ရွရွားျပည္ရဲ႕ အထင္ကရ အမိေျမမွေခၚသံ ရုပ္တု အေၾကာင္း

Posted on

အေမရိကန္ျပည္ရဲ႕နာမည္အႀကီးဆုံးရုပ္တုဟာ ေလဘာတီရုပ္တုဆုိရင္ ရုရွားႏုိင္ငံရဲ႕ အထင္ရွားဆုံးရုပ္တုက အမိေျမမွေခၚသံ(The Motherland Calls) ရုပ္တုျဖစ္မယ္ထင္ပါတယ္။ ရုရွားႏုိင္ငံရဲ႕ပုံရိပ္ေတြမွာ ဓားလြတ္ကိုေျမွာက္ကိုင္ထားတဲ့ အမ်ဳိးသမီးရုပ္တုကို မၾကာခဏျမင္ဖူးၾကမွာပါ။

ဒီရုပ္တုကုိ စတာလင္ဂရက္တုိင္ပြဲမွာ က်ဆုံးသြားၾကတဲ့ တပ္နီေတာ္ စစ္သည္သူရဲေကာင္းေတြအတြက္ အထိမ္းအမွတ္အေနနဲ႔ တည္ေဆာက္ခဲ့ျခင္းျဖစ္ပါတယ္။ ၁၉၆၇ခုႏွစ္ မွာ တည္ေဆာက္ခဲ့တဲ့ ရုပ္တုျဖစ္ၿပီး အဲဒီအခ်ိန္က ကမာၻေပၚမွာ အျမင့္ဆုံးရုပ္တုျဖစ္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာလည္း ဥေရာပ ရဲ႕အျမင့္ဆုံးရုပ္တု အျဖစ္ သတ္မွတ္ခံထားရတဲ့ ရုပ္တုပါ။

ေလဘာတုရုပ္တုႏွင့္ ႏႈိင္းယွဥ္ထားပုံ

စတာလင္ဂရက္တိုက္ပြဲ ဟာ ၁၉၄၂ ခုႏွစ္ ၾသဂုတ္လ ကေန ၁၉၄၃ ခုႏွစ္ ေဖေဖာ္ဝါရီ လ အထိ ရုရွားျပည္ေတာင္ပုိင္းက စတာလင္ဂရက္ၿမဳိ႕မွာ ျဖစ္ပြားခဲ့ တဲ့ တိုက္ပြဲႀကီး ျဖစ္ပါတယ္။ စတာလင္ဂရက္ၿမဳိ႕ဆုိတဲ့အမည္ဟာ ဆုိဗီယက္ေခါင္းေဆာင္စတာလင္ကို ဂုဏ္ျပဳေခၚဆုိထားတာျဖစ္ပါတယ္။

ဟစ္တလာရဲ႕ ဂ်ာမန္တပ္မေတာ္က ဒီၿမဳိ႕ကုိသိမ္းပိုက္လုိသလုိ ဆုိဗီယက္တုိ႔ကလည္း သူတုိ႔အတြက္ စစ္ဗ်ဴဟာအရ အခ်က္အခ်ာက်တဲ့ၿမဳိ႕ျဖစ္တာေၾကာင့္ အေလ်ာ့မေပးပဲ အျပင္းအထန္ကာကြယ္ခဲ့ၾကပါတယ္။ ဒီတုိက္ပြဲမွာ ဆုိဗီယက္တုိ႔ဘက္က စစ္သည္ေပါင္း ၅သိန္းေက်ာ္ေသေၾကခဲ့သလုိ ဂ်ာမန္ေတြဘက္ကလည္း အဲဒီေလာက္နီးပါးက်ဆုံးခဲ့ကာ ဒုတိယကမာၻစစ္အတြင္းက အေသအေပ်ာက္အမ်ားဆုံးတုိက္ပြဲျဖစ္ခဲ့ပါတယ္။

