မုိႏုိပုိလီဂိမ္းကို သံုးကာ နာဇီတုိ႔အေပၚလွည့္စားခဲ့တဲ့ ၿဗိတိန္(သုိ႔) နာဇီေထာင္ကုိေဖာက္ေျပးၾကသူမ်ားအတြက္ မဟာအႀကံ

Posted on

မိုနိုပိုလီဆိုတာ လူသိမ်ားတဲ့ ဂိမ္းကစားနည္းျဖစ္ျပီး ၁၉၀၂ခုႏွစ္ေလာက္မွာ အေမရိကန္ဂိမ္းဒီဇုိင္နာတစ္ေယာက္ျဖစ္တဲ့ Lizzie Magie ဆိုတဲ့ အမ်ဳိးသမီးက တီထြင္ခဲ့တာပါ။ အဲဒီအခ်ိန္တုန္းကေတာ့ ဒီကစားနည္းကုိ The Landlord’s Game လုိ႔ လူသိမ်ားပါတယ္။ ဒီကစားနည္းဟာ ေငြစကၠဴေတြ ေျမပံုေတြအပါအဝင္ အေထာက္အကူျပဳ ပစၥည္းမ်ားစြာနဲ႔ကစားရတာပါ။

ဒုတိယကမာၻစစ္ ကာလေတြအထိ ဥေရာပတစ္ဝွမ္းက လူၾကီး လူငယ္ပါမက်န္ စြဲလမ္းႏွစ္သက္တဲ့ကစားနည္းအျဖစ္ထင္ရွားပါတယ္။ စစ္ကာလအတြင္းမွာပဲ ျဗိတိန္စစ္တပ္ကတာဝန္ရွိသူေတြဟာ ဒီဂိမ္းကစားနည္းကို ေကာင္းေကာင္းအသံုးခ်ျပီး ျပိဳင္ဘက္ နာဇီတပ္ေတြအေပၚ သမိုင္းမွာတြင္ေလာက္တဲ့ လွည့္စားမႈမ်ိဳးလုပ္ခဲ့ၾကပါတယ္။

ဒုတိယကမာၻစစ္အစပိုင္းမွာ နာဇီေတြရဲ့ထိုးစစ္ေၾကာင့္ ဥေရာပတိုက္တစ္ခုလံုး ဖရိုဖရဲ ျဖစ္ၾကရပါတယ္။ အထူးသျဖင့္ လန္ဒန္ျမိဳ႔ေတာ္ဟာ နာဇီေတြရဲ့ေလေၾကာင္းတိုက္ခိုက္မႈကို ျပင္းျပင္းထန္ထန္ခံခဲ့ရတာပါ။ ဒါအျပင္ ဂ်ာမန္ေျမျပင္တပ္ေတြရဲ့ လ်ွပ္တစ္ျပတ္တိုက္ခိုက္မႈေတြေၾကာင့္ ဥေရာပနိုင္ငံတစ္ခုျပီးတစ္ခု ဂ်ာမန္ေတြလက္ထဲက်ေရာက္ခဲ့ရပါတယ္။ မဟာမိတ္စစ္သားအမ်ားအျပားလည္း နာဇီေတြဆီမွာသံု႔ပန္းအျဖစ္ဖမ္းဆီးျခင္းခံခဲ့ရလို႔ ၿဗိတိသ်ွကာကြယ္ေရးဌာနရဲ့ လက္ေအာက္ခံဌာနခြဲတစ္ခုျဖစ္တဲ့ MI9 အဖြဲ႔က အထူးေအဂ်င့္ေတြဟာ မဟာမိတ္အက်ဥ္းသားေတြကို ကယ္တင္ဖုိ႔ အထုူးအစီစဥ္တစ္ခုကို ေရးဆြဲခဲ့ပါတယ္။

