓာတ္မက်ဘူး။ ပညာတတ္တေယာက္ေပမယ့္ ျပဇာတ္ရံုအေသးေလးေတြမွာ ညပိုင္းလူရႊင္ေတာ္လိုက္လုပ္တယ္။ ေန႔ဖက္ေတြဆို သူ့အခန္းထဲ ဟာသရုပ္ေဆာင္ပိုင္းေတြက်င့္တယ္။ ဒီလိုနဲ့ ၁၉၈၂ခုႏွစ္မွာ သူ႔ကိုလူမဆိုသေလာက္သိေစမယ့္ The Black Adder ဇာတ္လမ္းတြဲမွာ သူပါခြင့္ရခဲ့ပါေတာ့တယ္။ The Black Adder ဟာေအာင္ျမင္မူႀကီးႀကီးမားမားမရခဲ့ဘူး။ ဒါေပမယ့္ရုပ္ရွင္ကားေသးတခ်ဳိ႕ကို သူရိုက္ဖို႔လမ္းစျဖစ္ခဲ့တယ္။

” ေအာင္ျမင္မႈရဖို႔ ရည္ရြယ္ျပီး ဘာမွမလုပ္နဲ႔။ အေကာင္းဆံုးျဖစ္ဖို့ပဲ ရည္ရြယ္ျပီးလုပ္ ေအာင္ျမင္မူက အဲ့အခါက ခင္ဗ်ားမလိုခ်င္ဘူးေျပာရင္ေတာင္ ခင္ဗ်ားေနာက္ကိုလိုက္လာလိမ့္မယ္။”
Mr.Bean

ပထမဆံုးရုပ္ရွင္ကားက Foundamental Forlics ။ လံုးဝမေအာင္ျမင္ဘူး။ ရုပ္ရွင္ကားေသး ၁၀ကားရိုက္ျပီးတဲ့အထိ သူဟာတျခားဟာသမင္းသားေတြထက္ေတာင္နိမ့္တဲ့ အနုပညာေၾကးကိုပဲသူရခဲ့တယ္။ ဒီလိုနဲ႔ ၁၉၉၄ ခုႏွစ္မွာ ကာတြန္းေလာကမွာေအာင္ျမင္မူျကီးမားခဲ့တဲ့ The Lion King ကားႀကီးမွာ သူအသံသရုပ္ေဆာင္အျဖစ္ပါခဲ့ရပါတယ္။ The Lion King က ကမၻာေပၚက ကေလးေတြအတြက္ ငယ္ဘဝျဖတ္သန္းမႈထဲ မွတ္ထင္က်န္ရစ္ေစတဲ့ကားေကာင္းတစ္ကားပါ။ ဒီကားအျပီးမွာေတာ့ သူနဲ့ လြန္ခဲ့တဲ့ ၁၅ႏွစ္က ဘားတခုမွာအရက္အတူေသာက္ရင္း ခင္မင္ခဲ့ရာက ဆရာတစ္ေယာက္ဆိုလည္း မမွားတဲ့ Mel Smith ဆိုတဲ့ Hollywood မွာ နာမည္ရ ဒါရိုက္တာတစ္ေယာက္က ဆက္သြယ္လာခဲ့တယ္။ “Mr. Bean ” ဆိုတဲ့ကားကိုရိုက္မယ္ေပါ့။ မင္းကိုမင္းသားတင္ရိုက္ခ်င္တယ္ေပါ့။ ဒီကားကိုရိုက္ဖို႔ ေဒၚလာ၁၈သန္းေလာက္ကုန္မယ္။ ဒါေပမယ့္ Timဆိုတဲ့ထုတ္လုပ္သူက ၁၀ သန္း ပဲအကုန္က်ခံမယ္ မရိုက္ခ်င္ေနဆိုတဲ့အေျခအေန။

ဒီအခ်ိန္မွာ ဘင္းက သူပိုင္တဲ့ တိုက္ခန္းနဲ႔ ကားကိုေရာင္းျပီး ဒီကားကိုရိုက္ကူးဖို့စတင္ခဲ့ပါေတာ့တယ္။ ၁၉၉၇ခုႏွစ္ ျသဂုတ္လ ၂ရက္ေန့မွာ UK က ရုပ္ရွင္ရံုေသးေသးေလးမွာ Mr.Bean ကို ရံုတင္ျပသခြင့္ရခဲ့တယ္။ UKမွာ၂ပတ္အေမရိကမွာ တစ္ပတ္ပဲျပသခြင့္ရခဲ့တယ္။ ဒါေပမယ့္ Mr.Bean ဟာ အျမတ္ေငြေဒၚလာသန္း ၂၅၀ ေက်ာ္ရခဲ့သလို ကမာၻ႔ရုပ္ရွင္သမိုင္းမွာ ကာလာစံုေခတ္ရဲ့ဝင္ေငြအျမင့္ဆံုး ဟာသကားအျဖစ္ဂင္းနစ္စံခ်ိန္တင္ခဲ့သလို Mr.Bean ဆိုတဲ့ ဇာတ္ေကာင္ကို သရုပ္ေဆာင္ခဲ့တဲ့ ဘင္းဟာလည္း Hollywood ရဲ့ ပထမဆံုး ေငြအရင္းအနည္းဆံုးနဲ့ အျမတ္အမ်ားဆံုးရတဲ့ ဇာတ္ေဆာင္အျဖစ္ မွတ္တမ္းဝင္ခဲ့ပါေတာ့တယ္။

” ေအာင္ျမင္ဖို႔ လွပတဲ့မ်က္နွာမလိုဘူး။ ေတာင့္တင္းတဲ့ခႏၶာကိုယ္ မလိုဘူး။ တကယ္လုပ္ခ်င္တဲ့ စိတ္ပဲလိုတယ္။”
Mr.Bean

ဒီ Mr.Bean ကားေၾကာင့္ပဲ Rowan ဟာ Mr.Bean ဆိုတဲ့နာမည္နဲ့ကမၻာေက်ာ္ခဲ့ျပီး ဒီ Mr.Beanဇာတ္ေကာင္ပံုကို ေလေၾကာင္းလိုင္း ၅၂လိုင္း Express ကားလိုင္း ၈၇၀ေက်ာ္မွာ stickerကပ္ခြင့္မူပိုင္ခြင့္အထိကမ္းလွမ္းခံခဲ့ရျပီး ရုပ္ရွင္ကမဟုတ္တဲ့ဝင္ေငြ စတာလင္ေပါင္ သန္း ၁၅၂ သန္း အထိရခဲ့ပါတယ္။ ဒါ့အျပင္နိုင္ငံေပါင္း ၁၀၀ေက်ာ္မွာလည္း Popular အျဖစ္ဆံုးဇာတ္ေကာင္အျဖစ္ သမိုင္းဝင္ခဲ့သလို ႏုိင္ငံ၁၅၀ေက်ာ္ရဲ႕မူလတန္းေက်ာင္းေတြမွာ ေရပန္းအစားဆံုးကေလးဦးေရ သန္း၃၀၀ေက်ာ္က မဲေပးတဲ့ကေလးႀကဳိက္ဇာတ္ေကာင္အျဖစ္လည္း သမိုင္းဝင္ခဲ့ပါတယ္။ သူငယ္ခ်င္းျဖစ္သူ Cartis ေရးတဲ့စာအုပ္က ဇာတ္ေကာင္ျဖစ္တဲ့ ဒီ Mr.Bean ဟာ ရုပ္ရွင္ထြက္ျပီးမွ Best Seller Book လည္း ျဖစ္ခဲ့ပါတယ္။

” အၿပံဳးဆိုတာ တမင္ဖန္တီးျပီးၿပံဳးခိုင္းလို့မရဘူး။ လူေတြကိုၿပဳံးေစဖို႔ လုပ္ရတဲ့ လူေလာက္ေတာ္တဲ့သူ ကမာၻမွာမရွိဘူး “
Mr.Bean