တည္ေဆာက္ေနခ်ိန္အေတာအတြင္း
ရုပ္တုႀကီးႏွင့္ တပ္နီေတာ္

ဒီလုိ ၿမဳိ႕ကိုရန္သူလက္မပါေစဖုိ႔ ကာကြယ္တားဆီးရာမွာ အသက္ေပးခဲ့ၾကတဲ့ တပ္နီေတာ္စစ္သည္ေတြကုိ ဂုဏ္ျပဳတဲ့အေနနဲ႔ ဒီ Motherland Calls လို႔ အမည္ရတဲ့ ႐ုပ္တုႀကီးကို တည္ေဆာက္ခဲ့တာပဲျဖစ္ပါတယ္။ တည္ေဆာက္ထားတဲ့ ေနရာကေတာ့ တခ်ိန္က စတာလင္ဂရက္ၿမဳိ႕ကုိနာမည္ေျပာင္းထားတဲ့ Volgograd ၿမဳိ႕မွာျဖစ္ပါတယ္။ ဆုိဗီယက္ပန္းပုပညာရွင္ Yevgeny Vuchetich နဲ႔ အင္ဂ်င္နီယာ Nikolai Nikitin တုိ႔က ပူးေပါင္းတည္ေဆာက္ခဲ့ပါတယ္။

အျမင့္ ၈၅မီတာ(၂၇၉ေပ) ရွိတဲ့ ဒီရုပ္တုႀကီးကို ကြန္ကရစ္ တန္ခ်ိန္ ၅၅၀၀၊ သံထည္ ပစၥည္းတန္ခ်ိန္ ၂၄၀၀ ေလာက္ နဲ႔ တည္ေဆာက္ထားတာျဖစ္ပါတယ္။ ရုပ္တုေအာက္ခံခုံဟာ ၆ေပခြဲျမင့္ၿပီး ေဖာင္ေဒးရွင္းကိုေတာ့ ၅၂ေပ အနက္အထိ တူးခဲ့ရပါတယ္။ ဓါးရဲ႕အရွည္ကေတာ့ ၁၀၈ေပ ျဖစ္ၿပီး ရုပ္တုႀကီးရဲ႕ စုစုေပါင္းအေလးခ်ိန္က တန္ ၈၀၀၀ေက်ာ္ျဖစ္ပါတယ္။

ရုပ္တုဟာ တစ္ဖက္က ဓားလြတ္ကိုေျမာက္ၿပီး က်န္လက္တစ္ဖက္ကိုဆန္႔တန္းထားတဲ့ အမ်ဳိးသမီးတစ္ေယာက္ မတ္တပ္ရပ္ေနတဲ့သ႑ာန္ျဖစ္ပါတယ္။ ပုံရဲ႕အဓိပၸါယ္ကေတာ့ မိခင္ဟာ သူ႔ရဲ႕သားသမီးေတြကို အမိေျမကိုအသက္ေပးကာကြယ္ဖုိ႔ ရန္သူေတြကိုတုိက္ခုိက္ဖုိ႔ ေခၚေနတဲ့ဟန္ျဖစ္ပါတယ္။

ရုပ္တုဟာ အေခါင္းပြရုပ္ျဖစ္ၿပီး ကြန္ကရစ္နဲ႔ သတၱဳ၀ါယာႀကဳိးေတြကို အခ်ဳိးက်က်ေပါင္းစပ္ထားတာျဖစ္ပါတယ္။ ရုပ္တုရဲ႕အထူဟာ ၁၀လက္မကေန ၁၂လက္မခန္႔ ရွိပါတယ္။ ရုပ္တုအတြင္းဘက္မွာ အကန္႔ငယ္ေလးမ်ားကို တသီးတျခားတည္ေဆာက္ထားပါေသးတယ္။ ၁၉၆၇ခုႏွစ္ ေမလ မွာ စတင္တည္ေဆာက္ခဲ့တာျဖစ္ၿပီး ေအာက္တုိဘာလ ၁၅ရက္ေန႔မွာ ၿပီးဆုံးခဲ့ပါတယ္။

