ေရာမျပည္ရဲ႕ အထင္ကရ ကမာၻ႔အလွပဆုံး အခ်စ္ေရပန္း

Posted on

အီတလီႏုိင္ငံ ေရာမၿမဳိ႕ကုိ သြားတဲ့အခါ ခရီးသြားမ်ား မသြားမျဖစ္သြားတဲ့ေနရာေတြထဲမွာ အခ်စ္ေရပန္းလုိ႔ တင္စားေခၚေ၀ၚၾကတဲ့ Trevi ေရပန္းလည္း အပါအ၀င္ျဖစ္ပါတယ္။ ဒီေရပန္းေနရာဟာ ဘီစီ ၁၉ ၀န္းက်င္မွာ ေရာမရဲ႕ ျပည္သူေတြထံ ေရေပးေ၀တဲ့ ေရသြယ္ေျမာင္းတစ္ခုျဖစ္ခဲ့ပါတယ္။ ေရသြယ္ေျမာင္းရဲ႕အဆုံး လမ္းသုံးခြဆုံတဲ့ေနရာဟာ လက္ရွိ Trevi ေရပန္းရွိတဲ့ေနရာပါ။

Trevi ေရပန္းျဖစ္ေပၚလာပုံကေတာ့ ရွစ္ဆက္ေျမာက္ပုပ္ရဟန္းမင္း Urban ရဲ႕လက္ထက္မွာျဖစ္ပါတယ္။ ပုရဟန္းမင္း Urban က မူလေရသြယ္ေျမာင္းစုံကုိျဖတ္ၿပီး ေရပန္းအသစ္တစ္ခုတည္ေဆာက္ခ်င္ပါတယ္။ ၁၆၂၉ခုႏွစ္မွာ ေတာသူဟာ ေရပန္းအသစ္တည္ေဆာက္ဖုိ႔ ပေရာဂ်က္ကုိ စတင္ခဲ့ပါတယ္။ ဒါေပမယ့္ မၾကာမီမွာပဲ ပုပ္ရဟန္းမင္းေသဆုံးခဲ့တဲ့အတြက္ ေရပန္းစီမံကိန္းက အဆုံးသတ္သြားခဲ့ပါတယ္။

၁၇၃၀ခုႏွစ္ ၁၂ဆက္ေျမာက္ပုပ္ရဟန္းမင္း Clement လက္ထက္မွာေတာ့ ဒီအစီအစဥ္ကုိ ဆက္လက္အေကာင္အထည္ေဖာ္ခဲ့ပါတယ္။ ေရာမဗိသုကာပညာရွင္ Nicola Salvi က ဒီဇုိင္းဆြဲတည္ေဆာက္ေပးခဲ့ၿပီး ၁၇၆၂ခုႏွစ္မွာမွ ၿပီးဆုံးခဲ့ပါတယ္။ ပင္လယ္နတ္ဘုရား Oceanus အတြက္ ရည္ရြယ္တည္ေဆာက္ထားတာျဖစ္ၿပီး ေရပန္းရဲ႕အလယ္မွာ Oceanus ရုပ္တုကိုထားရွိပါတယ္။ ၁၉၉၈ခုႏွစ္ နဲ႔ ၂၀၁၄ အစပုိင္းေတြမွာ ဒီေရပန္းႀကီးကို ျပန္လည္မြမ္းမံခဲ့ပါတယ္။

Trevi ေရပန္းရဲ႕ စိတ္၀င္စားဖြယ္အခ်က္မ်ား

Trevi ေရပန္းကုိ ဗိသုကာပညာရွင္ Nicola Salvi က ဒီဇုိင္းဆြဲတည္ေဆာက္ခဲ့ၿပီး ဒီအတြက္ကုန္က်ေငြကိုေတာ့ ေရာမၿမဳိ႕ရဲ႕ထီဌာနက က်ခံခဲ့ပါတယ္။

