ကမာၻတလႊား ေစ်းအႀကီးဆုံး တိရစာၦန္မ်ား

Posted on

ကၽြန္ပ္တို႔ေနထိုင္တဲ့ ေျမကမာၻဟာအလြန္သာယာလွပျပီး ေက်းငွက္၊ တိရစာၦန္၊ အင္း ဆတ္ပိုးမႊားေတြ အမ်ားၾကီးစုေပါင္းေနထိုင္ၾကပါတယ္။ ျခေသၤနဲ႔ က်ားသတၱဝါေတြလို လူေတြအတြက္ထိတ္လန္႔ေၾကာက္ရြံစရာေတြယူေဆာင္လာတဲ့ တိရိစာၦန္ေတြရွိသလို ေခြးေလးေတြေၾကာင္ေလးေတြေၿကာင့္လည္း ေပ်ာ္ရႊင္စရာအခို္က္အတန္႔ကိုလူသားေတြ ရရွိေနတာပါ။ စာဝါငွက္ကေလးေတြ ၾကက္တူေရြးေလးေတြဟာလည္း လူေတြရဲ့မိတ္ေဆြ ေကာင္းေတြပါ။ ဒီလိုမိတ္ေဆြေလးေတြဟာ အိမ္ေမြးတိရိစာၦန္ အျဖစ္လူေတြရဲ့အနီးဆံုး မွာေရာက္ရွိေနပါျပီ။ ဒီေနရာမွာမ်ွေဝေပးခ်င္တဲ့ အေၾကာင္းအရာကေတာ့ ကမာၻေပၚက ေစ်းအၾကီးဆံုး အိမ္ေမြးတိရိစာၦန္ေတြ အေၾကာင္းပဲျဖစ္ပါတယ္။ ဒီစာရင္းမွာ ေခြး ၊ေၾကာင္ ၊ႏြား၊ျမင္း၊ အျခား ဦးမွင္နဲ႔တူတဲ့ ေမးရိုးခြမ်ားပါရွိတဲ့ ပိတုန္းလိုအင္းဆတ္ေတြ အထိပါဝင္ေနပါတယ္။

(၁၀) De Brazza’ Monkey (ေဒၚလာ ၇၀၀၀ မွ ၁၀၀၀၀)

De Brazza ေမ်ာက္ေတြကို ရြံလူးတဲ့ ေမ်ာက္ေတြလို႔လည္းသိၾကပါတယ္။ဒီမ်ိဳးႏြယ္ဝင္ေတြကို အာဖရိကတိုက္အလယ္ပိုင္းမွာ ရွိတဲ့ စိုစြတ္တဲ့ရြံႏြံေဒသေတြမွာ ေတြ႔ျမင္ရေလ့ရွိပါတယ္။ De Brazza’ Monkey ဆိုတဲ့နာမည္ကုိေတာ့ ျပင္သစ္စူးစမ္းေလ့လာေရးသမား Pierre Savorgnan de Brazza ဆိုသူ ကအမည္ေပးခဲ့တာပါ။ သူတို႔ဟာ အံံ့ၾသစရာ ေကာင္းေလာက္ေအာင္ ေမြးရာပါပုန္းခိုတဲ့ ဗီဇကိုကိုပိုင္ဆိုင္ထားၾကျပီး သူတို႔ေတြရဲ့ ေနထိုင္တဲ့ေနရာကို သိရဖို႔အေတာ္ခက္ခဲပါတယ္။ De Brazza’ Monkeyေတြဟာ (၂၂)ႏွစ္အရြယ္အထိ အသက္ရွင္သန္နိုင္ၾကျပီး ထိပ္တန္း အိမ္ေမြးတိရိစာၦန္ေတြအျဖစ္ ရပ္တည္ေနပါတယ္။ De Brazza အမ်ိဳးအစားေမ်ာက္တစ္ေကာင္ဟာ ယေန႔ကာလ ေပါက္ေစ်း အေမရိကန္ေဒၚလာ (၇၀၀၀)ကေန (၁၀၀၀၀) အထိတန္ေၾကးရွိပါတယ္။

(၉) Hyacinth Macaw (ေဒၚလာ ၁၄၀၀၀ )

ဒီၾကက္တူေရြးမ်ိဳးစိတ္ရဲ့ ေမြးဖြားရာဇာတိကေတာ့ ေတာင္အေမရိကတိုက္ အေရွ႔အလယ္ပိုင္းေဒသေတြမွာပဲျဖစ္ပါတယ္။ ကမာၻေပၚမွာရွိတဲ့ အရြယ္အစားအၾကီးဆံုးေသာ ပ်ံသန္းနိုင္တဲ့ ၾကက္တူေရြးမ်ိဳးစိတ္ေတြျဖစ္ပါတယ္။ သူရဲ့သန္မာတဲ့ႏူတ္သီးေတြဟာ အစာရွာနိုင္ရန္အတြက္ သဘာဝကေပးထားတဲ့ အထူးလက္ေဆာင္ေတြျဖစ္ပါတယ္။ သူတို႔ဟာ သစ္ေစ့နဲ႔ အခြံမာအသီးေတြကထြက္တဲ့ သစ္ဆံေတြကိုစားေသာက္ၾကပါ တယ္။ Hyacinth Macawေတြဟာ သူတို႔ရဲ့သန္မာတဲ့ ႏူတ္သီးေတြကိုအသံုးျပဳျပီး အုန္းသီးကဲ့သို႔ေသာအခြံမာသီးေတြကို စားေသာက္နိုင္ၾကပါတယ္။ ဒီငွက္ေတြဟာလည္း ကမာၻေစ်းအၾကီးဆံုးေသာ တိရိစာၦန္စာရင္းထဲပါဝင္လာျပီး အေမရိကန္ေဒၚလာ ၁၄၀၀၀ အထိ တန္ဖိုးရွိပါတယ္။

