မုိင္းပြန္ေစာ္ဘြားႀကီးရဲ႕ လူသိနည္းတဲ့ျဖစ္ရပ္တစ္ခု

Posted on

မုိင္းပြန္ေစာ္ဘြားႀကီးလုိ႔ ဆုိလုိက္လွ်င္ ဇူလုိင္ ၁၉ တြင္ ဗုိလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ အတူက်ဆုံးသြားခဲ့ေသာ အာဇာနည္ေခါင္းေဆာင္တစ္ဦးဆုိတာ အားလုံးသိၿပီးျဖစ္မွာပါ။ မုိင္းပြန္ေစာ္ဘြားႀကီးရဲ႕ရုပ္ကလာပ္နဲ႔ ပတ္သတ္ၿပီးလူသိနည္းတဲ့ျဖစ္ရပ္တစ္ခု ရွိခဲ့ပါတယ္။

မုိင္းပြန္ေစာ္ဘြားႀကီးစဝ္စံထြန္းကုိ မုိင္းပြန္ ေစာ္ဘြားႀကီး စဝ္ခြန္ထီးႏွင့္ ေျမာက္နန္းေဆာင္ မဟာေဒဝီ နန္းစိန္ဥ တုိ႔က ၁၉၀၇ခုႏွစ္ ေမလ ၃၁ရက္ေန႔မွာ ဖြားျမင္ခဲ့ပါတယ္။ ၅ႏွစ္သားတြင္ တရားမစာေရးႀကီး ဦးစံေဖထံတြင္ ျမန္မာ၊ အဂၤလိပ္အေျခခံမ်ားကုိ ၂ႏွစ္ၾကာသင္ယူခဲ့ပါတယ္။ ေတာင္ႀကီးၿမဳိ႕ရွမ္းေစာ္ဘြားမ်ားေက်ာင္းမွ ၁၀တန္း ေအာင္ျမင္ခဲ့ပါတယ္။

ထို႔ေနာက္ မိတၳီလာၿမိဳ႕ စက္ရွင္တရားသူႀကီး ဦးေက်ာက္တိုင္႐ုံး၌ ၆ လ အလုပ္သင္ လုပ္ခဲ့ၿပီး မႏၲေလးၿမိဳ႕ ရဲအုပ္သင္တန္းေက်ာင္းတြင္ ၆-လတက္ေရာက္ခဲ့ပါတယ္။ ရဲအုပ္သင္တန္း ဆင္းၿပီးတဲ့အခါ ဗန္းေမာ္ၿမိဳ႕တြင္ အလုပ္သင္ ရဲဝန္ေထာက္အျဖစ္ ေခတၱ ေဆာင္႐ြက္ခဲ့ၿပီး ထိုမွတဖန္ ေတာင္ႀကီးၿမိဳ႕ ရွမ္းျပည္မင္းႀကီး႐ုံတြင္ အလုပ္လုပ္ခဲ့ပါတယ္။

၁၉၂၈ခုႏွစ္ ဇြန္လ ၂၀ ရက္ (ဝါဆိုလဆန္း ၁၁-ရက္) ေန႔တြင္ အခမ္းအနားျဖင့္ေစာ္ဘြား ရာထူးဆက္ခံရသည္မွ မိုင္းပြန္ေစာ္ဘြားဟု အမည္တြင္ခဲ့ပါတယ္။ အဲဒီအခ်ိန္က ေစာ္ဘြားႀကီးရဲ႕အသက္ဟာ ၂၁ႏွစ္ပဲ ရွိပါေသးတယ္။ မုိးမိတ္ေစာ္ဘြားႀကီး၏ သမီးစဝ္ခင္ေသာင္းႏွင့္ ေပါင္းဖက္ကာ သားသမီး ၄ ဦး ထြန္းကားခဲ့ပါတယ္။ သူတုိ႔ကေတာ့ စဝ္ေဆဟုန္ နဲ႔ စဝ္ကိုင္ဖဟူေသာ သား ၂ဦးႏွင့္ စဝ္သုနႏၵာႏွင့္ စဝ္ျမင့္ၾကည္ ဟူေသာ သမီးႏွစ္ဦး တို႔ျဖစ္ၾကပါတယ္။ အျခားေစာ္ဘြားမ်ားကဲ့သို႔ ဇနီးအမ်ားအျပား မထားရွိဘဲ ဇနီးတစ္ဦးသာ ရွိပါတယ္။

