အိႏၵိယရဲ႕ အဆန္းၾကယ္ဆုံး ေနရာမ်ား

Posted on

နာမည္ေက်ာ္သိပၸံပညာရွင္အမ်ားစုဟာ စိတ္ရႈပ္စရာေကာင္းတဲ့ပတ္ဝန္းက်င္ကို ေက်ာခိုင္းကာ အိႏၵိယႏိုင္ငံမွာရွိတဲ့ အ့ံၾသသင့္ဖြယ္ရာလ်ဳိ႕ဝွတ္သည္းဖို အရပ္ေတြဆီကိုေရာက္လာေလ့ ရွိၾကပါတယ္။ တခါတရံအျပင္မွာ တကယ္ရွိတဲ့အရာေတြဟာ စိတ္ကူးယဥ္ဇာတ္လမ္းေတြထက္ေတာင္ ပိုထူးဆန္းပါေသးတယ္။ အခုမွ်ေ၀မယ့္ အဆန္းတၾကယ္ ေနရာေတြဟာ ဘာေၾကာင့္ျဖစ္လာတယ္ဆိုတာေတာ့ ယုတၱိေဗဒသေဘာနဲ႔ တိတိက်က်ခြဲျခမ္းထားတာေတာ့မရွိပါဘူး။ ရွင္းရွင္းလင္းလင္းသိခ်င္ရင္ေတာ့ အိႏၵိယကိုသြားမဲ့ေလယာဥ္လက္မွတ္ တစ္ေစာင္ကိုဝယ္ျပီး ကုိယ္တုိင္သြားေလ့လာမွသာ ရပါလိမ့္မယ္။

(၁) ေျမြရြာ

အိႏၵိယႏုိင္ငံ မဟာရာစထရာျပည္နယ္၊ ဆိုလဖာၿမဳိ႕ကေလးမွာရွိတဲ့ ရွီပယ္ဆိုတဲ့ရြာေလးကေတာ့ ထူးျခားဆန္းျပားတဲ့အရပ္ေဒသတစ္ခုျဖစ္ပါတယ္။ အေၾကာင္းကေတာ့လူေတြအတြက္ အလြန္အႏၱရာယ္ရွိတဲ့ေျမြေဟာက္ေတြနဲ႔ ႏွီးႏြယ္ဆက္စပ္ေနလို႔ပါ။ ဒီရြာေလးရဲ့အိမ္တိုင္းမွာ ေျမြေဟာက္ေတြကိုထားတဲ့ ပျခဳပ္ ေတြကိုထားရွိပါတယ္။ ကေလးအရြယ္မွစလို႔ အသက္အရြယ္အတန္းအစားအားလံုး ေျမြေဟာက္အပါအဝင္ အဆိပ္ရွိေျမြအမ်ိဳးမ်ိဳးနဲ႔ လက္ပြန္းတတီးအနီးကပ္ ေနထိုင္ၾကတာပါ။ ဒါကလည္း သူတို႔ရဲ႕နတ္ဘုရား Lord Siddheshwar ကေျမြကိုက္ခံရရင္လည္း အသက္ရွင္ေအာင္ျပန္လည္ကုသေပးနိုင္တဲ့ စြမ္းအင္ကို ေပးနိင္တယ္လို႔ယံုၾကည္လို႔ပါ။ ဒီရြာမွာတစ္ေန႔တစ္ျခား ေျမြေကာင္ေရအလြန္မ်ားျပားလာေပမယ့္ ဒီရြာကသူေတြကို ေျမြကိုက္ခံရလို႔ အသက္ဆံုးပါးရပါတယ္ဆိုတဲ့မွတ္တမ္းေတာ့ ခုထိမရွိေသးပါဘူး။ သိပၸံနည္းပညာရပ္နဲ႔လက္ေတြ႔က်က် စဥ္းစားမယ္ဆိုရင္္ အေတာ္ေခါင္းေျခာက္စရာပါ။

(၂) ၾကြက္ဘုရားေက်ာင္း (ကာနီမယ္ေတာ္ဘုရားေက်ာင္း)

