သိပၸံပညာရွင္မ်ား ဖန္တီးခဲ့ေသာ တိရစာၦန္မ်ား

Posted on

ဒီစာရင္းမွာေဖာ္ျပေပးခ်င္တာကေတာ့ တိရစာၦန္ေတြရဲ့မ်ိဳးရိုးဗီဇကို အေျခခံျပီး သိပၸံပညာရွင္ေတြ ဖန္တီးခဲ့တဲ့ တိရစာၦန္အတုေတြရဲ့ အေၾကာင္းပဲျဖစ္ပါတယ္။ဒီတိရစာၦန္ေတြဟာ စိတ္ကူးယဥ္သိပၸံရုပ္ရွင္ဇာက္ကားေတြနဲ႔ ကာတြန္းဇာက္ကားေတြထဲက ဇာက္ေကာင္ေတြလို အသံျပဳျပီး လမ္းေလွ်ာက္ႏုိင္ၾကတဲ့အထိနည္းပညာျမင့္မားၾကပါတယ္။

သိပၸံ နဲ႔ သုေသသနပညာရွင္ေတြဟာ လူသားေတြၾကံဳေတြ႕ေနရတဲ့ အခက္အခဲေတြကိုေျဖရွင္းေပးရန္ရည္ရြယ္ခ်က္နဲ႔ ဓာက္ခြဲခန္းေတြအတြင္း လက္ေတြ႔စမ္းသပ္ခ်က္မ်ားစြာျပဳလုပ္ျပီး ဒီတိရစာၦန္ေတြကို ဖန္တီးရျခင္းျဖစ္ပါတယ္။ ဒီတခါေတာ့ ဒီရွားရွားပါးပါး အေၾကာင္းအရာေလးကုိ သုတဇုန္မိတ္ေဆြမ်ားအတြက္ ဗဟုသုတ အေနနဲ႔ မွ်ေ၀လုိက္ပါတယ္။

(၁) Sudden –Death Mosquito

Sudden –Death Mosquito ဆိုတဲ့ ျခင္မ်ိဳးစိတ္ေတြကိုေတာ့ လူသားေတြကိုေန႔စဥ္ဒုကၡေပးေနတဲ့ျခင္မ်ိဳးစိတ္ေတြကို တိုက္ဖ်က္ရန္ရည္ရြယ္ခ်က္နဲ႔ ထုတ္လုပ္ခဲ့ၾကတာပါ။ သက္ရွိေတြကိုေသေစနိုင္ျခင္း (သို႔)မ်ိဳးမေအာင္ေအာင္ႏုိင္ျခင္းေတြျဖစ္ေစနုိင္တဲ့ မ်ိဳးရိုးဗီဇေတြထည့္ေပးထားတဲ့ျခင္ထီးေတြကို ျခင္မေတြနဲ႔သဘာဝအတိုင္းမိတ္လိုက္ေစျခင္းအားျဖင့္ ျခင္ေတြရဲ့ မ်ိဳးပြားနူန္းကိုထိန္းခ်ဳပ္နုိင္မွာျဖစ္ပါတယ္။

အဂၤလန္ ဇီဝနည္းပညာကုမၸဏီတစ္ခုက သိပၸံပညာရွင္ေတြကေတာ့ သူတို႔ထုတ္လုပ္ထားတဲ့ Sudden –Death Mosquito ျခင္မ်ိဳးစိတ္ေတြဟာ ေသြးလြန္တုတ္ေကြးေရာဂါအပါအဝင္ ေရာဂါအမ်ိဳးမ်ိဳးျဖစ္ေစႏိုင္တဲ့ ျခင္မေတြကို သေႏၶေအာင္ျခင္းမရွိေအာင္ ထိိန္းခ်ဳပ္ႏိုင္တယ္လို႔ အခုိင္အမာေျပာဆိုၾကပါတယ္။ ႏွစ္စဥ္ကမာၻေပၚမွာရွိတဲ့လူ၂.၃သန္း ေလာက္ဟာ ျခင္ေၾကာင့္ျဖစ္တဲ့ေရာဂါကို ျခင္ေတြကတစ္ဆင့္ ကူးစက္ခံေနရျပီး လူ(၂၅၀၀၀)ေလာက္ ေသဆံုးေနရပါတယ္။

(၂) Glofish (Zebrafish)

