အမတ္ႀကီးဦးေပၚဦးေျပာတဲ့ “ေလာကမွာ ဇိမ္အရွိဆုံးအလုပ္”

Posted on

ေရးသားသူ – ကုိေဇာ္

“ ဟဲ႔ …ေပၚဦး။ ေလာကမွာ ဘယ္အလုပ္က ဇိမ္အရွိဆံုး အလုပ္လဲကြဲ႕။ ”

ဒီလို အရွင္မင္းၾကီးက ေမးေတာ႔ ျပန္ေျဖရသူက ပညာရွိၾကီး ဦးေပၚဦး။
“ မွန္လွပါ။ ေလာကမွာ ဇိမ္အရွိဆံုး အလုပ္က “ အိမ္သာ ” တတ္ျပီး မစင္စြန္႕တဲ႔ အလုပ္ပါပဲ ဘုရား။ ”

ဒီေတာ႔ မင္းၾကီးလည္း အံ့ၾသသြားတာေပါ႔။
“ အိမ္သာတတ္ မစင္စြန္႕တဲ႔ ကိစၥ ဆိုေတာ႔ က်န္တဲ႔ အလုပ္ေတြက ဇိမ္ မရွိဘူးဆိုတဲ႔ သေဘာေပါ႔ေလ။ ”
“ ဒီလိုေတာ႔ မဆိုလိုပါဘူး ဘုရား။ သို႕ေသာ္ သူ႕ေလာက္ ဇိမ္ မရွိဘူးလို႔ ေျပာတာပါ ဘုရား။ ”

“ ဒါဆို အရသာထူးတဲ႔ သီးႏွံေတြစားရတာ ဇိမ္ မရွိဘူးလား။ ”
“ မွန္လွပါ . . သူ႕ေလာက္ ဇိမ္ မရွိပါ ဘုရား။ ”

“ ကေျခသည္ေတြ ကျပ အသံုးေတာ္ခံတာကို ၾကည္႔ရတာေရာ ဇိမ္မရွိဘူးလား။ ”
“ မွန္လွပါ . . သူ႕ေလာက္ကို ဇိမ္ မရွိပါ ဘုရား။ ”

“ ကာမဂုဏ္ ခံစားတာကေရာ။ ”
“ မွန္လွပါ . . သူ႕ေလာက္ကို ဇိမ္ မရွိပါ ဘုရား။ ”

“ ေမာင္ေပၚဦး ၊ ဒါကေတာ႔ မင္း လြန္ေနျပီ ထင္တယ္။ ငါ ကိုယ္ေတာ္ျမတ္ကို နားလည္ေအာင္ ေသခ်ာ ရွင္းျပစမ္း။ ”
“ မွန္လွပါ. . ။ ဒီလိုေတာ႔ ရွင္းျပရ ခက္ပါတယ္ ဘုရား။ လက္ေတြ႕ျပမွသာ ျမင္သာပါလိမ္႔မယ္။ ဒါေၾကာင္႔ ခဏေတာ႔ ေစာင္႔ေပးေတာ္မူပါ ဘုရား။ ”

ဦးေပၚဦးက ဒီလို ေျပာေတာ႔ မင္းၾကီးကလည္း စိတ္ထဲမွာ မေက်နပ္ေသာ္လည္း ဘာမွ ဆက္မေျပာပဲ စိတ္ထဲမွာေတာ႔ ေတးထားသတဲ႔။

ဒီလိုနဲ႔ ။ ေမ့ေလာက္တဲ႔ တစ္ေန႔မွာေတာ႔ ဦးေပၚဦးက သူကို္ယ္တိုင္ ရွင္ဘုရင္မင္းျမတ္ ပြဲေတာ္တည္ဖို႔စီစဥ္တယ္။ သူစီစဥ္တဲ႔ ဒီေန႕ ပြဲေတာ္တည္ဖို႔ အစားအစာေတြကေတာ႔ ဘုရင္ၾကီးကို ဝမ္းႏူးေစမဲ႔ အစားအစာေတြကို သူက ပြဲေတာ္တည္ဖို႔ ေသခ်ာ စီစဥ္တယ္။