သူတို႔အစီအစဥ္အရ မိုႏုိပိုလီဂိမ္းကုိဆန္းသစ္ၿပီး ျပန္လည္ဖန္တီးေပးမယ့္ Waddington ကုမၸဏီ နဲ႔ ေတြ႔ဆံုကာ ဒီဂိမ္းထဲမွာပါဝင္တဲ့ ေငြေၾကး၊ေျမပံုေတြေနရာမွာ တကယ့္ပစၥည္းအစစ္ေတြကို သံုးမယ့္အျပင္ အျခားအေထာက္အကူျပဳပစၥည္းေတြအစား အက်ဥ္းေထာင္ကိုေဖာက္ထြင္းမဲ့ ကိရိယာေတြနဲ႔ အစားထိုးရန္ အေသးစိတ္တို္င္ပင္ခဲ့ၾကပါတယ္။ ဒီလိုျပဳျပင္ထားတဲ့ မိုႏုိပိုလီဂိမ္းေသတၱာေတြကို မဟာမိတ္အက်ဥ္းသားေတြဆီေရာက္ေအာင္ ပို႔ေဆာင္မဲ့နည္းကိုလည္း အစီစဥ္တစ္က် ခ်မွတ္နို္င္ခဲ့ပါတယ္။

စစ္ဦးကာလတုန္းကေတာ့ နာဇီေတြဆီက စစ္အက်ဥ္းသားေတြကို အခ်ိဳ႔ေသာစာရြတ္စာတမ္း၊ အပ်င္းေျပေဆာ့ႏုိင္တဲ့ ဂိမ္းအပါအဝင္ စားေသာက္စရာေတြ ေထာက္ပ့ံေပးတဲ့ပရဟိတ အဖြဲ႔ေတြကိုခြင့္ျပဳပါတယ္။ ဒါဟာဂ်ီနီဗာ ညီလာခံရဲ႕သေဘာတူညီခ်က္ေၾကာင့္ျဖစ္ျပီး ဒီအတြက္အက်ဥ္းသားနဲ႔ရိကၡာ ျပန္လဲခြင့္စတဲ့ အခြင့္အေရးမ်ားစြာကို နာဇီေတြက ျပန္လည္ရရွိပါတယ္။ ဒါအျပင္ သက္ဆိုင္ရာနာဇီတာဝန္ရွိသူေတြကို လာဘ္ေငြေပးျပီး ေထာင္ထဲပစၥည္းအခ်ဳိ႕ခိုးသြင္းနိုင္တဲ့ ၾကီးမားတဲ့ေမွာင္ခိုတင္ပို႔မႈေတြလည္းရွိေနပါတယ္။

ပရဟိတအဖြဲ႔ေတြနဲ႔ အတူပါလာတဲ့ မဟာမိတ္အက်ဥ္းသားကယ္တင္ေရးအဖြဲ႔ေတြကလည္း အထက္ပါအခြင့္အေရးေတြကို အေကာင္းဆံုးအသံုးခ်ႏုိင္တဲ့အျပင္ ေထာင္ကိုေဖာက္ထြင္းရန္အတြက္ လိုအပ္ကိရိယာအေရအတြက္နဲ႔ အက်ဥ္းေထာင္အေနအထား ၊ အခ်က္အလက္ေတြကိုေတာင္ အက်ဥ္းသားေတြဆီကေန သတင္းျပန္လည္ရ ယူနိုင္ခဲ့ၾကပါတယ္။ ဒီအခ်ိန္မွာပဲ ဒီမဟာမိတ္အက်ဥ္းသားလြတ္ေျမာတ္ေရးအစီအစဥ္မွာပါတဲ့ မိုနုိပိုလီဂိမ္းထုတ္လုပ္သူေတြဟာ အက်ဥ္းေထာင္ထဲကိုေပးပို႔မယ့္ မိုႏုိပိုလီဂိမ္းေတြမွာ ေငြစကၠဴအစစ္ေတြ၊ ပ်က္ဆီးစုတ္ၿပဲမႈမျဖစ္ေအာင္ ပိုးသားေတြနဲ႔ စီမံေပးလို္က္တဲ့ ေျမပံုေတြ၊ နာဇီစစ္ေၾကာင္းေတြရွိတဲ့ တည္ေနရာပေျမပံုေတြ၊ သံလိုက္အိမ္ေျမွာင္နဲ႔ သတၳဳတံစဥ္း၊ တစ္ကယ့္ရထားလက္မွတ္၊ ကားလက္မွတ္ အစစ္ေတြ၊ စသျဖင့္ ျပည့္စံုေအာင္ထည့္ေပးလိုက္ၾကပါတယ္။ ဒီပစၥည္းေတြရဲ့အမ်ားစုဟာ မိုႏုိပိုလီ ဂိမ္းထဲကအေထာက္အကူျပဳ ပစၥည္းေတြျဖစ္တာေၾကာင့္ နာဇီေတြရိပ္မိဖို႔မလြယ္ပါဘူး။

