ေလယာဥ္ေပၚကေန အဆုိးဆုံးကႏာၱရထဲကိုု က်ေရာက္ခဲ့ၿပီး ၆ရက္ၾကာေပ်ာက္ဆုံးခဲ့တဲ့ ေခြးကေလး

Posted on

ေတာင္အေမရိကတိုက္မွာရွိတဲ့ ခ်ီလီနိုင္ငံက Gaspar လို႔အမည္ရတဲ့ အိမ္ေမြးေခြးေလးတစ္ေကာင္ဟာ ခရီးသည္တင္ေလယာဥ္ေပၚကေနမေတာ္တဆျပဳတ္က်ခဲ့ျပီး ကံေကာင္းေထာက္မစြာ အသက္ရွင္ခဲ့ပါတယ္။ Gaspar ဟာ Atacama သဲကႏာၱရထဲမွာ (၆)ရက္တိတိ အစာေရစာ စားေသာက္ျခင္းမရွိပဲဦးတည္ရာမဲ့ ေလ်ာက္သြားေနခဲ့ပါတယ္။ Atacama ကႏာၱရဟာ ခ်ီလီႏုိင္ငံမွာ ရွိတဲ့ ကမာၻ႔အႏၱရာယ္အရွိဆုံး ကႏာၱရေတြထဲက တစ္ခုျဖစ္ၿပီး ဧရိယာအက်ယ္အ၀န္းအားျဖင့္ စတုရန္းမုိင္ ၄ေသာင္းေက်ာ္ က်ယ္၀န္းပါတယ္။ ေနာက္ဆံုးမွာ ကယ္ဆယ္ေရးအဖြဲ႔ဝင္ေတြရဲ့ ကယ္တင္ျခင္းကိုခံရျပီး သူ႔သခင္နဲ႔ျပန္လည္ဆံုစည္းနုိင္ခဲ့ပါတယ္။

Gaspar ရဲ့ ပိုင္ရွင္ JanisCavieres သူတို႔အိမ္ေမြးတိရိစာၦန္ေလးရဲ့ အသက္ကို ကယ္တင္ေပးဖို႔အတြက္ လူမူကြန္ယက္ေတြမွာ အကူအညီေတာင္းခံမႈေၾကာင့္ တာဝန္ရွိေလေၾကာင္းလိုင္းမွ တာဝန္ရွိသူေတြနဲ႔ ကယ္ဆယ္ေရးအဖြဲ႔ေတြရဲ့ ေက်းဇူးေၾကာင့္ သူတို႔ေခြးေလးကို အသက္ရွင္လ်က္နဲ႔ျပန္လည္ေတြ႔ခဲ့ရတာပါ။ Gasparျပဳတ္က်ခဲ့တဲ့ ေလယာဥ္လိုင္းကလည္း တာဝန္သိမႈ တာဝန္ခံမႈ အျပည့္အဝေပးခဲ့ျပီး ဒီကယ္ဆယ္ေရးလုပ္ငန္းတစ္ေလ်ာတ္ အစိုးရကယ္ဆယ္ေရးအဖြဲ႔ေတြနဲ႔ ပူူးေပါင္းေဆာင္ရြတ္ခဲ့တာမို႔ ဒီဇာက္လမ္းေလးဟာ ေပ်ာ္ရႊင္စရာဇာတ္သိမ္းခဲ့တာပါ။

ၾကမ္းတမ္းတဲ့ Atacama သဲကႏာၱရထဲမွာ အစာေရစာမရွိပဲ တစ္ပတ္နီးပါးၾကာေအာင္ အသက္ရွင္နိုင္ဖို႔ဆိုတာ တိရစာၦန္တစ္ေကာင္ မဆိုထားနဲ႔ သက္ရွိလူသားတစ္ေယာက္ေတာင္ ရပ္တည္ဖို႔မလြယ္ပါဘူး။ ဒါေပမယ့္ Dachsund ေခြးအမ်ိဳးအစား Gaspar ကေတာ့ ေလယာဥ္ေပၚက မေတာ္တဆ ျပဳတ္က်ခဲ့ျပီး တစ္ပတ္နီးပါး ဒီေနရာမွာ ဦးတည္ရာမဲ့ေလ်ာက္သြားျပီး ဆက္လက္ရွင္သန္ခဲ့ပါတယ္။ အသက္(၂)နွစ္သားအရြယ္သာ ရွိေသးတဲ့ ဒီေခြးေလးဟာ ကံတရားရဲ့ မ်က္ႏွာသာေပးမႈနဲ႔အတူ ၾကံဳလာသမ်ွကို ၾက့ံၾက့ံခိုင္ျပီးကမာၻ႔အေျခာက္ေသြ႔ဆံုး သဲကႏာၱရကေန လြတ္ေျမာက္လာနိုင္ခဲ့တာပါ။

