ဗိုလ္ခ်ဳပ္ကို အရႈံးေပးလိုက္ရတဲ့ ဗုိလ္ခ်ဳပ္ႀကီး ေမာင့္ဘက္တန္

Posted on

ေရးသားသူ – ကိုဗလ ( Democracy Today )

”ျဖစ္ပုံကဒီလိုဗ်ာ့။ ကၽြန္ေတာ္တို႔ဖဆပလအဖြဲ႕ႀကီး ေျမေပၚေရာက္စအခ်ိန္၊ အဂၤလိပ္အစိုးရ ျပန္အုပ္ခ်ဳပ္ခ်ိန္ ေပါ့ဗ်ာ။ ဖဆပလနဲ႔ ကက္ဘိနက္အစိုးရေနာင္ဂ်ိန္ခ်ေန တုန္းဆိုပါေတာ့။ အဲဒီအခ်ိန္မွာ အိႏၵိယ ဘုရင္ခံခ်ဳပ္ ေလာ့ဒ္လူဝီေမာင့္ဘက္တန္ ျမန္မာျပည္ကို လာတယ္ဗ်ာ။ ဒီေတာ့ရန္ကုန္မွာရွိတဲ့ မဟာမိတ္တပ္သားေတြစုၿပီးဖြဲ႕စည္း ထားတဲ့ ‘အိစ္အင္ဝက္စ္ကလပ္’က ကန္ေတာ္မိတ္ သဘင္ (ယခုအိုရီယင့္ကလပ္) မွာဂုဏ္ျပဳညစာစားပြဲတစ္ခုတည္ ခင္းတယ္ခင္ဗ်ာ့။

”အဲဒီညစာစားပြဲမွာ ကၽြန္ေတာ္တို႔ ဖဆပလေခါင္း ေဆာင္ပိုင္း ေလးငါးဆယ္ေယာက္ကို ဖိတ္တယ္ခင္ဗ်။ မလႊဲသာလို႔ ဖိတ္ရသလားမသိ ပါဘူးဗ်ာ။ ေပးထားတဲ့ ေနရာေတြက ဗိုလ္ခ်ဳပ္ေအာင္ဆန္း ကိုေတာင္ မွေခ်ာင္ ထဲ ေနာက္ဆုံးတန္းမွာ ေနရာေပးထားတယ္။ တိုတိုေျပာ ရမယ္ဆိုရင္ေတာ့ဗ်ာ၊ အဲဒီထမင္းစားပြဲအၿပီးမွာအဂၤလိပ္ ထုံးစံအတိုင္း ဂုဏ္ျပဳစကားထေျပာၾကတာေပါ့ဗ်ာ။

”အဲဒီအခါတုန္းကေရပန္းစားေနတဲ့ဆာေပၚထြန္း တို႔၊ ဘယ္သူဘယ္ဝါတို႔ေပါ့ဗ်ာ။ က်ဳပ္တို႔ဗိုလ္ခ်ဳပ္ကိုေတာ့ စကားေျပာရမယ့္ ပုဂၢိဳလ္ႀကီးေတြ စာရင္းမွာထည့္မထား ဘူးဗ်ာ။ အဲဒီလိုစကား ေျပာဆိုၾကၿပီးေနာက္ဆုံး အစီအစဥ္အေနနဲ႔ေမာင့္ဘက္တန္ က ျပန္ လည္ႁမြက္ၾကား တဲ့ မိန႔္ခြန္းေတာ္ေႁခြတဲ့ အလွည့္ ေရာက္လာေရာခင္ဗ်ာ့။ေမာင့္ဘက္တန္ေျပာတဲ့စကားထဲမွာ ” ႏုိင္ငံေရးေလာက ဆိုတာဟာ လူယုတ္မာတို႔၏ ခိုကိုးရာေဒသျဖစ္တယ္”ဆိုတဲ့ စကားတစ္လုံးပါလာတယ္။ သူလည္းေျပာခ်င္ရာေျပာၿပီး ထိုင္လိုက္ေရာ ပရိသတ္ႀကီးက လက္ခုပ္တေျဖာင္းေျဖာင္း နဲ႔ဩဘာေပး ၾကတာေပါ့ဗ်ာ။

