ပညာရွင္ႀကီး အာခီမီးဒီးစ္ တီထြင္ခဲ့ေသာ စစ္လက္နက္မ်ား

Posted on

ကမာၻသမိုင္းမွာ ထင္ရွားတဲ့ သခ်ၤာ နဲ႔ သိပၸံပညာရပ္ဆိုင္ရာ အေတြးအေခၚပညာရွင္ႀကီး အာခီမီးဒီးစ္ကို ဂရိၿမဳိ႕ျပႏုိင္ငံတစ္ခုျဖစ္တဲ့ ဆုိင္ရာက်ဴးစ္ျမိဳ႔မွာ ၂၈၇ ဘီစီ တုန္းကေမြးဖြားခဲ့ပါတယ္။ လူသားေတြအတြက္ အက်ဳိးရွိေစမယ့္ တီထြင္မႈမ်ားစြာကိုျပဳလုပ္ခဲ့ျပီး သူရဲ့ထင္ရွားလွတဲ့တီထြင္မႈကေတာ့ အာခိမိဒိရဲ့ဝက္အူ လို႔အမည္တြင္တဲ့ ယေန႔ေခတ္စက္မႈနဲ့တည္ေဆာက္ေရးလုပ္ငန္းေတြအထိ အသံုးခ်ေနရဆဲျဖစ္တဲ့ နည္းပညာရပ္ပဲျဖစ္ပါတယ္။

သူဟာသခ်ၤာပညာရပ္၊ ဂ်ီေၾသေမၿတီပညာရပ္၊ ရူပေဗဒပညာရပ္ ၊ စက္မႈဆိုင္ရာပညာရပ္၊ အရည္ဖိအားနဲ႔ ဟန္ခ်က္ညီမ်ွမႈပညာရပ္ေတြရဲ႕ အေျခခံေတြ႔ရွိခ်က္မ်ားစြာကို စူးစမ္းေဖာ္ထုတ္နို္င္ခဲ့ျပီး ယေန့႔အခ်ိန္ထိ ဒီပညာရပ္ေတြအားလံုးရဲ့ ဖန္တီးသူဖခင္ၾကီးအျဖစ္သတ္မွတ္ျခင္းကိုခံခဲ့ရသူျဖစ္ပါတယ္။

အာခီးမီးဒီစ္း၀က္အူ

ဒါ့အျပင္ အာခီမီးဒီးစ္ဟာသူရဲ့သခ်ၤာဘာသာရပ္နဲ႔ စက္မႈနည္းပညာသီအိုရီတို႔ကို အေျခခံျပီး စစ္လက္နက္ေတြကို တီထြင္ခဲ့ပါေသးတယ္။ဒီလက္နက္ေတြကိုေတာ့ သူရဲ႕ဇာတိျမိဳ႔ျဖစ္တဲ့ ဆုိင္ရာက်ဴးစ္ၿမဳိ႕ကို လာေရာက္တိုက္ခိုက္တဲ့ ေရာမစစ္သည္ေတြကို တိုက္ခိုက္ဖို႔ရည္ရြယ္ျပီး တီထြင္ေပးခဲ့တာပါ။

ဆုိင္ရာက်ဴးၿမဳိ႕ရဲ႕ကာကြယ္ေရးစစ္သားေတြနဲ႔ အာခီမီးဒီးစ္တို႔ရဲ႕ ပူးေပါင္းေဆာင္ရြက္ခဲ့တာေၾကာင့္ အင္အားၾကီးမားတဲ့ေရာမစစ္သည္ေတြဟာ အက်အဆံုးအပ်က္အစီးမ်ားစြာနဲ႔ ႀကဳံေတြ႔ခဲ့ရပါတယ္။

ေနာက္ပိုင္းမွာေတာ့ ဆုိင္ရာက်ဴးၿမဳိ႕ဟာ ေရာမေတြလက္ထဲေရာက္ရွိခဲ့ၿပီး အာခီမီးဒီးစ္ကိုယ္တိုင္အသတ္ခံခဲ့ရတာျဖစ္လို႔ သူထြင္ခဲ့တဲ့လက္နက္ေတြအတြက္ တိက်တဲ့ သက္ေသေတြမက်န္ရွိခဲ့ေတာ့ပါဘူး။