အိႏၵိယနဲ႔ ပါကစၥတန္နယ္ၾကားမွာရွိတဲ့ အိႏၵိယပိုင္ရာဇတ္စတန္ျပည္နယ္၊ ဘစ္ကနာျမိဳ႔ ရဲ႕ (၃၀)ကီလိုမီတာ ေဝးတဲ့အရပ္က Deshnok ရြာကေလးမွာေတာ့ ကာနီမယ္ေတာ္ရဲ႕ ဘုရားေက်ာင္းရွိပါတယ္။ ဒီဘုရားေက်ာင္းဟာ ႏွစ္(၆၀၀)သက္တမ္းရွိျပီး ထူးျခားခ်က္ကေတာ့ ဒီဘုရားေက်ာင္းရဲ႕ေနရာတုိင္းမွာ ၾကြက္အေကာင္ေပါင္းမ်ားစြာ ေပါမ်ားစြာ ရွိေနတာပါ။ ဟိႏၵဴဘာသာနဲ႔ Kabbas လို႔ေခၚတဲ့ဒီၾကြက္ေတြဟာ ကမာၻေစာင့္နတ္ဘုရားမ ကာနီနဲ႔ သူမမိသားစုေတြ ဝင္စားၾကတယ္လို႔ ေဒသခံေတြကယံုၾကည္ၾကပါတယ္။ ေဒသခံေတြဟာ အေကာင္ေရ (၂၀၀၀၀)ေက်ာ္ ထက္မနည္းတဲ့ၾကြက္ေတြကို ေန့စဥ္ ႏုိ႔ပိသာခ်ိန္မ်ားစြာတိုက္ေကြ်းလ်က္ရွိပါတယ္။

(၃) ေခြးဘုရားေက်ာင္း

ေခြးေတြဟာလူေတြအတြက္ အေကာင္းဆံုးေသာမိတ္ေဆြေတြျဖစ္တယ္ ဆိုတာ သံသယျဖစ္စရာမလို ပါဘူး။ သစၥာရွိျခင္း၊ ေက်းဇူးသိတတ္ျခင္း စတဲ့ ျမင့္ျမတ္တဲ့လကၡဏာေတြေၾကာင့္ပါ။ ဂ်ပန္နိုင္ငံမ်ာဆိုရင္ လည္း Hachiko ေခြးရုပ္တုဟာ သစၥာရွိတယ္ဆိုတဲ့ အထိမ္းအမွတ္နဲ႔ အလြန္ထင္ရွားပါတယ္။ အိႏၵိယႏုိင္ငံမွာလည္း ဒီလိုအျမင္ရွိပါတယ္။ အိႏၵိယႏုိင္ငံအေနာက္ေတာင္ပိုင္းမွာရွိတဲ့ ကာနာတကာျပည္နယ္ ခ်န္ပါတနာျမိဳ႔မွာ ေခြးနတ္ဘုရားကိုပူေဇာ္ဓေလ့ရွိျပီး သူရဲ့သစၥာသမာဓိ အေပၚေလးစားမႈနဲ႔ပူေဇာ္ၾကပါတယ္။ ဒီလိုပူေဇာ္ရျခင္းဟာ ဒီေခြးနတ္ဘုရားဟာ ရြာေစာင့္နတ္၊ ၿမဳိ႕ေစာင့္နတ္ေတြနဲ႔ ပူးေပါင္းျပီး ျမိဳ႕၊ရြာေတြကို ေစာင့္ေရွာက္ကာကြယ္ေပးႏုိင္တယ္လို႔ယံုၾကည္တဲ့အတြက္ပါ။

(၄) သံလုိက္ေတာင္ကုန္း

ဒီေနရာကေတာ့ အိႏၵိယႏုိင္ငံ Ladakh ေဒသမွာ တည္ရွိတဲ့ေတာင္တက္လမ္းတစ္ခုျဖစ္ပါတယ္။ တကယ္လုိ႔မ်ား ကားတစ္စီးကုိ ဂီယာျဖဳတ္ၿပီး ေအာက္ဖက္မွာရပ္ထားမယ္ဆုိရင္ ကားဟာ သူ႔အလုိလုိ ေတာင္ေပၚကိုတက္သြားမွာျဖစ္ပါတယ္။ ဒီေနရာကိုေတာ့ သံလုိက္ေတာင္ကုန္းလုိ႔ေခၚၾကပါတယ္။ ကမာၻ႔ေနရာအႏွံ႔မွာ ဒီလိုသံလုိက္ေတာင္ကုန္းေတြရွိတတ္ပါတယ္။ ေနျပည္ေတာ္လယ္ေ၀းလမ္းမွာလည္း တစ္ခုရွိတယ္လုိ႔ သိရပါတယ္။