အဲဒီလက္ခုပ္သံလည္းဆုံးေရာ….လားလား၊ က်ဳပ္တို႔ဗိုလ္ခ်ဳပ္က ေခ်ာင္ထဲကျဗဳန္းဆိုမတ္တတ္ရပ္လိုက္ တယ္။ ေမာင့္ဘက္တန္ထိုင္ေန တဲ့စားပြဲဆီေလၽွာက္လာ ခဲ့ၿပီး အစီအစဥ္ထဲ မွာမပါဘဲနဲ႔ မိန႔္ခြန္းေျပာပါေလေရာဗ်ာ။ ပရိသတ္ေတြကေရာ၊ စီစဥ္တဲ့လူေတြေရာ အားလုံး မ်က္စိမ်က္ႏွာပ်က္ကုန္ၾကတယ္။ လာတဲ့ပရိသတ္ေတြ ကလည္း အလိုေတာ္ရိ ပရိသတ္ေတြကိုးခင္ဗ်ာ့။ အဲဒီထဲမွာ ဗိုလ္ခ်ဳပ္က ညစ္ထပ္ထပ္ ကာကီဝတ္စုံေဘာင္းဘီ အိတ္ကိုလက္ႏွိုက္ၿပီး အဂၤလိပ္လိုမိန႔္ခြန္းေျပာပါေလေရာ။

သူေျပာပုံက-
ဂုဏ္သေရရွိ အမ်ိဳးသား အမ်ိဳးသမီးမ်ားခင္ဗ်ား-
ဒီအစီအစဥ္မွာမပါတဲ့လူတစ္ေယာက္က အခု လိုထၿပီးေျပာလိုက္ေတာ့ ခင္ဗ်ားတို႔ထုံးစံအရေတာ္ေတာ္ ရိုင္းတယ္လို႔ထင္ၾကမွာပဲ။ ရိုင္းတယ္ထင္လို႔မက လဲ..ေသေသ၊ က်ဳပ္ကေတာ့ ေျပာစရာရွိတာကိုေျပာရမွာပဲ။က်ဳပ္ေျပာမွာကလည္း တျခားေတာ့မဟုတ္ပါဘူး။ ခင္ ဗ်ားတို႔ရဲ့ ဂုဏ္ျပဳအပ္တဲ့ဧည့္သည္ေတာ္ႀကီးရဲ့ သနားစရာ ေကာင္းတဲ့ အဘိဓမၼာကို ေဝဖန္ျပမယ့္အခ်က္ျဖစ္ပါတယ္။ (အဲဒီအခ်ိန္မွာ ခန္းမႀကီးတစ္ခုလုံး အပ္က်သံေတာင္ ၾကားရမတတ္ ၿငိမ္သြားပါေတာ့တယ္။)

ေနာက္မွဗိုလ္ခ်ဳပ္ ကဆက္ၿပီး ေတာ့-
”နိုင္ငံေရးေလာက ဆိုတာ လူယုတ္မာေတြ ခိုကိုး ရာေဒသျဖစ္တယ္..လို႔ ဘုရင္ခံခ်ဳပ္ႀကီးကေျပာသြားပါတယ္။ ဒါဟာအေနာက္ နိုင္ငံမွာေတာ့မွန္ေကာင္းမွန္မယ္။ က်ဳပ္တို႔အေရွ႕နိုင္ငံ အယူအဆကေတာ့ဘုရင္ခံခ်ဳပ္ ႀကီးခံယူခ်က္နဲ႔ေျဖာင့္ေျဖာင့္ႀကီး ဆန႔္က်င္ေနပါတယ္။ က်ဳပ္တို႔ဆီမွာ ပရဟိတလုပ္ငန္း၊ ေလာကတၳစရိယ က်င့္တဲ့ လုပ္ငန္း၊ ဒါဟာဒြိဟိတ္ပုဂၢိဳလ္ေတြ မလုပ္နိုင္ဘဲ တိဟိတ္ပုဂၢိဳလ္မ်ား၊ ဘုရားအေလာင္းပုဂၢိဳလ္မ်ားသာ လုပ္နိုင္တဲ့လုပ္ငန္း လို႔ယူဆထား တယ္..။”(အဲဒီအခ်ိန္ မွာ ပါဠိ ေတြဘာေတြရြတ္ေသးတယ္)