ဒါေပမဲ့ နာဇီအက်ဥ္းေထာင္ေတြကို ဂ်ီနီဗာစည္းမ်ဥ္းအရ သြားခြင့္ရွိတဲ့ ၾကက္ေျခနီကဲ့သို႔ေသာ ပရဟိတ အဖြဲ႔ေတြအတြက္ ဒီအစီစဥ္ဟာ သူတို႔အတြက္ေဘးၾကပ္နံၾကပ္ျဖစ္ေစပါတယ္။ ဒါေၾကာင့္ MI9 အဖြဲ႔ေတြဟာ သူတို႔ရဲ့စစ္သည္ေတာ္ေတာ္မ်ားမ်ားကို ပရဟိတအဖြဲ႔ေတြ အျဖစ္ဟန္ေဆာင္ေစကာ မိုႏိုပိုလီဂိမ္းအပါအဝင္ အေထာက္အပံ့ေတြကို ပို႔ေပးခဲ့ပါတယ္။ ဒါအျပင္ ဂ်ာမန္ေတြရဲ႕ ဗံုးဒဏ္ေၾကာင့္လန္ဒန္ၿမိဳ႕ၾကီး ဆိုးဆိုးရြားရြား ပ်က္ဆီးျပီးျဖစ္တဲ့သတင္းကိုပါ ေပးပို႔ခဲ့ၾကပါတယ္။

ဂ်ာမန္​​ေတြကလည္​း ဒီမိုႏိုပိုလီဂိမ္​း​ေဆာ့​ရုံနဲ႔ေတာ့ ဘာမွမျဖစ္ဘူး လို႔ ယူဆ​ကာ အသာတၾကည္​လႊတ္​ေပးခဲ့ၾကပါတယ္။ အဂၤလန္ကာကြယ္ေရးဌာနရဲ့ အစီစဥ္ဟာေအာင္ျမင္ခဲ့ျပီး ဒီနည္းလမ္းနဲ႔ မဟာမိတ္အက်ဥ္းသား ေထာင္ေပါင္းမ်ားစြာ လြတ္ေျမာက္ခဲ့ၾကပါတယ္။ အဲဒီေနာက္ေတာ့မွ နာဇီတာဝန္ရွိသူေတြဟာ သူတိို႔လွလွပပ လွည့္စားခံလိုက္ရျပီ ဆိုတာ နားလည္ခဲ့ျပီး မဟာမိတ္ေတြဟာ ဂ်နီဖာ သေဘာတူညီခ်က္ကိုေဖာက္ဖ်တ္လိုက္ျပီျဖစ္ေၾကာင္း ကမာၻကို ေၾကျငာခဲ့ပါတယ္။

ေနာက္ပိုင္းမွာ သူတို႔လည္း ျပန္လည္ခ်ဳိးေဖာက္ခဲ့ျပီး ဒီလုပ္ရက္ထက္ဆိုးတဲ့ သမိုင္းဝင္လူသတ္ပြဲမ်ားစြာကို ဖန္တီးခဲ့ပါေတာ့တယ္။ နာဇီေတြဟာအဲအခ်ိန္က စလို႔ သူအက်ဥ္းစခန္းေတြကို တံခါးပိတ္ ဝါဒက်င့္သံုးျပီးထြက္ေျပးရန္ၾကံစည္သမ်ွကို မိပါက ခ်က္ခ်င္းသတ္ပစ္ခဲ့ပါတယ္။ ဒုတိယကမာၻစစ္ျပီးဆံုးခ်ိန္အထိ ျဗိတိန္အစိုးရက ဒီကိစၥကိုေဖာ္ျပခဲ့ျခင္းမရွိပါဘူး။ စစ္ပြဲဆိုင္ရာသေဘာတူညီခ်က္ျဖစ္တဲ့ ဂ်နီဖာစည္းမ်ဥ္းကို သူတို႔ဘက္ကစတင္ေဖာက္ဖ်က္ခဲ့တာကို မသိေစခ်င္လို႔ နဲ႔ အလားတူျဖစ္ရပ္မ်ိဳးေပၚလာပါက ျပန္လည္အသံုးခ်ဖုိ႔ဆုိတဲ့ ရည္ရြယ္ခ်က္နဲ႔ပါ။ ၁၉၈၀ ေရာက္မွ ဂ်ာမန္စစ္တပ္အရာရွိအခ်ဳိ႕ရဲ႕ မွတ္တမ္းေတြအရသာ ဒီအ့ံၾသသင့္စရာ ျဖစ္ရပ္ကို လူအမ်ား ျပန္လည္ၾကားသိခြင့္ရခဲ့တာပဲ ျဖစ္ပါတယ္။

