“ေရာ့ကက္”  ေခၚ “ဒုံးပ်ံ” တုိ႔ရဲ႕ သမုိင္းေၾကာင္း

Posted on

ေရးသားသူ – သန္း၀င္းလႈိင္(မုိးမခ)

ဒုံးပ်ံကို မည္သည့္အခ်ိန္က စတင္တီထြင္ခဲ့သည္ကို ေႏွာင္းလူတို႔ အတိအက် မသိေသာ္လည္း ပထမဆုံး မွတ္တမ္းတင္အပ္ေသာ အေၾကာင္းအရာမွာ ၁၃ ရာစုႏွစ္အတြင္း ၁၂၃၂ ခုႏွစ္၌ တ႐ုတ္ႏွင့္ မြန္ဂိုတို႔ ျဖစ္ပြားခဲ့ေသာ စစ္ပြဲျဖစ္၏။ ဟိုနန္ျပည္နယ္အတြင္း႐ွိ “ေကဖန္ဖူး” (Kai-fang Fu) ၿမိဳ႕ကို မြန္ဂိုစစ္သည္မ်ား ၀ိုင္းရံတိုက္ခိုက္ေသာအခါ အ၀ိုင္းခံရေသာ တ႐ုတ္စစ္သားမ်ားက မြန္ဂိုစစ္သည္မ်ားအား ဒုံးပ်ံမ်ားျဖင့္ တြန္းလွန္တိုက္ခိုက္ခဲ့သည္ဟူ၍ ၿဗိတိန္ႏိုင္ငံသား ဒုံးပ်ံသုေတသီ “မီလီေလး” က မွတ္တမ္းတင္ခဲ့သည္။ ဤသည္မွာ ဒုံးပ်ံမ်ားကို ပထမဆုံး အသုံးျပဳသည့္ သမိုင္း အေထာက္အထားပင္ ျဖစ္သည္။

ထို႔ေနာက္ ၁၂၄၁ ခုႏွစ္တြင္ တာတာလူမ်ိဳးမ်ားႏွင့္ ပိုလန္လူမ်ိဳးတို႔ ဥေရာပတိုက္၌ စစ္ျဖစ္ၾကရာတြင္ တာတာလူမ်ိဳးတို႔က ဒုံးပ်ံမ်ားကို အသုံးျပဳ၍ ပိုလန္စစ္သည္မ်ားကို ႏွိမ္ႏွင္းခဲ့သည္ဟူ၍လည္း သုေတသီမ်ားက ေလ့လာေတြ႔႐ွိခဲ့ေသးသည္။ ဥေရာပတိုက္မွ လူမ်ိဳးမ်ားသည္လည္း ထိုဒုံးပ်ံမ်ားကို တုပလုပ္ကိုင္၍ စစ္ပြဲသုံး လက္နက္အျဖစ္ ဆက္လက္ သုံးစြဲခဲ့ၾကသည္။ ခရစ္သကၠရာဇ္ ၁၆၀၀ ျပည့္ႏွစ္ခန္႔တြင္ အေျမွာက္ႀကီးမ်ား ေခတ္ ေရာက္လာေသာေၾကာင့္ ဒုံးပ်ံမ်ားကို အသုံးျပဳမႈ နည္းသြားေလသည္။ မီး႐ူးမီးပန္းမ်ား ေဖာက္ရန္အတြက္ပါ သုံးသူ ႐ွိၾကေလသည္။

ၿဗိတိသွ်တပ္မ်ားဖက္မွ အေျမွာက္တပ္မွဴးတစ္ဦးျဖစ္သူ “၀ီလ်ံကြန္းဂရိ” (William Congreve) ဆိုသူသည္ ဒုံးပ်ံမ်ားကို ျပဳလုပ္ရန္ စိတ္၀င္စားလာၿပီး ၁၈ဝ၅ ခုႏွစ္တြင္ ႀကံစည္စမ္းသပ္ရာ ကိုက္ ၂ဝဝဝ အကြာထိ ေျပးေသာ ဒုံးပ်ံမ်ားကို သုံးစြဲလာႏိုင္ေလသည္။ ၁၈၁၂ ခုႏွစ္က အေမရိကန္လြတ္လပ္ေရး စစ္ပြဲမ်ားအတြင္း၌ အဂၤလိပ္တို႔က ရန္သူခံတပ္မ်ားေပၚသို႔ လႊတ္ေသာ ဒုံးပ်ံမ်ားမွာ ကြန္းဂရိ၏ ဒုံးပ်ံမ်ားသာ ျဖစ္ေလသည္။ သို႔ရာတြင္ မၾကာမီပင္ ဒုံးပ်ံမ်ား ေခတ္ တိမ္ေကာသြားျပန္သည္။ အေၾကာင္းမွာ အေျမာက္မ်ားကဲ့သို႔ ပစ္မွတ္ကို တည့္မတ္စြာ မထိမွန္သျဖင့္ လူသုံးနည္းသြားျခင္း ျဖစ္သည္။ ၁၉ ရာစွ ႏွစ္အစပိုင္းသို႔ ေရာက္မွသာ သိပၸံပညာ႐ွင္အခ်ိဳ႕သည္ ဒုံးပ်ံျဖင့္ ခရီးသြားလာေရးကို အေလးအနက္ျပဳ၍ စမ္းသပ္လာၾကသည္။

William Congreve ႏွင့္ သူ၏ဒုံးပ်ံ

၁၈၉၈ ခုႏွစ္၌ ႐ု႐ွားလူမ်ိဳး “ကြန္စတန္ဆီအိုေကာ့စကီး” Konstantin Tsiolkovsky (၁၈၅၇ – ၁၉၃၅) သည္ ဒုံးပ်ံတည္ေဆာက္ေရး အေျခခံသေဘာတရားကို  ကမၻာေပၚတြင္ ပထမဆုံး တင္ျပႏိုင္ခဲ့သည္။ ဆီအိုေကာ့စကီးအား ၁၈၅၇ ခုႏွစ္၊ စက္တင္ဘာလ ၅ ရက္ေန႔တြင္ သစ္ခုတ္သမား မိသားစုမွ ေမြးဖြားခဲ့သည္။ သူ႔ဖခင္မွာ ေတာေခါင္းႀကီးျဖစ္၍ ပိုလန္ႏြယ္ဖြားတစ္ဦးျဖစ္သည္။ သူ၏ ဖခင္သည္ အားလပ္ခ်ိန္မ်ားတြင္ တီထြင္မႈမ်ား ျပဳလုပ္ယင္း ေပ်ာ္ေမြ႔သူတစ္ဦး ျဖစ္သည္။ သို႔ေသာ္ သူ တီထြင္မႈမ်ားမွာ ေအာင္ျမင္ျခင္း မ႐ွိခဲ့ေခ်။ ဆီအိုေကာစကီး အသက္ ၁၁ ႏွစ္ အ႐ြယ္တြင္ အဖ်ားေရာဂါေၾကာင့္ နားပင္း၍ သြားခဲ့ေလသည္။ သို႔ေသာ္ မိမိကုိယ္မိမိ ပညာရ႐ွိေအာင္ ႀကိဳးစားဆည္းပူး အားထုတ္ခဲ့သည္။ အသက္ ၂ဝ အ႐ြယ္တြင္ ကာလူးဂါး ၿမိဳ႕ေလးတစ္ၿမိဳ႕၌ ေက်ာင္းဆရာအျဖစ္ ၀င္ေရာက္လုပ္ကိုင္ခဲ့ေလသည္။ အသက္ ၂၃ ႏွစ္ အ႐ြယ္တြင္ ဆီအိုေကာ့စကီးသည္ မည္သည့္အကူအညီမွ်မပါပဲႏွင့္ အလင္းေရာင္၏ ျမန္ႏႈန္းကို တိုင္းတာႏိုင္ေသာ ကိရိယာတစ္ခုကို ျပဳလုပ္ႏိုင္ခဲ့ေလသည္။ ထိုအခ်ိန္၌ အလားတူ ကိရိယာမ်ိဳးကို အျခား သိပၸံပညာ႐ွင္ အခ်ိဳ႕က အနည္းငယ္ေစာ၍ ျပဳလုပ္ႏိုင္ခဲ့ၿပီး ျဖစ္ေၾကာင္းကို သူမသိခဲ့ေပ။