(၈) Plam Cockatoo (ေဒၚလာ ၁၆၀၀၀)

Goliath Cockatoo လို႔လည္းအမည္ရတဲ့ဒီတိရိစာၦန္မ်ိဳးႏြယ္ေတြရဲ့ ေခါင္းပိုင္းမွာ ၾကီးမားတဲ့အနက္ေရာင္အတက္တစ္ခုနဲ႔ သိသိသာသာျမင္ရတဲ့ အနီေရာင္ အမွတ္အသားတစ္ခု ရွိပါရွိပါတယ္။ ဒီငွက္ေတြဟာ Probosciger လို႔ေခၚတဲ့ Monotypic မ်ိဳးစိတ္ဝင္ ေတြျဖစ္ပါတယ္။ Plam Cockatoo ေတြဟာ ၅၅ cm ကေန ၆၀ cm အထိ အျမင့္ရွိၾကၿပီး ၉၁၀ ကေန ၂၁၀၀ gramအထိ အေလးခ်ိန္ရွိၾကပါတယ္။ Plam Cockatoo ေတြဟာ ျမင္ရတဲ့သူတိုင္းအတြက္ ျပီးျပည့္စံုတဲ့ တိရိစာၦန္အျဖစ္ ရွိေနရံုသာမကပါဘူး သူရဲ့ေစ်းႏူန္ းကလည္း အလြန္ျမင့္မားတဲ့အေျခအေနမွာရွိေနတာပါ။ အေမရိကန္ေဒၚလာ ၁၆၀၀၀ အထိတန္ဖိုးရွိပါတယ္။

(၇) Savannah Cat (ေဒၚလာ ၂၅၀၀၀)

ေခြးေရာေၾကာင္ကိုေရာ ခ်စ္ခင္တယ္ဆိုရင္ေတာ့ ဒီတိရိစာၦန္ႏွစ္ေကာင္ထဲက တစ္ေကာင္ကိုပဲေမြးဖို႔ ေရြးခ်ယ္သင့္ပါတယ္။ ေခြးနဲ႔ေၾကာင္ဆိုတာသဘာဝအရ မတည့္တာမ်ားၾကလို႔ မလိုလားအပ္တာေတြ မေတြ႔ၾကံဳရဖို႔ပါ။ ဒါေပမယ့္ SavannahCat ေတြကေတာ့ေခြးဗီဇေရာ ေၾကာင္ဗီဇေရာပါရွိတာမို႔ လူၾကိဳက္မ်ားအဝယ္လိုက္တဲ့ အိမ္ေမြးတိရိစာၦန္ ေတြျဖစ္လာပါတယ္။ ေခြးအေသးေလးအရြယ္အစားေလာက္ပဲရွိတဲ့ ဒီေၾကာင္မ်ိဳးႏြယ္ေတြဟာျပိဳင္ဘက္ကင္းေလာက္ေအာင္ အလြန္လွပတဲ့ အေသြးအေမႊးရွိလို႔ပါ။ ဒီေၾကာင္ေလးကို ပိုင္ဆိုင္ခ်င္ရင္ေတာ့ မင္းအေနနဲ႔ အေမရိကန္ေဒၚလာ (၂၅၀၀၀) ေလာက္ကုန္က်ပါမယ္။ ဒီေငြဟာ အလြန္မ်ားျပားတဲ့ပမာဏ ျဖစ္ေပမဲ့ ေခြးေရာေၾကာင္ေရာေမြးထားသလို ျဖစ္မဲ့ ထူးျခားတဲ့ ခံစားမႈထက္ေတာ့ ပိုမယ္မထင္ပါဘူး။ ဒါက အိမ္မက္တစ္ခုကို အေကာင္အထည္ေဖာ္ေနရသလိုပါ။ ဒီေၾကာင္ေတြဟာ ေခြးအမ်ိဳးအစားေတြကို လည္းေၾကာက္ရြံတဲ့ဗီဇမရွိပါဘူး။ ေျပာရရင္ ေတာ့ ေၾကာင္အေရခြံနဲ႔ ေခြးတစ္ေကာင္ကို ပိုင္ဆိုင္ခြင့္ရသလိုပါပဲ။ ဒီေၾကာင္မ်ိဳးႏြယ္ေတြေစ်းႀကီးရျခင္းအေၾကာင္းကေတာ့ သားေဖာက္တဲ့ေနရာမွာ ျပသနာေတြရွိလုိ႔ပါတဲ့။

(၆) Stag Beetle (ေဒၚလာ ၈၉၀၀၀)