”ဒီလိုမြန္ျမတ္တဲ့အထဲမွာ တစ္ခါတစ္ရံလူယုတ္မာေတြ ပါေကာင္းပါလာမယ္။ အဲဒါေၾကာင့္နိုင္ငံေရး အလုပ္ဟာမေကာင္းဘူး လို႔ဆိုရေတာ့မွာလား။ ဥပမာတစ္ခုေျပာ ပါရေစ။ ဒီအေဆာက္အအုံႀကီးဟာ..(အိုရီရင့္ ကလပ္ကို ဆိုလိုသည္။) ” လူအမ်ားစုေဝး ဖို႔ေဆာက္ထားတယ္။အေစာင့္အၾကပ္ကင္းမဲ့ အခ်ိန္မွာ တစ္ခါတစ္ခါ ေခြး ေတြတက္ အိပ္ေနၾက တယ္။ အဲဒီလိုေခြးေတြတက္ အိပ္ေန ၾကတာကိုၾကည့္ၿပီး ဒီအေဆာက္အအုံႀကီးဟာ ေခြး အိပ္ဖို႔ေဆာက္ထားတာပါလို႔ဆိုရင္ မွန္ပါ့မလား၊ မမွန္ပါဘူး။ ဒါေၾကာင့္ နိုင္ငံေရး ဟာလည္း ဒီလိုပဲ။ အင္မတန္ မြန္ျမတ္ပါတယ္။

ဒီအေဆာက္အအုံႀကီးေပၚမွာ ေခြးတက္အိပ္သလို၊ လူယုတ္မာေတြလည္းအလစ္မွာ နိုင္ငံေရးေလာကထဲကို ဝင္လာတတ္ပါတယ္။ အဲဒီလိုဝင္လာတဲ့အခါမွာ ကၽြန္ ေတာ္တို႔ နိုင္ငံေရး သမားစစ္စစ္ေတြက ဒီလူယုတ္မာေတြ ကိုမ်က္ျခည္မျပတ္ ဟန႔္တားဝိုင္းပယ္နိုင္ သည္ႏွင့္အမၽွ နိုင္ငံေရးေလာကႀကီးဟာ သန႔္ရွင္းစင္ၾကယ္ မြန္ျမတ္လာ ပါလိမ့္မယ္။ ဒါပဲ….က်ဳပ္ေျပာခ်င္တာ ။” ဟုဆိုၿပီး သူ႔ေနရာကိုသူခပ္တည္တည္ျပန္လာခဲ့တယ္ ခင္ဗ်ာ ။

ဗိုလ္ခ်ဳပ္လည္းေျပာၿပီးေရာ ေမာင့္ ဘက္တန္ကိုယ္ တိုင္က ေနရာကရပ္ၿပီး လက္ခုပ္တီးဩဘာေပးတယ္။ ဒီေတာ့မွ ပရိသတ္လည္း လက္ခုပ္တီးၾကပါတယ္။ ၿပီးေတာ့ မွ ေမာင့္ဘက္တန္က ” ဒီေန႔ည စကားေျပာတဲ့အထဲမွာ အစီအစဥ္ထဲမပါတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ့ မိန႔္ခြန္း ဟာ အဖိုးတန္ဆုံးပါပဲ။ ကြ်န္ေတာ္ေျပာမိတာကေတာ့ ထမင္းစားပြဲအၿပီး ရယ္စရာ ေမာစရာအေနနဲ႔ ခပ္ေပါ့ေပါ့ နိုင္ငံေရးေလာကကို
ျပက္ရယ္ျပဳတဲ့စကားေျပာမိပါတယ္။ အလြန္ ဝမ္းနည္းမိပါတယ္။ ကၽြန္ေတာ္ေျပာမိတဲ့အခ်က္ အလက္ေတြကို ႐ုပ္သိမ္းပါတယ္ ခင္ဗ်ာ”
ဆိုၿပီးေတာင္းပန္ ယူရတဲ့ အျဖစ္အပ်က္ေလးကို ေဖာက္သည္ခ်လိုက္ရ ပါသဗ်ိဳ႕”ဟူ၍ေဖာ္ျပထားသည္။ (ဒီေနရာမွာ ငါနဲ႔မတူငါ့ရန္သူလုိ႔ မသတ္မွတ္တဲ့ ေမာင့္ဘက္တန္ရဲ႕ လူႀကီးလူေကာင္းဆန္ပုံကုိေတြ႔ရမွာပါ)