Trevi ေရပန္းကို ေရပူစမ္းေတြမွာ အမ်ားဆုံးေတြ႔ရေလ့ရွိတဲ့ Travertine ေက်ာက္တုံးေတြနဲ႔တည္ေဆာက္ထားတာျဖစ္ပါတယ္။

ေရာမမွာ ၄ရာစုကတည္းက ေရာမမွာ ေရပန္းေပါင္း ၁၃၅၂ခု ရွိခဲ့ၿပီး ေရပန္းအားလုံးဟာ လူေတြအသုံးျပဳဖုိ႔အတြက္ ျဖစ္ပါတယ္။ အဲဒီထဲက ေရပန္းအမ်ားစုဟာ ယေန႔အခ်ိန္ထိက်န္ရွိေနေပမယ့္ အသုံံးမျပဳေတာ့ပဲ အလွျပတဲ့အေနနဲ႔သာ ထားရွိပါေတာ့တယ္။

ေရပန္းကုိတည္ေဆာက္စဥ္အေတာအတြင္းမွာ ေက်ာက္ျဖတ္သူတစ္ေယာက္ကုိ ေက်ာက္တုံးႀကီးတစ္တုံးက ဖိႀကိတ္ခဲ့ပါတယ္။ ဒီတည္ေဆာက္မႈအတြင္းမွာ ဒါဏ္ရာရခဲ့သူအမ်ားအျပားရွိခဲ့ၿပီး လူအနညး္ငယ္ေသဆုံးခဲ့ပါတယ္။

ဒီေရပန္းႀကီးကိုတည္ေဆာက္ဖုိ႔ ၁၇၃၀ခုႏွစ္ကေန ၁၇၆၂ခုႏွစ္အထိ အခ်ိန္ ၃၂ႏွစ္ ယူခဲ့ရပါတယ္။

ေရပန္းထံေန႔စဥ္လာေရာက္တဲ့သူေတြဟာ ေရပန္းထဲကို အေၾကြေစ့ေတြ ပစ္ထည့္ေလ့ရွိပါတယ္။ ဘယ္ေလာက္မ်ားျပားလဲဆုိရင္ ဒီအေၾကြေစ့စုစုေပါင္း တစ္ေန႔ကုိ အေမရိကန္ေဒၚလာ ၄၀၀၀ ခန္႔ရရွိၿပီး ပရဟိတအဖြဲ႔ေတြအတြက္ ျပန္လည္အသုံးခ်ၾကပါတယ္။

ပစ္ထည့္ထားတဲ့ အေၾကြေစ့ေတြကို ယူတာဟာ ျပစ္ဒါဏ္အလြန္ႀကီးပါတယ္။ အေၾကြေစ့ေတြကုိ ခုိးခဲ့တဲ့သူတစ္ေယာက္ဟာ ေထာင္ ၃၄ႏွစ္ အထိက်ခဲ့ဖူးပါတယ္။

ေရပန္းကန္ထဲကို အေၾကြေစ့ေတြျပစ္ခ်ျခင္းမွာ ယုံၾကည္မႈတခ်ဳိ႕ရွိေနပါတယ္။ အေၾကြေစ့တစ္ေစ့ပစ္ရင္ ေရာမကုိ ေနာက္တစ္ေခါက္ထပ္လာရမယ္ ၊ ႏွစ္ေစ့ပစ္ရင္ အခ်စ္နဲ႔ဆုံဆည္းမယ္ ၊ သုံးေစ့ပစ္ရင္ မဂၤလာေဆာင္ရေတာ့မယ္ စတဲ့ယုံၾကည္မႈေတြပါ။ ဒီလုိပစ္တဲ့အခါမွာ ညာဘက္လက္နဲ႔ ဘယ္ဘက္ပုခံုးကို ေက်ာ္ၿပီး ေနာက္ျပန္ ပစ္ထည့္ရတာပါ။