ဝမ္းႏူးေစတဲ႔ အစားအစာ ဆိုတာကလည္း အခ်ဥ္ အစပ္ေတြက မ်ားေတာ႔ စားလို႔ကေတာ႔ အရမ္းေကာင္းေပါ႔ေလ။ ဒီေတာ႔ ဘုရင္ၾကီးလည္း စားေကာင္းေကာင္းနဲ႔ ပြဲေတာ္တည္လိုက္တာ ဗိုက္ကို ကားေနတယ္ ဆိုပဲ။

ဘုရင္ၾကီး ပြဲေတာ္တည္ျပီးလို႔ ခဏတျဖဳတ္နားျပီးေတာ႔ ထံုးစံ အတိုင္း ေအာက္လက္ ငယ္သားမ်ားက တိုင္းျပည္မွာ ျဖစ္ပ်က္ေနတဲ႔ အေၾကာင္းအရာေတြကို သံေတာ္ဦး တင္ေစဖို႔ ညီလာခံကို က်င္းပတယ္။

ဒီမွာ ဦးေပၚဦးက ပညာျပေတာ႔တာပဲ။ ဝမ္းႏူးစာေတြနဲ႔ ေကၽြးထားတဲ႔ ဘုရင္ၾကီးကို သူက အနားမေပးပဲ ဘုရင္႔ၾကီးကို ေလွ်ာက္တင္စရာ
ရွိသူမ်ားကို တစ္ေယာက္ျပီး တစ္ေယာက္ အဆက္မျပတ္ ဘုရင္႔ေရွ႕ေတာ္ေမွာက္ဝင္ေရာက္ခစားျပီး သံေတာ္ဦးတင္ေစတယ္။

ပထမေတာ႔ ဘာမွ မျဖစ္ေသးပဲ သာမာန္အခ်ိန္ဆိုေတာ႔ ဘုရင္ၾကီးလည္း ေအးေဆးစြာပဲ…ေအာက္လက္ငယ္သားေတြ သံေတာ္ဦးတင္တာကို လက္ခံ ၾကားနာျပီး ျပန္လည္ဆံုးျဖတ္ေပးတယ္။ ဒါေပမဲ႔ ေတာ္ေတာ္ၾကာလာေတာ႔ ဝမ္းႏူးစာေတြ စားထားတဲ႔ ဘုရင္ၾကီးရဲ႕ ဗိုက္ထဲက ပစၥည္းေတြက အသံေတြ ေပးျပီး ဘုရင္ၾကီးကို အိမ္သာသြားဖို႔ အခ်က္ေပးတယ္။

ဒါေပမဲ႔လည္း အခစားဝင္သူေတြက အဆက္မျပတ္ဆိုေတာ႔ ဘုရင္ၾကီးလည္း ရုတ္တရက္ ထသြားလို႔ မျဖစ္ဘူး။ ေနာက္တစ္ခ်က္က “ ရွင္ဘုရင္ဆုိတာ အလြန္႔အလြန္ ဣေျႏၵ ရွိရတယ္” လို႔လည္းဆိုထားတယ္ မလား။ ဒါေၾကာင္႔ ဝမ္းႏူးစာေတြ စားထားျပီး အခ်ိန္ၾကာလာတာနဲ႔ အမွ် ဘုရင္ၾကီး ေျခတစ္ဖက္က အိမ္သာကို လွမ္းခ်င္ေနေပမဲ႔ သူ႔ရဲ႕ ေရွ႕မွာ အခစားဝင္ေနတဲ႔ သူေတြက အဆက္မျပတ္ဆိုေတာ႔ ဘုရင္ၾကီး ဘယ္လိုမွ ထမရ။