Konstantin Tsiolkovsky

မူလက အေတာင္ပံတပ္၍ ထိန္းေက်ာင္းေပးႏိုင္ေသာ ယဥ္မ်ား၌ စိတ္၀င္စားခဲ့ေသာ္လည္း ၁၈၉၅ ခုႏွစ္သို႔ ေရာက္ေသာအခါ အာကာသခရီးသြားလာေရးကို အာ႐ုံစိုက္ ေလ့လာခဲ့သည္။ ဆီအိုေကာ့စကီးသည္ ဒုံးပ်ံမ်ားကို လႊတ္တင္ရန္ နယူတန္႐ွာေဖြေတြ႔႐ွိခဲ့ေသာ “အားတစ္ခုတိုင္း၌ တန္ျပန္သက္ေရာက္မႈ ႐ွိသည္” ဟူေသာ သေဘာတရားကို အသုံးျပဳရန္ႏွင့္ ဒုံးပ်ံမ်ား၌လည္း အရည္ေလာင္စာမ်ားကို သုံးစြဲသင့္ေၾကာင္း တင္ျပခဲ့သည္။ ထို႔ျပင္ ဒုံးပ်ံမ်ား ပစ္လႊတ္ရာ၌ တစ္ဆင့္တည္းသာ ေဖာက္ခြဲပစ္လႊတ္ျခင္း မျပဳပဲ အဆင့္ဆင့္ ဆက္တိုက္ေဖာက္ခြဲပစ္လႊတ္ရန္ နည္းလမ္းမ်ားကိုလည္း စိတ္ကူးရခဲ့သူ ျဖစ္သည္။ ဤသို႔ေသာ ဆီအိုေကာ့စကီး၏ ႀကံစည္စိတ္ကူးမႈမ်ားမွာ အလြန္တရာ ႀကီးက်ယ္လွေသာ္လည္း လက္ေတြ႔ အသုံးခ်ႏိုင္ရန္ အခြင့္အလမ္းမ်ား မရ႐ွိခဲ့ေပ။ တိုင္းျခား၌ သူ၏ အမည္ကို မၾကားဖူးၾကသည့္ျပင္ ႐ု႐ွား ျပည္တြင္း၌လည္း သူ႔အားကူညီေပးမည့္သူ မ႐ွိသျဖင့္ သူ၏ စိတ္ကူးစိတ္သန္းမ်ားသည္ စာ႐ြက္ေပၚ၌သာ က်န္ရစ္ခဲ့ရသည္မွာ မ်ားစြာ ႏွေျမာဖြယ္ ေကာင္းလွေပသည္။

ထိုသူ၏ ပညာကို အေမြခံယူ၍ တကယ့္ဒုံးပ်ံမ်ားတြင္ အရည္ေလာင္စာကို ထည့္သြင္း၍ အသုံးျပဳခဲ့သူမွာ အေမရိကန္လူမ်ိဳး “ေရာဘတ္ေဂါ့ဒတ္” Robert H.Goddard (၁၈၈၂ – ၁၉၄၅) ဆိုသူ ျဖစ္သည္။ ေရာ့ဘတ္ေဂါ့ဒတ္အား ၁၈၈၂ ခုႏွစ္ ေအာက္တိုဘာလ ၅ ရက္ေန႔၌ အေမရိကန္ျပည္ေထာင္စု မက္ဆာခ်ဴးဆက္ ျပည္နယ္ ေဝါ့ဆက္စတာၿမိဳ႕တြင္ ဖြားျမင္ခဲ့ၿပီး ၊ ေဘာ့စတြန္ၿမိဳ႕တြင္ ႀကီးျပင္းခဲ့သူ ျဖစ္သည္။ ေနာက္ပိုင္း၌ ေ၀ါ့ဆက္စတာၿမိဳ႕သို႔ ျပန္လာကာ ေက်ာင္းေနခဲ့သည္။ ႀကိဳးစားမႈ႐ွိေသာ္လည္း မၾကာခဏ ဖ်ားနာတတ္သျဖင့္ အထက္တန္းစာေမးပြဲကို ၁၉ဝ၄ ခုႏွစ္ေရာက္မွသာ ေအာင္ျမင္ခဲ့သည္။ ေဂါ့ဒတ္သည္ ၁၉ဝ၈ ခုႏွစ္တြင္ ေ၀ါ့ဆက္စတာ စက္မႈတကၠသိုလ္မွ သိပၸံဘြဲ႔ရ႐ွိခဲ့ၿပီး ကလတ္တကၠသိုလ္မွ ေဒါက္တာ (ပါရဂူ) ဘြဲ႔ကို ၁၉၁၁ ခုႏွစ္တြင္ ရ႐ွိခဲ့သည္။ ကလတ္တကၠသိုလ္၌ပင္ ၁၉၄၃ ခုႏွစ္ထိ ႐ူပေဗဒပါေမာကၡအျဖစ္ အမႈထမ္းခဲ့သည္။ အသက္ ၂၃ ႏွစ္အ႐ြယ္၌ ေဂါ့ဒတ္သည္ သူကိုယ္တိုင္ ပုံစံထုတ္ခဲ့ေသာ ဒုံးပ်ံကို မူပိုင္မွတ္ပုံတင္ခြင့္ ရခဲ့ေလသည္။

