ကမာၻေပၚက အေက်ာ္ၾကားဆုံး လူလိမ္သူခုိးရာဇာႀကီးမ်ား

Posted on

က်ြန္ေတာ္တို႔ေန႔စဥ္ျမင္ေတြ႔ေနရတာကေတာ့ ရုပ္ရွင္ေတြထဲကလို အဖိုးတန္ပစၥည္းေတြနဲ႔ လက္ဝတ္လက္စားေတြကို ဓါးျပတိုက္ယူသြားတယ္ဆိုတာထက္ ေဖာက္ထြင္းဝိဇၨာေတြရဲ့ ဖမ္းမိျခင္းမရွိတဲ့ သတင္းေတြနဲ႔ နည္းမ်ိဳးစံု၊ နည္းပညာမ်ိဳးစံုသံုးျပီး အဆင့္ျမင့္ျမင့္လိမ္လည္သူေတြရဲ့ သတင္းေခါင္းစဥ္ေတြကို သာျမင္ေတြ႔ေနရတာပါ။

ဒီလိုလူေတြဟာ သူတိုု႔ရဲ့ဇာတိရုပ္ကို လံုးဝမေပၚလြင္ေစပဲ ဟန္ေဆာင္ေကာင္းသူေတြျဖစ္ျပီး သူတို႔ရဲ့ပစ္မွတ္ေတြကို ဘယ္လိုေအာင္ျမင္ေအာင္ခ်ဥ္းကပ္ရမယ္ဆိုတာ အေသးစိတ္အေနအထားအထိ အကင္းပါးၾကပါတယ္။ အခုမ်ွေဝေပးခ်င္တာကေတာ့ ကမာၻေက်ာ္လူလိမ္ေတြနဲ႔ သူခိုးေတြအေၾကာင္းပဲျဖစ္ပါတယ္။

(၇)Vincezo Perggic

အီတလီလူမ်ဳိး တစ္ေယာက္ျဖစ္တဲ့ Vincezo Perggic ဟာအခ်ိန္တိုတိုေလးအတြင္းမွာ ပဥၥလက္ဆန္ဆန္နဲ႔ ကမာၻေပၚမွာအလြန္ရွားပါးတန္ဖိုးၾကီး နဲ႔ နာမည္အႀကီးဆုံးပန္းခ်ီကားျဖစ္တဲ့ မုိနာလီဇာပန္းခ်ီကားကုိခိုးယူခဲ့တာပါ။ တကယ္ေတာ့သူဟာ ျပတုိက္ရဲ႕၀န္ထမ္းတစ္ေယာက္ျဖစ္ပါတယ္။ ၁၉၁၁ခုႏွစ္မွာ သူဟာ ျပင္သစ္ရဲ႕နာမည္ေက်ာ္ Louvre ျပတိုက္က အခန္းတစ္ခန္းထဲမွာမွာ ပုန္းေအာင္းေနခဲ့ျပီး ျပတိုက္တာဝန္ရွိသူေတြအလစ္မွာ ပန္းခ်ီကားကိုသူအတြင္းခံအက်ီထဲထည့္ျပီး ျပတိုက္ထဲကေန ေအးေအးေဆးေဆးျပန္ထြက္လာခဲ့တာပါ။

သူဟာဒီပန္းခ်ီကားကို သူ႔တိုက္ခန္းမွာ (၂)ႏွစ္ေလာက္ သိမ္းဆည္း ထားျပီးမွ အီတလီကအႏုပညာျပခန္းပုိင္ရွင္တစ္ေယာက္ထံ သြားေရာက္ေရာင္းခ်ခဲ့ပါတယ္။ အဲဒီပုိင္ရွင္က ျပတုိက္ကုိ ဆက္သြယ္ခဲ့လုိ႔ သူဟာ အဖမ္းခံခဲ့ရၿပီး ေထာင္၆လ က်သြားခဲ့ပါတယ္။ မုိနာလီဇာရဲ႕မူရင္းပိုင္ရွင္ဟာ အီတလီကပဲ ျဖစ္သင့္တယ္ ဆုိတဲ့ယုံၾကည္ခ်က္ေၾကာင့္ ခုိးခဲ့တာျဖစ္တယ္လုိ႔ သူက ၀န္ခံခဲ့တဲ့အတြက္ အီတလ်ံေတြက သူ႔ကုိေလးစားခဲ့ၾကပါတယ္။ ဒီခုိးမႈမတုိင္ခင္က မုိနာလီဇာဟာ သိပ္နာမည္မႀကီးေသးပဲ Perggic က မုိနာလီဇာနာမည္ႀကီးေအာင္ လုပ္ေပးလုိက္သလုိပါပဲ။ ပန္းခ်ီကားနဲ႔အတူ သူဟာ နာမည္ႀကီးတဲ့သူခုိးတစ္ေယာက္အျဖစ္ စာရင္း၀င္ခဲ့ပါတယ္။

