သဂၤါယနာတင္ သမုိင္းေၾကာင္း သိေကာင္းစရာ

Posted on

ျမတ္စြာဘုရားက အာနႏၵာအား – “ခ်စ္သား အာနႏၵာ၊ ငါဘုရား ေဟာၾကားေသာ သုတ္၊ ဝိနည္း၊ အဘိဓမၼာတရားေတာ္သည္ ငါဘုရား ပရိနိဗၺာန္စံေတာ္မူေသာအခါ သင္တို႔၏ ဆရာျဖစ္သည္” ဟုမွာၾကားေတာ္မူခဲ့သည္။

ထိုမွာၾကားခ်က္အရ “ဂမၼဝိနယ” ေခၚေသာ သုတ္၊ ဝိနည္း၊ အဘိဓမၼာ တရားေတာ္မ်ား ထင္ရွားစြာ ရွိေနသမၽွ ကာလပတ္လုံး ျမတ္စြာဘုရား သက္ေတာ္ထင္ရွား ရွိေနသည္ မည္၏။ “သာသနာ” ဆိုသည္မွာလည္း ဤသုတ္၊ ဝိနည္း၊ အဘိဓမၼာ တရားေတာ္မ်ားပင္ ျဖစ္၏။ သုတ္၊ ဝိနည္း၊ အဘိဓမၼာ တရားေတာ္မ်ား ကြယ္ေပ်ာက္သြားပါက သာသနာလည္း ကြယ္ေပ်ာက္သြားမည္ ျဖစ္သည္။

သို႔ျဖစ္၍ ဘုရားတပည့္ ရဟန္းသံဃာတို႔သည္ ေခတ္ကာလ အဆက္ဆက္က ဓမၼဝိနယဟု ေခၚေသာ သုတ္၊ ဝိနည္း၊ အဘိဓမၼာတရားေတာ္မ်ား မညစ္ႏြမ္း မကြယ္ေပ်ာက္ရန္ ေစာင့္ေရွာက္ေတာ္မူခဲ့ၾကသည္။ သို႔ရာတြင္ ေခတ္အဆက္ဆက္မွာပင္ သာသနာေတာ္အတြက္ ဆန္႔က်င္ဘက္ အႏၲရာယ္ ရန္စြယ္မ်ား ေပၚေပါက္လာ၏။ ထိုကဲ့သို႔ေသာ အေရးကိစၥမ်ားအတြက္ ဘုရားတပည့္ ရဟန္းသံဃာတို႔သည္ သာသနာ မကြယ္ေပ်ာက္ရန္၊ သာသနာ သန္႔ရွင္းေစရန္၊ သာသနာ စည္ပင္ျပန္႔ပြားေစရန္ သဂၤါယနာ အသီးသီးကို တင္ေတာ္မူခဲ့ၾကသည္။

ျမတ္စြာဘုရားသည္ ခရစ္ေတာ္မေပၚမီ ၅၄၄ – ခုႏွစ္တြင္ ပရိနိဗၺာန္စံေတာ္မူခဲ့၏။ ထိုအခ်ိန္မွစ၍ သာသာနာေတာ္ႏွစ္ (၁)ႏွစ္အျဖစ္ စတင္ေရတြက္ခဲ့ၾကသည္။ ယခုအခါ သာသနာေတာ္သည္ သာသနာေတာ္ႏွစ္ ၂၅၀၀-ေက်ာ္ လြန္ခဲ့ၿပီး ျဖစ္ေပသည္။ထိုႏွစ္မ်ားအတြင္းတြင္ ေထရဝါဒ သဂၤါယနာ (၆) ႀကိမ္တင္ခဲ့ၿပီး ျဖစ္သည္။ သုတ္၊ ဝိနည္း၊ အဘိဓမၼာတရားေတာ္မ်ားအား အမွားအယြင္းမရွိေအာင္ စုေပါင္း႐ြတ္ဆို၍ အတည္ျပဳျခင္းကို သဂၤါယနာတင္သည္ဟု ေခၚသည္။ ထိုသို႔ ျပဳရာတြင္ ျမတ္စြာဘုရားေဟာၾကားေတာ္မူခဲ့ေသာ တရားေတာ္မ်ားကို ေဟာၾကားေတာ္မူခဲ့သည့္အတိုင္း သဂၤါယနာတင္ၾကျခင္း ျဖစ္ေပသည္။ တစ္စုံတစ္ရာ ျဖည့္စြက္ျခင္း၊ ႏႈတ္ပယ္ျခင္း မရွိေပ။