Gaspar ရဲ့ ၾကီးက်ယ္တဲ့ စြန္႔စားခန္း ဟာ ဇြန္လ (၂၉)ရက္ေန႔မွာစတင္ခဲ့တာပါ။ သူ႔သခင္ျဖစ္သူ Janis Cavieres ဟာ သူမခ်စ္သူနဲ႔အတူ ခ်ီလီနိုင္ငံေျမာက္ပိုင္းက lquique ျမိဳ႔ကို ေရာက္ရွိေနခဲ့တာပါ။ ဒါေၾကာင့္သူမေနထိုင္ရာ Santiago ၿမိဳ႕မွာ ရွိတဲ့ သူမ သူငယ္ခ်င္း Ligia Gallardo ကို ဖုန္းဆက္ၿပီး သူမအခ်စ္ေတာ္ေခြးေလးကို ေလယာဥ္နဲ႔ေခၚေဆာင္ေစျပီး သူမကိုယ္တိုင္ lquique ျမိဳ႔ ကေလဆိပ္မွာ လာၾကိဳမယ္ျဖစ္တဲ့အေၾကာင္းဖုန္းဆက္အေၾကာင္းၾကားထားခဲ့ပါတယ္။ ဒီလိုနဲ႔ Gasparကို ေလယာဥ္ကုန္ပစၥည္းေတြတင္တဲ့ အခန္းက အိမ္ေမြးတိရစာၦန္ေတြကို သီးသန္႔ထားတဲ့ ေလွာင္အိမ္ထဲကို laliga ကိုယ္တိုင္ထည့္ျပီးသယ္ေဆာင္လာခဲ့ပါတယ္။

ဒီလိုနဲ႔ Ligiaဟာ ဒုတိယအၾကိမ္ေျမာက္ Gaspar ရဲ့အေျခအေနကို ၾကည့္ရန္လာတဲ့အခါ ေလွာင္အိမ္တံခါးပြင့္ေနတာကိုသာေတြ႔ရျပီး ေလယာဥ္ဝန္ထမ္းေတြက မေတာ္တဆမႈတစ္ခုေၾကာင့္ Gaspar ဟာေလယာဥ္ေပၚက်သြားခဲ့ျပီးျဖစ္ေၾကာင္းသူမကိုေျပာၾကားခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ကိုဘယ္သူမွ တိတိက်က် မျမင္လိုက္ပါဘူး။ ေလေၾကာင္းလိုင္းက တာဝန္ရွိသူေတြကေတာ့ ေလယာဥ္ရဲ့ လႈပ္ရမ္းမႈတစ္ခုေၾကာင့္Gasparကို ထည့္ထားတဲ့ေလွာင္အိမ္ဟာ မူလေနရာက ထားတဲ့ေနရာကေန ေအာက္ကိုက်သြားခဲ့ကာ ေအာက္ကိုက်သြားတဲ့အရွိန္ေၾကာင့္ ေလွာင္အိမ္တံခါးဟာပြင့္သြားခဲ့ျပီးGasparဟာအျပင္ကိုထြက္က်သြားခဲ့တာျဖစ္တယ္လုိ႔ ဆုိပါတယ္။

