လြန္ခဲ့ေသာႏွစ္ေပါင္း ၂၅၀၀ ခန္႔က အာဇာနည္သူရဲေကာင္းတစ္ေယာက္

Posted on

တစ္ေယာက္ေကာင္းက တစ္ေသာင္းဗုိလ္ေျခ ညက္ညက္ေၾက ဆုိေသာစကားသည္ စာအျဖစ္ႏွင့္သာ ဆုိထားေသာ စကားမဟုတ္ေပ။ တကယ့္အျဖစ္အပ်က္မ်ားျဖစ္သည္ကုိ သတိျပဳသင့္ေပသည္။

ႏွစ္ေပါင္း ၂၅၀၀ ေလာက္က ေရာမၿမဳိ႕ႀကီးတြင္ ဤအျဖစ္အပ်က္မ်ဳိး တစ္ခုျဖစ္ေပၚခဲ့ဖူးေလသည္။ ထုိအခ်ိန္ခါ၌ ေရာမၿမဳိ႕ႀကီးတြင္ ဘုရင္မ်ား မတရားၾကလြန္းသျဖင့္ တုိင္းသူျပည္သားမ်ားက ထၾကြပုန္ကန္ၿပီးလွ်င္ ဘုရင္မ်ားကုိိ ေရာမၿမဳိ႕ႀကီးမွ ႏွင္ထုတ္လုိက္ရာ ထုိဘုရင္မ်ားက အီထရပ္စကန္း လူမ်ဳိးတုိ႔၏ အကူအညီျဖင့္ နန္းျပန္တက္ရန္ႀကဳိးစားလ်က္ ရွိၾကသည္။ အီထရက္စကန္းတုိ႔၏ ဗုိလ္ခ်ဳပ္မွာ လာေပၚဆင္းနားျဖစ္၍ တုိင္းျပည္မွ အႏွင္ထုတ္ခံရေသာ ေရာမဘုရင္မွာ တားကြင္းနီယပ္ ဆူဒါးဗပ္ ႏွင့္ သူ၏သား ဆက္စတပ္ တုိ႔ျဖစ္သည္။

လာေပၚဆင္းနားသည္ သူ႔တြင္ရွိသမွ်ေသာ အင္အားမ်ားကို စုရုံး၍ ေရာမၿမဳိ႕ႀကီးဆီသုိ႔ အျပင္းခ်ီတက္လွ်က္ရွိသည္။ ထုိအခ်ိန္အခါက ေရာမၿမဳိ႕ႀကီးအတြက္ အေကာင္းဆုံးေသာ အကာအကြယ္သည္ တုိက္ဘာျမစ္ျဖစ္သည္။ တုိက္ဘာျမစ္ကို ျဖတ္ကူးရန္ သစ္သားတံတားတစ္ခုသာ ရွိသည္။ ေရာမၿမဳိ႕ႏွင့္ တစ္ဘက္ကမ္းရွိ တံတားထိပ္တြင္ ဂ်နစ္က်ဴလမ္ ေခၚ ခံတပ္ငယ္တစ္ခု ရွိေလသည္။ အျပင္းခ်ီတက္လာေသာ အီထရပ္စကန္းတုိ႔ တပ္၏ တပ္ဦးဘီလူးမ်ားသည္ ထုိခံတပ္ကို တစ္ခ်က္တည္း သိမ္းပစ္လုိက္ၾကသည္။