ဗုဒၶျမတ္စြာဘုရား ပရိနိဗၺာန္စံ၀င္ ေတာ္မူျပီးေနာက္ ဗုဒၶသာသနာေတာ္ အဓြန္႔ရွည္စြာ တည္တံ့ခိုင္ျမဲေစရန္ႏွင့္ ဗုဒၶသာသနာစည္ပင္ျပန္႔ပြားေရးအတြက္ ရဟန္းသံဃာေတာ္မ်ားသည္ ဗုဒၶ သာသနာေတာ္ကို ထိန္းသိမ္းေစာင့္ေရွာက္လိုေသာ မင္းမ်ား၏ ပစၥယာႏုဂၢဟကိုခံယူ၍ တုိင္းသူျပည္သား မ်ား၏ အလွဴဒါနျဖင့္ သဂၤါယနာ(၆)ၾကိမ္ တုိင္တုိင္ တင္ခဲ့ပံုမ်ားကိုလည္းေကာင္း၊ သဂၤါယနာတင္ရန္ ျဖစ္ေပၚလာေသာ အေၾကာင္းရင္းမ်ားႏွင့္ သဂၤါယနာ တင္ျပီးေနာက္ သာသနာေတာ္ စည္ပင္ျပန္႔ပြားလာပံုမ်ားကိုလည္းေကာင္း ၾကည္ညိဳသဒၶါပြားဖြယ္ရာ ေဖာ္ျပေပးထား ပါသည္။

ပထမသဂၤါယနာ

မဟာသကၠရဇ္ ၁၄၈-ခုႏွစ္ (၄၃၈-ဘီစီ)တြင္ ဗုဒၶျမတ္စြာ ပရိနိဗၺာန္စံ၀င္ေတာ္မူျပီး သံုးလၾကာ ရာဓဇျဂိဳဟ္ျပည္ အဇာတသတ္မင္းလက္ထက္ “သုဘဒ္” ရဟန္းကဲ့သို႔ သာသနာညစ္ႏြမ္းေစမည့္ အယူလြဲသူတုိ႔အႏၱရာယ္မွ ကာကြယ္ရန္အလို႔ငွာ ေ၀ဘာရေတာင္ယံ သတၱပဏၰိလူိဏ္ဂူ၌ အရွင္မဟာကႆသ ပမေထရ္အမွဴးျပဳ၍ ရွင္ဥပါလိ၊ ရွင္အာနႏၵာမေထရ္တုိ႔အား အေမးအေျဖျပဳကာ ရဟႏၱာငါးရာႏွင့္ စုေပါင္းရြတ္္္ဆုိျပီး ပထမသဂၤါယနာ တင္ေတာ္မူသည္။ ထိုသို႔တင္ရာတြင္ ရာဇၿဂိဳဟ္ျပည္ အဇာတသတ္မင္းႏွင့္ ျပည္သူျပည္သားတို႔ကလည္း အဘက္ဘက္မွ ကူညီပံ့ပိုးခဲ့ၾကေပသည္။ သာသနာေတာ္ႏွစ္ ၁ ႏွစ္၊ ဝါေခါင္လျပည့္ေန႔မွစ၍ သဂၤါယနာတင္ၾကရာ ၿပီးဆုံးသည္အထိ ၇ လၾကာ၏။ ထိုသဂၤါယနာတင္ပြဲသည္ ႏႈတ္တက္႐ြတ္ဆိုရာေသာ္ သဂၤါယနာ ျဖစ္သည္။

ဒုတိယသဂၤါယနာ

သာသနာႏွစ္ ၁၀၀ (၃၈၃-ဘီစီ)တြင္ ေ၀သာလီျပည္၊ ကာလာေသာကမင္း လက္ထက္ အဓမၼတရားဆယ္ပါး အယူမွားမ်ားကို ကာကြယ္စိမ့္ေသာငွာ ၀ါလုကာရုံေက်ာင္းေတာ္ၾကီး၌ သဗၺကာမိေထရ္၊ အရွင္ေရ၀တ၊ အရွင္မဟာယသ စသည့္ ရဟႏၱာမေထရ္ၾကီးရွစ္ပါးအမွဴးျပဳ၍ အာဂံုေဆာင္ ရဟႏၱာခုႏွစ္ရာႏွင့္ စုေပါင္းရြတ္ဆုိကာ ဒုတိယအၾကိမ္ သဂၤါယနာတင္ေတာ္မူသည္။ ထိုသို႔တင္ရာတြင္ ေဝသာလီျပည္ ကာဘာေသာကမင္းႏွင့္ တိုင္းသူျပည္သားတို႔သည္ အဘက္ဘက္မွ ကူညီပံ့ပိုးခဲ့ၾကသည္။ ႏႈတ္ျဖင့္႐ြတ္ဆိုေသာ သဂၤါယနာျဖစ္သည္။ အခ်ိန္ကာလသည္ ရွစ္လတိတိၾကာျမင့္ခဲ့သည္။