(၅) ေသျခင္းတရားနဲ႔ညစာစားရမဲ့ စားေသာက္ဆိုင္

အိႏိၵယနိုင္ငံ အယ္မာဒါဘတ္ျမိဳ႔က New Luckyစားေသာက္ဆိုင္ကေတာ့ တကယ္ဆန္းၾကယ္ပါတယ္။ ဒီဆိုင္ဟာ Sufi Saint သခ်ိဳင္းေျမေပၚမွာ တည္ရွိေနတာပါ။ ဒီစားေသာက္ဆိုင္ပိုင္ရွင္ Krishna Kuttiဟာ Valar Morghulis to that ဆိုတဲ့ ဟိႏၵဴစကားအတိုင္း သခ်ိဳင္းေျမဟာ သူ႔ကိုကံေကာင္းျခင္းေတြ ယူေဆာင္ေပးတယ္လို႔ယံုၾကည္လို႔ပါ။

(၆) တံခါးမထားတဲ့ရြာ(Shani Shingnapur)

Ahmednagar ျမိဳ႔နယ္ထဲက Shani Shingnapur ဆိုတဲ့ေက်းရြာေလးဟာ Lord Shanti နတ္ဘုရားရဲ့ ဆုေတာင္ေမတၱာပို႔သမႈေၾကာင့္ ဒုစရိုက္မႈေတြလံုးဝမျဖစ္ပြားတဲ့ေနရာတစ္ခုအျဖစ္ လူသိမ်ားထင္ရွားျပီး ဘုရားဖူးမ်ားစြာလာေရာက္ၾကတဲ့ ေနရာတစ္ခုျဖစ္ပါတယ္။ နတ္ဘုရားေတြအေပၚ ေဒသခံတစ္ဦးတစ္ေယာက္၊ အစုအေဝးမွသည္ ရြာလံုးကြ်တ္ယံုၾကည္ၾကတဲ့အတြက္ အိမ္ေတြ၊ ေစ်းဆိုင္ေတြနဲ႔ စီးပြားေရးဆိုင္ရာ အေဆာက္အအံုေတြအထိ တံခါးေတြကိုထည့္သြင္းတည္ေဆာက္ၾကျခင္းမရွိပါဘူး။ UCO ဘဏ္ရဲ့ ဘဏ္ခြဲတစ္ခုေတာင္ ဒီေက်းရြာမွာဖြင့္ထားျပီး ေသာ့မထားတဲ့စနစ္ကိုပဲက်င့္သံုးပါတယ္။

(၇) အရိုးစုကန္

အိႏၵိယႏုိင္ငံ Uttarakhand ေဒသTrishal ေတာင္ရဲ႕ အျမင့္ေပ ၁၆၅၀၀ မွာေတာ့ ဒီအရိုးစုကန္တည္ရွိပါတယ္။ဒီေနရာဟာ အခ်ိန္တိုင္းႏွင္းေတြနဲ႔ ေဝေနတာပါ။ ဒီေတာင္မွာ ႏွင္းေတြအရည္ေပ်ာ္တဲ့အခါအရိုးစုေတြကိုဖံုးလႊမ္းသြားပါတယ္။ အရိုးစုေပါင္း(၆၀၀)ခန္႔ဟာ နတ္ဘုရားLatuရဲ႕ ေဒါသေၾကာင့္ဖန္တီးလိုက္တဲ့ ေၾကာက္မက္ဖြယ္ရာေကာင္းတဲ့ မိုးသီးမုန္တိုင္းေၾကာင့္ေသဆံုးခဲ့ရတယ္လို႔အဆိုရွိၾကပါတယ္။ သုေတသနပညာရွင္ေတြရဲ႕ အဆုိအရေတာ့ ဒီအရုိးစုေတြဟာ ၉ရာစု၀န္းက်င္မွာ ေသဆုံးသြားၾကတဲ့သူေတြလုိ႔ ဆုိပါတယ္။

(၈) အမႊာေက်းရြာ

အိႏၵိယႏုိင္ငံေတာင္ပိုင္း Kerala ျပည္နယ္ Malappuram ခရိုင္ထဲက Kodini ေက်းရြာေလးဟာ အ့ံၾသစရာေကာင္းေလာက္ေအာင္ အမႊာအေရအတြက္ အလြန္မ်ားတဲ့ေနရာေလးျဖစ္ပါတယ္။ ေက်းရြာလူဦးေရ (၂၀၀၀) ၀န္းက်င္ေလာက္မွာ ခြ်တ္စြပ္တူတဲ့အမႊာ (၃၅၀) ေလာက္ရွိပါတယ္။ ဒီေက်းရြာရဲ့ မိသားစုတိုင္းမွာ အမႊာအနည္းဆံုးတစ္တြဲေတာ့ ေမြးဖြားၾကပါတယ္။

