ကမာၻ႔ဒ႑ာရီထဲက ထရြဳိင္းၿမိဳ႕ေတာ္

Posted on

ကၽြန္ေတာ္တို႔ေတြ  ထရြဳိင္း (Troy)ၿမိဳ႕ လို႕ေၿပာလိုက္ရင္  အရင္ဆံုးၿမင္းရုပ္ၾကီးကို  ေၿပးၿမင္မိၾကမွာပါ။ ကၽြန္ေတာ္တို႕ငယ္စဥ္က ေက်ာင္းဖတ္စာစာအုပ္ သင္ရိုးညြန္းတန္းထဲမွာလည္း ထရြဳိင္း ၿမိဳ႕မွ ထရိုဂ်န္စစ္ပြဲဆိုတဲ့ ေခါင္းစဥ္အမည္နဲ႔ ဖတ္စာအၿဖစ္ၿပဌာန္းခဲ့ဖူးပါတယ္။ ငယ္စဥ္တုန္းကေတာ့ ဖတ္စာအၿဖစ္သာအလြယ္ဖတ္ဖူးၿပီး ထရြဳိင္းၿမိဳ႕ရဲ႕ ဒ႑ာရီဆန္တဲ့အေၾကာင္းေတြ အၿငင္းပြားစရာစိတ္၀င္စားစရာေတြကို မသိရွိခဲ့ပါဘူး။ တကယ္ေတာ့ ထရြဳိင္းၿမိဳ႕ဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၄၀၀၀ ကာလကတညး္က တည္ရွိခဲ့တဲ့ၿမိဳ႕တစ္ၿမိဳ႕ၿဖစ္ၿပီး ေရွးက်တဲ့လူမ်ိဳးတစ္စုေနထိုင္တဲ့ၿမိဳ႕တစ္ၿမိဳ႕ ၿဖစ္ပါတယ္။

ေက်ာင္းသင္ရိုး ဖတ္စာစာအုပ္ထဲမွ ထြိဳင္ရိုၿမိဳ႕မွ ထရိုဂ်န္စစ္ပြဲပံု

လြန္ခဲ့တဲ့ႏွစ္ေတြမ်ားစြာက  ထို ထရြဳိင္း ၿမိဳ႕ေဟာင္းကို မေတြ႕ရွိေသးသမွ်ကာလပတ္လံုး ၎ၿမိဳ႕ကို ဒ႑ာရီထဲက ပံုၿပင္ဆန္ဆန္ ၿမိဳ႕တစ္ၿမိဳ႕အၿဖစ္သာ လူေတြကသတ္မွတ္ထားၾကပါတယ္။ ယခုအခ်ိန္မွာေတာ့ တူရကီႏုိင္ငံ  Idal ေတာင္ကုန္းေဘးနားမွာ ၎ၿမိဳ႕ေဟာင္းကိုေတြ႕ၿမင္ႏုိင္ပါၿပီ။ တကယ္ေတာ့ ထိုၿမိဳ႕ေဟာင္းကို ၿပန္လည္ရွာေဖြေတြ႕ရွိရၿခင္းမွာ ဂရိေခတ္စာဆိုပညာရွင္ေတြ ေရးမွတ္ထားခဲ့တဲ့ ေရွးေဟာင္းစာေပေတြထဲကမွ ထရိုဂ်န္စစ္ပြဲ အေၾကာင္းစြန္႔စားခန္းမ်ားကို ေရးသားထားၿခင္းမ်ားကို ေတြ႕ရွိၿခင္းေၾကာင့္လို႔လည္း တစ္နည္းအားၿဖင့္ ေၿပာႏုိင္ပါတယ္။ ထ႐ြိဳင္းၿမိဳ႕၏ အေရွ႕ေတာင္ဘက္တြင္ နတ္မင္းႀကီးဇု စံျမန္း ရာ ဘုံဗိမာန္ရွိေသာ အိုင္ဒါေတာင္ကို ေတြ႕ျမင္ႏိုင္သည္ဟု ကမာၻက်ာ္ ဂရိလူမ်ိဳး ကဗ်ာစာဆိုႀကီး ဟိုးမားက သူ၏အစ္လိယက္အမည္ရွိ ကဗ်ာရွည္ႀကီးတြင္ေရးသားခဲ့ပါတယ္။

