ကြန္ပ်ဴတာတုိ႔ရဲ႕ သမုိင္းေၾကာင္း

Posted on

၁၆ ရာစုႏွစ္ ေႏွာင္းပိုင္းမွ စတင္၍ လုပ္ငန္းရပ္ အသီးသီးအား လြယ္ကူေခ်ာေမႊ႕ အဆင္ေျပေစရန္ ပညာရွင္အသီးသီးမွ ေပသီး (abacus)အား အေျခခံ၍ အဆင့္ဆင့္ စမ္းသပ္တီထြင္ လာခဲ့ၾကပါသည္။ ၁၆၁၄ ခုႏွစ္တြင္ (John Napier) မွ သခ်ၤာပညာရပ္ပိုင္းဆိုင္ရာ တြက္ခ်က္မႈမ်ားအား အဆင္သင့္ၾကည့္႐ႈႏိုင္ရန္ .၅ ဒႆမငါး ေနရာအထိ အတိအက် တြက္ယူ အေျဖထုတ္ေပးထားေသာ အစီအစဥ္ (Logarithms) အား တီထြင္ဖန္တီးခဲ့သည္။

၁၆၁၅ တြင္ William Oughtred မွေန၍ (Slide Rule) စနစ္အားတီထြင္ခဲ့သည္။ (Slide Rule) ဆိုသည္မွာ လၽွင္ျမန္စြာ တြက္ခ်က္ႏိုင္ရန္အတြက္(Logarithms) စနစ္အား အက်ဥ္းခ်ဳံး စီစဥ္ထားေသာ သခ်ၤာပညာရပ္ပိုင္းဆိုင္ရာ အသုံးခ်မႈမ်ားျဖစ္ပါသည္။ ၎အား ယေန႔ကာလေခတ္ေပၚ အီလက္ထ႐ြန္းနစ္ သခ်ၤာတြက္စက္ (Electronic Calculator) မ်ားတြင္ အသုံးျပဳထားပါသည္။ ၁၆၂၃ တြင္ William Schickard မွသခ်ၤာတြက္စက္၏ အစျဖစ္ေသာ (Mechanical Calculator) အားတီထြင္ခဲ့ပါသည္။

William Schickard နဲ႔ သူ႔ရဲ႕ဂဏန္းတြက္စက္

ပထမဦးဆုံး စက္ကိရိယာျဖင့္ တြက္ခ်က္ျခင္း အစီအစဥ္အား ျပင္သစ္ႏိုင္ငံသား ျဖစ္သူ သခ်ၤာႏွင့္ ဒႆနိကပညာရွင္ Blaise Pascal မွ ၁၆၄၂ ခုႏွစ္တြင္ တီထြင္ခဲ့ၿပီး ၁၆၄၅ ခုႏွစ္တြင္ စတင္ထုတ္လုပ္ခဲ့ပါသည္။ ၎ကိရိယာအား အလုပ္လုပ္ေဆာင္ႏိုင္ရန္အတြက္ လက္ျဖင့္ေမာင္းႏွင္ရေသာ ဂီယာ (gear) မ်ား၊ စက္သီး (Pulley) မ်ားျဖင့္ ဖြဲ႕စည္းတည္ေဆာက္ထားပါသည္။ ၁၆၇၂-၁၆၇၄ ခုႏွစ္တြင္ ေဂါ့ဖရိဒ္ လိုက္ဘနစ္ (Gottfried Leibniz) မွပထမဆုံး(Calculator) အား တီထြင္ႏိုင္ခဲ့ပါသည္။

၁၈၀၁ ခုႏွစ္တြင္ Joseph Marie Jacquard ၏ ႀကိဳးပမ္းအားထုတ္မႈျဖင့္ အလိုအေလ်ာက္ လည္ပတ္ႏိုင္ေသာ ယက္ကန္းစက္ တစ္မ်ိဳးျဖစ္သည့္ (Analytical Engine) ကိုရရွိခဲ့သည္။ ၎စက္မွာ အေပါက္မ်ားစြာ ပါဝင္ေသာ ကဒ္ျပား (Punched-Card) မ်ားျဖင့္ထည့္သြင္း အသုံးျပဳ ခဲ့သည္။ ၁၈၂၀ တြင္ Charles Thomas de Colmar မွ ပထမဆုံး ျပည္စုံေသာ တြက္ခ်က္မႈ အတိုင္းအတာအား တိုးျမႇင့္ေပးခဲ့ပါသည္။

