ကမာၻ႔အေအးခ်မ္းဆုံးႏုိင္ငံေလးတစ္ခုျဖစ္တဲ့ လင့္ခ်္တင္စတိုင္းႏုိင္ငံ အေၾကာင္း

Posted on

Via : The Voice Myanmar

ဆြစ္ဇာလန္ႏိုင္ငံႏွင့္ ဩစႀတီးယန္းႏိုင္ငံ နယ္စပ္ၾကားရွိ အလြန္ေသးငယ္ေသာ ဘုရင့္ႏိုင္ငံေလး တစ္ႏိုင္ငံျဖစ္သည္။ ေတာင္ထူထပ္ေသာ ႏွစ္ႏိုင္ငံၾကားတြင္တည္ရွိၿပီး ဥေရာပတိုက္တြင္ စတုတၳေျမာက္ အေသးဆံုးႏိုင္ငံေလး တစ္ႏိုင္ငံလည္း ျဖစ္သည္။ ျမဴနီစီပယ္အုပ္ခ်ဳပ္မႈ ဆိုင္ရာနယ္ေျမ ၁၁ ခုဖြဲ႔စည္းေပးထားၿပီး လူဦးေရကလည္း ၃၈၁၁၁ (၂၀၁၇ ခုႏွစ္စာရင္းအရ) သာရွိသည္။

ကမၻာေပၚတြင္ အိုလံပစ္ေ႐ႊတံဆိပ္ဆုရသည့္ အထဲတြင္ ႏိုင္ငံအ႐ြယ္အစားႏွင့္မလိုက္ေအာင္ အမ်ားဆံုးရရွိထားသည့္ ႏိုင္ငံတစ္ခုျဖစ္ၿပီး ဥေရာပတိုက္၏ အလည္ပတ္သင့္ဆံုး ေနရာတစ္ေနရာအျဖစ္လည္း သတ္မွတ္ထားျခင္း ခံရသည္။

လင့္ခ်္တင္စတိုင္းႏိုင္ငံတြင္ တစ္ႏိုင္ငံလံုးႏွင့္ယွဥ္မွ ေထာင္ထဲေရာက္ေနသူ ၁၀ ဦးခန္႔သာရွိေၾကာင္း ၂၀၁၄ ခုႏွစ္က ထုတ္ျပန္ထားသည္။ ဓားထိုးမႈအနည္းငယ္ ျဖစ္ဖူးသည့္ကလြဲၿပီး ကမၻာေပၚတြင္ လံုၿခံဳစိတ္ခ်ရမႈ အရွိဆံုးႏိုင္ငံအျဖစ္ ထင္ရွားသည္။ ႏွစ္ေပါင္း ၂၀ အတြင္းတြင္ လူသတ္မႈတစ္မႈသာျဖစ္ခဲ့ၿပီး မုဒိမ္းမႈလံုးဝမရွိေသာ ႏိုင္ငံလည္းျဖစ္သည္။

လူဦးေရ ၃၈၀ဝ၀ ခန္႔ရွိေသာ ၿမိဳ႕၏ လူေနအိမ္မ်ားတြင္ တံခါးေသာ့ခတ္ေလ့ မရွိျခင္းကလည္း ထူးျခားမႈတစ္ခုျဖစ္သည္။ သူတို႔ႏိုင္ငံသားေတြက ဆင္းဆင္းရဲရဲေတြ မဟုတ္ၾက။ သို႔ေသာ္ ႏိုင္ငံေသးေသးေလးတြင္ စိတ္ဝင္စားစရာေတြက ျပည့္ေနသည္။

၁၈၈၆ ခုႏွစ္က ဩစႀတီးယန္းႏွင့္ပရပ္ရွားတို႔ စစ္ျဖစ္ခဲ့ၾကသည္။ လင့္ခ်္တင္စတိုင္းႏိုင္ငံလည္း ႏွစ္ႏိုင္ငံၾကားထဲတြင္ ရွိေနေသာေၾကာင့္ စစ္ထဲဝင္ပါခဲ့ရသည္။ လင့္ခ်္တင္စတိုင္း စစ္တပ္ တစ္တပ္လံုးမွ စစ္သား ၈၀ ခန္႔သာရွိသည္။ သူတို႔ကလည္း တစ္ႀကိမ္မွ တိုက္ပြဲအေတြ႔အႀကံဳမရွိဟု ဆိုသည္။ သို႔ေသာ္ စစ္ပြဲထဲေရာက္ၿပီးမွ အေတြ႔အႀကံဳေတြ ရလာခဲ့ရသည္။