တတိယသဂၤါယနာ

သာသနာႏွစ္ ၂၃၅ (၂၄၇ -ဘီစီ)တြင္ ပါဋလိပုပ္ျပည္ သီရိဓမၼာေသာက မင္းၾကီးလက္ထက္ ရဟန္း အတုအေယာင္မ်ား အႏၱရာယ္ အညစ္အေၾကးမွ သန္႔စင္စိမ့္ေသာငွာ အရွင္ေမာဂၢလိ ပုုတၱတိႆမေထရ္ အမွဴးျပဳေသာ ရဟႏၱာတစ္ေသာင္း၊ သံဃာေတာ္ေျခာက္သန္းေက်ာ္တုိ႔သည္ အေသာကာရုံေက်ာင္းေတာ္ၾကီး၌ ကိုးလတုိင္တုိင္ စုေပါင္းရြတ္ဆုိ၍ တတိယအၾကိမ္ သဂၤါယနာ တင္ေတာ္မူခဲ့ၾကေလသည္။ အေယာင္ေဆာင္ဝင္လာေသာ ရဟန္းအတုမ်ားအား စိစစ္ၿပီးလူဝတ္လဲေစျခင္း သာသနာေတာ္မွ ႏွင္ထုတ္ခဲ့ျခင္းတို႔ျဖင့္ သာသနာေတာ္ ၫႈိးႏြမ္း ေနမႈကို ျပန္လည္ထိန္းသိမ္း ေစာင့္ေရွာက္ခဲ့ၾကေပသည္။

သီရိဓမၼာေသာကမင္းသည္ သဂၤါယနာတင္ၿပီးေနာက္ ကိုးတိုင္းကိုးဌာန သာသနာျပဳအဖြဲ႕မ်ားေစလႊတ္ၿပီး အႀကီးမားဆုံးေသာ သာသနာျပဳ လုပ္ငန္းကို ကမၻာအႏွံ႔ ျပဳလုပ္ခဲ့ရာ ကမၻာ့အင္ပါယာတစ္ခုလုံး၏ ၅ ပုံ ၄ ပုံသည္ ဗုဒၶသာသနာေတာ္ လႊမ္းမိုးခဲ့ရသည္။ ျမန္မာႏိုင္ငံ သုဝဏၰဘူမိသို႔ အရွင္ေသာဏမေထရ္ႏွင့္ အရွင္ဥတၱရမေထရ္တို႔ အမႉးျပဳေသာ ရဟႏၲာ အရွင္ျမတ္ႀကီး ငါးပါးတို႔ ႂကြေရာက္ သာသနာျပဳခဲ့ၾကသည္။

စတုတၳသဂၤါယနာ

သာသနာႏွစ္ ၄၅၀ (၃၃-ဘီစီ)တြင္ သီဟိုဠ္ကြ်န္း (သီရိလကၤာ) ၀႗ဂါမဏိမင္း လက္ထက္ ယခင္အဆက္ဆက္ ပိဋကတ္ေတာ္ကို ႏူတ္ျဖင့္အာဂံုေဆာင္ခဲ့ရာမွ “ေပထက္အကၡရာ” တင္စိမ့္ေသာငွာ အရွင္ဓမၼရကၡိတ အမွဴးျပဳေသာ ရဟႏၱာငါးရာၾကပ္မတ္၍ မလယဇနပုဒ္ အေလာကလူိဏ္ဂူ၌ စုေပါင္းေရးျခင္း၊ ရြတ္ဆုိျခင္းတုိ႔ျဖင့္ စတုတၳအၾကိမ္ သဂၤါယနာတင္ေတာ္မူသည္။ မလယဇနပုဒ္ေန အႀကီအကဲမ်ားႏွင့္ ဇနပုဒ္သူ ဇနပုဒ္သားတို႔သည္ အဘက္ဘက္မွ ကူညီပံ့ပိုးေပးခဲ့ၾကေပသည္။ အခ်ိန္ကာလ ၁ ႏွစ္ၾကာျမင့္သည္။ ပိဋကတ္ေတာ္မ်ားသည္ ႏႈတ္ထက္အကၡရာတင္လၽွင္ ေနာင္တြင္ အလြယ္တကူ ေပ်ာက္ကြယ္သြား ႏိုင္သည္ကို သိလာသျဖင့္ မွတ္တမ္းအျဖစ္ ေပ႐ြက္ေပၚ ေရးတင္ၿပီး ေပထက္အကၡရာတင္ခဲ့ရာ တစ္ႏွစ္ ၾကာျမင့္ခဲ့သည္။