Charles Thomas de Colmar နဲ႔ သူ႔ရဲ႕ Arithometer

၁၈၂၂ ခုႏွစ္တြင္အဂၤလန္ႏိုင္ငံမွ Charles Babbage သည္ဓာတ္ခြဲစက္ (Analytical Engine) တစ္ခုျပဳလုပ္ရန္ အႀကံရွိခဲ့၍ ၎စက္တြင္ မည္သည့္ တြက္ခ်က္မႈမ်ိဳးမဆို ပါဝင္ထည့္သြင္းထားသည္။ သို႔ရာတြင္ ၎စက္အတြက္ လိုအပ္သည့္ ဖြဲ႕စည္းပုံအား တည္ေဆာက္ႏိုင္ရန္အတြက္မူ ယင္းအခ်ိန္ ကာလတြင္ ပညာရွင္မ်ားအေနျဖင့္ မ်ားစြာမွ အခက္အခဲ ရွိခဲ့ၾကပါသည္။

Charles Babbage ၏ မူလစိတ္ကူးမွာ ယင္းစက္သည္ အခ်က္အလက္ေပါင္း ေျမာက္မ်ားစြာအား လက္ခံႏိုင္၊ ထည့္သြင္းႏိုင္၊ အေျဖထုတ္ႏိုင္ရန္ ျဖစ္ပါသည္။ ၂၀ ရာစုႏွစ္ အေစာပိုင္းတြင္ ေလဟာမီးလုံး (Vacuum Tube) မ်ားအား အသုံးျပဳျခင္းျဖင့္ ကြန္ပ်ဳတာ စက္မႈပညာမွ အီလက္ထေရာနစ္စနစ္သို႔ ကူးေျပာင္းလာခဲ့ၾက၍ ဂီယာ (Gear) ႏွင့္ စက္သီး (Pulley) တို႔အား မလိုအပ္ေတာ့ေခ်။ လၽွပ္စစ္ခလုတ္မ်ားမွ တူညီေသာ ရလဒ္အေျဖမ်ားကို ရရွိႏိုင္ၿပီျဖစ္ပါသည္။

Charles Babbage ရဲ႕ Analytical Engine

ယင္းတြင္သေကၤတ ႏွစ္ခုပါသည့္ (Binary) ဘာသာမ်ားျဖင့္အသုံးျပဳ ထားပါသည္။ အခ်က္အလက္ႏွင့္ ၫႊန္ၾကားခ်က္မ်ားအား (l/O) ျဖင့္ အက်ဥ္းခ်ဳံးထားပါသည္။ ၎စနစ္မွာ (0) ႏွင့္ (၁) နံပါတ္မ်ားအားအဖြင့္၊ အပိတ္ (On/Off) လုပ္ေပးျခင္းျဖင့္ လုပ္ငန္းရပ္မ်ား အားဝန္ပိုက်ဳံ႕လာေစပါသည္။ ေလဟာမီးလုံး (Vacuum Tube) မ်ားမွာ ဂီယာ (Gear) ႏွင့္ စက္သီး (Pulley) မ်ားထက္ ပိုမိုတိက်စြာ အလုပ္လုပ္ေဆာင္လာႏိုင္ပါသည္။ Charles Babbage စဥ္းစားထားခဲ့သည့္ (Analytical Engine) မွာ ၁၈၃၀ ခုႏွစ္ေရာက္မွ အၿပီးသတ္ ဖန္တီးႏိုင္ခဲ့ပါသည္။ ေနာက္ဆုံးတြင္ ၎၏ စဥ္းစားမႈမ်ား အားလုံးသည္ ယေန႔ေခတ္ကာလ အသုံးခ်ေနၾကေသာ (Programmable Computer) အျဖစ္သို႔ ေရာက္ရွိလာခဲ့ပါသည္။