—————————-

မိုနိုပိုလီဂိမ်းကို သုံးကာ နာဇီတို့အပေါ်လှည့်စားခဲ့တဲ့ ဗြိတိန်(သို့) နာဇီထောင်ကိုဖောက်ပြေးကြသူများအတွက် မဟာအကြံ (unicode)

မိုနိုပိုလီဆိုတာ လူသိများတဲ့ ဂိမ်းကစားနည်းဖြစ်ပြီး ၁၉၀၂ခုနှစ်လောက်မှာ အမေရိကန်ဂိမ်းဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ Lizzie Magie ဆိုတဲ့ အမျိုးသမီးက တီထွင်ခဲ့တာပါ။ အဲဒီအချိန်တုန်းကတော့ ဒီကစားနည်းကို The Landlord’s Game လို့ လူသိများပါတယ်။ ဒီကစားနည်းဟာ ငွေစက္ကူတွေ မြေပုံတွေအပါအဝင် အထောက်အကူပြု ပစ္စည်းများစွာနဲ့ကစားရတာပါ။ ဒုတိယကမ္ဘာစစ် ကာလတွေအထိ ဥရောပတစ်ဝှမ်းက လူကြီး လူငယ်ပါမကျန် စွဲလမ်းနှစ်သက်တဲ့ကစားနည်းအဖြစ်ထင်ရှားပါတယ်။ စစ်ကာလအတွင်းမှာပဲ ဗြိတိန်စစ်တပ်ကတာဝန်ရှိသူတွေဟာ ဒီဂိမ်းကစားနည်းကို ကောင်းကောင်းအသုံးချပြီး ပြိုင်ဘက် နာဇီတပ်တွေအပေါ် သမိုင်းမှာတွင်လောက်တဲ့ လှည့်စားမှုမျိုးလုပ်ခဲ့တာပါ။

ဒုတိယကမ္ဘာစစ်အစပိုင်းမှာ နာဇီတွေရဲ့ထိုးစစ်ကြောင့် ဥရောပတိုက်တစ်ခုလုံး ဖရိုဖရဲ ဖြစ်ကြရပါတယ်။ အထူးသဖြင့် လန်ဒန်မြို့တော်ဟာ နာဇီတွေရဲ့လေကြောင်းတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန်ခံခဲ့ရတာပါ။ ဒါအပြင် ဂျာမန်မြေပြင်တပ်တွေရဲ့ လျှပ်တစ်ပြတ်တိုက်ခိုက်မှုတွေကြောင့် ဥရောပနိုင်ငံတစ်ခုပြီးတစ်ခု ဂျာမန်တွေလက်ထဲကျရောက်ခဲ့ရပါတယ်။ မဟာမိတ်စစ်သားအများအပြားလည်း နာဇီတွေဆီမှာသုံ့ပန်းအဖြစ်ဖမ်းဆီးခြင်းခံခဲ့ရလို့ ဗြိတိသျှကာကွယ်ရေးဌာနရဲ့ လက်အောက်ခံဌာနခွဲတစ်ခုဖြစ်တဲ့ MI9 အဖွဲ့က အထူးအေဂျင့်တွေဟာ မဟာမိတ်အကျဉ်းသားတွေကို ကယ်တင်ဖို့ အထူးအစီစဉ်တစ်ခုကို ရေးဆွဲခဲ့ပါတယ်။