ေလာ့ဒ္လူဝီေမာင့္ဘက္တန္ ဆိုတာက နယ္နယ္ရရ ပုဂၢိဳလ္မဟုတ္ပါ။ အိႏၵိယဘုရင္ခံခ်ဳပ္၊ အေရွ႕ေတာင္ အာရွမဟာမိတ္တပ္ေပါင္း စုစစ္ေသနာပတိခ်ဳပ္ေရတပ္ ဗိုလ္ခ်ဳပ္ႀကီး၊ ျမန္မာ့ ေျမေပၚတြင္သာမက အေရွ႕ေတာင္ အာရွတစ္ခြင္မွ ဂ်ပန္မ်ားကိုတိုက္ထုတ္ရာတြင္ဦးေဆာင္ခဲ့သူ၊ စစ္အၿပီးျမန္မာ့တပ္မေတာ္ကို ဆက္လက္ထား ရွိဖြဲ႕စည္းေရးကို ခြင့္ျပဳခဲ့သူ၊ ဝိတိုရိယ ဘုရင္မႀကီး၏ေျမး၊ ၿဗိတိန္ဘုရင္မႀကီး၏ဦးရီးေတာ္.. စသည္ျဖင့္ဂုဏ္ ရွိန္ႀကီးမားသူျဖစ္သည္။

ဤပုဂၢိဳလ္မ်ိဳးကိုပင္မမႈ။ ဒူးမေထာက္၊ လက္မေျမႇာက္ သတၱိမ်ိဳးရွိသူ ဗိုလ္ခ်ဳပ္ပင္ျဖစ္သည္။ ထိုပြဲတြင္ ဗိုလ္ခ်ဳပ္ ကို အရွုံးေပးလိုက္ရသူ က ေမာင့္ဘက္တန္ပင္ ျဖစ္ပါ ေၾကာင္း ျပန္လည္တင္ျပလိုက္ရပါသည္။ ။

———————-

ဗိုလ်ချုပ်ကို အရှုံးပေးလိုက်ရတဲ့ ဗိုလ်ချုပ်ကြီး မောင့်ဘက်တန် (unicode)

ကိုဗလ ( Democracy Today )

”ဖြစ်ပုံကဒီလိုဗျာ့။ ကျွန်တော်တို့ဖဆပလအဖွဲ့ကြီး မြေပေါ်ရောက်စအချိန်၊ အင်္ဂလိပ်အစိုးရ ပြန်အုပ်ချုပ်ချိန် ပေါ့ဗျာ။ ဖဆပလနဲ့ ကက်ဘိနက်အစိုးရနောင်ဂျိန်ချနေ တုန်းဆိုပါတော့။ အဲဒီအချိန်မှာ အိန္ဒိယ ဘုရင်ခံချုပ် လော့ဒ်လူဝီမောင့်ဘက်တန် မြန်မာပြည်ကို လာတယ်ဗျာ။ ဒီတော့ရန်ကုန်မှာရှိတဲ့ မဟာမိတ်တပ်သားတွေစုပြီးဖွဲ့စည်း ထားတဲ့ ‘အိစ်အင်ဝက်စ်ကလပ်’က ကန်တော်မိတ် သဘင် (ယခုအိုရီယင့်ကလပ်) မှာဂုဏ်ပြုညစာစားပွဲတစ်ခုတည် ခင်းတယ်ခင်ဗျာ့။