ေစာ္ဘြားႀကီးသည္ စာဖတ္ျခင္း ၊ အေကာ္ဒီယံေခၚ လက္ဆြဲဘာဂ်ာႏွင့္ ပတၱလားတီးျခင္း ၊ သုိင္းေလ့က်င့္ျခင္းတုိ႔ကို အလြန္ႏွစ္သက္ပါတယ္။ အရက္ေသစာ ၊ ကြမ္း ၊ ေဆးလိပ္မ်ားကို လုံး၀ေရွာင္ၾကဥ္သူျဖစ္ပါတယ္။ က်န္းမာေရးကိုအထူးလိုက္စားၿပီး တင္းနစ္၊ ခရစ္ကက္၊ ေဟာ္ကီႏွင့္ ေဘာလုံး စတဲ့ကစားနည္းမ်ားကို ကစားခဲ့ပါတယ္။ ေဘာလုံးအားကစားနည္းတြင္ အထူးကြ်မ္းက်င္သူျဖစ္ၿပီး ဂိုးေစာင့္ ႏွင့္ လက္ဝဲဝင္းအျဖစ္နာမည္ႀကီးခဲ့ဖူးပါတယ္။

ေပါင္းသင္းဆက္ဆံေရးတြင္လည္း အလြန္ေျပျပစ္သူျဖစ္သလုိ ရွမ္းျပည္သူမ်ားအား ဂ်ပန္တုိ႔၏ဖိႏွိပ္မႈမွ ရဲရဲ၀ံ႔၀ံ႔ဆန္႔က်င့္၀ံ႔သူလည္းျဖစ္ပါတယ္။ ရွမ္းျပည္နယ္တြင္ သိပၸံနည္းက်စုိက္ပ်ဳိးေရးထြန္းကားလာေစရန္ ႏုိင္ငံတကာမွ ေခတ္မီစာအုပ္မ်ား ၊ ကိရိယာ တန္ဆာ ပလာမ်ားကုိ ၀ယ္ယူကာ ႀကဳိးပမ္းခဲ့သူလည္း ျဖစ္ပါတယ္။ စစ္မျဖစ္မီကပင္ လူနာ ၆၀ ဆန္႔ ေခတ္မီေဆးရုံႀကီးကုိလည္း ကုိယ္တုိင္ႀကပ္မတ္ကာ အစဆုံးတည္ေဆာက္ခဲ့ ပါတယ္။

ေစာ္ဘြားႀကီးရဲ႕ေဟာ္နန္းေဟာင္း

ဒုတိယကမၻာစစ္ႀကီး ၿပီး၍ အဂၤလိပ္မ်ား ျမန္မာႏိုင္ငံသို႔ ျပန္ဝင္လာေသာ္ ယင္းႏွင့္ အတူ ပါလာေသာ စကၠဴျဖဴအုပ္ခ်ဳပ္ေရးကို ဆန္႔က်င္ခဲ့သူ ျဖစ္ပါတယ္။ ကမၻာ့အေျခအေန၊ ျမန္မာ့အေျခအေန၊ ေတာင္းတန္းေဒသအေျခအေနတို႔ကို ကြက္ေက်ာ္ျမင္ၿပီး အဂၤလိပ္တို႔၏ ေတာင္တန္းႏွင့္ ေျမျပန္႔ ေသြးခြဲ၍ အုပ္ခ်ဳပ္ သည္ကို မလိုလား၍ ေျမျပန္႔ႏွင့္ ေတာင္တန္း စည္းလုံး ညီၫြတ္ေရး အတြက္ လုံးပမ္းခဲ့သူ ျဖစ္ပါတယ္။