ထုိအခုိက္တြင္ ဆီနိတ္ ေခၚ လႊတ္ေတာ္ႀကီးလည္း စည္းေ၀းလွ်က္ရွိရာ ခံတပ္ကုိ သိမ္းလုိက္ၿပီဟူေသာ သတင္းကို ၾကားသိၾကရေသာအခါ ထိုလႊတ္ေတာ္အမတ္ႀကီးမ်ားသည္ ႀကံရာမရျဖစ္ၿပီးေသာ္ ၿမဳိ႕ရုိးဆီသုိ႔ သုတ္ေျခတင္ၾကကုန္၏။ ၿမဳိ႕ရုိးဆီသုိ႔ေရာက္ေသာအခါ သစ္သားတံတားသုိ႔ ထြက္ေသာ ၿမဳိ႕တံခါးေပါက္၀တြင္ ထုိင္မွ်ပင္ မထုိင္ႏုိင္ၾကေတာ့ပဲ မတ္တပ္ရပ္ရင္း အကူအညီေတာင္းသည့္ သေဘာမ်ဳိးႏွင့္ တစ္ေယာက္မ်က္ႏွာကို တစ္ေယာက္ၾကည့္လွ်က္ ေနၾကစဥ္ သမၼတႀကီးက
“ကဲ အမတ္ႀကီးတုိ႔ ၊ က်ဳပ္တုိ႔ အခ်ိန္ျဖဳန္းေနလုိ႔ မျဖစ္ဘူး။ ဂ်နစ္က်ဴလမ္ခံတပ္ က်သြားၿပီဆုိရင္ ၿမဳိ႕ကိုကာကြယ္ဖုိ႔ ဒီတံတားကို ဖ်က္ခ်ဖုိ႔ တစ္ခုတည္းရွိေတာ့တယ္” ဟု ခပ္ရွင္းရွင္းေျပာေလ၏။

ၿမဳိ႕ကို ကာကြယ္ရန္အတြက္ တစ္ခုတည္းေသာ နည္းလမ္းသည္ တံတားကို ဖ်က္ခ်ရန္သာ ရွိေတာ့သည္ ဆုိပါေသာ္လည္း ဤကိစၥသည္ အေျပာလြယ္သေလာက္ အလုပ္ရခက္ေသာ ကိစၥျဖစ္ေလသည္။ အဘယ္ေၾကာင့္ ဆုိေသာ္ တံတားတစ္ဖက္ရွိ ခံတပ္ကုိ ရန္သူ၏ တပ္ဦးမ်ားက သိမ္းၿပီးၿပီ။ ဗုိလ္ခ်ဳပ္လာေပၚဆင္းနား ကုိယ္တုိင္ေခါင္းေဆာင္လာေသာ ရန္သူ႔တပ္မေတာ္ႀကီးမွာလည္း စစ္ယာဥ္မ်ား ၊ ျမင္းမ်ားျဖင့္ တစ္လမ္းလုံး ဒုန္တေထာင္းေထာင္း ထေစလ်က္ရွိေခ်ၿပီ။ တံတားကို ဖ်က္ခ်ရန္အတြက္ အခ်ိန္မရွိသေလာက္ပင္ ျဖစ္ေနေတာ့သည္။

ထုိသုိ႔ ႀကံရာမရျဖစ္ေနၾကစဥ္ တံတားဘက္ရွိ ၿမဳိ႕ရုိးေပါက္၏ တံခါးမွဴး ဟုိေရးရွပ္ သည္ ေျပးထြက္လာၿပီးေသာ္
“သမၼတမင္း ျမန္ႏုိင္သမွ်ျမန္ေအာင္ တံတားကိုဖ်က္ခ်ပါ၊ ကြ်န္ေတာ္တံတား ဟုိဘက္ထိပ္ကသြားၿပီး ရန္သူေတြကို ေရွကမတက္ႏုိင္ေအာင္ ဆီးၿပီးတားပါ့မယ္။ ကြ်န္ေတာ့္ရဲ႕ ဘယ္ညာက ကူဖုိ႔ စစ္သားႏွစ္ေယာက္ကုိသာ ေပးပါ ၊ ကဲ ၊ ဘယ္သူက်ဳပ္နဲ႔ လုိက္ခဲ့မလဲ၊ ဘယ္သူမဆုိ တစ္သက္ေတာ့ တစ္ခါေသစၿမဲပဲ အခုမေသလဲ ေနာက္ေတာ့ေသရမွာ ၊ အဲဒီေတာ့ ေသရမွာခ်င္း အတူတူ အာဇာနည္လုိ ေသရတာထက္ေကာင္းတဲ့ အေသမ်ဳိးေလာကမွာ မရွိပါဘူး” ဟု ေျပာေလ၏။

စစ္သားမ်ားထဲမွ ဆပူးရီးယပ္ လားရွပ္ ဆုိသူက ကြ်န္ေတာ္ ဟုိေရးရွပ္ရဲ႕ ညာဘက္ကေနၿပီးတုိက္မယ္ ဟုေျပာေျပာဆုိဆုိ ထြက္လာ၏။ ဟာမီးနီးယပ္ ဆုိသူက ဘယ္ဘက္က တုိက္ရန္ ထြက္လာ၏။

