နာဇီတုိ႔ရဲ႕ အက်ဥ္းသားမ်ားအေပၚ ထိတ္လန္႔ဖြယ္ စမ္းသပ္ခ်က္မ်ား

Posted on

ဒုတိယကမာၻစစ္အတြင္းက နာဇီေတြလုပ္ေဆာင္ခဲ့တ့ဲ ေၾကာက္ရြံထိတ္လန္႔စရာ ရက္စက္မႈေတြဟာ အဆုိးရြားဆုံးျဖစ္ရပ္ေတြျဖစ္ေၾကာင္းသိၾကၿပီးျဖစ္မွာပါ။ Holocust လုိ႔ ေခါင္းစဥ္တပ္ထားတဲ့ လူမ်ိဳးတုန္းသက္ျဖတ္မႈေတြဟာ သမိုင္းမွာအက်ည္းတန္ေစခဲ့ၿပီး ဂ်ဴးလူမ်ဳိးသန္းနဲ႔ခ်ီၿပီးေသဆံုးခဲ့ရပါတယ္။ နာဇီတို႔ရဲ႕ အမ်ိဳးစံုေသာရက္စက္မႈေတြထဲက အျခားလူသိနည္းတဲ့အေၾကာင္းအရာေတြရွိ ပါေသးတယ္။

ဒါေတြကေတာ့ ဂ်ာမန္အက်ဥ္းေထာင္ေတြထဲက လူသားေတြကိုအစမ္းသပ္ခံေတြအျဖစ္ထားရွိျပီး သမရိုးက်မဟုတ္တဲ့ နည္းပညာေတြကိုစမ္းသပ္ခဲ့တာပါ။ရလဒ္အေနနဲ႔ အစမ္းသပ္ခံတဲ့သူအဖို႔မွာ အခ်ိန္အၾကာၾကီးနာက်င္မႈကိုခံစားရျပီး ေနာက္ဆံုးမွာေတာ့ မခ်ိမဆန္႔ေသဆံုးခဲ့ရတာပဲျဖစ္ပါတယ္။ဒီတစ္ခါေတာ့ နာဇီတို႔ရဲ႕ လူသားမ်ားအေပၚ အရက္စက္ဆံုးေသာလက္ေတြ႔စမ္းသပ္ခ်က္တခ်ဳိ႕ကို ဗဟုသုတ အေနနဲ႔မွ်ေ၀လုိက္ပါတယ္။

(၁) ပင္လယ္ဆားငန္ေရစမ္းသပ္ခ်က္

ပင္လယ္ေရကို ေသာက္ႏုိင္/မေသာက္ႏုိင္ လက္ေတြ႔စမ္းသပ္ခ်က္ကိုေတာ့ Dachau စစ္ေၾကာေရးအက်ဥ္းစခန္းက အက်ဥ္းသားေတြနဲ႔ စမ္းသပ္ခဲ့ပါတယ္။အက်ဥ္းသားေတြကို အစားအစာနဲ႔ ေရမတိုက္ေကြ်းပဲ အုပ္စုေလးအုပ္စုခြဲထားလိုက္ပါတယ္။ပထမအုပ္စုကို ေရလံုးဝမတိုက္ပါဘူး။ ဒုတိယအုပ္စုကို ပင္လယ္ေရပဲတိုက္ပါတယ္။ တတိယအုပ္စုကိုေတာ့ Berka method(အဓိကသူတို႔စမ္းသပ္တဲ့ နည္းလမ္းရရွိတဲ့ေရကို)ေသာက္ေစပါတယ္။ စတုတၳအုပ္စုကုိေတာ့ ဆားမေပ်ာ္ဝင္ေအာင္စီမံထားတဲ့ ပင္လယ္ေရကို အတင္းအက်ပ္ေသာက္ေစပါတယ္။ မေသာက္ႏုိင္တဲ့သူေတြကုိေတာ့ ေသြးေၾကာထဲကုိ အပ္နဲ႔ထုိးသြင္းေစပါတယ္။