၁၉၄၆ခုႏွစ္ ႏုိ၀င္ဘာလမွ စ၍ ဗုိလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ ရင္းႏွီးစြာေဆာင္ရြက္လာခဲ့ၿပီး ေတာင္တန္း-ျမန္မာ ပူးေပါင္းသည့္ ပင္လုံစာခ်ဳပ္္တြင္ ပါ၀င္လက္မွတ္ေရးထုိးခဲ့ပါတယ္။ ၁၉၄၆ ခုႏွစ္ မတ္လ ၂၆ ရက္မွ စ၍ ေတာင္တန္းေဒသ အတုိင္ပင္ခံ၀န္ႀကီးျဖစ္လာခဲ့ပါတယ္။ ႏုိင္ငံႏွင့္ လူမ်ဳိးအက်ဳိးကို အစြမ္းကုန္ထမ္းရြက္ေနစဥ္ ၁၉၄၇ခုႏွစ္ ဇူလိုင္ ၁၉တြင္ ဗုိလ္ခ်ဳပ္တုိ႔ႏွင့္ အတူလုပ္ႀကံခံခဲ့ရပါတယ္။ လုပ္ႀကံစဥ္က မုိင္းပြန္ေစာ္ဘြားႀကီးသည္ ေသနတ္က်ည္ဆံမွန္ခဲ့ေသာ္လည္း ခ်က္ခ်င္းမေသေသးပဲ ေသြးမ်ားေပက်ံေနေသာ မ်က္ႏွာႏွင့္ ဗုိလ္ထြန္းလွ အခန္းဘက္သုိ႔ လမ္းေလွ်ာက္လာႏုိင္ပါေသးတယ္။ အဲဒီေန႔ကသတင္းစာေတြမွာေတာ့ ေစာ္ဘြားႀကီးဟာ ေသနတ္က်ည္ဆံမွန္ခဲ့ေပမယ့္ စိုးရိမ္စရာလုံး၀မရွိေၾကာင္းေၾကျငာၾကပါတယ္။

ပင္လုံစာခ်ဳပ္တြင္ လက္မွတ္ေရးထုိးေနသည့္ ေစာ္ဘြားႀကီး

ဒါေပမယ့္ ေနာက္တစ္ေန႔ ဇူလိုင္လ ၂ဝ ရက္ မြန္းတည့္ ၁၂ နာရီမွာေတာ့ ေစာ္ဘြားႀကီးဟာ ကြယ္လြန္္ခဲ့ပါတယ္။ အဲဒီအခ်ိန္က ေစာ္ဘြားႀကီးရဲ႕အသက္ဟာ ၄၁ႏွစ္ပဲ ရွိပါေသးတယ္။ အဲဒီေန႔မွာပဲ မုိင္းပြန္ေစာ္ဘြားႀကီးရဲ႕ ရုပ္ကလာပ္ကုိ ဗုိလ္ခ်ဳပ္ေအာင္ဆန္းတုိ႔ႏွင့္အတူ ဂ်ဴဗလီေဟာသုိ႔ ပုိ႔ေဆာင္ထားရွိခဲ့ပါတယ္။ ရုပ္ကလပ္မ်ားကုိ ၉ လ ၾကာ အေလးအျမတ္ျပဳခဲ့ၿပီး ၁၉၄၈ ခုႏွစ္ ဧၿပီလ ၁၁ ရက္ ေန႔တြင္ အာဇာနည္ဗိမာန္သို႔ ပို႔ေဆာင္ဂူသြင္းခဲ့ပါတယ္။