ပဥၥမသဂၤါယနာ

သာသနာႏွစ္ ၂၄၁၅၊ ေကာဇာသကၠရာဇ္ ၁၂၂၂ (ေအဒီ-၁၈၇၁) မွစ၍ ၁၁-ႏွစ္တုိင္တုိင္ ျမန္မာႏုိင္ငံ မင္းတုန္းမင္းလက္ထက္ ရတနာပံု မႏၱေလး ေနျပည္ေတာ္တြင္ ပိဋကတ္ေတာ္မ်ား သန္႕စင္တည္တံ့ ခိုင္မာစိမ့္ေသာငွာ ရဟန္းပညာရွိ၊ လူပညာရွိတုိ႔ အဆင့္ဆင့္ ၾကပ္မတ္စိစစ္ကာ “ေက်ာက္ထက္အကၡရာ” တင္ေစခဲ့ ေလသည္။ ယခင္ ေပ႐ြက္ေပၚတင္ထားေသာ ပိဋကတ္ ၃ ပုံတို႔သည္ ရာသီဥတုႏွင့္ ပိုးမႊားအႏၲရာယ္တို႔ေၾကာင့္ ပ်က္စီးလာခဲ့ျခင္းႏွင့္ အခ်ိဳ႕မူကြဲမ်ား ျဖစ္ေပၚလာျခင္းေၾကာင့္ျဖစ္သည္။

မဟာဓမၼရာဓဇာဓိရာဇဂုရု ဆရာေတာ္ၾကီးမ်ား အမွဴးျပဳေသာ သံဃာေတာ္ ၂၄၀၀တို႔ စိစစ္ေမးေျဖ၍ သီဟာသန ပလႅင္ေတာ္ေရွ႕၌ ပဥၥမအၾကိမ္ သဂၤါယနာတင္ေတာ္မူသည္။ ထိုသို႔တင္ရာတြင္ မႏၲေလးေတာင္ေျခရွိ ေလာကမာရဇိန္(ကုသိုလ္ေတာ္) ဘုရားဝင္းအတြင္း၌ စက်င္ေက်ာက္ျဖဴ ၇၂၉ ခ်ပ္ေပၚတြင္ အကၡရာေရးထြင္း၍ သဂၤါယနာတင္ၾကရာ ၇ ႏွစ္၊ ၆ လ၊ ၁၄ ရက္ ၾကာခဲ့သည္။ ယင္းေက်ာက္ထပ္အကၡရာတင္ၿပီးေနာက္ ႏႈတ္ျဖင့္႐ြတ္ဆို၍ သဂၤါယနာတင္ၾကရာ ၅ လ ႏွင့္ ၃ ရက္အၾကာတြင္ ၿပီးစီးေအာင္ျမင္ခဲ့သည္။

ဆ႒သဂၤါယနာ

သာသနာႏွစ္ ၂၄၉၈၊ ေကာဇာသကၠရာဇ္ (၁၃၁၆ မွ ၁၃၁၈) (ေအဒီ ၁၉၅၄ မွ ၁၉၅၆)၊ ျမန္မာႏုိင္ငံ ရန္ကုန္ျမိဳ႕ေတာ္ ဆ႒သိဂၤ ီမဟာပါသဏဂုဟာ ေက်ာက္လုိဏ္ဂူေတာ္ၾကီးတြင္ ပိဋကတ္ေတာ္မ်ား သန္႔ရွင္းစင္ၾကယ္၍ ကမၻာအရပ္ရပ္သို႔ ပိုမုိပ်ံ႕ႏွံ႕ကာ အဓြန္႔ရွည္ၾကာစိမ့္ေသာငွာ ေညာင္ရမ္းဆရာေတာ္ဘုရား၊ ေနာင္တြင္ မစိုးရိမ္ဆရာေတာ္ဘုရားတုိ႔က သံဃနာယကျပဳျပီး မဟာစည္ဆရာေတာ္က ေမး၍ မင္းကြန္း တိပိဋကဓရ ဆရာေတာ္က ေျဖဆုိေတာ္မူကာ ျမန္မာႏုိင္ငံ၊ ထုိင္းႏုိင္ငံ၊ ကမ္းပူးခ်ားႏုိင္ငံ၊ ေလာႏုိင္ငံ၊ သီရိလကၤာႏုိင္ငံ စေသာ ေထရ၀ါဒႏုိင္ငံ ၅-ႏုိင္ငံမွ သံဃာေတာ္မ်ားအပါအ၀င္ သံဃာေတာ္ေပါင္း ၂၆၁၇-ပါး တုိ႔ႏွင့္ ဆ႒သဂၤါယနာတင္ေတာ္မူသည္။