ထရိုဂ်န္စစ္ပြဲစြန္႔စားခန္းမ်ားမွာ ဂရိတို႔က ထရြဳိင္းၿမိဳ႕အား တိုက္ခိုက္ရာမွာ အစပထမ မတုိက္ခိုက္ႏုိင္ပဲ ေနာက္ဆံုး ထရိုဂ်န္ ၿမင္းရုပ္ၾကီး ပံုစံတည္ေဆာက္ၿပီးမွ စိမ့္၀င္တိုက္ခိုက္ၿပီး ဥပါယ္တံမ်ဥ္ျဖင့္ အႏုိင္ရသြားေၾကာင္းကို ေရးသားထားၿခင္းျဖစ္ပါတယ္။ ဒီကဗ်ာကို ေတြ႕ရွိၿခင္းအားၿဖင့္ ၎ၿမိဳ႕အမွန္တကယ္တည္ရွိႏုိင္ေၾကာင္း ခန္႔မွန္းမိၾကပါတယ္။ သို႔ေသာ္လည္း  ထိုမွတ္တမ္းမ်ားတြင္ပင္ ထရြဳိင္း ၿမိဳ႕ေတာ္ကို ၉ ပိုင္းခြဲၿခားထားၿပီး ၄၆ အလႊာၿဖင့္ပိုင္းၿခားထားၿပီးေၿခာက္ခုေၿမာက္ တံတိုင္းအလႊာတြင္ ထရိုဂ်န္စစ္ပြဲစတင္ၿဖစ္ပြားသည္ ဆိုထားရာ မွတ္တမ္းမ်ားအရ ထရြဳိင္းၿမိဳ႕၏ ဖြဲ႕စည္းတည္ေဆာက္ပံုအဆင့္ဆင့္မွာ ဗိသုကာလြန္ေၿမာက္ကာ ဒ႑ာရီဆန္လြန္းၿပန္ပါတယ္။ ဒါေပမယ့္ ထုိဒ႑ာရီမ်ားဟာ အမွန္တကယ္ၿဖစ္ခဲ့ေၾကာင္း ထရြဳိင္းၿမိဳ႕က သက္ေသၿပႏုိင္ခဲ့ပါတယ္။

Troy ဇာတ္ကားမွ ဇာတ္၀င္ခန္းတစ္ခန္း

ရာစုႏွစ္ေပါင္းမ်ားစြာကတည္းက ၎ၿမိဳ႕ဟာ  ယခုလက္ရွိတူရကီႏုိင္ငံရဲ႕ တစ္ေနရာက သဲေၿမေတြေအာက္မွာ ၿမွပ္ႏွံထားၿခင္းခံခဲ့ရတယ္လုိ႔ ပုံျပင္ဆန္ဆန္ေျပာဆုိခဲ့ၾကပါတယ္။ သို႕ေသာ္လည္း ၁၈၇၀  ခုႏွစ္မွသာ ထရြဳိင္းၿမဳိ႕ကို စိတ္၀င္စားတဲ့ ဂ်ာမန္လူမ်ိဳး သူေဌးႀကီး Heinrich Schliemann ဆိုသူဟာ ဂရိရာဇ၀င္သမိုင္းအေထာက္အထားအရ ၎ၿမိဳ႕ကိုစတင္ရွာေဖြႏုိင္ခဲ့ၿပီး တူးေဖာ္ေတြ႕ရွိခဲပါတယ္။ ငယ္စဥ္ကတည္းက ထရြဳိင္းၿမဳိ႕ နဲ႔ ထရုိဂ်န္စစ္ပြဲပုံျပင္ေတြကုိ စြဲလန္းခဲ့တဲ့ Schliemann ဟာ သူရဲ႕ သုေတသနကို ၁၈၇၀ ခုႏွစ္မွာစတင္ၿပဳလုပ္ၿပီး စတင္ၿပဳလုပ္ခ်ိန္မွာ တူရကီ အစိုးရဆီမွ ခြင့္ၿပဳခ်က္မရၿခင္းမရွိခဲ့ပါဘူး။

လက္ရွိၿမိဳ႕ေဟာင္းပံုမ်ား 

သူနဲ႔ သူ႔အလုပ္သမားမ်ားဟာ အဓိကတူးေၿမာင္းႏွစ္ခုတူးဆြၿပီး ရွာေဖြခဲ့ၾကရာမွာ ဒင္းဂၤါးၿပားမ်ား ေရွးေဟာင္းအသံုးအေဆာင္ပစၥည္းမ်ားနဲ႕ လက္နက္ကိရိယာမ်ားကိုေတြ႕ရွိခဲ့ၾကပါတယ္။ အဲဒါအျပင္ နံရံကဲ့သို႔ တံတိုင္းတစ္ခုကိုလည္းေတြ႔ရွိခဲ့ၾကပါတယ္။ ဒီလုိေတြ႔ရွိေသာနံရံကို Schliemann က ဘုရားေက်ာင္းေဆာင္ ဒါမွမဟုတ္ ထရြဳိင္းၿမိဳ႕ရဲ႕ေနရာတစ္ေနရာၿဖစ္မယ္လို႕ယံုၾကည္ထားပါတယ္။ ထိုကဲ့သို႕ရွာေဖြေတြ႕ရွိၿခင္းရလဒ္အေနၿဖင့္ ၎ေရွးေဟာင္းၿမိဳ႕ရဲ႕အလႊာမ်ားစြာဟာ စနစ္တက်နဲ႕ ၿမဳပ္ႏွံထားၿခင္းခံထား၇တယ္လို႕လည္း သူကယံုၾကည္ေနပါတယ္။