သူနဲ႔ေခတ္ျပိဳင္ သမိုင္းဆရာ အခ်ိဳ႔နဲ႔ ေနာက္ပိုင္းစမ္းသပ္ခ်က္ေတြကရတဲ့အခ်က္အလက္ေတြေၾကာင့္သာ သူရဲ့ဖန္တီးခဲ့ေၾကာင္း ကြ်န္ေတာ္တို႔သိျမင္ခြင့္ရၾကရတာပါ။ ဒီေနရာမွာ မ်ွေဝေပးခ်င္တာကေတာ့ အာခီမီးဒီးစ္ တီထြင္ခဲ့တဲ့ လက္နက္ေတြအေၾကာင္း ပဲျဖစ္ပါတယ္။

(၁) ေက်ာက္တံုးပစ္ကိရိယာ

၁ရာစုက ဂရိသမိုင္းဆရာနဲ႔ အေတြးအေခၚပညာရွင္ ပလုတက္က ဆုိင္ရာက်ဴးစ္ ဘုရင္မာက်ဴးရပ္ရဲ႕ စစ္သည္ေတြကထူးဆန္းတဲ့ေက်ာက္တံုးပစ္ကိရိယာ(ျမွားနဲ႔ အျခားေလာင္ကြ်မ္းေစေသာအရာေတြပါ ပါဝင္တဲ့) အေဝးပစ္လက္နက္ေတြအသံုးျပဳျပီး ေရာမစစ္သည္ေတြရဲ႕ စစ္သေဘာၤေတြကို တိုက္ခိုက္ခဲ့တဲ့အေၾကာင္း မွတ္တမ္းတင္ခဲ့ပါတယ္။

သူ႔မွတ္တမ္းအရ ဒီလက္နက္ေတြကိုတီထြင္သူဟာ အာခီမီးဒီးစ္ျဖစ္ျပီး ဝန္နဲ့လႊဲအားကိုအေျခခံကာ တီထြင္ထားတဲ့ဒီလက္နက္ေတြဟာ ေပါင္ ၇၀၀ခန္႔ ေလးတယ္လုိ႔ ဆိုပါတယ္။ ဆုိင္ရာက်ဴးစ္ၿမဳိ႕သားေတြဟာ ၿမိဳ႔တြင္းကေန ဒီအေဝးပစ္လက္နက္အမ်ိဳးအစားမ်ားစြာကို အသံုးျပဳျပီး ေရာမစစ္သည္ေတြရဲ႕ စစ္သေဘာၤေတြကိုတိုက္ခိုက္ခဲ့သလို ရန္သူတပ္ေတြျပိဳကြဲသြားပါက အနီးကပ္တိုက္ခိုက္ခဲ့တဲ့နည္းေတြကို က်င့္သံုးခဲ့ေၾကာင္း ဂရိအေတြးအေခၚပညာရွင္ ပလုတက္က မွတ္တမ္းတင္ခဲ့တာပါ။

(၂) အာခီမီးဒီးစ္ရဲ႕လက္သည္း

အာခီမီးဒီးစ္ရဲ႕လက္သည္းလို႔ တင္စားေခၚဆိုထားတဲ့ ဒီလက္နက္ဟာ ကုတ္အားရဲ့စြမ္းအင္ကို ပိုမိုထင္ရွားေပၚလြင္ေစတဲ့ လက္နက္တစ္ခုျဖစ္ပါတယ္။ အာခီမီးဒီးစ္ဟာ စက္သီးပါတဲ့ ေမာင္းတံတစ္ခုနဲ႔ တြဲဆက္ထားၿပီး ရွည္လ်ားတဲ့ၾကိဳးေတြမွာ လက္သည္းပံုတြယ္ခ်ိတ္ေတြကိုအသံုးျပဳျပီး ရန္သူသေဘၤာေတြရဲ႕ သေဘၤာထိပ္ဖ်ားေတြကို ခိုင္ၿမဲေအာင္အရင္ျပဳလုပ္ပါတယ္။