အေမွာင္ထဲမွာအေရာင္ေတာက္ပတဲ့ အာနိသင္ရွိတဲ့ Zebrafish ငါးမ်ိဳးစိ္တ္ေတြကိုေတာ့ မ်ဳိးရိုးဗီဇဆိုင္ရာ မြမ္းမံမႈေတြျပဳလုပ္ျပီး ဖန္တီးထားတာပါ။ Zebrafish ေတြဟာအနီေရာင္၊ လိေမၼာ္ေရာင္၊အစိမ္းေရာင္စသည္ျဖင့္ ေတာက္ပတဲ့အေရာင္ေတြကို ပိုင္ဆိုင္ၾကပါတယ္။ Glofish ေတြကိုေတာ့ ၁၉၉၉ ခုႏွစ္က ေဒါက္တာ Zhiyuan Gong နဲ႔ သူ႔လုပ္ေဖာ္ကိုင္ဖက္ေတြက စုေပါင္းဖန္တီးခဲ့ၾကပါတယ္။ သူတို႔ဟာ ပထမဆံုးဂ်ယ္လီငါးေတြရဲ့ Gene ျဖစ္တဲ့အေရာင္ေတာက္ပတဲ့ protein (အသားဓာက္ေတြ)ကို ထုတ္ယူပါတယ္။ ထုတ္ယူျပီးတဲ့ Geneေတြကုိ Zebrafish ငါးမရဲ့သေႏၶသားထဲထိုးသြင္းျပီး သက္ရွိဇီဝပစၥည္းတစ္ခုရဲ့ မ်ိဳးပြားပစၥည္းအျဖစ္ ေမြးဖြားေစပါတယ္။

ဒီအလင္းေရာင္ထြက္ေနတဲ့ငါးမ်ိဳးစိတ္ေတြကို ဖန္္တီးရျခင္းကေတာ့ ဒီငါးေတြကထြက္တဲ့ အလင္းဓာက္ေတြဟာ သဘာဝပတ္ဝန္းက်င္ကို ညစ္ညမ္းေစတဲ့ လူမ်က္စိနဲ႔မျမင္နိုင္တဲ့ အဆိပ္အေတာက္ေတြကုို ျမင္ႏုိင္လို႔ပါ။ ဒီငါးမ်ိဳးစိတ္ေတြဟာ အလင္းေရာင္ကို စုပ္ယူႏိုင္ျပီး တစ္ဆင့္ျပန္လည္ထုတ္လႊင့္ႏုိင္တာမို႔ သူတို႔ကိုယ္ကအေရာင္ထြက္ေနတာလို႔ထင္ရတာပါ။ Glofish ေတြဟာပထမဆံုးမ်ိဳးရိုးဗီဇကိုအေျခခံျပီး နည္းပညာဆိုင္ရာ ျပဳျပင္ဖန္တီးမႈေတြျပဳလုပ္ထားတဲ့ အိမ္ေမြးတိရစာၦန္ေတြျဖစ္ပါတယ္။

(၃) သိုးကေလး Dolly

Dolly ဟာပထမဆံုးထုတ္လုပ္တဲ့ နုိ႔တိုက္သတၱဝါကိုယ္ပြားျဖစ္ျပီး အလြန္ေသးငယ္တဲ့ ဆဲလ္ေတြနဲ႔တည္ေဆာက္ထားတာပါ။သူကို ၁၉၉၆ခုႏွစ္မွာ စေကာ့တလန္မွာရွိတဲ့ Roslin အသက္ေမြးဝမ္းေၾကာင္းတကၠသိုလ္က Ian Wilmut နဲ႔ သူ႔လုပ္ေဖာ္ကို္င္ဖက္ေတြက ဖန္တီးခဲ့ၾကပါတယ္။ Dolly ဟာ ၂၀၀၃မွာေတာ့ သိုးေတြအသက္ၾကီးလာရင္ျဖစ္ေလ့ရွိတဲ့ အဆုတ္ကင္ဆာနဲ႔ ကြယ္လြန္ခဲ့တာပါ။