Beetle ကို ျမန္မာလုိဆုိရင္ ခ်ီးပိုးထိုး၊ ႏြားခ်ီးပိုးထိုး၊ စိန္ပန္းပိုး၊ အုန္းပိုး စသည္ျဖင့္ေခၚၾကပါတယ္။ ဦ္းမွင္နွင့္တူေသာ ေမွးရိုးခြမ်ားကပါရွိတဲ့ Stag Beetle ေတြကေတာ့ ဒီစာရင္းမွာပါရွိတဲ့ အေသးဆံုးသက္ရွိသတၱဝါေတြျဖစ္ပါတယ္။ ဒီသတၱဝါေတြဟာ ကမာၻေပၚမွာ အရွားပါးဆံုးေသာမ်ိဳးစိတ္ေတြျဖစ္ၾကျပီး ထူးျခားတဲ့အင္းဆတ္ေတြလည္း ျဖစ္ေနတာပါ။ Stag Beetle ဟာ Lucanide မ်ိဳးစိတ္ေတြျဖစ္ျပီး သူတို႔အုပ္စုထဲမွာအင္း ဆတ္အတန္းအစားေပါင္း (၁၂၀၀)ေလာက္ရွိေနတာပါ။ Stag Beetleေတြဟာ (၂)လက္ မကေန(၃)လက္မအရြယ္အစားေလာက္သာရွိျပီး အနည္းငယ္ ရွည္လ်ားတဲ့သ႑န္ရွိ ပါတယ္။ Stag Beetleရဲ့ အနက္ေရာင္ဦးေခါင္းမွာ သမင္ဦးခ်ိဳပံုကိုင္းႏွစ္လက္နဲ႔ အနီေရာင္ ညွပ္ဆံုတစ္ခုပါရွိပါတယ္။ ဒါေတြဟာ Stag Beetleရဲ့ လက္နက္ေတြျဖစ္ျပီး သူရဲ့ပံုသ႑န္ကို ထင္ထင္ရွားရွားေဖာ္က်ဴးေပးထားတာပါ။ ဒီေကာင္ေတြဟာ အလြန္ေစ်းႀကီးၿပီး သူတုိ႔ ရဲ႕တန္ဖုိးကေတာ့ အေမရိ္ကန္ေဒၚလာ ၈၉၀၀၀ အထိ ေစ်းေပါက္ပါတယ္။ (ဂ်ပန္လုပ္ငန္းရွင္တစ္ေယာက္ ၀ယ္သူသြားတဲ့ ေစ်းႏႈန္းသာ ျဖစ္ၿပီး Business Insider မွာ ေဖာ္ျပထားပါတယ္)

(၅) The white Lion Cubs (ေဒၚလာ ၁၃၈၀၀၀)

အျဖဴေရာင္ ျခေသၤေပါက္စေလးေတြဟာ အလြန္ရွားပါးတဲ့ျခေသၤမ်ိဳးစိတ္ေတြျဖစ္ပါတယ္။ ဒီျခေသၤေတြဟာ ရွားပါးလြန္းတာေၿကာင့္ ေတာင္အာဖရိကတိုက္မွာရွိတဲ့ ေတာရိုင္းတိရစာၦန္ေတြအတြတ္ ေဘးမဲ့ေပးထားတဲ့ သီးသန္႔ေနရာေတြမွာပဲ ေတြ႔ျမင္ရပါေတာ့တယ္။ သူတို႔ဟာ ကမာၻရွားပါးမ်ိဳးစိတ္ အျဖစ္ေတာ့သတ္မွတ္ေပးျခင္း ယခုထက္ထိမခံရေသးပါဘူး။ ဒီအျဖဴေရာင္ျခေသၤမ်ိဳးစိတ္ေတြကိုေတာ့ေတာင္အာဖရိကမွာရွိတဲ့သူတို႔ရဲ့မူရင္းေဒသျဖစ္တဲ့ Timbavati သားရိုင္းတိရိစာၦန္ ထိန္းသိမ္းေရးဥယ်ာဥ္မွာေတာ့ အမ်ားအျပားေတြ႔ေနရဆဲပါ။ ေလ့လာသူေတြရဲ့အဆိုအရေတာ့ ကမာၻေပၚမွာ ဒီလိုျခေသၤအေကာင္စုစုေပါင္း အေကာင္ (၃၀၀)သာက်န္ရွိပါေတာ့တယ္။ ဒီအျဖဴေရာင္ေျခေသၤေပါက္တစ္ေကာင္ရဲ့ တန္ဖိုးဟာ အေမရိကန္ေဒၚလာ (၁၃၈၀၀၀) အထိတန္ဖိုးရွိတာေၾကာင့္ ကမာၻေစ်းအၾကီဆံုး တိရစာၦန္ စာရင္းထဲပါဝင္လာရတာပါ။

(၄) Sir Lancelot Encore (ေဒၚလာ ၁၅၅၀၀၀)

အေမရိကန္ျပည္ေထာင္စုမွာ ေနထိုင္ၾကတဲ့ Ninoနဲ႔ Edgar Otto အမည္ရတဲ့ ခ်စ္သူႏွစ္ဦးဟာသူတို႔ရဲ့ေခြးေလး Sir Lancelot ကို အလြန္ခ်စ္ျမတ္နိုးၾကပါတယ္။ ၂၀၀၈ ခုနွစ္မွာေတာ့ သူတို႔ရဲ့အခ်စ္ေတာ္ေခြးေလးဟာ ကင္ဆာေရာဂါနဲ႔ ဆံုးပါးသြားခဲ့ရပါတယ္။ ဒါေၾကာင့္သူတို႔စံုတြဲဟာ သူတို႔ရဲ့ေခြးေလးနဲ႔ ခၽြတ္စြတ္တူတဲ့ ေခြးပံုတူေလးကိုဖန္တီးဖို႔ ေငြကုန္ေၾကးက်ခံကာ ၾကိဳးစားၾကပါေတာ့တယ္။ သူတို႔စံုတြဲဟာ မ်ိဳးရိုးဗီဇဆိုင္ရာ ပညာရွင္ေတြအကူအညီနဲ႔ အေမရိကန္ေဒၚလာ ၁၅၅၀၀၀ တန္ဖိုးရွိတဲ့ သူတို႔ရဲ့ဆံုးပါး သြားတဲ့ေခြးေလးနဲ႔ခ်ြတ္စြတ္တူတဲ့ ေခြးပံုတူေလးကိုရယူခဲ့ပါတယ္။  အဝါ ေရာင္အေမႊးမ်ွင္ေတြပါတဲ့ လက္ပေရာဒါ(Labrador) အမ်ိဳးအစားေခြးေလးကိုေနာက္ တစ္ၾကိမ္ပိုင္ဆိုင္ခြင့္ရခဲ့တာပါ။ ဒီေခြးေလးဟာ အေမရိကန္ျပည္ေထာင္စု ဆန္ဖရန္စစၥကိုမွာျပဳလုပ္ခဲ့တဲ့ Bio-art aucation ျပိဳင္ပြဲမွာ ဗိုလ္စြဲခဲ့ပါေသးတယ္။

