သင္မသိေလာက္ေသးတဲ့ အဆိပ္အေတာက္ျဖစ္ေစႏိုင္မႈ အျမင့္မားဆံုး အစားအစာ (၁၀)မ်ိဳး

Posted on

၁။ မိႈမ်ား (Mushrooms)

မိႈတိုင္းကေတာ့ အဆိပ္အေတာက္ မျဖစ္ေပမဲ့ မႈိဟာ အဆိပ္အေတာက္ ျဖစ္ပြားႏုိင္မႈ မ်ားျပားတဲ့ အစားအစာ ျဖစ္ပါတယ္။ မိႈမွာ စားေကာင္းတဲ့ မိႈနဲ႔ မစားေကာင္းတဲ့ မိႈ(အဆိပ္ရိွမိႈ) ဆိုျပီး ရိွပါတယ္။ အဲဒီ့ ႏွစ္ခုကို ခြဲျခားႏိုင္တဲ့ လကၡဏာရပ္ေတြ ရိွေပမဲ့ အမိ်ဳးအမည္ မသိတဲ့ မိႈေတြကိုေတာ့ မစားတာ အေကာင္းဆံုးပါပဲ။ အၾကမ္းအားျဖင့္ အဆိပ္ရိွတဲ့မိႈနဲ႔ အဆိပ္မရိွတဲ့မိႈ (စားလို႕ရတဲ့ မိႈ) ခဲြျခားနည္း ကေတာ႕ အဆိပ္မရိွတဲ့မိႈဟာ မိႈရဲ႕ထိပ္ဖက္(Cap)ဟာ ျပားရပါမယ္။ မိႈရဲ႕ရိုးတန္မွာ(Bumps) လို႔ ေခၚတဲ့ မိႈရိုးတံရဲ႕ေျခစြပ္(ကြင္းစြပ္) မပါရိွရပါဘူး။

၂။ ငါးပူတင္း (Pufferfish)

ငါးပူတင္းဟာ အဆိပ္အေတာက္ အလြန္ျဖစ္ေစတဲ့အတြက္ ဂ်ပန္မွာ ဆိုရင္ ငါးပူတင္းကို ခ်က္ျပဳတ္မယ့္ စားဖိုမွဴးေတြကို အထူး ေလ့က်င့္ေပးထားျပီး ငါးပူတင္းခ်က္ျပဳတ္ႏိုင္တဲ့ အသိအမွတ္ျပဳ လက္မွတ္ (Certificate) ထုတ္မေပးခင္မွာ ကၽြမ္းက်င္မႈကို စစ္ေဆးျပီးမွ ထုတ္ေပးပါတယ္။ ေလ့က်င့္တဲ့ ကာလဟာ ၂ႏွစ္၊၃ႏွစ္ ၾကာပါတယ္။ စစ္ေဆးမႈကို ေအာင္ျမင္ဖို႔ ခ်က္ျပဳတ္သူဟာ ငါးပူတင္းကို ဘယ္အစိတ္အပိုင္းကို ဘယ္လိုလွီးျပီး ဖယ္ထုတ္ရမယ္ဆိုတာကို ေရးေျဖေျဖရပါတယ္။

ျပီးရင္ လက္ေတြ႕ေျဖဆိုမႈအေနနဲ႔ ငါးပူတင္းကို ကိုယ္တိုင္လွီးျဖတ္ ခ်က္ျပဳတ္ျပီး ကိုယ္တိုင္စားေသာက္ရပါတယ္။ ေျဖဆိုသူေတြရဲ႕ ၃၀ရာခိုင္ႏႈန္းသာ ေအာင္ျမင္ပါတယ္။ငါးပူတင္းဟာ Golden Poison Frog ဆိုတဲ့ ဖားတစ္မ်ိဳးျပီးလွ်င္ ကမၻာေပၚမွာ ဒုတိယေျမာက္ အဆိပ္သင့္ႏုိင္ဆံုး ေက်ာရိုးရိွသတၱ၀ါျဖစ္ျပီး ဂ်ပန္ႏိုင္ငံမွာ တစ္ခုတည္းေသာ တားျမစ္ထိန္းခ်ဳပ္ထားေသာ အစားအစာ ျဖစ္ပါတယ္။

၃။ ဘယ္ရီးသီးတစ္မ်ိဳး (Elderberry)

Elderberry လို႔ေခၚတဲ႕ ဘယ္ရီသီးတစ္မ်ိဳးဟာ အလြန္ဆြဲေဆာင္မႈရိွျပီး အသီးက အတန္ငယ္ႀကီးပါတယ္။ ပန္းခိုင္ဟာ အလြန္ေမႊးတဲ့ အနံ႔ရိွျပီး ေသးငယ္တဲ့ ပန္းပြင့္ေလးေပါင္းေျမာက္မ်ားစြာနဲ႔ ဖြဲ႕စည္းထားပါတယ္။ Elderberry ပန္းပြင့္ကို ဆိုဒါနဲ႔ ေရာေသာက္ရာ ေဖ်ာ္ရည္၊ အခ်ိဳရည္ေတြထဲမွာ ထည့္သြင္း အသံုးျပဳပါတယ္။ တစ္ခါတစ္ရံ အပြင့္ကို ေၾကာ္ျပီးလည္း စားေလ့ရိွပါတယ္။