ပံုမွန္ မိဘနွစ္ပါးကေမြးဖြားလာရင္ေတာ့ sex cell ေတြတု႔ံျပန္ေပါင္းစပ္မႈေတြ ျဖစ္ႏုိင္ေပမယ့္ Dolly ကိုေတာ့Sex Cell ေတြ ေပါင္းစပ္မႈေတြမပါေစပဲ သက္ရွိကလပ္စည္းရဲ့ ဗဟိုကူးေျပာင္းျခင္းနည္းနဲ႔ေမြးဖြားခဲ့တာပါ။ Dollyဟာ သေႏၶေအာင္ခဲ့ျပီး သူမေသခင္အထိ သိုး (၆)ေကာင္အထိ ေမြးဖြားခဲ့ပါတယ္။ ပထမဆုံး ၁၉၉၈ခုႏွစ္မွာ Bonnie ကို ၊ ဒုတိယ Sally နဲ႔ Rosie အမႊာ ၊ တတိယ Lucy , Darcy နဲ႔ Cotton သုံးမႊာ ကိုေမြးဖြားေပးခဲ့ပါတယ္။

(၄) Vacanti Mouse

Vacanti Mouse မ်ိဳးစိတ္ေတြကိုေတာ့ ၁၉၉၅ မွာ မန္ခ်ဴးရီးယားေဆးတကၠသိုလ္၊ ေမ့ေဆးဆိုင္ရာဌာနခြဲက ေဒါက္တာ Charles Vacanti နဲ႔သူလုပ္ေဖာ္ကိုင္ဖက္ေတြက ေပါင္းစပ္တီထြင္ခဲ့တာပါ။ ဒီဓာက္ခြဲခန္းသံုးၾကြက္ေတြရဲ႕ ေနာက္ဘက္မွာ လူနားရြက္ပံုစံအရာတစ္ခုပါရွိပါတယ္။ ဒီၾကြက္ေတြမွာ ေတြ႔ရတဲ့ လူပံုနားရြက္ေတြဟာ ရွင္သန္ေနတဲ့ ဆဲလ္ေတြပါတဲ့ နားပံုသ႑န္ အရြတ္ေၾကာအဖြဲ႔အစည္းေတြျဖစ္ပါတယ္။

ႏြားေတြဆီက ထုတ္ယူထားတဲ့အရြတ္ဆဲလ္တစ္သ်ွဴးေတြကတစ္ဆင့္ လူခႏၶာကိုယ္ထဲက ဘတ္တီးရီးယားပိုးမႊားေတြကိုတိုက္ဖ်က္ေပးျပီး တစ္သ်ွဴးအသစ္ေတြသဘာဝအတိုင္း ျပန္လည္ေပါက္ဖြားလာနိုင္ရန္ျဖစ္ပါတယ္။ၾကြက္ရဲ့အေရျပားေအာက္မွာ ရွိတဲ့ အရြတ္ဆဲလ္တစ္သ်ွဴးေတြကို လူခႏၶာကိုယ္ထဲကိုထိုးသြင္းကုသျပီးသဘာဝအတိုင္းအရိုး၊ အရြက္ေတြကိုျပန္လည္ရွင္သန္ေစဖုိ႔အတြက္ ဒီၾကြက္ေတြကိုဖန္တီးခဲ့တာျဖစ္ပါတယ္။

(၅) See-Through Frog

Glass frog (or) See-Through Frog မ်ိဳးစိတ္ေတြဟာ တိရိစာၦန္ေတြကိုခြဲစိတ္ စစ္ေဆးျခင္းကို ေပ်ာက္ကြယ္သြားေစရန္ ဖန္တီးထားတာပါ။ ဒီဖားေတြရဲ့ ခႏၶာကိုယ္ဟာ တိုးယိုေပါက္ျမင္ရတဲ့ အတြက္ သူတို႔အတြင္းပိုင္းရွိ နွလံုး၊ အသည္း၊ ေသြးေၾကာ၊ ကလီစာ၊ မ်ဳိးဥစတာေတြကို သုေသသနပညာရွင္ေတြအေနနဲ႔ ခြဲစိတ္စရာမလိုပဲ အေသးစိတ္ျမင္နုိင္ပါတယ္။ ဒါအျပင္ ဘယ္အစိတ္အပိုင္းေတြက ဘယ္လိုၾကီးထြားေနတယ္၊ ဖားခႏၶာကိုယ္ထဲက အျမစ္အပြား ေသြးေၾကာမ်ဳိးစံုဘယ္ေလာက္အထိ ပ်ံ့နွံ႔ေနျပီျဖစ္ေၾကာင္း အလြယ္တကူနဲ႔ သိႏိုင္ပါတယ္။ အံံ့ၾသဖြယ္ေကာင္းတဲ့ ဗီဇရုပ္ေတြကို ျပဳျပင္ေျပာင္းလဲႏုိင္ျပီး ေဆးပညာေလာကအတြက္အေရးပါတဲ့ တီထြင္မႈပါ။