Robert H.Goddard ႏွင့္ သူ၏ ေလာင္စာဆီသုံးဒုံးပ်ံ

ပထမကမၻာစစ္ႀကီး ျဖစ္ပြားေနစဥ္အတြင္း၌ ေကာင္းကင္အျမင့္သို႔ ပစ္လႊတ္ႏိုင္ေသာ ဒုံးပ်ံမ်ား ျပဳလုပ္ရန္အတြက္ေဂါ့ဒတ္သည္ သုေတသနျပဳခဲ့သည္။ ယင္းေတြ႔႐ွိခ်က္မ်ားကို ၁၉၂ဝ ျပည့္ႏွစ္တြင္ စာအုပ္တစ္အုပ္ ျပဳစုထုတ္ေ၀ခဲ့သည္။ ယင္းစာအုပ္ထဲ၌ အားေကာင္းေသာ ဒုံးပ်ံမ်ားျဖင့္ လူတို႔သည္ လေပၚသို႔ ေရာက္ေအာင္ ပစ္လႊတ္ႏိုင္ေၾကာင္းႏွင့္ ဒုံးပ်ံထိပ္ဖ်ားတြင္ ေရာင္ျခည္လက္ထြက္ေသာ ယမ္းမႈန္႔တစ္မ်ိဳးကို ထည့္၍ ေပးလိုက္ပါက ကမၻာမွၾကည့္လွ်င္ လဗိမာန္ေပၚသို႔ ဒုံးပ်ံဆင္းသြားပုံကို မွန္ေျပာင္းျဖင့္ ၾကည့္ႏိုင္ေၾကာင္း ေဖာ္ျပထားသည္။ ထို႔ေနာက္ ၁၉၂၆ ခုႏွစ္တြင္ မတ္လ ၁၆ ရက္ေန႔တြင္ သူတီထြင္ခဲ့ေသာ ႏွစ္ဆင့္ေပါက္ကြဲေသာ အရည္ေလာင္စာသုံး ဒုံးပ်ံကို ပထမဆုံး စမ္းသပ္ပစ္လႊတ္ခဲ့သည္။ ဒုံးပ်ံ၏ ထိပ္ဖ်ားတြင္ ဒုံးအင္ဂ်င္စက္ကို ဒုံးပ်ံတည္ၿငိမ္ ေစရန္အတြက္ တပ္ဆင္ထားသည္။  အဆိုပါေလာင္စာအရည္ႏွင့္ ေအာက္စီဂ်င္တို႔ကို သီးသန္႔ပိုက္လိုင္းမ်ားျဖင့္ သြယ္တန္း၍ ေနာက္ဆုံးပိုင္း႐ွိ အင္ဂ်င္စက္သို႔ ပို႔ေပးသည္။ ယင္းဒုံးပ်ံ၏ အ႐ွည္မွာ ၁ဝ မွ် ႐ွိၿပီး ေျမျပင္မွ ၁၈၄ ေပ အျမင့္အထိ တက္ေရာက္ႏိုင္ေၾကာင္း ေတြ႔ရသည္။

ထိုအခ်ိန္၌ပင္ဥေရာပသိပၸံပညာ႐ွင္မ်ားမွာ ဒုံးပ်ံတီထြင္ႏိုင္ေရးႏွင္ ့အာကာသသြားလာေရး ျပႆနာမ်ား ႏွင့္ ပတ္သက္၍ အၿပိဳင္အဆိုင္ သုေတသန ျပဳလုပ္လ်က္႐ွိသည္။ အဆိုပါ ပုဂၢိဳလ္မ်ားထဲတြင္ ႐ူေမးနီးယား သိပၸံပညာ႐ွင္ ပါေမာကၡ “ဟာမင္အိုဘတ္” (Hermann Oberth) အမည္႐ွိ ပုဂၢိဳလ္မွာ အထင္႐ွားဆုံး ျဖစ္သည္။ ၁၉၂၃ ခုႏွစ္တြင္ ဟာမင္အိုဘတ္ ေရးသားသည့္ “ဒုံးပ်ံျဖင့္ အာကာသ ခရီးသြားလာေရး” (The Rocket into Interplanetary Space) အမည္႐ွိ စာအုပ္မွာ သိပၸံ၀ါသနာ႐ွင္မ်ား ေလာကတြင္ အလြန္လူႀကိဳက္မ်ားခဲ့သည္။

ဒုတိယကမၻာစစ္ႀကီး မျဖစ္မီအထိ ေပၚသမွ် အာကာသသိပၸံ စာအုပ္မ်ားတြင္ ဤစာအုပ္မွာ အေက်ာ္ၾကားဆုံးႏွင့္ အာကာသသြား ဒုံးပ်ံတည္ေဆာက္ေရးတြင္ အေထာက္အကူအရဆုံး ျဖစ္သည္။  ၁၉၄၂ ခုႏွစ္တြင္ ဒုတိယကမၻာစစ္ႀကီး ျဖစ္လာသည့္ အခ်ိန္ကာလအတြင္း ဂ်ာမန္သိပၸံပညာ႐ွင္ “ေ၀ၚတာဒိုဘာဂ်ာ”  (Walter Darnberger) ႏွင့္ “၀မ္ဟာဖြန္ဘေရာင္း” (Wernher von Braun) တို႔က “ဗီြ-ႏွစ္” (V – 2) ဒုံးပ်ံမ်ားကို တီထြင္ျပဳလုပ္ခဲ့ၾကသည္။ ထိုစဥ္က ဗီြ-ႏွစ္ ဒုံးပ်ံမ်ား အေဝးဆုံး ပစ္ခတ္ႏိုင္ေသာ အကြာအေဝးမွာ မိုင္ ၁၉ဝ ႐ွိေသာ္လည္း ယခင္ ဥေရာပႏိုင္ငံမ်ား၌ တီထြင္ခဲ့ေသာ ဒုံးပ်ံမ်ားႏွင့္ လုံးဝမတူေပ။ ဗီြ-ႏွစ္ဒုံးပ်ံကိုေျမျပင္႐ွိမိခင္ဒုံးပ်ံစခန္းမွ လိုရာအရပ္သို႔ဦးတည္ပ်ံသန္းသြားရန္ပဲ့ကိုင္ႏိုင္သည္။ မိမိေပါက္ကြဲေစလို သည့္ ေနရာ၌ ဆင္းသက္ ေပါက္ကြဲေစႏိုင္သည္။ ယေန႔ အာကာသသို႔ ပစ္လႊတ္လ်က္ ႐ွိၾကေသာ ဒုံးပ်ံမ်ား၏ ဗီြ-ႏွစ္ ဒုံးပ်ံ၌ ေတြ႔ျမင္ႏိုင္ေပသည္။

ဂ်ာမန္တို႔သည္ ဒုတိယကမၻာစစ္အတြင္းက ဗီြ-ႏွစ္ဒုံးပ်ံကို အဂၤလန္ျပည္ေပၚသို႔ အလုံးေပါင္း (၃ဝဝဝ) မွ် ပစ္လႊတ္ခဲ့ရာတြင္ (၁၂၃ဝ) မွ်ေသာ ဒုံးပ်ံတို႔မွာ လန္ဒန္ၿမိဳ႕သို႔ လာေရာက္ထိမွန္ေလသည္။ မဟာမိတ္တပ္မ်ားက ဥေရာပတိုက္႐ွိ ဂ်ာမနီ ဒုံးပ်ံစခန္းမ်ားကို  အခ်ိန္မီသြားေရာက္ တိုက္ခိုက္သိမ္းပိုက္လိုက္ေသာေၾကာင့္သာ လူေပါင္း ေျမာက္မ်ားစြာ ေသေၾကပ်က္စီးရမည့္ေဘးဆိုးမွလႊတ္ေျမာက္ခဲ့ေလသည္။ အကယ္၍သာ ကမၻာစစ္ႀကီး ဆက္လက္ျဖစ္ပြားေနခဲ့လွ်င္ဂ်ာမာန္တို႔၏အႀကံအစည္မွာေတာင္ပံတပ္ထားေသာဒုံးပ်ံမ်ားျဖင့္ ဥေရာပတိုက္ မွေန ၍ အေမရိကန္ျပည္ေထာင္စုအထိ ေရာက္႐ွိေအာင္ ေလသူရဲတစ္ဦး စီးနင္းလိုက္ပါလ်က္ တိုက္ခိုက္ၿဖိဳခြင္းရန္ ႀကံကြယ္ထားေလသည္။

“၀မ္ဟာဖြန္ဘေရာင္း” (Wernher von Braun)