Trevi ေရပန္းဟာ ေရာမရဲ႕အႀကီးဆုံးေရပန္းျဖစ္သလုိ ကမာၻေပၚကအေက်ာ္ၾကားဆုံးေရပန္းတစ္ခုလည္းျဖစ္ပါတယ္။ ဒီေရပန္းဟာ အျမင့္ ၈၆ေပ ရွိၿပီ အက်ယ္ ၁၆၁ေပ ရွိပါတယ္။ အလွပဆုံးနဲ႔ အရႈပ္ေထြးဆုံး ဗိသုကာလက္ရာေတြကုိ ဒီေရပန္းမွာ ျမင္ေတြ႔ႏုိင္ပါတယ္။ ကမၻာေပၚက ေရပန္းေတြ အားလုံးထဲမွာ ရွပ္ေထြးမွဳ အမ်ားဆုံး ကိုင္တြယ္ရအခက္ဆုံးလို႔ ေက်ာ္ႀကားပါသတဲ့။

ဒီဇုိင္းဆြဲတည္ေဆာက္ခဲ့သူ Nicola Salvi ဟာ တည္ေဆာက္ေနစဥ္မွာ ေသဆုံးခဲ့တဲ့အတြက္ အီတလီဗိသုကာပညာရွင္ Pietro Bracci က ေရပန္းၿပီးတဲ့အထိ ဆက္လက္တည္ေဆာက္ခဲ့ပါတယ္။

ေရပန္းတည္ေဆာက္ခဲ့သူေတြျဖစ္တဲ့ Nicola Salvi နဲ႔ Pietro Bracci

Trevi ေရပန္း ကို လမ္းသုံးခြေရပန္းလုိ႔လည္းေခၚၾကပါေသးတယ္။ Trevi ဆိုတဲ့ အဓိပၸါယ္က 3 ways လို႔ အဓိပၸါယ္ရပါတယ္။ ဒီေနရာမွာဆုံတဲ့လမ္းသုံးလမ္းကေတာ့ Via De Crocicchis, Via Poli, နဲ႔ Via Delle Muratte စတဲ့လမ္းေတြပဲျဖစ္ပါတယ္။ ဒ႑ာရီအရေတာ့ ေရာမနတ္ဘုရားမ Trivia ဟာ ေရပန္းရွိတဲ့ေနရာမွာရပ္ၿပီး ေရာမၿမဳိ႕ကိုကာကြယ္ခဲ့တယ္လုိ႔ ဆုိပါတယ္။

ေရပန္းရဲ႕အလယ္မွာ နတ္ဘုရား Oceanus ရုပ္တုရွိၿပီး ေဘးတစ္ဖက္တစ္ခ်က္မွာေတာ့ သူ႔ရဲ႕နတ္သမီးေတြ ျဖစ္တဲ့ Abundance နတ္ဘုရားမနဲ႔ Salubrity နတ္ဘုရားမတို႔ရဲ႕ ရုပ္ထုေတြရွိေနပါတယ္။ ေရပန္းကုိ Oceanus ရဲ႕ ပင္လယ္ ခရုခြံပံုစံအျဖစ္ တည္ေဆာက္ထားၿပီး Triton ေတြရဲ႕ လက္ဆြဲ ေရနဂါး seahorse ေတြကို ထည့္သြင္း အလွဆင္ထားပါတယ္။

Trevi ေရပန္းဟာ ေက်ာ္ၾကားတဲ့ေရာမရုပ္ရွင္ေတြျဖစ္တဲ့ La Dolce Vita, Roman Holiday, Three Coins in the Fountain, နဲ႔ The Lizzie McGuire စတဲ့ ဇာတ္ကားေတြမွာ ပါ၀င္ရုိက္ကူးခံခဲ့ရပါတယ္။