၁၈၉၀ ခုႏွစ္တြင္ Herman Hollerith မွ အေမရိကန္ သန္းေခါင္စာရင္း မွတ္တမ္းအတြက္ ကဒ္ျပားမ်ားအား အေပါက္ေဖာက္ျခင္းစနစ္ (punched-Card System) အျဖစ္ တိုးျမႇင့္ေပးခဲ့သည္။ ၁၉၃၆ ခုႏွစ္တြင္ Alan Turing မွကြန္ပ်ဳတာ၏ သခ်ၤာပညာရပ္ပိုင္းဆိုင္ရာ သီအိုရီမ်ားအား တိုးျမႇင့္ထုတ္လုပ္ခဲ့သည္။ ၁၉၃၈ ခုႏွစ္တြင္ Konrad Zuse မွ (Boolean) အကၡရာသခ်ၤာစနစ္အား အသုံးျပဳ၍ ပထမဆုံး (Binary Caculator) အျဖစ္ တည္ေဆာက္ခဲ့သည္။

Konrad Zuse နဲ႔ သူ႔ရဲ႕စက္

၁၉၃၉ ခုႏွစ္တြင္ပထမဆုံးသခ်ၤာႏွင့္ ႐ူပေဗဒ ပညာရပ္မ်ားအား လၽွပ္စစ္စြမ္းအားျဖင့္ အဓိက အသုံးျပဳထားၿပီး စက္ပိုင္းဆိုင္ရာ တြက္ခ်က္မႈျဖင့္ အလုပ္လုပ္ႏိုင္ေသာ (J V Atanasoff-Barry) ကြန္ပ်ဳတာအား အေမရိကႏိုင္ငံတြင္ တီထြင္ခဲ့သည္။ ၎စက္အား ပထမဆုံး ေလဟာမီးလုံးတြဲမ်ားႏွင့္ အသုံးျပဳ ဖန္တီးတည္ေဆာက္ထားခဲ့သည္။ ၎စက္မွာ လုပ္ငန္းရပ္ တစ္ခုအတြက္သာ ပုံေဖာ္ထားပါသည္။ သို႔ရာတြင္ အလြန္ ရွည္လ်ားေသာ သခ်ၤာပညာရပ္ပိုင္းဆိုင္ရာ ဇယားႀကီးမ်ား၏ တြက္ခ်က္မႈမ်ားအား တစ္ခုခ်င္းစီ အနီးစပ္ဆုံး တြက္ခ်က္ႏိုင္ေအာင္ ေရးဆြဲခဲ့ပါသည္။

ပထမဆုံးေသာ အီလက္ထေရာနစ္ ကြန္ပ်ဴတာမ်ားသည္ ၂၀ ရာစု အလယ္ပိုင္းက စတင္ေပၚထြန္းခဲ့သည္။ ထိုေရွးဦးကြန္ပ်ဴတာမ်ားမွာ အခန္းတစ္ခန္းစာမၽွ ႀကီးမားၿပီး ေခတ္ေပၚပီစီ (တကိုယ္ေရ ကြန္ပ်ဴတာ) ရာေပါင္းမ်ားစြာႏွင့္ ညီမၽွေသာစြမ္းအားကို သုံးစြဲခဲ့သည္။ ယေန႔ေခတ္ေပၚ ကြန္ပ်ဴတာမ်ားမွာမူ ထိုေရွးဦး ကြန္ပ်ဴတာမ်ားႏွင့္ ႏႈိင္းယွဥ္ပါက အဆ သန္းေပါင္းမ်ားစြာ ပို၍ တြက္ခ်က္စြမ္းေဆာင္ႏိုင္သည့္အျပင္ အ႐ြယ္အစား ပမာဏလည္း အဆေပါင္းမ်ားစြာ ေသးငယ္လွသည္။