”အဲဒီညစာစားပွဲမှာ ကျွန်တော်တို့ ဖဆပလခေါင်း ဆောင်ပိုင်း လေးငါးဆယ်ယောက်ကို ဖိတ်တယ်ခင်ဗျ။ မလွှဲသာလို့ ဖိတ်ရသလားမသိ ပါဘူးဗျာ။ ပေးထားတဲ့ နေရာတွေက ဗိုလ်ချုပ်အောင်ဆန်း ကိုတောင် မှချောင် ထဲ နောက်ဆုံးတန်းမှာ နေရာပေးထားတယ်။ တိုတိုပြော ရမယ်ဆိုရင်တော့ဗျာ၊ အဲဒီထမင်းစားပွဲအပြီးမှာအင်္ဂလိပ် ထုံးစံအတိုင်း ဂုဏ်ပြုစကားထပြောကြတာပေါ့ဗျာ။

”အဲဒီအခါတုန်းကရေပန်းစားနေတဲ့ဆာပေါ်ထွန်း တို့၊ ဘယ်သူဘယ်ဝါတို့ပေါ့ဗျာ။ ကျုပ်တို့ဗိုလ်ချုပ်ကိုတော့ စကားပြောရမယ့် ပုဂ္ဂိုလ်ကြီးတွေ စာရင်းမှာထည့်မထား ဘူးဗျာ။ အဲဒီလိုစကား ပြောဆိုကြပြီးနောက်ဆုံး အစီအစဉ်အနေနဲ့မောင့်ဘက်တန် က ပြန် လည်မြွက်ကြား တဲ့ မိန့်ခွန်းတော်ခြွေတဲ့ အလှည့် ရောက်လာရောခင်ဗျာ့။မောင့်ဘက်တန်ပြောတဲ့စကားထဲမှာ ” နိုင်ငံရေးလောက ဆိုတာဟာ လူယုတ်မာတို့၏ ခိုကိုးရာဒေသဖြစ်တယ်”ဆိုတဲ့ စကားတစ်လုံးပါလာတယ်။ သူလည်းပြောချင်ရာပြောပြီး ထိုင်လိုက်ရော ပရိသတ်ကြီးက လက်ခုပ်တဖြောင်းဖြောင်း နဲ့ဩဘာပေး ကြတာပေါ့ဗျာ။

အဲဒီလက်ခုပ်သံလည်းဆုံးရော….လားလား၊ ကျုပ်တို့ဗိုလ်ချုပ်က ချောင်ထဲကဗြုန်းဆိုမတ်တတ်ရပ်လိုက် တယ်။ မောင့်ဘက်တန်ထိုင်နေ တဲ့စားပွဲဆီလျှောက်လာ ခဲ့ပြီး အစီအစဉ်ထဲ မှာမပါဘဲနဲ့ မိန့်ခွန်းပြောပါလေရောဗျာ။ ပရိသတ်တွေကရော၊ စီစဉ်တဲ့လူတွေရော အားလုံး မျက်စိမျက်နှာပျက်ကုန်ကြတယ်။ လာတဲ့ပရိသတ်တွေ ကလည်း အလိုတော်ရိ ပရိသတ်တွေကိုးခင်ဗျာ့။ အဲဒီထဲမှာ ဗိုလ်ချုပ်က ညစ်ထပ်ထပ် ကာကီဝတ်စုံဘောင်းဘီ အိတ်ကိုလက်နှိုက်ပြီး အင်္ဂလိပ်လိုမိန့်ခွန်းပြောပါလေရော။