ဆုိင္ရာက်ဴးၿမဳိ႕သား ခုခံသူေတြဟာ က်ဴးေက်ာ္သူ ေရာမစစ္သေဘာၤေတြကို အထက္ပါအတိုင္းျပဳလုပ္ျပီး ယခုေခတ္ဝန္ခ်ီစက္ေတြအလုပ္လုပ္တဲ့အတိုင္း ရန္သူရဲ့သေဘာၤထိပ္မွဆြဲေျမွာက္ကာ ႏွစ္ျမဳပ္ပ္ပစ္ပါေတာ့တယ္။

ဒါအျပင္ ေနာက္တစ္နည္းအေနနဲ႔ ဆုိင္ရာက်ဴးကမ္းရိုးတန္းရွိ ၾကမ္းတမ္းတဲ့ေက်ာက္ေဆာင္ေတြဆီ ရန္သူသေဘၤာေတြကိုေရာက္ေအာင္ဆြဲယူျပီး ႏွစ္ျမဳပ္ၾကပါေသးတယ္။ ဒီေနရာမွာပါတဲ့ လက္သည္းပံုတြယ္ခ်ိတ္ေတြကို ဘယ္ကဘယ္လိုေရာက္လာတာကုိေတာ့ တိတိက်က်မွတ္တမ္းတင္ထားျခင္းေတာ့ မရွိပါဘူး။

ဒီလိုကုတ္အားကို အသံုးျပဳထားတဲ့ ကရိန္းလက္နက္ေတြကတစ္ဆင့္ အေဝးပစ္ေက်ာက္တံုးပစ္ကိရိယာအပါအဝင္ စစ္လက္နက္ေတာ္ေတာ္မ်ားမ်ားကို ထုတ္လုပ္ႏိုင္ခဲ့ၾကတယ္လို႔ သမိုင္းပညာရွင္ေတြက ဆိုၾကပါတယ္။

(၃) ေလာင္ကြ်မ္းေစေသာမွန္(သို႔) ေသမင္းအလင္းတန္းမ်ား

(၁၂)ရာစု ေလာက္ေရာက္တဲ့အခါ သမိုင္းပညာရွင္ John Tzetzes နဲ႔ John Zonares တို႔က အာခီမီးဒီးစ္ဟာ ေနေရာက္ျခည္ရဲ့ အပူစြမ္းအင္ကို ေၾကးမံုမွန္မွာစုစည္းေစျပီး ဒီနည္းစနစ္ကို အသံုးျပဳကာ ေရာမသေဘၤာအုပ္စုေတြကို ေလာင္ကြ်မ္းေစခဲ့တယ္ ဆိုတဲ့အေၾကာင္း အခိုင္အမာေဖာ္ျပခဲ့ပါတယ္။ေခတ္သစ္သိပၸံပညာရွင္အခ်ဳိ႕နဲ႔ သမိုင္းဆရာအခ်ဳိ႕ကေတာ့ ဒီတင္ျပခ်က္အေပၚ သံသယရွိခဲ့ၾကပါတယ္။

ဒါေပမဲ့ ၂၀၀၅ ခုနွစ္မွာေတာ့ Massachusetts နည္းပညာတကၠသိုလ္က ေက်ာင္းသားအဖြဲ႔ဟာ အာခီမီးဒီးစ္ရဲ့ နည္းအတိုင္းေၾကးမံုျပားေတြကို စုစည္းျပီးၾကီးမားတဲ့ ေၾကးမံုခြက္သဖြယ္ျဖစ္ေအာင္စီမံခဲ့ၾကပါတယ္။

ထို႔ေနာက္ ေနေရာင္ျခည္ကို ဒီေၾကးမံုခြက္မွာစုစည္းေစျပီး အရာဝတၳဳေတြကို ေလာင္က်ြမ္းေစျခင္းရွိမရွိ စမ္းသပ္ခဲ့ရာ ေအာင္ျမင္ခဲ့တာေၾကာင့္ အာခီမီးဒီးစ္တီထြင္ခဲ့တဲ့ ဒီနည္းပညာဟာ အမွန္တစ္ကယ္ျဖစ္ခဲ့ေၾကာင္းလက္ခံခဲ့ရပါတယ္။