ဒီလိုနဲ႔ Gaspar ဟာ ေလယာဥ္လမ္းေၾကာင္းရဲ့ အနီးဆံုးျဖစ္တဲ့ Atacama သဲကႏာၱရထဲကိုေရာက္ရွိသြားခဲ့တာ ျဖစ္ပါတယ္။ သူ႔သူငယ္ခ်င္းဆီကေန ဒီသတင္းကိုၾကားတဲ့ Gaspar ရဲ့ ပိုင္ရွင္ Janis Cavieres ဟာသူမရဲ့အခ်စ္ေတာ္ေလးရဲ့အသက္ကိုကယ္တင္ေပးဖို႔အတြက္သက္ဆိုင္ရာအဖြဲ႔အစည္းေတြကို လူမူကြန္ယက္ေတြမွာ အကူအညီေတာင္းခံမႈေၾကာင့္ မၾကာခင္မွာပဲဒီေလေၾကာင္းလိုင္းက သက္ဆိုင္ရာတာဝန္ရွိသူေတြ ခ်ီလီတပ္မေတာ္သားကယ္ ဆယ္ေရးအဖြဲ႔ေတြစုေပါင္းျပီး သဲကႏၱာရအတြင္းက Gaspar ကိုကယ္တင္နိုင္ေရးအစီစဥ္ေတြကိုစတင္ခဲ့ပါတယ္။

အေစာပိုင္းကယ္ဆယ္ေရးအစီစဥ္ေတြမွာ ရွာေဖြရမယ့္ ဧရိယာ က်ယ္ျပန္႔တာေၾကာင့္ အခက္အခဲေတြရွိခဲ့ပါတယ္။ Gaspar ကိုကယ္ဆယ္ႏိုင္ဖို႔ရာမေသခ်ာတဲ့အေနအထားေတြျဖစ္ခဲ့ေပမယ့္ ေျခာက္ရက္ေျမာက္ေန႔မွာေတာ့ အသက္(၂)နွစ္သား ေခြးသက္ျပင္းေလး Gasparကို ကံေကာင္းေထာက္မစြာနဲ႔ ျပန္လည္ရွာေတြ႔ႏိုင္ခဲ့ျပီး သူသခင္ရဲ့လက္ထဲကို ကယ္ဆယ္ေရးအဖြဲ႔ဝင္ေတြကျပန္ထည့္ေပးနိုင္ခဲ့ပါတယ္။ Gasparကို ကယ္တင္တဲ့ေနရာအထိ လာေရာက္သတင္းယူခဲ့တဲ့ ခ်ီလီသတင္းေထာက္ရဲ့ အဆိုအရေတာ့ Gaspar ဟာထိတ္ လန္႔ေနခဲ့့ျပီး အဟာရခ်ဳိ႕တဲ့ေနတဲ့ ပံုေပါက္ေနပါတယ္။ ဒါအျပင္ သူေပ်ာက္ဆံုးသြားတဲ့(၆) ရက္ အတြင္းေပါင္ခ်ိန္ အလြန္က်ဆင္းသြားတယ္လို သိရပါတယ္။

အခုအခ်ိန္မွာေတာ့ Gaspar ေလးဟာ တိရိစာၦန္ဆရာဝန္နဲ႔ကုသမႈ ကိုခံယူေနျပီျဖစ္ေၾကာင္း ရုပ္သံကတစ္ဆင့္ေျပာၾကားခဲ့ပါတယ္။ Gaspar ဟာ မူလကရွိတဲ့ ေပါင္ခ်ိန္ထက္မ်ားစြာက်ဆင္းခဲ့ေပမယ့္ မၾကာခင္မွာပဲ အစားအေသာက္ပုံမွန္စားတဲ့အတြက္ မူလအရြယ္အစားျပန္ျဖစ္လာခဲ့ပါတယ္။ Gasparရဲ႕ ျဖစ္စဥ္မွာ အဓိကတာဝန္ရွိတဲ့ ေလေၾကာင္းလုိင္းက ဒီကယ္ဆယ္ေရးအစီစဥ္တစ္ခုလံုးရဲ့ ကုန္က်စရိတ္ကိုတာဝန္ယူေပးခဲ့ျပီး တံခါးပြင့္ခဲ့တဲ့ျဖစ္စဥ္ဟာလူရဲ့ပေရာဂပါမပါသိရွိဖုိ႔ ဌာနတြင္းစံုစမ္းစစ္ေဆးမႈေတြကို ျပဳလုပ္လွ်က္ရွိပါတယ္။ ဒီ ၆ ရက္အတြင္း ဒီလုိဆုိးရြားလွတဲ့ ကႏာၱရလုိေနရာမ်ဳိးမွာ ဘယ္လုိအသက္ရွင္ေနထုိင္ခဲ့သလဲ ဆုိတာကေတာ့ ေခြးကေလးကုိယ္တုိင္ကလြဲလုိ႔ ဘယ္သူမွ မသိၾကပါဘူး။ ေခြးတစ္ေကာင္ရဲ႕ အသက္ကုိ ၆ရက္ၾကာ တန္ဖုိးထားကယ္ဆယ္ခဲ့သူေတြရဲ႕ စိတ္ဓာတ္ကေတာ့ ေလးစားစရာေကာင္းလွပါတယ္။