သူတို႔ထဲက ျပန္လာသည့္ စစ္သားမ်ားႏွင့္ စစ္တပ္ကို ဖြဲ႔စည္းထားေသာ္လည္း စစ္သားအေရအတြက္က ၈၁ ဦးသာျဖစ္သည္။ ၂၀ဝ၇ ခုႏွစ္တြင္ ဆြစ္ဇာလန္ဘက္မွ တပ္မ်ားက သူတို႔နယ္ဘက္ကို က်ဴးေက်ာ္ဝင္ေရာက္လာသျဖင့္ တိုက္ပြဲတစ္ႀကိမ္ ျဖစ္ခဲ့ရဖူးသည္။ ဆြစ္ဇာလန္ဘက္က ေတာင္းပန္သျဖင့္ စစ္ပြဲဆက္မျဖစ္ေတာ့ဘဲ ရပ္ဆိုင္းသြားခဲ့ရသည္။

သြားတုတပ္ဆင္ဖူးသူတိုင္း လင့္ခ်္တင္စတိုင္းကို သတိရၾကသည္။ အဘယ္ေၾကာင့္ဆိုေသာ္ သြားတုအမ်ားစုကို ယင္းေဒသက ထုတ္လုပ္ေသာေၾကာင့္ျဖစ္သည္။ ႏွစ္စဥ္ သြားတုပံုေပါင္း သန္း ၆၀ ခန္႔ ထုတ္လုပ္ေပးၿပီး ကမၻာအႏွံ႔ ပို႔ေပးေနရသည္။ လင့္ခ်္တင္စတိုင္းႏိုင္ငံမွ Vivadent အမွတ္တံဆိပ္ သြားတုသည္ နာမည္ေက်ာ္သည္။ ဥေရာပတိုက္၏ သြားတုပံုလုပ္ေပးသည့္ ေဈးကြက္၏ ၄၀ ရာခိုင္ႏႈန္းခန္႔ကို စိုးမိုးပိုင္ဆိုင္ထားသည္။ ကမၻာ့ေဈးကြက္ ၂၀ ရာခိုင္ႏႈန္းခန္႔ကို သိမ္းပိုက္ထားႏိုင္သည္။

သြားတုပံုစံေပါင္း အမ်ိဳးအစား ၁၀ဝ၀ဝ ခန္႔ ထုတ္ေပးသည္။ အျဖဴ၊ ပုလဲ၊ ေ႐ႊေရာင္သြားေတြလည္း ထုတ္သည္။ ေဘာလိဝုဒ္ႏွင့္ ၿဗိတိန္ႏိုင္ငံတို႔က လင့္ခ်္တင္စတိုင္း သြားတုမ်ားကို အထူးႏွစ္သက္ၾကသည္။ အိႏၵိယ႐ုပ္ရွင္မ်ားထဲတြင္ မင္းသား မင္းသမီးတို႔၏ သြားျဖဴျဖဴေလးမ်ားသည္ ဤေဒသ လက္ရာမ်ားျဖစ္သည္ဟု ဆိုၾကသည္။

ႏိုင္ငံအက်ယ္က ၆၂ မိုင္ ပတ္လည္ေလာက္သာရွိၿပီး လူဦးေရ ၃၈၀ဝ၀ ခန္႔ေနထိုင္ေသာ ႏိုင္ငံသည္ ကမၻာေပၚတြင္ အေသးဆံုး ႏိုင္ငံတစ္ႏိုင္ငံဟု ဆိုရမည္။ ႏိုင္ငံအတြင္း ေနထိုင္ေသာ ျပည္သူတို႔သည္ တင္းက်ပ္သည့္ စည္းကမ္းမ်ားႏွင့္ ေနထိုင္ၾကရသည္။ ႏိုင္ငံတကာက အလုပ္လုပ္ရန္ ေရာက္လာသည့္ ခိုးဝင္သူမ်ားကို သံုးႏွစ္သာ ေနထိုင္ခြင့္ဗီဇာထုတ္ေပးသည္။ ဆက္ေနခ်င္လွ်င္ အမ်ားက သူ႔ကိုေထာက္ခံတင္ျပမွ ေနထိုင္ခြင့္ရွိသည္။ လင့္ခ်္တင္စတိုင္းတြင္ တစ္ႏွစ္ဝင္ေငြ ေဒၚလာ ၁၁၅,ဝ၀ဝ ခန္႔ ရွာေဖြႏိုင္ပါသည္။ အခြန္ကလည္း အနည္းငယ္သာ ေပးေဆာင္ရသည္။ ဝင္ေငြ၏ ၂၄ ရာခိုင္ႏႈန္းကိုသာ အခြန္ေကာက္သည္။