(၄) ေရေႏြးေငြ႔အေျမာက္

ဒီေရေႏြးေငြ႔အေျမာက္ဟာ အာခီမီးဒီးစ္တီထြင္မႈေတြထဲက ေမးခြန္းထုတ္စရာ လက္နက္ျဖစ္လာပါတယ္။ ဒါေပမဲ့ ထင္ရွားတဲ့ ဂရိအေတြးအေခၚပညာရွင္ေတြျဖစ္တဲ့ Plutarch နဲ႔ ပညာရွင္ႀကီးလီယိုနာဒိုဒါဗင္ခ်ီတို႔ကေတာ့ ဒီလက္နက္ကို အာခီမီးဒီးစ္တီထြင္ခဲ့တာ မွန္ကန္ေၾကာင္း အခိုင္အမာဆိုၾကပါတယ္။

အခ်ိဳ႔ေသာသမိုင္းပညာရွင္ေတြအဆိုအရေတာ့ ဒီလက္နက္ေအာက္မွာ မီးျပင္းဖိုတစ္ခုရွိျပီး မီးရဲ့အပူရွိန္ျပင္းအားေၾကာင့္ သတၳဳျပြန္အတြင္းေရေႏြးေငြ႔ရဲ႕ တြန္းကန္အားျဖစ္လာျပီး သတၳဳျပြန္ထဲက အေျမာက္ဆံဟာ အရွိန္နဲ႔ အေရွ႕ကိုထြက္သြားတာျဖစ္တယ္လုိ႔ သိရပါတယ္။

ေနာက္ပုိင္းမွာေတာ့ ဖ်တ္စီးမႈစြမ္းအားျပင္းထန္တဲ့ အေျမာတ္ေတြအျဖစ္ အဆင့္ျမွင့္တင္ႏုိင္ခဲ့တယ္လုိ႔ ဆုိပါတယ္။ MITအင္ဂ်င္နီယာေက်ာင္းကေက်ာင္းသားေတြက အာခီမီးဒီးစ္ရဲ႕တီထြင္ခ်က္ဟာ လက္ေတြ႔အက်ဳိးသက္ေရာက္မႈရွိေၾကာင္း စမ္းသပ္အတည္ျပဳေပးႏုိင္ခဲ့ပါတယ္။

ေက်ာင္းသားေတြ စမ္းသပ္ခဲ့တဲ့ဒီဇုိင္းကေတာ့ အာခီးမီးဒီစ္ရဲ႕ တီထြင္မႈအေပၚမွာ အေျခခံၿပီး လီယုိနာဒုိက ျပန္ဆြဲခဲ့တဲ့ဒီဇုိင္းျဖစ္ပါတယ္။ ဒီအေျမာက္ဟာ မီတာ(၃၀၀)မွ (၄၀၀)အကြာအေဝးအထိ ပစ္ခတ္ႏုိင္ပါေၾကာင္း စမ္းသပ္ခ်က္ေတြအရ သိရပါတယ္။

သုတဇုန္

———————————

ပညာရှင်ကြီး အာခီမီးဒီးစ် တီထွင်ခဲ့သော စစ်လက်နက်များအကြောင်း (unicode)

ကမ္ဘာသမိုင်းမှာ ထင်ရှားတဲ့ သင်္ချာ နဲ့ သိပ္ပံပညာရပ်ဆိုင်ရာ အတွေးအခေါ်ပညာရှင်ကြီး အာခီမီးဒီးစ်ကို ဂရိမြို့ပြနိုင်ငံတစ်ခုဖြစ်တဲ့ ဆိုင်ရာကျူးစ်မြို့မှာ ၂၈၇ ဘီစီ တုန်းကမွေးဖွားခဲ့ပါတယ်။ လူသားတွေအတွက် အကျိုးရှိစေမယ့် တီထွင်မှုများစွာကိုပြုလုပ်ခဲ့ပြီး သူရဲ့ထင်ရှားလှတဲ့တီထွင်မှုကတော့ အာခိမိဒိရဲ့ဝက်အူ လို့အမည်တွင်တဲ့ ယနေ့ခေတ်စက်မှုနဲ့တည်ဆောက်ရေးလုပ်ငန်းတွေအထိ အသုံးချနေရဆဲဖြစ်တဲ့ နည်းပညာရပ်ပဲဖြစ်ပါတယ်။ သူဟာသင်္ချာပညာရပ်၊ ဂျီဩေမေတြီပညာရပ်၊ ရူပဗေဒပညာရပ် ၊ စက်မှုဆိုင်ရာပညာရပ်၊ အရည်ဖိအားနဲ့ ဟန်ချက်ညီမျှမှုပညာရပ်တွေရဲ့ အခြေခံတွေ့ရှိချက်များစွာကို စူးစမ်းဖော်ထုတ်န်ိုင်ခဲ့ပြီး ယနေ့အချိန်ထိ ဒီပညာရပ်တွေအားလုံးရဲ့ ဖန်တီးသူဖခင်ကြီးအဖြစ်သတ်မှတ်ခြင်းကိုခံခဲ့ရသူဖြစ်ပါတယ်။

