သြားတုိက္တဲ့အခါ သတိထား ေရွာင္ၾကဥ္သင့္တဲ့ အခ်က္ကေလးမ်ား

Posted on

သြားတုိက္တယ္ဆုိတာ ကြ်န္ေတာ္တုိ႔ရဲ႕ေန႔စဥ္အလုပ္ျဖစ္ပါတယ္။ ဒီတစ္ခါေတာ့ သုတဇုန္မိတ္ေဆြမ်ားအတြက္ သြားတုိက္ရာမွာ သတိထားသင့္တဲ့ အခ်က္ေလးေတြကို ဗဟုသုတအေနနဲ႔ ေ၀မွ်လုိက္ပါတယ္။

၁။ မာေၾကာတဲ့သြားတုိက္တံကုိ အၿမဲ အသုံးျပဳျခင္း

မာေၾကာတဲ့ သြားတုိက္တံကုိ အၿမဲအသုံးျပဳျခင္းအားျဖင့္ သြားကုိထိခုိက္ေစသလုိ ၊ သြားဖုံးကုိလည္း ပ်က္စီးေစႏုိင္ပါတယ္။ ဒါေၾကာင့္ ပုံမွန္(သုိ႔) ေပ်ာ့ေျပာင္းတဲ့ သြားတုိက္တံေတြကုိသာ ေရြးခ်ယ္သင့္ပါတယ္။

၂။ မွားယြင္းတဲ့ သြားတုိက္နည္းကုိ အသုံးျပဳျခင္း

အမ်ားစုမွန္မွန္ကန္ကန္ တုိက္ေနၾကေပမယ့္ လူအခ်ဳိ႕ကေတာ့ မွားယြင္းေနၾကတုန္းပါ။ သြားတုိက္ရာမွာ စက္၀ုိင္းပုံစံ (သုိ႔) အေရွ႕အေနာက္ ကန္႔လန္႔ (သုိ႔) အနည္းငယ္ေစာင္းကာ တုိက္ေနၾကေလ့ရွိပါတယ္။ ဒါဟာ မွားယြင္းတဲ့နည္းစနစ္ပါ။ ဒီလုိတုိက္ျခင္းဟာ သြား နဲ႔ သြားၾကားထဲက အညစ္အေၾကးေတြကုိ မစင္ၾကယ္ႏုိင္ပါဘူး။ ဒါေၾကာင့္ နည္းစနစ္မွန္ျဖစ္တဲ့ အထက္ေအာက္တုိက္နည္းကုိသာ အသုံးျပဳသင့္ပါတယ္။

၃။ သြားတုိက္တံတစ္ေခ်ာင္းတည္း ကုိ ၾကာရွည္စြာအသုံးျပဳျခင္း

သြားတုိက္တံကုိ လူအခ်ဳိ႕ဟာ ေနာက္ဆုံးတုိက္လုိ႔မရတဲ့အထိ ၾကာျမင့္စြာ အသုံးျပဳတတ္ၾကပါတယ္။ ဒါဟာအလြန္မွားယြင္းပါတယ္။ သြားတုိက္တံ ၁ေခ်ာင္းရဲ႕ပ်မ္းမွ်သက္တမ္းဟာ ၃လ သာ ရွိလုိ႔ပါပဲ။ သက္တမ္းကုန္ေနတဲ့ သြားတုိက္တံကုိသုံးျခင္းအားျဖင့္ သြားနဲ႔ သြားဖုံးကုိထိခုိက္ေစၿပီးတစ္ခါတစ္ရံ ေသြးပါထြက္တတ္တာေၾကာင့္ ၃လ တစ္ႀကိမ္မွန္မွန္လည္းေပးဖုိ႔ လုိအပ္ပါတယ္။

၄။ အစားစားၿပီးတာနဲ႔ ခ်က္ျခင္းသြားတုိက္ျခင္း

သန္႔ခ်င္တဲ့ လူအခ်ဳိ႕ဟာ အစာစားၿပီးတာနဲ႔ ခ်က္ခ်င္းသြားတုိက္တတ္ၾကပါတယ္။ ဒါဟာသြားကုိ ထိခုိက္ေစပါတယ္။ အစာစားဖုိ႔အတြက္ ပါးစပ္ဟာ သြားရည္ကုိထုတ္ေပးရတဲ့အတြက္ ဒီအခ်ိန္မွာ အက္ဆစ္ဓာတ္ျမင့္ေနတတ္လုိ႔ပဲျဖစ္ပါတယ္။ ဒါေၾကာင့္ အစာစားၿပီး မိနစ္ ၃၀ခန္႔ ျခားၿပီးမွ သြားတုိက္သင့္ပါတယ္။