ယင္းသို႔ အာဇာနည္ပုဂၢဳိလ္ႀကီးမ်ား၏ ရုပ္ကလာပ္ကုိ ဂူသြင္းရာတြင္ မုိင္းပြန္ေစာ္ဘြားႀကီး၏ ရုပ္ကလာပ္ပါ၀င္ျမဳပ္ႏွံျခင္းမရွိ ၊ မုိင္းပြန္တြင္သာရွိေနသည္ ဟူေသာ သတင္းမ်ားထြက္လာခဲ့ပါတယ္။ သုိ႔ေလာသို႔ေလာႏွင့္ လူအမ်ားအျငင္းပြားခဲ့ဖူးပါတယ္။ တကယ္ေတာ့ အာဇာနည္ဂူဗိမာန္တြင္ မုိင္းပြန္ေစာ္ဘြားႀကီး၏ ရုပ္ကလာပ္ျပာမ်ား အမွန္တကယ္ ရွိေနပါတယ္။ ဒါေပမယ့္ တစ္၀က္သာ ရွိတာျဖစ္ပါတယ္။

 

ဤကိစၥႏွင့္ ပတ္သတ္၍ ျမန္မာ့စြယ္စုံက်မ္း အတြဲ ၉ စာမ်က္ႏွာ ၂၇၄တြင္ –
“အေလာင္းကုိ ဗုိလ္ခ်ဳပ္ေအာင္ဆန္းတုိ႔ႏွင့္ အတူဂ်ဴဗလီေဟာ၌ ထားရွိၿပီးေနာက္ ရွမ္းျပည္နယ္မုိင္းပြန္ၿမဳိ႕သုိ႔ယူေဆာင္ၿပီး ေဒသအလုိက္ထုံးတမ္းအစဥ္အလာ အခမ္းအနားႏွင့္ သၿဂၤဳိဟ္ခဲ့ၿပီးလွ်င္ အရုိးျပာတစ္၀က္ကုိ ရန္ကုန္ၿမဳိ႕အာဇာနည္ကုန္းသုိ႔ ပုိ႔၍ တစ္၀က္ကုိကား မုိင္းပြန္ၿမဳိ႕ ေတာင္ဖက္ကုန္းတြင္ အာဇာနည္ဗိမာျပသာဒ္ တည္ေဆာက္ကာ ထားရွိေလသည္။” ဟုေဖာ္ျပထားပါတယ္။

မုိင္းပြန္ၿမဳိ႕ရွိေစာ္ဘြားႀကီး၏ ဂူဗိမာန္
အာဇာနည္ကုန္းရွိ ဂူဗိမာန္ (ေစာ္ဘြားႀကီးရဲ႕ နာမည္အမွန္က စဝ္စံထြန္း လုိ႔ေရးရမွာပါ)

Ref:
အမွတ္မွားဆဲ လူသိနည္း ျမန္မာ့ျဖစ္ရပ္ ၁၀၀ – ေမာင္ၾကည္သန္႔
ျမန္မာ့စြယ္စုံက်မ္း

သုတဇုန္

——————-

မိုင်းပွန်စော်ဘွားကြီးရဲ့ လူသိနည်းတဲ့ဖြစ်ရပ်တစ်ခု (unicode)

မိုင်းပွန်စော်ဘွားကြီးလို့ ဆိုလိုက်လျှင် ဇူလိုင် ၁၉ တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူကျဆုံးသွားခဲ့သော အာဇာနည်ခေါင်းဆောင်တစ်ဦးဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ မိုင်းပွန်စော်ဘွားကြီးရဲ့ရုပ်ကလာပ်နဲ့ ပတ်သတ်ပြီးလူသိနည်းတဲ့ဖြစ်ရပ်တစ်ခု ရှိခဲ့ပါတယ်။

မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်းကို မိုင်းပွန် စော်ဘွားကြီး စဝ်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေဝီ နန်းစိန်ဥ တို့က ၁၉၀၇ခုနှစ် မေလ ၃၁ရက်နေ့မှာ ဖွားမြင်ခဲ့ပါတယ်။ ၅နှစ်သားတွင် တရားမစာရေးကြီး ဦးစံဖေထံတွင် မြန်မာ၊ အင်္ဂလိပ်အခြေခံများကို ၂နှစ်ကြာသင်ယူခဲ့ပါတယ်။ တောင်ကြီးမြို့ရှမ်းစော်ဘွားများကျောင်းမှ ၁ဝတန်း အောင်မြင်ခဲ့ပါတယ်။

ထို့နောက် မိတ္ထီလာမြို့ စက်ရှင်တရားသူကြီး ဦးကျောက်တိုင်ရုံး၌ ၆ လ အလုပ်သင် လုပ်ခဲ့ပြီး မန္တလေးမြို့ ရဲအုပ်သင်တန်းကျောင်းတွင် ၆-လတက်ရောက်ခဲ့ပါတယ်။ ရဲအုပ်သင်တန်း ဆင်းပြီးတဲ့အခါ ဗန်းမော်မြို့တွင် အလုပ်သင် ရဲဝန်ထောက်အဖြစ် ခေတ္တ ဆောင်ရွက်ခဲ့ပြီး ထိုမှတဖန် တောင်ကြီးမြို့ ရှမ်းပြည်မင်းကြီးရုံတွင် အလုပ်လုပ်ခဲ့ပါတယ်။

၁၉၂၈ခုနှစ် ဇွန်လ ၂၀ ရက် (ဝါဆိုလဆန်း ၁၁-ရက်) နေ့တွင် အခမ်းအနားဖြင့်စော်ဘွား ရာထူးဆက်ခံရသည်မှ မိုင်းပွန်စော်ဘွားဟု အမည်တွင်ခဲ့ပါတယ်။ အဲဒီအချိန်က စော်ဘွားကြီးရဲ့အသက်ဟာ ၂၁နှစ်ပဲ ရှိပါသေးတယ်။ မိုးမိတ်စော်ဘွားကြီး၏ သမီးစဝ်ခင်သောင်းနှင့် ပေါင်းဖက်ကာ သားသမီး ၄ ဦး ထွန်းကားခဲ့ပါတယ်။ သူတို့ကတော့ စဝ်ဆေဟုန် နဲ့ စဝ်ကိုင်ဖဟူသော သား ၂ဦးနှင့် စဝ်သုနန္ဒာနှင့် စဝ်မြင့်ကြည် ဟူသော သမီးနှစ်ဦး တို့ဖြစ်ကြပါတယ်။ အခြားစော်ဘွားများကဲ့သို့ ဇနီးအများအပြား မထားရှိဘဲ ဇနီးတစ်ဦးသာ ရှိပါတယ်။

စော်ဘွားကြီးသည် စာဖတ်ခြင်း ၊ အကော်ဒီယံခေါ် လက်ဆွဲဘာဂျာနှင့် ပတ္တလားတီးခြင်း ၊ သိုင်းလေ့ကျင့်ခြင်းတို့ကို အလွန်နှစ်သက်ပါတယ်။ အရက်သေစာ ၊ ကွမ်း ၊ ဆေးလိပ်များကို လုံး၀ရှောင်ကြဉ်သူဖြစ်ပါတယ်။ ကျန်းမာရေးကိုအထူးလိုက်စားပြီး တင်းနစ်၊ ခရစ်ကက်၊ ဟော်ကီနှင့် ဘောလုံး စတဲ့ကစားနည်းများကို ကစားခဲ့ပါတယ်။ ဘောလုံးအားကစားနည်းတွင် အထူးကျွမ်းကျင်သူဖြစ်ပြီး ဂိုးစောင့် နှင့် လက်ဝဲဝင်းအဖြစ်နာမည်ကြီးခဲ့ဖူးပါတယ်။