ဒါ့အပြင် အာခီမီးဒီးစ်ဟာသူရဲ့သင်္ချာဘာသာရပ်နဲ့ စက်မှုနည်းပညာသီအိုရီတို့ကို အခြေခံပြီး စစ်လက်နက်တွေကို တီထွင်ခဲ့ပါသေးတယ်။ဒီလက်နက်တွေကိုတော့ သူရဲ့ဇာတိမြို့ဖြစ်တဲ့ ဆိုင်ရာကျူးစ်မြို့ကို လာရောက်တိုက်ခိုက်တဲ့ ရောမစစ်သည်တွေကို တိုက်ခိုက်ဖို့ရည်ရွယ်ပြီး တီထွင်ပေးခဲ့တာပါ။ ဆိုင်ရာကျူးမြို့ရဲ့ကာကွယ်ရေးစစ်သားတွေနဲ့ အာခီမီးဒီးစ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာကြောင့် အင်အားကြီးမားတဲ့ရောမစစ်သည်တွေဟာ အကျအဆုံးအပျက်အစီးများစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ဆိုင်ရာကျူးမြို့ဟာ ရောမတွေလက်ထဲရောက်ရှိခဲ့ပြီး အာခီမီးဒီးစ်ကိုယ်တိုင်အသတ်ခံခဲ့ရတာဖြစ်လို့ သူထွင်ခဲ့တဲ့လက်နက်တွေအတွက် တိကျတဲ့ သက်သေတွေမကျန်ရှိခဲ့တော့ပါဘူး။ သူနဲ့ခေတ်ပြိုင် သမိုင်းဆရာ အချို့နဲ့ နောက်ပိုင်းစမ်းသပ်ချက်တွေကရတဲ့အချက်အလက်တွေကြောင့်သာ သူရဲ့ဖန်တီးခဲ့ကြောင်း ကျွန်တော်တို့သိမြင်ခွင့်ရကြရတာပါ။ ဒီနေရာမှာ မျှဝေပေးချင်တာကတော့ အာခီမီးဒီးစ် တီထွင်ခဲ့တဲ့ လက်နက်တွေအကြောင်း ပဲဖြစ်ပါတယ်။

(၁) ကျောက်တုံးပစ်ကိရိယာ

၁ရာစုက ဂရိသမိုင်းဆရာနဲ့ အတွေးအခေါ်ပညာရှင် ပလုတက်က ဆိုင်ရာကျူးစ် ဘုရင်မာကျူးရပ်ရဲ့ စစ်သည်တွေကထူးဆန်းတဲ့ကျောက်တုံးပစ်ကိရိယာ(မြှားနဲ့ အခြားလောင်ကျွမ်းစေသောအရာတွေပါ ပါဝင်တဲ့) အဝေးပစ်လက်နက်တွေအသုံးပြုပြီး ရောမစစ်သည်တွေရဲ့ စစ်သဘောၤတွေကို တိုက်ခိုက်ခဲ့တဲ့အကြောင်း မှတ်တမ်းတင်ခဲ့ပါတယ်။ သူမှတ်တမ်းအရ ဒီလက်နက်တွေကိုတီထွင်သူဟာ အာခီမီးဒီးစ်ဖြစ်ပြီး ဝန်နဲ့လွှဲအားကိုအခြေခံကာ တီထွင်ထားတဲ့ဒီလက်နက်တွေဟာ ပေါင် ၇၀ဝခန့် လေးတယ်လို့ ဆိုပါတယ်။ ဆိုင်ရာကျူးစ်မြို့သားတွေဟာ မြို့တွင်းကနေ ဒီအဝေးပစ်လက်နက်အမျိုးအစားများစွာကို အသုံးပြုပြီး ရောမစစ်သည်တွေရဲ့ စစ်သဘောၤတွေကိုတိုက်ခိုက်ခဲ့သလို ရန်သူတပ်တွေပြိုကွဲသွားပါက အနီးကပ်တိုက်ခိုက်ခဲ့တဲ့နည်းတွေကို ကျင့်သုံးခဲ့ကြောင်း ဂရိအတွေးအခေါ်ပညာရှင် ပလုတက်က မှတ်တမ်းတင်ခဲ့တာပါ။