အခြန္ေကာက္ခံႏႈန္း နည္းသည့္အတြက္လည္း ႏိုင္ငံျခားကလုပ္ငန္းမ်ား လာေရာက္ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားစြာ လာလုပ္ၾကသည္။ ၿမိဳ႕ေနလူအမ်ားစုမွာ ဇူးရစ္၊ ျမဴးနစ္ႏွင့္မီလန္ စသည့္ ဂ်ာမနီႏိုင္ငံ ၿမိဳ႕ႀကီးမ်ားကို သြားေရာက္ အလုပ္လုပ္ၾကသည္က မ်ားသည္။ ႏိုင္ငံအတြင္း ကားေျပးဆြဲမႈ အနည္းဆံုး ႏိုင္ငံတစ္ႏိုင္ငံလည္း ျဖစ္သည္။

လင့္ခ်္တင္စတိုင္းတြင္ ဘုရင္ ဒုတိယေျမာက္ ဖရန္႔ဖ္ဂ်ိဳးဆက္ လက္ထက္ကတည္းက ဩဂုတ္လ ၁၆ ရက္ေန႔သို႔ေရာက္တိုင္း ဘုရင့္ေမြးေန႔ကို က်င္းပေလ့ရွိသည္။ ဩဂုတ္လ ၁၅ ရက္ေန႔ကို အမ်ိဳးသားေန႔အျဖစ္ သတ္မွတ္ထားသျဖင့္ ႏွစ္ရက္ဆက္တိုက္ ပြဲေတာ္ႀကီးကို တစ္ႏိုင္ငံလံုး ႀကီးက်ယ္ခမ္းနားစြာ က်င္းပေလ့ရွိသည္။ ၁၉၈၉ ခုႏွစ္တြင္ မင္းသား ဂ်ိဳးဇက္ ကြယ္လြန္သြားေသာ္လည္း ထိုေန႔ေရာက္တိုင္း ပြဲေတာ္ကို ဆက္လက္ က်င္းပေနဆဲ ျဖစ္သည္။

Vaduz ရဲတိုက္ႀကီးအေရာက္ လမ္းမ်ားေပၚတြင္ မီးပံုပြဲေတြ က်င္းပၾကသည္။ အရက္ေတြေသာက္၊ ေဒသထြက္ အစားအစာေတြ တည္ခင္း၊ တိုင္းရင္းသား ဝတ္စံုေတြဝတ္ကာ ႐ိုးရာအကေတြ ကၾကသည္။ ထိုအခ်ိန္တြင္ ႏိုင္ငံတကာမွ ဧည့္သည္ေတြလည္း ပြဲေတာ္ကိုလာေရာက္ၿပီး ေပ်ာ္ရႊင္စြာ ဆင္ႏႊဲၾကသည္။ ဘုရင္ကလည္း ထီးနန္းကို လာေရာက္လုယူမည့္သူမ်ား မရွိေသာေၾကာင့္ ေပ်ာ္ရႊင္စြာႏွင့္ ၿငိမ္းခ်မ္းသည့္ အထိမ္းအမွတ္ပြဲေတာ္ႀကီးကို က်င္းပေပးကာ တစ္ႏိုင္ငံလံုးေပ်ာ္ရႊင္စြာ ေသာက္စားကခုန္ေလ့ ရွိၾကသည္။

ႏိုင္ငံ၏ GDP အရတြက္လွ်င္ လင့္ခ်္တင္စတိုင္းႏိုင္ငံသည္ ကမၻာေပၚတြင္ အခ်မ္းသာဆံုး ႏိုင္ငံတစ္ႏိုင္ငံ ျဖစ္သည္ဟု ဆိုရမည္။ ႏိုင္ငံတြင္ အလုပ္လက္မဲ့ႏႈန္းကလည္း ၁ ဒသမ ၅ ရာခိုင္ႏႈန္းခန္႔သာ ရွိသည္။ ခ်မ္းသာသူ မ်ားသျဖင့္လည္း ေပ်ာ္ရႊင္စြာ လုပ္ခ်င္ရာလုပ္ၿပီး ေနထိုင္ၾကသည္။