Mr.Bean ကားအျပီးမွာေတာ့ Rowan ဟာ ဘင္းဆိုတဲ့နာမည္နဲ့ကမၻာေက်ာ္ခဲ့ပါျပီ။ ဟာသကားေတြကို ရိုက္ဖို႔ company မ်ားစြာ ကကမ္းလွမ္းလာခဲ့သလို သူ့အနုပညာေၾကးဟာလည္း ဟာသမင္းသားေတြ အျပင္သရုပ္ေဆာင္ေလာကမွာပါ ထိပ္တန္းစာရင္းဝင္ခဲ့ပါတယ္။ အဲ့အခ်ိန္မွာ Mr.Bean ကို ေနာက္ထပ္နာမည္ႀကီးေစခဲ့တဲ့ ဂ်ိန္းစဘြန္းကားကိုျပန္သေရာ္ထားတဲ့ Johnny English ကားႀကီးက ၂၀၀၃ခုနွစ္ဧျပီလ ၁၁ရက္ေန့မွာ ရံုတင္လာပါေတာ့တယ္။ အူပါျပဳတ္မတတ္ ရယ္ရတဲ့ကားေပါ့။ ရုပ္တည္ႀကီးနဲ႔ တလြဲေတြလုပ္တတ္တဲ့ စပိုင္တေယာက္ေနရာကေနသရုပ္ေဆာင္ခဲ့ရျပီး တျခားဇာတ္ပို႔ေတြမင္းသမီးေတြအဖို႔ ဒီကားရိုက္ကူးမွာမွာ ရိုက္ေနရင္းမေနနိုင္ပဲ ရယ္မိလို႔ အႀကိမ္ႀကိမ္ျပန္ရိုက္ရင္း ၇လတိတိ ရိုက္ကူးခဲ့ရတဲ့ကားေပါ့။ အျမတ္ေငြ သန္း၁၆၀ အထိ ရခဲ့သလို တကမာၻတဝန္း လူႀကဳိက္မ်ားခဲ့တဲ့ကားပါ။ အဲဒီေနာက္ ၂၀၀၅ခုနွစ္မွာ Love Actually Keeping Mum တျပိဳင္ထဲထြက္ခဲ့ျပီး ဘင္းကို Hollywood Star တစ္ေယာက္အျဖစ္ ရပ္တည္ေစခဲ့တဲ့ကားေတြေပါ့။

” အျပင္ပန္းအလွအပက ဘုရားေပးတဲ့ကံ ဒါေပမယ့္ ဒါကသံုးစားလို့မရဘူး။ ကိုယ္တိုင္ေအာင္ျမင္မူက ဘယ္ဘုရားမွမေပးဘူး ကိုယ့္ဘာကိုယ္ပဲႀကဳိးစားရတာ။ “
Mr.Bean

“တန္ဖိုးေတြအမ်ားႀကီးတက္ဖို႔ သုညဆိုတာ ေနာက္မွာအျမဲကပ္ပါေနစျမဲပဲ။ သုညျဖစ္တာစိတ္ပ်က္စရာမဟုတ္ဘူး။ အဲ့ဒီသုညေတြေရွ႕မွာ တန္ဖိုးရွိတဲ့အရာ တခုျဖစ္ေအာင္ မလုပ္နိုင္တာကမွ စိတ္ပ်က္စရာပါ။ “
Mr.Bean

၂၀၀၇ ခုနွစ္မွာေတာ့ Mr.Bean ဇာတ္ေကာင္ကို ထပ္ျမင္ရေစတဲ့ Mr.Bean’s Holiday ကားႀကီးကိုရံုတင္လာခဲ့ပါတယ္။ ေရွ့ကကားလိုပဲ ဒီကားဟာလဲ ၂၅သန္း ပဲရင္းေပမယ့္သန္း၂၅၀နီးပါးရခဲ့ျပန္ပါတယ္။ Mr.Bean ဆိုတဲ့ နာမည္နဲ့တင္ သန္းရာခ်ီရဖို့မလြဲဧကန္ပါပဲ။ ဒီကားဟာလည္းေရွ႕က Mr.Bean လိုပဲ ရုပ္ရွင္မဟုတ္တဲ့ အျမတ္ေငြစတာလင္ ေပါင္သန္း၁၀၀ေက်ာ္ထိ ရခဲ့သလို Mr.Bean’s Holiday အျပီးမွာေတာ့ Mr.Bean ဇာတ္ေကာင္ဟာ ကာလာစံုရုပ္ရွင္သမိုင္း တခုလံုးမွာ အေအာင္ျမင္ဆံုး ဟာသဇာတ္ေကာင္ ဝင္ေငြအျမင့္ဆံုး Comedy ဇာတ္ေကာင္အျဖစ္ သမိုင္းဝင္ခဲ့သလို ဖေယာင္းျပတိုက္အျပင္ နိုင္ငံ ၅၀ေက်ာ္က ပန္းျခံမွာပါ ရုပ္တုအျဖစ္ထားျခင္းကို ခံခဲ့ရပါတယ္။ အဲ့ဒီေနာက္ Johnny English ရဲ့ အဆက္ Johnny English Reborn ကို ၂၀၁၁ခုနွစ္ ေအာက္တိုဘာလမွာ ထပ္မံရံုတင္ခဲ့ျပန္ပါတယ္။ ေရွ႕ကကားလိုပဲ ကုန္က်စရိတ္နည္းနည္းနဲ႔ အျမတ္ေငြသန္း ၁၆၀ေက်ာ္ရခဲ့ျပန္ပါတယ္။

” မင္းဘာမွမလုပ္ရင္ ဘယ္သူမွမင္းကိုမသိဘူး။ မင္းလုပ္လို႔ မင္းမွာရစရာ၄ခုပဲရွိမယ္။ ေလွာင္ေျပာင္မူ၊ အျပစ္တင္မူ ၊ ေလးစားမူ၊ မနာလိုမူ ။ မင္းကေကာင္းတဲ့အလုပ္လုပ္ခဲ့တာေတာင္ ဒီ၄ခုလံုးရခဲ့ရင္ မင္းေအာင္ျမင္လို့ပဲ “
Mr.Bean

Mr.Bean ဟာရုပ္ရွင္ကားႀကီး ၂၁ကား ဇာတ္လမ္းတြဲေပါင္း ၃၀ ေက်ာ္ကို သရုပ္ေဆာင္ခဲ့ျပီး ျဖစ္သလို သူရဲ့ Mr.Bean ဇာတ္လမ္းတြဲဟာလည္း ေအာင္ျမင္မူမ်ားစြာရထားခဲ့ပါတယ္။ ဒါတင္မကေသးပါဘူး Mr.Bean ကို Cartoon ဇာတ္လမ္းတြဲအျဖစ္ရိုက္ကူးရာမွာလည္း ေအာင္ျမင္မူမ်ားစြာရယူထားသလို သူ့ရဲ့ Tebby Bear အရုပ္ဟာလည္း ၂၀၁၁ခုနွစ္ ေရာင္းအားအေကာင္းဆံုး အရုပ္အျဖစ္ အေမရိကန္မွာ နာမည္ရ 3D ကာတြန္းဇာတ္ေကာင္ စတစ္ကိုေက်ာ္ျပီးရရွိခဲ့ပါတယ္။ သူ့ရဲ့ဟာသလုပ္ကြက္ေတြဟာ ဘယ္သူမွမထင္ထားတဲ့ ေန့စဥ္ေနထိုင္မူထဲကေနပဲ လုပ္ျပတာမ်ားသလို unnormal မဟုတ္တဲ့ ျပကြက္ေတြမပါပဲ လူေတြကို သဘာဝအတိုင္း ရယ္ေမာေစတဲ့ ဟာသပညာရွင္အျဖစ္လည္း နာမည္ႀကီးသူပါ။ တကယ္တမ္းက် Mr.Bean ဟာ လူေရွ့ထြက္ရမွာ အရမ္းေၾကာက္သလို Camera ကိုလည္း ေၾကာက္သူပါ။ ဒါေၾကာင့္ သူရိုက္ခဲ့တဲ့ကားတိုင္းမွာ ဒါရိုက္တာက Camera Angle ကို အတတ္နိုင္ဆံုး ျပင္ဆင္မူမ်ားစြာ လုပ္ျပီးမွရိုက္ရသလို စကားထစ္တတ္တဲ့အက်င့္ရွိတဲ့ Mr.Bean ဟာလည္း ေတာ္ေတာ္ႀကဳိးစားခဲ့ရသူပါ။