(၃) Tibetan Mastiff (ေဒၚလာ ၅၈၂၀၀၀)

Tibetan Mastiff ဆိုတဲ့ေခြးအမ်ိဳးအစားဟာ အလြန္ ခ်စ္ခင္ဖြယ္ရာေကာင္းျပီး ကမာၻ ေစ်းအၾကီးဆံုး ေခြးအမိ်ဳးအစားလည္းျဖစ္ပါတယ္။ ေခြးခ်စ္တတ္တဲ့သူဆိုရင္ ေတာ့ဒီေခြးကိုျမင္ျမင္ခ်င္းခ်စ္ခင္သြားမွာ ေသခ်ာပါတယ္။ ဒီေခြးမ်ိဳးစိတ္ေတြဟာ အလြန္ရွားပါးျပီး ဒီကမာၻျဂိဳလ္ရဲ့ အၾကီးမားဆံုးေသာေခြးမ်ိဳးစိတ္ေတြထဲမွာ တစ္ခုအပါအဝင္ ျဖစ္ပါတယ္။ Tibetan Mastiff အမ်ိဳးအစားေခြးမ်ိဳးစိတ္ေတြဟာ (၃၂)လက္မအထိ ျမင့္ျပီး ေပါင္ (၅၀) အထိအေလးခ်ိန္ရွိပါတယ္။ ဒီေခြးတစ္ေကာင္ရဲ့တန္ဖိုးဟာ အေမရိကန္ေဒၚလာ ၅၈၂၀၀၀အထိေပါက္ေစ်းရွိေနျပီးလက္ရွိ TibetanMastiff တစ္ေကာင္ကိုရွာေတြဖို႔ဆိုတာ ေတာင္ အလြန္ရွားပါးတဲ့ အေနအထားျဖစ္ေနပါတယ္။

(၂) Missy Missy (ေဒၚလာ ၁.၂သန္း)

Missy Missy ဟာ အေမရိကန္ေဒၚလာ (၁၂၀၀၀၀၀)တန္ေၾကးရိွတာေၾကာင့္ သာမန္ႏြားတစ္ ေကာင္ေတာ့ျဖစ္ဟန္မတူပါဘူး။ သူမဟာ မ်ားစြာေသာ Championship အေျပးျပိဳင္ပြဲ ေတြမွာ အလြန္လ်င္ျမန္တဲ့ အျမန္နူန္းနဲ႔အနိုင္ရခဲ့တာပါ။ခ်န္ပီယံ Misssy ဟာေျမာက္ အေမရိကတိုက္ရဲ့WesternFall National Show ျပိဳင္ပြဲမွာ Grand ခ်န္ပီယံဆုကိုလည္း ရရွိခဲ့ပါတယ္။ ဒီျပိဳင္ပြဲဟာ ကမာၻေပၚမွာ လူၾကိဳက္အမ်ားဆံုးနဲ႔ စီးပြားေရးအရ အေအာင္ျမင္ဆံုးျပိဳင္ပြဲလည္းျဖစ္ပါတယ္။ ဒီျပိဳင္ပြဲမွာဗိုလ္စြဲလိုက္တာေၾကာင့္ သူမကို စိတ္ဝင္စားသူ မ်ားလာျပီး သူမရဲ့တန္ဖိုးဟာ တစ္ဟုန္ထိုးျမွင့္တက္လာခဲ့တာပါ။ သူမဟာကမာၻေပၚက ေစ်းအၾကီးဆံုးတန္ဖိုးရွိတဲ့ အေရာင္းစာရင္းဝင္ ႏြားတစ္ေကာင္လည္းျဖစ္ပါတယ္။ သူမရဲ့တန္ဖိုးဟာ အေမရိကန္ေဒၚလာ (၁၂၀၀၀၀၀)ရွိတာေၾကာင့္ ကမာၻေပၚက တန္ဖိုးအၾကီးဆံုး တိရိစာၦန္ေတြထဲကတစ္ေကာင္အျဖစ္ပါ ရပ္တည္ေနနိုင္တဲ့ မွတ္တမ္းကိုလည္းပိုင္ဆိုင္ထားတဲ့ ႏြားမေလးျဖစ္ပါတယ္။

(၁) Green Monkey (ေဒၚလာ ၁၆သန္း)