ႏိုင္ငံကေသးေသာ္လည္း ေဒသ ၁၁ ခုခြဲထားၿပီး ဒီမိုကေရစီနည္းက် မဲျဖင့္ေ႐ြးေကာက္ တင္ေျမႇာက္ၾကေၾကာင္း ေတြ႔ရသည္။ တစ္ႏိုင္ငံလံုးတြင္ ရဲတပ္ဖြဲ႔ဝင္ ၁၀ဝ သာရွိသည္။ ႏိုင္ငံတြင္ အၾကမ္းဖက္မႈကလည္း မရွိ၊ ခိုးမႈ လူသတ္မႈလည္း မရွိေသာေၾကာင့္ ရမ္ဘိုလို လူစြမ္းေကာင္းေတြ ေပၚထြက္လာမည့္ ႏိုင္ငံမဟုတ္ဟု ဆိုၾကသည္။

ႏိုင္ငံကေသးၿပီး ျပည္ပႏိုင္ငံမ်ား၏ ယဥ္ေက်းမႈအမ်ားစု လႊမ္းမိုးျခင္းခံရေသာ ႏိုင္ငံတစ္ႏိုင္ငံျဖစ္သည္။ အထူးသျဖင့္ ဂ်ာမနီႏိုင္ငံေတာင္ပိုင္း ယဥ္ေက်းမႈ အမ်ားစုႏွင့္ ဩစႀတီးယန္း၊ ဘာေဘးရီးယန္း၊ ဆြစ္ဇာလန္ႏိုင္ငံတို႔၏ ယဥ္ေက်းမႈမ်ား ေပါင္းစံုထားရာ ၿမိဳ႕ဟူ၍လည္း ဆိုႏိုင္သည္။

လင့္ခ်္တင္စတိုင္းသို႔ ႏိုင္ငံတကာမွ ခရီးသြား ဧည့္သည္အမ်ားစု လာေရာက္ၾကျခင္းမွာ စကိတ္စီးရန္ ျဖစ္သည္။ ဩစႀတီးယားႏွင့္ ဆြစ္ဇာလန္ႏိုင္ငံတို႔၏ ႏိုင္ငံတကာ စကိတ္စီးပြဲေတာ္ကို ဤအရပ္တြင္ လာလုပ္ၾကသည္။ လင့္ခ်္တင္စတိုင္းရွိ မဲလ္ဘန္းၿမိဳ႕ေလးသည္ စကိတ္စီးရန္ အေကာင္းဆံုးၿမိဳ႕အျဖစ္ သတ္မွတ္ထားၾကၿပီး လာေရာက္ လည္ပတ္ေလ့ရွိၾကသည္။

ႏိုင္ငံျခားမွလာေသာ ဧည့္သည္အမ်ားစုမွာ စကိတ္စီးရန္ မဟုတ္ၾကေပ။ သူတို႔သည္ ဆြစ္ဇာလန္ဘက္က ေရာက္လာၾကျခင္းျဖစ္ၿပီး အေပ်ာ္သက္သက္ လည္ပတ္ၾကျခင္း ျဖစ္သည္။ အမ်ားစုမွ ဘုရင္ေနထိုင္ခဲ့သည့္ Vaduz ရဲတိုက္ကို သြားေရာက္ ၾကည့္႐ႈေလ့လာၾကသည္က မ်ားသည္။ ဓာတ္ပံု႐ိုက္ၾကသည္။ ႏိုင္ငံအတြင္း အမ်ားစုအသံုးျပဳသည့္ ေငြေၾကးမွာ ဆြစ္ေငြ Swiss franc (CHF) ျဖစ္သည္။

လင့္ခ်္တင္စတိုင္းတြင္ ကားလမ္းက ၁၅၅ မိုင္ ခန္႔သာရွိသည္။ စက္ဘီးျဖင့္ လည္ပတ္လွ်င္ ၆၅ မိုင္အတြင္း ၿမိဳ႕အႏွံ႔ေရာက္ႏိုင္သည္။ ဩစႀတီးယားႏွင့္ဆြစ္ဇာလန္သို႔ လင့္ခ်္တင္စတိုင္းကိုျဖတ္ၿပီး ေဖာက္ထားသည့္ မီးရထားလမ္းမွာ ၆ မိုင္ခန္႔သာရွိသည္။ ႏိုင္ငံအတြင္း ဘူတာကလည္း ေလးခုသာရွိသည္။

လင့္ခ်္တင္စတိုင္းတြင္ ေလဆိပ္မရွိေပ။ အနီးဆံုးေလဆိပ္မွာ ဆြစ္ဇာလန္ႏိုင္ငံအနီး မိုင္ ၈၀ ခန္႔ေဝးေသာ ဇူးရစ္ေလဆိပ္သာ ျဖစ္သည္။ ေလေၾကာင္းလိုင္းအျဖစ္ ရဟတ္ယာဥ္မ်ားႏွင့္ သယ္ယူပို႔ေဆာင္ေပးမႈမ်ားလည္း ရွိသည္။