ထူးျခားမူကေတာ့ Mr.Bean ဟာ အနုပညာနဲ့ ပတ္သတ္တဲ့ သင္တန္းေက်ာင္းေတြ ဆရာေတြထံ မတက္ခဲ့မရွိခဲ့ဖူးသလို စာအုပ္ေတြနဲ့ ရုပ္ရွင္ကားေတြကပဲ သူ့ရဲ့သင္စရာအျဖစ္ သင္ယူခဲ့ရသူပါ။ Oxford ေက်ာင္းဆင္း Enginner တစ္ေယာက္ျဖစ္သလို ရုပ္ရွင္ေလာကရဲ့ ပညာအေတာ္ဆံုး သရုပ္ေဆာင္ ၁၀၀စာရင္းမွာလည္း ပါဝင္ထားသူပါ။ ဒီလိုပညာတတ္က ဝင္ေငြေကာင္းတဲ့ ကမၻာေပၚက ဘယ္ Company မွာ မဆို လစာသိန္းခ်ီနဲ႔ ဝင္လုပ္လို့ရေပမယ့္ သူရူးသြပ္တဲ့ အႏုပညာကိုလုပ္ဖို႔ Oxford Enginner ဘဝကို စြန့္လႊတ္ထားခဲ့သူပါ။ ဒါေပမယ့္ Mr.Bean ရဲ့ အနုပညာဝင္ေငြဟာ လက္ရွိမွာ ေဒၚလာေပါင္ သန္း၁၃၀ ေက်ာ္ပိုင္ဆိုင္ထားခဲ့ပါျပီ။

“ကိုယ္ဘာျဖစ္ခ်င္လဲ ကိုယ္သိရဲ့သားနဲ႔ ဘဝေပးအေျခအေနဆိုတဲ့ အေျကာင္းျပခ်က္နဲ႔ မစြန္႔လႊတ္လိုက္နဲ႔။ စြန္႔လႊတ္တာနဲ႔ တျပိဳင္နက္ မင္းဟာ ေလာကကိုခိုင္းတဲ့သူ မဟုတ္ပဲ ေလာကကခိုင္းတာခံရတဲ့သူျဖစ္သြားလိမ့္မယ္။ “
Mr.Bean

Mr.Bean ဟာ ျပိဳင္ကားေမာင္းရတာကို နွစ္သက္သူ ကားေတြကိုနွစ္သက္သူျဖစ္ျပီး Paul Walker ကိုလည္းခ်ီးက်ဴးခဲ့သူပါ။ Paulရဲ႕ စ်ာပနကို သူကိုယ္တိုင္တက္ေရာက္ခဲ့သလို Furious 7 ရိုက္ကြင္းတုန္းကလည္း သြားေရာက္အားေပးခဲ့သူပါ။

” ဟာသျပကြက္ေတြက ပိတ္သားေပၚေရာက္မွသာ လူေတြကရယ္တာ တကယ္တမ္းဒီပိတ္သားေပၚမေရာက္ခင္ လုပ္ရတဲ့လူေတြအဖို႔ အရမ္းအႏၱရာယ္မ်ားလြန္းတယ္။ Johnny English Reborn တုန္းက ဇာတ္သိမ္းခန္း ရိုက္ေတာ့ ကြ်န္ေတာ့္လက္တဖက္ႀကဳိးေတြျငိျပီး အေၾကာေသသလိုျဖစ္သြားဖူးတယ္။ လူေတြရယ္ရေအာင္စြန္႔စားရတာ တကယ္ေတာ့မလြယ္ဘူးဗ်”
( Johnny English Reborn interview in utube )

Mr.Bean ကားေတြက ရယ္ရတယ္။ ဒါေပမယ့္ အဲ့ဒီေနာက္ကြယ္မွာ သူ႔အႏၱရာယ္ေတြ နာက်င္မူေတြ မ်ားစြာကို ခံခဲ့ရတယ္။ ညာဖက္ေျခေထာက္ဟာလဲ Mr.Bean Holiday တုန္းက က်ဳိးဖူးသလို Johnny English ရိုက္တုန္းက ထိခိုက္မူေပါင္း ၄၀ေက်ာ္ အထိျဖစ္ခဲ့ရပါတယ္။ ဟာသဆိုရင္ မျဖစ္နိုင္တာႀကီးေတြ ေပါက္ကရေတြ လုပ္ျပီး ရယ္ခိုင္းေနတာေတြမ်ားတဲ့ေခတ္မွာ Mr.Beanက လူေတြျဖစ္ေလ့ျဖစ္ထရွိတဲ့ ပတ္ဝန္းက်င္ထဲကပဲ သဘာဝအတိုင္းလုပ္ျပေလ့ရွိသလို သူ့ကားေတြဟာလည္း ငိုေနသူေတာင္ ထရယ္ေစသလို ျပန္ေတြးေတာ့ ပညာရစရာေတြကို ေပးစြမ္းနိုင္ပါတယ္။ Mr.Bean ကားေတြဟာ ကမာၻ႔က်န္းမာေရးအဖြဲ႔အစည္းေတြကေန စိတ္က်န္းမာေရး ေရာဂါသည္ေတြ စိတ္ဖိစီးေနသူေတြ ၾကည့္သင့္တဲ့ ဇာတ္ကား ၁၀ ကား စာရင္းမွာ မွတ္တမ္းတင္ထားခဲ့သလို က်န္းမာေရးအတြက္ပါ ၾကည့္သင့္တဲ့ကားေတြအျဖစ္ စာတမ္းျပဳစုခဲ့ပါတယ္။

မိသားစု နဲ႔ အတူ

Mr.Beanနဲ႔ ပတ္သတ္ျပီး အမွတ္တရေတြထဲက တစ္ခုအေနနဲ႔ေျပာရရင္ ၂၀၀၁ ခုႏွစ္ မတ္လ ၂၁ရက္ေန႔က မိသားစုလိုက္ ကင္ညာကို အေပ်ာ္ခရီးထြက္ၾကတယ္။ အဲ့ဒီမွာ သူတို့ရဲ႕ေလယာဥ္မွဴး က်န္းမာေရးေဖာက္ၿပီးေမ့လဲသြားတယ္။ အဲတုန္းက ေလယာဥ္ကို အႏၱရာယ္မရွိပဲ ေျမျပင္ကို ဆင္းသက္ေအာင္ သူက တက္ေမာင္းခဲ့ျပီး အႏၱရာယ္ကင္းစြာ ဆင္းသက္နိုင္ခဲ့ပါတယ္။ ဒါေပမယ့္ေလယာဥ္ကြင္းထဲေရာက္မွ သူ့ကိုဝိုင္းေမးျကတဲ့အခါမွာေတာ့ သူေလယာဥ္တခါမွမေမာင္းဖူးပဲ သူဖတ္ဖူးတဲ့စာအုပ္ထဲက အတိုင္းလုပ္လိုက္တာပါလို့ ေျပာခဲ့တယ္။ ေတြးၾကည့္ရင္ဟာသဆန္ေပမယ့္ တကယ့္ အာဂလူသားပါပဲ။ ၂၀၁၄ခုနွစ္မွာလဲ Formula One ၿပဳိင္ပြဲကိုသြားေရာက္အားေပးခဲ့သလို သူကိုယ္တိုင္လဲေမာင္းျပျပီးဖြင့္ေပးခဲ့ပါတယ္။ ကားကိုဘယ္ေလာက္ဝါသနာပါလဲဆို Octane / Evo / Classics စတဲ့ကားမဂၢဇင္းေတြမွာလည္း ေဆာင္းပါးေရးသားသူပါ။

လက္ရွိမွာ Mr.Bean ဟာ Mr.Bean ရဲ့ ေနာက္ဆက္တြဲကားကိုရိုက္ကူးေနသလို သူကိုယ္တိုင္လည္း ဟာသသင္တန္းေက်ာင္းတခုဖြင့္ဖို႔ႀကဳိးစားေနသူပါ။ Mr.Bean … ဒီနာမည္က ကမၻာေပၚကလူေတာ္ေတာ္မ်ားမ်ားၾကားတာနဲ့ တခ်က္ၿပဳံးမိလိမ့္မယ္။ ဒါက သူ့ရဲ့ျဖစ္တည္မူက ဘာလဲဆိုတာကိုသိနိုင္ျပီေပါ့။

” ဘယ္သူက ေမြးလဲ အေရးမပါဘူး။ ဘယ္လိုေနထိုင္ဝတ္စားလဲ အေရးမပါဘူး။ ဘယ္နိုင္ငံမွာေမြးလဲ အေရးမပါဘူး။ ဘယ္တကၠသိုလ္က ဘြဲ့ရလဲ အေရးမပါဘူး။ လူေတြအေပၚဘယ္ေလာက္အက်ဳိးျပဳခဲ့ဖူးလဲပဲ အေရးပါတယ္။ “
Mr.Bean