(၆) Ruppy

ေတာင္ကိုရီးယားနုိင္ငံမွာေတာ့ Ruppyလို႔ေခၚတဲ့ သိပၸံနည္းပညာနဲ႔တီထြင္ထားတဲ့ အိမ္ေမြးတိရစာၦန္ေခြးကေလးဟာ နာမည္ၾကီးပါတယ္။ Ruppyဟာ ကမာၻ႔ပထမဆံုး transgenic နည္းနဲ႔ ဖန္တီးထားတဲ့ အိမ္ေမြးတိရစာၦန္ ျဖစ္ျပီးေတာင္ကိုရီးယားႏုိင္ငံ ဆိုးလ္တကၠသိုလ္က Beyong Chun Lee က တီထြင္ဖန္တီး ေပးခဲ့တာပါ။ လူခႏၶာကိုယ္ထဲမွာရွိတဲ့ တစ္သ်ွဴးဆဲလ္ေတြထဲမွာ ဗက္တီးရီးယား ေရာဂါပိုးမႊားမည္မ်ွပ့်ံနွံ႔ေနျပီ ျဖစ္ေၾကာင္းကို Ruppy ရဲ့ gene ျဖစ္တဲ့ အနီေရာင္ ခရမ္းလြန္ေရာင္ျခည္နဲ႔ ျပသေပးတာပါ။ ယခုအခါမွာေတာ့ သူတို႔ဟာလူေတြ အတြက္ခ်စ္စရာအိမ္ေမြး တိရိစာၦန္ ေတြျဖစ္လာပါျပီ။

(၇) Landmine Detecting Plants

ဒိန္းမတ္ႏုိင္ငံ ကိုဗင္ေဟဂင္ျမိဳ႔က သိပၸံပညာရွင္ေတြဟာ သဘာ၀နည္းကို အသံုးျပဳျပီး တိုက္ပြဲဧရိယာအတြင္းရွိ ေျမျမႈပ္မုိင္းေတြကို ရွာေဖြႏုိင္တဲ့အပင္အမ်ဳိးအစား တစ္ခုကိုတီထြင္ႏိုင္္ခဲ့ပါတယ္။ Landmine Detecting Plants ေတြဟာ စခန္းဧရိယာ ရဲ့ေျမေအာက္တစ္ေနရာမွာ ေျမျမႈပ္မိုင္းေတြရွိေနေၾကာင္းကို ဒီအပင္ေတြရဲ့ အရြက္ေတြကထုတ္လြတ္တဲ့ Nitrogen dioxide ေတြကတစ္ဆင့္အသိေပးပါတယ္။ အရြက္ေတြကထုတ္လႊတ္တဲ့ Nitrogen dioxide ေတြဟာ မိႈင္းနဲ႔ ေတြ႔ထိပါက အရြက္ေတြဟာ အနီေရာင္အျဖစ္ ေျပာင္းလဲသြားမွာပါ။ အလြန္တန္ဖိုးရွိတဲ တီထြင္မႈပါ။

(၈) Enviropig

မ်ိုဳးရိုးဗီဇကိုလိုက္ျပီး ျပဳျပင္မြမ္းမံထားတဲ့ ဒီဝက္မ်ိဳးစိတ္ဟာ သဘာ၀ပတ္ဝန္းက်င္ကို ေဘးျဖစ္ေစတဲ့ စြန္႔ပစ္ပစၥည္းေတြကို စားေသာက္ပစ္ရန္ ရည္ရြယ္ခ်က္နဲ႔ထုတ္လုပ္ ဖန္တီးထားတာပါ။သဘာဝပတ္ဝန္းက်င္လွပေအာင္ ဖန္တီးေပးမဲ့ ဝတ္မ်ိဳးစိတ္ေတြရဲ့ ျပန္လည္စြန္႔ထုတ္လိုက္တဲ့ မစင္မွာ ေဂဟ စနစ္ကိုဆိုးရြားစြာ ပ်က္ဆီးေစတတ္တဲ့ ေဖာစေဖာရပ္ ၆၅ ရာခိုင္ႏႈန္းထက္မနည္း ပါဝင္ေနပါတယ္။