ျမန္မာႏိုင္ငံ အစိုးရႏွင့္ ျပည္သူျပည္သားမ်ား၊ သီရိလကၤာ၊ ထိုင္း၊ လာအို၊ ကေမၻာဒီးယား စေသာ ေထရဝါဒႏိုင္ငံမ်ားႏွင့္ အျခားႏိုင္ငံေပါင္း ၂၅ ႏိုင္ငံတို႔ကလည္း အဘက္ဘက္မွ ကူညီပံ့ပိုးေပးခဲ့ၾကသည္။ ယခင္ ပိဋကတ္ေတာ္မ်ားကို ေက်ာက္ျပားေပၚမွာ ဖတ္ေနရာမွ အလြယ္တကူ ဖတ္မွတ္ေလ့လာႏိုင္ရန္ ပိဋကတ္ေတာ္မ်ားကို စာအုပ္မ်ားေပၚတြင္ ကူးေျပာင္း႐ိုက္ႏွိပ္ၿပီး ဆ႒မအႀကိမ္သဂၤါယနာတင္ၿပီး သာသနာေတာ္ကို ေစာင့္ေရွာက္ခဲ့ၾကသည္။

ေအာက္ပါပုံမ်ားမွာ ဆ႒သဂၤါယနာတင္ပြဲ မွ ရွားပါးဓာတ္ပုံမ်ားျဖစ္ၿပီး မျမင္ဖူးေသးတဲ့ သုတဇုန္ မိတ္ေဆြမ်ားအတြက္ ျပန္လည္ေ၀မွ်လုိက္ပါတယ္။


ဗုဒၶဘာသာ ယဥ္ေက်းမႈ သင္ခန္းစာ – မဟာသႏၲိသုခ ဗုဒၶသာသနာျပဳေက်ာင္းေတာ္ႀကီး
Myanmar Wikipedia

—————————–

သင်္ဂါယနာတင် သမိုင်းကြောင်း သိကောင်းစရာ (unicode)

မြတ်စွာဘုရားက အာနန္ဒာအား – “ချစ်သား အာနန္ဒာ၊ ငါဘုရား ဟောကြားသော သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်သည် ငါဘုရား ပရိနိဗ္ဗာန်စံတော်မူသောအခါ သင်တို့၏ ဆရာဖြစ်သည်” ဟုမှာကြားတော်မူခဲ့သည်။

ထိုမှာကြားချက်အရ “ဂမ္မဝိနယ” ခေါ်သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာ တရားတော်များ ထင်ရှားစွာ ရှိနေသမျှ ကာလပတ်လုံး မြတ်စွာဘုရား သက်တော်ထင်ရှား ရှိနေသည် မည်၏။ “သာသနာ” ဆိုသည်မှာလည်း ဤသုတ်၊ ဝိနည်း၊ အဘိဓမ္မာ တရားတော်များပင် ဖြစ်၏။ သုတ်၊ ဝိနည်း၊ အဘိဓမ္မာ တရားတော်များ ကွယ်ပျောက်သွားပါက သာသနာလည်း ကွယ်ပျောက်သွားမည် ဖြစ်သည်။

သို့ဖြစ်၍ ဘုရားတပည့် ရဟန်းသံဃာတို့သည် ခေတ်ကာလ အဆက်ဆက်က ဓမ္မဝိနယဟု ခေါ်သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များ မညစ်နွမ်း မကွယ်ပျောက်ရန် စောင့်ရှောက်တော်မူခဲ့ကြသည်။ သို့ရာတွင် ခေတ်အဆက်ဆက်မှာပင် သာသနာတော်အတွက် ဆန့်ကျင်ဘက် အန္တရာယ် ရန်စွယ်များ ပေါ်ပေါက်လာ၏။ ထိုကဲ့သို့သော အရေးကိစ္စများအတွက် ဘုရားတပည့် ရဟန်းသံဃာတို့သည် သာသနာ မကွယ်ပျောက်ရန်၊ သာသနာ သန့်ရှင်းစေရန်၊ သာသနာ စည်ပင်ပြန့်ပွားစေရန် သင်္ဂါယနာ အသီးသီးကို တင်တော်မူခဲ့ကြသည်။