ဂ်ာမန္လူမ်ိဳး သူေဌးႀကီး Heinrich Schliemann

၁၈၇၁ ခုႏွစ္မွာ သူဟာ တုရကီအစိုးရထံမွ ခြင့္ၿပဳခ်က္ရရွိေအာင္ ေတာင္းခံၿပီးေနာက္တြင္ သူဟာ အဓိကတူးေၿမာင္းကိုစတင္တူးေဖာ္ပါတယ္။ သူနဲ႕သူအလုပ္သမားေတြဟာအဓိကၿမိဳ႕ရိုးကို အျမန္ေရာက္ရန္အတြက္ မ်ားစြာေသာ ၿမိဳ႕ရိုးငယ္မ်ားကို  ဖ်က္စီးတူးေဖာ္ၿခင္းမ်ား ၿပဳလုပ္ခဲ့ၾကပါတယ္။ ၁၈၇၃ ခုႏွစ္မွာေတာ့္ အဓိကၿမိဳ႕ေတာ့္ကို ေတြ႕ရွိခဲ့ၿပီး ေရႊထည္အဆင္တန္ဆာမ်ား ၊ ေရွးေဟာင္းပစၥည္းမ်ားကိုေတြ႕ရွိခဲ့ပါတယ္။ ထို႕အတူ ၿမိဳ႕ရိုးနံရံမ်ား၊ ဂိတ္ေပါက္မ်ား အေဆာက္အဦးမ်ားကိုလည္း တူးေဖာ္ေတြ႕ရွိခဲ့ပါတယ္။ သူတုိ႔တူးေဖာ္ရရွိခဲ့တဲ့ ေရွးေဟာင္းပစၥည္းမ်ားထဲမွာ စစ္သံုးဦးထုပ္မ်ား ဒိုင္းမ်ား ပန္းအိုးမ်ား စစ္ပစၥည္းအသံုးအေဆာင္မ်ား၊ ေရႊနားဆြဲမ်ား၊  ေရႊေခါင္းစြပ္မ်ားအား ကာလတန္ေၾကး $9,000 ခန္႕အားေမွာင္ခိုေရာင္းခ်ခဲ့ပါတယ္။

ၿပတိုက္အတြင္းမွ ေရွးေဟာင္းအသံုးအေဆာင္မ်ား

ေနာက္ဆံုးတြင္ တူရကီအစိုးရမွ စစ္ေဆးေတြ႕ရွိခဲ့ၿပီး ဒဏ္ေၾကးႏွင့္အတူ တူးေဖာ္မႈတြင္ ပ်က္စီးဆံုးရွံဳးမႈမ်ားအတြက္ တူရကီအစိုးရအား သူရရွိေသာစုစုေပါင္း $80,000 အနက္မွ $15,000 အားေလွ်ာ္ေၾကးၿပန္လည္ ေပးဆပ္ခဲ့ရပါတယ္။ Schliemann ရဲ႕ ရတနာအမ်ားစုအား အစပိုင္းတြင္ ဂ်ာမဏီႏုိင္ငံရွိ ၿပတိုက္တစ္ခုက၀ယ္ယူၿပသထားပါတယ္။ ၂၀  ရာစုေစာပိုင္းကာလေတြမွာ ထို ထရြဳိင္းၿမိဳ႕ သုေတသနာလုပ္ငန္းမ်ားအား ဆက္လက္လုပ္ကိုင္လွ်က္ရွိပါတယ္။ သုေတသီပညာရွင္မ်ားက Schliemann ေတြ႕ရွိခဲ့တဲ့ ၿမဳိ႕ေဟာင္းဟာ ထရြဳိင္းၿမိဳ႕အစစ္အမွန္ျဖစ္ေၾကာင္း အတည္ၿပဳၾကပါတယ္။  ဒါေပမယ့္ ထရြဳိင္းၿမဳိ႕ ၉ၿမဳိ႕ရွိတဲ့အနက္ လြန္ခဲ့တဲ့ႏွစ္ေပါင္း BC-2500 ခန္႔ က ထရြဳိင္းၿမိဳ႕ေတာ္(၂) သာၿဖစ္ေၾကာင္းအတည္ၿပဳခဲ့ၿခင္းၿဖစ္ပါတယ္။