အခ်ိဳ႕ ကြန္ပ်ဴတာမ်ားသည္ အိတ္ေဆာင္ သယ္ယူသြားႏိုင္ေလာက္ေအာက္ ေသးငယ္ၿပီး အားျဖည့္သြင္းရာ၌လည္း ဓာတ္ခဲအေသးစားမ်ားကိုပင္ အသုံးျပဳႏိုင္သည္။ နည္းပညာေခတ္၏ ျပယုဂ္မ်ားပင္ျဖစ္သည့္ သဏၭာန္အမ်ိဳးမ်ိဳးရွိ တကိုယ္ေရသုံး ကြန္ပ်ဴတာ(ပီစီ)မ်ားကို လူအမ်ားစုက ကြန္ပ်ဴတာဟု ၿခဳံငုံ မွတ္ယူေခၚေဝၚေနေသာ္လည္း ကြန္ပ်ဴတာမ်ားကိုအိတ္ေဆာင္သီခ်င္း ဖြင့္စက္မ်ားမွအစ တိုက္ခိုက္ေရးေလယာဥ္မ်ားအဆုံး၊ ကစားစရာအ႐ုပ္မ်ားမွအစ ႐ိုေဘာ့စက္႐ုပ္မ်ားအဆုံး ထည့္သြင္းျမဳပ္ႏွံထားသည္ကို ေတြ႕ရသည္။

Myanmar Wikipedia
—————————–

ကွန်ပျူတာတို့ရဲ့ သမိုင်းကြောင်း (unicode)

၁၆ ရာစုနှစ် နှောင်းပိုင်းမှ စတင်၍ လုပ်ငန်းရပ် အသီးသီးအား လွယ်ကူချောမွှေ့ အဆင်ပြေစေရန် ပညာရှင်အသီးသီးမှ ပေသီး (abacus)အား အခြေခံ၍ အဆင့်ဆင့် စမ်းသပ်တီထွင် လာခဲ့ကြပါသည်။ ၁၆၁၄ ခုနှစ်တွင် (John Napier) မှ သင်္ချာပညာရပ်ပိုင်းဆိုင်ရာ တွက်ချက်မှုများအား အဆင်သင့်ကြည့်ရှုနိုင်ရန် .၅ ဒဿမငါး နေရာအထိ အတိအကျ တွက်ယူ အဖြေထုတ်ပေးထားသော အစီအစဉ် (Logarithms) အား တီထွင်ဖန်တီးခဲ့သည်။

၁၆၁၅ တွင် William Oughtred မှနေ၍ (Slide Rule) စနစ်အားတီထွင်ခဲ့သည်။ (Slide Rule) ဆိုသည်မှာ လျှင်မြန်စွာ တွက်ချက်နိုင်ရန်အတွက်(Logarithms) စနစ်အား အကျဉ်းချုံး စီစဉ်ထားသော သင်္ချာပညာရပ်ပိုင်းဆိုင်ရာ အသုံးချမှုများဖြစ်ပါသည်။ ၎င်းအား ယနေ့ကာလခေတ်ပေါ် အီလက်ထရွန်းနစ် သင်္ချာတွက်စက် (Electronic Calculator) များတွင် အသုံးပြုထားပါသည်။ ၁၆၂၃ တွင် William Schickard မှသင်္ချာတွက်စက်၏ အစဖြစ်သော (Mechanical Calculator) အားတီထွင်ခဲ့ပါသည်။

ပထမဦးဆုံး စက်ကိရိယာဖြင့် တွက်ချက်ခြင်း အစီအစဉ်အား ပြင်သစ်နိုင်ငံသား ဖြစ်သူ သင်္ချာနှင့် ဒဿနိကပညာရှင် Blaise Pascal မှ ၁၆၄၂ ခုနှစ်တွင် တီထွင်ခဲ့ပြီး ၁၆၄၅ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပါသည်။ ၎င်းကိရိယာအား အလုပ်လုပ်ဆောင်နိုင်ရန်အတွက် လက်ဖြင့်မောင်းနှင်ရသော ဂီယာ (gear) များ၊ စက်သီး (Pulley) များဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။ ၁၆၇၂-၁၆၇၄ ခုနှစ်တွင် ဂေါ့ဖရိဒ် လိုက်ဘနစ် (Gottfried Leibniz) မှပထမဆုံး(Calculator) အား တီထွင်နိုင်ခဲ့ပါသည်။