———————–

လေယာဉ်ပေါ်ကနေ အဆိုးဆုံးကန္တာရထဲကို ကျရောက်ခဲ့ပြီး ၆ရက်ကြာပျောက်ဆုံးခဲ့တဲ့ ခွေးကလေး (unicode)

တောင်အမေရိကတိုက်မှာရှိတဲ့ ချီလီနိုင်ငံက Gaspar လို့အမည်ရတဲ့ အိမ်မွေးခွေးလေးတစ်ကောင်ဟာ ခရီးသည်တင်လေယာဉ်ပေါ်ကနေမတော်တဆပြုတ်ကျခဲ့ပြီး ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့ပါတယ်။ Gaspar ဟာ Atacama သဲကန္တာရထဲမှာ (၆)ရက်တိတိ အစာရေစာ စားသောက်ခြင်းမရှိပဲဦးတည်ရာမဲ့ လျောက်သွားနေခဲ့ပါတယ်။ Atacama ကန္တာရဟာ ချီလီနိုင်ငံမှာ ရှိတဲ့ ကမ္ဘာ့အန္တရာယ်အရှိဆုံး ကန္တာရတွေထဲက တစ်ခုဖြစ်ပြီး ဧရိယာအကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၄သောင်းကျော် ကျယ်ဝန်းပါတယ်။ နောက်ဆုံးမှာ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေရဲ့ ကယ်တင်ခြင်းကိုခံရပြီး သူ့သခင်နဲ့ပြန်လည်ဆုံစည်းနိုင်ခဲ့ပါတယ်။

Gaspar ရဲ့ ပိုင်ရှင် JanisCavieres သူတို့အိမ်မွေးတိရိစ္ဆာန်လေးရဲ့ အသက်ကို ကယ်တင်ပေးဖို့အတွက် လူမူကွန်ယက်တွေမှာ အကူအညီတောင်းခံမှုကြောင့် တာဝန်ရှိလေကြောင်းလိုင်းမှ တာဝန်ရှိသူတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ကျေးဇူးကြောင့် သူတို့ခွေးလေးကို အသက်ရှင်လျက်နဲ့ပြန်လည်တွေ့ခဲ့ရတာပါ။ Gasparပြုတ်ကျခဲ့တဲ့ လေယာဉ်လိုင်းကလည်း တာဝန်သိမှု တာဝန်ခံမှု အပြည့်အဝပေးခဲ့ပြီး ဒီကယ်ဆယ်ရေးလုပ်ငန်းတစ်လျောတ် အစိုးရကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွတ်ခဲ့တာမို့ ဒီဇာက်လမ်းလေးဟာ ပျော်ရွှင်စရာဇာတ်သိမ်းခဲ့တာပါ။