(၆) Frank William Abagnale, Jr

ျပစ္မႈေတြနဲ႔ရဲတပ္ဖြဲ႔ကလိုက္လံဖမ္းဆီးျခင္းခံေနရတာေတာင္ ေအာင္ျမင္တဲ့လိမ္လည္မႈမ်ားစြာကို တစ္ခုျပီးတစ္ခု ေဆာင္ရြတ္ႏုိင္ခဲ့တာမို႔ သူလိုလုပ္ျပနိုင္တဲ့သူဟာ အခုအခ်ိန္ထိ ကမာၻမွာ သူတစ္ေယာက္တည္းသာ ရွိႏုိင္ပါတယ္။ သူဟာအသက္(၁၆)ႏွစ္အရြယ္တည္းကစလုိ႔ ၅ႏွစ္အတြင္းမွာ ႏုိင္ငံေပါင္း (၂၆) ႏုိင္ငံရဲ့ဘဏ္ေတြကေန ေဒၚလာသန္းနဲ႔ခ်ီျပီး ခ်က္လက္မွတ္ေတြအတုျပဳလုပ္ကာလိမ္လည္ခဲ့ႏုိင္ပါတယ္။အျခားရြယ္တူကေလးေတြ ေက်ာင္းေတြမွာစာအုပ္ေတြနဲ႔ အလုပ္မ်ားေနခ်ိန္မွာ ဖရန္႔ကေတာ့ အတၱလႏၱိတ္သမုဒၵရာကိုျဖတ္ေက်ာ္ျပီး ႏုိင္ငံတကာလွည့္ကာ ေအာင္ျမင္တဲ့ ေလယာဥ္မွဴး ၊ ေရွေန႔ ၊ ဆရာဝန္စတဲ့ပံုစံအမ်ိဳးမ်ိဳးေျပာင္းကာ ပုိင္ပုိင္ႏုိင္ႏုိင္လိမ္လည္ေနခဲ့ပါျပီ။ အေမရိကန္ျပည္ေထာင္စု စံုစမ္းေရးအဖြဲ႔ (FBI)က သူကိုဖမ္းမိတဲ့ေနာက္မွာေတာ့ ေထာင္ဒါဏ္ ၁၂ႏွစ္ခ်မွတ္ခဲ့ပါတယ္။

ဒါေပမယ့္ သူ ဟာ ေထာင္ထဲမွာ ၅ႏွစ္ပဲေနခဲ့ရပါတယ္။ ဘာလုိ႔လဲဆုိေတာ့ FBI ရဲ႕ ေငြေၾကးအတုေတြကို ေဖာ္ထုတ္တဲ့ေနရာမွာ အကူအညီေပးခဲ့လုိ႔ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ အသက္ ၇၀ ရွိၿပီျဖစ္တဲ့ ဖရန္႔ဟာ Abagnale & Associates ဆိုတဲ့ ေငြေၾကးအတုိင္ပင္ခံတစ္ခုကိုတည္ေထာင္လုပ္ကုိင္လွ်က္ ရွိပါတယ္။ နာမည္ေက်ာ္ဒါရိုက္တာ Steven Spielberg က ဖရန္႔ျဖတ္သန္းခဲ့တဲ့ အေတြ႔အၾကံဳကို ရုပ္ရွင္အျဖစ္ရိုက္ကူးရန္ ကမ္းလွမ္းခဲ့ပါတယ္။ ဒီကားကေတာ့ အားလုံးသိၾကတဲ့ဇာတ္ကားျဖစ္တဲ့ Catch Me If You Can ဇာတ္ကားျဖစ္ၿပီး မင္းသားႀကီး တြမ္ဟင့္ နဲ႔ လီယုိနာဒုိဒီကာပရီယုိ တုိ႔ပါ၀င္သရုပ္ေဆာင္ထားၾကပါတယ္။

(၅) Francois Villon

သူဟာ(၁၅)ရာစုက ျပင္သစ္ကဗ်ာဆရာတစ္ေယာက္တစ္ျဖစ္လဲ တစ္ဖက္မွာေတာ့ဥပေဒမဲ့ကိစၥေတြကိုေဆာင္ရြက္ေနခဲ့တာပါ။ သူဟာငယ္ဘဝကို မိဘမဲ့တစ္ဦးအျဖစ္ျဖတ္သန္းခဲ့ရျပီး ခ်မ္းသာၾကြယ္ဝတဲ့ မွတ္တမ္းအရာရွိတစ္ဦးရဲ့ ေမြးစားျခင္းကိုခံခဲ့ရသူပါ။သူဟာ အစက စာေတာ္ၿပီးအက်င့္စာရိတၱေကာင္းတဲ့ ေက်ာင္းသားတစ္ေယာက္ျဖစ္ေပမယ့္ မၾကာခင္မွာပဲဒုစရိုက္လုပ္ငန္းေတြဘက္ကို ေျခဦးလွည့္ပါေတာ့တယ္။Gandes Coquillards ဆိုတဲ့ လူဆုိးဂိုဏ္းထဲကိုဝင္ေရာက္ခဲ့ျပီး ဘုရားရွိခိုးေက်ာင္းေတြနဲ႔ အစိုးရရံုးေတြမွာပါလုယက္မႈေတြကိုက်ဴးလြန္ပါေတာ့တယ္။ ဒီအထဲမွာ သရဖူေပါင္း ၅၀၀ေက်ာ္ကုိ ခုိးတဲ့အမႈလည္းပါ၀င္ပါတယ္။

သူဟာ ခုိးမႈ ၊ လူသတ္မႈ ၊ လုယက္မႈေပါင္းမ်ားစြာကို က်ဴးလြန္ခဲ့ေပမယ့္ အခ်ိန္အေတာ္ၾကာတဲ့အထိ ဖမ္းဆီးခံရျခင္းမရွိပဲ ပိပိရိရိေနႏုိင္ခဲ့ပါတယ္။ ၁၄၆၂ မွာေတာ့ သူဟာ အဖမ္းအဆီးခံရျပီး ေထာင္ထဲမွာ တြဲေလာင္းခ်ိတ္ျခင္းခံရျခင္း အပါအဝင္ နည္းမ်ဳိးစုံနဲ႔ ႏွိပ္စက္ျခင္းကို ခံခဲ့ရပါတယ္။ ဒါေပမယ့္ သူ႔ကိုအျပစ္ဒါဏ္ေလွ်ာ့ေပါ့ၿပီး ျပည္နွင္ဒဏ္ေပးျခင္းကိုပဲခံခဲ့ရပါတယ္။ အဲဒီအခ်ိန္ကစလုိ႔ သူဘယ္ေရာက္သြားမွန္း ဘယ္သူမွ မသိၾကေတာ့ပါဘူး။ ဒါေပမဲ့ သူရဲ့ကဗ်ာေတြကေတာ့ ယေန႔အထိ ျပင္သစ္စာေပသမိုင္းမွာ မွတ္တိုင္တစ္ခု အေနနဲ႔ ပေဟဠိဆန္ဆန္က်န္ခဲ့ပါတယ္။