(၉) ေမာ္ေတာ္ဆိုင္ကယ္နတ္ဘုရား

ေယာက်ၤားေလးေတာ္ေတာ္မ်ားမ်ားဟာ သူတို႔ရဲ့ေမာ္ေတာ္ဆိုင္ကယ္ေတြကို သူတို႔ရဲ့အခ်စ္ဦး မိန္းကေလးအျဖစ္ခိုင္းနူိင္းတတ္ၾကတဲ့အထိ ျမတ္ႏိုးတြယ္တာၾကပါတယ္။ ရာဂ်ာစတန္ ျပည္နယ္ ေဂ်ာပါးခရိုင္ထဲမွာ ရွိေနတဲ့ ျမိဳ႔ငယ္ေလး ဘန္ဒီ ျမိဳ႔ေလးမွာေတာ့ Bullet ေမာ္ေတာ္ဆိုင္ကယ္တစ္စီးကိုအေလးအျမတ္ထားကိုးကြယ္တဲ့ဓေလ့ရွိေနတာပါ။ အဲဒီေဒသက ထင္ရွားတဲ့ မ်ိဳးႏြယ္ဝင္တစ္ေယာက္ျဖစ္တဲ့ Om Sight Rathore (Om Banna) ဟာ Bullet ေမာ္ေတာ္ဆိုင္ကယ္(ယခုကိုးကြယ္ေနတဲ့ဆိုင္ကယ္)နဲ႔ သစ္ပင္ကိုဝင္တိုက္မိတဲ့အတြက္ ကြယ္လြန္သြားခဲ့ပါတယ္။

ရဲေတြရဲ့အလုပ္သေဘာအရ တိုက္မိတဲ့ယင္းဆိုင္ကယ္ကို ရဲစခန္းသုိ႔ယူသြားခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္တစ္ေန႔မနက္မွာေတာ့ ဒီဆုိင္ကယ္ဟာ ရဲစခန္္းကေနေပ်ာက္ဆုံးသြားခဲ့ၿပီး မေတာ္တဆမႈျဖစ္ခဲ့တဲ့ေနရာကို ျပန္ေရာက္ေနပါတယ္။ ရဲေတြကေတာ့ တစ္ေယာက္ေယာက္ေရႊ႕သြားတယ္လုိ႔ယူဆၿပီး ရဲစခန္းကိုေနာက္တစ္ေခါက္ျပန္ယူကာ ဆီတုိင္ကီ နဲ႔ ခ်ိန္းႀကဳိးေတြကို ျဖဳတ္ပစ္လုိက္တယ္။ ဒါေပမယ့္ ထူးဆန္းစြာပဲ ေနာက္တစ္ေန႔မနက္မွာ ဆုိင္ကယ္ဟာ ေပ်ာက္ဆုံးသြားၿပီး အရင္ေနရာကိုပဲ ျပန္ေရာက္သြားျပန္ပါတယ္။ ေဒသခံေတြအတြက္ အရမ္းထူးဆန္းတဲ့ျဖစ္ရပ္ ျဖစ္ခဲ့ပါတယ္။

အဲဒီေနာက္ပိုင္းမွာေတာ့ Omm Baba အမည္နဲ႔နတ္ကြမ္းတစ္ခုကိုတည္ေဆာက္ျပီး သူစီးခဲ့တဲ့ Bullet ေမာ္ေတာ္ဆို္င္ကယ္ကို အဲဒီေနရာမွာထားရွိကိုးကြယ္ၾကပါတယ္။ Omm Baba ရဲ့ ဝိညာဥ္ဟာ ယာဥ္စီးခရီးသည္ေတြရဲ့အသက္ေတြကို ကာကြယ္ေပးေနတယ္လို႔ ယံုၾကည္ခဲ့ၾကပါတယ္။ ေဒသခံေတြဟာ ယာဥ္နဲ႔ ပတ္သတ္တဲ့အေရးၾကီးအေၾကာင္း အရာေပၚေပါက္လာပါက ယင္းေမာ္ေတာ္ဆိုင္ကယ္နတ္ကြန္းကိုလာေရာက္ျပီး ပန္းေတြနဲ႔အခ်ိဳရည္ေတြကို လာေရာက္ပူေဇာ္ၾကပါတယ္။ အမ်ားစုကေအာင္ျမင္ၾကတယ္လို႔ ဆိုၾကပါတယ္။ Dhanak ဆိုတဲ့ နာမည္ၾကီး ေဘာလီးဝုဒ္ရုပ္ရွင္ဇာက္ကားမွာ ဒီေနရာကိုထည့္သြင္းျပသခဲ့တဲ့အထိ အိႏိၵယနိုင္ငံမွာလူစိတ္ဝင္စားမႈမ်ားတဲ့ေနရာျဖစ္တယ္။