ဒါေပမယ့္ Elderberry ရဲ႕ အသံုး၀င္မႈေတြရဲ႕ ေနာက္ကြယ္မွာ အႏၱရာယ္ေတြလည္း ရိွေနပါတယ္။ Elderberry ရဲ႕ အျမစ္နဲ႕ အခ်ိဳ႕အစိတ္အပိုင္းေတြဟာ အဆိပ္ရိွျပီး ျပင္းထန္တဲ့ ၀မ္းဗိုက္ပိုင္းဆိုင္ရာ ျပႆနာေတြကို ေပးႏိုင္ပါတယ္။ ဒါေႀကာင့္ Elderberry ပင္ရဲ႕ အပြင့္ကို ဆြတ္ခူးျပီး စားမယ္ဆိုရင္ အပြင့္ကလြဲျပီး အပင္ရဲ႕ အျခားအစိတ္အပိုင္းေတြကို မစားမိဖို႔ သတိျပဳရပါမယ္။

၄။ ၾကက္ဆူဆီ (Castor Oil)

ၾကက္ဆူဆီကို ေခ်ာကလက္၊သႀကားလံုးနဲ႔ အျခားအစားအစာေတြမွာ ထည့္သြင္း အသံုးျပဳေလ႔ရိွပါတယ္။ ဒါ့အျပင္ ၀မ္းေပ်ာ႔ေပ်ာ႔ သြားေအာင္လည္း ၾကက္ဆူဆီ နည္းနည္းေသာက္ေလ့ရိွႀကတယ္။ ကၽြႏု္ပ္တို႔ အသံုးျပဳေနတဲ့ ၾကက္ဆူဆီဟာ စနစ္တက် သန္႔စင္ထုတ္လုပ္ ထားတာျဖစ္လို႔ ေဘးကင္းေပမယ့္ ၾကက္ဆူေစ့ကေတာ့ စားမိရင္ ေသေစႏိုင္ပါတယ္။ လူတစ္ေယာက္ဟာ ၾကက္ဆူေစ့ တစ္ေစ့စားမိရင္ ေသႏိုင္ျပီး ျမင္းဆိုလွ်င္ ေလးေစ့စားမိလွ်င္ ေသႏိုင္ပါတယ္။

ၾကက္ဆူေစ့မွာ ပါ၀င္တဲ့ အဆိပ္ကေတာ့ ricin ဆိုတဲ့ ပရိုတင္းတစ္မ်ိဳးျဖစ္ျပီး ၎ကို ၾကက္ဆူေစ့မွ ထုတ္ယူကာ ဇီ၀လက္နက္ (bioweapon) အျဖစ္ အသံုးျပဳတာလည္းရိွေႀကာင္း သိရပါတယ္။ ၾကက္ဆူေစ့ခူးယူတဲ့ လုပ္သားေတြက ၾကက္ဆူေစ့ကို စားမိျပီး မေတာ္တဆေသဆံုးျခင္းမွ ေရွာင္ရွားဖို႔ တင္းက်ပ္တဲ့ လမ္းညႊန္ခ်က္ေတြ ခ်မွတ္ထားရပါတယ္။ အဲဒီလို လုပ္တာေတာင္မွ ၾကက္ဆူေစ့ စိုက္ခင္းေတြမွာ ခူးဆြတ္တဲ့လုပ္သားေတြဟာ ၾကက္ဆူေစ့ရဲ႕ ေဘးထြက္ဆုိးက်ိဳးေတြကို မေတာ္တဆခံစားရတဲ့ ျဖစ္ရပ္ေတြ ႀကံဳေတြ႕ေနရဆဲ ျဖစ္ပါတယ္။

၅။ ဗာဒံေစ့ (Almonds)

Almonds လို႔ေခၚတဲ့ ဗာဒံေစ့နဲ႔ ဆင္တူတဲ့အေစ့ အဆန္ကို ပံုကိုျမင္ရင္ေတာ့ လူတိုင္းသိၾကမွာပါ။ ေခ်ာကလက္ေတြ၊ ဘီစကစ္ေတြရဲ႕ ထုတ္ပိုးခြံေတြမွာ Almonds ေစ့ေတြရဲ႕ ပံုေလးေတြကို ေဖၚျပထားေလ့ ရိွတာေၾကာင့္ပါ။ Almonds မွာ အခါးနဲ႔ အခ်ိဳ (bitter almonds နဲ႕ sweet almonds) ဆိုျပီး ၂မ်ိဳး ရိွပါတယ္။ Almonds ေစ့ဟာ သူရဲ႕ထူးျခားတဲ့ အနံ႔အရသာနဲ႔ တာရွည္အထားခံမႈ စတဲ့ အရည္အေသြးေတြေၾကာင့္ အျခားအေစ့ အဆန္ေတြထက္ ပိုျပီး မုန္႔ဖုတ္လုပ္ငန္းေတြမွာ ေရပန္းစားပါတယ္။ ျပႆနာကေတာ့ Almonds ေစ့ဟာ ဆိုင္ယာႏိုက္ (Cyanide) ဆိုတဲ့ အဆိပ္နဲ႔ ျပည့္ႏွက္ေနျပီး အသံုးမျပဳခင္မွာ ဆိုင္ယာႏိုက္ကို ဖယ္ထုတ္ပစ္ရပါတယ္။