(၄) Bill Mason

Bill Mason ဟာအျခား အေမရိကန္အမ်ိဳးသားေတြလိုပဲ ပံုမွန္အလုပ္ရွိပါတယ္။ ကေလး နဲ့ မိန္းမလည္းရွိပါတယ္။ ဒါေပမယ့္ သူရဲ့ရံုးပိတ္ရက္ေတြမွာေတာ့အျခားသူေတြလို မိသားစုနဲ႔ ေပ်ာ္ပြဲစားထြက္ျခင္း၊ ငါးမ်ွားထြက္တာေတြကိုေတာ့လုပ္ရမဲ့အစား လူခ်မ္းသာနဲ႔နာမည္ၾကီးအသိုင္းအဝိုင္းေတြရဲ့ ေနအိမ္ေတြဆီက ေဒၚလာသန္းမ်ားစြာတန္တဲ့ ေက်ာက္မ်က္ရတနာေတြကို (၂၅)ႏွစ္လံုးလံုးေဖာက္ထြင္းခိုးယူခဲ့ပါတယ္။ သူဟာဘဝႏွစ္ခုနဲ႔ ရွင္သန္ေနခဲ့တာျဖစ္ျပီး ေထာင္ထဲမွာ(၅)ႏွစ္ေလာက္မေနရခင္အထိ Bop Hope လို လူသိမ်ားတဲ့အႏုပညာရွင္ ဆီကေတာင္ခိုးယူဖူးတာပါ။

ဒီလိုေဖာက္ထြင္းမႈေတြကေန သူဟာေဒၚလာသန္း(၇၀) အထိစုေဆာင္းမိခဲ့ပါတယ္။ သူဟာေၾကာင္တစ္ေကာင္ကဲ့သို႔ လ်ွင္ျမန္မႈမ်ိဳးနဲ႔ ေဖာက္ထြင္းမႈေတြကိုက်ဴးလြန္ခဲ့တာပါ။ ဥပေဒရဲ့ အဆံုးအမ ကိုခံယူျပီးတဲ့ေနာက္မွာေတာ့ စာေရးဆရာတစ္ေယာက္ အျဖစ္ ရပ္တည္နိုင္ခဲ့ျပီး Nine Lives ဆိုတဲ့သူၾကံဳေတြ႔ရတာေတြကို အေျခခံထားတဲ့စာအုပ္ဟာ ေရာင္းအားအေကာင္းဆုံးစာအုပ္တစ္အုပ္ ျဖစ္လာခဲ့ပါတယ္။ တစ္ခါတစ္ေလမွာေတာ့ ျပီးခဲ့ျပီးျဖစ္တဲ့ အမွားေတြက ရတဲ့သင္ခန္းစာဟာ ဘဝေအာင္ျမင္ဖို႔အတြက္ ေလွကားထစ္ေတြျဖစ္တတ္ပါတယ္။

(၃) Doris Payne

မိသားစုမွာအငယ္ဆံုးျဖစ္တဲ့ Doris Payne ဟာ အခုစာရင္းမွာပါတဲ့ တစ္ဦးတည္းေသာ အမ်ိဳးသမီးျဖစ္ပါတယ္။ Doris Payne ရဲ့ဖခင္ဟာဆင္းရဲတဲ့ ေက်ာက္မီးေသြးတြင္းလုပ္သားတစ္ေယာက္ျဖစ္ျပီး သူမကေတာ့ရတနာသူခိုးအေနနဲ႔ ႏွစ္(၅၀)ၾကာေအာင္ရပ္တည္ႏုိင္ခဲ့ပါတယ္။ ႏွစ္ေပါင္း ၅၀ေတာက္ေလွ်ာက္ဒီအလုပ္နဲ႔ပဲ သီးသန္႔အသက္ေမြး၀မ္းေၾကာင္းျပဳခဲ့တာပါ။ ခိုးမႈေတြက်ဴးလြန္တဲ့အခါမွာေတာ့ အျခားအေထာက္အကူပစၥည္းမႈေတြနဲ႔ကာယအင္အားဆိုင္ရာ စိုက္ထုတ္မႈေတာ့မရွိပါဘူး။ ရႈပ္ေထြးတဲ့လွည့္စားခ်က္ေတြကိုျပဳလုပ္ျပီး ခိုးယူခဲ့တာပါ။ သူမ ဟာေတာက္ေတာက္ေျပာင္ေျပာင္ရတနာေတြကို ဝတ္ဆင္ထားခဲ့ဲျပီး အထက္တန္းစားအမ်ိုဳးသမီးတစ္ေယာက္ရဲ့ ေလယူေလသိမ္းအျပဳအမႈနဲ႔ ရတနာေရာင္းဆိုင္ကစာေရးမေတြကို အယံုသြင္းတတ္ပါတယ္။

ထို႔ေနာက္အဆင့္ဆင့္ေသာလွည့္စားမႈေတြကိုျပဳလုပ္ျပီး ေအာင္ျမင္စြာခိုးယူနုိင္ခဲ့တာပါ။ ဒီရတနာေတြကို အျခားျမိဳ႔ေတြမွာလွည့္လည္ေရာင္းခ်ရင္း အသက္ေမြးဝမ္းေၾကာင္းလုပ္ငန္းတစ္ခုအေနနဲ႔ ေရရွည္ရပ္တည္ခဲ့ပါတယ္။ ယခုေတာ့သူမဟာအသက္ (၈၀)အရြယ္ရွိျပီျဖစ္ပါတယ္။ က်န္တဲ့ဘဝသက္တမ္းေတြကိုေတာ့ စာေရးျခင္း၊ သူမရဲ့ဘဝအေၾကာင္းေတြကုိ နာမည္ေက်ာ္ရုပ္ရွင္မင္းသမီး ဟယ္ရီဘယ္ရီနဲ့ တြဲဖက္ျပီး ေဟာလီးဝုဒ္မွာေတြ႕ဆံုေမးျမန္းေတြမွာပါဝင္တင္ဆက္ ျခင္းေတြကိုလုပ္ကိုင္ေနပါတယ္။