လာေပၚဆင္းနား၏ တပ္မေတာ္ႀကီးသည္ တံတားဦးဆီသုိ႔ တျဖည္းျဖည္းခ်င္း နီးကပ္လွ်က္ရွိေလၿပီ။ တပ္ဦးဘီလူးမ်ားလည္း တံတားဦးကို ကာကြယ္ရန္အတြက္ ရပ္ေနေသာ ဟုိေရးရွပ္တုိ႔ သုံးေယာက္ကို ျမင္ေသာအခါ ‘ဒီအရူးသုံးေကာင္ ဒီမွာ ဘာလုပ္ေနၾကတာလဲ’ ဟု ဟစ္ေအာ္ေလွာင္ေျပာင္ကာ ရယ္ေမာၾကေလ၏။ အာဇာနည္သုံးေယာက္ကလည္း မည္သူ႔ကိုမွ် ဂရုမျပဳၾကဘဲ မိမိတုိ႔၏ တာ၀န္ကို အသက္ႏွင့္လဲ၍ ထမ္းရြက္ရန္ ႀကံ႕ႀကံ႕ခံလ်က္ ရွိၾက၏။ သူတုိ႔ကုိ ၾကည္ရသည္မွာ မိမိတုိ႔၏ လုိဏ္ဂူ၀တြင္ လာသမွ်ေသာ ရန္သူဟူသမွ်ကုိ ၿဖဳိဖ်က္ေခ်မႈန္းပစ္မည္ဟူေသာ သႏၷိဌာန္ျဖင့္ မာန္ဖီလ်က္ရွိေသာ ေကသရာျခေသၤ့ သုံးေကာင္ႏွင့္ပင္ တူေတာ့၏။

သစ္သားတံတားကလည္း က်ဥ္းေျမာင္းသျဖင့္ ရန္သူဘက္မွ တစ္ႀကိမ္လွ်င္ သုံးေယာက္သာ တက္ႏုိင္ၾကသည္။ တက္သမွ်ကုိလည္း ဟုိေရးရွပ္တုိ႔ သုံးဦးက ၿဖဳိခြင္းပစ္လုိက္၏။ တက္သြားသမွ်ေသာ ရန္သူစစ္သားတုိ႔သည္ လယ္သမား၏ ျမက္ခုတ္ဓါးေအာက္တြင္ တိခနဲတိခနဲ ျပတ္၍က်သြားေသာ ျမက္ပင္မ်ားကဲ့သုိ႔ ဟိုေရးရွပ္တုိ႔၏ ေရွ႕တြင္ပုံလ်က္သား ပုံလ်က္သား က်ဆုံးလ်က္ရွိရာ စိတ္ထက္ထက္သန္သန္ႏွင့္ ေရွ႕သုိ႔တက္လာရဲေသာ စစ္သားမ်ားပင္ လက္ဦးအစတုန္းကေလာက္ မမ်ားလွေတာ့ေပ။ ေနာက္စစ္သားမ်ားက တြန္းထုတ္လုိက္၍ ဟုိေရးရွပ္တုိ႔၏ လူစုအနီးသုိ႔ ေရာက္သြားေသာအခါ ဟုိေရးရွပ္တုိ႔က လုိက္ခုတ္မည္အလုပ္တြင္ ေနာက္ဆုတ္ေျပးၾကျပန္ေလသည္။ ၾကမၼာငင္ေနေသာ သူမ်ားလည္း မေရွာင္သာ မေျပးသာေတာ့ပဲ ဟုိေရးရွပ္တုိ႔၏ ဓားဖ်ားတြင္ အသက္ပါသြားၾကရရွာ၏။