ဒီနာမည္ကိုၾကားရံုနဲ့ေတာ့ Grenn Monkey ဆိုတာ ေမ်ာက္မိသားစု ကဆင္းသက္လာတဲ့ တိရစာၦန္တစ္ေကာင္လို႔ေတာ့ မထင္လိုက္ပါနဲ႔။ သူဟာတန္ဖိုးႀကီးၿပိဳင္ျမင္းတစ္ေကာင္ျဖစ္ျပီး ျမက္ခင္းစိမ္းေပၚမွာလ်ွင္ျမန္တဲ့အဟုန္နဲ႔ လႈပ္ရွားသြားလာနုိင္တဲ့အမွတ္အသားကို ရည္ညႊန္းျပီးဒီနာမည္ကိုေပးထားတာပါ။ ဒီလိုျပိဳင္ျမင္းကိုပိုင္ဆိုင္သူဟာ ထိပ္တန္းသူ ၾကြယ္တစ္ဦးျဖစ္တယ္ဆိုတာ သံသယျဖစ္စရာမလိုပါဘူး။ ဒီလိုျမင္းမ်ိဳးဟာအလြန္ရွားပါးျပီး သူရဲ့ျပိဳင္ဘက္ကင္းတဲ့ အေသြးအေမြးနဲ႔ လ်ွင္ျမန္မႈတို႔ေၾကာင့္ ေစ်းအၾကီးဆံုးေပးထားျခင္းခံခဲ့ရတာပါ။ ဒီျမင္းကို ျမင္းျပိဳင္ပြဲေတြမွာယွဥ္ျပိဳင္ေစျပီးအျခားျပိဳင္ဘက္ေတြ ထက္သာတဲ့ အနိုင္စံခ်ိန္မ်ိဳးေတြကို မွတ္တမ္းတင္ထားနိုင္တာပါ။ Green Monkey ဟာကာလတန္ဖိုး-အေမရိကန္ေဒၚလာ ၁၆၀၀၀၀၀၀ အထိတန္ဖိုးရွိပါတယ္။

——————-

ကမ္ဘာတလွှား ဈေးအကြီးဆုံး တိရစ္ဆာန်များ (unicode)

ကျွန်ပ်တို့နေထိုင်တဲ့ မြေကမ္ဘာဟာအလွန်သာယာလှပပြီး ကျေးငှက်၊ တိရစ္ဆာန်၊ အင်း ဆတ်ပိုးမွှားတွေ အများကြီးစုပေါင်းနေထိုင်ကြပါတယ်။ ခြင်္သေနဲ့ ကျားသတ္တဝါတွေလို လူတွေအတွက်ထိတ်လန့်ကြောက်ရွံစရာတွေယူဆောင်လာတဲ့ တိရိစ္ဆာန်တွေရှိသလို ခွေးလေးတွေကြောင်လေးတွေကြောင့်လည်း ပျော်ရွှင်စရာအခ်ိုက်အတန့်ကိုလူသားတွေ ရရှိနေတာပါ။ စာဝါငှက်ကလေးတွေ ကြက်တူရွေးလေးတွေဟာလည်း လူတွေရဲ့မိတ်ဆွေ ကောင်းတွေပါ။ ဒီလိုမိတ်ဆွေလေးတွေဟာ အိမ်မွေးတိရိစ္ဆာန် အဖြစ်လူတွေရဲ့အနီးဆုံး မှာရောက်ရှိနေပါပြီ။ ဒီနေရာမှာမျှဝေပေးချင်တဲ့ အကြောင်းအရာကတော့ ကမ္ဘာပေါ်က ဈေးအကြီးဆုံး အိမ်မွေးတိရိစ္ဆာန်တွေ အကြောင်းပဲဖြစ်ပါတယ်။ ဒီစာရင်းမှာ ခွေး ၊ကြောင် ၊နွား၊မြင်း၊ အခြား ဦးမှင်နဲ့တူတဲ့ မေးရိုးခွများပါရှိတဲ့ ပိတုန်းလိုအင်းဆတ်တွေ အထိပါဝင်နေပါတယ်။

(၁၀)De Brazza’ Monkey (ဒေါ်လာ ၇၀၀၀ မှ ၁၀၀၀၀)

De Brazza မျောက်တွေကို ရွံလူးတဲ့ မျောက်တွေလို့လည်းသိကြပါတယ်။ဒီမျိုးနွယ်ဝင်တွေကို အာဖရိကတိုက်အလယ်ပိုင်းမှာ ရှိတဲ့ စိုစွတ်တဲ့ရွံနွံဒေသတွေမှာ တွေ့မြင်ရလေ့ရှိပါတယ်။ De Brazza’ Monkey ဆိုတဲ့နာမည်ကိုတော့ ပြင်သစ်စူးစမ်းလေ့လာရေးသမား Pierre Savorgnan de Brazza ဆိုသူ ကအမည်ပေးခဲ့တာပါ။ သူတို့ဟာ အံ့ဩစရာ ကောင်းလောက်အောင် မွေးရာပါပုန်းခိုတဲ့ ဗီဇကိုကိုပိုင်ဆိုင်ထားကြပြီး သူတို့တွေရဲ့ နေထိုင်တဲ့နေရာကို သိရဖို့အတော်ခက်ခဲပါတယ်။ De Brazza’ Monkeyတွေဟာ (၂၂)နှစ်အရွယ်အထိ အသက်ရှင်သန်နိုင်ကြပြီး ထိပ်တန်း အိမ်မွေးတိရိစ္ဆာန်တွေအဖြစ် ရပ်တည်နေပါတယ်။ De Brazza အမျိုးအစားမျောက်တစ်ကောင်ဟာ ယနေ့ကာလ ပေါက်ဈေး အမေရိကန်ဒေါ်လာ (၇၀၀၀)ကနေ (၁၀၀၀၀) အထိတန်ကြေးရှိပါတယ်။

(၉) Hyacinth Macaw (ဒေါ်လာ ၁၄၀၀၀ )