Ref : Mr.Bean Twitter
Rowan’s Ducomentries
Village Of Voice

[ ေျဖရွင္းခ်က္ – ထံုးစံအတိုင္းေျပာပါရေစ။ Metal ဖက္ကျဖစ္တဲ့အတြက္ Movie ဖက္က ခုလို idol တေယာက္အေၾကာင္းကို ေရးတဲ့ေနရာမွာ လိုအပ္ခ်က္မ်ားရွိနိုင္ပါတယ္။ Bean ရဲ့ အမာခံပရိတ္သတ္မ်ား နားလည္ေပးပါလို့ ေမတၱာရပ္ခံခ်င္ပါတယ္]

ထက္ဝန

———————-

၂၁ရာစု ကမ္ဘာ့အတော်ဆုံး ဟာသပညာရှင် (သို့) Oxford က လူပေါတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိ (unicode)

ရေးသားသူ – Htet Wa Na

“တချို့လူတွေက ကမ္ဘာကြီးကို ပြောင်းလဲချင်ကြတယ်။ ဒါပေမယ့် ကမ္ဘာကြီးက မပြောင်းလဲပဲ လူတွေရဲ့ စိတ်ဓာတ်တွေကသာ ပြောင်းလဲသွားကြတယ် ”
Mr.Bean

” အပြုံးမျက်နှာဖုံးရဲ့ နောက်မှာငိုနေတဲ့ မျက်နှာပိုင်ရှင်တွေရှိတယ်။
အထက်တန်းစား လူတချို့ရဲ့နောက်မှာ အောက်တန်းစားအမူအကျင့်တွေ ရှိတယ် ”
Mr.Bean

၂၀ ရာစု အစောပိုင်းလောက်မှာ TV အဖြူအမည်းပိတ်ကားပေါ်ကို ပေမမှီဒေါက်မမှီနဲ့ ပေါကြောင်ကြောင်လူတယောက်ပေါ်လာခဲ့တယ်။ ရုပ်ရှင်မင်းသားဆိုရင် ခန့်ချောကြီးမှ အရပ်အမောင်းကောင်းကောင်းမှ နှစ်သက်အားပေးခံရမှုများတဲ့ ကမ္ဘာ့ရုပ်ရှင်အချိန်ကာလတခုမှာ ဒီ၅ပေသာသာ ပေါင်၁၃၀ကောင်လေးကကမ္ဘာ့ရုပ်ရှင်လောကကိုမြေလှန်ပစ်ခဲ့တယ်။ သူကစကားလုံး တွေကျကျနန ဂန္တဝင်ဆန်ဆန်ဒိုင်ယာလော့တွေ တစ်လုံးမှမပြောပဲ သူ့ခန္တာကိုယ်လှုပ်ရှားမှု တစ်ခုတည်းနဲ့ ကမ္ဘာ့ရုပ်ရှင်လောကမှာ တသက်တာဂန္တဝင်မင်းသားအဖြစ်ရော ကမ္ဘာ့ရုပ်ရှင်လောကရဲ့ No.1သရုပ်ဆောင်အဖြစ် ၂ဝရာစု တစုလုံးကို ကမ္ဘာနဲ့ချီ တောရောမြို့ပါမကျန် သိစေခဲ့တဲ့သူဖြစ်ခဲ့တယ်။ သူကတော့တခြားသူမဟုတ်ဘူး။ ချာလီချာပလင်ဆိုတဲ့ လူပုဟာသသရုပ်ဆောင်လေးတစ်ယောက်ပါပဲ။

” ကျတော့်ရဲ့နာကျင်မှုဝေဒနာတွေက တခြားသူတွေပျော်ရွှင်ဖို့အတွက် ဖြစ်နိုင်ပေမယ့် ကျတော်ပျော်ရွှင်ဖို့အတွက်တော့ တခြားသူတွေနာကျင်စရာ ဘယ်တော့မှမဖြစ်စေရဘူး ”
ချာလီချာပလင်

အချိန်အားဖြင့် ၁၉၅၅ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာပေါ့။ အင်္ဂလန်နိုင်ငံကကွန်းဆက်ဆိုတဲ့ စိုက်ပျိုးရေးနယ်လေးတစ်ခုမှာ လယ်သမားမိသားစု တစ်စုနေထိုင်ခဲ့ပါတယ်။ လယ်သမားပေမယ့် လက်လုပ်လက်စားတော့မဟုတ်ဘူး။ Eric Atkinson ဟာ ဖခင်ဖြစ်အမွေပေးထားတဲ့ ဂျုံစိုက်ခင်းဧက ၂၀၀ကျော်ကိုပိုင်ဆိုင်သလို ဇနီးဖြစ်သူ Ella May ဟာလည်း စိုက်ပျိူးရေးသုတေသနပညာရှင်တဦးပါ။ အိမ်ထောင်သက် ၅နှစ်အတွင်း သား ၃ယောက်နဲ့ အတူ ဒီနယ်လေးရဲ့ မြို့မျက်နှာဖုံးဖြစ်သလို နယ်ကလူတွေအတွက်လည်း အလုပ်အကိုင်တွေ ပေးထားနိုင်တဲ့မိသားစုပါ။ ဒီလိုနဲ့သားတွေချည်းမွေးထားတဲ့ Eric ဟာ သမီးလေးတစ်ယောက်ထပ်လိုချင်တဲ့အချိန် ဇနီးဖြစ်သူဟာ ကိုယ်ဝန်ထပ်ရခဲ့တယ်။ ဒါပေမယ့်မွေးလာတော့ ယောက်ျားလေးပါပဲ။ ဒီကောင်ကထူးခြားတယ်။ အင်္ဂလန် James Park ကို မိသားစုအလည်သွားရင်းလမ်းမှာမွေးခဲ့တဲ့ ကောင်လေးပေါ့။

ဖခင်ဖြစ်သူက ဒီအငယ်ဆုံးကောင်ကို နာမည်ပေးဖို့ စဉ်းစားတော့ အဘိုးဖြစ်သူက သူ့နာမည် Rowan ရယ် အဖေဖြစ်သူနာမည် Atkinson ရယ်ပေါင်းပြီး Rowan Atkinson လို့ပေးခဲ့ပါတော့တယ်။ သူကတော့ တခြားသူမဟုတ်ဘူး။ ချာလီချာပလင်ရဲ့ ခြေရာကိုနင်းပြီး အဖြူအမည်း ရုပ်ရှင်ခေတ်ကနေ ကာလာစုံရုပ်ရှင်ဖက်မှာ ချာလီလိုပဲ ဟာသမင်းသားတယောက်ဖြစ်လာမယ့် Mr.Bean ပါပဲ။

” ဘဝဆိုတာ လက်ဗလာနဲ့လာပြီး လက်ဗလာနဲ့ပြန်ထွက်သွားရတဲ့ ဈေးတခုလိုပဲ။ ဒါပေမယ့် ဒီဈေးထဲ သင်ဟာခါးပိုက်နှိုက်လား ရတနာဆိုင်ပိုင်ရှင်လားဆိုတာကတော့ သင်ဒီဈေးက ထွက်သွားတဲ့တနေ့ သိကြမှာပဲ။ နာမည်ကျန်ရစ်ဖို့၂နည်းပဲရှိတယ်။ နာမည်ကောင်းနဲ့ကျန်ရစ်မလား ၊ နာမည်ဆိုးနဲ့ကျန်ရစ်မလား ဆိုတာပဲ။”
Mr.Bean