သူပြောပုံက-
ဂုဏ်သရေရှိ အမျိုးသား အမျိုးသမီးများခင်ဗျား-
ဒီအစီအစဉ်မှာမပါတဲ့လူတစ်ယောက်က အခု လိုထပြီးပြောလိုက်တော့ ခင်ဗျားတို့ထုံးစံအရတော်တော် ရိုင်းတယ်လို့ထင်ကြမှာပဲ။ ရိုင်းတယ်ထင်လို့မက လဲ..သေသေ၊ ကျုပ်ကတော့ ပြောစရာရှိတာကိုပြောရမှာပဲ။ကျုပ်ပြောမှာကလည်း တခြားတော့မဟုတ်ပါဘူး။ ခင် ဗျားတို့ရဲ့ ဂုဏ်ပြုအပ်တဲ့ဧည့်သည်တော်ကြီးရဲ့ သနားစရာ ကောင်းတဲ့ အဘိဓမ္မာကို ဝေဖန်ပြမယ့်အချက်ဖြစ်ပါတယ်။ (အဲဒီအချိန်မှာ ခန်းမကြီးတစ်ခုလုံး အပ်ကျသံတောင် ကြားရမတတ် ငြိမ်သွားပါတော့တယ်။)

နောက်မှဗိုလ်ချုပ် ကဆက်ပြီး တော့-
”နိုင်ငံရေးလောက ဆိုတာ လူယုတ်မာတွေ ခိုကိုး ရာဒေသဖြစ်တယ်..လို့ ဘုရင်ခံချုပ်ကြီးကပြောသွားပါတယ်။ ဒါဟာအနောက် နိုင်ငံမှာတော့မှန်ကောင်းမှန်မယ်။ ကျုပ်တို့အရှေ့နိုင်ငံ အယူအဆကတော့ဘုရင်ခံချုပ် ကြီးခံယူချက်နဲ့ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ ကျုပ်တို့ဆီမှာ ပရဟိတလုပ်ငန်း၊ လောကတ္ထစရိယ ကျင့်တဲ့ လုပ်ငန်း၊ ဒါဟာဒွိဟိတ်ပုဂ္ဂိုလ်တွေ မလုပ်နိုင်ဘဲ တိဟိတ်ပုဂ္ဂိုလ်များ၊ ဘုရားအလောင်းပုဂ္ဂိုလ်များသာ လုပ်နိုင်တဲ့လုပ်ငန်း လို့ယူဆထား တယ်..။”(အဲဒီအချိန် မှာ ပါဠိ တွေဘာတွေရွတ်သေးတယ်)

”ဒီလိုမွန်မြတ်တဲ့အထဲမှာ တစ်ခါတစ်ရံလူယုတ်မာတွေ ပါကောင်းပါလာမယ်။ အဲဒါကြောင့်နိုင်ငံရေး အလုပ်ဟာမကောင်းဘူး လို့ဆိုရတော့မှာလား။ ဥပမာတစ်ခုပြော ပါရစေ။ ဒီအဆောက်အအုံကြီးဟာ..(အိုရီရင့် ကလပ်ကို ဆိုလိုသည်။) ” လူအများစုဝေး ဖို့ဆောက်ထားတယ်။အစောင့်အကြပ်ကင်းမဲ့ အချိန်မှာ တစ်ခါတစ်ခါ ခွေး တွေတက် အိပ်နေကြ တယ်။ အဲဒီလိုခွေးတွေတက် အိပ်နေ ကြတာကိုကြည့်ပြီး ဒီအဆောက်အအုံကြီးဟာ ခွေး အိပ်ဖို့ဆောက်ထားတာပါလို့ဆိုရင် မှန်ပါ့မလား၊ မမှန်ပါဘူး။ ဒါကြောင့် နိုင်ငံရေး ဟာလည်း ဒီလိုပဲ။ အင်မတန် မွန်မြတ်ပါတယ်။