၁၈၀၁ ခုနှစ်တွင် Joseph Marie Jacquard ၏ ကြိုးပမ်းအားထုတ်မှုဖြင့် အလိုအလျောက် လည်ပတ်နိုင်သော ယက်ကန်းစက် တစ်မျိုးဖြစ်သည့် (Analytical Engine) ကိုရရှိခဲ့သည်။ ၎င်းစက်မှာ အပေါက်များစွာ ပါဝင်သော ကဒ်ပြား (Punched-Card) များဖြင့်ထည့်သွင်း အသုံးပြု ခဲ့သည်။ ၁၈၂၀ တွင် Charles Thomas de Colmar မှ ပထမဆုံး ပြည်စုံသော တွက်ချက်မှု အတိုင်းအတာအား တိုးမြှင့်ပေးခဲ့ပါသည်။

၁၈၂၂ ခုနှစ်တွင်အင်္ဂလန်နိုင်ငံမှ Charles Babbage သည်ဓာတ်ခွဲစက် (Analytical Engine) တစ်ခုပြုလုပ်ရန် အကြံရှိခဲ့၍ ၎င်းစက်တွင် မည်သည့် တွက်ချက်မှုမျိုးမဆို ပါဝင်ထည့်သွင်းထားသည်။ သို့ရာတွင် ၎င်းစက်အတွက် လိုအပ်သည့် ဖွဲ့စည်းပုံအား တည်ဆောက်နိုင်ရန်အတွက်မူ ယင်းအချိန် ကာလတွင် ပညာရှင်များအနေဖြင့် များစွာမှ အခက်အခဲ ရှိခဲ့ကြပါသည်။

Charles Babbage ၏ မူလစိတ်ကူးမှာ ယင်းစက်သည် အချက်အလက်ပေါင်း မြောက်များစွာအား လက်ခံနိုင်၊ ထည့်သွင်းနိုင်၊ အဖြေထုတ်နိုင်ရန် ဖြစ်ပါသည်။ ၂၀ ရာစုနှစ် အစောပိုင်းတွင် လေဟာမီးလုံး (Vacuum Tube) များအား အသုံးပြုခြင်းဖြင့် ကွန်ပျုတာ စက်မှုပညာမှ အီလက်ထရောနစ်စနစ်သို့ ကူးပြောင်းလာခဲ့ကြ၍ ဂီယာ (Gear) နှင့် စက်သီး (Pulley) တို့အား မလိုအပ်တော့ချေ။ လျှပ်စစ်ခလုတ်များမှ တူညီသော ရလဒ်အဖြေများကို ရရှိနိုင်ပြီဖြစ်ပါသည်။

ယင်းတွင်သင်္ကေတ နှစ်ခုပါသည့် (Binary) ဘာသာများဖြင့်အသုံးပြု ထားပါသည်။ အချက်အလက်နှင့် ညွှန်ကြားချက်များအား (l/O) ဖြင့် အကျဉ်းချုံးထားပါသည်။ ၎င်းစနစ်မှာ (0) နှင့် (၁) နံပါတ်များအားအဖွင့်၊ အပိတ် (On/Off) လုပ်ပေးခြင်းဖြင့် လုပ်ငန်းရပ်များ အားဝန်ပိုကျုံ့လာစေပါသည်။ လေဟာမီးလုံး (Vacuum Tube) များမှာ ဂီယာ (Gear) နှင့် စက်သီး (Pulley) များထက် ပိုမိုတိကျစွာ အလုပ်လုပ်ဆောင်လာနိုင်ပါသည်။ Charles Babbage စဉ်းစားထားခဲ့သည့် (Analytical Engine) မှာ ၁၈၃၀ ခုနှစ်ရောက်မှ အပြီးသတ် ဖန်တီးနိုင်ခဲ့ပါသည်။ နောက်ဆုံးတွင် ၎င်း၏ စဉ်းစားမှုများ အားလုံးသည် ယနေ့ခေတ်ကာလ အသုံးချနေကြသော (Programmable Computer) အဖြစ်သို့ ရောက်ရှိလာခဲ့ပါသည်။