ခိုင္ခံ့ေသာ တံတိုင္းႀကီးမ်ား၊ ေမၽွာ္စင္ႀကီးမ်ား၊ တိုင္အက်ိဳး အပဲ့မ်ားကို ေတြ႕ရသျဖင့္ ထိုၿမိဳ႕ေတာ္ႀကီးသည္ တေခတ္က ႀကီး က်ယ္စည္ကားေသာ ၿမိဳ႕ႀကီးတစ္ၿမိဳ႕ ျဖစ္ခဲ့ေၾကာင္းသိရွိခဲ့ၾကပါတယ္။ ၁၈၇၁ ခုႏွစ္ႏွင့္ ၁၈၉ဝ ျပည့္ႏွစ္ မ်ားတြင္ အဆိုပါေနရာကို တူးေဖာ္မႈမ်ားအရ ထ႐ိုဂ်န္စစ္ပြဲ ျဖစ္ပြားသည့္အရပ္ျဖစ္ေၾကာင္း အေထာက္အထားမ်ားကို ေတြ႔ခဲ့ရပါတယ္။

Schliemann ေတြ႕ရွိခဲ့တဲ့ ရတနာေတြနဲ႕ ေရွးေဟာင္းပစၥည္းေတြဟာလည္း ေမွာင္ခိုေစ်းကြက္မွာ ပ်ံႏွံသြားၿပီၿဖစ္တဲ့အတြက္ လိုက္လံရွာေဖြဖို႕ကလည္း မလြယ္ကူေတာ့ျပန္ပါဘူး။ ၁၉၄၅ ခုႏွစ္မွာေတာ့္ ဂ်ာမနီ နိုင္ငံမွာ နာဇီပါတီ က်ဆံုးမႈနဲ႕အတူ ထိုေရွးေဟာင္းအေမြအႏွစ္မ်ားဟာ ဂ်ာမနီၿပတိုက္မွ အခိုးခံလိုက္ရပါတယ္။ ၁၉၉၃ခုႏွစ္မွာေတာ့္ ထိုေရွးေဟာင္းပစၥည္းမ်ားဟာ ေမာ္စကိုရဲ႕အႏုပညာ ၿပတိုက္တစ္ခုမွာလို႔ ေၾကၿငာထုတ္ေဖာ္ေၿပာၾကားလိုက္ၿပီး ရုရွားႏုိင္ငံရဲ႕ တပ္နီေတာ္မွ ဒုတိယ ကမာၻစစ္အၿပီးတြင္ခိုးယူသြားၿခင္းၿဖစ္တယ္လို႕လည္းေၿပာဆိုထားပါတယ္။ ေရွးေဟာင္းသုေတသန အဖြဲမ်ားက သုေတသနၿပဳလုပ္ၿပီးတဲ့ေနာက္မွာေတာ့ ထုိပစၥည္းေတြဟာ  ေၾကးနီေခတ္မွ ေရွးေဟာင္းပစၥည္းမ်ားျဖစ္တယ္လို႔ အတည္ၿပဳၾကပါတယ္။

သို႕ေသာ္လည္း ထရြဳိင္းၿမဳိ႕ရဲ႕သမိုင္းပံုၿပင္က ဒီမွာတင္ၿပီးဆံုးသြားမွာ မဟုတ္ေသးပါဘူး။ မူလ ထရြဳိင္းၿမိဳ႕ေတာ္ရဲ႕ပတ္၀န္းက်င္မွာ ၿမိဳ႕ေတာ္ကိုးခုတည္ေဆာက္ထားၿခင္းကို သမိုင္းထဲမွာေတြ႕ရွိရၿပီး သုေတသီေတြရဲ႕ စိတ္အ၀င္စားဆံုးၿမိဳ႕ေတာ္ ေတြကေတာ့္ ထရြဳိင္း(၆)(1700-1250B.C) နဲ႕ ထရြဳိင္း(၇)(1250-1000 B.C) ၿမိဳ႕ေတြပဲၿဖစ္ပါတယ္။  ထရြဳိင္း(၆) ၿမဳိ႕ဟာ ဘီစီ ၁၃ရာစု မွာ ငလွ်င္ဒါဏ္ေၾကာင့္ ပ်က္စီးခဲ့တယ္လုိ႔ သိရပါတယ္။