မြတ်စွာဘုရားသည် ခရစ်တော်မပေါ်မီ ၅၄၄ – ခုနှစ်တွင် ပရိနိဗ္ဗာန်စံတော်မူခဲ့၏။ ထိုအချိန်မှစ၍ သာသာနာတော်နှစ် (၁)နှစ်အဖြစ် စတင်ရေတွက်ခဲ့ကြသည်။ ယခုအခါ သာသနာတော်သည် သာသနာတော်နှစ် ၂၅၀၀-ကျော် လွန်ခဲ့ပြီး ဖြစ်ပေသည်။ထိုနှစ်များအတွင်းတွင် ထေရဝါဒ သင်္ဂါယနာ (၆) ကြိမ်တင်ခဲ့ပြီး ဖြစ်သည်။ သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များအား အမှားအယွင်းမရှိအောင် စုပေါင်းရွတ်ဆို၍ အတည်ပြုခြင်းကို သင်္ဂါယနာတင်သည်ဟု ခေါ်သည်။ ထိုသို့ ပြုရာတွင် မြတ်စွာဘုရားဟောကြားတော်မူခဲ့သော တရားတော်များကို ဟောကြားတော်မူခဲ့သည့်အတိုင်း သင်္ဂါယနာတင်ကြခြင်း ဖြစ်ပေသည်။ တစ်စုံတစ်ရာ ဖြည့်စွက်ခြင်း၊ နှုတ်ပယ်ခြင်း မရှိပေ။

ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင် တော်မူပြီးနောက် ဗုဒ္ဓသာသနာတော် အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲစေရန်နှင့် ဗုဒ္ဓသာသနာစည်ပင်ပြန့်ပွားရေးအတွက် ရဟန်းသံဃာတော်များသည် ဗုဒ္ဓ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်လိုသော မင်းများ၏ ပစ္စယာနုဂ္ဂဟကိုခံယူ၍ တိုင်းသူပြည်သား များ၏ အလှူဒါနဖြင့် သင်္ဂါယနာ(၆)ကြိမ် တိုင်တိုင် တင်ခဲ့ပုံများကိုလည်းကောင်း၊ သင်္ဂါယနာတင်ရန် ဖြစ်ပေါ်လာသော အကြောင်းရင်းများနှင့် သင်္ဂါယနာ တင်ပြီးနောက် သာသနာတော် စည်ပင်ပြန့်ပွားလာပုံများကိုလည်းကောင်း ကြည်ညိုသဒ္ဓါပွားဖွယ်ရာ ဖော်ပြပေးထား ပါသည်။

ပထမသင်္ဂါယနာ

မဟာသက္ကရဇ် ၁၄၈-ခုနှစ် (၄၃၈-ဘီစီ)တွင် ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံဝင်တော်မူပြီး သုံးလကြာ ရာဓဇဂြိုဟ်ပြည် အဇာတသတ်မင်းလက်ထက် “သုဘဒ်” ရဟန်းကဲ့သို့ သာသနာညစ်နွမ်းစေမည့် အယူလွဲသူတို့အန္တရာယ်မှ ကာကွယ်ရန်အလို့ငှာ ဝေဘာရတောင်ယံ သတ္တပဏ္ဏိလိူဏ်ဂူ၌ အရှင်မဟာကဿသ ပမထေရ်အမှူးပြု၍ ရှင်ဥပါလိ၊ ရှင်အာနန္ဒာမထေရ်တို့အား အမေးအဖြေပြုကာ ရဟန္တာငါးရာနှင့် စုပေါင်းရွတ်္ဆိုပြီး ပထမသင်္ဂါယနာ တင်တော်မူသည်။
ထိုသို့တင်ရာတွင် ရာဇဂြိုဟ်ပြည် အဇာတသတ်မင်းနှင့် ပြည်သူပြည်သားတို့ကလည်း အဘက်ဘက်မှ ကူညီပံ့ပိုးခဲ့ကြပေသည်။ သာသနာတော်နှစ် ၁ နှစ်၊ ဝါခေါင်လပြည့်နေ့မှစ၍ သင်္ဂါယနာတင်ကြရာ ပြီးဆုံးသည်အထိ ၇ လကြာ၏။ ထိုသင်္ဂါယနာတင်ပွဲသည် နှုတ်တက်ရွတ်ဆိုရာသော် သင်္ဂါယနာ ဖြစ်သည်။

ဒုတိယသင်္ဂါယနာ

သာသနာနှစ် ၁၀၀ (၃၈၃-ဘီစီ)တွင် ဝေသာလီပြည်၊ ကာလာသောကမင်း လက်ထက် အဓမ္မတရားဆယ်ပါး အယူမှားများကို ကာကွယ်စိမ့်သောငှာ ဝါလုကာရုံကျောင်းတော်ကြီး၌ သဗ္ဗကာမိထေရ်၊ အရှင်ရေဝတ၊ အရှင်မဟာယသ စသည့် ရဟန္တာမထေရ်ကြီးရှစ်ပါးအမှူးပြု၍ အာဂုံဆောင် ရဟန္တာခုနှစ်ရာနှင့် စုပေါင်းရွတ်ဆိုကာ ဒုတိယအကြိမ် သင်္ဂါယနာတင်တော်မူသည်။ ထိုသို့တင်ရာတွင် ဝေသာလီပြည် ကာဘာသောကမင်းနှင့် တိုင်းသူပြည်သားတို့သည် အဘက်ဘက်မှ ကူညီပံ့ပိုးခဲ့ကြသည်။ နှုတ်ဖြင့်ရွတ်ဆိုသော သင်္ဂါယနာဖြစ်သည်။ အချိန်ကာလသည် ရှစ်လတိတိကြာမြင့်ခဲ့သည်။