ႏွစ္စဥ္ခရီးသြားေပါင္း ၇သန္းကေန ၁၀သန္းခန္႔ဟာ ဒီေရပန္းရွိရာကို လာေရာက္ေလ့ရွိၾကပါတယ္။ ခ်စ္သူစုံတြဲေတြ ၊ မဂၤလာေမာင္ႏွံေတြ တကူးတက ဓာတ္ပုံလာရုိက္ေလ့ရွိတဲ့ ေနရာလည္းျဖစ္ပါတယ္။ ဒီေရပန္းႀကီးဟာ ေရာမၿမဳိ႕အတြက္ႏွစ္စဥ္ ေဒၚလာ သန္းနဲ႔ခ်ီၿပီး ၀င္ေငြရွာေဖြေပးလွ်က္ရွိပါတယ္။

သုတဇုန္

———————-

ရောမပြည်ရဲ့ အထင်ကရ ကမ္ဘာ့အလှပဆုံး အချစ်ရေပန်း (unicode)

အီတလီနိုင်ငံ ရောမမြို့ကို သွားတဲ့အခါ ခရီးသွားများ မသွားမဖြစ်သွားတဲ့နေရာတွေထဲမှာ အချစ်ရေပန်းလို့ တင်စားခေါ်ဝေါ်ကြတဲ့ Trevi ရေပန်းလည်း အပါအဝင်ဖြစ်ပါတယ်။ ဒီရေပန်းနေရာဟာ ဘီစီ ၁၉ ဝန်းကျင်မှာ ရောမရဲ့ ပြည်သူတွေထံ ရေပေးဝေတဲ့ ရေသွယ်မြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ ရေသွယ်မြောင်းရဲ့အဆုံး လမ်းသုံးခွဆုံတဲ့နေရာဟာ လက်ရှိ Trevi ရေပန်းရှိတဲ့နေရာပါ။ Trevi ရေပန်းဖြစ်ပေါ်လာပုံကတော့ ရှစ်ဆက်မြောက်ပုပ်ရဟန်းမင်း Urban ရဲ့လက်ထက်မှာဖြစ်ပါတယ်။ ပုရဟန်းမင်း Urban က မူလရေသွယ်မြောင်းစုံကိုဖြတ်ပြီး ရေပန်းအသစ်တစ်ခုတည်ဆောက်ချင်ပါတယ်။ ၁၆၂၉ခုနှစ်မှာ တောသူဟာ ရေပန်းအသစ်တည်ဆောက်ဖို့ ပရောဂျက်ကို စတင်ခဲ့ပါတယ်။ ဒါပေမယ့် မကြာမီမှာပဲ ပုပ်ရဟန်းမင်းသေဆုံးခဲ့တဲ့အတွက် ရေပန်းစီမံကိန်းက အဆုံးသတ်သွားခဲ့ပါတယ်။

၁၇၃ဝခုနှစ် ၁၂ဆက်မြောက်ပုပ်ရဟန်းမင်း Clement လက်ထက်မှာတော့ ဒီအစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်ခဲ့ပါတယ်။ ရောမဗိသုကာပညာရှင် Nicola Salvi က ဒီဇိုင်းဆွဲတည်ဆောက်ပေးခဲ့ပြီး ၁၇၆၂ခုနှစ်မှာမှ ပြီးဆုံးခဲ့ပါတယ်။ ပင်လယ်နတ်ဘုရား Oceanus အတွက် ရည်ရွယ်တည်ဆောက်ထားတာဖြစ်ပြီး ရေပန်းရဲ့အလယ်မှာ Oceanus ရုပ်တုကိုထားရှိပါတယ်။ ၁၉၉၈ခုနှစ် နဲ့ ၂၀၁၄ အစပိုင်းတွေမှာ ဒီရေပန်းကြီးကို ပြန်လည်မွမ်းမံခဲ့ပါတယ်။

Trevi ရေပန်းရဲ့ စိတ်ဝင်စားဖွယ်အချက်များ

Trevi ရေပန်းကို ဗိသုကာပညာရှင် Nicola Salvi က ဒီဇိုင်းဆွဲတည်ဆောက်ခဲ့ပြီး ဒီအတွက်ကုန်ကျငွေကိုတော့ ရောမမြို့ရဲ့ထီဌာနက ကျခံခဲ့ပါတယ်။