သုတဇုန္

————————

အိန္ဒိယရဲ့ အဆန်းကြယ်ဆုံး နေရာများ (unicode)

နာမည်ကျော်သိပ္ပံပညာရှင်အများစုဟာ စိတ်ရှုပ်စရာကောင်းတဲ့ပတ်ဝန်းကျင်ကို ကျောခိုင်းကာ အိန္ဒိယနိုင်ငံမှာရှိတဲ့ အံ့ဩသင့်ဖွယ်ရာလျို့ဝှတ်သည်းဖို အရပ်တွေဆီကိုရောက်လာလေ့ ရှိကြပါတယ်။ တခါတရံအပြင်မှာ တကယ်ရှိတဲ့အရာတွေဟာ စိတ်ကူးယဉ်ဇာတ်လမ်းတွေထက်တောင် ပိုထူးဆန်းပါသေးတယ်။ အခုမျှဝေမယ့် အဆန်းတကြယ် နေရာတွေဟာ ဘာကြောင့်ဖြစ်လာတယ်ဆိုတာတော့ ယုတ္တိဗေဒသဘောနဲ့ တိတိကျကျခွဲခြမ်းထားတာတော့မရှိပါဘူး။ ရှင်းရှင်းလင်းလင်းသိချင်ရင်တော့ အိန္ဒိယကိုသွားမဲ့လေယာဉ်လက်မှတ် တစ်စောင်ကိုဝယ်ပြီး ကိုယ်တိုင်သွားလေ့လာမှသာ ရပါလိမ့်မယ်။

(၁) မြွေရွာ

အိန္ဒိယနိုင်ငံ မဟာရာစထရာပြည်နယ်၊ ဆိုလဖာမြို့ကလေးမှာရှိတဲ့ ရှီပယ်ဆိုတဲ့ရွာလေးကတော့ ထူးခြားဆန်းပြားတဲ့အရပ်ဒေသတစ်ခုဖြစ်ပါတယ်။ အကြောင်းကတော့လူတွေအတွက် အလွန်အန္တရာယ်ရှိတဲ့မြွေဟောက်တွေနဲ့ နှီးနွယ်ဆက်စပ်နေလို့ပါ။ ဒီရွာလေးရဲ့အိမ်တိုင်းမှာ မြွေဟောက်တွေကိုထားတဲ့ ပခြုပ် တွေကိုထားရှိပါတယ်။ ကလေးအရွယ်မှစလို့ အသက်အရွယ်အတန်းအစားအားလုံး မြွေဟောက်အပါအဝင် အဆိပ်ရှိမြွေအမျိုးမျိုးနဲ့ လက်ပွန်းတတီးအနီးကပ် နေထိုင်ကြတာပါ။ ဒါကလည်း သူတို့ရဲ့နတ်ဘုရား Lord Siddheshwar ကမြွေကိုက်ခံရရင်လည်း အသက်ရှင်အောင်ပြန်လည်ကုသပေးနိုင်တဲ့ စွမ်းအင်ကို ပေးနိင်တယ်လို့ယုံကြည်လို့ပါ။ ဒီရွာမှာတစ်နေ့တစ်ခြား မြွေကောင်ရေအလွန်များပြားလာပေမယ့် ဒီရွာကသူတွေကို မြွေကိုက်ခံရလို့ အသက်ဆုံးပါးရပါတယ်ဆိုတဲ့မှတ်တမ်းတော့ ခုထိမရှိသေးပါဘူး။ သိပ္ပံနည်းပညာရပ်နဲ့လက်တွေ့ကျကျ စဉ်းစားမယ်ဆိုရင် အတော်ခေါင်းခြောက်စရာပါ။