ဒုတိယကမၻာစစ္ႀကီးၿပီးေနာက္အေမရိကန္ျပည္ေထာင္စုႏွင့္ဆိုဗီယက္ျပည္ေထာင္စုတို႔သည္ ကမၻာေပၚ တြင္ အင္အားအႀကီးဆုံး ႏွစ္ႏိုင္ငံ ျဖစ္လာသည္။ အာကာသ သြားလာမႈ၌ တစ္ဦးႏွင့္တစ္ဦး အၿပိဳင္အဆိုင္ လုပ္ကိုင္လာၾကသည္။ နာဇီဂ်ာမနီကို ေအာင္ျမင္ေအာင္ ႏွိမ္ႏွင္းၿပီးသည့္ေနာက္ အေမရိကန္ ျပည္ေထာင္စုႏွင့္ ဆိုဗီယက္ တပ္နီေတာ္တို႔သည္ ဂ်ာမန္ဒုံးပ်ံစခန္းမ်ားကို သူ႔ထက္ငါဦးေအာင္ အေရာက္သြားၾကေလသည္။  အေမရိကန္ျပည္ေထာင္စုက “၀မ္ဟာဖြန္ဘေရာင္း” အပါအဝင္ ဒုံးပ်ံပါရဂူမ်ားအား မိမိတို႔ဖက္ ပါ၀င္ေအာင္ သိမ္းသြင္းႏိုင္ခဲ့ၿပီး ဗီြတူးဒုံးပ်ံ ပုံစံမ်ားႏွင့္တကြ ဒုံးပ်ံ အစိတ္အပိုင္းမ်ားကို သေဘၤာ (၁၆) စင္းစာမွ် အေမရိကန္ျပည္ေထာင္စုသို႔ ျပန္လည္ယူေဆာင္လာခဲ့ေလသည္။

အစပထမတြင္ ဒုံးပ်ံမ်ားကို စစ္ေရးစစ္ရာ ကိစၥမ်ား၌သာ အသုံးျပဳရန္အတြက္ ရည္စူး၍ ေ၀းေ၀းေျပး၊ ျမန္ျမန္သြား၊ မ်ားမ်ားေသေစႏိုင္ေသာ လက္နက္မ်ိဳးကို အၿပိဳင္အဆိုင္ ထုတ္လုပ္လာၾက၏။တေျဖးေျဖးႏွင့္ ထိုဒုံးပ်ံမ်ားသည္ ကမၻာေပၚတြင္ တိုက္ႀကီးတစ္တုိက္ႏွင့္တစ္တိုက္ လွမ္း၍ ပစ္ခတ္ႏိုင္ေသာ မိုင္ ၈၀၀၀ ခန္႔ ခရီးေပါက္သည့္ တုိက္ခ်င္းပစ္ ဒုံးပ်ံႀကီးမ်ားကို ျပဳလုပ္လာႏိုင္ၾက၏။ အဆိုပါ ဒုံးပ်ံမ်ားသည္ ေျမျပင္အထက္ မိုင္ ၈ဝဝ မွ မုိင္ ၁ဝဝဝ အထိ တက္၍ သြားႏိုင္ၿပီး တစ္နာရီလွ်င္ မိုင္တစ္ေသာင္းေက်ာ္ႏႈန္း သြားႏိုင္ေလသည္။ ယင္းဒုံးပ်ံႀကီးမ်ား၏ ထိပ္တြင္ ႏ်ဴကလီးယား ထိပ္ဖူးကို သယ္ေဆာင္သြားျခင္းအားျဖင့္ က်ေရာက္ေပါက္ေသာေနရာတို႔၌ အသက္စည္းစိမ္ေပါင္းမ်ားစြာတို႔ကို ဖ်က္ဆီး ႏိုင္စြမ္း ႐ွိသည္။

ဆိုဗီယက္ျပည္ေထာင္စုသည္ ဒုံးပ်ံမ်ားထုတ္လုပ္ရန္အတြက္ ၁၉၅ဝ ျပည့္ႏွစ္အတြင္းကပင္ စတင္ႀကိဳးပမ္းခဲ့ၾကသည္။ပထမဆုံးဒုံးပ်ံတည္ေဆာက္ေရး စက္႐ုံကို ေမာ္စကိုၿမိဳ႕အတြင္း၌လွ်ိဳ႕ဝွက္ထား႐ွိခဲ့ ၾကသည္။ဤဒုံးပ်ံတည္ေဆာက္ေရးလုပ္ငန္းအဝဝကို ႐ု႐ွားသိပၸံပညာ႐ွင္မ်ားကပင္ ဦးေဆာင္၍ သုေတသနျပဳ လုပ္ခဲ့ၾကသည္။ ယင္းေနာက္ ဒုတိယကမၻာစစ္ႀကီးအတြင္း ႐ု႐ွားတို႔သည္ ဂ်ာမန္ဒုံးပ်ံ ပညာ႐ွင္မ်ားကို ဆိုဗီယက္ျပည္ေထာင္စုသို႔ ေခၚေဆာင္သြားေသာ ဂ်ာမန္သိပၸံပညာ႐ွင္မ်ားမွာ ဗီြ-ႏွစ္ ဒုံးပ်ံထုတ္လုပ္ေရးတြင္ အေတြ႔အႀကဳံ႐ွိၿပီးသူမ်ားျဖစ္၍ ႐ု႐ွားတို႔၏ ဒုံးပ်ံတည္ေဆာက္ေရး သုေတသနလုပ္ငန္း အတြက္ ႀကီးစြာ အေထာက္အပံ့ရ႐ွိခဲ့ေလသည္။

ထို႔ေနာက္ ၁၉၄၇ ခုႏွစ္၊ ေအာက္တိုဘာလ ၃ဝ ရက္ေန႔၌ စတာလင္ဂရက္ အေ႐ွ႕ဘက္မုိင္ ၁၂၅ မိုင္ေ၀းေသာ ေဒသတြင္ ပထမဆုံးအႀကိမ္ ေျမျပင္စခန္းမွ လိုရာအရပ္သို႔ ထိန္း၍ ပစ္မွတ္ကို တိက်စြာ ပစ္ခတ္ႏိုင္ေသာ ဒုံးပ်ံမ်ားကုိ ေအာင္ျမင္စြာ စမ္းသပ္ ပစ္ခတ္ႏိုင္ခဲ့သည္။ သို႔ေသာ္အဆိုပါ ဒုံးပ်ံမွာ ဒုတိယကမၻာစစ္ႀကီးအတြင္းက ဂ်ာမန္တို႔၏ “ယူ-ႏွစ္” (U-2) ဒုံးပ်ံကို အေျခခံ၍ ပိုမိုအစြမ္းထက္ျမက္ေအာင္ တည္ေဆာက္ထားျခင္းမွ်သာ ျဖစ္သည္။ ယင္းဒုံးပ်ံသည္ အေလးခ်ိန္အားျဖင့္ ၁၂ တန္ခြဲမွ် ေလးၿပီး ၁၈၅ မိုင္ခန္႔အထိ ပစ္လႊတ္ႏိုင္သည္။