ပေါင်းသင်းဆက်ဆံရေးတွင်လည်း အလွန်ပြေပြစ်သူဖြစ်သလို ရှမ်းပြည်သူများအား ဂျပန်တို့၏ဖိနှိပ်မှုမှ ရဲရဲဝံ့ဝံ့ဆန့်ကျင့်ဝံ့သူလည်းဖြစ်ပါတယ်။ ရှမ်းပြည်နယ်တွင် သိပ္ပံနည်းကျစိုက်ပျိုးရေးထွန်းကားလာစေရန် နိုင်ငံတကာမှ ခေတ်မီစာအုပ်များ ၊ ကိရိယာ တန်ဆာ ပလာများကို ဝယ်ယူကာ ကြိုးပမ်းခဲ့သူလည်း ဖြစ်ပါတယ်။ စစ်မဖြစ်မီကပင် လူနာ ၆၀ ဆန့် ခေတ်မီဆေးရုံကြီးကိုလည်း ကိုယ်တိုင်ကြပ်မတ်ကာ အစဆုံးတည်ဆောက်ခဲ့ ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီး ပြီး၍ အင်္ဂလိပ်များ မြန်မာနိုင်ငံသို့ ပြန်ဝင်လာသော် ယင်းနှင့် အတူ ပါလာသော စက္ကူဖြူအုပ်ချုပ်ရေးကို ဆန့်ကျင်ခဲ့သူ ဖြစ်ပါတယ်။ ကမ္ဘာ့အခြေအနေ၊ မြန်မာ့အခြေအနေ၊ တောင်းတန်းဒေသအခြေအနေတို့ကို ကွက်ကျော်မြင်ပြီး အင်္ဂလိပ်တို့၏ တောင်တန်းနှင့် မြေပြန့် သွေးခွဲ၍ အုပ်ချုပ် သည်ကို မလိုလား၍ မြေပြန့်နှင့် တောင်တန်း စည်းလုံး ညီညွတ်ရေး အတွက် လုံးပမ်းခဲ့သူ ဖြစ်ပါတယ်။

၁၉၄၆ခုနှစ် နိုဝင်ဘာလမှ စ၍ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရင်းနှီးစွာဆောင်ရွက်လာခဲ့ပြီး တောင်တန်း-မြန်မာ ပူးပေါင်းသည့် ပင်လုံစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။ ၁၉၄၆ ခုနှစ် မတ်လ ၂၆ ရက်မှ စ၍ တောင်တန်းဒေသ အတိုင်ပင်ခံဝန်ကြီးဖြစ်လာခဲ့ပါတယ်။ နိုင်ငံနှင့် လူမျိုးအကျိုးကို အစွမ်းကုန်ထမ်းရွက်နေစဉ် ၁၉၄၇ခုနှစ် ဇူလိုင် ၁၉တွင် ဗိုလ်ချုပ်တို့နှင့် အတူလုပ်ကြံခံခဲ့ရပါတယ်။ လုပ်ကြံစဉ်က မိုင်းပွန်စော်ဘွားကြီးသည် သေနတ်ကျည်ဆံမှန်ခဲ့သော်လည်း ချက်ချင်းမသေသေးပဲ သွေးများပေကျံနေသော မျက်နှာနှင့် ဗိုလ်ထွန်းလှ အခန်းဘက်သို့ လမ်းလျှောက်လာနိုင်ပါသေးတယ်။ အဲဒီနေ့ကသတင်းစာတွေမှာတော့ စော်ဘွားကြီးဟာ သေနတ်ကျည်ဆံမှန်ခဲ့ပေမယ့် စိုးရိမ်စရာလုံးဝမရှိကြောင်းကြေငြာကြပါတယ်။