ဒီအဆောက်အအုံကြီးပေါ်မှာ ခွေးတက်အိပ်သလို၊ လူယုတ်မာတွေလည်းအလစ်မှာ နိုင်ငံရေးလောကထဲကို ဝင်လာတတ်ပါတယ်။ အဲဒီလိုဝင်လာတဲ့အခါမှာ ကျွန် တော်တို့ နိုင်ငံရေး သမားစစ်စစ်တွေက ဒီလူယုတ်မာတွေ ကိုမျက်ခြည်မပြတ် ဟန့်တားဝိုင်းပယ်နိုင် သည်နှင့်အမျှ နိုင်ငံရေးလောကကြီးဟာ သန့်ရှင်းစင်ကြယ် မွန်မြတ်လာ ပါလိမ့်မယ်။ ဒါပဲ….ကျုပ်ပြောချင်တာ ။” ဟုဆိုပြီး သူ့နေရာကိုသူခပ်တည်တည်ပြန်လာခဲ့တယ် ခင်ဗျာ ။

ဗိုလ်ချုပ်လည်းပြောပြီးရော မောင့် ဘက်တန်ကိုယ် တိုင်က နေရာကရပ်ပြီး လက်ခုပ်တီးဩဘာပေးတယ်။ ဒီတော့မှ ပရိသတ်လည်း လက်ခုပ်တီးကြပါတယ်။ ပြီးတော့ မှ မောင့်ဘက်တန်က ” ဒီနေ့ည စကားပြောတဲ့အထဲမှာ အစီအစဉ်ထဲမပါတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်း ဟာ အဖိုးတန်ဆုံးပါပဲ။ ကျွန်တော်ပြောမိတာကတော့ ထမင်းစားပွဲအပြီး ရယ်စရာ မောစရာအနေနဲ့ ခပ်ပေါ့ပေါ့ နိုင်ငံရေးလောကကို
ပြက်ရယ်ပြုတဲ့စကားပြောမိပါတယ်။ အလွန် ဝမ်းနည်းမိပါတယ်။ ကျွန်တော်ပြောမိတဲ့အချက် အလက်တွေကို ရုပ်သိမ်းပါတယ် ခင်ဗျာ”
ဆိုပြီးတောင်းပန် ယူရတဲ့ အဖြစ်အပျက်လေးကို ဖောက်သည်ချလိုက်ရ ပါသဗျို့”ဟူ၍ဖော်ပြထားသည်။ (ဒီနေရာမှာ ငါနဲ့မတူငါ့ရန်သူလို့ မသတ်မှတ်တဲ့ မောင့်ဘက်တန်ရဲ့ လူကြီးလူကောင်းဆန်ပုံကိုတွေ့ရမှာပါ)

လော့ဒ်လူဝီမောင့်ဘက်တန် ဆိုတာက နယ်နယ်ရရ ပုဂ္ဂိုလ်မဟုတ်ပါ။ အိန္ဒိယဘုရင်ခံချုပ်၊ အရှေ့တောင် အာရှမဟာမိတ်တပ်ပေါင်း စုစစ်သေနာပတိချုပ်ရေတပ် ဗိုလ်ချုပ်ကြီး၊ မြန်မာ့ မြေပေါ်တွင်သာမက အရှေ့တောင် အာရှတစ်ခွင်မှ ဂျပန်များကိုတိုက်ထုတ်ရာတွင်ဦးဆောင်ခဲ့သူ၊ စစ်အပြီးမြန်မာ့တပ်မတော်ကို ဆက်လက်ထား ရှိဖွဲ့စည်းရေးကို ခွင့်ပြုခဲ့သူ၊ ဝိတိုရိယ ဘုရင်မကြီး၏မြေး၊ ဗြိတိန်ဘုရင်မကြီး၏ဦးရီးတော်.. စသည်ဖြင့်ဂုဏ် ရှိန်ကြီးမားသူဖြစ်သည်။

ဤပုဂ္ဂိုလ်မျိုးကိုပင်မမှု။ ဒူးမထောက်၊ လက်မမြှောက် သတ္တိမျိုးရှိသူ ဗိုလ်ချုပ်ပင်ဖြစ်သည်။ ထိုပွဲတွင် ဗိုလ်ချုပ် ကို အရှုံးပေးလိုက်ရသူ က မောင့်ဘက်တန်ပင် ဖြစ်ပါ ကြောင်း ပြန်လည်တင်ပြလိုက်ရပါသည်။ ။

Leave a Reply