ထို႔ျပင္ ၁၉၄၉ ခုႏွစ္မွ ၁၉၅၂ ခုႏွစ္ထိ ဒုံးပ်ံမ်ားတြင္ ေခြးမ်ားကို ထည့္၍ ေျမျပင္မွ မိုင္ ၆၀ အျမင့္ ေရာက္သည္အထိ ပစ္လႊတ္ခဲ့သည္။ ေခြးမ်ားထည့္လႊတ္ရျခင္းမွာ ကမၻာ့ဆြဲငင္အားမွ လြတ္ကင္းေသာအခါ မည္သို႔ တုန္႔ျပန္မႈ ႐ွိသည္ကို သိ႐ွိရန္ စမ္းသပ္ခဲ့ျခင္း ျဖစ္သည္။ ထို႔ေနာက္ ဂ်ာမန္တို႔ ဗီြ-၂ ဒုံးပ်ံကို ပထမဆုံး ေအာင္ျမင္စြာ ပစ္လႊတ္ႏိုင္သည့္ အခ်ိန္မွစ၍ ေရတြက္လွ်င္ ၁၅ ႏွစ္ႏွင့္ တစ္ရက္တိတိ အၾကာ ဆိုဗီယက္ျပည္ေထာင္စုသည္ ၁၉၅၇ ခုႏွစ္၊ ေအာက္တိုဘာလ ၄ ရက္ေန႔တြင္ ကမၻာေပၚတြင္ ပထမဆုံး လူလုပ္ၿဂိဳဟ္တုတစ္ခုကို အာကာသအတြင္းသို႔ ေအာင္ျမင္စြာ ပစ္လႊတ္ႏိုင္ခဲ့သည္။ ယင္းၿဂိဳဟ္တုကို “စပြတ္နစ္အမွတ္-၁” (Sputnik-1) ဟု အမည္ေပးထားသည္။

ထိုအခ်ိန္မွစ၍ အာကာသစူးစမ္းမႈသမိုင္း ေခတ္သစ္ဆီသို႔ လူသားတို႔ စတင္ခဲ့သည္မွာ ယခုအခါ (၁၉၈၇ ခုႏွစ္၊ ေအာက္တိုဘာလ ၄ ရက္) တြင္ ႏွစ္ ၃ဝ အတြင္းသို႔ ေရာက္႐ွိခဲ့ၿပီ ျဖစ္သည္။ ဆိုဗီယက္ျပည္ေထာင္စု၏ သမိုင္းတြင္ ဤေအာင္ျမင္မႈအတြက္ အေမရိကန္ျပည္ေထာင္စုအပါအ၀င္ တစ္ကမာၻလုံး အုတ္ေအာ္ေသာင္းနင္း ျဖစ္ခဲ့ရသည္။ထို႔ျပင္ကမၻာ့ႏိုင္ငံေရး၊ လူမႈေရး၊ သိပၸံႏွင့္ ပညာေရးတို႔တြင္လည္း လႈပ္လႈပ္႐ွား႐ွား ျဖစ္သြားခဲ့ရသည္။

ဆရာ သန္းဝင္းလႈိင္  ရဲ႕မုိးမခ မဂၢဇင္းပါ အာကာသ စူးစမ္းမႈ သမိုင္း မွ

———————

“ရော့ကက်”  ခေါ် “ဒုံးပျံ” တို့ရဲ့ သမိုင်းကြောင်း (unicode)

ရေးသားသူ – သန်းဝင်းလှိုင်(မိုးမခ)

ဒုံးပျံကို မည်သည့်အချိန်က စတင်တီထွင်ခဲ့သည်ကို နှောင်းလူတို့ အတိအကျ မသိသော်လည်း ပထမဆုံး မှတ်တမ်းတင်အပ်သော အကြောင်းအရာမှာ ၁၃ ရာစုနှစ်အတွင်း ၁၂၃၂ ခုနှစ်၌ တရုတ်နှင့် မွန်ဂိုတို့ ဖြစ်ပွားခဲ့သော စစ်ပွဲဖြစ်၏။ ဟိုနန်ပြည်နယ်အတွင်းရှိ “ကေဖန်ဖူး” (Kai-fang Fu) မြို့ကို မွန်ဂိုစစ်သည်များ ဝိုင်းရံတိုက်ခိုက်သောအခါ အဝိုင်းခံရသော တရုတ်စစ်သားများက မွန်ဂိုစစ်သည်များအား ဒုံးပျံများဖြင့် တွန်းလှန်တိုက်ခိုက်ခဲ့သည်ဟူ၍ ဗြိတိန်နိုင်ငံသား ဒုံးပျံသုတေသီ “မီလီလေး” က မှတ်တမ်းတင်ခဲ့သည်။ ဤသည်မှာ ဒုံးပျံများကို ပထမဆုံး အသုံးပြုသည့် သမိုင်း အထောက်အထားပင် ဖြစ်သည်။

ထို့နောက် ၁၂၄၁ ခုနှစ်တွင် တာတာလူမျိုးများနှင့် ပိုလန်လူမျိုးတို့ ဥရောပတိုက်၌ စစ်ဖြစ်ကြရာတွင် တာတာလူမျိုးတို့က ဒုံးပျံများကို အသုံးပြု၍ ပိုလန်စစ်သည်များကို နှိမ်နှင်းခဲ့သည်ဟူ၍လည်း သုတေသီများက လေ့လာတွေ့ရှိခဲ့သေးသည်။ ဥရောပတိုက်မှ လူမျိုးများသည်လည်း ထိုဒုံးပျံများကို တုပလုပ်ကိုင်၍ စစ်ပွဲသုံး လက်နက်အဖြစ် ဆက်လက် သုံးစွဲခဲ့ကြသည်။ ခရစ်သက္ကရာဇ် ၁၆၀၀ ပြည့်နှစ်ခန့်တွင် အမြှောက်ကြီးများ ခေတ် ရောက်လာသောကြောင့် ဒုံးပျံများကို အသုံးပြုမှု နည်းသွားလေသည်။ မီးရူးမီးပန်းများ ဖောက်ရန်အတွက်ပါ သုံးသူ ရှိကြလေသည်။

ဗြိတိသျှတပ်များဖက်မှ အမြှောက်တပ်မှူးတစ်ဦးဖြစ်သူ “ဝီလျံကွန်းဂရိ” (William Congreve) ဆိုသူသည် ဒုံးပျံများကို ပြုလုပ်ရန် စိတ်ဝင်စားလာပြီး ၁၈ဝ၅ ခုနှစ်တွင် ကြံစည်စမ်းသပ်ရာ ကိုက် ၂ဝဝဝ အကွာထိ ပြေးသော ဒုံးပျံများကို သုံးစွဲလာနိုင်လေသည်။ ၁၈၁၂ ခုနှစ်က အမေရိကန်လွတ်လပ်ရေး စစ်ပွဲများအတွင်း၌ အင်္ဂလိပ်တို့က ရန်သူခံတပ်များပေါ်သို့ လွှတ်သော ဒုံးပျံများမှာ ကွန်းဂရိ၏ ဒုံးပျံများသာ ဖြစ်လေသည်။ သို့ရာတွင် မကြာမီပင် ဒုံးပျံများ ခေတ် တိမ်ကောသွားပြန်သည်။ အကြောင်းမှာ အမြောက်များကဲ့သို့ ပစ်မှတ်ကို တည့်မတ်စွာ မထိမှန်သဖြင့် လူသုံးနည်းသွားခြင်း ဖြစ်သည်။ ၁၉ ရာစှ နှစ်အစပိုင်းသို့ ရောက်မှသာ သိပ္ပံပညာရှင်အချို့သည် ဒုံးပျံဖြင့် ခရီးသွားလာရေးကို အလေးအနက်ပြု၍ စမ်းသပ်လာကြသည်။