(၂) အာခီမီးဒီးစ်ရဲ့လက်သည်း

အာခီမီးဒီးစ်ရဲ့လက်သည်းလို့ တင်စားခေါ်ဆိုထားတဲ့ ဒီလက်နက်ဟာ ကုတ်အားရဲ့စွမ်းအင်ကို ပိုမိုထင်ရှားပေါ်လွင်စေတဲ့ လက်နက်တစ်ခုဖြစ်ပါတယ်။ အာခီမီးဒီးစ်ဟာ စက်သီးပါတဲ့ မောင်းတံတစ်ခုနဲ့ တွဲဆက်ထားပြီး ရှည်လျားတဲ့ကြိုးတွေမှာ လက်သည်းပုံတွယ်ချိတ်တွေကိုအသုံးပြုပြီး ရန်သူသင်္ဘောတွေရဲ့ သင်္ဘောထိပ်ဖျားတွေကို ခိုင်မြဲအောင်အရင်ပြုလုပ်ပါတယ်။ဆိုင်ရာကျူးမြို့သား ခုခံသူတွေဟာ ကျူးကျော်သူ ရောမစစ်သဘောၤတွေကို အထက်ပါအတိုင်းပြုလုပ်ပြီး ယခုခေတ်ဝန်ချီစက်တွေအလုပ်လုပ်တဲ့အတိုင်း ရန်သူရဲ့သဘောၤထိပ်မှဆွဲမြှောက်ကာ နှစ်မြုပ်ပ်ပစ်ပါတော့တယ်။ဒါအပြင် နောက်တစ်နည်းအနေနဲ့ ဆိုင်ရာကျူးကမ်းရိုးတန်းရှိ ကြမ်းတမ်းတဲ့ကျောက်ဆောင်တွေဆီ ရန်သူသင်္ဘောတွေကိုရောက်အောင်ဆွဲယူပြီး နှစ်မြုပ်ကြပါသေးတယ်။ဒီနေရာမှာပါတဲ့ လက်သည်းပုံတွယ်ချိတ်တွေကို ဘယ်ကဘယ်လိုရောက်လာတာကိုတော့ တိတိကျကျမှတ်တမ်းတင်ထားခြင်းတော့ မရှိပါဘူး။ဒီလိုကုတ်အားကို အသုံးပြုထားတဲ့ ကရိန်းလက်နက်တွေကတစ်ဆင့် အဝေးပစ်ကျောက်တုံးပစ်ကိရိယာအပါအဝင် စစ်လက်နက်တော်တော်များများကို ထုတ်လုပ်နိုင်ခဲ့ကြတယ်လို့ သမိုင်းပညာရှင်တွေက ဆိုကြပါတယ်။