ဒီကြက်တူရွေးမျိုးစိတ်ရဲ့ မွေးဖွားရာဇာတိကတော့ တောင်အမေရိကတိုက် အရှေ့အလယ်ပိုင်းဒေသတွေမှာပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အရွယ်အစားအကြီးဆုံးသော ပျံသန်းနိုင်တဲ့ ကြက်တူရွေးမျိုးစိတ်တွေဖြစ်ပါတယ်။ သူရဲ့သန်မာတဲ့နူတ်သီးတွေဟာ အစာရှာနိုင်ရန်အတွက် သဘာဝကပေးထားတဲ့ အထူးလက်ဆောင်တွေဖြစ်ပါတယ်။ သူတို့ဟာ သစ်စေ့နဲ့ အခွံမာအသီးတွေကထွက်တဲ့ သစ်ဆံတွေကိုစားသောက်ကြပါ တယ်။ Hyacinth Macawတွေဟာ သူတို့ရဲ့သန်မာတဲ့ နူတ်သီးတွေကိုအသုံးပြုပြီး အုန်းသီးကဲ့သို့သောအခွံမာသီးတွေကို စားသောက်နိုင်ကြပါတယ်။ ဒီငှက်တွေဟာလည်း ကမ္ဘာဈေးအကြီးဆုံးသော တိရိစ္ဆာန်စာရင်းထဲပါဝင်လာပြီး အမေရိကန်ဒေါ်လာ ၁၄၀၀၀ အထိ တန်ဖိုးရှိပါတယ်။

(၈) Plam Cockatoo (ဒေါ်လာ ၁၆၀၀၀)

Goliath Cockatoo လို့လည်းအမည်ရတဲ့ဒီတိရိစ္ဆာန်မျိုးနွယ်တွေရဲ့ ခေါင်းပိုင်းမှာ ကြီးမားတဲ့အနက်ရောင်အတက်တစ်ခုနဲ့ သိသိသာသာမြင်ရတဲ့ အနီရောင် အမှတ်အသားတစ်ခု ရှိပါရှိပါတယ်။ ဒီငှက်တွေဟာ Probosciger လို့ခေါ်တဲ့ Monotypic မျိုးစိတ်ဝင် တွေဖြစ်ပါတယ်။ Plam Cockatoo တွေဟာ ၅၅ cm ကနေ ၆၀ cm အထိ အမြင့်ရှိကြပြီး ၉၁၀ ကနေ ၂၁၀၀ gramအထိ အလေးချိန်ရှိကြပါတယ်။ Plam Cockatoo တွေဟာ မြင်ရတဲ့သူတိုင်းအတွက် ပြီးပြည့်စုံတဲ့ တိရိစ္ဆာန်အဖြစ် ရှိနေရုံသာမကပါဘူး သူရဲ့ဈေးနူန် းကလည်း အလွန်မြင့်မားတဲ့အခြေအနေမှာရှိနေတာပါ။ အမေရိကန်ဒေါ်လာ ၁၆၀၀၀ အထိတန်ဖိုးရှိပါတယ်။

(၇) Savannah Cat (ဒေါ်လာ ၂၅၀၀၀)

ခွေးရောကြောင်ကိုရော ချစ်ခင်တယ်ဆိုရင်တော့ ဒီတိရိစ္ဆာန်နှစ်ကောင်ထဲက တစ်ကောင်ကိုပဲမွေးဖို့ ရွေးချယ်သင့်ပါတယ်။ ခွေးနဲ့ကြောင်ဆိုတာသဘာဝအရ မတည့်တာများကြလို့ မလိုလားအပ်တာတွေ မတွေ့ကြုံရဖို့ပါ။ ဒါပေမယ့် SavannahCat တွေကတော့ခွေးဗီဇရော ကြောင်ဗီဇရောပါရှိတာမို့ လူကြိုက်များအဝယ်လိုက်တဲ့ အိမ်မွေးတိရိစ္ဆာန် တွေဖြစ်လာပါတယ်။ ခွေးအသေးလေးအရွယ်အစားလောက်ပဲရှိတဲ့ ဒီကြောင်မျိုးနွယ်တွေဟာပြိုင်ဘက်ကင်းလောက်အောင် အလွန်လှပတဲ့ အသွေးအမွှေးရှိလို့ပါ။ ဒီကြောင်လေးကို ပိုင်ဆိုင်ချင်ရင်တော့ မင်းအနေနဲ့ အမေရိကန်ဒေါ်လာ (၂၅၀၀၀) လောက်ကုန်ကျပါမယ်။ ဒီငွေဟာ အလွန်များပြားတဲ့ပမာဏ ဖြစ်ပေမဲ့ ခွေးရောကြောင်ရောမွေးထားသလို ဖြစ်မဲ့ ထူးခြားတဲ့ ခံစားမှုထက်တော့ ပိုမယ်မထင်ပါဘူး။ ဒါက အိမ်မက်တစ်ခုကို အကောင်အထည်ဖော်နေရသလိုပါ။ ဒီကြောင်တွေဟာ ခွေးအမျိုးအစားတွေကို လည်းကြောက်ရွံတဲ့ဗီဇမရှိပါဘူး။ ပြောရရင် တော့ ကြောင်အရေခွံနဲ့ ခွေးတစ်ကောင်ကို ပိုင်ဆိုင်ခွင့်ရသလိုပါပဲ။ ဒီကြောင်မျိုးနွယ်တွေဈေးကြီးရခြင်းအကြောင်းကတော့ သားဖောက်တဲ့နေရာမှာ ပြသနာတွေရှိလို့ပါတဲ့။

(၆) Stag Beetle (ဒေါ်လာ ၈၉၀၀၀)