ဒီလုိတည္ေဆာက္ေနခ်ိန္အတြင္းမွာ ရုပ္တုရဲ႕အဆက္ေတြမွာလုံေလာက္တဲ့အစုိင္အခဲျဖစ္ေစဖုိ႔ ကြန္ကရစ္ေတြကို အဆက္မျပတ္ေလာင္းရင္း တည္ေဆာက္ခဲ့ရတယ္လုိ႔ သိရပါတယ္။ ဒီရုပ္တုဟာ အဲဒီအခ်ိန္က ကမာၻမွာအျမင့္ဆုံးရုပ္တုျဖစ္ခဲ့ပါတယ္။ ရုပ္တု နဲ႔ ရုပ္တု၀န္းက်င္ complex ကို ၁၉၇၂မွာ ထပ္မံမြန္းမံခဲ့ပါတယ္။ ရုပ္တုရဲ႕ဓါးကိုေတ့ ၁၉၈၆ခုႏွစ္မွာ အစားထုိးလဲလွယ္ခဲ့ပါတယ္။ ရုပ္တုကိုတည္ေဆာက္ခဲ့တဲ့ ပန္းပုဆရာ Vuchetich ဟာ ရုပ္တုရဲ႕အမူအရာကုိ သံျပားပစ္အားကစားနည္းကေန ရယူခဲ့ၿပီး ရုပ္တုမ်က္ႏွာကိုေတာ့ သူ႔ဇနီးျဖစ္သူရဲ႕ မ်က္ႏွာကုိ ပုံတူဖန္တီးထားတာျဖစ္ပါတယ္။

သံျပားပစ္အားကစားသမားရဲ႕ ကိုယ္ေနဟန္

ဒီရုပ္တုႀကီးရွိရာ Mamayev Kurgan နယ္ေျမဟာ ရုရွားရဲ႕အံ့ဖြယ္ ၇ခုထဲမွာ တစ္ခုအပါအ၀င္ျဖစ္ပါတယ္။ ရုပ္တုႀကီးရွိရာေနရာကိုေရာက္ရွိဖုိ႔အတြက္ ေလွကားထစ္ေပါင္း ၂၀၀ ကိုတက္ရမွာျဖစ္ပါတယ္။ ဒါဟာ စတာလင္ဂရက္တုိက္ပြဲရဲ႕ၾကာခ်ိန္ ရက္ေပါင္း ၂၀၀ ကုိ ရည္ညႊန္းပါတယ္။သူရဲေကာင္းဗိမာန္တစ္ခုျဖစ္တဲ့ ဒီရုပ္တုရဲ႕၀န္းက်င္မွာ ဒုတိယကမာၻစစ္အတြင္းက ဆုိဗီယက္သူရဲေကာင္းေတြ ျဖစ္တဲ့ ဗိုလ္ခ်ဳပ္ႀကီး Vasily Ivanovich Chuikov နဲ႔ လက္ေျဖာင့္ ေသနတ္သမား Vasily Zaytsev တို႔ အျပင္ အျခားသူရဲေကာင္းေတြကုိ ျမဳပ္ႏွံထားခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ အမိေျမမွေခၚသံရုပ္တုႀကီးဟာ ရုရွားျပည္ရဲ႕အထင္ကရ ရုပ္တုျဖစ္ေနၿပီး ႏွစ္စဥ္ ကမာၻလွည့္ခရီးသြားအမ်ားဆုံးလာေရာက္ၾကတဲ့ ေနရာေတြထဲကတစ္ခု ျဖစ္ပါေတာ့တယ္။

သုတဇုန္

VIDEO

———————–

ရှရှားပြည်ရဲ့ အထင်ကရ အမိမြေမှခေါ်သံ ရုပ်တု အကြောင်း (unicode)

အမေရိကန်ပြည်ရဲ့နာမည်အကြီးဆုံးရုပ်တုဟာ လေဘာတီရုပ်တုဆိုရင် ရုရှားနိုင်ငံရဲ့ အထင်ရှားဆုံးရုပ်တုက အမိမြေမှခေါ်သံ(The Motherland Calls) ရုပ်တုဖြစ်မယ်ထင်ပါတယ်။ ရုရှားနိုင်ငံရဲ့ပုံရိပ်တွေမှာ ဓားလွတ်ကိုမြှောက်ကိုင်ထားတဲ့ အမျိုးသမီးရုပ်တုကို မကြာခဏမြင်ဖူးကြမှာပါ။ ဒီရုပ်တုကို စတာလင်ဂရက်တိုင်ပွဲမှာ ကျဆုံးသွားကြတဲ့ တပ်နီတော် စစ်သည်သူရဲကောင်းတွေအတွက် အထိမ်းအမှတ်အနေနဲ့ တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ၁၉၆၇ခုနှစ် မှာ တည်ဆောက်ခဲ့တဲ့ ရုပ်တုဖြစ်ပြီး အဲဒီအချိန်က ကမ္ဘာပေါ်မှာ အမြင့်ဆုံးရုပ်တုဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း ဥရောပ ရဲ့အမြင့်ဆုံးရုပ်တု အဖြစ် သတ်မှတ်ခံထားရတဲ့ ရုပ်တုပါ။