၅။ သြားၾကားထုိးႀကဳိးအသုံးမျပဳျခင္း

သြားၾကားထဲမွာ အစာေတြက်န္ေနရင္ သြားကုိပ်က္စီးေစတာ သိၿပီးျဖစ္မွာပါ။ တစ္ခါတစ္ရံ သြားတုိက္ၿပီးေပမယ့္ အစာေတြက်န္ေနတတ္ပါတယ္။ ဒါေၾကာင့္ သြားၾကားထုိးႀကဳိးကုိ အသုံးျပဳသင့္တာပဲ ျဖစ္ပါတယ္။ သြားၾကားထုိးႀကဳိးမသုံးခ်င္ရင္ေတာ့ သြားၾကားထုိးတံကုိ အသုံးျပဳႏုိင္ပါတယ္။(သြားၾကားထုိးတံနဲ႔ အတင္းမထုိးမိဖုိ႔ေတာ့ သတိထားရပါမယ္၊ သြားေတြကုိ က်ဲသြားေစတတ္လုိ႔ျဖစ္ပါတယ္။)

၆။ သြားတုိက္ခ်ိန္ ၂ မိနစ္ထက္ေလ်ာ့နည္းျခင္း

သြားတစ္ခါတုိက္တဲ့အခါ တစ္ခ်ဳိ႕လူေတြဟာ စကၠန္႔ ၃၀ ေလာက္နဲ႔ၿပီးသြားတတ္ပါတယ္။ အလွ်င္စလုိတုိက္တဲ့အတြက္ သြားေတြအတြက္ သိပ္မထိေရာက္ပါဘူး။ ဒါေၾကာင့္ သြားတုိက္တဲ့အခါ အနည္းဆုံး ၂မိနစ္ခန္႔အခ်ိန္ေပးၿပီး ပုံမွန္ေလးတုိက္သင့္ပါတယ္။

၇။ လွ်ာကုိ မသန္႔ရွင္းျခင္း

လူအမ်ားစုဟာ သြားတုိက္တဲ့အခါ လွ်ာကုိသန္႔ရွင္းေလ့မရွိၾကပါဘူး။ သြားတုိက္ေပမယ့္ လွ်ာကုိမတုိက္ရင္ သြားကုိ က်န္းမာသန္႔ရွင္းေစမွာ မဟုတ္ပါဘူး။ ဘာလုိ႔လဲဆုိေတာ့ လွ်ာမွာ ဘတ္တီးရီးယားေတြခုိေအာင္းေနတတ္လုိ႔ပဲျဖစ္ပါတယ္။ ဒါေၾကာင့္သြားတုိက္ၿပီးတာနဲ႔ လွ်ာကုိသန္႔ရွင္းဖုိ႔လည္း မေမ့ပါနဲ႔။

၈။ သြားတုိက္တံကုိ ေရခ်ဳိးခန္းမွာထားျခင္း

ကြ်န္ေတာ္တုိ႔အမ်ားစု မွားေနတဲ့အရာပါ။ တကယ္ေတာ့ သြားတုိက္တံကုိ ေရခ်ဳိးခန္းမွာမထားပဲ အျပင္တစ္ေနရာရာမွာ ထားသင့္ပါတယ္တဲ့ ။ ေရခ်ဳိးခန္းထဲမွာ ဘတ္တီးရီးယားေတြေပါက္ဖြားရွင္သန္ေနတတ္လုိ႔ပဲျဖစ္ပါတယ္။ (အိမ္သာနဲ႔တြဲလ်က္ ေရခ်ဳိးခန္းေတြဆုိ ပုိဆုိးႏုိင္ပါတယ္)

၉။ တစ္ေန႔ ၂ ႀကိမ္ထက္ သြားပုိတုိက္ျခင္း

ျမင္ဖူးၾကပါလိမ့္မယ္ ။ တခ်ဳိ႕ဆုိ ၃ ႀကိမ္တုိက္တတ္သလုိ ဒီထက္ပုိသန္႔ရွင္းေစခ်င္တဲ့သူေတြက ၄ႀကိမ္ ၊ ၅ႀကိမ္ အထိ (သုိ႔) အစာစားၿပီးတုိင္း သြားတုိက္တတ္ေလ့ရွိပါတယ္။ မ်ားမ်ားတုိက္ေလ မ်ားမ်ားသန္႔ရွင္းေလ လုိ႔ထင္ၾကပါတယ္။ တကယ္ေတာ့ သန္႔ရွင္းေပမယ့္ သြားကုိပ်က္စီးေစႏုိင္ပါတယ္။ သြားေတြရဲ႕ ခံႏုိင္အားဟာ အတုိင္းအတာတစ္ခုအထိသာ ရွိပါတယ္။ ခဏခဏတုိက္ျခင္းအားျဖင့္ သြားေၾကြလႊာေတြကုိပ်က္စီးေစႏုိင္တာေၾကာင့္ တစ္ေန႔ကုိ ပုံမွန္ ၂ႀကိမ္ပဲ တုိက္သင့္ပါတယ္။