ထရြဳိင္း ၉ ၿမဳိ႕

က်န္ရွိေနတဲ့ ၿမိဳ႕သူၿမိဳ႕သားေတြ စုေပါင္းၿပီး ထရြဳိင္း(၇) ကိုတည္ေဆာက္ၿပီး ထို ထရြဳိင္း(၇) ၿမိဳ႕သာလွ်င္ ေရွးေဟာင္းဂရိစာေပမ်ားထဲမွာ ေဖာ္ၿပထားေသာ ထရိုဂ်န္စစ္ပြဲအၿပီးပ်က္စီးသြားေသာ ၿမိဳ႕ၿဖစ္ပါတယ္။ သုေတသီမ်ားဟာ ယခုအခ်ိန္ထိ က်န္ရွိေနေသးတဲ့ အစိတ္အပိုင္းမ်ားကို ရွာေဖြေနၾကဆဲပါ။  ထရြဳိင္းၿမဳိ႕ေဟာင္းဟာ ၁၉၉၈ခုႏွစ္မွာေတာ့ UNESCO ရဲ႕ ကမာၻ႔အေမြအႏွစ္ေနရာတစ္ခုအျဖစ္ ထည့္သြငး္သတ္မွတ္ခံခဲ့ရပါတယ္။ လြန္ခဲ့တဲ့ႏွစ္ေပါင္းတစ္ရာေက်ာ္က Schliemann ရဲ႕ရွာေဖြေတြ႕ရွိခဲ့တာဟာ ပထမဆံုးရွာေဖြေတြ႔ရွိမႈၿဖစ္ၿပီး လက္ရွိကာလမွာေတာ့ စိတ္၀င္စားစရာေကာင္းေသာ ဒ႑ာရီမ်ားနဲ႔ ၿပည့္ႏွက္ေနတဲ့ ထိုၿမိဳ႕ကိုဆက္လက္သုေတသန ၿပဳလုပ္ေနၾကဆဲျဖစ္ပါေတာ့တယ္။

ထရြဳိင္း (၆) ၿမဳိ႕ရဲ႕ပုံစံ
ဇာတ္ကားထဲမွ ထရြဳိင္းၿမဳိ႕
လက္ရွိၿမိဳ႕ေဟာင္းပံုမ်ား
လက္ရွိၿမိဳ႕ေဟာင္းပံုမ်ား

ကြင္းဆင္း သုေသတန ၿပဳလုပ္ေနသူတစ္ဦး

ဆာကူရာဘေလာ့
Wikipedia

—————-

ကမ္ဘာ့ဒဏ္ဍာရီထဲက ထရွိုင်း မြို့တော် (unicode)

ကျွန်တော်တို့တွေ  ထရွိုင်း (Troy)မြို့ လို့ပြောလိုက်ရင်  အရင်ဆုံးမြင်းရုပ်ကြီးကို  ပြေးမြင်မိကြမှာပါ။ ကျွန်တော်တို့ငယ်စဉ်က ကျောင်းဖတ်စာစာအုပ် သင်ရိုးညွန်းတန်းထဲမှာလည်း ထရွိုင်း မြို့မှ ထရိုဂျန်စစ်ပွဲဆိုတဲ့ ခေါင်းစဉ်အမည်နဲ့ ဖတ်စာအဖြစ်ပြဌာန်းခဲ့ဖူးပါတယ်။ ငယ်စဉ်တုန်းကတော့ ဖတ်စာအဖြစ်သာအလွယ်ဖတ်ဖူးပြီး ထရွိုင်းမြို့ရဲ့ ဒဏ္ဍာရီဆန်တဲ့အကြောင်းတွေ အငြင်းပွားစရာစိတ်ဝင်စားစရာတွေကို မသိရှိခဲ့ပါဘူး။ တကယ်တော့ ထရွိုင်းမြို့ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀၀ ကာလကတည်းက တည်ရှိခဲ့တဲ့မြို့တစ်မြို့ဖြစ်ပြီး ရှေးကျတဲ့လူမျိုးတစ်စုနေထိုင်တဲ့မြို့တစ်မြို့ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်တွေများစွာက  ထို ထရွိုင်း မြို့ဟောင်းကို မတွေ့ရှိသေးသမျှကာလပတ်လုံး ၎င်းမြို့ကို ဒဏ္ဍာရီထဲက ပုံပြင်ဆန်ဆန် မြို့တစ်မြို့အဖြစ်သာ လူတွေကသတ်မှတ်ထားကြပါတယ်။ ယခုအချိန်မှာတော့ တူရကီနိုင်ငံ  Idal တောင်ကုန်းဘေးနားမှာ ၎င်းမြို့ဟောင်းကိုတွေ့မြင်နိုင်ပါပြီ။ တကယ်တော့ ထိုမြို့ဟောင်းကို ပြန်လည်ရှာဖွေတွေ့ရှိရခြင်းမှာ ဂရိခေတ်စာဆိုပညာရှင်တွေ ရေးမှတ်ထားခဲ့တဲ့ ရှေးဟောင်းစာပေတွေထဲကမှ ထရိုဂျန်စစ်ပွဲ အကြောင်းစွန့်စားခန်းများကို ရေးသားထားခြင်းများကို တွေ့ရှိခြင်းကြောင့်လို့လည်း တစ်နည်းအားဖြင့် ပြောနိုင်ပါတယ်။ ထရွိုင်းမြို့၏ အရှေ့တောင်ဘက်တွင် နတ်မင်းကြီးဇု စံမြန်း ရာ ဘုံဗိမာန်ရှိသော အိုင်ဒါတောင်ကို တွေ့မြင်နိုင်သည်ဟု ကမ္ဘာက်ျာ ဂရိလူမျိုး ကဗျာစာဆိုကြီး ဟိုးမားက သူ၏အစ်လိယက်အမည်ရှိ ကဗျာရှည်ကြီးတွင်ရေးသားခဲ့ပါတယ်။