၁၈၉၈ ခုနှစ်၌ ရုရှားလူမျိုး “ကွန်စတန်ဆီအိုကော့စကီး” Konstantin Tsiolkovsky (၁၈၅၇ – ၁၉၃၅) သည် ဒုံးပျံတည်ဆောက်ရေး အခြေခံသဘောတရားကို  ကမ္ဘာပေါ်တွင် ပထမဆုံး တင်ပြနိုင်ခဲ့သည်။ ဆီအိုကော့စကီးအား ၁၈၅၇ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် သစ်ခုတ်သမား မိသားစုမှ မွေးဖွားခဲ့သည်။ သူ့ဖခင်မှာ တောခေါင်းကြီးဖြစ်၍ ပိုလန်နွယ်ဖွားတစ်ဦးဖြစ်သည်။ သူ၏ ဖခင်သည် အားလပ်ချိန်များတွင် တီထွင်မှုများ ပြုလုပ်ယင်း ပျော်မွေ့သူတစ်ဦး ဖြစ်သည်။ သို့သော် သူ တီထွင်မှုများမှာ အောင်မြင်ခြင်း မရှိခဲ့ချေ။ ဆီအိုကောစကီး အသက် ၁၁ နှစ် အရွယ်တွင် အဖျားရောဂါကြောင့် နားပင်း၍ သွားခဲ့လေသည်။ သို့သော် မိမိကိုယ်မိမိ ပညာရရှိအောင် ကြိုးစားဆည်းပူး အားထုတ်ခဲ့သည်။ အသက် ၂ဝ အရွယ်တွင် ကာလူးဂါး မြို့လေးတစ်မြို့၌ ကျောင်းဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့လေသည်။ အသက် ၂၃ နှစ် အရွယ်တွင် ဆီအိုကော့စကီးသည် မည်သည့်အကူအညီမျှမပါပဲနှင့် အလင်းရောင်၏ မြန်နှုန်းကို တိုင်းတာနိုင်သော ကိရိယာတစ်ခုကို ပြုလုပ်နိုင်ခဲ့လေသည်။ ထိုအချိန်၌ အလားတူ ကိရိယာမျိုးကို အခြား သိပ္ပံပညာရှင် အချို့က အနည်းငယ်စော၍ ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်ကြောင်းကို သူမသိခဲ့ပေ။

မူလက အတောင်ပံတပ်၍ ထိန်းကျောင်းပေးနိုင်သော ယဉ်များ၌ စိတ်ဝင်စားခဲ့သော်လည်း ၁၈၉၅ ခုနှစ်သို့ ရောက်သောအခါ အာကာသခရီးသွားလာရေးကို အာရုံစိုက် လေ့လာခဲ့သည်။ ဆီအိုကော့စကီးသည် ဒုံးပျံများကို လွှတ်တင်ရန် နယူတန်ရှာဖွေတွေ့ရှိခဲ့သော “အားတစ်ခုတိုင်း၌ တန်ပြန်သက်ရောက်မှု ရှိသည်” ဟူသော သဘောတရားကို အသုံးပြုရန်နှင့် ဒုံးပျံများ၌လည်း အရည်လောင်စာများကို သုံးစွဲသင့်ကြောင်း တင်ပြခဲ့သည်။ ထို့ပြင် ဒုံးပျံများ ပစ်လွှတ်ရာ၌ တစ်ဆင့်တည်းသာ ဖောက်ခွဲပစ်လွှတ်ခြင်း မပြုပဲ အဆင့်ဆင့် ဆက်တိုက်ဖောက်ခွဲပစ်လွှတ်ရန် နည်းလမ်းများကိုလည်း စိတ်ကူးရခဲ့သူ ဖြစ်သည်။ ဤသို့သော ဆီအိုကော့စကီး၏ ကြံစည်စိတ်ကူးမှုများမှာ အလွန်တရာ ကြီးကျယ်လှသော်လည်း လက်တွေ့ အသုံးချနိုင်ရန် အခွင့်အလမ်းများ မရရှိခဲ့ပေ။ တိုင်းခြား၌ သူ၏ အမည်ကို မကြားဖူးကြသည့်ပြင် ရုရှား ပြည်တွင်း၌လည်း သူ့အားကူညီပေးမည့်သူ မရှိသဖြင့် သူ၏ စိတ်ကူးစိတ်သန်းများသည် စာရွက်ပေါ်၌သာ ကျန်ရစ်ခဲ့ရသည်မှာ များစွာ နှမြောဖွယ် ကောင်းလှပေသည်။

ထိုသူ၏ ပညာကို အမွေခံယူ၍ တကယ့်ဒုံးပျံများတွင် အရည်လောင်စာကို ထည့်သွင်း၍ အသုံးပြုခဲ့သူမှာ အမေရိကန်လူမျိုး “ရောဘတ်ဂေါ့ဒတ်” Robert H.Goddard (၁၈၈၂ – ၁၉၄၅) ဆိုသူ ဖြစ်သည်။ ရော့ဘတ်ဂေါ့ဒတ်အား ၁၈၈၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့၌ အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက် ပြည်နယ် ဝေါ့ဆက်စတာမြို့တွင် ဖွားမြင်ခဲ့ပြီး ၊ ဘော့စတွန်မြို့တွင် ကြီးပြင်းခဲ့သူ ဖြစ်သည်။ နောက်ပိုင်း၌ ဝေါ့ဆက်စတာမြို့သို့ ပြန်လာကာ ကျောင်းနေခဲ့သည်။ ကြိုးစားမှုရှိသော်လည်း မကြာခဏ ဖျားနာတတ်သဖြင့် အထက်တန်းစာမေးပွဲကို ၁၉ဝ၄ ခုနှစ်ရောက်မှသာ အောင်မြင်ခဲ့သည်။ ဂေါ့ဒတ်သည် ၁၉ဝ၈ ခုနှစ်တွင် ဝေါ့ဆက်စတာ စက်မှုတက္ကသိုလ်မှ သိပ္ပံဘွဲ့ရရှိခဲ့ပြီး ကလတ်တက္ကသိုလ်မှ ဒေါက်တာ (ပါရဂူ) ဘွဲ့ကို ၁၉၁၁ ခုနှစ်တွင် ရရှိခဲ့သည်။ ကလတ်တက္ကသိုလ်၌ပင် ၁၉၄၃ ခုနှစ်ထိ ရူပဗေဒပါမောက္ခအဖြစ် အမှုထမ်းခဲ့သည်။ အသက် ၂၃ နှစ်အရွယ်၌ ဂေါ့ဒတ်သည် သူကိုယ်တိုင် ပုံစံထုတ်ခဲ့သော ဒုံးပျံကို မူပိုင်မှတ်ပုံတင်ခွင့် ရခဲ့လေသည်။

ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားနေစဉ်အတွင်း၌ ကောင်းကင်အမြင့်သို့ ပစ်လွှတ်နိုင်သော ဒုံးပျံများ ပြုလုပ်ရန်အတွက်ဂေါ့ဒတ်သည် သုတေသနပြုခဲ့သည်။ ယင်းတွေ့ရှိချက်များကို ၁၉၂ဝ ပြည့်နှစ်တွင် စာအုပ်တစ်အုပ် ပြုစုထုတ်ဝေခဲ့သည်။ ယင်းစာအုပ်ထဲ၌ အားကောင်းသော ဒုံးပျံများဖြင့် လူတို့သည် လပေါ်သို့ ရောက်အောင် ပစ်လွှတ်နိုင်ကြောင်းနှင့် ဒုံးပျံထိပ်ဖျားတွင် ရောင်ခြည်လက်ထွက်သော ယမ်းမှုန့်တစ်မျိုးကို ထည့်၍ ပေးလိုက်ပါက ကမ္ဘာမှကြည့်လျှင် လဗိမာန်ပေါ်သို့ ဒုံးပျံဆင်းသွားပုံကို မှန်ပြောင်းဖြင့် ကြည့်နိုင်ကြောင်း ဖော်ပြထားသည်။ ထို့နောက် ၁၉၂၆ ခုနှစ်တွင် မတ်လ ၁၆ ရက်နေ့တွင် သူတီထွင်ခဲ့သော နှစ်ဆင့်ပေါက်ကွဲသော အရည်လောင်စာသုံး ဒုံးပျံကို ပထမဆုံး စမ်းသပ်ပစ်လွှတ်ခဲ့သည်။ ဒုံးပျံ၏ ထိပ်ဖျားတွင် ဒုံးအင်ဂျင်စက်ကို ဒုံးပျံတည်ငြိမ် စေရန်အတွက် တပ်ဆင်ထားသည်။  အဆိုပါလောင်စာအရည်နှင့် အောက်စီဂျင်တို့ကို သီးသန့်ပိုက်လိုင်းများဖြင့် သွယ်တန်း၍ နောက်ဆုံးပိုင်းရှိ အင်ဂျင်စက်သို့ ပို့ပေးသည်။ ယင်းဒုံးပျံ၏ အရှည်မှာ ၁ဝ မျှ ရှိပြီး မြေပြင်မှ ၁၈၄ ပေ အမြင့်အထိ တက်ရောက်နိုင်ကြောင်း တွေ့ရသည်။

ထိုအချိန်၌ပင်ဥရောပသိပ္ပံပညာရှင်များမှာ ဒုံးပျံတီထွင်နိုင်ရေးနှင့်အာကာသသွားလာရေး ပြဿနာများ နှင့် ပတ်သက်၍ အပြိုင်အဆိုင် သုတေသန ပြုလုပ်လျက်ရှိသည်။ အဆိုပါ ပုဂ္ဂိုလ်များထဲတွင် ရူမေးနီးယား သိပ္ပံပညာရှင် ပါမောက္ခ “ဟာမင်အိုဘတ်” (Hermann Oberth) အမည်ရှိ ပုဂ္ဂိုလ်မှာ အထင်ရှားဆုံး ဖြစ်သည်။ ၁၉၂၃ ခုနှစ်တွင် ဟာမင်အိုဘတ် ရေးသားသည့် “ဒုံးပျံဖြင့် အာကာသ ခရီးသွားလာရေး” (The Rocket into Interplanetary Space) အမည်ရှိ စာအုပ်မှာ သိပ္ပံဝါသနာရှင်များ လောကတွင် အလွန်လူကြိုက်များခဲ့သည်။

ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီအထိ ပေါ်သမျှ အာကာသသိပ္ပံ စာအုပ်များတွင် ဤစာအုပ်မှာ အကျော်ကြားဆုံးနှင့် အာကာသသွား ဒုံးပျံတည်ဆောက်ရေးတွင် အထောက်အကူအရဆုံး ဖြစ်သည်။  ၁၉၄၂ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာသည့် အချိန်ကာလအတွင်း ဂျာမန်သိပ္ပံပညာရှင် “ဝေါ်တာဒိုဘာဂျာ”  (Walter Darnberger) နှင့် “ဝမ်ဟာဖွန်ဘရောင်း” (Wernher von Braun) တို့က “ဗွီ-နှစ်” (V – 2) ဒုံးပျံများကို တီထွင်ပြုလုပ်ခဲ့ကြသည်။ ထိုစဉ်က ဗွီ-နှစ် ဒုံးပျံများ အဝေးဆုံး ပစ်ခတ်နိုင်သော အကွာအဝေးမှာ မိုင် ၁၉ဝ ရှိသော်လည်း ယခင် ဥရောပနိုင်ငံများ၌ တီထွင်ခဲ့သော ဒုံးပျံများနှင့် လုံးဝမတူပေ။ ဗွီ-နှစ်ဒုံးပျံကိုမြေပြင်ရှိမိခင်ဒုံးပျံစခန်းမှ လိုရာအရပ်သို့ဦးတည်ပျံသန်းသွားရန်ပဲ့ကိုင်နိုင်သည်။ မိမိပေါက်ကွဲစေလို သည့် နေရာ၌ ဆင်းသက် ပေါက်ကွဲစေနိုင်သည်။ ယနေ့ အာကာသသို့ ပစ်လွှတ်လျက် ရှိကြသော ဒုံးပျံများ၏ ဗွီ-နှစ် ဒုံးပျံ၌ တွေ့မြင်နိုင်ပေသည်။

ဂျာမန်တို့သည် ဒုတိယကမ္ဘာစစ်အတွင်းက ဗွီ-နှစ်ဒုံးပျံကို အင်္ဂလန်ပြည်ပေါ်သို့ အလုံးပေါင်း (၃ဝဝဝ) မျှ ပစ်လွှတ်ခဲ့ရာတွင် (၁၂၃ဝ) မျှသော ဒုံးပျံတို့မှာ လန်ဒန်မြို့သို့ လာရောက်ထိမှန်လေသည်။ မဟာမိတ်တပ်များက ဥရောပတိုက်ရှိ ဂျာမနီ ဒုံးပျံစခန်းများကို  အချိန်မီသွားရောက် တိုက်ခိုက်သိမ်းပိုက်လိုက်သောကြောင့်သာ လူပေါင်း မြောက်များစွာ သေကြေပျက်စီးရမည့်ဘေးဆိုးမှလွှတ်မြောက်ခဲ့လေသည်။ အကယ်၍သာ ကမ္ဘာစစ်ကြီး ဆက်လက်ဖြစ်ပွားနေခဲ့လျှင်ဂျာမာန်တို့၏အကြံအစည်မှာတောင်ပံတပ်ထားသောဒုံးပျံများဖြင့် ဥရောပတိုက် မှနေ ၍ အမေရိကန်ပြည်ထောင်စုအထိ ရောက်ရှိအောင် လေသူရဲတစ်ဦး စီးနင်းလိုက်ပါလျက် တိုက်ခိုက်ဖြိုခွင်းရန် ကြံကွယ်ထားလေသည်။

ဒုတိယကမ္ဘာစစ်ကြီးပြီးနောက်အမေရိကန်ပြည်ထောင်စုနှင့်ဆိုဗီယက်ပြည်ထောင်စုတို့သည် ကမ္ဘာပေါ် တွင် အင်အားအကြီးဆုံး နှစ်နိုင်ငံ ဖြစ်လာသည်။ အာကာသ သွားလာမှု၌ တစ်ဦးနှင့်တစ်ဦး အပြိုင်အဆိုင် လုပ်ကိုင်လာကြသည်။ နာဇီဂျာမနီကို အောင်မြင်အောင် နှိမ်နှင်းပြီးသည့်နောက် အမေရိကန် ပြည်ထောင်စုနှင့် ဆိုဗီယက် တပ်နီတော်တို့သည် ဂျာမန်ဒုံးပျံစခန်းများကို သူ့ထက်ငါဦးအောင် အရောက်သွားကြလေသည်။  အမေရိကန်ပြည်ထောင်စုက “ဝမ်ဟာဖွန်ဘရောင်း” အပါအဝင် ဒုံးပျံပါရဂူများအား မိမိတို့ဖက် ပါဝင်အောင် သိမ်းသွင်းနိုင်ခဲ့ပြီး ဗွီတူးဒုံးပျံ ပုံစံများနှင့်တကွ ဒုံးပျံ အစိတ်အပိုင်းများကို သင်္ဘော (၁၆) စင်းစာမျှ အမေရိကန်ပြည်ထောင်စုသို့ ပြန်လည်ယူဆောင်လာခဲ့လေသည်။