အထက္ပါအခ်က္ေတြကေတာ့ သြားတုိက္ရာမွာ ေရွာင္ၾကဥ္သင့္တဲ့အခ်က္ေတြပဲျဖစ္ပါတယ္။

က်န္းမာ လွပ သန္႔ရွင္းတဲ့ သြားမ်ားကို ပုိင္ဆုိင္ႏုိင္ၾကပါေစ 

သုတဇုန္

———————

သွားတိုက်တဲ့အခါ သတိထား ရှောင်ကြဉ်သင့်တဲ့ အချက်ကလေးများ (unicode)

သွားတိုက်တယ်ဆိုတာ ကျွန်တော်တို့ရဲ့နေ့စဉ်အလုပ်ဖြစ်ပါတယ်။ ဒီတစ်ခါတော့ သုတဇုန်မိတ်ဆွေများအတွက် သွားတိုက်ရာမှာ သတိထားသင့်တဲ့ အချက်လေးတွေကို ဗဟုသုတအနေနဲ့ ဝေမျှလိုက်ပါတယ်။

၁။ မာကြောတဲ့သွားတိုက်တံကို အမြဲ အသုံးပြုခြင်း
မာကြောတဲ့ သွားတိုက်တံကို အမြဲအသုံးပြုခြင်းအားဖြင့် သွားကိုထိခိုက်စေသလို ၊ သွားဖုံးကိုလည်း ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်(သို့) ပျော့ပြောင်းတဲ့ သွားတိုက်တံတွေကိုသာ ရွေးချယ်သင့်ပါတယ်။

၂။ မှားယွင်းတဲ့ သွားတိုက်နည်းကို အသုံးပြုခြင်း
အများစုမှန်မှန်ကန်ကန် တိုက်နေကြပေမယ့် လူအချို့ကတော့ မှားယွင်းနေကြတုန်းပါ။ သွားတိုက်ရာမှာ စက်ဝိုင်းပုံစံ (သို့) အရှေ့အနောက် ကန့်လန့် (သို့) အနည်းငယ်စောင်းကာ တိုက်နေကြလေ့ရှိပါတယ်။ ဒါဟာ မှားယွင်းတဲ့နည်းစနစ်ပါ။ ဒီလိုတိုက်ခြင်းဟာ သွား နဲ့ သွားကြားထဲက အညစ်အကြေးတွေကို မစင်ကြယ်နိုင်ပါဘူး။ ဒါကြောင့် နည်းစနစ်မှန်ဖြစ်တဲ့ အထက်အောက်တိုက်နည်းကိုသာ အသုံးပြုသင့်ပါတယ်။

၃။ သွားတိုက်တံတစ်ချောင်းတည်း ကို ကြာရှည်စွာအသုံးပြုခြင်း
သွားတိုက်တံကို လူအချို့ဟာ နောက်ဆုံးတိုက်လို့မရတဲ့အထိ ကြာမြင့်စွာ အသုံးပြုတတ်ကြပါတယ်။ ဒါဟာအလွန်မှားယွင်းပါတယ်။ သွားတိုက်တံ ၁ချောင်းရဲ့ပျမ်းမျှသက်တမ်းဟာ ၃လ သာ ရှိလို့ပါပဲ။ သက်တမ်းကုန်နေတဲ့ သွားတိုက်တံကိုသုံးခြင်းအားဖြင့် သွားနဲ့ သွားဖုံးကိုထိခိုက်စေပြီးတစ်ခါတစ်ရံ သွေးပါထွက်တတ်တာကြောင့် ၃လ တစ်ကြိမ်မှန်မှန်လည်းပေးဖို့ လိုအပ်ပါတယ်။

၄။ အစားစားပြီးတာနဲ့ ချက်ခြင်းသွားတိုက်ခြင်း
သန့်ချင်တဲ့ လူအချို့ဟာ အစာစားပြီးတာနဲ့ ချက်ချင်းသွားတိုက်တတ်ကြပါတယ်။ ဒါဟာသွားကို ထိခိုက်စေပါတယ်။ အစာစားဖို့အတွက် ပါးစပ်ဟာ သွားရည်ကိုထုတ်ပေးရတဲ့အတွက် ဒီအချိန်မှာ အက်ဆစ်ဓာတ်မြင့်နေတတ်လို့ပဲဖြစ်ပါတယ်။ ဒါကြောင့် အစာစားပြီး မိနစ် ၃ဝခန့် ခြားပြီးမှ သွားတိုက်သင့်ပါတယ်။