(၂) Alan Golder

Alan Golder ဟာခ်မ္းသာတဲ့အသိုင္းအဝိုင္းကေနေပါက္ဖြားလာတာျဖစ္ျပီး ႏိုင္ငံနဲ႔ခ်ီတဲ့ လိ်ဴဝွက္လႈပ္ရွားမႈမွာ ရုပ္ရွင္ဆန္ဆန္ေဆာင္ရြက္ခဲ့တာေၾကာင့္ နာမည္ၾကီးပါတယ္။ သူ႔ကုိနာမည္အရင္းထက္ Dinnertime Bandit လုိ႔ လူသိပိုမ်ားပါတယ္။ အေၾကာင္းကေတာ့ သူဟာ ေဖာက္ထြင္းမႈေတြကို အိမ္ရွင္ေတြ ညစာစားတဲ့အခ်ိန္မွာပဲ ျပဳလုပ္ေလ့ရွိလုိ႔ျဖစ္ပါတယ္။ သူဟာ ၆ႏွစ္အရြယ္ကတည္းက သူခုိးအလုပ္ကုိစတင္ခဲ့ၿပီး စတုိးဆုိင္ကပစၥည္းေတြကို ခိုးတတ္ေနခဲ့ပါၿပီ။ အသက္ ၂၁ႏွစ္အရြယ္မွာေတာ့ လက္၀တ္ရတနာေတြကို ခုိးယူၿပီး တရားမ၀င္ေစ်းကြက္္မွာေရာင္းတတ္ေနခဲ့ပါၿပီ။ အိမ္တစ္အိမ္ကုိ ၀င္ေရာက္ခုိးယူရင္း အိမ္ၿခံေျမလုပ္ငန္းရွင္တစ္ေယာက္ကုိ သတ္မိတဲ့အတြက္ သူဟာ ေထာင္ ၁၅ႏွစ္က်ခဲ့ၿပီး ၁၉၉၆ခုႏွစ္ ေရာက္မွျပန္လည္ လြတ္ေျမာတ္လာခဲ့ပါတယ္။

ေထာင္က်ေနစဥ္အတြင္း မွာ သူ႔ရဲ႕ကိုယ္တုိင္ေရးအထၳဳပၸတၱိကုိ Paramount ရုပ္ရွင္ကုမၸဏီထံ ေဒၚလာ ၂၅၀၀၀ နဲ႔ ေရာင္းခ်ခဲ့ပါေသးတယ္။ ေထာင္က်လြတ္ေျမာက္ၿပီးတဲ့ေနာက္ ၁၉၉၈ခုႏွစ္ မွာေတာ့ သူဟာ ဥေရာပဘက္ကို ထြက္ေျပးသြားခဲ့ၿပီး ခုိးယူလုယက္မႈေတြကို ထပ္မံက်ဴးလြန္ခဲ့ပါတယ္။ သူ႔ကုိ ၂၀၀၆ခုႏွစ္ေရာက္မွ ဘယ္လ္ဂ်ီယံႏုိင္ငံမွာ ျပန္လည္ဖမ္းဆီးႏုိင္ခဲ့ပါတယ္။ ၂၀၀၇မွာေတာ့ အေမရိကန္ႏုိင္ငံကို ျပန္လည္လႊဲေျပာင္းေပးခဲ့ၿပီး အမႈေပါင္း ၄၀ေက်ာ္နဲ႔ တရားစြဲခံရပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ သူဟာ ေထာင္ဒါဏ္ ၁၅ႏွစ္ခ်မွတ္ခံေနရၿပီး ေထာင္ထဲေရာက္ေနပါတယ္။

(၁)Charles Peace

Charles Peaceဟာသူခိုးေလာကမွာေတာ့အလြန္ထင္ရွားသူတစ္ဦးျဖစ္ပါတယ္။သူဟာ အရပ္ ၅ ေပ ၄ လက္မသာရွိေပမဲ့ ကိုယ္ကာယၾက့ံခိုင္မႈနဲ႔ အေသးစိတ္ျပင္ဆင္ထားတဲ့ ေဖာက္ထြင္းပစၥည္းေတြကို က်ြမ္းက်င္စြာအသံုးခ်နိုင္တာေၾကာင့္ လန္ဒန္ျမိဳ႔ေတာ္ရွိ အိမ္ ႏွင့္ စတိုးဆိုင္ေတြအထိ ေအာင္ျမင္စြာေဖာက္ထြင္းနိုင္ခဲ့ပါတယ္။ ၁၈၇၉ မွာေတာ့သူဟာေဖာက္ထြင္းမႈက်ဴးလြန္ရင္းတန္းလန္းနဲ့ အဖမ္းခံခဲ့ရပါတယ္။ အမ်ားစုဟာ သူ႔နာမည္ကိုသိၾကေပမဲ့ သူရဲ့ရုပ္သြင္ကိုေသခ်ာသိတဲ့သူအလြန္နည္းပါတယ္။ ဒါကလည္း သူရဲ့ရည္ရြယ္ခ်က္ရွိရွိမည္သူမ်ွမမွတ္မိနိုင္ေလာက္ေအာင္ဖံုးကြယ္နိူင္ခဲ့လို႔ပါ။