လူသားေတြအတြက္ေဘးထြက္ဆိုးက်ိဳး အမ်ားၾကီးပါျပီး စည္းစနစ္က်နစြာ သန္႔စင္ျခင္းမရွိတဲ့ေရကို ေန႔စဥ္တိုက္ေကြ်းခဲ့ရသူေတြဟာ ဝမ္းေလ်ာျခင္း၊အေၾကာဆြဲေရာဂါခံစားလာရျခင္း၊ ေသြးေလေျခာက္ျခားလာျခင္း၊ ရူးသြပ္သြားျခင္း နဲ႔ ေနာက္ဆံုးမွာ ေသဆံုးကုန္ၾကရပါတယ္။ဒီစမ္းသပ္ခ်က္ဟာ ေအာင္ျမင္မႈမရွိပဲ အသည္းနဲ႔ ေက်ာရိုးဆိုင္ရာ ေရာဂါေတြသာ ရရွိနိုင္တယ္ လို႔ ေနာက္ဆံုးမွာ နာဇီပညာရွင္ေတြက မွတ္တမ္းတင္ခဲ့ၾကပါတယ္။ ဒီစမ္းသပ္ခ်က္ဟာ အလြန္ဆိုးရြားခဲ့ျပီး အစမ္းသပ္ခံ အက်ဥ္းသားအမ်ားစုဟာ ၾကီးစြာပ်က္စီးဆံုးရူံးခဲ့ရပါတယ္။

(၂) အဆိပ္အေတာက္ဆိုင္ရာ စမ္းသပ္ခ်က္

ဒီစမ္းသပ္ခ်က္ကို ပုိလန္နိုင္ငံက နာမည္ေက်ာ္ ဘရန္းရွဝတ္(Buchenwald)အက်ဥ္းစခန္းက ဂ်ဴးအက်ဥ္းသားေတြနဲ႔ စမ္းသပ္ခဲ့တာပါ။၁၉၄၃ ခုႏွစ္မွာ ယင္းအက်ဥ္းေထာင္မွာရွိတဲ့ အက်ဥ္သားအခ်ဳိ႕ကို အဆိပ္ေတြလ်ဳိ႕ဝွက္တိုက္ေကြ်းျပီး အဆိပ္ရဲ့ျပင္းအားကို လူတစ္ဦးခ်င္းရဲ့ခံနိုင္ရည္အားနဲ႔ အခ်ိဳးက်တြက္ခ်က္ျပီး စမ္းသပ္ခဲ့တာပါ။ အဆိပ္ကိုေတာ့ အစားအစာေတြထဲထည့္သြင္းျပီး ေကြ်းခဲ့တာပါ။ လူအမ်ားစုကေတာ့ အဆိပ္ဒဏ္ေၾကာင့္ အခ်ိိန္အနည္းငယ္မွာေသဆံုးခဲ့ပါတယ္။

ေသဆံုးျပီးသူေတြကို ျပန္လည္ခြဲစိတ္ျပီး အစာအိမ္ထဲေရာက္ရွိသြားတဲ့ အဆိပ္ပမာဏကို တိုင္းတာၾကတာပါ။ တစ္ႏွစ္ခန္႔ၾကာတဲ့အခါမွာေတာ့ အစားအစာနဲ႔ေတာင္ မစမ္းသပ္ေတာ့ပဲ ဒီအဆိပ္ပါတဲ့ေသနတ္က်ည္ဆံနဲ႔ အက်ဥ္းသားေတြကိုပတ္ခတ္ျပီး ရုပ္အေလာင္းေတြကိုျပန္လည္ခြဲစိတ္ကာ သူတို႔တီထြင္တဲ့အဆိပ္ရဲ့ျပင္းအား အခ်က္အလက္ကိုရယုူပါေတာ့တယ္။ ဒီစမ္းသပ္ခ်က္ကို ၾကားသိရတဲ့သူတိုင္းအံၾသတုန္လႈပ္ၾကမွာပဲ ျဖစ္ပါတယ္။