(၂) ကြွက်ဘုရားကျောင်း (ကာနီမယ်တော်ဘုရားကျောင်း)

အိန္ဒိယနဲ့ ပါကစ္စတန်နယ်ကြားမှာရှိတဲ့ အိန္ဒိယပိုင်ရာဇတ်စတန်ပြည်နယ်၊ ဘစ်ကနာမြို့ ရဲ့ (၃၀)ကီလိုမီတာ ဝေးတဲ့အရပ်က Deshnok ရွာကလေးမှာတော့ ကာနီမယ်တော်ရဲ့ ဘုရားကျောင်းရှိပါတယ်။ ဒီဘုရားကျောင်းဟာ နှစ်(၆၀၀)သက်တမ်းရှိပြီး ထူးခြားချက်ကတော့ ဒီဘုရားကျောင်းရဲ့နေရာတိုင်းမှာ ကြွက်အကောင်ပေါင်းများစွာ ပေါများစွာ ရှိနေတာပါ။ ဟိန္ဒူဘာသာနဲ့ Kabbas လို့ခေါ်တဲ့ဒီကြွက်တွေဟာ ကမ္ဘာစောင့်နတ်ဘုရားမ ကာနီနဲ့ သူမမိသားစုတွေ ဝင်စားကြတယ်လို့ ဒေသခံတွေကယုံကြည်ကြပါတယ်။ ဒေသခံတွေဟာ အကောင်ရေ (၂၀၀၀၀)ကျော် ထက်မနည်းတဲ့ကြွက်တွေကို နေ့စဉ် နို့ပိသာချိန်များစွာတိုက်ကျွေးလျက်ရှိပါတယ်။

(၃) ခွေးဘုရားကျောင်း

ခွေးတွေဟာလူတွေအတွက် အကောင်းဆုံးသောမိတ်ဆွေတွေဖြစ်တယ် ဆိုတာ သံသယဖြစ်စရာမလို ပါဘူး။ သစ္စာရှိခြင်း၊ ကျေးဇူးသိတတ်ခြင်း စတဲ့ မြင့်မြတ်တဲ့လက္ခဏာတွေကြောင့်ပါ။ ဂျပန်နိုင်ငံမျာဆိုရင် လည်း Hachiko ခွေးရုပ်တုဟာ သစ္စာရှိတယ်ဆိုတဲ့ အထိမ်းအမှတ်နဲ့ အလွန်ထင်ရှားပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း ဒီလိုအမြင်ရှိပါတယ်။ အိန္ဒိယနိုင်ငံအနောက်တောင်ပိုင်းမှာရှိတဲ့ ကာနာတကာပြည်နယ် ချန်ပါတနာမြို့မှာ ခွေးနတ်ဘုရားကိုပူဇော်ဓလေ့ရှိပြီး သူရဲ့သစ္စာသမာဓိ အပေါ်လေးစားမှုနဲ့ပူဇော်ကြပါတယ်။ ဒီလိုပူဇော်ရခြင်းဟာ ဒီခွေးနတ်ဘုရားဟာ ရွာစောင့်နတ်၊ မြို့စောင့်နတ်တွေနဲ့ ပူးပေါင်းပြီး မြို့၊ရွာတွေကို စောင့်ရှောက်ကာကွယ်ပေးနိုင်တယ်လို့ယုံကြည်တဲ့အတွက်ပါ။

(၄) သံလိုက်တောင်ကုန်း

ဒီနေရာကတော့ အိန္ဒိယနိုင်ငံ Ladakh ဒေသမှာ တည်ရှိတဲ့တောင်တက်လမ်းတစ်ခုဖြစ်ပါတယ်။ တကယ်လို့များ ကားတစ်စီးကို ဂီယာဖြုတ်ပြီး အောက်ဖက်မှာရပ်ထားမယ်ဆိုရင် ကားဟာ သူ့အလိုလို တောင်ပေါ်ကိုတက်သွားမှာဖြစ်ပါတယ်။ ဒီနေရာကိုတော့ သံလိုက်တောင်ကုန်းလို့ခေါ်ကြပါတယ်။ ကမ္ဘာ့နေရာအနှံ့မှာ ဒီလိုသံလိုက်တောင်ကုန်းတွေရှိတတ်ပါတယ်။ နေပြည်တော်လယ်ဝေးလမ်းမှာလည်း တစ်ခုရှိတယ်လို့ သိရပါတယ်။