ေအာက္ကလည္း ထြက္ထြက္ခ်င္လာတဲ႔ ကိစၥကို ေအာင္႔အီးမ်ိဳ သိပ္႔ရင္း မ်က္ႏွာေပၚမွာ ထြက္ထြက္လာေနတဲ႔ ေခၽြးသီးေတြကို သုတ္သုတ္ခ်ရင္း အခစားဝင္လာတဲ႔ သူေတြရဲ႕ စကားကို သည္းခံ နားေထာင္ေနရတယ္။ ဘုရင္ဆိုေတာ႔လည္း တစ္ခု အားသာခ်က္ရွိတာက ဘုရင္ဆိုတာ “ ေမာ္ဖူးေစ ”ဆိုမွေမာ္ဖူးခြင္႔ရွိတာမလား။ ဒီေတာ႔ ဘုရင္ၾကီး မ်က္ႏွာေပၚမွာ ေခၽြးေတြသီးထေနေအာင္ လြယ္မထားႏိုင္တဲ႔ ကိစၥၾကီးကို လြယ္ထားရတာ ဘယ္သူ႕မွသတိမထားမိၾကဘူး။

ဒါနဲ႔ပဲ။ အခ်ိန္ၾကာလာတာနဲ႔ အမွ် ဗိုက္ထဲက စားထားတာေတြက ပိုျပီး ပညာျပလာေတာ႔ ဘုရင္ၾကီးလည္း ထရခက္ ၊ ထိုင္ရခက္ ၊ သြားရခက္ ဆိုသလို ျဖစ္လာျပီး ေနာက္ဆံုး အေျခအေန မဟန္ႏိုင္ေလာက္ေတာ႔တဲ႔ အခ်ိန္မွ အခစားဝင္သူေတြကို ဦးေပၚဦးက တားဆီးလိုက္ေတာ႔တယ္။

အခစားဝင္သူေတြ မရွိေတာ႔မွ ဘုရင္ၾကီးလည္း စိတ္အနည္းငယ္ သက္သာလာျပီး “ ရွင္ဘုရင္႔ ဣေျႏၵ ေရႊေပးလို႕မရ ” ဆိုတဲ႔ ဣေျႏၵေလးကို ဆယ္က အေျပးရံုတမယ္ အိမ္သာသို႔ သြားသတဲ႔။ ျပီးေတာ႔ အိမ္သာထဲ ဝင္ျပီး သူ႕ကိစၥကို ရွင္းတာေပါ႔ေလ။ ဒီအခ်ိန္မွာမွ ဘုရင္ၾကီး
စိတ္ထဲမွာ အိမ္သာတတ္ခ်င္ေနတဲ႔ အခ်ိန္မွာ အိမ္သာတတ္လိုက္ရတာ ေတာ္ေတာ္ ဇိမ္ရွိပါလား ဆိုတာ သိလိုက္ရေတာ႔တယ္။

ဘယ္ကိစၥနဲ႔မွ မတူပဲ။ အိမ္သာတတ္ခ်င္ေနတဲ႔ အခ်ိန္မွာ အိမ္သာတတ္လိုက္ရတဲ႔ အတြက္ စိတ္လြတ္လပ္ေပါ႔ပါး သြားသလိုလည္း ခံစားရတယ္။ ကိစၥျပီးေတာ႔ ဘုရင္ၾကီး အိမ္သာကို ထြက္လာျပီး ညီလာခံကို ျပန္ဝင္လာေတာ႔ ညီလာခံမွာ အသင္႔ေစာင္႔ေနတဲ႔ ဦးေပၚဦးကို ေတြ႕တယ္။

“ ေပၚဦး ေတာ႔ ငါ႕ကို ဘာမ်ား ေလွ်ာက္္တင္စရာ ရွိေနလို႔ပါလိမ္႔။ ” လို႔ေတြးမိျပီး ဘုရင္ၾကီး သူကိုယ္တိုင္ ေမးထားတာကို ေမ႕ေနတယ္။ ဒီေတာ႔. . .
“ ဟဲ႔..ေပၚဦး။ ဘာမ်ား ေလွ်ာက္တင္စရာ ရွိလို႔လဲ။ ”
“ မွန္လွပါ ဘုရား။ တစ္ခြန္းတည္းပါပဲ။ ”