ဤသို႔ ေရွ႕မွခံ၍ တုိက္လွ်က္ရွိၾကစဥ္ ေရာမၿမဳိ႕သူၿမဳိ႕သားမ်ားကလည္း လူႀကီးလူငယ္ ေယကၤ်ားမိန္းမ အပ်ဳိ အအုိ လူဆင္းရဲ သူေဌးမက်န္ ကုိယ့္ျပည္ႏွင့္ ကုိယ့္လူမ်ဳိးကို ကာကြယ္ေရးအတြက္ တံတားကို အစြမ္းကုန္၀ုိင္း၍ ဖ်က္ၾကရာ တံတားလည္း ပ်က္လုနီးနီး ရွိသြားေလ၏။ ထုိအခါတြင္ ဟုိေရးရွပ္တုိ႔ လူစုသည္ ေနာက္ျပန္ဆုတ္ၿပီးလွ်င္ ၿမဳိ႕တြင္းသုိ႔ ၀င္၍ ခုိႏုိင္သည္။ ရန္သူမ်ား တက္လာရင္း ၿမဳိ႕ဘက္ကမ္းကို မေရာက္မီ သူ႔အေလးႏွင့္သူ ၿပဳိ၍က်ေပေတာ့မည္။ ထို႔ေၾကာင့္ ဟုိေရးရွပ္တုိ႔ေရ ျပန္လာၾကေတာ့ေဟ့ တံတားႀကီးၿပဳိေတာ့မယ္ ၊ ဟာမီးနီးယပ္ လားရွပ္တုိ႔ေရ ျပန္လာၾကေတာ့ေဟ့ တံတားႀကီးၿပဳိေတာ့မယ္’ ဟု သံၿပဳိင္ေအာ္ၾက၏။

ဟာမီးနီးယပ္ႏွင့္ လားရွပ္တုိ႔သည္လည္း ေနာက္ျပန္လွည့္ၿပီးလွ်င္ ၿပဳိက်လုနီးနီးရွိေနသာ တံတားေပၚမွ ခုန္ဆင္းလုိက္ၾက၏။ ဤသုိ႔ ခုန္ဆင္းလွ်င္ ဆင္းျခင္း သူတုိ႔၏ေနရာကို ျပန္လွည့္ၾကည့္လုိက္ေသာအခါ ဟုိေရးရွပ္မွာ ေနာက္ျပန္မဆုတ္ပဲ အလြန္ရဲရင့္စြာ တစ္ေယာက္တည္းခံခ်ေနသည္ကို ေတြ႔ရေလ၏။ ထုိ႔ေၾကာင့္ သူတုိ႔လည္း ဟုိေရးရွပ္ရွိရာသုိ႔ ျပန္သြားဦးမည္ဟု လွမ္းလုိက္စဥ္တြင္ပင္ တံတားႀကီးသည္ ၀ုန္းခနဲျမည္ဟည္းကာ က်ဳိးက်သြားေသာေၾကာင့္ သူတုိ႔လည္း သူတုိ႔၏ ရဲေဘာ္ရွိရာသုိ႔ မကူးႏုိင္ေတာ့ေပ။

ဟုိေရးရွပ္သည္ ျမွားမွန္သျဖင့္ မ်ကလုံးတစ္ဖက္ေပါက္သြားသည္။ ေပါင္တြင္လည္း ဒဏ္ရာရွိသည္။ သုိ႔ရာတြင္ အာဇာနည္တုိ႔မည္သည္ ေသခါမွဇြဲေလွ်ာ့သည္ ဟူေသာ ထုံးတမ္းအစဥ္အလာႏွင့္အညီ သူ၏စိတ္ကို အနည္းငယ္မွ် မေလွ်ာ့ဘဲ ရွိသမွ်အင္အားႏွင့္ သူ႔၀တၱရားေက်ပြန္သည္အထိ ရန္သူမ်ားကို ခုခံတိုက္ဖ်က္လ်က္ ရွိေလသည္။ ေရွးက အရူးသုံးေကာင္ပဲဟု ေလွာင္ေျပာင္ခဲ့ေသာ ရန္သူ႔စစ္သားမ်ားလည္း သူတုိ႔၏ စြမ္းရည္သတၱိကုိ ျမင္ၿပီးၾကေသာအခါ ‘ဒီေကာင္ေတြ အရူးေတြ မဟုတ္ဘူး ၊ ဘီလူးေတြ’ ဟု အံၾသေၾကက္လန္႔လ်က္ ရွိၾကကုန္၏။