Beetle ကို မြန်မာလိုဆိုရင် ချီးပိုးထိုး၊ နွားချီးပိုးထိုး၊ စိန်ပန်းပိုး၊ အုန်းပိုး စသည်ဖြင့်ခေါ်ကြပါတယ်။ ဉီ်းမှင်နှင့်တူသော မှေးရိုးခွများကပါရှိတဲ့ Stag Beetle တွေကတော့ ဒီစာရင်းမှာပါရှိတဲ့ အသေးဆုံးသက်ရှိသတ္တဝါတွေဖြစ်ပါတယ်။ ဒီသတ္တဝါတွေဟာ ကမ္ဘာပေါ်မှာ အရှားပါးဆုံးသောမျိုးစိတ်တွေဖြစ်ကြပြီး ထူးခြားတဲ့အင်းဆတ်တွေလည်း ဖြစ်နေတာပါ။ Stag Beetle ဟာ Lucanide မျိုးစိတ်တွေဖြစ်ပြီး သူတို့အုပ်စုထဲမှာအင်း ဆတ်အတန်းအစားပေါင်း (၁၂၀၀)လောက်ရှိနေတာပါ။ Stag Beetleတွေဟာ (၂)လက် မကနေ(၃)လက်မအရွယ်အစားလောက်သာရှိပြီး အနည်းငယ် ရှည်လျားတဲ့သဏ္ဍန်ရှိ ပါတယ်။ Stag Beetleရဲ့ အနက်ရောင်ဦးခေါင်းမှာ သမင်ဦးချိုပုံကိုင်းနှစ်လက်နဲ့ အနီရောင် ညှပ်ဆုံတစ်ခုပါရှိပါတယ်။ ဒါတွေဟာ Stag Beetleရဲ့ လက်နက်တွေဖြစ်ပြီး သူရဲ့ပုံသဏ္ဍန်ကို ထင်ထင်ရှားရှားဖော်ကျူးပေးထားတာပါ။ ဒီကောင်တွေဟာ အလွန်ဈေးကြီးပြီး သူတို့ ရဲ့တန်ဖိုးကတော့ အမေရိ်ကန်ဒေါ်လာ ၈၉၀၀၀ အထိ ဈေးပေါက်ပါတယ်။ (ဂျပန်လုပ်ငန်းရှင်တစ်ယောက် ဝယ်သူသွားတဲ့ ဈေးနှုန်းသာ ဖြစ်ပြီး Business Insider မှာ ဖော်ပြထားပါတယ်)

(၅)The white Lion Cubs (ဒေါ်လာ ၁၃၈၀၀၀)

အဖြူရောင် ခြင်္သေပေါက်စလေးတွေဟာ အလွန်ရှားပါးတဲ့ခြင်္သေမျိုးစိတ်တွေဖြစ်ပါတယ်။ ဒီခြင်္သေတွေဟာ ရှားပါးလွန်းတာကြောင့် တောင်အာဖရိကတိုက်မှာရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေအတွတ် ဘေးမဲ့ပေးထားတဲ့ သီးသန့်နေရာတွေမှာပဲ တွေ့မြင်ရပါတော့တယ်။ သူတို့ဟာ ကမ္ဘာရှားပါးမျိုးစိတ် အဖြစ်တော့သတ်မှတ်ပေးခြင်း ယခုထက်ထိမခံရသေးပါဘူး။ ဒီအဖြူရောင်ခြင်္သေမျိုးစိတ်တွေကိုတော့တောင်အာဖရိကမှာရှိတဲ့သူတို့ရဲ့မူရင်းဒေသဖြစ်တဲ့ Timbavati သားရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေးဥယျာဉ်မှာတော့ အများအပြားတွေ့နေရဆဲပါ။ လေ့လာသူတွေရဲ့အဆိုအရတော့ ကမ္ဘာပေါ်မှာ ဒီလိုခြင်္သေအကောင်စုစုပေါင်း အကောင် (၃၀၀)သာကျန်ရှိပါတော့တယ်။ ဒီအဖြူရောင်ခြေင်္သေပေါက်တစ်ကောင်ရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ (၁၃၈၀၀၀) အထိတန်ဖိုးရှိတာကြောင့် ကမ္ဘာဈေးအကြီဆုံး တိရစ္ဆာန် စာရင်းထဲပါဝင်လာရတာပါ။

(၄) Sir Lancelot Encore (ဒေါ်လာ ၁၅၅၀၀၀)

အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ကြတဲ့ Ninoနဲ့ Edgar Otto အမည်ရတဲ့ ချစ်သူနှစ်ဦးဟာသူတို့ရဲ့ခွေးလေး Sir Lancelot ကို အလွန်ချစ်မြတ်နိုးကြပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ သူတို့ရဲ့အချစ်တော်ခွေးလေးဟာ ကင်ဆာရောဂါနဲ့ ဆုံးပါးသွားခဲ့ရပါတယ်။ ဒါကြောင့်သူတို့စုံတွဲဟာ သူတို့ရဲ့ခွေးလေးနဲ့ ချွတ်စွတ်တူတဲ့ ခွေးပုံတူလေးကိုဖန်တီးဖို့ ငွေကုန်ကြေးကျခံကာ ကြိုးစားကြပါတော့တယ်။ သူတို့စုံတွဲဟာ မျိုးရိုးဗီဇဆိုင်ရာ ပညာရှင်တွေအကူအညီနဲ့ အမေရိကန်ဒေါ်လာ ၁၅၅၀၀၀ တန်ဖိုးရှိတဲ့ သူတို့ရဲ့ဆုံးပါး သွားတဲ့ခွေးလေးနဲ့ချွတ်စွတ်တူတဲ့ ခွေးပုံတူလေးကိုရယူခဲ့ပါတယ်။  အဝါ ရောင်အမွှေးမျှင်တွေပါတဲ့ လက်ပရောဒါ(Labrador) အမျိုးအစားခွေးလေးကိုနောက် တစ်ကြိမ်ပိုင်ဆိုင်ခွင့်ရခဲ့တာပါ။ ဒီခွေးလေးဟာ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမှာပြုလုပ်ခဲ့တဲ့ Bio-art aucation ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပါသေးတယ်။