လင့္ခ်္တင္စတိုင္းေရာက္လွ်င္ လည္ပတ္သင့္သည့္ ေနရာမ်ားမွာ Kunstmuseum Liechtenstein ျပတိုက္ႏွင့္ Liechtenstein National Museum တို႔ျဖစ္သည္။ Vaduz Castle, Gutenberg Castle, the Red House တို႔လည္း ထင္ရွားသည့္ သမိုင္းဝင္အေဆာက္အအံုမ်ား ျဖစ္သည္။

ေအးခ်မ္းၿပီး တိတ္ဆိတ္ၿငိမ္းခ်မ္းမႈကို ခံစားလိုသူမ်ား လင့္ခ်္တင္စတိုင္းသို႔သြားကာ အနားယူၾကသည္။ ရာဇဝတ္မႈကို မေၾကာက္ရေသာေၾကာင့္ စိတ္ခ်မ္းသာစြာျဖင့္ လည္ပတ္ႏိုင္သည့္ အရသာကို ခံစားႏိုင္ၾကမည္ ျဖစ္သည္။

Via : The Voice Myanmar Journal

——————–

ကမ္ဘာ့အအေးချမ်းဆုံးနိုင်ငံလေးတစ်ခုဖြစ်တဲ့ လင့်ခ်ျတင်စတိုင်းနိုင်ငံ အကြောင်း (unicode)

Via : The Voice Myanmar

ဆွစ်ဇာလန်နိုင်ငံနှင့် ဩစတြီးယန်းနိုင်ငံ နယ်စပ်ကြားရှိ အလွန်သေးငယ်သော ဘုရင့်နိုင်ငံလေး တစ်နိုင်ငံဖြစ်သည်။ တောင်ထူထပ်သော နှစ်နိုင်ငံကြားတွင်တည်ရှိပြီး ဥရောပတိုက်တွင် စတုတ္ထမြောက် အသေးဆုံးနိုင်ငံလေး တစ်နိုင်ငံလည်း ဖြစ်သည်။ မြူနီစီပယ်အုပ်ချုပ်မှု ဆိုင်ရာနယ်မြေ ၁၁ ခုဖွဲ့စည်းပေးထားပြီး လူဦးရေကလည်း ၃၈၁၁၁ (၂၀၁၇ ခုနှစ်စာရင်းအရ) သာရှိသည်။

ကမ္ဘာပေါ်တွင် အိုလံပစ်ရွှေတံဆိပ်ဆုရသည့် အထဲတွင် နိုင်ငံအရွယ်အစားနှင့်မလိုက်အောင် အများဆုံးရရှိထားသည့် နိုင်ငံတစ်ခုဖြစ်ပြီး ဥရောပတိုက်၏ အလည်ပတ်သင့်ဆုံး နေရာတစ်နေရာအဖြစ်လည်း သတ်မှတ်ထားခြင်း ခံရသည်။

လင့်ခ်ျတင်စတိုင်းနိုင်ငံတွင် တစ်နိုင်ငံလုံးနှင့်ယှဉ်မှ ထောင်ထဲရောက်နေသူ ၁၀ ဦးခန့်သာရှိကြောင်း ၂၀၁၄ ခုနှစ်က ထုတ်ပြန်ထားသည်။ ဓားထိုးမှုအနည်းငယ် ဖြစ်ဖူးသည့်ကလွဲပြီး ကမ္ဘာပေါ်တွင် လုံခြုံစိတ်ချရမှု အရှိဆုံးနိုင်ငံအဖြစ် ထင်ရှားသည်။ နှစ်ပေါင်း ၂၀ အတွင်းတွင် လူသတ်မှုတစ်မှုသာဖြစ်ခဲ့ပြီး မုဒိမ်းမှုလုံးဝမရှိသော နိုင်ငံလည်းဖြစ်သည်။

လူဦးရေ ၃၈ဝဝ၀ ခန့်ရှိသော မြို့၏ လူနေအိမ်များတွင် တံခါးသော့ခတ်လေ့ မရှိခြင်းကလည်း ထူးခြားမှုတစ်ခုဖြစ်သည်။ သူတို့နိုင်ငံသားတွေက ဆင်းဆင်းရဲရဲတွေ မဟုတ်ကြ။ သို့သော် နိုင်ငံသေးသေးလေးတွင် စိတ်ဝင်စားစရာတွေက ပြည့်နေသည်။