စတာလင်ဂရက်တိုက်ပွဲ ဟာ ၁၉၄၂ ခုနှစ် ဩဂုတ်လ ကနေ ၁၉၄၃ ခုနှစ် ဖေဖော်ဝါရီ လ အထိ ရုရှားပြည်တောင်ပိုင်းက စတာလင်ဂရက်မြို့မှာ ဖြစ်ပွားခဲ့ တဲ့ တိုက်ပွဲကြီး ဖြစ်ပါတယ်။ စတာလင်ဂရက်မြို့ဆိုတဲ့အမည်ဟာ ဆိုဗီယက်ခေါင်းဆောင်စတာလင်ကို ဂုဏ်ပြုခေါ်ဆိုထားတာဖြစ်ပါတယ်။ ဟစ်တလာရဲ့ ဂျာမန်တပ်မတော်က ဒီမြို့ကိုသိမ်းပိုက်လိုသလို ဆိုဗီယက်တို့ကလည်း သူတို့အတွက် စစ်ဗျူဟာအရ အချက်အချာကျတဲ့မြို့ဖြစ်တာကြောင့် အလျော့မပေးပဲ အပြင်းအထန်ကာကွယ်ခဲ့ကြပါတယ်။ ဒီတိုက်ပွဲမှာ ဆိုဗီယက်တို့ဘက်က စစ်သည်ပေါင်း ၅သိန်းကျော်သေကြေခဲ့သလို ဂျာမန်တွေဘက်ကလည်း အဲဒီလောက်နီးပါးကျဆုံးခဲ့ကာ ဒုတိယကမ္ဘာစစ်အတွင်းက အသေအပျောက်အများဆုံးတိုက်ပွဲဖြစ်ခဲ့ပါတယ်။

ဒီလို မြို့ကိုရန်သူလက်မပါစေဖို့ ကာကွယ်တားဆီးရာမှာ အသက်ပေးခဲ့ကြတဲ့ တပ်နီတော်စစ်သည်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီ Motherland Calls လို့ အမည်ရတဲ့ ရုပ်တုကြီးကို တည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်။ တည်ဆောက်ထားတဲ့ နေရာကတော့ တချိန်က စတာလင်ဂရက်မြို့ကိုနာမည်ပြောင်းထားတဲ့ Volgograd မြို့မှာဖြစ်ပါတယ်။ ဆိုဗီယက်ပန်းပုပညာရှင် Yevgeny Vuchetich နဲ့ အင်ဂျင်နီယာ Nikolai Nikitin တို့က ပူးပေါင်းတည်ဆောက်ခဲ့ပါတယ်။ အမြင့် ၈၅မီတာ(၂၇၉ပေ) ရှိတဲ့ ဒီရုပ်တုကြီးကို ကွန်ကရစ် တန်ချိန် ၅၅၀၀၊ သံထည် ပစ္စည်းတန်ချိန် ၂၄၀၀ လောက် နဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ ရုပ်တုအောက်ခံခုံဟာ ၆ပေခွဲမြင့်ပြီး ဖောင်ဒေးရှင်းကိုတော့ ၅၂ပေ အနက်အထိ တူးခဲ့ရပါတယ်။ ဓါးရဲ့အရှည်ကတော့ ၁၀၈ပေ ဖြစ်ပြီး ရုပ်တုကြီးရဲ့ စုစုပေါင်းအလေးချိန်က တန် ၈၀၀၀ကျော်ဖြစ်ပါတယ်။