(၉) Fuel Excreting Genetically Modified Bugs

သုေသသနပညာရွင္ေတြဟာ ဆီလီကြန္ Valley boasts ေတြကို အသံုးျပဳျပီး ဗီဇျပဳျပင္ထားတဲ့ ၾကမ္းပိုးေတြကို ထုတ္လုပ္ဖန္တီးခဲ့ၾကပါတယ္။ဒီၾကမ္းပိုးေတြဟာ လယ္ယာစိုက္ပ်ိဳးေရးလုပ္ငန္းကို ေဘးျဖစ္ေစတဲ့ ေရာဂါပိုးမႊားေတြနဲ့ စြန္႔ပစ္ပစၥည္း၊ အညစ္အေၾကး ဒီဇယ္ေလာင္စာေတြကို စားေသာက္ျပီး သဘာဝပတ္ဝန္းက်င္ကို လွပေအာင္ေဆာင္ရြက္ေပးၾကတယ္လုိ႔ ဆုိပါတယ္။

သုတဇုန္

—————————–

သိပ္ပံပညာရှင်များ ဖန်တီးခဲ့သော တိရစ္ဆာန်တွေအကြောင်း (unicode)

ဒီစာရင်းမှာဖော်ပြပေးချင်တာကတော့ တိရစ္ဆာန်တွေရဲ့မျိုးရိုးဗီဇကို အခြေခံပြီး သိပ္ပံပညာရှင်တွေ ဖန်တီးခဲ့တဲ့ တိရစ္ဆာန်အတုတွေရဲ့ အကြောင်းပဲဖြစ်ပါတယ်။ဒီတိရစ္ဆာန်တွေဟာ စိတ်ကူးယဉ်သိပ္ပံရုပ်ရှင်ဇာက်ကားတွေနဲ့ ကာတွန်းဇာက်ကားတွေထဲက ဇာက်ကောင်တွေလို အသံပြုပြီး လမ်းလျှောက်နိုင်ကြတဲ့အထိနည်းပညာမြင့်မားကြပါတယ်။သိပ္ပံ နဲ့ သုသေသနပညာရှင်တွေဟာ လူသားတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုဖြေရှင်းပေးရန်ရည်ရွယ်ချက်နဲ့ ဓာက်ခွဲခန်းတွေအတွင်း လက်တွေ့စမ်းသပ်ချက်များစွာပြုလုပ်ပြီး ဒီတိရစ္ဆာန်တွေကို ဖန်တီးရခြင်းဖြစ်ပါတယ်။ ဒီတခါတော့ ဒီရှားရှားပါးပါး အကြောင်းအရာလေးကို သုတဇုန်မိတ်ဆွေများအတွက် ဗဟုသုတ အနေနဲ့ မျှဝေလိုက်ပါတယ်။

(၁) Sudden –Death Mosquito

Sudden –Death Mosquito ဆိုတဲ့ ခြင်မျိုးစိတ်တွေကိုတော့ လူသားတွေကိုနေ့စဉ်ဒုက္ခပေးနေတဲ့ခြင်မျိုးစိတ်တွေကို တိုက်ဖျက်ရန်ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ခဲ့ကြတာပါ။ သက်ရှိတွေကိုသေစေနိုင်ခြင်း (သို့)မျိုးမအောင်အောင်နိုင်ခြင်းတွေဖြစ်စေနိုင်တဲ့ မျိုးရိုးဗီဇတွေထည့်ပေးထားတဲ့ခြင်ထီးတွေကို ခြင်မတွေနဲ့သဘာဝအတိုင်းမိတ်လိုက်စေခြင်းအားဖြင့် ခြင်တွေရဲ့ မျိုးပွားနူန်းကိုထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ အင်္ဂလန် ဇီဝနည်းပညာကုမ္ပဏီတစ်ခုက သိပ္ပံပညာရှင်တွေကတော့ သူတို့ထုတ်လုပ်ထားတဲ့ Sudden –Death Mosquito ခြင်မျိုးစိတ်တွေဟာ သွေးလွန်တုတ်ကွေးရောဂါအပါအဝင် ရောဂါအမျိုးမျိုးဖြစ်စေနိုင်တဲ့ ခြင်မတွေကို သန္ဓေအောင်ခြင်းမရှိအောင် ထိန်းချုပ်နိုင်တယ်လို့ အခိုင်အမာပြောဆိုကြပါတယ်။ နှစ်စဉ်ကမ္ဘာပေါ်မှာရှိတဲ့လူ၂.၃သန်း လောက်ဟာ ခြင်ကြောင့်ဖြစ်တဲ့ရောဂါကို ခြင်တွေကတစ်ဆင့် ကူးစက်ခံနေရပြီး လူ(၂၅၀၀၀)လောက် သေဆုံးနေရပါတယ်။