ဖခင်ဖြစ်သူ Eric က သူ့ရဲ့သားကြီးတွေလိုပဲ ဘင်းကို တည်ကြည်ရင့်ကျက်တဲ့ ယောက်ျားတစ်ယောက်ဖြစ်ဖို့ ငယ်စဉ်ထဲက ဆုံးမခဲ့ပါတယ်။ သားဖြစ်သူတွေကို သူ့လိုထူးချွန်တဲ့ စီးပွားရေး သမားလုပ်ငန်းရှင်တစ်ယောက်ဖြစ်စေချင်တယ်။ အလတ်ကောင် Rod က လိမ္မာတယ်။ စာလည်းတော်တယ်။ ဘင်းကကျ ဗရုပ်ကျတယ်။ ၃နှစ်သားတည်းက DC ရဲ့ Comic စာအုပ်တွေကို ဖတ်တတ်ခဲ့ပြီး အဲ့ထဲက Hero တွေလိုလိုက်လုပ်တတ်တယ်။ အကိုအကြီးဆုံး Paul ကွယ်လွန်သွားထဲကသားဖြစ်သူ လူမမယ်ကလေးတွေကို Eric က အရမ်းဂရုစိုက်ခဲ့တယ်။ ဘင်း ကို ပညာတတ်စီးပွားရေးသမားတစ်ယောက်မဖြစ်နိုင်ဘူးထင်ပေမယ့် အလတ်ကောင် Rod ကိုတော့ သူမျော်လင့်ချက်ကြီးတယ်။ Rod က မူလတန်းမှာတင် ဘာသာစကား၃ခုကို တတ်ခဲ့ပြီး ကျောင်းမှာလည်း အမြဲပထမရခဲ့တယ်။ ဘင်းကတော့ စာကို စိတ်မဝင်စားဘူး။ စက္ကူခေါက်တာ ကာတွန်းစာအုပ်ဖတ်တာ အဖိုးဖြစ်သူရဲ့ လက်သမားအလုပ်ခန်းထဲမှာနရတာကို ကြိုက်တယ်။

သား ၃ယောက်ပဲ ကျန်တော့တဲ့ အထဲ ဘင်းက မိမနိုင်ဖမနိုင်လေးပေါ့။ အငယ်ဆုံးဖြစ်တာကတကြောင်း မိခင်နဲ့ အနေဝေးပြီး ဖခင် ဦးလေး အဘိုးတွေ နဲ့နေရတာကတကြောင်း ဘင်းဟာဆိုးခဲ့တယ်။ ဒါပေမယ့် သူ့ဦးနှောက်ကမသေးလှဘူး။ ၅နှစ်သားမှာ ချာလီချာပလင်ရဲ့ပြိုင်ပွဲတွေမှာ သူပြိုင်လို့ဆုရခဲ့သလို ကျောင်းမှာလည်း လူရွှင်တော်ပြဇာတ်မှာ သူပါခဲ့ရပါတယ်။ Durham အခြေခံပညာကျောင်းသားဘဝမှာ ဘင်းဟာ ဟာသသရုပ်ဆောင်တစ်ယောက်ဘဝကို အရမ်းဖြစ်ချင်ခဲ့ပြီ။ ဒါပေမယ့် မိဘတွေက သူ ဒီလိုလူတွေရှေ့ ငပေါလိုလုပ်ပြနေတာကို လုံးဝမကြိုက်ဘူး။ မြို့ရဲ့အချမ်းသာဆုံးသားက ဒီလိုလူပြက်ဖြစ်နေတာကို ဖခင် Eric က ရှက်ခဲ့တယ်။

” အဖေပြောခဲ့ဖူးတယ်။ မင်းကလူတွေကိုရယ်အောင် လုပ်နိုင်တာကို ဟုတ်လှပြီထင်မနေနဲ့။ မင်းကို လူပေါတစ်ယောက်လို သူတို့ကြည့်ပြီးဟားနေတာကို မင်းကဂုဏ်ယူနေတာ”

” ဒီစကားက ကျွန်တော်ဆယ်ကျော်သက် ကျောင်းသားဘဝမှာ အရမ်းတွေဝေစေခဲ့တယ်။ လူတွေရယ်အောင်လုပ်ရတဲ့လူတိုင်းက တကယ်ပဲလူပေါလား လို့ကျတော်တွေးခဲ့ဖူးတယ်။ သေနတ်ခါးကြားညှပ်ပြီး အမိန့်ပေးတတ်တဲ့လူတွေကျ လူတွေကမျက်နှာထားတင်းတင်းနဲ့ အလေးပြုလေးစားတတ်ကြပြီး လူတွေကိုရယ်အောင်လုပ်တဲ့လူတွေကျ ဘာလို့လူပေါဖြစ်ရတာလဲ။ အပြုံးတွေထက် အမိန့်တွေ အာဏာတွေက လူတွေအတွက်အထင်ကြီးစရာဖြစ်နေလို့လားဗျာ”
Mr.Bean

အဖေ့ရဲ့ ဒီစကားကြောင့် Beanဟာ အကိုဖြစ်သူတက်ခွင့်မရတဲ့ တက္ကသိုလ်ကိုတက်ခွင့်ရအောင် အထက်တန်းကျောင်းသားဘဝမှာ ကြိုးစားခဲ့တော့တယ်။ Newcastle နည်းပညာတက္ကသိုလ်ကို သူ Roll.1နဲ့ ဝင်ပြီး တက်ရောက်ခွင့်ရခဲ့တယ်။ Electrical Engineer ဘွဲ့ကြီးကို သူဟာ တစ်နှစ်တာအတော်ဆုံးကျောင်းသားအဖြစ်ရခဲ့တယ်။ Master တန်းဝင်ခဲ့သလို ကမ္ဘာ့နာမည်အကြီးဆုံးဆုံး Oxford တက္ကသိုလ်ကြီးကိုပါ ဝင်ခွင့်ရခဲ့တယ်။ သူ့အကိုနဲ့ သူ့အဖေအိမ်မက်ထဲတောင် မမက်ထားတဲ့ ကမ္ဘာ့အကြီးဆုံး Oxford တက္ကသိုလ်ကြီးကနေ Engineer Masterဘွဲ့ကြီးကို သူရခဲ့ပါတယ်။ ဖခင်ဖြစ်သူ Eric မထင်ထားတဲ့ပညာတတ်တစ်ယောက်ဖြစ်ခဲ့တယ်။

သူဘွဲ့ရတဲ့နေ့မှာ ဖခင်ဖြစ် သူဆီကနေ သူလုပ်ချင်တာလုပ်ဖို့ ခွင့်တောင်းခဲ့တယ်။ ဖခင်ဖြစ်သူလုံးဝခွင့်မပြုဘူး။ သူ့ကုမ္ပဏီမှာ မလုပ်ရင် သားအဖြစ်က စွန့်လွှတ်မယ်အထိ ဖြစ်ခဲ့ပါတော့တယ်။ ဘင်းကလည်း စကားနားထောင်တယ်။ အိမ်ပေါ်ကနေဆင်းခဲ့တယ်။ ဒီအချိန်မှာသူနဲ့ တက္ကသိုလ်မှာခင်ခဲ့တဲ့ စာရေးဆရာ Cartis ဆိုတဲ့ သူငယ်ချင်းအိမ်ကိုသွားခဲ့တယ်။ ဒီအချိန်မှာ Cartis နဲ့ သူကျောင်းမပြီးခင်၂ယောက်ပေါင်းရေးပြီး သူကိုယ်တိုင်သရုပ်ဆောင်ခဲ့တဲ့ Not The 9 o’clock ကားလေးက သူအိမ်ပေါ်ကဆင်းပြီး ၁ပတ် အကြာမှာပဲ အမေရိကမှာအကြီးအကျယ် အောင်မြင်လာခဲ့တယ်။ အမေရိကကပေးတဲ့ ဆုတွေပါရခဲ့တယ်။ BBCမှာ ဒီသတင်းက တစ်လအထိ လူပြောမရပ်ဘူး။

” လူတွေက ကျွန်တော့်ကို ဟာသဥာဏ်ကောင်းတယ်ထင်ကြတယ်။ ဒါပေမယ့် ကျတော်က ငတုံးတယောက်ပါ။လူတွေရယ်စေချင်တာကလွဲရင် ဘာမှမသိတဲ့ ငတုံးတယောက်ပါ”
Mr.Bean