(၅)သေခြင်းတရားနဲ့ညစာစားရမဲ့ စားသောက်ဆိုင်

အိန္ဒိယနိုင်ငံ အယ်မာဒါဘတ်မြို့က New Luckyစားသောက်ဆိုင်ကတော့ တကယ်ဆန်းကြယ်ပါတယ်။ ဒီဆိုင်ဟာ Sufi Saint သချိုင်းမြေပေါ်မှာ တည်ရှိနေတာပါ။ ဒီစားသောက်ဆိုင်ပိုင်ရှင် Krishna Kuttiဟာ Valar Morghulis to that ဆိုတဲ့ ဟိန္ဒူစကားအတိုင်း သချိုင်းမြေဟာ သူ့ကိုကံကောင်းခြင်းတွေ ယူဆောင်ပေးတယ်လို့ယုံကြည်လို့ပါ။

(၆) တံခါးမထားတဲ့ရွာ(Shani Shingnapur)

Ahmednagar မြို့နယ်ထဲက Shani Shingnapur ဆိုတဲ့ကျေးရွာလေးဟာ Lord Shanti နတ်ဘုရားရဲ့ ဆုတောင်မေတ္တာပို့သမှုကြောင့် ဒုစရိုက်မှုတွေလုံးဝမဖြစ်ပွားတဲ့နေရာတစ်ခုအဖြစ် လူသိများထင်ရှားပြီး ဘုရားဖူးများစွာလာရောက်ကြတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ နတ်ဘုရားတွေအပေါ် ဒေသခံတစ်ဦးတစ်ယောက်၊ အစုအဝေးမှသည် ရွာလုံးကျွတ်ယုံကြည်ကြတဲ့အတွက် အိမ်တွေ၊ ဈေးဆိုင်တွေနဲ့ စီးပွားရေးဆိုင်ရာ အဆောက်အအုံတွေအထိ တံခါးတွေကိုထည့်သွင်းတည်ဆောက်ကြခြင်းမရှိပါဘူး။ UCO ဘဏ်ရဲ့ ဘဏ်ခွဲတစ်ခုတောင် ဒီကျေးရွာမှာဖွင့်ထားပြီး သော့မထားတဲ့စနစ်ကိုပဲကျင့်သုံးပါတယ်။

(၇) အရိုးစုကန်

အိန္ဒိယနိုင်ငံ Uttarakhand ဒေသTrishal တောင်ရဲ့ အမြင့်ပေ ၁၆၅၀၀ မှာတော့ ဒီအရိုးစုကန်တည်ရှိပါတယ်။ဒီနေရာဟာ အချိန်တိုင်းနှင်းတွေနဲ့ ဝေနေတာပါ။ ဒီတောင်မှာ နှင်းတွေအရည်ပျော်တဲ့အခါအရိုးစုတွေကိုဖုံးလွှမ်းသွားပါတယ်။ အရိုးစုပေါင်း(၆၀၀)ခန့်ဟာ နတ်ဘုရားLatuရဲ့ ဒေါသကြောင့်ဖန်တီးလိုက်တဲ့ ကြောက်မက်ဖွယ်ရာကောင်းတဲ့ မိုးသီးမုန်တိုင်းကြောင့်သေဆုံးခဲ့ရတယ်လို့အဆိုရှိကြပါတယ်။ သုတေသနပညာရှင်တွေရဲ့ အဆိုအရတော့ ဒီအရိုးစုတွေဟာ ၉ရာစုဝန်းကျင်မှာ သေဆုံးသွားကြတဲ့သူတွေလို့ ဆိုပါတယ်။

(၈) အမွှာကျေးရွာ

အိန္ဒိယနိုင်ငံတောင်ပိုင်း Kerala ပြည်နယ် Malappuram ခရိုင်ထဲက Kodini ကျေးရွာလေးဟာ အံ့ဩစရာကောင်းလောက်အောင် အမွှာအရေအတွက် အလွန်များတဲ့နေရာလေးဖြစ်ပါတယ်။ ကျေးရွာလူဦးရေ (၂၀၀၀) ဝန်းကျင်လောက်မှာ ချွတ်စွပ်တူတဲ့အမွှာ (၃၅၀) လောက်ရှိပါတယ်။ ဒီကျေးရွာရဲ့ မိသားစုတိုင်းမှာ အမွှာအနည်းဆုံးတစ်တွဲတော့ မွေးဖွားကြပါတယ်။