ဟုိေရးရွပ္ကလည္း တံတားႀကီး ၀န္းခနဲ က်ဳိးသံကို ၾကားရၿပီးသည့္အခါမွ ‘ေရာမတုိင္းသားတုိ႔၏ အသက္သခင္ ေက်းဇူးရွင္ တုိက္ဘာျမစ္ႀကီး ကြ်န္ေတာ့္တာ၀န္ ေက်ပြန္ပါၿပီ ၊ ေက်းဇူးရွင္ႀကီးက က်န္တဲ့တာ၀န္ကိုသာ ဆက္ၿပီး ထမ္းရြက္ရစ္ပါေတာ့’ ဟု ႏႈတ္ခြန္းဆက္သကာ ျမစ္ထဲသုိ႔ ခုန္ခ်လုိက္ေလသည္။

ေရာမၿမဳိ႕သူ ၿမဳိ႕သားတုိ႔ကလည္း သူတုိ႔၏ အာဇာနည္ႀကီး ဟုိေရးရွပ္ကုိ လႈိင္းေလၾကားထဲမွ ဆယ္ယူၿပီးလွ်င္ ခ်ီးက်ဴးေကာ္ေရာ္ ပူေဇာ္ပြဲႀကီးက်င္းပလုိက္ၾကသည္မွာ သိမ့္သိမ့္တုန္သြားေလ၏။

ဦးႏု ေရးသားသည့္ အာဇာနည္ စာအုပ္မွ

သုတဇုန္

———————–

လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ခန့်က အာဇာနည်သူရဲကောင်းတစ်ယောက် (unicode)

တစ်ယောက်ကောင်းက တစ်သောင်းဗိုလ်ခြေ ညက်ညက်ကြေ ဆိုသောစကားသည် စာအဖြစ်နှင့်သာ ဆိုထားသော စကားမဟုတ်ပေ။ တကယ့်အဖြစ်အပျက်များဖြစ်သည်ကို သတိပြုသင့်ပေသည်။

နှစ်ပေါင်း ၂၅၀၀ လောက်က ရောမမြို့ကြီးတွင် ဤအဖြစ်အပျက်မျိုး တစ်ခုဖြစ်ပေါ်ခဲ့ဖူးလေသည်။ ထိုအချိန်ခါ၌ ရောမမြို့ကြီးတွင် ဘုရင်များ မတရားကြလွန်းသဖြင့် တိုင်းသူပြည်သားများက ထကြွပုန်ကန်ပြီးလျှင် ဘုရင်များကို ရောမမြို့ကြီးမှ နှင်ထုတ်လိုက်ရာ ထိုဘုရင်များက အီထရပ်စကန်း လူမျိုးတို့၏ အကူအညီဖြင့် နန်းပြန်တက်ရန်ကြိုးစားလျက် ရှိကြသည်။ အီထရက်စကန်းတို့၏ ဗိုလ်ချုပ်မှာ လာပေါ်ဆင်းနားဖြစ်၍ တိုင်းပြည်မှ အနှင်ထုတ်ခံရသော ရောမဘုရင်မှာ တားကွင်းနီယပ် ဆူဒါးဗပ် နှင့် သူ၏သား ဆက်စတပ် တို့ဖြစ်သည်။

လာပေါ်ဆင်းနားသည် သူ့တွင်ရှိသမျှသော အင်အားများကို စုရုံး၍ ရောမမြို့ကြီးဆီသို့ အပြင်းချီတက်လျှက်ရှိသည်။ ထိုအချိန်အခါက ရောမမြို့ကြီးအတွက် အကောင်းဆုံးသော အကာအကွယ်သည် တိုက်ဘာမြစ်ဖြစ်သည်။ တိုက်ဘာမြစ်ကို ဖြတ်ကူးရန် သစ်သားတံတားတစ်ခုသာ ရှိသည်။ ရောမမြို့နှင့် တစ်ဘက်ကမ်းရှိ တံတားထိပ်တွင် ဂျနစ်ကျူလမ် ခေါ် ခံတပ်ငယ်တစ်ခု ရှိလေသည်။ အပြင်းချီတက်လာသော အီထရပ်စကန်းတို့ တပ်၏ တပ်ဦးဘီလူးများသည် ထိုခံတပ်ကို တစ်ချက်တည်း သိမ်းပစ်လိုက်ကြသည်။