Oxford ကနေ မာစတာဘွဲ့ရတဲ့ပညာတတ်တစ်ယာက်က ကိုယ့်ကိုယ်ကို ငတုံးလို့ဖြေသွားတာကရယ်စရာကြီးပါ။ သာမာန်တက္ကသိုလ်က ဘွဲ့ရရင်တောင် ငါပညာတတ် ငါနဲ့တန်တဲ့နေရာဆိုပြီးပြောနေကြတဲ့လူတွေကြား သူ့လိုလူကငတုံးဆိုတော့စဉ်းစားစရာပါပဲ။ ဘင်းရဲ့ idolက ချာလီချာပလင်။ သူချာလီချာပလင်ကိုဘယ်လောက်ထိရူးသွပ်လဲဆို ချာလီရဲ့ဇာတ်ကားတွေအပြင်စာအုပ်တွေပါ သူမရမကလိုက်ရှာပြီး စုခဲ့သလို ချာလီရဲ့ရှားပါးပုံတွေကို သူရတဲ့လုပ်အားခနဲ့စုခဲ့သူပါ။ ချာလီရဲ့ ဖိနပ်တံဆိပ်ခေါင်းကို သူဝယ်လို့ရခဲ့တုန်းက သူအရမ်းပျော်ခဲ့တယ်။(ဒီတံဆိပ်ခေါင်းကို Mr.Bean ကားစရိုက်တော့ သူ့ရဲ့လည်ပင်းမှာဆွဲပြီးကိုကိုယ့်ကိုယ်ကို ယုံကြည်မူတွေပေးခဲ့တာပေါ့။)

သူ့အသက်၂၇နှစ်အထိ သေချာရေရာတဲ့ ဖန်တီးမူတခုမှမရှိခဲ့သေးဘူး။ ဒါပေမယ့်သူစိတ်ဓာတ်မကျဘူး။ ပညာတတ်တယောက်ပေမယ့် ပြဇာတ်ရုံအသေးလေးတွေမှာ ညပိုင်းလူရွှင်တော်လိုက်လုပ်တယ်။ နေ့ဖက်တွေဆို သူ့အခန်းထဲ ဟာသရုပ်ဆောင်ပိုင်းတွေကျင့်တယ်။ ဒီလိုနဲ့ ၁၉၈၂ခုနှစ်မှာ သူ့ကိုလူမဆိုသလောက်သိစေမယ့် The Black Adder ဇာတ်လမ်းတွဲမှာ သူပါခွင့်ရခဲ့ပါတော့တယ်။ The Black Adder ဟာအောင်မြင်မူကြီးကြီးမားမားမရခဲ့ဘူး။ ဒါပေမယ့်ရုပ်ရှင်ကားသေးတချို့ကို သူရိုက်ဖို့လမ်းစဖြစ်ခဲ့တယ်။

” အောင်မြင်မှုရဖို့ ရည်ရွယ်ပြီး ဘာမှမလုပ်နဲ့။ အကောင်းဆုံးဖြစ်ဖို့ပဲ ရည်ရွယ်ပြီးလုပ် အောင်မြင်မူက အဲ့အခါက ခင်ဗျားမလိုချင်ဘူးပြောရင်တောင် ခင်ဗျားနောက်ကိုလိုက်လာလိမ့်မယ်။”
Mr.Bean

ပထမဆုံးရုပ်ရှင်ကားက Foundamental Forlics ။ လုံးဝမအောင်မြင်ဘူး။ ရုပ်ရှင်ကားသေး ၁ဝကားရိုက်ပြီးတဲ့အထိ သူဟာတခြားဟာသမင်းသားတွေထက်တောင်နိမ့်တဲ့ အနုပညာကြေးကိုပဲသူရခဲ့တယ်။ ဒီလိုနဲ့ ၁၉၉၄ ခုနှစ်မှာ ကာတွန်းလောကမှာအောင်မြင်မူကြီးမားခဲ့တဲ့ The Lion King ကားကြီးမှာ သူအသံသရုပ်ဆောင်အဖြစ်ပါခဲ့ရပါတယ်။ The Lion King က ကမ္ဘာပေါ်က ကလေးတွေအတွက် ငယ်ဘဝဖြတ်သန်းမှုထဲ မှတ်ထင်ကျန်ရစ်စေတဲ့ကားကောင်းတစ်ကားပါ။ ဒီကားအပြီးမှာတော့ သူနဲ့ လွန်ခဲ့တဲ့ ၁၅နှစ်က ဘားတခုမှာအရက်အတူသောက်ရင်း ခင်မင်ခဲ့ရာက ဆရာတစ်ယောက်ဆိုလည်း မမှားတဲ့ Mel Smith ဆိုတဲ့ Hollywood မှာ နာမည်ရ ဒါရိုက်တာတစ်ယောက်က ဆက်သွယ်လာခဲ့တယ်။ “Mr. Bean ” ဆိုတဲ့ကားကိုရိုက်မယ်ပေါ့။ မင်းကိုမင်းသားတင်ရိုက်ချင်တယ်ပေါ့။ ဒီကားကိုရိုက်ဖို့ ဒေါ်လာ၁၈သန်းလောက်ကုန်မယ်။ ဒါပေမယ့် Timဆိုတဲ့ထုတ်လုပ်သူက ၁၀ သန်း ပဲအကုန်ကျခံမယ် မရိုက်ချင်နေဆိုတဲ့အခြေအနေ။

ဒီအချိန်မှာ ဘင်းက သူပိုင်တဲ့ တိုက်ခန်းနဲ့ ကားကိုရောင်းပြီး ဒီကားကိုရိုက်ကူးဖို့စတင်ခဲ့ပါတော့တယ်။ ၁၉၉၇ခုနှစ် ဩဂုတ်လ ၂ရက်နေ့မှာ UK က ရုပ်ရှင်ရုံသေးသေးလေးမှာ Mr.Bean ကို ရုံတင်ပြသခွင့်ရခဲ့တယ်။ UKမှာ၂ပတ်အမေရိကမှာ တစ်ပတ်ပဲပြသခွင့်ရခဲ့တယ်။ ဒါပေမယ့် Mr.Bean ဟာ အမြတ်ငွေဒေါ်လာသန်း ၂၅၀ ကျော်ရခဲ့သလို ကမ္ဘာ့ရုပ်ရှင်သမိုင်းမှာ ကာလာစုံခေတ်ရဲ့ဝင်ငွေအမြင့်ဆုံး ဟာသကားအဖြစ်ဂင်းနစ်စံချိန်တင်ခဲ့သလို Mr.Bean ဆိုတဲ့ ဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့တဲ့ ဘင်းဟာလည်း Hollywood ရဲ့ ပထမဆုံး ငွေအရင်းအနည်းဆုံးနဲ့ အမြတ်အများဆုံးရတဲ့ ဇာတ်ဆောင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတော့တယ်။

” အောင်မြင်ဖို့ လှပတဲ့မျက်နှာမလိုဘူး။ တောင့်တင်းတဲ့ခန္ဓာကိုယ် မလိုဘူး။ တကယ်လုပ်ချင်တဲ့ စိတ်ပဲလိုတယ်။”
Mr.Bean

ဒီ Mr.Bean ကားကြောင့်ပဲ Rowan ဟာ Mr.Bean ဆိုတဲ့နာမည်နဲ့ကမ္ဘာကျော်ခဲ့ပြီး ဒီ Mr.Beanဇာတ်ကောင်ပုံကို လေကြောင်းလိုင်း ၅၂လိုင်း Express ကားလိုင်း ၈၇၀ကျော်မှာ stickerကပ်ခွင့်မူပိုင်ခွင့်အထိကမ်းလှမ်းခံခဲ့ရပြီး ရုပ်ရှင်ကမဟုတ်တဲ့ဝင်ငွေ စတာလင်ပေါင် သန်း ၁၅၂ သန်း အထိရခဲ့ပါတယ်။ ဒါ့အပြင်နိုင်ငံပေါင်း ၁၀၀ကျော်မှာလည်း Popular အဖြစ်ဆုံးဇာတ်ကောင်အဖြစ် သမိုင်းဝင်ခဲ့သလို နိုင်ငံ၁၅၀ကျော်ရဲ့မူလတန်းကျောင်းတွေမှာ ရေပန်းအစားဆုံးကလေးဦးရေ သန်း၃၀၀ကျော်က မဲပေးတဲ့ကလေးကြိုက်ဇာတ်ကောင်အဖြစ်လည်း သမိုင်းဝင်ခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူ Cartis ရေးတဲ့စာအုပ်က ဇာတ်ကောင်ဖြစ်တဲ့ ဒီ Mr.Bean ဟာ ရုပ်ရှင်ထွက်ပြီးမှ Best Seller Book လည်း ဖြစ်ခဲ့ပါတယ်။

” အပြုံးဆိုတာ တမင်ဖန်တီးပြီးပြုံးခိုင်းလို့မရဘူး။ လူတွေကိုပြုံးစေဖို့ လုပ်ရတဲ့ လူလောက်တော်တဲ့သူ ကမ္ဘာမှာမရှိဘူး ”
Mr.Bean