အစပထမတွင် ဒုံးပျံများကို စစ်ရေးစစ်ရာ ကိစ္စများ၌သာ အသုံးပြုရန်အတွက် ရည်စူး၍ ဝေးဝေးပြေး၊ မြန်မြန်သွား၊ များများသေစေနိုင်သော လက်နက်မျိုးကို အပြိုင်အဆိုင် ထုတ်လုပ်လာကြ၏။တဖြေးဖြေးနှင့် ထိုဒုံးပျံများသည် ကမ္ဘာပေါ်တွင် တိုက်ကြီးတစ်တိုက်နှင့်တစ်တိုက် လှမ်း၍ ပစ်ခတ်နိုင်သော မိုင် ၈၀၀၀ ခန့် ခရီးပေါက်သည့် တိုက်ချင်းပစ် ဒုံးပျံကြီးများကို ပြုလုပ်လာနိုင်ကြ၏။ အဆိုပါ ဒုံးပျံများသည် မြေပြင်အထက် မိုင် ၈ဝဝ မှ မိုင် ၁ဝဝဝ အထိ တက်၍ သွားနိုင်ပြီး တစ်နာရီလျှင် မိုင်တစ်သောင်းကျော်နှုန်း သွားနိုင်လေသည်။ ယင်းဒုံးပျံကြီးများ၏ ထိပ်တွင် နျူကလီးယား ထိပ်ဖူးကို သယ်ဆောင်သွားခြင်းအားဖြင့် ကျရောက်ပေါက်သောနေရာတို့၌ အသက်စည်းစိမ်ပေါင်းများစွာတို့ကို ဖျက်ဆီး နိုင်စွမ်း ရှိသည်။

ဆိုဗီယက်ပြည်ထောင်စုသည် ဒုံးပျံများထုတ်လုပ်ရန်အတွက် ၁၉၅ဝ ပြည့်နှစ်အတွင်းကပင် စတင်ကြိုးပမ်းခဲ့ကြသည်။ပထမဆုံးဒုံးပျံတည်ဆောက်ရေး စက်ရုံကို မော်စကိုမြို့အတွင်း၌လျှို့ဝှက်ထားရှိခဲ့ ကြသည်။ဤဒုံးပျံတည်ဆောက်ရေးလုပ်ငန်းအဝဝကို ရုရှားသိပ္ပံပညာရှင်များကပင် ဦးဆောင်၍ သုတေသနပြု လုပ်ခဲ့ကြသည်။ ယင်းနောက် ဒုတိယကမ္ဘာစစ်ကြီးအတွင်း ရုရှားတို့သည် ဂျာမန်ဒုံးပျံ ပညာရှင်များကို ဆိုဗီယက်ပြည်ထောင်စုသို့ ခေါ်ဆောင်သွားသော ဂျာမန်သိပ္ပံပညာရှင်များမှာ ဗွီ-နှစ် ဒုံးပျံထုတ်လုပ်ရေးတွင် အတွေ့အကြုံရှိပြီးသူများဖြစ်၍ ရုရှားတို့၏ ဒုံးပျံတည်ဆောက်ရေး သုတေသနလုပ်ငန်း အတွက် ကြီးစွာ အထောက်အပံ့ရရှိခဲ့လေသည်။

ထို့နောက် ၁၉၄၇ ခုနှစ်၊ အောက်တိုဘာလ ၃ဝ ရက်နေ့၌ စတာလင်ဂရက် အရှေ့ဘက်မိုင် ၁၂၅ မိုင်ဝေးသော ဒေသတွင် ပထမဆုံးအကြိမ် မြေပြင်စခန်းမှ လိုရာအရပ်သို့ ထိန်း၍ ပစ်မှတ်ကို တိကျစွာ ပစ်ခတ်နိုင်သော ဒုံးပျံများကို အောင်မြင်စွာ စမ်းသပ် ပစ်ခတ်နိုင်ခဲ့သည်။ သို့သော်အဆိုပါ ဒုံးပျံမှာ ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဂျာမန်တို့၏ “ယူ-နှစ်” (U-2) ဒုံးပျံကို အခြေခံ၍ ပိုမိုအစွမ်းထက်မြက်အောင် တည်ဆောက်ထားခြင်းမျှသာ ဖြစ်သည်။ ယင်းဒုံးပျံသည် အလေးချိန်အားဖြင့် ၁၂ တန်ခွဲမျှ လေးပြီး ၁၈၅ မိုင်ခန့်အထိ ပစ်လွှတ်နိုင်သည်။

ထို့ပြင် ၁၉၄၉ ခုနှစ်မှ ၁၉၅၂ ခုနှစ်ထိ ဒုံးပျံများတွင် ခွေးများကို ထည့်၍ မြေပြင်မှ မိုင် ၆၀ အမြင့် ရောက်သည်အထိ ပစ်လွှတ်ခဲ့သည်။ ခွေးများထည့်လွှတ်ရခြင်းမှာ ကမ္ဘာ့ဆွဲငင်အားမှ လွတ်ကင်းသောအခါ မည်သို့ တုန့်ပြန်မှု ရှိသည်ကို သိရှိရန် စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဂျာမန်တို့ ဗွီ-၂ ဒုံးပျံကို ပထမဆုံး အောင်မြင်စွာ ပစ်လွှတ်နိုင်သည့် အချိန်မှစ၍ ရေတွက်လျှင် ၁၅ နှစ်နှင့် တစ်ရက်တိတိ အကြာ ဆိုဗီယက်ပြည်ထောင်စုသည် ၁၉၅၇ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် ကမ္ဘာပေါ်တွင် ပထမဆုံး လူလုပ်ဂြိုဟ်တုတစ်ခုကို အာကာသအတွင်းသို့ အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့သည်။ ယင်းဂြိုဟ်တုကို “စပွတ်နစ်အမှတ်-၁” (Sputnik-1) ဟု အမည်ပေးထားသည်။

ထိုအချိန်မှစ၍ အာကာသစူးစမ်းမှုသမိုင်း ခေတ်သစ်ဆီသို့ လူသားတို့ စတင်ခဲ့သည်မှာ ယခုအခါ (၁၉၈၇ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်) တွင် နှစ် ၃ဝ အတွင်းသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ဆိုဗီယက်ပြည်ထောင်စု၏ သမိုင်းတွင် ဤအောင်မြင်မှုအတွက် အမေရိကန်ပြည်ထောင်စုအပါအဝင် တစ်ကမ္ဘာလုံး အုတ်အော်သောင်းနင်း ဖြစ်ခဲ့ရသည်။ထို့ပြင်ကမ္ဘာ့နိုင်ငံရေး၊ လူမှုရေး၊ သိပ္ပံနှင့် ပညာရေးတို့တွင်လည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ရသည်။

ဆရာ သန်းဝင်းလှိုင်  ရဲ့မိုးမခ မဂ္ဂဇင်းပါ အာကာသ စူးစမ်းမှု သမိုင်း မှ

Leave a Reply