ထိုအခိုက်တွင် ဆီနိတ် ခေါ် လွှတ်တော်ကြီးလည်း စည်းဝေးလျှက်ရှိရာ ခံတပ်ကို သိမ်းလိုက်ပြီဟူသော သတင်းကို ကြားသိကြရသောအခါ ထိုလွှတ်တော်အမတ်ကြီးများသည် ကြံရာမရဖြစ်ပြီးသော် မြို့ရိုးဆီသို့ သုတ်ခြေတင်ကြကုန်၏။ မြို့ရိုးဆီသို့ရောက်သောအခါ သစ်သားတံတားသို့ ထွက်သော မြို့တံခါးပေါက်ဝတွင် ထိုင်မျှပင် မထိုင်နိုင်ကြတော့ပဲ မတ်တပ်ရပ်ရင်း အကူအညီတောင်းသည့် သဘောမျိုးနှင့် တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်လျှက် နေကြစဉ် သမ္မတကြီးက
“ကဲ အမတ်ကြီးတို့ ၊ ကျုပ်တို့ အချိန်ဖြုန်းနေလို့ မဖြစ်ဘူး။ ဂျနစ်ကျူလမ်ခံတပ် ကျသွားပြီဆိုရင် မြို့ကိုကာကွယ်ဖို့ ဒီတံတားကို ဖျက်ချဖို့ တစ်ခုတည်းရှိတော့တယ်” ဟု ခပ်ရှင်းရှင်းပြောလေ၏။

မြို့ကို ကာကွယ်ရန်အတွက် တစ်ခုတည်းသော နည်းလမ်းသည် တံတားကို ဖျက်ချရန်သာ ရှိတော့သည် ဆိုပါသော်လည်း ဤကိစ္စသည် အပြောလွယ်သလောက် အလုပ်ရခက်သော ကိစ္စဖြစ်လေသည်။ အဘယ်ကြောင့် ဆိုသော် တံတားတစ်ဖက်ရှိ ခံတပ်ကို ရန်သူ၏ တပ်ဦးများက သိမ်းပြီးပြီ။ ဗိုလ်ချုပ်လာပေါ်ဆင်းနား ကိုယ်တိုင်ခေါင်းဆောင်လာသော ရန်သူ့တပ်မတော်ကြီးမှာလည်း စစ်ယာဉ်များ ၊ မြင်းများဖြင့် တစ်လမ်းလုံး ဒုန်တထောင်းထောင်း ထစေလျက်ရှိချေပြီ။ တံတားကို ဖျက်ချရန်အတွက် အချိန်မရှိသလောက်ပင် ဖြစ်နေတော့သည်။

ထိုသို့ ကြံရာမရဖြစ်နေကြစဉ် တံတားဘက်ရှိ မြို့ရိုးပေါက်၏ တံခါးမှူး ဟိုရေးရှပ် သည် ပြေးထွက်လာပြီးသော်
“သမ္မတမင်း မြန်နိုင်သမျှမြန်အောင် တံတားကိုဖျက်ချပါ၊ ကျွန်တော်တံတား ဟိုဘက်ထိပ်ကသွားပြီး ရန်သူတွေကို ရှေကမတက်နိုင်အောင် ဆီးပြီးတားပါ့မယ်။ ကျွန်တော့်ရဲ့ ဘယ်ညာက ကူဖို့ စစ်သားနှစ်ယောက်ကိုသာ ပေးပါ ၊ ကဲ ၊ ဘယ်သူကျုပ်နဲ့ လိုက်ခဲ့မလဲ၊ ဘယ်သူမဆို တစ်သက်တော့ တစ်ခါသေစမြဲပဲ အခုမသေလဲ နောက်တော့သေရမှာ ၊ အဲဒီတော့ သေရမှာချင်း အတူတူ အာဇာနည်လို သေရတာထက်ကောင်းတဲ့ အသေမျိုးလောကမှာ မရှိပါဘူး” ဟု ပြောလေ၏။

စစ်သားများထဲမှ ဆပူးရီးယပ် လားရှပ် ဆိုသူက ကျွန်တော် ဟိုရေးရှပ်ရဲ့ ညာဘက်ကနေပြီးတိုက်မယ် ဟုပြောပြောဆိုဆို ထွက်လာ၏။ ဟာမီးနီးယပ် ဆိုသူက ဘယ်ဘက်က တိုက်ရန် ထွက်လာ၏။