၁၈၉၀ ခုနှစ်တွင် Herman Hollerith မှ အမေရိကန် သန်းခေါင်စာရင်း မှတ်တမ်းအတွက် ကဒ်ပြားများအား အပေါက်ဖောက်ခြင်းစနစ် (punched-Card System) အဖြစ် တိုးမြှင့်ပေးခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် Alan Turing မှကွန်ပျုတာ၏ သင်္ချာပညာရပ်ပိုင်းဆိုင်ရာ သီအိုရီများအား တိုးမြှင့်ထုတ်လုပ်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် Konrad Zuse မှ (Boolean) အက္ခရာသင်္ချာစနစ်အား အသုံးပြု၍ ပထမဆုံး (Binary Caculator) အဖြစ် တည်ဆောက်ခဲ့သည်။

၁၉၃၉ ခုနှစ်တွင်ပထမဆုံးသင်္ချာနှင့် ရူပဗေဒ ပညာရပ်များအား လျှပ်စစ်စွမ်းအားဖြင့် အဓိက အသုံးပြုထားပြီး စက်ပိုင်းဆိုင်ရာ တွက်ချက်မှုဖြင့် အလုပ်လုပ်နိုင်သော (J V Atanasoff-Barry) ကွန်ပျုတာအား အမေရိကနိုင်ငံတွင် တီထွင်ခဲ့သည်။ ၎င်းစက်အား ပထမဆုံး လေဟာမီးလုံးတွဲများနှင့် အသုံးပြု ဖန်တီးတည်ဆောက်ထားခဲ့သည်။ ၎င်းစက်မှာ လုပ်ငန်းရပ် တစ်ခုအတွက်သာ ပုံဖော်ထားပါသည်။ သို့ရာတွင် အလွန် ရှည်လျားသော သင်္ချာပညာရပ်ပိုင်းဆိုင်ရာ ဇယားကြီးများ၏ တွက်ချက်မှုများအား တစ်ခုချင်းစီ အနီးစပ်ဆုံး တွက်ချက်နိုင်အောင် ရေးဆွဲခဲ့ပါသည်။

ပထမဆုံးသော အီလက်ထရောနစ် ကွန်ပျူတာများသည် ၂၀ ရာစု အလယ်ပိုင်းက စတင်ပေါ်ထွန်းခဲ့သည်။ ထိုရှေးဦးကွန်ပျူတာများမှာ အခန်းတစ်ခန်းစာမျှ ကြီးမားပြီး ခေတ်ပေါ်ပီစီ (တကိုယ်ရေ ကွန်ပျူတာ) ရာပေါင်းများစွာနှင့် ညီမျှသောစွမ်းအားကို သုံးစွဲခဲ့သည်။ ယနေ့ခေတ်ပေါ် ကွန်ပျူတာများမှာမူ ထိုရှေးဦး ကွန်ပျူတာများနှင့် နှိုင်းယှဉ်ပါက အဆ သန်းပေါင်းများစွာ ပို၍ တွက်ချက်စွမ်းဆောင်နိုင်သည့်အပြင် အရွယ်အစား ပမာဏလည်း အဆပေါင်းများစွာ သေးငယ်လှသည်။

အချို့ ကွန်ပျူတာများသည် အိတ်ဆောင် သယ်ယူသွားနိုင်လောက်အောက် သေးငယ်ပြီး အားဖြည့်သွင်းရာ၌လည်း ဓာတ်ခဲအသေးစားများကိုပင် အသုံးပြုနိုင်သည်။ နည်းပညာခေတ်၏ ပြယုဂ်များပင်ဖြစ်သည့် သဏ္ဌာန်အမျိုးမျိုးရှိ တကိုယ်ရေသုံး ကွန်ပျူတာ(ပီစီ)များကို လူအများစုက ကွန်ပျူတာဟု ခြုံငုံ မှတ်ယူခေါ်ဝေါ်နေသော်လည်း ကွန်ပျူတာများကိုအိတ်ဆောင်သီချင်း ဖွင့်စက်များမှအစ တိုက်ခိုက်ရေးလေယာဉ်များအဆုံး၊ ကစားစရာအရုပ်များမှအစ ရိုဘော့စက်ရုပ်များအဆုံး ထည့်သွင်းမြုပ်နှံထားသည်ကို တွေ့ရသည်။

Myanmar Wikipedia

Leave a Reply