ထရိုဂျန်စစ်ပွဲစွန့်စားခန်းများမှာ ဂရိတို့က ထရွိုင်းမြို့အား တိုက်ခိုက်ရာမှာ အစပထမ မတိုက်ခိုက်နိုင်ပဲ နောက်ဆုံး ထရိုဂျန် မြင်းရုပ်ကြီး ပုံစံတည်ဆောက်ပြီးမှ စိမ့်ဝင်တိုက်ခိုက်ပြီး ဥပါယ်တံမျဉ်ဖြင့် အနိုင်ရသွားကြောင်းကို ရေးသားထားခြင်းဖြစ်ပါတယ်။ ဒီကဗျာကို တွေ့ရှိခြင်းအားဖြင့် ၎င်းမြို့အမှန်တကယ်တည်ရှိနိုင်ကြောင်း ခန့်မှန်းမိကြပါတယ်။ သို့သော်လည်း  ထိုမှတ်တမ်းများတွင်ပင် ထရွိုင်း မြို့တော်ကို ၉ ပိုင်းခွဲခြားထားပြီး ၄၆ အလွှာဖြင့်ပိုင်းခြားထားပြီးခြောက်ခုမြောက် တံတိုင်းအလွှာတွင် ထရိုဂျန်စစ်ပွဲစတင်ဖြစ်ပွားသည် ဆိုထားရာ မှတ်တမ်းများအရ ထရွိုင်းမြို့၏ ဖွဲ့စည်းတည်ဆောက်ပုံအဆင့်ဆင့်မှာ ဗိသုကာလွန်မြောက်ကာ ဒဏ္ဍာရီဆန်လွန်းပြန်ပါတယ်။ ဒါပေမယ့် ထိုဒဏ္ဍာရီများဟာ အမှန်တကယ်ဖြစ်ခဲ့ကြောင်း ထရွိုင်းမြို့က သက်သေပြနိုင်ခဲ့ပါတယ်။

ရာစုနှစ်ပေါင်းများစွာကတည်းက ၎င်းမြို့ဟာ  ယခုလက်ရှိတူရကီနိုင်ငံရဲ့ တစ်နေရာက သဲမြေတွေအောက်မှာ မြှပ်နှံထားခြင်းခံခဲ့ရတယ်လို့ ပုံပြင်ဆန်ဆန်ပြောဆိုခဲ့ကြပါတယ်။ သို့သော်လည်း ၁၈၇၀  ခုနှစ်မှသာ ထရွိုင်းမြို့ကို စိတ်ဝင်စားတဲ့ ဂျာမန်လူမျိုး သူဌေးကြီး Heinrich Schliemann ဆိုသူဟာ ဂရိရာဇဝင်သမိုင်းအထောက်အထားအရ ၎င်းမြို့ကိုစတင်ရှာဖွေနိုင်ခဲ့ပြီး တူးဖော်တွေ့ရှိခဲပါတယ်။ ငယ်စဉ်ကတည်းက ထရွိုင်းမြို့ နဲ့ ထရိုဂျန်စစ်ပွဲပုံပြင်တွေကို စွဲလန်းခဲ့တဲ့ Schliemann ဟာ သူရဲ့ သုတေသနကို ၁၈၇၀ ခုနှစ်မှာစတင်ပြုလုပ်ပြီး စတင်ပြုလုပ်ချိန်မှာ တူရကီ အစိုးရဆီမှ ခွင့်ပြုချက်မရခြင်းမရှိခဲ့ပါဘူး။