ကြမ်းတမ်းတဲ့ Atacama သဲကန္တာရထဲမှာ အစာရေစာမရှိပဲ တစ်ပတ်နီးပါးကြာအောင် အသက်ရှင်နိုင်ဖို့ဆိုတာ တိရစ္ဆာန်တစ်ကောင် မဆိုထားနဲ့ သက်ရှိလူသားတစ်ယောက်တောင် ရပ်တည်ဖို့မလွယ်ပါဘူး။ ဒါပေမယ့် Dachsund ခွေးအမျိုးအစား Gaspar ကတော့ လေယာဉ်ပေါ်က မတော်တဆ ပြုတ်ကျခဲ့ပြီး တစ်ပတ်နီးပါး ဒီနေရာမှာ ဦးတည်ရာမဲ့လျောက်သွားပြီး ဆက်လက်ရှင်သန်ခဲ့ပါတယ်။ အသက်(၂)နှစ်သားအရွယ်သာ ရှိသေးတဲ့ ဒီခွေးလေးဟာ ကံတရားရဲ့ မျက်နှာသာပေးမှုနဲ့အတူ ကြုံလာသမျှကို ကြံ့ကြံ့ခိုင်ပြီးကမ္ဘာ့အခြောက်သွေ့ဆုံး သဲကန္တာရကနေ လွတ်မြောက်လာနိုင်ခဲ့တာပါ။

Gaspar ရဲ့ ကြီးကျယ်တဲ့ စွန့်စားခန်း ဟာ ဇွန်လ (၂၉)ရက်နေ့မှာစတင်ခဲ့တာပါ။ သူ့သခင်ဖြစ်သူ Janis Cavieres ဟာ သူမချစ်သူနဲ့အတူ ချီလီနိုင်ငံမြောက်ပိုင်းက lquique မြို့ကို ရောက်ရှိနေခဲ့တာပါ။ ဒါကြောင့်သူမနေထိုင်ရာ Santiago မြို့မှာ ရှိတဲ့ သူမ သူငယ်ချင်း Ligia Gallardo ကို ဖုန်းဆက်ပြီး သူမအချစ်တော်ခွေးလေးကို လေယာဉ်နဲ့ခေါ်ဆောင်စေပြီး သူမကိုယ်တိုင် lquique မြို့ ကလေဆိပ်မှာ လာကြိုမယ်ဖြစ်တဲ့အကြောင်းဖုန်းဆက်အကြောင်းကြားထားခဲ့ပါတယ်။ ဒီလိုနဲ့ Gasparကို လေယာဉ်ကုန်ပစ္စည်းတွေတင်တဲ့ အခန်းက အိမ်မွေးတိရစ္ဆာန်တွေကို သီးသန့်ထားတဲ့ လှောင်အိမ်ထဲကို laliga ကိုယ်တိုင်ထည့်ပြီးသယ်ဆောင်လာခဲ့ပါတယ်။

ဒီလိုနဲ့ Ligiaဟာ ဒုတိယအကြိမ်မြောက် Gaspar ရဲ့အခြေအနေကို ကြည့်ရန်လာတဲ့အခါ လှောင်အိမ်တံခါးပွင့်နေတာကိုသာတွေ့ရပြီး လေယာဉ်ဝန်ထမ်းတွေက မတော်တဆမှုတစ်ခုကြောင့် Gaspar ဟာလေယာဉ်ပေါ်ကျသွားခဲ့ပြီးဖြစ်ကြောင်းသူမကိုပြောကြားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကိုဘယ်သူမှ တိတိကျကျ မမြင်လိုက်ပါဘူး။ လေကြောင်းလိုင်းက တာဝန်ရှိသူတွေကတော့ လေယာဉ်ရဲ့ လှုပ်ရမ်းမှုတစ်ခုကြောင့်Gasparကို ထည့်ထားတဲ့လှောင်အိမ်ဟာ မူလနေရာက ထားတဲ့နေရာကနေ အောက်ကိုကျသွားခဲ့ကာ အောက်ကိုကျသွားတဲ့အရှိန်ကြောင့် လှောင်အိမ်တံခါးဟာပွင့်သွားခဲ့ပြီးGasparဟာအပြင်ကိုထွက်ကျသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုနဲ့ Gaspar ဟာ လေယာဉ်လမ်းကြောင်းရဲ့ အနီးဆုံးဖြစ်တဲ့ Atacama သဲကန္တာရထဲကိုရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။ သူ့သူငယ်ချင်းဆီကနေ ဒီသတင်းကိုကြားတဲ့ Gaspar ရဲ့ ပိုင်ရှင် Janis Cavieres ဟာသူမရဲ့အချစ်တော်လေးရဲ့အသက်ကိုကယ်တင်ပေးဖို့အတွက်သက်ဆိုင်ရာအဖွဲ့အစည်းတွေကို လူမူကွန်ယက်တွေမှာ အကူအညီတောင်းခံမှုကြောင့် မကြာခင်မှာပဲဒီလေကြောင်းလိုင်းက သက်ဆိုင်ရာတာဝန်ရှိသူတွေ ချီလီတပ်မတော်သားကယ် ဆယ်ရေးအဖွဲ့တွေစုပေါင်းပြီး သဲကန္တာရအတွင်းက Gaspar ကိုကယ်တင်နိုင်ရေးအစီစဉ်တွေကိုစတင်ခဲ့ပါတယ်။