လာပေါ်ဆင်းနား၏ တပ်မတော်ကြီးသည် တံတားဦးဆီသို့ တဖြည်းဖြည်းချင်း နီးကပ်လျှက်ရှိလေပြီ။ တပ်ဦးဘီလူးများလည်း တံတားဦးကို ကာကွယ်ရန်အတွက် ရပ်နေသော ဟိုရေးရှပ်တို့ သုံးယောက်ကို မြင်သောအခါ ‘ဒီအရူးသုံးကောင် ဒီမှာ ဘာလုပ်နေကြတာလဲ’ ဟု ဟစ်အော်လှောင်ပြောင်ကာ ရယ်မောကြလေ၏။ အာဇာနည်သုံးယောက်ကလည်း မည်သူ့ကိုမျှ ဂရုမပြုကြဘဲ မိမိတို့၏ တာဝန်ကို အသက်နှင့်လဲ၍ ထမ်းရွက်ရန် ကြံ့ကြံ့ခံလျက် ရှိကြ၏။ သူတို့ကို ကြည်ရသည်မှာ မိမိတို့၏ လိုဏ်ဂူဝတွင် လာသမျှသော ရန်သူဟူသမျှကို ဖြိုဖျက်ချေမှုန်းပစ်မည်ဟူသော သန္နိဌာန်ဖြင့် မာန်ဖီလျက်ရှိသော ကေသရာခြင်္သေ့ သုံးကောင်နှင့်ပင် တူတော့၏။

သစ်သားတံတားကလည်း ကျဉ်းမြောင်းသဖြင့် ရန်သူဘက်မှ တစ်ကြိမ်လျှင် သုံးယောက်သာ တက်နိုင်ကြသည်။ တက်သမျှကိုလည်း ဟိုရေးရှပ်တို့ သုံးဦးက ဖြိုခွင်းပစ်လိုက်၏။ တက်သွားသမျှသော ရန်သူစစ်သားတို့သည် လယ်သမား၏ မြက်ခုတ်ဓါးအောက်တွင် တိခနဲတိခနဲ ပြတ်၍ကျသွားသော မြက်ပင်များကဲ့သို့ ဟိုရေးရှပ်တို့၏ ရှေ့တွင်ပုံလျက်သား ပုံလျက်သား ကျဆုံးလျက်ရှိရာ စိတ်ထက်ထက်သန်သန်နှင့် ရှေ့သို့တက်လာရဲသော စစ်သားများပင် လက်ဦးအစတုန်းကလောက် မများလှတော့ပေ။ နောက်စစ်သားများက တွန်းထုတ်လိုက်၍ ဟိုရေးရှပ်တို့၏ လူစုအနီးသို့ ရောက်သွားသောအခါ ဟိုရေးရှပ်တို့က လိုက်ခုတ်မည်အလုပ်တွင် နောက်ဆုတ်ပြေးကြပြန်လေသည်။ ကြမ္မာငင်နေသော သူများလည်း မရှောင်သာ မပြေးသာတော့ပဲ ဟိုရေးရှပ်တို့၏ ဓားဖျားတွင် အသက်ပါသွားကြရရှာ၏။

ဤသို့ ရှေ့မှခံ၍ တိုက်လျှက်ရှိကြစဉ် ရောမမြို့သူမြို့သားများကလည်း လူကြီးလူငယ် ယေင်္ကျားမိန်းမ အပျို အအို လူဆင်းရဲ သူဌေးမကျန် ကိုယ့်ပြည်နှင့် ကိုယ့်လူမျိုးကို ကာကွယ်ရေးအတွက် တံတားကို အစွမ်းကုန်ဝိုင်း၍ ဖျက်ကြရာ တံတားလည်း ပျက်လုနီးနီး ရှိသွားလေ၏။ ထိုအခါတွင် ဟိုရေးရှပ်တို့ လူစုသည် နောက်ပြန်ဆုတ်ပြီးလျှင် မြို့တွင်းသို့ ဝင်၍ ခိုနိုင်သည်။ ရန်သူများ တက်လာရင်း မြို့ဘက်ကမ်းကို မရောက်မီ သူ့အလေးနှင့်သူ ပြို၍ကျပေတော့မည်။ ထို့ကြောင့် ဟိုရေးရှပ်တို့ရေ ပြန်လာကြတော့ဟေ့ တံတားကြီးပြိုတော့မယ် ၊ ဟာမီးနီးယပ် လားရှပ်တို့ရေ ပြန်လာကြတော့ဟေ့ တံတားကြီးပြိုတော့မယ်’ ဟု သံပြိုင်အော်ကြ၏။