(၃) Tibetan Mastiff (ဒေါ်လာ ၅၈၂၀၀၀)

Tibetan Mastiff ဆိုတဲ့ခွေးအမျိုးအစားဟာ အလွန် ချစ်ခင်ဖွယ်ရာကောင်းပြီး ကမ္ဘာ ဈေးအကြီးဆုံး ခွေးအမျိုးအစားလည်းဖြစ်ပါတယ်။ ခွေးချစ်တတ်တဲ့သူဆိုရင် တော့ဒီခွေးကိုမြင်မြင်ချင်းချစ်ခင်သွားမှာ သေချာပါတယ်။ ဒီခွေးမျိုးစိတ်တွေဟာ အလွန်ရှားပါးပြီး ဒီကမ္ဘာဂြိုလ်ရဲ့ အကြီးမားဆုံးသောခွေးမျိုးစိတ်တွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ Tibetan Mastiff အမျိုးအစားခွေးမျိုးစိတ်တွေဟာ (၃၂)လက်မအထိ မြင့်ပြီး ပေါင် (၅၀) အထိအလေးချိန်ရှိပါတယ်။ ဒီခွေးတစ်ကောင်ရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၅၈၂၀၀ဝအထိပေါက်ဈေးရှိနေပြီးလက်ရှိ TibetanMastiff တစ်ကောင်ကိုရှာတွေဖို့ဆိုတာ တောင် အလွန်ရှားပါးတဲ့ အနေအထားဖြစ်နေပါတယ်။

(၂) Missy Missy (ဒေါ်လာ ၁.၂သန်း)

Missy Missy ဟာ အမေရိကန်ဒေါ်လာ (၁၂၀၀၀၀၀)တန်ကြေးရှိတာကြောင့် သာမန်နွားတစ် ကောင်တော့ဖြစ်ဟန်မတူပါဘူး။ သူမဟာ များစွာသော Championship အပြေးပြိုင်ပွဲ တွေမှာ အလွန်လျင်မြန်တဲ့ အမြန်နူန်းနဲ့အနိုင်ရခဲ့တာပါ။ချန်ပီယံ Misssy ဟာမြောက် အမေရိကတိုက်ရဲ့WesternFall National Show ပြိုင်ပွဲမှာ Grand ချန်ပီယံဆုကိုလည်း ရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးနဲ့ စီးပွားရေးအရ အအောင်မြင်ဆုံးပြိုင်ပွဲလည်းဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာဗိုလ်စွဲလိုက်တာကြောင့် သူမကို စိတ်ဝင်စားသူ များလာပြီး သူမရဲ့တန်ဖိုးဟာ တစ်ဟုန်ထိုးမြှင့်တက်လာခဲ့တာပါ။ သူမဟာကမ္ဘာပေါ်က ဈေးအကြီးဆုံးတန်ဖိုးရှိတဲ့ အရောင်းစာရင်းဝင် နွားတစ်ကောင်လည်းဖြစ်ပါတယ်။ သူမရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ (၁၂၀၀၀၀၀)ရှိတာကြောင့် ကမ္ဘာပေါ်က တန်ဖိုးအကြီးဆုံး တိရိစ္ဆာန်တွေထဲကတစ်ကောင်အဖြစ်ပါ ရပ်တည်နေနိုင်တဲ့ မှတ်တမ်းကိုလည်းပိုင်ဆိုင်ထားတဲ့ နွားမလေးဖြစ်ပါတယ်။

(၁)Green Monkey (ဒေါ်လာ ၁၆သန်း)

ဒီနာမည်ကိုကြားရုံနဲ့တော့ Grenn Monkey ဆိုတာ မျောက်မိသားစု ကဆင်းသက်လာတဲ့ တိရစ္ဆာန်တစ်ကောင်လို့တော့ မထင်လိုက်ပါနဲ့။ သူဟာတန်ဖိုးကြီးပြိုင်မြင်းတစ်ကောင်ဖြစ်ပြီး မြက်ခင်းစိမ်းပေါ်မှာလျှင်မြန်တဲ့အဟုန်နဲ့ လှုပ်ရှားသွားလာနိုင်တဲ့အမှတ်အသားကို ရည်ညွှန်းပြီးဒီနာမည်ကိုပေးထားတာပါ။ ဒီလိုပြိုင်မြင်းကိုပိုင်ဆိုင်သူဟာ ထိပ်တန်းသူ ကြွယ်တစ်ဦးဖြစ်တယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ ဒီလိုမြင်းမျိုးဟာအလွန်ရှားပါးပြီး သူရဲ့ပြိုင်ဘက်ကင်းတဲ့ အသွေးအမွေးနဲ့ လျှင်မြန်မှုတို့ကြောင့် ဈေးအကြီးဆုံးပေးထားခြင်းခံခဲ့ရတာပါ။ ဒီမြင်းကို မြင်းပြိုင်ပွဲတွေမှာယှဉ်ပြိုင်စေပြီးအခြားပြိုင်ဘက်တွေ ထက်သာတဲ့ အနိုင်စံချိန်မျိုးတွေကို မှတ်တမ်းတင်ထားနိုင်တာပါ။ Green Monkey ဟာကာလတန်ဖိုး-အမေရိကန်ဒေါ်လာ ၁၆၀၀၀၀၀၀ အထိတန်ဖိုးရှိပါတယ်။

 

 

Leave a Reply