(၃) လောင်ကျွမ်းစေသောမှန်(သို့) သေမင်းအလင်းတန်းများ

(၁၂)ရာစု လောက်ရောက်တဲ့အခါ သမိုင်းပညာရှင် John Tzetzes နဲ့ John Zonares တို့က အာခီမီးဒီးစ်ဟာ နေရောက်ခြည်ရဲ့ အပူစွမ်းအင်ကို ကြေးမုံမှန်မှာစုစည်းစေပြီး ဒီနည်းစနစ်ကို အသုံးပြုကာ ရောမသင်္ဘောအုပ်စုတွေကို လောင်ကျွမ်းစေခဲ့တယ် ဆိုတဲ့အကြောင်း အခိုင်အမာဖော်ပြခဲ့ပါတယ်။ခေတ်သစ်သိပ္ပံပညာရှင်အချို့နဲ့ သမိုင်းဆရာအချို့ကတော့ ဒီတင်ပြချက်အပေါ် သံသယရှိခဲ့ကြပါတယ်။ ဒါပေမဲ့ ၂၀၀၅ ခုနှစ်မှာတော့ Massachusetts နည်းပညာတက္ကသိုလ်က ကျောင်းသားအဖွဲ့ဟာ အာခီမီးဒီးစ်ရဲ့ နည်းအတိုင်းကြေးမုံပြားတွေကို စုစည်းပြီးကြီးမားတဲ့ ကြေးမုံခွက်သဖွယ်ဖြစ်အောင်စီမံခဲ့ကြပါတယ်။ ထို့နောက် နေရောင်ခြည်ကို ဒီကြေးမုံခွက်မှာစုစည်းစေပြီးအရာဝတ္ထုတွေကို လောင်ကျွမ်းစေခြင်းရှိမရှိစမ်းသပ်ခဲ့ရာ အောင်မြင်ခဲ့တာကြောင့် အာခီမီးဒီးစ်တီထွင်ခဲ့တဲ့ ဒီနည်းပညာဟာ အမှန်တစ်ကယ်ဖြစ်ခဲ့ကြောင်းလက်ခံခဲ့ရပါတယ်။

(၄) ရေနွေးငွေ့အမြောက်

ဒီရေနွေးငွေ့အမြောက်ဟာ အာခီမီးဒီးစ်တီထွင်မှုတွေထဲက မေးခွန်းထုတ်စရာ လက်နက်ဖြစ်လာပါတယ်။ဒါပေမဲ့ ထင်ရှားတဲ့ ဂရိအတွေးအခေါ်ပညာရှင်တွေဖြစ်တဲ့ Plutarch နဲ့ ပညာရှင်ကြီးလီယိုနာဒိုဒါဗင်ချီတို့ကတော့ ဒီလက်နက်ကို အာခီမီးဒီးစ်တီထွင်ခဲ့တာ မှန်ကန်ကြောင်း အခိုင်အမာဆိုကြပါတယ်။ အချို့သောသမိုင်းပညာရှင်တွေအဆိုအရတော့ ဒီလက်နက်အောက်မှာ မီးပြင်းဖိုတစ်ခုရှိပြီး မီးရဲ့အပူရှိန်ပြင်းအားကြောင့် သတ္ထုပြွန်အတွင်းရေနွေးငွေ့ရဲ့ တွန်းကန်အားဖြစ်လာပြီး သတ္ထုပြွန်ထဲက အမြောက်ဆံဟာ အရှိန်နဲ့ အရှေ့ကိုထွက်သွားတာဖြစ်တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ ဖျတ်ဆီးမှုစွမ်းအားပြင်းထန်တဲ့ အမြောတ်တွေအဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ MITအင်ဂျင်နီယာကျောင်းကကျောင်းသားတွေက အာခီမီးဒီးစ်ရဲ့တီထွင်ချက်ဟာ လက်တွေ့အကျိုးသက်ရောက်မှုရှိကြောင်း စမ်းသပ်အတည်ပြုပေးနိုင်ခဲ့ပါတယ်။ ကျောင်းသားတွေ စမ်းသပ်ခဲ့တဲ့ဒီဇိုင်းကတော့ အာခီးမီးဒီစ်ရဲ့ တီထွင်မှုအပေါ်မှာ အခြေခံပြီး လီယိုနာဒိုက ပြန်ဆွဲခဲ့တဲ့ဒီဇိုင်းဖြစ်ပါတယ်။ ဒီအမြောက်ဟာ မီတာ(၃၀၀)မှ (၄၀၀)အကွာအဝေးအထိ ပစ်ခတ်နိုင်ပါကြောင်း စမ်းသပ်ချက်တွေအရ သိရပါတယ်။

သုတဇုန်

Leave a Reply