ဒါေၾကာင့္မို႔ အခ်ိဳ႕တိုင္းျပည္ေတြ (ဥပမာ – နယူးဇီလန္ႏိုင္ငံ)မွာ bitter almonds ေရာင္း၀ယ္မႈဟာ တရားမ၀င္ ေရာင္း၀ယ္မႈျဖစ္တယ္။ အပူေပးျခင္းအားျဖင့္ Almonds ေစ့ထဲမွာ ပါရိွတဲ့အဆိပ္ကို ဖယ္ထုတ္ႏိုင္တာေၾကာင့္ အေမရိကန္မွာ အပူေပး သန္႔စင္မထားတဲ့ Almonds ေစ့ အစိမ္းကို ေရာင္းခ်ျခင္းမျပဳဖို႔ တားျမစ္ထားတဲ့အတြက္ တရားမ၀င္ ပစၥည္းျဖစ္ပါတယ္။ ေစ်းကြက္မွာ ေရာင္းခ်ေနတဲ့ Almonds ေစ့နဲ႔ ျပဳလုပ္ထားတဲ့ အစားအစာအားလံုးဟာ အပူေပးသန္႔စင္ကာ အဆိပ္ထုတ္ထားျပီး ျဖစ္ပါတယ္။

၆။ ခ်ယ္ရီသီး (Cherries)

ခ်ယ္ရီသီးေတြဟာ အလြန္လူႀကိဳက္မ်ားျပီး မုန္႔ဖုတ္ရာမွာနဲ႔ ခ်က္ျပဳတ္ရာမွာ ထည့္သြင္း အသံုးျပဳပါတယ္။ ခ်ယ္ရီသီးကိုေဖ်ာ္ရည္ အျဖစ္ ထုတ္လုပ္ေရာင္းခ်ျပီး ခ်ယ္ရီသီးကို ဒီအတိုင္းလည္း စားသံုးၾကပါတယ္။ ခ်ယ္ရီသီးဟာ ဆီးသီး၊ တရုတ္ဆီးသီး (apricot) နဲ႔ မက္မြန္သီး (peaches) ေတြနဲ႔ အုပ္စုအတူတူပဲ ျဖစ္ပါတယ္။ အဲဒီ့အသီးေတြရဲ႕ အရြက္နဲ႔ အေစ့မွာ အဆိပ္အေတာက္ ပါ၀င္ပါတယ္။

ခ်ယ္ရီသီးထဲက အေစ့အိမ္မာမာေလးဟာ ကြဲအက္ေနတယ္ဆိုရင္ အေစ့အိမ္ထဲမွာ တည္ရိွတဲ့အေစ့ အဆန္ထဲမွာ ပါ၀င္တဲ့ prussic acid (hydrogen cyanide) ဆိုတဲ့ အဆိပ္အေတာက္ကို စားမိႏိုင္ပါတယ္။ ဒါေၾကာင့္ ခ်ယ္ရီသီးစားရင္ အေစ့ကို စုပ္ျခင္း၊ ကိုက္ခြဲျပီး စားျခင္းတို႔မွ ေရွာင္ပါ။

၇။ ပန္းသီး (Apples)

ခ်ယ္ရီသီးမွာလိုပဲ ပန္းသီးရဲ႕ အေစ့အဆန္ထဲမွာလည္း ဆိုင္ယာႏိုက္ (cyanide) အဆိပ္ပါ၀င္ပါတယ္။ ဒါေပမယ့္ ပါ၀င္မႈကေတာ့ ခ်ယ္ရီသီးရဲ႕ အေစ့မွာထက္ အမ်ားႀကီး နည္းပါးပါတယ္။ ပန္းသီးရဲ႕ အေစ့ကို မႀကာခဏ မေတာ္တဆ စားမိ၊ ၀ါးမိႀကေပမယ့္ သူ႕မွာပါတဲ့ အဆိပ္ပမာဏ နည္းပါးလို႔ အႏၱရာယ္မရိွႀကပါဘူး။ ပန္းသီးတစ္လံုးမွာ ပါ၀င္တဲ့အေစ့ကို စားရံုနဲ႔ မေသႏုိင္ေပမယ့္ ေသေစႏိုင္တဲ့ ပမာဏထိ အမ်ားႀကီး လံုလံုေလာက္ေလာက္ စားမိတယ္ဆိုရင္ ေသႏိုင္ပါတယ္။ အဓိကအားျဖင့္ ပန္းသီးစားျပိဳင္ပြဲလိုမ်ိဳး မ်ားမ်ားစားတဲ့အခါေတြမွာ သတိထားရပါမယ္။

၈။ ပီတမုန္လာ (Rhubarb)