“ ေအး…ေလွ်ာက္တင္စမ္းပါဦး။ ”
“ မွန္လွပါ။ အိမ္သာတတ္တယ္ဆိုတာ ေလာကမွ ဇိမ္ အရွိဆံုးအလုပ္ ပါပဲ ဘုရား။ သူ႕ေလာက္ ဘယ္အလုပ္မွ ဇိမ္ မရွိပါဘူး။ ”လို႔ ေလွ်ာက္တင္ေတာ႔တယ္။ ဒီေတာ႔မွ ဘုရင္ၾကီးလည္း ဦးေပၚဦး အရင္က ေျပာထားတာကို သြားသတိရျပီး…ရယ္ေမာလ်က္

“ေပၚဦး..မွန္ပါေပတယ္..အိမ္သာတက္တာက ေလာကမွာ ဇိမ္ရွိဆံုးပါပဲ ”
ဟု ဦးေပၚဦးအား ၀န္ခံလိုက္ရေလေတာ့သည္

—————————

အမတ်ကြီးဦးပေါ်ဦးပြောတဲ့ “လောကမှာ ဇိမ်အရှိဆုံးအလုပ်” (unicode)

“ ဟဲ့ …ပေါ်ဦး။ လောကမှာ ဘယ်အလုပ်က ဇိမ်အရှိဆုံး အလုပ်လဲကွဲ့။ ”

ဒီလို အရှင်မင်းကြီးက မေးတော့ ပြန်ဖြေရသူက ပညာရှိကြီး ဦးပေါ်ဦး။
“ မှန်လှပါ။ လောကမှာ ဇိမ်အရှိဆုံး အလုပ်က “ အိမ်သာ ” တတ်ပြီး မစင်စွန့်တဲ့ အလုပ်ပါပဲ ဘုရား။ ”

ဒီတော့ မင်းကြီးလည်း အံ့ဩသွားတာပေါ့။
“ အိမ်သာတတ် မစင်စွန့်တဲ့ ကိစ္စ ဆိုတော့ ကျန်တဲ့ အလုပ်တွေက ဇိမ် မရှိဘူးဆိုတဲ့ သဘောပေါ့လေ။ ”
“ ဒီလိုတော့ မဆိုလိုပါဘူး ဘုရား။ သို့သော် သူ့လောက် ဇိမ် မရှိဘူးလို့ ပြောတာပါ ဘုရား။ ”

“ ဒါဆို အရသာထူးတဲ့ သီးနှံတွေစားရတာ ဇိမ် မရှိဘူးလား။ ”
“ မှန်လှပါ . . သူ့လောက် ဇိမ် မရှိပါ ဘုရား။ ”

“ ကခြေသည်တွေ ကပြ အသုံးတော်ခံတာကို ကြည့်ရတာရော ဇိမ်မရှိဘူးလား။ ”
“ မှန်လှပါ . . သူ့လောက်ကို ဇိမ် မရှိပါ ဘုရား။ ”

“ ကာမဂုဏ် ခံစားတာကရော။ ”
“ မှန်လှပါ . . သူ့လောက်ကို ဇိမ် မရှိပါ ဘုရား။ ”

“ မောင်ပေါ်ဦး ၊ ဒါကတော့ မင်း လွန်နေပြီ ထင်တယ်။ ငါ ကိုယ်တော်မြတ်ကို နားလည်အောင် သေချာ ရှင်းပြစမ်း။ ”
“ မှန်လှပါ. . ။ ဒီလိုတော့ ရှင်းပြရ ခက်ပါတယ် ဘုရား။ လက်တွေ့ပြမှသာ မြင်သာပါလိမ့်မယ်။ ဒါကြောင့် ခဏတော့ စောင့်ပေးတော်မူပါ ဘုရား။ ”

ဦးပေါ်ဦးက ဒီလို ပြောတော့ မင်းကြီးကလည်း စိတ်ထဲမှာ မကျေနပ်သော်လည်း ဘာမှ ဆက်မပြောပဲ စိတ်ထဲမှာတော့ တေးထားသတဲ့။

ဒီလိုနဲ့ ။ မေ့လောက်တဲ့ တစ်နေ့မှာတော့ ဦးပေါ်ဦးက သူက်ိုယ်တိုင် ရှင်ဘုရင်မင်းမြတ် ပွဲတော်တည်ဖို့စီစဉ်တယ်။ သူစီစဉ်တဲ့ ဒီနေ့ ပွဲတော်တည်ဖို့ အစားအစာတွေကတော့ ဘုရင်ကြီးကို ဝမ်းနူးစေမဲ့ အစားအစာတွေကို သူက ပွဲတော်တည်ဖို့ သေချာ စီစဉ်တယ်။