(၂) Glofish (Zebrafish)

အမှောင်ထဲမှာအရောင်တောက်ပတဲ့ အာနိသင်ရှိတဲ့ Zebrafish ငါးမျိုးစိ်တ်တွေကိုတော့ မျိုးရိုးဗီဇဆိုင်ရာ မွမ်းမံမှုတွေပြုလုပ်ပြီး ဖန်တီးထားတာပါ။ Zebrafish တွေဟာအနီရောင်၊ လိမ္မော်ရောင်၊အစိမ်းရောင်စသည်ဖြင့် တောက်ပတဲ့အရောင်တွေကို ပိုင်ဆိုင်ကြပါတယ်။ Glofish တွေကိုတော့ ၁၉၉၉ ခုနှစ်က ဒေါက်တာ Zhiyuan Gong နဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေက စုပေါင်းဖန်တီးခဲ့ကြပါတယ်။ သူတို့ဟာ ပထမဆုံးဂျယ်လီငါးတွေရဲ့ Gene ဖြစ်တဲ့အရောင်တောက်ပတဲ့ protein (အသားဓာက်တွေ)ကို ထုတ်ယူပါတယ်။ ထုတ်ယူပြီးတဲ့ Geneတွေကို Zebrafish ငါးမရဲ့သန္ဓေသားထဲထိုးသွင်းပြီး သက်ရှိဇီဝပစ္စည်းတစ်ခုရဲ့ မျိုးပွားပစ္စည်းအဖြစ် မွေးဖွားစေပါတယ်။ ဒီအလင်းရောင်ထွက်နေတဲ့ငါးမျိုးစိတ်တွေကို ဖန်တီးရခြင်းကတော့ ဒီငါးတွေကထွက်တဲ့ အလင်းဓာက်တွေဟာ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ လူမျက်စိနဲ့မမြင်နိုင်တဲ့ အဆိပ်အတောက်တွေကို မြင်နိုင်လို့ပါ။ ဒီငါးမျိုးစိတ်တွေဟာ အလင်းရောင်ကို စုပ်ယူနိုင်ပြီး တစ်ဆင့်ပြန်လည်ထုတ်လွှင့်နိုင်တာမို့ သူတို့ကိုယ်ကအရောင်ထွက်နေတာလို့ထင်ရတာပါ။ Glofish တွေဟာပထမဆုံးမျိုးရိုးဗီဇကိုအခြေခံပြီး နည်းပညာဆိုင်ရာ ပြုပြင်ဖန်တီးမှုတွေပြုလုပ်ထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေဖြစ်ပါတယ်။

(၃) သိုးကလေး Dolly

Dolly ဟာပထမဆုံးထုတ်လုပ်တဲ့ နို့တိုက်သတ္တဝါကိုယ်ပွားဖြစ်ပြီး အလွန်သေးငယ်တဲ့ ဆဲလ်တွေနဲ့တည်ဆောက်ထားတာပါ။သူကို ၁၉၉၆ခုနှစ်မှာ စကော့တလန်မှာရှိတဲ့ Roslin အသက်မွေးဝမ်းကြောင်းတက္ကသိုလ်က Ian Wilmut နဲ့ သူ့လုပ်ဖော်က်ိုင်ဖက်တွေက ဖန်တီးခဲ့ကြပါတယ်။ Dolly ဟာ ၂၀၀၃မှာတော့ သိုးတွေအသက်ကြီးလာရင်ဖြစ်လေ့ရှိတဲ့ အဆုတ်ကင်ဆာနဲ့ ကွယ်လွန်ခဲ့တာပါ။ ပုံမှန် မိဘနှစ်ပါးကမွေးဖွားလာရင်တော့ sex cell တွေတုံ့ပြန်ပေါင်းစပ်မှုတွေ ဖြစ်နိုင်ပေမယ့် Dolly ကိုတော့Sex Cell တွေ ပေါင်းစပ်မှုတွေမပါစေပဲ သက်ရှိကလပ်စည်းရဲ့ ဗဟိုကူးပြောင်းခြင်းနည်းနဲ့မွေးဖွားခဲ့တာပါ။ Dollyဟာ သန္ဓေအောင်ခဲ့ပြီး သူမသေခင်အထိ သိုး (၆)ကောင်အထိ မွေးဖွားခဲ့ပါတယ်။ ပထမဆုံး ၁၉၉၈ခုနှစ်မှာ Bonnie ကို ၊ ဒုတိယ Sally နဲ့ Rosie အမွှာ ၊ တတိယ Lucy , Darcy နဲ့ Cotton သုံးမွှာ ကိုမွေးဖွားပေးခဲ့ပါတယ်။