Trevi ရေပန်းကို ရေပူစမ်းတွေမှာ အများဆုံးတွေ့ရလေ့ရှိတဲ့ Travertine ကျောက်တုံးတွေနဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။

ရောမမှာ ၄ရာစုကတည်းက ရောမမှာ ရေပန်းပေါင်း ၁၃၅၂ခု ရှိခဲ့ပြီး ရေပန်းအားလုံးဟာ လူတွေအသုံးပြုဖို့အတွက် ဖြစ်ပါတယ်။ အဲဒီထဲက ရေပန်းအများစုဟာ ယနေ့အချိန်ထိကျန်ရှိနေပေမယ့် အသုံံးမပြုတော့ပဲ အလှပြတဲ့အနေနဲ့သာ ထားရှိပါတော့တယ်။

ရေပန်းကိုတည်ဆောက်စဉ်အတောအတွင်းမှာ ကျောက်ဖြတ်သူတစ်ယောက်ကို ကျောက်တုံးကြီးတစ်တုံးက ဖိကြိတ်ခဲ့ပါတယ်။ ဒီတည်ဆောက်မှုအတွင်းမှာ ဒါဏ်ရာရခဲ့သူအများအပြားရှိခဲ့ပြီး လူအနည်းငယ်သေဆုံးခဲ့ပါတယ်။

ဒီရေပန်းကြီးကိုတည်ဆောက်ဖို့ ၁၇၃ဝခုနှစ်ကနေ ၁၇၆၂ခုနှစ်အထိ အချိန် ၃၂နှစ် ယူခဲ့ရပါတယ်။

ရေပန်းထံနေ့စဉ်လာရောက်တဲ့သူတွေဟာ ရေပန်းထဲကို အကြွေစေ့တွေ ပစ်ထည့်လေ့ရှိပါတယ်။ ဘယ်လောက်များပြားလဲဆိုရင် ဒီအကြွေစေ့စုစုပေါင်း တစ်နေ့ကို အမေရိကန်ဒေါ်လာ ၄၀၀၀ ခန့်ရရှိပြီး ပရဟိတအဖွဲ့တွေအတွက် ပြန်လည်အသုံးချကြပါတယ်။

ပစ်ထည့်ထားတဲ့ အကြွေစေ့တွေကို ယူတာဟာ ပြစ်ဒါဏ်အလွန်ကြီးပါတယ်။ အကြွေစေ့တွေကို ခိုးခဲ့တဲ့သူတစ်ယောက်ဟာ ထောင် ၃၄နှစ် အထိကျခဲ့ဖူးပါတယ်။

ရေပန်းကန်ထဲကို အကြွေစေ့တွေပြစ်ချခြင်းမှာ ယုံကြည်မှုတချို့ရှိနေပါတယ်။ အကြွေစေ့တစ်စေ့ပစ်ရင် ရောမကို နောက်တစ်ခေါက်ထပ်လာရမယ် ၊ နှစ်စေ့ပစ်ရင် အချစ်နဲ့ဆုံဆည်းမယ် ၊ သုံးစေ့ပစ်ရင် မင်္ဂလာဆောင်ရတော့မယ် စတဲ့ယုံကြည်မှုတွေပါ။ ဒီလိုပစ်တဲ့အခါမှာ ညာဘက်လက်နဲ့ ဘယ်ဘက်ပုခုံးကို ကျော်ပြီး နောက်ပြန် ပစ်ထည့်ရတာပါ။