သူတို့အစီအစဉ်အရ မိုနိုပိုလီဂိမ်းကိုဆန်းသစ်ပြီး ပြန်လည်ဖန်တီးပေးမယ့် Waddington ကုမ္ပဏီ နဲ့ တွေ့ဆုံကာ ဒီဂိမ်းထဲမှာပါဝင်တဲ့ ငွေကြေး၊မြေပုံတွေနေရာမှာ တကယ့်ပစ္စည်းအစစ်တွေကို သုံးမယ့်အပြင် အခြားအထောက်အကူပြုပစ္စည်းတွေအစား အကျဉ်းထောင်ကိုဖောက်ထွင်းမဲ့ ကိရိယာတွေနဲ့ အစားထိုးရန် အသေးစိတ်တ်ိုင်ပင်ခဲ့ကြပါတယ်။ ဒီလိုပြုပြင်ထားတဲ့ မိုနိုပိုလီဂိမ်းသေတ္တာတွေကို မဟာမိတ်အကျဉ်းသားတွေဆီရောက်အောင် ပို့ဆောင်မဲ့နည်းကိုလည်း အစီစဉ်တစ်ကျ ချမှတ်န်ိုင်ခဲ့ပါတယ်။

စစ်ဦးကာလတုန်းကတော့ နာဇီတွေဆီက စစ်အကျဉ်းသားတွေကို အချို့သောစာရွတ်စာတမ်း၊ အပျင်းပြေဆော့နိုင်တဲ့ ဂိမ်းအပါအဝင် စားသောက်စရာတွေ ထောက်ပံ့ပေးတဲ့ပရဟိတ အဖွဲ့တွေကိုခွင့်ပြုပါတယ်။ ဒါဟာဂျီနီဗာ ညီလာခံရဲ့သဘောတူညီချက်ကြောင့်ဖြစ်ပြီး ဒီအတွက်အကျဉ်းသားနဲ့ရိက္ခာ ပြန်လဲခွင့်စတဲ့ အခွင့်အရေးများစွာကို နာဇီတွေက ပြန်လည်ရရှိပါတယ်။ ဒါအပြင် သက်ဆိုင်ရာနာဇီတာဝန်ရှိသူတွေကို လာဘ်ငွေပေးပြီး ထောင်ထဲပစ္စည်းအချို့ခိုးသွင်းနိုင်တဲ့ ကြီးမားတဲ့မှောင်ခိုတင်ပို့မှုတွေလည်းရှိနေပါတယ်။

ပရဟိတအဖွဲ့တွေနဲ့ အတူပါလာတဲ့ မဟာမိတ်အကျဉ်းသားကယ်တင်ရေးအဖွဲ့တွေကလည်း အထက်ပါအခွင့်အရေးတွေကို အကောင်းဆုံးအသုံးချနိုင်တဲ့အပြင် ထောင်ကိုဖောက်ထွင်းရန်အတွက် လိုအပ်ကိရိယာအရေအတွက်နဲ့ အကျဉ်းထောင်အနေအထား ၊ အချက်အလက်တွေကိုတောင် အကျဉ်းသားတွေဆီကနေ သတင်းပြန်လည်ရ ယူနိုင်ခဲ့ကြပါတယ်။ ဒီအချိန်မှာပဲ ဒီမဟာမိတ်အကျဉ်းသားလွတ်မြောတ်ရေးအစီအစဉ်မှာပါတဲ့ မိုနိုပိုလီဂိမ်းထုတ်လုပ်သူတွေဟာ အကျဉ်းထောင်ထဲကိုပေးပို့မယ့် မိုနိုပိုလီဂိမ်းတွေမှာ ငွေစက္ကူအစစ်တွေ၊ ပျက်ဆီးစုတ်ပြဲမှုမဖြစ်အောင် ပိုးသားတွေနဲ့ စီမံပေးလ်ိုက်တဲ့ မြေပုံတွေ၊ နာဇီစစ်ကြောင်းတွေရှိတဲ့ တည်နေရာပမြေပုံတွေ၊ သံလိုက်အိမ်မြှောင်နဲ့ သတ္ထုတံစဉ်း၊ တစ်ကယ့်ရထားလက်မှတ်၊ ကားလက်မှတ် အစစ်တွေ၊ စသဖြင့် ပြည့်စုံအောင်ထည့်ပေးလိုက်ကြပါတယ်။ ဒီပစ္စည်းတွေရဲ့အများစုဟာ မိုနိုပိုလီ ဂိမ်းထဲကအထောက်အကူပြု ပစ္စည်းတွေဖြစ်တာကြောင့် နာဇီတွေရိပ်မိဖို့မလွယ်ပါဘူး။