Rhubarb ကို လြန္ခဲ့တဲ့ အႏွစ္၅၀၀၀ ေက်ာ္ကတည္းက ၀မ္းေပ်ာ့ေဆးအျဖစ္ အသံုးျပဳခဲ႔ႀကပါတယ္။ Rhubarb ဟာ ဟင္းသီးဟင္းရြက္ပံုစံ အပင္ငယ္မ်ိဳးျဖစ္ျပီး သူ႕ရဲ႕ရိုးတံ (Stems) ကို စားေသာက္ႏိုင္ပါတယ္။ အရြက္ကေတာ့ အမ်ိဳးအမည္မသိတဲ့ အဆိပ္ႏွင့္ အျခားေလာင္စား တတ္ေသာ အက္စစ္ဓါတ္ေတြ ပါ၀င္ပါတယ္။

၉။ ခရမ္းခ်ဥ္သီး (Tomatoes)

အေမရိကန္မွာ ၁၉၈၃ခုႏွစ္က ခရမ္းခ်ဥ္သီးကို ဟင္းသီးဟင္းရြက္ (Vegetable) အျဖစ္္ အထက္တရားလြတ္ေတာ္က ဆံုးျဖတ္ ေၾကျငာေပးခဲ့တယ္။ က်န္တဲ့ ကမာၻ႕ႏုိင္ငံအမ်ားစုကေတာ့ ခရမ္းခ်ဥ္းသီးကို အသီး (Fruit) အျဖစ္ (တိတိက်က်ေျပာရရင္ ဘယ္ရီသီး တစ္မ်ိဳးအျဖစ္) ယူဆၾကတယ္။ ခရမ္းခ်ဥ္သီးရဲ႕ အရြက္နဲ႔ ပင္စည္ရိုးတံမွာ Glycoalkaloid လို႔ေခၚတဲ့ ဓာတုပစၥည္းပါ၀င္ျပီး ၎ဟာ ျပင္းထန္တဲ့ အာရံုေႀကာဆိုင္ရာ ထိတ္လန္႔ ေႀကာက္ရြံ႕မႈေရာဂါ (Nervouaness) ႏွင့္ အစာအိမ္ ၀မ္းဗိုက္ပိုင္း ျပႆနာကို ခံစားရႏိုင္ပါတယ္။

၁၀။ အာလူး (Potatoes)

အာလူးအေႀကာင္းနဲ႔ ပတ္သတ္ျပီး ဥေရာပမွာ ၁၆ရာစုက ေရးသားတဲ့ စာအုပ္ေတြထဲမွာ စတင္ေတြ႕ရိွရပါတယ္။ အေနာက္တိုင္း စားေသာက္မႈပံုစံေတြမွာ အာလူးဟာ အဓိက ဟင္းသီးဟင္းရြက္ ဟင္းလ်ာအေနနဲ႔ အျမဲတမ္း ပါ၀င္ေလ့ရိွပါတယ္။ အာရွမွာဆိုရင္လည္း အိႏၵိယ အစားအစာ၊ အာရပ္အစားအစာ ေတြထဲမွာ အာလူးကို အဓိကထားျပီး ခ်က္ျပဳတ္ ျပင္ဆင္ႀကပါတယ္။ ျမန္မာအပါအ၀င္ အာရွႏိုင္ငံေတြလည္း ထိုနည္းလည္းေကာင္းဆိုသလို အာလူးမစားတဲ့ ႏုိင္ငံ မရိွသေလာက္ ရွားပါးပါတယ္။

အာကာသထဲကိုသြားမယ့္ အာကာသယာဥ္မႈးေတြရဲ႕ အစားအစာထဲမွာေတာင္ အာလူး ပါ၀င္ပါတယ္။ အလံုးလိုက္ ၾကာရွည္စြာ ထားသိုႏုိင္ျပီး အလြယ္တကူ ခ်က္ျပဳတ္ႏိုင္တဲ့အျပင္ အာဟာရဓါတ္နဲ႔ ကဆီဓါတ္ေတြ ပါ၀င္လို႔ အာလူးကို အဓိက အစားအစာအေနနဲ႔ ယူသြားဖို႔ စီစဥ္ခဲ့တာပါ။ ငတ္မြတ္ ဆာေလာင္ေနတဲ့ မ်က္ႏွာေတြကို အဓိကထား ေရးဆြဲထားတဲ့ ဗင္းဆင့္ဗန္ဂိုးရဲ႕ ကမၻာေက်ာ္ ပန္းခ်ီကား တစ္ခ်ပ္ရဲ႕ အမည္ေတာင္မွ ‘အာလူး စားသူမ်ား’ ဆိုျပီးျဖစ္ပါတယ္။ အာလူးရဲ႕ ပင္စည္၊အရြက္ေတြမွာ အဆိပ္ပါ၀င္ျပီး အာလူးဟာအစိမ္းေရာင္သန္းေနရင္ အစို႔အေညွာင့္ ထြက္ေနလွ်င္ အဆိပ္အေတာက္ရိွပါတယ္။