Trevi ရေပန်းဟာ ရောမရဲ့အကြီးဆုံးရေပန်းဖြစ်သလို ကမ္ဘာပေါ်ကအကျော်ကြားဆုံးရေပန်းတစ်ခုလည်းဖြစ်ပါတယ်။ ဒီရေပန်းဟာ အမြင့် ၈၆ပေ ရှိပြီ အကျယ် ၁၆၁ပေ ရှိပါတယ်။ အလှပဆုံးနဲ့ အရှုပ်ထွေးဆုံး ဗိသုကာလက်ရာတွေကို ဒီရေပန်းမှာ မြင်တွေ့နိုင်ပါတယ်။ ကမ္ဘာပေါ်က ရေပန်းတွေ အားလုံးထဲမှာ ရှပ်ထွေးမှု အများဆုံး ကိုင်တွယ်ရအခက်ဆုံးလို့ ကျော်ကြားပါသတဲ့။

ဒီဇိုင်းဆွဲတည်ဆောက်ခဲ့သူ Nicola Salvi ဟာ တည်ဆောက်နေစဉ်မှာ သေဆုံးခဲ့တဲ့အတွက် အီတလီဗိသုကာပညာရှင် Pietro Bracci က ရေပန်းပြီးတဲ့အထိ ဆက်လက်တည်ဆောက်ခဲ့ပါတယ်။

Trevi ရေပန်း ကို လမ်းသုံးခွရေပန်းလို့လည်းခေါ်ကြပါသေးတယ်။ Trevi ဆိုတဲ့ အဓိပ္ပါယ်က 3 ways လို့ အဓိပ္ပါယ်ရပါတယ်။ ဒီနေရာမှာဆုံတဲ့လမ်းသုံးလမ်းကတော့ Via De Crocicchis, Via Poli, နဲ့ Via Delle Muratte စတဲ့လမ်းတွေပဲဖြစ်ပါတယ်။ ဒဏ္ဍာရီအရတော့ ရောမနတ်ဘုရားမ Trivia ဟာ ရေပန်းရှိတဲ့နေရာမှာရပ်ပြီး ရောမမြို့ကိုကာကွယ်ခဲ့တယ်လို့ ဆိုပါတယ်။

ရေပန်းရဲ့အလယ်မှာ နတ်ဘုရား Oceanus ရုပ်တုရှိပြီး ဘေးတစ်ဖက်တစ်ချက်မှာတော့ သူ့ရဲ့နတ်သမီးတွေ ဖြစ်တဲ့ Abundance နတ်ဘုရားမနဲ့ Salubrity နတ်ဘုရားမတို့ရဲ့ ရုပ်ထုတွေရှိနေပါတယ်။ ရေပန်းကို Oceanus ရဲ့ ပင်လယ် ခရုခွံပုံစံအဖြစ် တည်ဆောက်ထားပြီး Triton တွေရဲ့ လက်ဆွဲ ရေနဂါး seahorse တွေကို ထည့်သွင်း အလှဆင်ထားပါတယ်။

Trevi ရေပန်းဟာ ကျော်ကြားတဲ့ရောမရုပ်ရှင်တွေဖြစ်တဲ့ La Dolce Vita, Roman Holiday, Three Coins in the Fountain, နဲ့ The Lizzie McGuire စတဲ့ ဇာတ်ကားတွေမှာ ပါဝင်ရိုက်ကူးခံခဲ့ရပါတယ်။

နှစ်စဉ်ခရီးသွားပေါင်း ၇သန်းကနေ ၁ဝသန်းခန့်ဟာ ဒီရေပန်းရှိရာကို လာရောက်လေ့ရှိကြပါတယ်။ ချစ်သူစုံတွဲတွေ ၊ မင်္ဂလာမောင်နှံတွေ တကူးတက ဓာတ်ပုံလာရိုက်လေ့ရှိတဲ့ နေရာလည်းဖြစ်ပါတယ်။ ဒီရေပန်းကြီးဟာ ရောမမြို့အတွက်နှစ်စဉ် ဒေါ်လာ သန်းနဲ့ချီပြီး ဝင်ငွေရှာဖွေပေးလျှက်ရှိပါတယ်။

သုတဇုန်

Leave a Reply