ဝမ်းနူးစေတဲ့ အစားအစာ ဆိုတာကလည်း အချဉ် အစပ်တွေက များတော့ စားလို့ကတော့ အရမ်းကောင်းပေါ့လေ။ ဒီတော့ ဘုရင်ကြီးလည်း စားကောင်းကောင်းနဲ့ ပွဲတော်တည်လိုက်တာ ဗိုက်ကို ကားနေတယ် ဆိုပဲ။

ဘုရင်ကြီး ပွဲတော်တည်ပြီးလို့ ခဏတဖြုတ်နားပြီးတော့ ထုံးစံ အတိုင်း အောက်လက် ငယ်သားများက တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို သံတော်ဦး တင်စေဖို့ ညီလာခံကို ကျင်းပတယ်။

ဒီမှာ ဦးပေါ်ဦးက ပညာပြတော့တာပဲ။ ဝမ်းနူးစာတွေနဲ့ ကျွေးထားတဲ့ ဘုရင်ကြီးကို သူက အနားမပေးပဲ ဘုရင့်ကြီးကို လျှောက်တင်စရာ
ရှိသူများကို တစ်ယောက်ပြီး တစ်ယောက် အဆက်မပြတ် ဘုရင့်ရှေ့တော်မှောက်ဝင်ရောက်ခစားပြီး သံတော်ဦးတင်စေတယ်။

ပထမတော့ ဘာမှ မဖြစ်သေးပဲ သာမာန်အချိန်ဆိုတော့ ဘုရင်ကြီးလည်း အေးဆေးစွာပဲ…အောက်လက်ငယ်သားတွေ သံတော်ဦးတင်တာကို လက်ခံ ကြားနာပြီး ပြန်လည်ဆုံးဖြတ်ပေးတယ်။ ဒါပေမဲ့ တော်တော်ကြာလာတော့ ဝမ်းနူးစာတွေ စားထားတဲ့ ဘုရင်ကြီးရဲ့ ဗိုက်ထဲက ပစ္စည်းတွေက အသံတွေ ပေးပြီး ဘုရင်ကြီးကို အိမ်သာသွားဖို့ အချက်ပေးတယ်။

ဒါပေမဲ့လည်း အခစားဝင်သူတွေက အဆက်မပြတ်ဆိုတော့ ဘုရင်ကြီးလည်း ရုတ်တရက် ထသွားလို့ မဖြစ်ဘူး။ နောက်တစ်ချက်က “ ရှင်ဘုရင်ဆိုတာ အလွန့်အလွန် ဣန္ဒြေ ရှိရတယ်” လို့လည်းဆိုထားတယ် မလား။ ဒါကြောင့် ဝမ်းနူးစာတွေ စားထားပြီး အချိန်ကြာလာတာနဲ့ အမျှ ဘုရင်ကြီး ခြေတစ်ဖက်က အိမ်သာကို လှမ်းချင်နေပေမဲ့ သူ့ရဲ့ ရှေ့မှာ အခစားဝင်နေတဲ့ သူတွေက အဆက်မပြတ်ဆိုတော့ ဘုရင်ကြီး ဘယ်လိုမှ ထမရ။

အောက်ကလည်း ထွက်ထွက်ချင်လာတဲ့ ကိစ္စကို အောင့်အီးမျို သိပ့်ရင်း မျက်နှာပေါ်မှာ ထွက်ထွက်လာနေတဲ့ ချွေးသီးတွေကို သုတ်သုတ်ချရင်း အခစားဝင်လာတဲ့ သူတွေရဲ့ စကားကို သည်းခံ နားထောင်နေရတယ်။ ဘုရင်ဆိုတော့လည်း တစ်ခု အားသာချက်ရှိတာက ဘုရင်ဆိုတာ “ မော်ဖူးစေ ”ဆိုမှမော်ဖူးခွင့်ရှိတာမလား။ ဒီတော့ ဘုရင်ကြီး မျက်နှာပေါ်မှာ ချွေးတွေသီးထနေအောင် လွယ်မထားနိုင်တဲ့ ကိစ္စကြီးကို လွယ်ထားရတာ ဘယ်သူ့မှသတိမထားမိကြဘူး။