၁၈၈၆ ခုနှစ်က ဩစတြီးယန်းနှင့်ပရပ်ရှားတို့ စစ်ဖြစ်ခဲ့ကြသည်။ လင့်ခ်ျတင်စတိုင်းနိုင်ငံလည်း နှစ်နိုင်ငံကြားထဲတွင် ရှိနေသောကြောင့် စစ်ထဲဝင်ပါခဲ့ရသည်။ လင့်ခ်ျတင်စတိုင်း စစ်တပ် တစ်တပ်လုံးမှ စစ်သား ၈၀ ခန့်သာရှိသည်။ သူတို့ကလည်း တစ်ကြိမ်မှ တိုက်ပွဲအတွေ့အကြုံမရှိဟု ဆိုသည်။ သို့သော် စစ်ပွဲထဲရောက်ပြီးမှ အတွေ့အကြုံတွေ ရလာခဲ့ရသည်။

သူတို့ထဲက ပြန်လာသည့် စစ်သားများနှင့် စစ်တပ်ကို ဖွဲ့စည်းထားသော်လည်း စစ်သားအရေအတွက်က ၈၁ ဦးသာဖြစ်သည်။ ၂ဝဝ၇ ခုနှစ်တွင် ဆွစ်ဇာလန်ဘက်မှ တပ်များက သူတို့နယ်ဘက်ကို ကျူးကျော်ဝင်ရောက်လာသဖြင့် တိုက်ပွဲတစ်ကြိမ် ဖြစ်ခဲ့ရဖူးသည်။ ဆွစ်ဇာလန်ဘက်က တောင်းပန်သဖြင့် စစ်ပွဲဆက်မဖြစ်တော့ဘဲ ရပ်ဆိုင်းသွားခဲ့ရသည်။

သွားတုတပ်ဆင်ဖူးသူတိုင်း လင့်ခ်ျတင်စတိုင်းကို သတိရကြသည်။ အဘယ်ကြောင့်ဆိုသော် သွားတုအများစုကို ယင်းဒေသက ထုတ်လုပ်သောကြောင့်ဖြစ်သည်။ နှစ်စဉ် သွားတုပုံပေါင်း သန်း ၆၀ ခန့် ထုတ်လုပ်ပေးပြီး ကမ္ဘာအနှံ့ ပို့ပေးနေရသည်။ လင့်ခ်ျတင်စတိုင်းနိုင်ငံမှ Vivadent အမှတ်တံဆိပ် သွားတုသည် နာမည်ကျော်သည်။ ဥရောပတိုက်၏ သွားတုပုံလုပ်ပေးသည့် ဈေးကွက်၏ ၄၀ ရာခိုင်နှုန်းခန့်ကို စိုးမိုးပိုင်ဆိုင်ထားသည်။ ကမ္ဘာ့ဈေးကွက် ၂၀ ရာခိုင်နှုန်းခန့်ကို သိမ်းပိုက်ထားနိုင်သည်။

သွားတုပုံစံပေါင်း အမျိုးအစား ၁ဝဝဝဝ ခန့် ထုတ်ပေးသည်။ အဖြူ၊ ပုလဲ၊ ရွှေရောင်သွားတွေလည်း ထုတ်သည်။ ဘောလိဝုဒ်နှင့် ဗြိတိန်နိုင်ငံတို့က လင့်ခ်ျတင်စတိုင်း သွားတုများကို အထူးနှစ်သက်ကြသည်။ အိန္ဒိယရုပ်ရှင်များထဲတွင် မင်းသား မင်းသမီးတို့၏ သွားဖြူဖြူလေးများသည် ဤဒေသ လက်ရာများဖြစ်သည်ဟု ဆိုကြသည်။

နိုင်ငံအကျယ်က ၆၂ မိုင် ပတ်လည်လောက်သာရှိပြီး လူဦးရေ ၃၈ဝဝ၀ ခန့်နေထိုင်သော နိုင်ငံသည် ကမ္ဘာပေါ်တွင် အသေးဆုံး နိုင်ငံတစ်နိုင်ငံဟု ဆိုရမည်။ နိုင်ငံအတွင်း နေထိုင်သော ပြည်သူတို့သည် တင်းကျပ်သည့် စည်းကမ်းများနှင့် နေထိုင်ကြရသည်။ နိုင်ငံတကာက အလုပ်လုပ်ရန် ရောက်လာသည့် ခိုးဝင်သူများကို သုံးနှစ်သာ နေထိုင်ခွင့်ဗီဇာထုတ်ပေးသည်။ ဆက်နေချင်လျှင် အများက သူ့ကိုထောက်ခံတင်ပြမှ နေထိုင်ခွင့်ရှိသည်။ လင့်ခ်ျတင်စတိုင်းတွင် တစ်နှစ်ဝင်ငွေ ဒေါ်လာ ၁၁၅,ဝဝဝ ခန့် ရှာဖွေနိုင်ပါသည်။ အခွန်ကလည်း အနည်းငယ်သာ ပေးဆောင်ရသည်။ ဝင်ငွေ၏ ၂၄ ရာခိုင်နှုန်းကိုသာ အခွန်ကောက်သည်။