Mr.Bean ကားအပြီးမှာတော့ Rowan ဟာ ဘင်းဆိုတဲ့နာမည်နဲ့ကမ္ဘာကျော်ခဲ့ပါပြီ။ ဟာသကားတွေကို ရိုက်ဖို့ company များစွာ ကကမ်းလှမ်းလာခဲ့သလို သူ့အနုပညာကြေးဟာလည်း ဟာသမင်းသားတွေ အပြင်သရုပ်ဆောင်လောကမှာပါ ထိပ်တန်းစာရင်းဝင်ခဲ့ပါတယ်။ အဲ့အချိန်မှာ Mr.Bean ကို နောက်ထပ်နာမည်ကြီးစေခဲ့တဲ့ ဂျိန်းစဘွန်းကားကိုပြန်သရော်ထားတဲ့ Johnny English ကားကြီးက ၂၀၀၃ခုနှစ်ဧပြီလ ၁၁ရက်နေ့မှာ ရုံတင်လာပါတော့တယ်။ အူပါပြုတ်မတတ် ရယ်ရတဲ့ကားပေါ့။ ရုပ်တည်ကြီးနဲ့ တလွဲတွေလုပ်တတ်တဲ့ စပိုင်တယောက်နေရာကနေသရုပ်ဆောင်ခဲ့ရပြီး တခြားဇာတ်ပို့တွေမင်းသမီးတွေအဖို့ ဒီကားရိုက်ကူးမှာမှာ ရိုက်နေရင်းမနေနိုင်ပဲ ရယ်မိလို့ အကြိမ်ကြိမ်ပြန်ရိုက်ရင်း ၇လတိတိ ရိုက်ကူးခဲ့ရတဲ့ကားပေါ့။ အမြတ်ငွေ သန်း၁၆၀ အထိ ရခဲ့သလို တကမ္ဘာတဝန်း လူကြိုက်များခဲ့တဲ့ကားပါ။ အဲဒီနောက် ၂၀၀၅ခုနှစ်မှာ Love Actually Keeping Mum တပြိုင်ထဲထွက်ခဲ့ပြီး ဘင်းကို Hollywood Star တစ်ယောက်အဖြစ် ရပ်တည်စေခဲ့တဲ့ကားတွေပေါ့။

” အပြင်ပန်းအလှအပက ဘုရားပေးတဲ့ကံ ဒါပေမယ့် ဒါကသုံးစားလို့မရဘူး။ ကိုယ်တိုင်အောင်မြင်မူက ဘယ်ဘုရားမှမပေးဘူး ကိုယ့်ဘာကိုယ်ပဲကြိုးစားရတာ။ ”
Mr.Bean

“တန်ဖိုးတွေအများကြီးတက်ဖို့ သုညဆိုတာ နောက်မှာအမြဲကပ်ပါနေစမြဲပဲ။ သုညဖြစ်တာစိတ်ပျက်စရာမဟုတ်ဘူး။ အဲ့ဒီသုညတွေရှေ့မှာ တန်ဖိုးရှိတဲ့အရာ တခုဖြစ်အောင် မလုပ်နိုင်တာကမှ စိတ်ပျက်စရာပါ။ ”
Mr.Bean

၂၀၀၇ ခုနှစ်မှာတော့ Mr.Bean ဇာတ်ကောင်ကို ထပ်မြင်ရစေတဲ့ Mr.Bean’s Holiday ကားကြီးကိုရုံတင်လာခဲ့ပါတယ်။ ရှေ့ကကားလိုပဲ ဒီကားဟာလဲ ၂၅သန်း ပဲရင်းပေမယ့်သန်း၂၅ဝနီးပါးရခဲ့ပြန်ပါတယ်။ Mr.Bean ဆိုတဲ့ နာမည်နဲ့တင် သန်းရာချီရဖို့မလွဲဧကန်ပါပဲ။ ဒီကားဟာလည်းရှေ့က Mr.Bean လိုပဲ ရုပ်ရှင်မဟုတ်တဲ့ အမြတ်ငွေစတာလင် ပေါင်သန်း၁၀၀ကျော်ထိ ရခဲ့သလို Mr.Bean’s Holiday အပြီးမှာတော့ Mr.Bean ဇာတ်ကောင်ဟာ ကာလာစုံရုပ်ရှင်သမိုင်း တခုလုံးမှာ အအောင်မြင်ဆုံး ဟာသဇာတ်ကောင် ဝင်ငွေအမြင့်ဆုံး Comedy ဇာတ်ကောင်အဖြစ် သမိုင်းဝင်ခဲ့သလို ဖယောင်းပြတိုက်အပြင် နိုင်ငံ ၅၀ကျော်က ပန်းခြံမှာပါ ရုပ်တုအဖြစ်ထားခြင်းကို ခံခဲ့ရပါတယ်။ အဲ့ဒီနောက် Johnny English ရဲ့ အဆက် Johnny English Reborn ကို ၂၀၁၁ခုနှစ် အောက်တိုဘာလမှာ ထပ်မံရုံတင်ခဲ့ပြန်ပါတယ်။ ရှေ့ကကားလိုပဲ ကုန်ကျစရိတ်နည်းနည်းနဲ့ အမြတ်ငွေသန်း ၁၆၀ကျော်ရခဲ့ပြန်ပါတယ်။

” မင်းဘာမှမလုပ်ရင် ဘယ်သူမှမင်းကိုမသိဘူး။ မင်းလုပ်လို့ မင်းမှာရစရာ၄ခုပဲရှိမယ်။ လှောင်ပြောင်မူ၊ အပြစ်တင်မူ ၊ လေးစားမူ၊ မနာလိုမူ ။ မင်းကကောင်းတဲ့အလုပ်လုပ်ခဲ့တာတောင် ဒီ၄ခုလုံးရခဲ့ရင် မင်းအောင်မြင်လို့ပဲ ”
Mr.Bean

Mr.Bean ဟာရုပ်ရှင်ကားကြီး ၂၁ကား ဇာတ်လမ်းတွဲပေါင်း ၃၀ ကျော်ကို သရုပ်ဆောင်ခဲ့ပြီး ဖြစ်သလို သူရဲ့ Mr.Bean ဇာတ်လမ်းတွဲဟာလည်း အောင်မြင်မူများစွာရထားခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး Mr.Bean ကို Cartoon ဇာတ်လမ်းတွဲအဖြစ်ရိုက်ကူးရာမှာလည်း အောင်မြင်မူများစွာရယူထားသလို သူ့ရဲ့ Tebby Bear အရုပ်ဟာလည်း ၂၀၁၁ခုနှစ် ရောင်းအားအကောင်းဆုံး အရုပ်အဖြစ် အမေရိကန်မှာ နာမည်ရ 3D ကာတွန်းဇာတ်ကောင် စတစ်ကိုကျော်ပြီးရရှိခဲ့ပါတယ်။ သူ့ရဲ့ဟာသလုပ်ကွက်တွေဟာ ဘယ်သူမှမထင်ထားတဲ့ နေ့စဉ်နေထိုင်မူထဲကနေပဲ လုပ်ပြတာများသလို unnormal မဟုတ်တဲ့ ပြကွက်တွေမပါပဲ လူတွေကို သဘာဝအတိုင်း ရယ်မောစေတဲ့ ဟာသပညာရှင်အဖြစ်လည်း နာမည်ကြီးသူပါ။ တကယ်တမ်းကျ Mr.Bean ဟာ လူရှေ့ထွက်ရမှာ အရမ်းကြောက်သလို Camera ကိုလည်း ကြောက်သူပါ။ ဒါကြောင့် သူရိုက်ခဲ့တဲ့ကားတိုင်းမှာ ဒါရိုက်တာက Camera Angle ကို အတတ်နိုင်ဆုံး ပြင်ဆင်မူများစွာ လုပ်ပြီးမှရိုက်ရသလို စကားထစ်တတ်တဲ့အကျင့်ရှိတဲ့ Mr.Bean ဟာလည်း တော်တော်ကြိုးစားခဲ့ရသူပါ။