ဒါပေမယ့် နောက်တစ်နေ့ ဇူလိုင်လ ၂ဝ ရက် မွန်းတည့် ၁၂ နာရီမှာတော့ စော်ဘွားကြီးဟာ ကွယ်လွန်ခဲ့ပါတယ်။ အဲဒီအချိန်က စော်ဘွားကြီးရဲ့အသက်ဟာ ၄၁နှစ်ပဲ ရှိပါသေးတယ်။ အဲဒီနေ့မှာပဲ မိုင်းပွန်စော်ဘွားကြီးရဲ့ ရုပ်ကလာပ်ကို ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ ဂျူဗလီဟောသို့ ပို့ဆောင်ထားရှိခဲ့ပါတယ်။ ရုပ်ကလပ်များကို ၉ လ ကြာ အလေးအမြတ်ပြုခဲ့ပြီး ၁၉၄၈ ခုနှစ် ဧပြီလ ၁၁ ရက် နေ့တွင် အာဇာနည်ဗိမာန်သို့ ပို့ဆောင်ဂူသွင်းခဲ့ပါတယ်။

ယင်းသို့ အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ ရုပ်ကလာပ်ကို ဂူသွင်းရာတွင် မိုင်းပွန်စော်ဘွားကြီး၏ ရုပ်ကလာပ်ပါဝင်မြုပ်နှံခြင်းမရှိ ၊ မိုင်းပွန်တွင်သာရှိနေသည် ဟူသော သတင်းများထွက်လာခဲ့ပါတယ်။ သို့လောသို့လောနှင့် လူအများအငြင်းပွားခဲ့ဖူးပါတယ်။ တကယ်တော့ အာဇာနည်ဂူဗိမာန်တွင် မိုင်းပွန်စော်ဘွားကြီး၏ ရုပ်ကလာပ်ပြာများ အမှန်တကယ် ရှိနေပါတယ်။ ဒါပေမယ့် တစ်ဝက်သာ ရှိတာဖြစ်ပါတယ်။

ဤကိစ္စနှင့် ပတ်သတ်၍ မြန်မာ့စွယ်စုံကျမ်း အတွဲ ၉ စာမျက်နှာ ၂၇၄တွင် –
“အလောင်းကို ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် အတူဂျူဗလီဟော၌ ထားရှိပြီးနောက် ရှမ်းပြည်နယ်မိုင်းပွန်မြို့သို့ယူဆောင်ပြီး ဒေသအလိုက်ထုံးတမ်းအစဉ်အလာ အခမ်းအနားနှင့် သင်္ဂြိုဟ်ခဲ့ပြီးလျှင် အရိုးပြာတစ်ဝက်ကို ရန်ကုန်မြို့အာဇာနည်ကုန်းသို့ ပို့၍ တစ်ဝက်ကိုကား မိုင်းပွန်မြို့ တောင်ဖက်ကုန်းတွင် အာဇာနည်ဗိမာပြသာဒ် တည်ဆောက်ကာ ထားရှိလေသည်။” ဟုဖော်ပြထားပါတယ်။

Ref:
အမှတ်မှားဆဲ လူသိနည်း မြန်မာ့ဖြစ်ရပ် ၁၀၀ – မောင်ကြည်သန့်
မြန်မာ့စွယ်စုံကျမ်း

One thought on “မုိင္းပြန္ေစာ္ဘြားႀကီးရဲ႕ လူသိနည္းတဲ့ျဖစ္ရပ္တစ္ခု

  1. မိုင္းပြန္ေစာ္ဘြားစဝ္စံထြန္းနဲ႔မဟာေဒဝီစဝ္ခင္ေသာင္းမွာသားသမီး၅ေယာက္ရွိပါတယ္., သမီးစဝ္သုနႏၵာ,သားစဝ္ေဆဟုမ္,သားစဝ္ကိူင္ဖ,သမီးစဝ္အုန္းၫြန္႔ နဲ႔သမီးစဝ္ျမင့္ၾကည္ ျဖစ္ပါတယ္

Leave a Reply