အာလူးမွာပါ၀င္တဲ့ အဆိပ္အေတာက္ျဖစ္တဲ့ Glycoalkaloid ပါ၀င္မႈ ျမင့္မားေနလို႔ အာလူးဟာ အစိမ္းေရာင္သန္းေနတာပါ။ ဒါ့ေႀကာင့္ အာလူးကို မူလအေရာင္အေသြးမဟုတ္ဘဲ စိမ္းေနရင္မစားပါႏွင့္။ အာလူးအဆိပ္သင့္ျခင္းက ရွားပါးေပမယ့္ ျဖစ္လာခဲ့လွ်င္လည္း ေသႏုိင္ပါတယ္။ အားအင္ခ်ိျခင္း၊ ေ၀၀ါးျခင္း၊ သတိေမ့ေျမာေနျခင္း စသည္ တို႔ျဖစ္ျပီးေနာက္ ေသဆံုးႏုိင္ပါတယ္။ လြန္ခဲ့တဲ့ အႏွစ္ငါးဆယ္က အေမရိကန္ႏိုင္ငံမွာ အစိမ္းေရာင္ေျပာင္းေနတဲ့ အာလူးစားခဲ့သူေတြနဲ႔ အာလူးရြက္လက္ဖက္ရည္ ေသာက္ခဲ့သူေတြ ေသဆံုးခဲ့ပါတယ္။

Good Health Journal

———————–

သင်မသိလောက်သေးတဲ့ အဆိပ်အတောက်ဖြစ်စေနိုင်မှု အမြင့်မားဆုံး အစားအစာ (၁၀)မျိုး (unicode)

၁။ မှိုများ (Mushrooms)

မှိုတိုင်းကတော့ အဆိပ်အတောက် မဖြစ်ပေမဲ့ မှိုဟာ အဆိပ်အတောက် ဖြစ်ပွားနိုင်မှု များပြားတဲ့ အစားအစာ ဖြစ်ပါတယ်။ မှိုမှာ စားကောင်းတဲ့ မှိုနဲ့ မစားကောင်းတဲ့ မှို(အဆိပ်ရှိမှို) ဆိုပြီး ရှိပါတယ်။ အဲဒီ့ နှစ်ခုကို ခွဲခြားနိုင်တဲ့ လက္ခဏာရပ်တွေ ရှိပေမဲ့ အမျိုးအမည် မသိတဲ့ မှိုတွေကိုတော့ မစားတာ အကောင်းဆုံးပါပဲ။ အကြမ်းအားဖြင့် အဆိပ်ရှိတဲ့မှိုနဲ့ အဆိပ်မရှိတဲ့မှို (စားလို့ရတဲ့ မှို) ခွဲခြားနည်း ကတော့ အဆိပ်မရှိတဲ့မှိုဟာ မှိုရဲ့ထိပ်ဖက်(Cap)ဟာ ပြားရပါမယ်။ မှိုရဲ့ရိုးတန်မှာ(Bumps) လို့ ခေါ်တဲ့ မှိုရိုးတံရဲ့ခြေစွပ်(ကွင်းစွပ်) မပါရှိရပါဘူး။

၂။ ငါးပူတင်း (Pufferfish)

ငါးပူတင်းဟာ အဆိပ်အတောက် အလွန်ဖြစ်စေတဲ့အတွက် ဂျပန်မှာ ဆိုရင် ငါးပူတင်းကို ချက်ပြုတ်မယ့် စားဖိုမှူးတွေကို အထူး လေ့ကျင့်ပေးထားပြီး ငါးပူတင်းချက်ပြုတ်နိုင်တဲ့ အသိအမှတ်ပြု လက်မှတ် (Certificate) ထုတ်မပေးခင်မှာ ကျွမ်းကျင်မှုကို စစ်ဆေးပြီးမှ ထုတ်ပေးပါတယ်။ လေ့ကျင့်တဲ့ ကာလဟာ ၂နှစ်၊၃နှစ် ကြာပါတယ်။ စစ်ဆေးမှုကို အောင်မြင်ဖို့ ချက်ပြုတ်သူဟာ ငါးပူတင်းကို ဘယ်အစိတ်အပိုင်းကို ဘယ်လိုလှီးပြီး ဖယ်ထုတ်ရမယ်ဆိုတာကို ရေးဖြေဖြေရပါတယ်။ ပြီးရင် လက်တွေ့ဖြေဆိုမှုအနေနဲ့ ငါးပူတင်းကို ကိုယ်တိုင်လှီးဖြတ် ချက်ပြုတ်ပြီး ကိုယ်တိုင်စားသောက်ရပါတယ်။ ဖြေဆိုသူတွေရဲ့ ၃ဝရာခိုင်နှုန်းသာ အောင်မြင်ပါတယ်။ငါးပူတင်းဟာ Golden Poison Frog ဆိုတဲ့ ဖားတစ်မျိုးပြီးလျှင် ကမ္ဘာပေါ်မှာ ဒုတိယမြောက် အဆိပ်သင့်နိုင်ဆုံး ကျောရိုးရှိသတ္တဝါဖြစ်ပြီး ဂျပန်နိုင်ငံမှာ တစ်ခုတည်းသော တားမြစ်ထိန်းချုပ်ထားသော အစားအစာ ဖြစ်ပါတယ်။

၃။ ဘယ်ရီးသီးတစ်မျိုး (Elderberry)