သူနဲ႔ပတ္သတ္ျပီးစေကာ့တလန္ရဲတပ္ဖြဲ႔က သူဟာ အသက္ ၄၀ ကေန ၇၀ ၾကားရွိမယ္လို႔ယူဆျပီး ေတြ႔တဲ့ေနရာမွာဖမ္းဆီးရန္ ဝရမ္းထုတ္ထားဖူးပါတယ္။ သူရဲ့ေဖာက္ထြင္းခိုးယူမႈေတြဟာထူးျခားလြန္းတာမို႔ သူနဲ့ပတ္သတ္ျပီး စာအုပ္နဲ့ရုပ္ရွင္ေတြ ဒါဇင္နဲ့ ခ်ီျပီးထြက္ခဲ့တဲ့အထိ ေအာင္ျမင္ခဲ့တာပါ။ သူဟာခုိးမႈေပါင္း ေသာင္းေျခာက္ေထာင္အျပင္ ရဲတစ္ေယာက္ကို သတ္မႈ နဲ႔ တျခား လူသတ္မႈေတြကိုလည္း က်ဴးလြန္ခဲ့တဲ့အတြက္ ၁၈၇၉ ခုႏွစ္ သူ႔အသက္ ၄၇ႏွစ္မွာ ၾကိဳးေပးကြပ္မ်က္ျခင္းခံခဲ့ရပါတယ္။ လူအမ်ားစုကေတာ့ Charles Peace လိုေဖာက္ထြင္းဝိဇၨာမ်ိဳးကို ေနာက္ထပ္ေတြ႔ရဖို႔မလြယ္တဲ့အေၾကာင္း မွတ္ခ်က္ျပဳၾကပါတယ္။

သုတဇုန္

———————–

ကမ္ဘာပေါ်က အကျော်ကြားဆုံး သူခိုးရာဇာကြီးများ (unicode)

ကျွန်တော်တို့နေ့စဉ်မြင်တွေ့နေရတာကတော့ ရုပ်ရှင်တွေထဲကလို အဖိုးတန်ပစ္စည်းတွေနဲ့ လက်ဝတ်လက်စားတွေကို ဓါးပြတိုက်ယူသွားတယ်ဆိုတာထက် ဖောက်ထွင်းဝိဇ္ဇာတွေရဲ့ ဖမ်းမိခြင်းမရှိတဲ့ သတင်းတွေနဲ့ နည်းမျိုးစုံ၊ နည်းပညာမျိုးစုံသုံးပြီး အဆင့်မြင့်မြင့်လိမ်လည်သူတွေရဲ့ သတင်းခေါင်းစဉ်တွေကို သာမြင်တွေ့နေရတာပါ။

ဒီလိုလူတွေဟာ သူတို့ရဲ့ဇာတိရုပ်ကို လုံးဝမပေါ်လွင်စေပဲ ဟန်ဆောင်ကောင်းသူတွေဖြစ်ပြီး သူတို့ရဲ့ပစ်မှတ်တွေကို ဘယ်လိုအောင်မြင်အောင်ချဉ်းကပ်ရမယ်ဆိုတာ အသေးစိတ်အနေအထားအထိ အကင်းပါးကြပါတယ်။ အခုမျှဝေပေးချင်တာကတော့ ကမ္ဘာကျော်လူလိမ်တွေနဲ့ သူခိုးတွေအကြောင်းပဲဖြစ်ပါတယ်။

(၇)Vincezo Perggic

အီတလီလူမျိုး တစ်ယောက်ဖြစ်တဲ့ Vincezo Perggic ဟာအချိန်တိုတိုလေးအတွင်းမှာ ပဥ္စလက်ဆန်ဆန်နဲ့ ကမ္ဘာပေါ်မှာအလွန်ရှားပါးတန်ဖိုးကြီး နဲ့ နာမည်အကြီးဆုံးပန်းချီကားဖြစ်တဲ့ မိုနာလီဇာပန်းချီကားကိုခိုးယူခဲ့တာပါ။ တကယ်တော့သူဟာ ပြတိုက်ရဲ့ဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ ၁၉၁၁ခုနှစ်မှာ သူဟာ ပြင်သစ်ရဲ့နာမည်ကျော် Louvre ပြတိုက်က အခန်းတစ်ခန်းထဲမှာမှာ ပုန်းအောင်းနေခဲ့ပြီး ပြတိုက်တာဝန်ရှိသူတွေအလစ်မှာ ပန်းချီကားကိုသူအတွင်းခံအကျီထဲထည့်ပြီး ပြတိုက်ထဲကနေ အေးအေးဆေးဆေးပြန်ထွက်လာခဲ့တာပါ။

သူဟာဒီပန်းချီကားကို သူ့တိုက်ခန်းမှာ (၂)နှစ်လောက် သိမ်းဆည်း ထားပြီးမှ အီတလီကအနုပညာပြခန်းပိုင်ရှင်တစ်ယောက်ထံ သွားရောက်ရောင်းချခဲ့ပါတယ်။ အဲဒီပိုင်ရှင်က ပြတိုက်ကို ဆက်သွယ်ခဲ့လို့ သူဟာ အဖမ်းခံခဲ့ရပြီး ထောင်၆လ ကျသွားခဲ့ပါတယ်။ မိုနာလီဇာရဲ့မူရင်းပိုင်ရှင်ဟာ အီတလီကပဲ ဖြစ်သင့်တယ် ဆိုတဲ့ယုံကြည်ချက်ကြောင့် ခိုးခဲ့တာဖြစ်တယ်လို့ သူက ဝန်ခံခဲ့တဲ့အတွက် အီတလျံတွေက သူ့ကိုလေးစားခဲ့ကြပါတယ်။ ဒီခိုးမှုမတိုင်ခင်က မိုနာလီဇာဟာ သိပ်နာမည်မကြီးသေးပဲ Perggic က မိုနာလီဇာနာမည်ကြီးအောင် လုပ်ပေးလိုက်သလိုပါပဲ။ ပန်းချီကားနဲ့အတူ သူဟာ နာမည်ကြီးတဲ့သူခိုးတစ်ယောက်အဖြစ် စာရင်းဝင်ခဲ့ပါတယ်။