(၄) Vacanti Mouse

Vacanti Mouse မျိုးစိတ်တွေကိုတော့ ၁၉၉၅ မှာ မန်ချူးရီးယားဆေးတက္ကသိုလ်၊ မေ့ဆေးဆိုင်ရာဌာနခွဲက ဒေါက်တာ Charles Vacanti နဲ့သူလုပ်ဖော်ကိုင်ဖက်တွေက ပေါင်းစပ်တီထွင်ခဲ့တာပါ။ ဒီဓာက်ခွဲခန်းသုံးကြွက်တွေရဲ့ နောက်ဘက်မှာ လူနားရွက်ပုံစံအရာတစ်ခုပါရှိပါတယ်။ ဒီကြွက်တွေမှာ တွေ့ရတဲ့ လူပုံနားရွက်တွေဟာ ရှင်သန်နေတဲ့ ဆဲလ်တွေပါတဲ့ နားပုံသဏ္ဍန် အရွတ်ကြောအဖွဲ့အစည်းတွေဖြစ်ပါတယ်။ နွားတွေဆီက ထုတ်ယူထားတဲ့အရွတ်ဆဲလ်တစ်သျှူးတွေကတစ်ဆင့် လူခန္ဓာကိုယ်ထဲက ဘတ်တီးရီးယားပိုးမွှားတွေကိုတိုက်ဖျက်ပေးပြီး တစ်သျှူးအသစ်တွေသဘာဝအတိုင်း ပြန်လည်ပေါက်ဖွားလာနိုင်ရန်ဖြစ်ပါတယ်။ကြွက်ရဲ့အရေပြားအောက်မှာ ရှိတဲ့ အရွတ်ဆဲလ်တစ်သျှူးတွေကို လူခန္ဓာကိုယ်ထဲကိုထိုးသွင်းကုသပြီးသဘာဝအတိုင်းအရိုး၊ အရွက်တွေကိုပြန်လည်ရှင်သန်စေဖို့အတွက် ဒီကြွက်တွေကိုဖန်တီးခဲ့တာဖြစ်ပါတယ်။

(၅) See-Through Frog

Glass frog (or) See-Through Frog မျိုးစိတ်တွေဟာ တိရိစ္ဆာန်တွေကိုခွဲစိတ် စစ်ဆေးခြင်းကို ပျောက်ကွယ်သွားစေရန် ဖန်တီးထားတာပါ။ ဒီဖားတွေရဲ့ ခန္ဓာကိုယ်ဟာ တိုးယိုပေါက်မြင်ရတဲ့ အတွက် သူတို့အတွင်းပိုင်းရှိ နှလုံး၊ အသည်း၊ သွေးကြော၊ ကလီစာ၊ မျိုးဥစတာတွေကို သုသေသနပညာရှင်တွေအနေနဲ့ ခွဲစိတ်စရာမလိုပဲ အသေးစိတ်မြင်နိုင်ပါတယ်။ ဒါအပြင် ဘယ်အစိတ်အပိုင်းတွေက ဘယ်လိုကြီးထွားနေတယ်၊ ဖားခန္ဓာကိုယ်ထဲက အမြစ်အပွား သွေးကြောမျိုးစုံဘယ်လောက်အထိ ပျံ့နှံ့နေပြီဖြစ်ကြောင်း အလွယ်တကူနဲ့ သိနိုင်ပါတယ်။ အံ့ဩဖွယ်ကောင်းတဲ့ ဗီဇရုပ်တွေကို ပြုပြင်ပြောင်းလဲနိုင်ပြီး ဆေးပညာလောကအတွက်အရေးပါတဲ့ တီထွင်မှုပါ။