ဟာမီးနီးယပ်နှင့် လားရှပ်တို့သည်လည်း နောက်ပြန်လှည့်ပြီးလျှင် ပြိုကျလုနီးနီးရှိနေသာ တံတားပေါ်မှ ခုန်ဆင်းလိုက်ကြ၏။ ဤသို့ ခုန်ဆင်းလျှင် ဆင်းခြင်း သူတို့၏နေရာကို ပြန်လှည့်ကြည့်လိုက်သောအခါ ဟိုရေးရှပ်မှာ နောက်ပြန်မဆုတ်ပဲ အလွန်ရဲရင့်စွာ တစ်ယောက်တည်းခံချနေသည်ကို တွေ့ရလေ၏။ ထို့ကြောင့် သူတို့လည်း ဟိုရေးရှပ်ရှိရာသို့ ပြန်သွားဦးမည်ဟု လှမ်းလိုက်စဉ်တွင်ပင် တံတားကြီးသည် ဝုန်းခနဲမြည်ဟည်းကာ ကျိုးကျသွားသောကြောင့် သူတို့လည်း သူတို့၏ ရဲဘော်ရှိရာသို့ မကူးနိုင်တော့ပေ။

ဟိုရေးရှပ်သည် မြှားမှန်သဖြင့် မျကလုံးတစ်ဖက်ပေါက်သွားသည်။ ပေါင်တွင်လည်း ဒဏ်ရာရှိသည်။ သို့ရာတွင် အာဇာနည်တို့မည်သည် သေခါမှဇွဲလျှော့သည် ဟူသော ထုံးတမ်းအစဉ်အလာနှင့်အညီ သူ၏စိတ်ကို အနည်းငယ်မျှ မလျှော့ဘဲ ရှိသမျှအင်အားနှင့် သူ့ဝတ္တရားကျေပွန်သည်အထိ ရန်သူများကို ခုခံတိုက်ဖျက်လျက် ရှိလေသည်။ ရှေးက အရူးသုံးကောင်ပဲဟု လှောင်ပြောင်ခဲ့သော ရန်သူ့စစ်သားများလည်း သူတို့၏ စွမ်းရည်သတ္တိကို မြင်ပြီးကြသောအခါ ‘ဒီကောင်တွေ အရူးတွေ မဟုတ်ဘူး ၊ ဘီလူးတွေ’ ဟု အံဩကြေက်လန့်လျက် ရှိကြကုန်၏။

ဟိုရေးရှပ်ကလည်း တံတားကြီး ဝန်းခနဲ ကျိုးသံကို ကြားရပြီးသည့်အခါမှ ‘ရောမတိုင်းသားတို့၏ အသက်သခင် ကျေးဇူးရှင် တိုက်ဘာမြစ်ကြီး ကျွန်တော့်တာဝန် ကျေပွန်ပါပြီ ၊ ကျေးဇူးရှင်ကြီးက ကျန်တဲ့တာဝန်ကိုသာ ဆက်ပြီး ထမ်းရွက်ရစ်ပါတော့’ ဟု နှုတ်ခွန်းဆက်သကာ မြစ်ထဲသို့ ခုန်ချလိုက်လေသည်။

ရောမမြို့သူ မြို့သားတို့ကလည်း သူတို့၏ အာဇာနည်ကြီး ဟိုရေးရှပ်ကို လှိုင်းလေကြားထဲမှ ဆယ်ယူပြီးလျှင် ချီးကျူးကော်ရော် ပူဇော်ပွဲကြီးကျင်းပလိုက်ကြသည်မှာ သိမ့်သိမ့်တုန်သွားလေ၏။

ဦးနု ရေးသားသည့် အာဇာနည် စာအုပ်မှ
သုတဇုန်

Leave a Reply