(၆) Frank William Abagnale, Jr

ပြစ်မှုတွေနဲ့ရဲတပ်ဖွဲ့ကလိုက်လံဖမ်းဆီးခြင်းခံနေရတာတောင် အောင်မြင်တဲ့လိမ်လည်မှုများစွာကို တစ်ခုပြီးတစ်ခု ဆောင်ရွတ်နိုင်ခဲ့တာမို့ သူလိုလုပ်ပြနိုင်တဲ့သူဟာ အခုအချိန်ထိ ကမ္ဘာမှာ သူတစ်ယောက်တည်းသာ ရှိနိုင်ပါတယ်။ သူဟာအသက်(၁၆)နှစ်အရွယ်တည်းကစလို့ ၅နှစ်အတွင်းမှာ နိုင်ငံပေါင်း (၂၆) နိုင်ငံရဲ့ဘဏ်တွေကနေ ဒေါ်လာသန်းနဲ့ချီပြီး ချက်လက်မှတ်တွေအတုပြုလုပ်ကာလိမ်လည်ခဲ့နိုင်ပါတယ်။အခြားရွယ်တူကလေးတွေ ကျောင်းတွေမှာစာအုပ်တွေနဲ့ အလုပ်များနေချိန်မှာ ဖရန့်ကတော့ အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ကျော်ပြီး နိုင်ငံတကာလှည့်ကာ အောင်မြင်တဲ့ လေယာဉ်မှူး ၊ ရှေနေ့ ၊ ဆရာဝန်စတဲ့ပုံစံအမျိုးမျိုးပြောင်းကာ ပိုင်ပိုင်နိုင်နိုင်လိမ်လည်နေခဲ့ပါပြီ။ အမေရိကန်ပြည်ထောင်စု စုံစမ်းရေးအဖွဲ့ (FBI)က သူကိုဖမ်းမိတဲ့နောက်မှာတော့ ထောင်ဒါဏ် ၁၂နှစ်ချမှတ်ခဲ့ပါတယ်။

ဒါပေမယ့် သူ ဟာ ထောင်ထဲမှာ ၅နှစ်ပဲနေခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ FBI ရဲ့ ငွေကြေးအတုတွေကို ဖော်ထုတ်တဲ့နေရာမှာ အကူအညီပေးခဲ့လို့ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အသက် ၇၀ ရှိပြီဖြစ်တဲ့ ဖရန့်ဟာ Abagnale & Associates ဆိုတဲ့ ငွေကြေးအတိုင်ပင်ခံတစ်ခုကိုတည်ထောင်လုပ်ကိုင်လျှက် ရှိပါတယ်။ နာမည်ကျော်ဒါရိုက်တာ Steven Spielberg က ဖရန့်ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံကို ရုပ်ရှင်အဖြစ်ရိုက်ကူးရန် ကမ်းလှမ်းခဲ့ပါတယ်။ ဒီကားကတော့ အားလုံးသိကြတဲ့ဇာတ်ကားဖြစ်တဲ့ Catch Me If You Can ဇာတ်ကားဖြစ်ပြီး မင်းသားကြီး တွမ်ဟင့် နဲ့ လီယိုနာဒိုဒီကာပရီယို တို့ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

(၅) Francois Villon

သူဟာ(၁၅)ရာစုက ပြင်သစ်ကဗျာဆရာတစ်ယောက်တစ်ဖြစ်လဲ တစ်ဖက်မှာတော့ဥပဒေမဲ့ကိစ္စတွေကိုဆောင်ရွက်နေခဲ့တာပါ။ သူဟာငယ်ဘဝကို မိဘမဲ့တစ်ဦးအဖြစ်ဖြတ်သန်းခဲ့ရပြီး ချမ်းသာကြွယ်ဝတဲ့ မှတ်တမ်းအရာရှိတစ်ဦးရဲ့ မွေးစားခြင်းကိုခံခဲ့ရသူပါ။သူဟာ အစက စာတော်ပြီးအကျင့်စာရိတ္တကောင်းတဲ့ ကျောင်းသားတစ်ယောက်ဖြစ်ပေမယ့် မကြာခင်မှာပဲဒုစရိုက်လုပ်ငန်းတွေဘက်ကို ခြေဦးလှည့်ပါတော့တယ်။Gandes Coquillards ဆိုတဲ့ လူဆိုးဂိုဏ်းထဲကိုဝင်ရောက်ခဲ့ပြီး ဘုရားရှိခိုးကျောင်းတွေနဲ့ အစိုးရရုံးတွေမှာပါလုယက်မှုတွေကိုကျူးလွန်ပါတော့တယ်။ ဒီအထဲမှာ သရဖူပေါင်း ၅၀၀ကျော်ကို ခိုးတဲ့အမှုလည်းပါဝင်ပါတယ်။

သူဟာ ခိုးမှု ၊ လူသတ်မှု ၊ လုယက်မှုပေါင်းများစွာကို ကျူးလွန်ခဲ့ပေမယ့် အချိန်အတော်ကြာတဲ့အထိ ဖမ်းဆီးခံရခြင်းမရှိပဲ ပိပိရိရိနေနိုင်ခဲ့ပါတယ်။ ၁၄၆၂ မှာတော့ သူဟာ အဖမ်းအဆီးခံရပြီး ထောင်ထဲမှာ တွဲလောင်းချိတ်ခြင်းခံရခြင်း အပါအဝင် နည်းမျိုးစုံနဲ့ နှိပ်စက်ခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမယ့် သူ့ကိုအပြစ်ဒါဏ်လျှော့ပေါ့ပြီး ပြည်နှင်ဒဏ်ပေးခြင်းကိုပဲခံခဲ့ရပါတယ်။ အဲဒီအချိန်ကစလို့ သူဘယ်ရောက်သွားမှန်း ဘယ်သူမှ မသိကြတော့ပါဘူး။ ဒါပေမဲ့ သူရဲ့ကဗျာတွေကတော့ ယနေ့အထိ ပြင်သစ်စာပေသမိုင်းမှာ မှတ်တိုင်တစ်ခု အနေနဲ့ ပဟေဠိဆန်ဆန်ကျန်ခဲ့ပါတယ်။