အစောပိုင်းကယ်ဆယ်ရေးအစီစဉ်တွေမှာ ရှာဖွေရမယ့် ဧရိယာ ကျယ်ပြန့်တာကြောင့် အခက်အခဲတွေရှိခဲ့ပါတယ်။ Gaspar ကိုကယ်ဆယ်နိုင်ဖို့ရာမသေချာတဲ့အနေအထားတွေဖြစ်ခဲ့ပေမယ့် ခြောက်ရက်မြောက်နေ့မှာတော့ အသက်(၂)နှစ်သား ခွေးသက်ပြင်းလေး Gasparကို ကံကောင်းထောက်မစွာနဲ့ ပြန်လည်ရှာတွေ့နိုင်ခဲ့ပြီး သူသခင်ရဲ့လက်ထဲကို ကယ်ဆယ်ရေးအဖွဲ့ဝင်တွေကပြန်ထည့်ပေးနိုင်ခဲ့ပါတယ်။ Gasparကို ကယ်တင်တဲ့နေရာအထိ လာရောက်သတင်းယူခဲ့တဲ့ ချီလီသတင်းထောက်ရဲ့ အဆိုအရတော့ Gaspar ဟာထိတ် လန့်နေခဲ့ပြီး အဟာရချို့တဲ့နေတဲ့ ပုံပေါက်နေပါတယ်။ ဒါအပြင် သူပျောက်ဆုံးသွားတဲ့(၆) ရက် အတွင်းပေါင်ချိန် အလွန်ကျဆင်းသွားတယ်လို သိရပါတယ်။

အခုအချိန်မှာတော့ Gaspar လေးဟာ တိရိစ္ဆာန်ဆရာဝန်နဲ့ကုသမှု ကိုခံယူနေပြီဖြစ်ကြောင်း ရုပ်သံကတစ်ဆင့်ပြောကြားခဲ့ပါတယ်။ Gaspar ဟာ မူလကရှိတဲ့ ပေါင်ချိန်ထက်များစွာကျဆင်းခဲ့ပေမယ့် မကြာခင်မှာပဲ အစားအသောက်ပုံမှန်စားတဲ့အတွက် မူလအရွယ်အစားပြန်ဖြစ်လာခဲ့ပါတယ်။ Gasparရဲ့ ဖြစ်စဉ်မှာ အဓိကတာဝန်ရှိတဲ့ လေကြောင်းလိုင်းက ဒီကယ်ဆယ်ရေးအစီစဉ်တစ်ခုလုံးရဲ့ ကုန်ကျစရိတ်ကိုတာဝန်ယူပေးခဲ့ပြီး တံခါးပွင့်ခဲ့တဲ့ဖြစ်စဉ်ဟာလူရဲ့ပရောဂပါမပါသိရှိဖို့ ဌာနတွင်းစုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်လျှက်ရှိပါတယ်။ ဒီ ၆ ရက်အတွင်း ဒီလိုဆိုးရွားလှတဲ့ ကန္တာရလိုနေရာမျိုးမှာ ဘယ်လိုအသက်ရှင်နေထိုင်ခဲ့သလဲ ဆိုတာကတော့ ခွေးကလေးကိုယ်တိုင်ကလွဲလို့ ဘယ်သူမှ မသိကြပါဘူး။ ခွေးတစ်ကောင်ရဲ့ အသက်ကို ၆ရက်ကြာ တန်ဖိုးထားကယ်ဆယ်ခဲ့သူတွေရဲ့ စိတ်ဓာတ်ကတော့ လေးစားစရာကောင်းလှပါတယ်။

Leave a Reply