တတိယသင်္ဂါယနာ

သာသနာနှစ် ၂၃၅ (၂၄၇ -ဘီစီ)တွင်
ပါဋလိပုပ်ပြည် သီရိဓမ္မာသောက မင်းကြီးလက်ထက် ရဟန်း အတုအယောင်များ အန္တရာယ် အညစ်အကြေးမှ သန့်စင်စိမ့်သောငှာ အရှင်မောဂ္ဂလိ ပုတ္တတိဿမထေရ် အမှူးပြုသော ရဟန္တာတစ်သောင်း၊ သံဃာတော်ခြောက်သန်းကျော်တို့သည် အသောကာရုံကျောင်းတော်ကြီး၌ ကိုးလတိုင်တိုင် စုပေါင်းရွတ်ဆို၍ တတိယအကြိမ် သင်္ဂါယနာ တင်တော်မူခဲ့ကြလေသည်။ အယောင်ဆောင်ဝင်လာသော ရဟန်းအတုများအား စိစစ်ပြီးလူဝတ်လဲစေခြင်း သာသနာတော်မှ နှင်ထုတ်ခဲ့ခြင်းတို့ဖြင့် သာသနာတော် ညှိုးနွမ်း နေမှုကို ပြန်လည်ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြပေသည်။ သီရိဓမ္မာသောကမင်းသည် သင်္ဂါယနာတင်ပြီးနောက် ကိုးတိုင်းကိုးဌာန သာသနာပြုအဖွဲ့များစေလွှတ်ပြီး အကြီးမားဆုံးသော သာသနာပြု လုပ်ငန်းကို ကမ္ဘာအနှံ့ ပြုလုပ်ခဲ့ရာ ကမ္ဘာ့အင်ပါယာတစ်ခုလုံး၏ ၅ ပုံ ၄ ပုံသည် ဗုဒ္ဓသာသနာတော် လွှမ်းမိုးခဲ့ရသည်။ မြန်မာနိုင်ငံ သုဝဏ္ဏဘူမိသို့ အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရမထေရ်တို့ အမှူးပြုသော ရဟန္တာ အရှင်မြတ်ကြီး ငါးပါးတို့ ကြွရောက် သာသနာပြုခဲ့ကြသည်။

စတုတ္ထသင်္ဂါယနာ

သာသနာနှစ် ၄၅၀ (၃၃-ဘီစီ)တွင် သီဟိုဠ်ကျွန်း (သီရိလင်္ကာ) ဝဋ္ဋဂါမဏိမင်း လက်ထက် ယခင်အဆက်ဆက် ပိဋကတ်တော်ကို နူတ်ဖြင့်အာဂုံဆောင်ခဲ့ရာမှ “ပေထက်အက္ခရာ” တင်စိမ့်သောငှာ အရှင်ဓမ္မရက္ခိတ အမှူးပြုသော ရဟန္တာငါးရာကြပ်မတ်၍ မလယဇနပုဒ် အလောကလိူဏ်ဂူ၌ စုပေါင်းရေးခြင်း၊ ရွတ်ဆိုခြင်းတို့ဖြင့် စတုတ္ထအကြိမ် သင်္ဂါယနာတင်တော်မူသည်။ မလယဇနပုဒ်နေ အကြီအကဲများနှင့် ဇနပုဒ်သူ ဇနပုဒ်သားတို့သည် အဘက်ဘက်မှ ကူညီပံ့ပိုးပေးခဲ့ကြပေသည်။ အချိန်ကာလ ၁ နှစ်ကြာမြင့်သည်။ ပိဋကတ်တော်များသည် နှုတ်ထက်အက္ခရာတင်လျှင် နောင်တွင် အလွယ်တကူ ပျောက်ကွယ်သွား နိုင်သည်ကို သိလာသဖြင့် မှတ်တမ်းအဖြစ် ပေရွက်ပေါ် ရေးတင်ပြီး ပေထက်အက္ခရာတင်ခဲ့ရာ တစ်နှစ် ကြာမြင့်ခဲ့သည်။