ဒါပေမဲ့ နာဇီအကျဉ်းထောင်တွေကို ဂျီနီဗာစည်းမျဉ်းအရ သွားခွင့်ရှိတဲ့ ကြက်ခြေနီကဲ့သို့သော ပရဟိတ အဖွဲ့တွေအတွက် ဒီအစီစဉ်ဟာ သူတို့အတွက်ဘေးကြပ်နံကြပ်ဖြစ်စေပါတယ်။ ဒါကြောင့် MI9 အဖွဲ့တွေဟာ သူတို့ရဲ့စစ်သည်တော်တော်များများကို ပရဟိတအဖွဲ့တွေ အဖြစ်ဟန်ဆောင်စေကာ မိုနိုပိုလီဂိမ်းအပါအဝင် အထောက်အပံ့တွေကို ပို့ပေးခဲ့ပါတယ်။ ဒါအပြင် ဂျာမန်တွေရဲ့ ဗုံးဒဏ်ကြောင့်လန်ဒန်မြို့ကြီး ဆိုးဆိုးရွားရွား ပျက်ဆီးပြီးဖြစ်တဲ့သတင်းကိုပါ ပေးပို့ခဲ့ကြပါတယ်။

ဂျာမန်​​တွေကလည်​း ဒီမိုနိုပိုလီဂိမ်​း​ဆော့​ရုံနဲ့တော့ ဘာမှမဖြစ်ဘူး လို့ ယူဆ​ကာ အသာတကြည်​လွှတ်​ပေးခဲ့ကြပါတယ်။ အင်္ဂလန်ကာကွယ်ရေးဌာနရဲ့ အစီစဉ်ဟာအောင်မြင်ခဲ့ပြီး ဒီနည်းလမ်းနဲ့ မဟာမိတ်အကျဉ်းသား ထောင်ပေါင်းများစွာ လွတ်မြောက်ခဲ့ကြပါတယ်။ အဲဒီနောက်တော့မှ နာဇီတာဝန်ရှိသူတွေဟာ သူတို့လှလှပပ လှည့်စားခံလိုက်ရပြီ ဆိုတာ နားလည်ခဲ့ပြီး မဟာမိတ်တွေဟာ ဂျနီဖာ သဘောတူညီချက်ကိုဖောက်ဖျတ်လိုက်ပြီဖြစ်ကြောင်း ကမ္ဘာကို ကြေငြာခဲ့ပါတယ်။

နောက်ပိုင်းမှာ သူတို့လည်း ပြန်လည်ချိုးဖောက်ခဲ့ပြီး ဒီလုပ်ရက်ထက်ဆိုးတဲ့ သမိုင်းဝင်လူသတ်ပွဲများစွာကို ဖန်တီးခဲ့ပါတော့တယ်။ နာဇီတွေဟာအဲအချိန်က စလို့ သူအကျဉ်းစခန်းတွေကို တံခါးပိတ် ဝါဒကျင့်သုံးပြီးထွက်ပြေးရန်ကြံစည်သမျှကို မိပါက ချက်ချင်းသတ်ပစ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်အထိ ဗြိတိန်အစိုးရက ဒီကိစ္စကိုဖော်ပြခဲ့ခြင်းမရှိပါဘူး။ စစ်ပွဲဆိုင်ရာသဘောတူညီချက်ဖြစ်တဲ့ ဂျနီဖာစည်းမျဉ်းကို သူတို့ဘက်ကစတင်ဖောက်ဖျက်ခဲ့တာကို မသိစေချင်လို့ နဲ့ အလားတူဖြစ်ရပ်မျိုးပေါ်လာပါက ပြန်လည်အသုံးချဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ၁၉၈၀ ရောက်မှ ဂျာမန်စစ်တပ်အရာရှိအချို့ရဲ့ မှတ်တမ်းတွေအရသာ ဒီအံ့ဩသင့်စရာ ဖြစ်ရပ်ကို လူအများ ပြန်လည်ကြားသိခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။

Leave a Reply