ထူးခြားမူကတော့ Mr.Bean ဟာ အနုပညာနဲ့ ပတ်သတ်တဲ့ သင်တန်းကျောင်းတွေ ဆရာတွေထံ မတက်ခဲ့မရှိခဲ့ဖူးသလို စာအုပ်တွေနဲ့ ရုပ်ရှင်ကားတွေကပဲ သူ့ရဲ့သင်စရာအဖြစ် သင်ယူခဲ့ရသူပါ။ Oxford ကျောင်းဆင်း Enginner တစ်ယောက်ဖြစ်သလို ရုပ်ရှင်လောကရဲ့ ပညာအတော်ဆုံး သရုပ်ဆောင် ၁၀ဝစာရင်းမှာလည်း ပါဝင်ထားသူပါ။ ဒီလိုပညာတတ်က ဝင်ငွေကောင်းတဲ့ ကမ္ဘာပေါ်က ဘယ် Company မှာ မဆို လစာသိန်းချီနဲ့ ဝင်လုပ်လို့ရပေမယ့် သူရူးသွပ်တဲ့ အနုပညာကိုလုပ်ဖို့ Oxford Enginner ဘဝကို စွန့်လွှတ်ထားခဲ့သူပါ။ ဒါပေမယ့် Mr.Bean ရဲ့ အနုပညာဝင်ငွေဟာ လက်ရှိမှာ ဒေါ်လာပေါင် သန်း၁၃၀ ကျော်ပိုင်ဆိုင်ထားခဲ့ပါပြီ။

“ကိုယ်ဘာဖြစ်ချင်လဲ ကိုယ်သိရဲ့သားနဲ့ ဘဝပေးအခြေအနေဆိုတဲ့ အကြောင်းပြချက်နဲ့ မစွန့်လွှတ်လိုက်နဲ့။ စွန့်လွှတ်တာနဲ့ တပြိုင်နက် မင်းဟာ လောကကိုခိုင်းတဲ့သူ မဟုတ်ပဲ လောကကခိုင်းတာခံရတဲ့သူဖြစ်သွားလိမ့်မယ်။ ”
Mr.Bean

Mr.Bean ဟာ ပြိုင်ကားမောင်းရတာကို နှစ်သက်သူ ကားတွေကိုနှစ်သက်သူဖြစ်ပြီး Paul Walker ကိုလာ်ဒ ချီးကျူးခဲ့သူပါ။ Paulရဲ့ ဈာပနကို သူကိုယ်တိုင်တက်ရောက်ခဲ့သလို Furious 7 ရိုက်ကွင်းတုန်းကလည်း သွားရောက်အားပေးခဲ့သူပါ။

” ဟာသပြကွက်တွေက ပိတ်သားပေါ်ရောက်မှသာ လူတွေကရယ်တာ တကယ်တမ်းဒီပိတ်သားပေါ်မရောက်ခင် လုပ်ရတဲ့လူတွေအဖို့ အရမ်းအန္တရာယ်များလွန်းတယ်။ Johnny English Reborn တုန်းက ဇာတ်သိမ်းခန်း ရိုက်တော့ ကျွန်တော့်လက်တဖက်ကြိုးတွေငြိပြီး အကြောသေသလိုဖြစ်သွားဖူးတယ်။ လူတွေရယ်ရအောင်စွန့်စားရတာ တကယ်တော့မလွယ်ဘူးဗျ”
( Johnny English Reborn interview in utube )

Mr.Bean ကားတွေက ရယ်ရတယ်။ ဒါပေမယ့် အဲ့ဒီနောက်ကွယ်မှာ သူ့အန္တရာယ်တွေ နာကျင်မူတွေ များစွာကို ခံခဲ့ရတယ်။ ညာဖက်ခြေထောက်ဟာလဲ Mr.Bean Holiday တုန်းက ကျိုးဖူးသလို Johnny Englishရိုက်တုန်းက ထိခိုက်မူပေါင်း ၄၀ကျော် အထိဖြစ်ခဲ့ရပါတယ်။ ဟာသဆိုရင် မဖြစ်နိုင်တာကြီးတွေ ပေါက်ကရတွေ လုပ်ပြီး ရယ်ခိုင်းနေတာတွေများတဲ့ခေတ်မှာ Mr.Beanက လူတွေဖြစ်လေ့ဖြစ်ထရှိတဲ့ ပတ်ဝန်းကျင်ထဲကပဲ သဘာဝအတိုင်းလုပ်ပြလေ့ရှိသလို သူ့ကားတွေဟာလည်း ငိုနေသူတောင် ထရယ်စေသလို ပြန်တွေးတော့ ပညာရစရာတွေကို ပေးစွမ်းနိုင်ပါတယ်။ Mr.Bean ကားတွေဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတွေကနေ စိတ်ကျန်းမာရေး ရောဂါသည်တွေ စိတ်ဖိစီးနေသူတွေ ကြည့်သင့်တဲ့ ဇာတ်ကား ၁၀ ကား စာရင်းမှာ မှတ်တမ်းတင်ထားခဲ့သလို ကျန်းမာရေးအတွက်ပါ ကြည့်သင့်တဲ့ကားတွေအဖြစ် စာတမ်းပြုစုခဲ့ပါတယ်။

Mr.Beanနဲ့ ပတ်သတ်ပြီး အမှတ်တရတွေထဲက တစ်ခုအနေနဲ့ပြောရရင် ၂၀၀၁ ခုနှစ် မတ်လ ၂၁ရက်နေ့က မိသားစုလိုက် ကင်ညာကို အပျော်ခရီးထွက်ကြတယ်။ အဲ့ဒီမှာ သူတို့ရဲ့လေယာဉ်မှူး ကျန်းမာရေးဖောက်ပြီးမေ့လဲသွားတယ်။ အဲတုန်းက လေယာဉ်ကို အန္တရာယ်မရှိပဲ မြေပြင်ကို ဆင်းသက်အောင် သူက တက်မောင်းခဲ့ပြီး အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လေယာဉ်ကွင်းထဲရောက်မှ သူ့ကိုဝိုင်းမေးကြတဲ့အခါမှာတော့ သူလေယာဉ်တခါမှမမောင်းဖူးပဲ သူဖတ်ဖူးတဲ့စာအုပ်ထဲက အတိုင်းလုပ်လိုက်တာပါလို့ ပြောခဲ့တယ်။ တွေးကြည့်ရင်ဟာသဆန်ပေမယ့် တကယ့် အာဂလူသားပါပဲ။ ၂၀၁၄ခုနှစ်မှာလဲ Formula One ပြိုင်ပွဲကိုသွားရောက်အားပေးခဲ့သလို သူကိုယ်တိုင်လဲမောင်းပြပြီးဖွင့်ပေးခဲ့ပါတယ်။ ကားကိုဘယ်လောက်ဝါသနာပါလဲဆို Octane / Evo / Classics စတဲ့ကားမဂ္ဂဇင်းတွေမှာလည်း ဆောင်းပါးရေးသားသူပါ။

လက်ရှိမှာ Mr.Bean ဟာ Mr.Bean ရဲ့ နောက်ဆက်တွဲကားကိုရိုက်ကူးနေသလို သူကိုယ်တိုင်လည်း ဟာသသင်တန်းကျောင်းတခုဖွင့်ဖို့ကြိုးစားနေသူပါ။ Mr.Bean … ဒီနာမည်က ကမ္ဘာပေါ်ကလူတော်တော်များများကြားတာနဲ့ တချက်ပြုံးမိလိမ့်မယ်။ ဒါက သူ့ရဲ့ဖြစ်တည်မူက ဘာလဲဆိုတာကိုသိနိုင်ပြီပေါ့။

” ဘယ်သူက မွေးလဲ အရေးမပါဘူး။ ဘယ်လိုနေထိုင်ဝတ်စားလဲ အရေးမပါဘူး။ ဘယ်နိုင်ငံမှာမွေးလဲ အရေးမပါဘူး။ ဘယ်တက္ကသိုလ်က ဘွဲ့ရလဲ အရေးမပါဘူး။ လူတွေအပေါ်ဘယ်လောက်အကျိုးပြုခဲ့ဖူးလဲပဲ အရေးပါတယ်။ ”
Mr.Bean

Ref : Mr.Bean Twitter
Rowan’s Ducomentries
Village Of Voice

[ ဖြေရှင်းချက် – ထုံးစံအတိုင်းပြောပါရစေ။ Metal ဖက်ကဖြစ်တဲ့အတွက် Movie ဖက်က ခုလို idol တယောက်အကြောင်းကို ရေးတဲ့နေရာမှာ လိုအပ်ချက်များရှိနိုင်ပါတယ်။ Bean ရဲ့ အမာခံပရိတ်သတ်များ နားလည်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်]

ထက်ဝန

Leave a Reply