Elderberry လို့ခေါ်တဲ့ ဘယ်ရီသီးတစ်မျိုးဟာ အလွန်ဆွဲဆောင်မှုရှိပြီး အသီးက အတန်ငယ်ကြီးပါတယ်။ ပန်းခိုင်ဟာ အလွန်မွှေးတဲ့ အနံ့ရှိပြီး သေးငယ်တဲ့ ပန်းပွင့်လေးပေါင်းမြောက်များစွာနဲ့ ဖွဲ့စည်းထားပါတယ်။ Elderberry ပန်းပွင့်ကို ဆိုဒါနဲ့ ရောသောက်ရာ ဖျော်ရည်၊ အချိုရည်တွေထဲမှာ ထည့်သွင်း အသုံးပြုပါတယ်။ တစ်ခါတစ်ရံ အပွင့်ကို ကြော်ပြီးလည်း စားလေ့ရှိပါတယ်။ ဒါပေမယ့် Elderberry ရဲ့ အသုံးဝင်မှုတွေရဲ့ နောက်ကွယ်မှာ အန္တရာယ်တွေလည်း ရှိနေပါတယ်။ Elderberry ရဲ့ အမြစ်နဲ့ အချို့အစိတ်အပိုင်းတွေဟာ အဆိပ်ရှိပြီး ပြင်းထန်တဲ့ ဝမ်းဗိုက်ပိုင်းဆိုင်ရာ ပြဿနာတွေကို ပေးနိုင်ပါတယ်။ ဒါကြောင့် Elderberry ပင်ရဲ့ အပွင့်ကို ဆွတ်ခူးပြီး စားမယ်ဆိုရင် အပွင့်ကလွဲပြီး အပင်ရဲ့ အခြားအစိတ်အပိုင်းတွေကို မစားမိဖို့ သတိပြုရပါမယ်။

၄။ ကြက်ဆူဆီ (Castor Oil)

ကြက်ဆူဆီကို ချောကလက်၊သကြားလုံးနဲ့ အခြားအစားအစာတွေမှာ ထည့်သွင်း အသုံးပြုလေ့ရှိပါတယ်။ ဒါ့အပြင် ဝမ်းပျော့ပျော့ သွားအောင်လည်း ကြက်ဆူဆီ နည်းနည်းသောက်လေ့ရှိကြတယ်။ ကျွန်ုပ်တို့ အသုံးပြုနေတဲ့ ကြက်ဆူဆီဟာ စနစ်တကျ သန့်စင်ထုတ်လုပ် ထားတာဖြစ်လို့ ဘေးကင်းပေမယ့် ကြက်ဆူစေ့ကတော့ စားမိရင် သေစေနိုင်ပါတယ်။ လူတစ်ယောက်ဟာ ကြက်ဆူစေ့ တစ်စေ့စားမိရင် သေနိုင်ပြီး မြင်းဆိုလျှင် လေးစေ့စားမိလျှင် သေနိုင်ပါတယ်။ ကြက်ဆူစေ့မှာ ပါဝင်တဲ့ အဆိပ်ကတော့ ricin ဆိုတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပြီး ၎င်းကို ကြက်ဆူစေ့မှ ထုတ်ယူကာ ဇီဝလက်နက် (bioweapon) အဖြစ် အသုံးပြုတာလည်းရှိကြောင်း သိရပါတယ်။ ကြက်ဆူစေ့ခူးယူတဲ့ လုပ်သားတွေက ကြက်ဆူစေ့ကို စားမိပြီး မတော်တဆသေဆုံးခြင်းမှ ရှောင်ရှားဖို့ တင်းကျပ်တဲ့ လမ်းညွှန်ချက်တွေ ချမှတ်ထားရပါတယ်။ အဲဒီလို လုပ်တာတောင်မှ ကြက်ဆူစေ့ စိုက်ခင်းတွေမှာ ခူးဆွတ်တဲ့လုပ်သားတွေဟာ ကြက်ဆူစေ့ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို မတော်တဆခံစားရတဲ့ ဖြစ်ရပ်တွေ ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။

၅။ ဗာဒံစေ့ (Almonds)