(၉) မော်တော်ဆိုင်ကယ်နတ်ဘုရား

ယောင်္ကျားလေးတော်တော်များများဟာ သူတို့ရဲ့မော်တော်ဆိုင်ကယ်တွေကို သူတို့ရဲ့အချစ်ဦး မိန်းကလေးအဖြစ်ခိုင်းနိူင်းတတ်ကြတဲ့အထိ မြတ်နိုးတွယ်တာကြပါတယ်။ ရာဂျာစတန် ပြည်နယ် ဂျောပါးခရိုင်ထဲမှာ ရှိနေတဲ့ မြို့ငယ်လေး ဘန်ဒီ မြို့လေးမှာတော့ Bullet မော်တော်ဆိုင်ကယ်တစ်စီးကိုအလေးအမြတ်ထားကိုးကွယ်တဲ့ဓလေ့ရှိနေတာပါ။ အဲဒီဒေသက ထင်ရှားတဲ့ မျိုးနွယ်ဝင်တစ်ယောက်ဖြစ်တဲ့ Om Sight Rathore (Om Banna) ဟာ Bullet မော်တော်ဆိုင်ကယ်(ယခုကိုးကွယ်နေတဲ့ဆိုင်ကယ်)နဲ့ သစ်ပင်ကိုဝင်တိုက်မိတဲ့အတွက် ကွယ်လွန်သွားခဲ့ပါတယ်။

ရဲတွေရဲ့အလုပ်သဘောအရ တိုက်မိတဲ့ယင်းဆိုင်ကယ်ကို ရဲစခန်းသို့ယူသွားခဲ့ပါတယ်။ ဒါပေမယ့် နောက်တစ်နေ့မနက်မှာတော့ ဒီဆိုင်ကယ်ဟာ ရဲစခန်းကနေပျောက်ဆုံးသွားခဲ့ပြီး မတော်တဆမှုဖြစ်ခဲ့တဲ့နေရာကို ပြန်ရောက်နေပါတယ်။ ရဲတွေကတော့ တစ်ယောက်ယောက်ရွှေ့သွားတယ်လို့ယူဆပြီး ရဲစခန်းကိုနောက်တစ်ခေါက်ပြန်ယူကာ ဆီတိုင်ကီ နဲ့ ချိန်းကြိုးတွေကို ဖြုတ်ပစ်လိုက်တယ်။ ဒါပေမယ့် ထူးဆန်းစွာပဲ နောက်တစ်နေ့မနက်မှာ ဆိုင်ကယ်ဟာ ပျောက်ဆုံးသွားပြီး အရင်နေရာကိုပဲ ပြန်ရောက်သွားပြန်ပါတယ်။ ဒေသခံတွေအတွက် အရမ်းထူးဆန်းတဲ့ဖြစ်ရပ် ဖြစ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ Omm Baba အမည်နဲ့နတ်ကွမ်းတစ်ခုကိုတည်ဆောက်ပြီး သူစီးခဲ့တဲ့ Bullet မော်တော်ဆ်ိုင်ကယ်ကို အဲဒီနေရာမှာထားရှိကိုးကွယ်ကြပါတယ်။ Omm Baba ရဲ့ ဝိညာဉ်ဟာ ယာဉ်စီးခရီးသည်တွေရဲ့အသက်တွေကို ကာကွယ်ပေးနေတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ဒေသခံတွေဟာ ယာဉ်နဲ့ ပတ်သတ်တဲ့အရေးကြီးအကြောင်း အရာပေါ်ပေါက်လာပါက ယင်းမော်တော်ဆိုင်ကယ်နတ်ကွန်းကိုလာရောက်ပြီး ပန်းတွေနဲ့အချိုရည်တွေကို လာရောက်ပူဇော်ကြပါတယ်။ အများစုကအောင်မြင်ကြတယ်လို့ ဆိုကြပါတယ်။ Dhanak ဆိုတဲ့ နာမည်ကြီး ဘောလီးဝုဒ်ရုပ်ရှင်ဇာက်ကားမှာ ဒီနေရာကိုထည့်သွင်းပြသခဲ့တဲ့အထိ အိန္ဒိယနိုင်ငံမှာလူစိတ်ဝင်စားမှုများတဲ့နေရာဖြစ်တယ်။

သုတဇုန်

Leave a Reply