၅။ သွားကြားထိုးကြိုးအသုံးမပြုခြင်း
သွားကြားထဲမှာ အစာတွေကျန်နေရင် သွားကိုပျက်စီးစေတာ သိပြီးဖြစ်မှာပါ။ တစ်ခါတစ်ရံ သွားတိုက်ပြီးပေမယ့် အစာတွေကျန်နေတတ်ပါတယ်။ ဒါကြောင့် သွားကြားထိုးကြိုးကို အသုံးပြုသင့်တာပဲ ဖြစ်ပါတယ်။ သွားကြားထိုးကြိုးမသုံးချင်ရင်တော့ သွားကြားထိုးတံကို အသုံးပြုနိုင်ပါတယ်။(သွားကြားထိုးတံနဲ့ အတင်းမထိုးမိဖို့တော့ သတိထားရပါမယ်၊ သွားတွေကို ကျဲသွားစေတတ်လို့ဖြစ်ပါတယ်။)

၆။ သွားတိုက်ချိန် ၂ မိနစ်ထက်လျော့နည်းခြင်း
သွားတစ်ခါတိုက်တဲ့အခါ တစ်ချို့လူတွေဟာ စက္ကန့် ၃၀ လောက်နဲ့ပြီးသွားတတ်ပါတယ်။ အလျှင်စလိုတိုက်တဲ့အတွက် သွားတွေအတွက် သိပ်မထိရောက်ပါဘူး။ ဒါကြောင့် သွားတိုက်တဲ့အခါ အနည်းဆုံး ၂မိနစ်ခန့်အချိန်ပေးပြီး ပုံမှန်လေးတိုက်သင့်ပါတယ်။

၇။ လျှာကို မသန့်ရှင်းခြင်း
လူအများစုဟာ သွားတိုက်တဲ့အခါ လျှာကိုသန့်ရှင်းလေ့မရှိကြပါဘူး။ သွားတိုက်ပေမယ့် လျှာကိုမတိုက်ရင် သွားကို ကျန်းမာသန့်ရှင်းစေမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ လျှာမှာ ဘတ်တီးရီးယားတွေခိုအောင်းနေတတ်လို့ပဲဖြစ်ပါတယ်။ ဒါကြောင့်သွားတိုက်ပြီးတာနဲ့ လျှာကိုသန့်ရှင်းဖို့လည်း မမေ့ပါနဲ့။

၈။ သွားတိုက်တံကို ရေချိုးခန်းမှာထားခြင်း
ကျွန်တော်တို့အများစု မှားနေတဲ့အရာပါ။ တကယ်တော့ သွားတိုက်တံကို ရေချိုးခန်းမှာမထားပဲ အပြင်တစ်နေရာရာမှာ ထားသင့်ပါတယ်တဲ့ ။ ရေချိုးခန်းထဲမှာ ဘတ်တီးရီးယားတွေပေါက်ဖွားရှင်သန်နေတတ်လို့ပဲဖြစ်ပါတယ်။ (အိမ်သာနဲ့တွဲလျက် ရေချိုးခန်းတွေဆို ပိုဆိုးနိုင်ပါတယ်)

၉။ တစ်နေ့ ၂ ကြိမ်ထက် သွားပိုတိုက်ခြင်း
မြင်ဖူးကြပါလိမ့်မယ် ။ တချို့ဆို ၃ ကြိမ်တိုက်တတ်သလို ဒီထက်ပိုသန့်ရှင်းစေချင်တဲ့သူတွေက ၄ကြိမ် ၊ ၅ကြိမ် အထိ (သို့) အစာစားပြီးတိုင်း သွားတိုက်တတ်လေ့ရှိပါတယ်။ များများတိုက်လေ များများသန့်ရှင်းလေ လို့ထင်ကြပါတယ်။ တကယ်တော့ သန့်ရှင်းပေမယ့် သွားကိုပျက်စီးစေနိုင်ပါတယ်။ သွားတွေရဲ့ ခံနိုင်အားဟာ အတိုင်းအတာတစ်ခုအထိသာ ရှိပါတယ်။ ခဏခဏတိုက်ခြင်းအားဖြင့် သွားကြွေလွှာတွေကိုပျက်စီးစေနိုင်တာကြောင့် တစ်နေ့ကို ပုံမှန် ၂ကြိမ်ပဲ တိုက်သင့်ပါတယ်။

အထက်ပါအချက်တွေကတော့ သွားတိုက်ရာမှာ ရှောင်ကြဉ်သင့်တဲ့အချက်တွေပဲဖြစ်ပါတယ်။

ကျန်းမာ လှပ သန့်ရှင်းတဲ့ သွားများကို ပိုင်ဆိုင်နိုင်ကြပါစေ

Leave a Reply