အခွန်ကောက်ခံနှုန်း နည်းသည့်အတွက်လည်း နိုင်ငံခြားကလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံမှုများစွာ လာလုပ်ကြသည်။ မြို့နေလူအများစုမှာ ဇူးရစ်၊ မြူးနစ်နှင့်မီလန် စသည့် ဂျာမနီနိုင်ငံ မြို့ကြီးများကို သွားရောက် အလုပ်လုပ်ကြသည်က များသည်။ နိုင်ငံအတွင်း ကားပြေးဆွဲမှု အနည်းဆုံး နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။

လင့်ခ်ျတင်စတိုင်းတွင် ဘုရင် ဒုတိယမြောက် ဖရန့်ဖ်ဂျိုးဆက် လက်ထက်ကတည်းက ဩဂုတ်လ ၁၆ ရက်နေ့သို့ရောက်တိုင်း ဘုရင့်မွေးနေ့ကို ကျင်းပလေ့ရှိသည်။ ဩဂုတ်လ ၁၅ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားသဖြင့် နှစ်ရက်ဆက်တိုက် ပွဲတော်ကြီးကို တစ်နိုင်ငံလုံး ကြီးကျယ်ခမ်းနားစွာ ကျင်းပလေ့ရှိသည်။ ၁၉၈၉ ခုနှစ်တွင် မင်းသား ဂျိုးဇက် ကွယ်လွန်သွားသော်လည်း ထိုနေ့ရောက်တိုင်း ပွဲတော်ကို ဆက်လက် ကျင်းပနေဆဲ ဖြစ်သည်။

Vaduz ရဲတိုက်ကြီးအရောက် လမ်းများပေါ်တွင် မီးပုံပွဲတွေ ကျင်းပကြသည်။ အရက်တွေသောက်၊ ဒေသထွက် အစားအစာတွေ တည်ခင်း၊ တိုင်းရင်းသား ဝတ်စုံတွေဝတ်ကာ ရိုးရာအကတွေ ကကြသည်။ ထိုအချိန်တွင် နိုင်ငံတကာမှ ဧည့်သည်တွေလည်း ပွဲတော်ကိုလာရောက်ပြီး ပျော်ရွှင်စွာ ဆင်နွှဲကြသည်။ ဘုရင်ကလည်း ထီးနန်းကို လာရောက်လုယူမည့်သူများ မရှိသောကြောင့် ပျော်ရွှင်စွာနှင့် ငြိမ်းချမ်းသည့် အထိမ်းအမှတ်ပွဲတော်ကြီးကို ကျင်းပပေးကာ တစ်နိုင်ငံလုံးပျော်ရွှင်စွာ သောက်စားကခုန်လေ့ ရှိကြသည်။

နိုင်ငံ၏ GDP အရတွက်လျှင် လင့်ခ်ျတင်စတိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သည်ဟု ဆိုရမည်။ နိုင်ငံတွင် အလုပ်လက်မဲ့နှုန်းကလည်း ၁ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရှိသည်။ ချမ်းသာသူ များသဖြင့်လည်း ပျော်ရွှင်စွာ လုပ်ချင်ရာလုပ်ပြီး နေထိုင်ကြသည်။

နိုင်ငံကသေးသော်လည်း ဒေသ ၁၁ ခုခွဲထားပြီး ဒီမိုကရေစီနည်းကျ မဲဖြင့်ရွေးကောက် တင်မြှောက်ကြကြောင်း တွေ့ရသည်။ တစ်နိုင်ငံလုံးတွင် ရဲတပ်ဖွဲ့ဝင် ၁ဝဝ သာရှိသည်။ နိုင်ငံတွင် အကြမ်းဖက်မှုကလည်း မရှိ၊ ခိုးမှု လူသတ်မှုလည်း မရှိသောကြောင့် ရမ်ဘိုလို လူစွမ်းကောင်းတွေ ပေါ်ထွက်လာမည့် နိုင်ငံမဟုတ်ဟု ဆိုကြသည်။