(၄) Bill Mason

Bill Mason ဟာအခြား အမေရိကန်အမျိုးသားတွေလိုပဲ ပုံမှန်အလုပ်ရှိပါတယ်။ ကလေး နဲ့ မိန်းမလည်းရှိပါတယ်။ ဒါပေမယ့် သူရဲ့ရုံးပိတ်ရက်တွေမှာတော့အခြားသူတွေလို မိသားစုနဲ့ ပျော်ပွဲစားထွက်ခြင်း၊ ငါးမျှားထွက်တာတွေကိုတော့လုပ်ရမဲ့အစား လူချမ်းသာနဲ့နာမည်ကြီးအသိုင်းအဝိုင်းတွေရဲ့ နေအိမ်တွေဆီက ဒေါ်လာသန်းများစွာတန်တဲ့ ကျောက်မျက်ရတနာတွေကို (၂၅)နှစ်လုံးလုံးဖောက်ထွင်းခိုးယူခဲ့ပါတယ်။ သူဟာဘဝနှစ်ခုနဲ့ ရှင်သန်နေခဲ့တာဖြစ်ပြီး ထောင်ထဲမှာ(၅)နှစ်လောက်မနေရခင်အထိ Bop Hope လို လူသိများတဲ့အနုပညာရှင် ဆီကတောင်ခိုးယူဖူးတာပါ။

ဒီလိုဖောက်ထွင်းမှုတွေကနေ သူဟာဒေါ်လာသန်း(၇၀) အထိစုဆောင်းမိခဲ့ပါတယ်။ သူဟာကြောင်တစ်ကောင်ကဲ့သို့ လျှင်မြန်မှုမျိုးနဲ့ ဖောက်ထွင်းမှုတွေကိုကျူးလွန်ခဲ့တာပါ။ ဥပဒေရဲ့ အဆုံးအမ ကိုခံယူပြီးတဲ့နောက်မှာတော့ စာရေးဆရာတစ်ယောက် အဖြစ် ရပ်တည်နိုင်ခဲ့ပြီး Nine Lives ဆိုတဲ့သူကြုံတွေ့ရတာတွေကို အခြေခံထားတဲ့စာအုပ်ဟာ ရောင်းအားအကောင်းဆုံးစာအုပ်တစ်အုပ် ဖြစ်လာခဲ့ပါတယ်။ တစ်ခါတစ်လေမှာတော့ ပြီးခဲ့ပြီးဖြစ်တဲ့ အမှားတွေက ရတဲ့သင်ခန်းစာဟာ ဘဝအောင်မြင်ဖို့အတွက် လှေကားထစ်တွေဖြစ်တတ်ပါတယ်။

(၃) Doris Payne

မိသားစုမှာအငယ်ဆုံးဖြစ်တဲ့ Doris Payne ဟာ အခုစာရင်းမှာပါတဲ့ တစ်ဦးတည်းသော အမျိုးသမီးဖြစ်ပါတယ်။ Doris Payne ရဲ့ဖခင်ဟာဆင်းရဲတဲ့ ကျောက်မီးသွေးတွင်းလုပ်သားတစ်ယောက်ဖြစ်ပြီး သူမကတော့ရတနာသူခိုးအနေနဲ့ နှစ်(၅၀)ကြာအောင်ရပ်တည်နိုင်ခဲ့ပါတယ်။ နှစ်ပေါင်း ၅၀တောက်လျှောက်ဒီအလုပ်နဲ့ပဲ သီးသန့်အသက်မွေးဝမ်းကြောင်းပြုခဲ့တာပါ။ ခိုးမှုတွေကျူးလွန်တဲ့အခါမှာတော့ အခြားအထောက်အကူပစ္စည်းမှုတွေနဲ့ကာယအင်အားဆိုင်ရာ စိုက်ထုတ်မှုတော့မရှိပါဘူး။ ရှုပ်ထွေးတဲ့လှည့်စားချက်တွေကိုပြုလုပ်ပြီး ခိုးယူခဲ့တာပါ။ သူမ ဟာတောက်တောက်ပြောင်ပြောင်ရတနာတွေကို ဝတ်ဆင်ထားခဲ့ပြီး အထက်တန်းစားအမျိုးသမီးတစ်ယောက်ရဲ့ လေယူလေသိမ်းအပြုအမှုနဲ့ ရတနာရောင်းဆိုင်ကစာရေးမတွေကို အယုံသွင်းတတ်ပါတယ်။

ထို့နောက်အဆင့်ဆင့်သောလှည့်စားမှုတွေကိုပြုလုပ်ပြီး အောင်မြင်စွာခိုးယူနိုင်ခဲ့တာပါ။ ဒီရတနာတွေကို အခြားမြို့တွေမှာလှည့်လည်ရောင်းချရင်း အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုအနေနဲ့ ရေရှည်ရပ်တည်ခဲ့ပါတယ်။ ယခုတော့သူမဟာအသက် (၈၀)အရွယ်ရှိပြီဖြစ်ပါတယ်။ ကျန်တဲ့ဘဝသက်တမ်းတွေကိုတော့ စာရေးခြင်း၊ သူမရဲ့ဘဝအကြောင်းတွေကို နာမည်ကျော်ရုပ်ရှင်မင်းသမီး ဟယ်ရီဘယ်ရီနဲ့ တွဲဖက်ပြီး ဟောလီးဝုဒ်မှာတွေ့ဆုံမေးမြန်းတွေမှာပါဝင်တင်ဆက် ခြင်းတွေကိုလုပ်ကိုင်နေပါတယ်။