ရုပ်တုဟာ တစ်ဖက်က ဓားလွတ်ကိုမြောက်ပြီး ကျန်လက်တစ်ဖက်ကိုဆန့်တန်းထားတဲ့ အမျိုးသမီးတစ်ယောက် မတ်တပ်ရပ်နေတဲ့သဏ္ဍာန်ဖြစ်ပါတယ်။ ပုံရဲ့အဓိပ္ပါယ်ကတော့ မိခင်ဟာ သူ့ရဲ့သားသမီးတွေကို အမိမြေကိုအသက်ပေးကာကွယ်ဖို့ ရန်သူတွေကိုတိုက်ခိုက်ဖို့ ခေါ်နေတဲ့ဟန်ဖြစ်ပါတယ်။ ရုပ်တုဟာ အခေါင်းပွရုပ်ဖြစ်ပြီး ကွန်ကရစ်နဲ့ သတ္တုဝါယာကြိုးတွေကို အချိုးကျကျပေါင်းစပ်ထားတာဖြစ်ပါတယ်။ ရုပ်တုရဲ့အထူဟာ ၁ဝလက်မကနေ ၁၂လက်မခန့် ရှိပါတယ်။ ရုပ်တုအတွင်းဘက်မှာ အကန့်ငယ်လေးများကို တသီးတခြားတည်ဆောက်ထားပါသေးတယ်။ ၁၉၆၇ခုနှစ် မေလ မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၁၅ရက်နေ့မှာ ပြီးဆုံးခဲ့ပါတယ်။

ဒီလိုတည်ဆောက်နေချိန်အတွင်းမှာ ရုပ်တုရဲ့အဆက်တွေမှာလုံလောက်တဲ့အစိုင်အခဲဖြစ်စေဖို့ ကွန်ကရစ်တွေကို အဆက်မပြတ်လောင်းရင်း တည်ဆောက်ခဲ့ရတယ်လို့ သိရပါတယ်။ ဒီရုပ်တုဟာ အဲဒီအချိန်က ကမ္ဘာမှာအမြင့်ဆုံးရုပ်တုဖြစ်ခဲ့ပါတယ်။ ရုပ်တု နဲ့ ရုပ်တုဝန်းကျင် complex ကို ၁၉၇၂မှာ ထပ်မံမွန်းမံခဲ့ပါတယ်။ ရုပ်တုရဲ့ဓါးကိုတေ့ ၁၉၈၆ခုနှစ်မှာ အစားထိုးလဲလှယ်ခဲ့ပါတယ်။ ရုပ်တုကိုတည်ဆောက်ခဲ့တဲ့ ပန်းပုဆရာ Vuchetich ဟာ ရုပ်တုရဲ့အမူအရာကို သံပြားပစ်အားကစားနည်းကနေ ရယူခဲ့ပြီး ရုပ်တုမျက်နှာကိုတော့ သူ့ဇနီးဖြစ်သူရဲ့ မျက်နှာကို ပုံတူဖန်တီးထားတာဖြစ်ပါတယ်။

ဒီရုပ်တုကြီးရှိရာ Mamayev Kurgan နယ်မြေဟာ ရုရှားရဲ့အံ့ဖွယ် ၇ခုထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ရုပ်တုကြီးရှိရာနေရာကိုရောက်ရှိဖို့အတွက် လှေကားထစ်ပေါင်း ၂၀၀ ကိုတက်ရမှာဖြစ်ပါတယ်။ ဒါဟာ စတာလင်ဂရက်တိုက်ပွဲရဲ့ကြာချိန် ရက်ပေါင်း ၂၀၀ ကို ရည်ညွှန်းပါတယ်။သူရဲကောင်းဗိမာန်တစ်ခုဖြစ်တဲ့ ဒီရုပ်တုရဲ့ဝန်းကျင်မှာ ဒုတိယကမ္ဘာစစ်အတွင်းက ဆိုဗီယက်သူရဲကောင်းတွေ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး Vasily Ivanovich Chuikov နဲ့ လက်ဖြောင့် သေနတ်သမား Vasily Zaytsev တို့ အပြင် အခြားသူရဲကောင်းတွေကို မြုပ်နှံထားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အမိမြေမှခေါ်သံရုပ်တုကြီးဟာ ရုရှားပြည်ရဲ့အထင်ကရ ရုပ်တုဖြစ်နေပြီး နှစ်စဉ် ကမ္ဘာလှည့်ခရီးသွားအများဆုံးလာရောက်ကြတဲ့ နေရာတွေထဲကတစ်ခု ဖြစ်ပါတော့တယ်။

သုတဇုန်

Leave a Reply