Almonds လို့ခေါ်တဲ့ ဗာဒံစေ့နဲ့ ဆင်တူတဲ့အစေ့ အဆန်ကို ပုံကိုမြင်ရင်တော့ လူတိုင်းသိကြမှာပါ။ ချောကလက်တွေ၊ ဘီစကစ်တွေရဲ့ ထုတ်ပိုးခွံတွေမှာ Almonds စေ့တွေရဲ့ ပုံလေးတွေကို ဖေါ်ပြထားလေ့ ရှိတာကြောင့်ပါ။ Almonds မှာ အခါးနဲ့ အချို (bitter almonds နဲ့ sweet almonds) ဆိုပြီး ၂မျိုး ရှိပါတယ်။ Almonds စေ့ဟာ သူရဲ့ထူးခြားတဲ့ အနံ့အရသာနဲ့ တာရှည်အထားခံမှု စတဲ့ အရည်အသွေးတွေကြောင့် အခြားအစေ့ အဆန်တွေထက် ပိုပြီး မုန့်ဖုတ်လုပ်ငန်းတွေမှာ ရေပန်းစားပါတယ်။ ပြဿနာကတော့ Almonds စေ့ဟာ ဆိုင်ယာနိုက် (Cyanide) ဆိုတဲ့ အဆိပ်နဲ့ ပြည့်နှက်နေပြီး အသုံးမပြုခင်မှာ ဆိုင်ယာနိုက်ကို ဖယ်ထုတ်ပစ်ရပါတယ်။ ဒါကြောင့်မို့ အချို့တိုင်းပြည်တွေ (ဥပမာ – နယူးဇီလန်နိုင်ငံ)မှာ bitter almonds ရောင်းဝယ်မှုဟာ တရားမဝင် ရောင်းဝယ်မှုဖြစ်တယ်။ အပူပေးခြင်းအားဖြင့် Almonds စေ့ထဲမှာ ပါရှိတဲ့အဆိပ်ကို ဖယ်ထုတ်နိုင်တာကြောင့် အမေရိကန်မှာ အပူပေး သန့်စင်မထားတဲ့ Almonds စေ့ အစိမ်းကို ရောင်းချခြင်းမပြုဖို့ တားမြစ်ထားတဲ့အတွက် တရားမဝင် ပစ္စည်းဖြစ်ပါတယ်။ ဈေးကွက်မှာ ရောင်းချနေတဲ့ Almonds စေ့နဲ့ ပြုလုပ်ထားတဲ့ အစားအစာအားလုံးဟာ အပူပေးသန့်စင်ကာ အဆိပ်ထုတ်ထားပြီး ဖြစ်ပါတယ်။

၆။ ချယ်ရီသီး (Cherries)

ချယ်ရီသီးတွေဟာ အလွန်လူကြိုက်များပြီး မုန့်ဖုတ်ရာမှာနဲ့ ချက်ပြုတ်ရာမှာ ထည့်သွင်း အသုံးပြုပါတယ်။ ချယ်ရီသီးကိုဖျော်ရည် အဖြစ် ထုတ်လုပ်ရောင်းချပြီး ချယ်ရီသီးကို ဒီအတိုင်းလည်း စားသုံးကြပါတယ်။ ချယ်ရီသီးဟာ ဆီးသီး၊ တရုတ်ဆီးသီး (apricot) နဲ့ မက်မွန်သီး (peaches) တွေနဲ့ အုပ်စုအတူတူပဲ ဖြစ်ပါတယ်။ အဲဒီ့အသီးတွေရဲ့ အရွက်နဲ့ အစေ့မှာ အဆိပ်အတောက် ပါဝင်ပါတယ်။ ချယ်ရီသီးထဲက အစေ့အိမ်မာမာလေးဟာ ကွဲအက်နေတယ်ဆိုရင် အစေ့အိမ်ထဲမှာ တည်ရှိတဲ့အစေ့ အဆန်ထဲမှာ ပါဝင်တဲ့ prussic acid (hydrogen cyanide) ဆိုတဲ့ အဆိပ်အတောက်ကို စားမိနိုင်ပါတယ်။ ဒါကြောင့် ချယ်ရီသီးစားရင် အစေ့ကို စုပ်ခြင်း၊ ကိုက်ခွဲပြီး စားခြင်းတို့မှ ရှောင်ပါ။

၇။ ပန်းသီး (Apples)

ချယ်ရီသီးမှာလိုပဲ ပန်းသီးရဲ့ အစေ့အဆန်ထဲမှာလည်း ဆိုင်ယာနိုက် (cyanide) အဆိပ်ပါဝင်ပါတယ်။ ဒါပေမယ့် ပါဝင်မှုကတော့ ချယ်ရီသီးရဲ့ အစေ့မှာထက် အများကြီး နည်းပါးပါတယ်။ ပန်းသီးရဲ့ အစေ့ကို မကြာခဏ မတော်တဆ စားမိ၊ ဝါးမိကြပေမယ့် သူ့မှာပါတဲ့ အဆိပ်ပမာဏ နည်းပါးလို့ အန္တရာယ်မရှိကြပါဘူး။ ပန်းသီးတစ်လုံးမှာ ပါဝင်တဲ့အစေ့ကို စားရုံနဲ့ မသေနိုင်ပေမယ့် သေစေနိုင်တဲ့ ပမာဏထိ အများကြီး လုံလုံလောက်လောက် စားမိတယ်ဆိုရင် သေနိုင်ပါတယ်။ အဓိကအားဖြင့် ပန်းသီးစားပြိုင်ပွဲလိုမျိုး များများစားတဲ့အခါတွေမှာ သတိထားရပါမယ်။

၈။ ပီတမုန်လာ (Rhubarb)

Rhubarb ကို လွန်ခဲ့တဲ့ အနှစ်၅၀၀၀ ကျော်ကတည်းက ဝမ်းပျော့ဆေးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ Rhubarb ဟာ ဟင်းသီးဟင်းရွက်ပုံစံ အပင်ငယ်မျိုးဖြစ်ပြီး သူ့ရဲ့ရိုးတံ (Stems) ကို စားသောက်နိုင်ပါတယ်။ အရွက်ကတော့ အမျိုးအမည်မသိတဲ့ အဆိပ်နှင့် အခြားလောင်စား တတ်သော အက်စစ်ဓါတ်တွေ ပါဝင်ပါတယ်။