နိုင်ငံကသေးပြီး ပြည်ပနိုင်ငံများ၏ ယဉ်ကျေးမှုအများစု လွှမ်းမိုးခြင်းခံရသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အထူးသဖြင့် ဂျာမနီနိုင်ငံတောင်ပိုင်း ယဉ်ကျေးမှု အများစုနှင့် ဩစတြီးယန်း၊ ဘာဘေးရီးယန်း၊ ဆွစ်ဇာလန်နိုင်ငံတို့၏ ယဉ်ကျေးမှုများ ပေါင်းစုံထားရာ မြို့ဟူ၍လည်း ဆိုနိုင်သည်။

လင့်ခ်ျတင်စတိုင်းသို့ နိုင်ငံတကာမှ ခရီးသွား ဧည့်သည်အများစု လာရောက်ကြခြင်းမှာ စကိတ်စီးရန် ဖြစ်သည်။ ဩစတြီးယားနှင့် ဆွစ်ဇာလန်နိုင်ငံတို့၏ နိုင်ငံတကာ စကိတ်စီးပွဲတော်ကို ဤအရပ်တွင် လာလုပ်ကြသည်။ လင့်ခ်ျတင်စတိုင်းရှိ မဲလ်ဘန်းမြို့လေးသည် စကိတ်စီးရန် အကောင်းဆုံးမြို့အဖြစ် သတ်မှတ်ထားကြပြီး လာရောက် လည်ပတ်လေ့ရှိကြသည်။

နိုင်ငံခြားမှလာသော ဧည့်သည်အများစုမှာ စကိတ်စီးရန် မဟုတ်ကြပေ။ သူတို့သည် ဆွစ်ဇာလန်ဘက်က ရောက်လာကြခြင်းဖြစ်ပြီး အပျော်သက်သက် လည်ပတ်ကြခြင်း ဖြစ်သည်။ အများစုမှ ဘုရင်နေထိုင်ခဲ့သည့် Vaduz ရဲတိုက်ကို သွားရောက် ကြည့်ရှုလေ့လာကြသည်က များသည်။ ဓာတ်ပုံရိုက်ကြသည်။ နိုင်ငံအတွင်း အများစုအသုံးပြုသည့် ငွေကြေးမှာ ဆွစ်ငွေ Swiss franc (CHF) ဖြစ်သည်။

လင့်ခ်ျတင်စတိုင်းတွင် ကားလမ်းက ၁၅၅ မိုင် ခန့်သာရှိသည်။ စက်ဘီးဖြင့် လည်ပတ်လျှင် ၆၅ မိုင်အတွင်း မြို့အနှံ့ရောက်နိုင်သည်။ ဩစတြီးယားနှင့်ဆွစ်ဇာလန်သို့ လင့်ခ်ျတင်စတိုင်းကိုဖြတ်ပြီး ဖောက်ထားသည့် မီးရထားလမ်းမှာ ၆ မိုင်ခန့်သာရှိသည်။ နိုင်ငံအတွင်း ဘူတာကလည်း လေးခုသာရှိသည်။

လင့်ခ်ျတင်စတိုင်းတွင် လေဆိပ်မရှိပေ။ အနီးဆုံးလေဆိပ်မှာ ဆွစ်ဇာလန်နိုင်ငံအနီး မိုင် ၈၀ ခန့်ဝေးသော ဇူးရစ်လေဆိပ်သာ ဖြစ်သည်။ လေကြောင်းလိုင်းအဖြစ် ရဟတ်ယာဉ်များနှင့် သယ်ယူပို့ဆောင်ပေးမှုများလည်း ရှိသည်။

လင့်ခ်ျတင်စတိုင်းရောက်လျှင် လည်ပတ်သင့်သည့် နေရာများမှာ Kunstmuseum Liechtenstein ပြတိုက်နှင့် Liechtenstein National Museum တို့ဖြစ်သည်။ Vaduz Castle, Gutenberg Castle, the Red House တို့လည်း ထင်ရှားသည့် သမိုင်းဝင်အဆောက်အအုံများ ဖြစ်သည်။

အေးချမ်းပြီး တိတ်ဆိတ်ငြိမ်းချမ်းမှုကို ခံစားလိုသူများ လင့်ခ်ျတင်စတိုင်းသို့သွားကာ အနားယူကြသည်။ ရာဇဝတ်မှုကို မကြောက်ရသောကြောင့် စိတ်ချမ်းသာစွာဖြင့် လည်ပတ်နိုင်သည့် အရသာကို ခံစားနိုင်ကြမည် ဖြစ်သည်။

Via : The Voice Myanmar Journal

Leave a Reply