သူနဲ့ သူ့အလုပ်သမားများဟာ အဓိကတူးမြောင်းနှစ်ခုတူးဆွပြီး ရှာဖွေခဲ့ကြရာမှာ ဒင်းင်္ဂါးပြားများ ရှေးဟောင်းအသုံးအဆောင်ပစ္စည်းများနဲ့ လက်နက်ကိရိယာများကိုတွေ့ရှိခဲ့ကြပါတယ်။ အဲဒါအပြင် နံရံကဲ့သို့ တံတိုင်းတစ်ခုကိုလည်းတွေ့ရှိခဲ့ကြပါတယ်။ ဒီလိုတွေ့ရှိသောနံရံကို Schliemann က ဘုရားကျောင်းဆောင် ဒါမှမဟုတ် ထရွိုင်းမြို့ရဲ့နေရာတစ်နေရာဖြစ်မယ်လို့ယုံကြည်ထားပါတယ်။ ထိုကဲ့သို့ရှာဖွေတွေ့ရှိခြင်းရလဒ်အနေဖြင့် ၎င်းရှေးဟောင်းမြို့ရဲ့အလွှာများစွာဟာ စနစ်တကျနဲ့ မြုပ်နှံထားခြင်းခံထား၇တယ်လို့လည်း သူကယုံကြည်နေပါတယ်။

၁၈၇၁ ခုနှစ်မှာ သူဟာ တုရကီအစိုးရထံမှ ခွင့်ပြုချက်ရရှိအောင် တောင်းခံပြီးနောက်တွင် သူဟာ အဓိကတူးမြောင်းကိုစတင်တူးဖော်ပါတယ်။ သူနဲ့သူအလုပ်သမားတွေဟာအဓိကမြို့ရိုးကို အမြန်ရောက်ရန်အတွက် များစွာသော မြို့ရိုးငယ်များကို  ဖျက်စီးတူးဖော်ခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။ ၁၈၇၃ ခုနှစ်မှာတော့် အဓိကမြို့တော့်ကို တွေ့ရှိခဲ့ပြီး ရွှေထည်အဆင်တန်ဆာများ ၊ ရှေးဟောင်းပစ္စည်းများကိုတွေ့ရှိခဲ့ပါတယ်။ ထို့အတူ မြို့ရိုးနံရံများ၊ ဂိတ်ပေါက်များ အဆောက်အဦးများကိုလည်း တူးဖော်တွေ့ရှိခဲ့ပါတယ်။ သူတို့တူးဖော်ရရှိခဲ့တဲ့ ရှေးဟောင်းပစ္စည်းများထဲမှာ စစ်သုံးဦးထုပ်များ ဒိုင်းများ ပန်းအိုးများ စစ်ပစ္စည်းအသုံးအဆောင်များ၊ ရွှေနားဆွဲများ၊  ရွှေခေါင်းစွပ်များအား ကာလတန်ကြေး $9,000 ခန့်အားမှောင်ခိုရောင်းချခဲ့ပါတယ်။

နောက်ဆုံးတွင် တူရကီအစိုးရမှ စစ်ဆေးတွေ့ရှိခဲ့ပြီး ဒဏ်ကြေးနှင့်အတူ တူးဖော်မှုတွင် ပျက်စီးဆုံးရှုံးမှုများအတွက် တူရကီအစိုးရအား သူရရှိသောစုစုပေါင်း $80,000 အနက်မှ $15,000 အားလျှော်ကြေးပြန်လည် ပေးဆပ်ခဲ့ရပါတယ်။ Schliemann ရဲ့ ရတနာအများစုအား အစပိုင်းတွင် ဂျာမဏီနိုင်ငံရှိ ပြတိုက်တစ်ခုကဝယ်ယူပြသထားပါတယ်။ ၂၀  ရာစုစောပိုင်းကာလတွေမှာ ထို ထရွိုင်းမြို့ သုတေသနာလုပ်ငန်းများအား ဆက်လက်လုပ်ကိုင်လျှက်ရှိပါတယ်။ သုတေသီပညာရှင်များက Schliemann တွေ့ရှိခဲ့တဲ့ မြို့ဟောင်းဟာ ထရွိုင်းမြို့အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုကြပါတယ်။  ဒါပေမယ့် ထရွိုင်းမြို့ ၉မြို့ရှိတဲ့အနက် လွန်ခဲ့တဲ့နှစ်ပေါင်း BC-2500 ခန့် က ထရွိုင်းမြို့တော်(၂) သာဖြစ်ကြောင်းအတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။