(၂) Alan Golder

Alan Golder ဟာချမ်းသာတဲ့အသိုင်းအဝိုင်းကနေပေါက်ဖွားလာတာဖြစ်ပြီး နိုင်ငံနဲ့ချီတဲ့ လျိူဝှက်လှုပ်ရှားမှုမှာ ရုပ်ရှင်ဆန်ဆန်ဆောင်ရွက်ခဲ့တာကြောင့် နာမည်ကြီးပါတယ်။ သူ့ကိုနာမည်အရင်းထက် Dinnertime Bandit လို့ လူသိပိုများပါတယ်။ အကြောင်းကတော့ သူဟာ ဖောက်ထွင်းမှုတွေကို အိမ်ရှင်တွေ ညစာစားတဲ့အချိန်မှာပဲ ပြုလုပ်လေ့ရှိလို့ဖြစ်ပါတယ်။ သူဟာ ၆နှစ်အရွယ်ကတည်းက သူခိုးအလုပ်ကိုစတင်ခဲ့ပြီး စတိုးဆိုင်ကပစ္စည်းတွေကို ခိုးတတ်နေခဲ့ပါပြီ။ အသက် ၂၁နှစ်အရွယ်မှာတော့ လက်ဝတ်ရတနာတွေကို ခိုးယူပြီး တရားမဝင်ဈေးကွက်မှာရောင်းတတ်နေခဲ့ပါပြီ။ အိမ်တစ်အိမ်ကို ဝင်ရောက်ခိုးယူရင်း အိမ်ခြံမြေလုပ်ငန်းရှင်တစ်ယောက်ကို သတ်မိတဲ့အတွက် သူဟာ ထောင် ၁၅နှစ်ကျခဲ့ပြီး ၁၉၉၆ခုနှစ် ရောက်မှပြန်လည် လွတ်မြောတ်လာခဲ့ပါတယ်။

ထောင်ကျနေစဉ်အတွင်း မှာ သူ့ရဲ့ကိုယ်တိုင်ရေးအထ္ထုပ္ပတ္တိကို Paramount ရုပ်ရှင်ကုမ္ပဏီထံ ဒေါ်လာ ၂၅၀၀၀ နဲ့ ရောင်းချခဲ့ပါသေးတယ်။ ထောင်ကျလွတ်မြောက်ပြီးတဲ့နောက် ၁၉၉၈ခုနှစ် မှာတော့ သူဟာ ဥရောပဘက်ကို ထွက်ပြေးသွားခဲ့ပြီး ခိုးယူလုယက်မှုတွေကို ထပ်မံကျူးလွန်ခဲ့ပါတယ်။ သူ့ကို ၂၀၀၆ခုနှစ်ရောက်မှ ဘယ်လ်ဂျီယံနိုင်ငံမှာ ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ၂၀၀၇မှာတော့ အမေရိကန်နိုင်ငံကို ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး အမှုပေါင်း ၄၀ကျော်နဲ့ တရားစွဲခံရပါတယ်။ လက်ရှိအချိန်မှာတော့ သူဟာ ထောင်ဒါဏ် ၁၅နှစ်ချမှတ်ခံနေရပြီး ထောင်ထဲရောက်နေပါတယ်။

(၁)Charles Peace

Charles Peaceဟာသူခိုးလောကမှာတော့အလွန်ထင်ရှားသူတစ်ဦးဖြစ်ပါတယ်။သူဟာ အရပ် ၅ ပေ ၄ လက်မသာရှိပေမဲ့ ကိုယ်ကာယကြံ့ခိုင်မှုနဲ့ အသေးစိတ်ပြင်ဆင်ထားတဲ့ ဖောက်ထွင်းပစ္စည်းတွေကို ကျွမ်းကျင်စွာအသုံးချနိုင်တာကြောင့် လန်ဒန်မြို့တော်ရှိ အိမ် နှင့် စတိုးဆိုင်တွေအထိ အောင်မြင်စွာဖောက်ထွင်းနိုင်ခဲ့ပါတယ်။ ၁၈၇၉ မှာတော့သူဟာဖောက်ထွင်းမှုကျူးလွန်ရင်းတန်းလန်းနဲ့ အဖမ်းခံခဲ့ရပါတယ်။ အများစုဟာ သူ့နာမည်ကိုသိကြပေမဲ့ သူရဲ့ရုပ်သွင်ကိုသေချာသိတဲ့သူအလွန်နည်းပါတယ်။ ဒါကလည်း သူရဲ့ရည်ရွယ်ချက်ရှိရှိမည်သူမျှမမှတ်မိနိုင်လောက်အောင်ဖုံးကွယ်နိူင်ခဲ့လို့ပါ။

သူနဲ့ပတ်သတ်ပြီးစကော့တလန်ရဲတပ်ဖွဲ့က သူဟာ အသက် ၄၀ ကနေ ၇၀ ကြားရှိမယ်လို့ယူဆပြီး တွေ့တဲ့နေရာမှာဖမ်းဆီးရန် ဝရမ်းထုတ်ထားဖူးပါတယ်။ သူရဲ့ဖောက်ထွင်းခိုးယူမှုတွေဟာထူးခြားလွန်းတာမို့ သူနဲ့ပတ်သတ်ပြီး စာအုပ်နဲ့ရုပ်ရှင်တွေ ဒါဇင်နဲ့ ချီပြီးထွက်ခဲ့တဲ့အထိ အောင်မြင်ခဲ့တာပါ။ သူဟာခိုးမှုပေါင်း သောင်းခြောက်ထောင်အပြင် ရဲတစ်ယောက်ကို သတ်မှု နဲ့ တခြား လူသတ်မှုတွေကိုလည်း ကျူးလွန်ခဲ့တဲ့အတွက် ၁၈၇၉ ခုနှစ် သူ့အသက် ၄၇နှစ်မှာ ကြိုးပေးကွပ်မျက်ခြင်းခံခဲ့ရပါတယ်။ လူအများစုကတော့ Charles Peace လိုဖောက်ထွင်းဝိဇ္ဇာမျိုးကို နောက်ထပ်တွေ့ရဖို့မလွယ်တဲ့အကြောင်း မှတ်ချက်ပြုကြပါတယ်။

သုတဇုန်

Leave a Reply