ဒါနဲ့ပဲ။ အချိန်ကြာလာတာနဲ့ အမျှ ဗိုက်ထဲက စားထားတာတွေက ပိုပြီး ပညာပြလာတော့ ဘုရင်ကြီးလည်း ထရခက် ၊ ထိုင်ရခက် ၊ သွားရခက် ဆိုသလို ဖြစ်လာပြီး နောက်ဆုံး အခြေအနေ မဟန်နိုင်လောက်တော့တဲ့ အချိန်မှ အခစားဝင်သူတွေကို ဦးပေါ်ဦးက တားဆီးလိုက်တော့တယ်။

အခစားဝင်သူတွေ မရှိတော့မှ ဘုရင်ကြီးလည်း စိတ်အနည်းငယ် သက်သာလာပြီး “ ရှင်ဘုရင့် ဣန္ဒြေ ရွှေပေးလို့မရ ” ဆိုတဲ့ ဣန္ဒြေလေးကို ဆယ်က အပြေးရုံတမယ် အိမ်သာသို့ သွားသတဲ့။ ပြီးတော့ အိမ်သာထဲ ဝင်ပြီး သူ့ကိစ္စကို ရှင်းတာပေါ့လေ။ ဒီအချိန်မှာမှ ဘုရင်ကြီး
စိတ်ထဲမှာ အိမ်သာတတ်ချင်နေတဲ့ အချိန်မှာ အိမ်သာတတ်လိုက်ရတာ တော်တော် ဇိမ်ရှိပါလား ဆိုတာ သိလိုက်ရတော့တယ်။

ဘယ်ကိစ္စနဲ့မှ မတူပဲ။ အိမ်သာတတ်ချင်နေတဲ့ အချိန်မှာ အိမ်သာတတ်လိုက်ရတဲ့ အတွက် စိတ်လွတ်လပ်ပေါ့ပါး သွားသလိုလည်း ခံစားရတယ်။ ကိစ္စပြီးတော့ ဘုရင်ကြီး အိမ်သာကို ထွက်လာပြီး ညီလာခံကို ပြန်ဝင်လာတော့ ညီလာခံမှာ အသင့်စောင့်နေတဲ့ ဦးပေါ်ဦးကို တွေ့တယ်။

“ ပေါ်ဦး တော့ ငါ့ကို ဘာများ လျှောက်တင်စရာ ရှိနေလို့ပါလိမ့်။ ” လို့တွေးမိပြီး ဘုရင်ကြီး သူကိုယ်တိုင် မေးထားတာကို မေ့နေတယ်။ ဒီတော့. . .
“ ဟဲ့..ပေါ်ဦး။ ဘာများ လျှောက်တင်စရာ ရှိလို့လဲ။ ”
“ မှန်လှပါ ဘုရား။ တစ်ခွန်းတည်းပါပဲ။ ”

“ အေး…လျှောက်တင်စမ်းပါဦး။ ”
“ မှန်လှပါ။ အိမ်သာတတ်တယ်ဆိုတာ လောကမှ ဇိမ် အရှိဆုံးအလုပ် ပါပဲ ဘုရား။ သူ့လောက် ဘယ်အလုပ်မှ ဇိမ် မရှိပါဘူး။ ”လို့ လျှောက်တင်တော့တယ်။ ဒီတော့မှ ဘုရင်ကြီးလည်း ဦးပေါ်ဦး အရင်က ပြောထားတာကို သွားသတိရပြီး…ရယ်မောလျက်

“ပေါ်ဦး..မှန်ပါပေတယ်..အိမ်သာတက်တာက လောကမှာ ဇိမ်ရှိဆုံးပါပဲ ”
ဟု ဦးပေါ်ဦးအား ဝန်ခံလိုက်ရလေတော့သည်

Leave a Reply