ခိုင်ခံ့သော တံတိုင်းကြီးများ၊ မျှော်စင်ကြီးများ၊ တိုင်အကျိုး အပဲ့များကို တွေ့ရသဖြင့် ထိုမြို့တော်ကြီးသည် တခေတ်က ကြီး ကျယ်စည်ကားသော မြို့ကြီးတစ်မြို့ ဖြစ်ခဲ့ကြောင်းသိရှိခဲ့ကြပါတယ်။ ၁၈၇၁ ခုနှစ်နှင့် ၁၈၉ဝ ပြည့်နှစ် များတွင် အဆိုပါနေရာကို တူးဖော်မှုများအရ ထရိုဂျန်စစ်ပွဲ ဖြစ်ပွားသည့်အရပ်ဖြစ်ကြောင်း အထောက်အထားများကို တွေ့ခဲ့ရပါတယ်။

Schliemann တွေ့ရှိခဲ့တဲ့ ရတနာတွေနဲ့ ရှေးဟောင်းပစ္စည်းတွေဟာလည်း မှောင်ခိုဈေးကွက်မှာ ပျံနှံသွားပြီဖြစ်တဲ့အတွက် လိုက်လံရှာဖွေဖို့ကလည်း မလွယ်ကူတော့ပြန်ပါဘူး။ ၁၉၄၅ ခုနှစ်မှာတော့် ဂျာမနီ နိုင်ငံမှာ နာဇီပါတီ ကျဆုံးမှုနဲ့အတူ ထိုရှေးဟောင်းအမွေအနှစ်များဟာ ဂျာမနီပြတိုက်မှ အခိုးခံလိုက်ရပါတယ်။ ၁၉၉၃ခုနှစ်မှာတော့် ထိုရှေးဟောင်းပစ္စည်းများဟာ မော်စကိုရဲ့အနုပညာ ပြတိုက်တစ်ခုမှာလို့ ကြေငြာထုတ်ဖော်ပြောကြားလိုက်ပြီး ရုရှားနိုင်ငံရဲ့ တပ်နီတော်မှ ဒုတိယ ကမ္ဘာစစ်အပြီးတွင်ခိုးယူသွားခြင်းဖြစ်တယ်လို့လည်းပြောဆိုထားပါတယ်။ ရှေးဟောင်းသုတေသန အဖွဲများက သုတေသနပြုလုပ်ပြီးတဲ့နောက်မှာတော့ ထိုပစ္စည်းတွေဟာ  ကြေးနီခေတ်မှ ရှေးဟောင်းပစ္စည်းများဖြစ်တယ်လို့ အတည်ပြုကြပါတယ်။

သို့သော်လည်း ထရွိုင်းမြို့ရဲ့သမိုင်းပုံပြင်က ဒီမှာတင်ပြီးဆုံးသွားမှာ မဟုတ်သေးပါဘူး။ မူလ ထရွိုင်းမြို့တော်ရဲ့ပတ်ဝန်းကျင်မှာ မြို့တော်ကိုးခုတည်ဆောက်ထားခြင်းကို သမိုင်းထဲမှာတွေ့ရှိရပြီး သုတေသီတွေရဲ့ စိတ်အဝင်စားဆုံးမြို့တော် တွေကတော့် ထရွိုင်း(၆)(1700-1250B.C) နဲ့ ထရွိုင်း(၇)(1250-1000 B.C) မြို့တွေပဲဖြစ်ပါတယ်။  ထရွိုင်း(၆) မြို့ဟာ ဘီစီ ၁၃ရာစု မှာ ငလျှင်ဒါဏ်ကြောင့် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ကျန်ရှိနေတဲ့ မြို့သူမြို့သားတွေ စုပေါင်းပြီး ထရွိုင်း(၇) ကိုတည်ဆောက်ပြီး ထို ထရွိုင်း(၇) မြို့သာလျှင် ရှေးဟောင်းဂရိစာပေများထဲမှာ ဖော်ပြထားသော ထရိုဂျန်စစ်ပွဲအပြီးပျက်စီးသွားသော မြို့ဖြစ်ပါတယ်။ သုတေသီများဟာ ယခုအချိန်ထိ ကျန်ရှိနေသေးတဲ့ အစိတ်အပိုင်းများကို ရှာဖွေနေကြဆဲပါ။  ထရွိုင်းမြို့ဟောင်းဟာ ၁၉၉၈ခုနှစ်မှာတော့ UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် ထည့်သွင်းသတ်မှတ်ခံခဲ့ရပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်က Schliemann ရဲ့ရှာဖွေတွေ့ရှိခဲ့တာဟာ ပထမဆုံးရှာဖွေတွေ့ရှိမှုဖြစ်ပြီး လက်ရှိကာလမှာတော့ စိတ်ဝင်စားစရာကောင်းသော ဒဏ္ဍာရီများနဲ့ ပြည့်နှက်နေတဲ့ ထိုမြို့ကိုဆက်လက်သုတေသန ပြုလုပ်နေကြဆဲဖြစ်ပါတော့တယ်။

ဆာကူရာဘလော့
Wikipedia

Leave a Reply