ပဥ္စမသင်္ဂါယနာ

သာသနာနှစ် ၂၄၁၅၊ ကောဇာသက္ကရာဇ် ၁၂၂၂ (အေဒီ-၁၈၇၁) မှစ၍ ၁၁-နှစ်တိုင်တိုင် မြန်မာနိုင်ငံ မင်းတုန်းမင်းလက်ထက် ရတနာပုံ မန္တလေး နေပြည်တော်တွင် ပိဋကတ်တော်များ သန့်စင်တည်တံ့ ခိုင်မာစိမ့်သောငှာ ရဟန်းပညာရှိ၊ လူပညာရှိတို့ အဆင့်ဆင့် ကြပ်မတ်စိစစ်ကာ “ကျောက်ထက်အက္ခရာ” တင်စေခဲ့ လေသည်။ ယခင် ပေရွက်ပေါ်တင်ထားသော ပိဋကတ် ၃ ပုံတို့သည် ရာသီဥတုနှင့် ပိုးမွှားအန္တရာယ်တို့ကြောင့် ပျက်စီးလာခဲ့ခြင်းနှင့် အချို့မူကွဲများ ဖြစ်ပေါ်လာခြင်းကြောင့်ဖြစ်သည်။ မဟာဓမ္မရာဓဇာဓိရာဇဂုရု ဆရာတော်ကြီးများ အမှူးပြုသော သံဃာတော် ၂၄၀ဝတို့ စိစစ်မေးဖြေ၍ သီဟာသန ပလ္လင်တော်ရှေ့၌ ပဥ္စမအကြိမ် သင်္ဂါယနာတင်တော်မူသည်။
ထိုသို့တင်ရာတွင် မန္တလေးတောင်ခြေရှိ လောကမာရဇိန်(ကုသိုလ်တော်) ဘုရားဝင်းအတွင်း၌ စကျင်ကျောက်ဖြူ ၇၂၉ ချပ်ပေါ်တွင် အက္ခရာရေးထွင်း၍ သင်္ဂါယနာတင်ကြရာ ၇ နှစ်၊ ၆ လ၊ ၁၄ ရက် ကြာခဲ့သည်။ ယင်းကျောက်ထပ်အက္ခရာတင်ပြီးနောက် နှုတ်ဖြင့်ရွတ်ဆို၍ သင်္ဂါယနာတင်ကြရာ ၅ လ နှင့် ၃ ရက်အကြာတွင် ပြီးစီးအောင်မြင်ခဲ့သည်။

ဆဋ္ဌသင်္ဂါယနာ

သာသနာနှစ် ၂၄၉၈၊ ကောဇာသက္ကရာဇ် (၁၃၁၆ မှ ၁၃၁၈) (အေဒီ ၁၉၅၄ မှ ၁၉၅၆)၊ မြန်မာနိုင်ငံ ရန်ကုန်မြို့တော် ဆဋ္ဌသိင်္ဂ ီမဟာပါသဏဂုဟာ ကျောက်လိုဏ်ဂူတော်ကြီးတွင် ပိဋကတ်တော်များ သန့်ရှင်းစင်ကြယ်၍ ကမ္ဘာအရပ်ရပ်သို့ ပိုမိုပျံ့နှံ့ကာ အဓွန့်ရှည်ကြာစိမ့်သောငှာ ညောင်ရမ်းဆရာတော်ဘုရား၊ နောင်တွင် မစိုးရိမ်ဆရာတော်ဘုရားတို့က သံဃနာယကပြုပြီး မဟာစည်ဆရာတော်က မေး၍ မင်းကွန်း တိပိဋကဓရ ဆရာတော်က ဖြေဆိုတော်မူကာ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ်းပူးချားနိုင်ငံ၊ လောနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ စသော ထေရဝါဒနိုင်ငံ ၅-နိုင်ငံမှ သံဃာတော်များအပါအဝင် သံဃာတော်ပေါင်း ၂၆၁၇-ပါး တို့နှင့် ဆဋ္ဌသင်္ဂါယနာတင်တော်မူသည်။ မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူပြည်သားများ၊ သီရိလင်္ကာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား စသော ထေရဝါဒနိုင်ငံများနှင့် အခြားနိုင်ငံပေါင်း ၂၅ နိုင်ငံတို့ကလည်း အဘက်ဘက်မှ ကူညီပံ့ပိုးပေးခဲ့ကြသည်။ ယခင် ပိဋကတ်တော်များကို ကျောက်ပြားပေါ်မှာ ဖတ်နေရာမှ အလွယ်တကူ ဖတ်မှတ်လေ့လာနိုင်ရန် ပိဋကတ်တော်များကို စာအုပ်များပေါ်တွင် ကူးပြောင်းရိုက်နှိပ်ပြီး ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသည်။

ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်ခန်းစာ – မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး
Myanmar Wikipedia

Leave a Reply