၉။ ခရမ်းချဉ်သီး (Tomatoes)

အမေရိကန်မှာ ၁၉၈၃ခုနှစ်က ခရမ်းချဉ်သီးကို ဟင်းသီးဟင်းရွက် (Vegetable) အဖြစ် အထက်တရားလွတ်တော်က ဆုံးဖြတ် ကြေငြာပေးခဲ့တယ်။ ကျန်တဲ့ ကမ္ဘာ့နိုင်ငံအများစုကတော့ ခရမ်းချဉ်းသီးကို အသီး (Fruit) အဖြစ် (တိတိကျကျပြောရရင် ဘယ်ရီသီး တစ်မျိုးအဖြစ်) ယူဆကြတယ်။ ခရမ်းချဉ်သီးရဲ့ အရွက်နဲ့ ပင်စည်ရိုးတံမှာ Glycoalkaloid လို့ခေါ်တဲ့ ဓာတုပစ္စည်းပါဝင်ပြီး ၎င်းဟာ ပြင်းထန်တဲ့ အာရုံကြောဆိုင်ရာ ထိတ်လန့် ကြောက်ရွံ့မှုရောဂါ (Nervouaness) နှင့် အစာအိမ် ဝမ်းဗိုက်ပိုင်း ပြဿနာကို ခံစားရနိုင်ပါတယ်။

၁၀။ အာလူး (Potatoes)

အာလူးအကြောင်းနဲ့ ပတ်သတ်ပြီး ဥရောပမှာ ၁၆ရာစုက ရေးသားတဲ့ စာအုပ်တွေထဲမှာ စတင်တွေ့ရှိရပါတယ်။ အနောက်တိုင်း စားသောက်မှုပုံစံတွေမှာ အာလူးဟာ အဓိက ဟင်းသီးဟင်းရွက် ဟင်းလျာအနေနဲ့ အမြဲတမ်း ပါဝင်လေ့ရှိပါတယ်။ အာရှမှာဆိုရင်လည်း အိန္ဒိယ အစားအစာ၊ အာရပ်အစားအစာ တွေထဲမှာ အာလူးကို အဓိကထားပြီး ချက်ပြုတ် ပြင်ဆင်ကြပါတယ်။ မြန်မာအပါအဝင် အာရှနိုင်ငံတွေလည်း ထိုနည်းလည်းကောင်းဆိုသလို အာလူးမစားတဲ့ နိုင်ငံ မရှိသလောက် ရှားပါးပါတယ်။ အာကာသထဲကိုသွားမယ့် အာကာသယာဉ်မှုးတွေရဲ့ အစားအစာထဲမှာတောင် အာလူး ပါဝင်ပါတယ်။ အလုံးလိုက် ကြာရှည်စွာ ထားသိုနိုင်ပြီး အလွယ်တကူ ချက်ပြုတ်နိုင်တဲ့အပြင် အာဟာရဓါတ်နဲ့ ကဆီဓါတ်တွေ ပါဝင်လို့ အာလူးကို အဓိက အစားအစာအနေနဲ့ ယူသွားဖို့ စီစဉ်ခဲ့တာပါ။ ငတ်မွတ် ဆာလောင်နေတဲ့ မျက်နှာတွေကို အဓိကထား ရေးဆွဲထားတဲ့ ဗင်းဆင့်ဗန်ဂိုးရဲ့ ကမ္ဘာကျော် ပန်းချီကား တစ်ချပ်ရဲ့ အမည်တောင်မှ ‘အာလူး စားသူများ’ ဆိုပြီးဖြစ်ပါတယ်။ အာလူးရဲ့ ပင်စည်၊အရွက်တွေမှာ အဆိပ်ပါဝင်ပြီး အာလူးဟာအစိမ်းရောင်သန်းနေရင် အစို့အညှောင့် ထွက်နေလျှင် အဆိပ်အတောက်ရှိပါတယ်။ အာလူးမှာပါဝင်တဲ့ အဆိပ်အတောက်ဖြစ်တဲ့ Glycoalkaloid ပါဝင်မှု မြင့်မားနေလို့ အာလူးဟာ အစိမ်းရောင်သန်းနေတာပါ။ ဒါ့ကြောင့် အာလူးကို မူလအရောင်အသွေးမဟုတ်ဘဲ စိမ်းနေရင်မစားပါနှင့်။ အာလူးအဆိပ်သင့်ခြင်းက ရှားပါးပေမယ့် ဖြစ်လာခဲ့လျှင်လည်း သေနိုင်ပါတယ်။ အားအင်ချိခြင်း၊ ဝေ၀ါးခြင်း၊ သတိမေ့မြောနေခြင်း စသည် တို့ဖြစ်ပြီးနောက် သေဆုံးနိုင်ပါတယ်။ လွန်ခဲ့တဲ့ အနှစ်ငါးဆယ်က အမေရိကန်နိုင်ငံမှာ အစိမ်းရောင်ပြောင်းနေတဲ့ အာလူးစားခဲ့သူတွေနဲ့ အာလူးရွက်လက်ဖက်ရည် သောက်ခဲ့သူတွေ သေဆုံးခဲ့ပါတယ်။

Good Health Journal

Leave a Reply