(၆) Ruppy

တောင်ကိုရီးယားနိုင်ငံမှာတော့ Ruppyလို့ခေါ်တဲ့ သိပ္ပံနည်းပညာနဲ့တီထွင်ထားတဲ့ အိမ်မွေးတိရစ္ဆာန်ခွေးကလေးဟာ နာမည်ကြီးပါတယ်။ Ruppyဟာ ကမ္ဘာ့ပထမဆုံး transgenic နည်းနဲ့ ဖန်တီးထားတဲ့ အိမ်မွေးတိရစ္ဆာန် ဖြစ်ပြီးတောင်ကိုရီးယားနိုင်ငံ ဆိုးလ်တက္ကသိုလ်က Beyong Chun Lee က တီထွင်ဖန်တီး ပေးခဲ့တာပါ။ လူခန္ဓာကိုယ်ထဲမှာရှိတဲ့ တစ်သျှူးဆဲလ်တွေထဲမှာ ဗက်တီးရီးယား ရောဂါပိုးမွှားမည်မျှပျံ့နှံ့နေပြီ ဖြစ်ကြောင်းကို Ruppy ရဲ့ gene ဖြစ်တဲ့ အနီရောင် ခရမ်းလွန်ရောင်ခြည်နဲ့ ပြသပေးတာပါ။ ယခုအခါမှာတော့ သူတို့ဟာလူတွေ အတွက်ချစ်စရာအိမ်မွေး တိရိစ္ဆာန် တွေဖြစ်လာပါပြီ။

(၇) Landmine Detecting Plants

ဒိန်းမတ်နိုင်ငံ ကိုဗင်ဟေဂင်မြို့က သိပ္ပံပညာရှင်တွေဟာ သဘာဝနည်းကို အသုံးပြုပြီး တိုက်ပွဲဧရိယာအတွင်းရှိ မြေမြှုပ်မိုင်းတွေကို ရှာဖွေနိုင်တဲ့အပင်အမျိုးအစား တစ်ခုကိုတီထွင်နိုင်ခဲ့ပါတယ်။ Landmine Detecting Plants တွေဟာ စခန်းဧရိယာ ရဲ့မြေအောက်တစ်နေရာမှာ မြေမြှုပ်မိုင်းတွေရှိနေကြောင်းကို ဒီအပင်တွေရဲ့ အရွက်တွေကထုတ်လွတ်တဲ့ Nitrogen dioxide တွေကတစ်ဆင့်အသိပေးပါတယ်။ အရွက်တွေကထုတ်လွှတ်တဲ့ Nitrogen dioxide တွေဟာ မှိုင်းနဲ့ တွေ့ထိပါက အရွက်တွေဟာ အနီရောင်အဖြစ် ပြောင်းလဲသွားမှာပါ။ အလွန်တန်ဖိုးရှိတဲ တီထွင်မှုပါ။

(၈) Enviropig

မျိုးရိုးဗီဇကိုလိုက်ပြီး ပြုပြင်မွမ်းမံထားတဲ့ ဒီဝက်မျိုးစိတ်ဟာ သဘာဝပတ်ဝန်းကျင်ကို ဘေးဖြစ်စေတဲ့ စွန့်ပစ်ပစ္စည်းတွေကို စားသောက်ပစ်ရန် ရည်ရွယ်ချက်နဲ့ထုတ်လုပ် ဖန်တီးထားတာပါ။သဘာဝပတ်ဝန်းကျင်လှပအောင် ဖန်တီးပေးမဲ့ ဝတ်မျိုးစိတ်တွေရဲ့ ပြန်လည်စွန့်ထုတ်လိုက်တဲ့ မစင်မှာ ဂေဟ စနစ်ကိုဆိုးရွားစွာ ပျက်ဆီးစေတတ်တဲ့ ဖောစဖောရပ် ၆၅ ရာခိုင်နှုန်းထက်မနည်း ပါဝင်နေပါတယ်။

(၉) Fuel Excreting Genetically Modified Bugs

သုသေသနပညာရှင်တွေဟာ ဆီလီကွန် Valley boasts တွေကို အသုံးပြုပြီး ဗီဇပြုပြင်ထားတဲ့ ကြမ်းပိုးတွေကို ထုတ်လုပ်ဖန်တီးခဲ့ကြပါတယ်။ဒီကြမ်းပိုးတွေဟာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို ဘေးဖြစ်စေတဲ့ ရောဂါပိုးမွှားတွေနဲ့ စွန့်ပစ်ပစ္စည်း၊ အညစ်အကြေး ဒီဇယ်လောင်စာတွေကို စားသောက်ပြီး သဘာဝပတ်ဝန်းကျင်ကို လှပအောင်ဆောင်ရွက်ပေးကြတယ်လို့ ဆိုပါတယ်။

သုတဇုန်

Leave a Reply