(၃) အရိုး၊ ၾကြက္သား နဲ႔ ဦးေႏွာက္ျပန္လည္အစားထိုးကုသျခင္း နဲ႔ အရိုးအဆစ္ပြားျခင္း

ဒီစမ္းသပ္ခ်က္ကိုေတာ့ Ravensbruck အက်ဥ္းေထာင္က ဖမ္းဆီးခံအက်ဥ္းသားေတြနဲ႔ တစ္ႏွစ္ေလာက္ စမ္းသပ္ခဲ့တာပဲျဖစ္ပါတယ္။ ရည္ရြယ္ခ်က္ကေတာ့ ဦးေႏွာက္ခြဲစိတ္ျခင္း အပါအဝင္ လူခႏၶာကိုယ္မွာရွိတဲ့ အစိိတ္အပိုင္းေတြကို ေျပာင္းလဲတပ္ဆင္ႏုိင္ရန္အတြက္ ျဖစ္ပါတယ္။အေၾကာင္းတစ္ခုခုေၾကာင့္ ဆံုးရူံးသြားရတဲ့ လူခႏၶာကိုယ္ေနရာအသီးသီးက အရိုးေတြကို အပင္ေတြမွာကိုင္းကူးသလို ခႏၶာကိုယ္အတြင္းကပဲ အသစ္ျပန္လည္ထြက္ေပၚလာနိုင္တဲ့ ကုထံုးကို အေကာင္အထည္ေဖာ္ခ်င္ေနတာပါ။

ေအာင္ျမင္မယ့္ အေနအထားမရွိတာကို သိေပမယ့္ အတင္းဇြတ္ေရွတိုးသလိုစမ္းသပ္ခဲ့ၾကပါတယ္။ နာဇီဆရာဝန္ေတြဟာ အက်ဥ္းသားေတြရဲ့ ခႏၶာကိုယ္အစိတ္အပိုင္းက အရိုး၊ၾကြက္သား၊အစိတ္အပိုင္းမ်ားစြာကို ခြဲစိတ္ရယူျပီး အျခားလွီးျဖတ္ျပီးအက်ဥ္းသားေတြရဲ့ အစိတ္အပိုင္းေတြနဲ႔ စမ္းသပ္အစားထိုးခဲ့ပါတယ္။ဒီစမ္းခ်က္မွာ မ်ားစြာေသာအက်ဥ္းသားေတြဟာ မခံမရပ္ႏုိင္ေအာင္ ေဝဒနာခံစားရျပီး အသက္မေသခဲ့ရင္ေတာင္ ဒုကၡိတတစ္ေယာက္အျဖစ္ က်န္သက္တမ္းေတြမွာ ေနသြားၾကရပါတယ္။

(၄) ငွက္ဖ်ားေရာဂါစမ္းသပ္ခ်က္

နာဇီေတြဟာ သူတို႔ရဲ႕စမ္းသပ္ခ်က္ေတြကို ဒုတိယကမာၻစစ္ျဖစ္ေနတဲ့ ကာလအတြင္း သံုးႏွစ္ေက်ာ္ေလာက္အထိ စမ္းသပ္ခဲ့ပါတယ္။ေရွတန္းစစ္မ်က္ႏွာေတြမွာ တိုက္ခိုက္ေနရတဲ့ ဂ်ာမနီစစ္သည္ေတြဟာ ငွက္ဖ်ားေရာဂါေၾကာင့္ ေသေၾကပ်က္ဆီးမႈမ်ားလာတာေၾကာင့္ နာဇီတာဝန္ရွိသူေတြဟာ ဒီစမ္းသပ္ခ်က္ကို ေဆာင္ရြက္ရဖို႔ျဖစ္လာတာပါ။ Dachau အက်ဥ္းစခန္းမွာရွိတဲ့ က်န္းမာေရးေကာင္းမြန္ေသာ အက်ဥ္းသား(၁၀၀၀)ခန္႔ကို ငွက္ဖ်ားေရာဂါျဖစ္ေစတဲ့ျခင္ေတြရဲ့ ကိုက္ခဲျခင္းကိုခံရေအာင္ အရင္စီမံပါတယ္။

မၾကာခင္မွာပဲ ဒီလူေတြဟာ ငွက္ဖ်ားေရာဂါစတင္ခံစားလာရပါေတာ့တယ္။ အဲဒီေနာက္မွာေတာ့ နာဇီဆရာဝန္ေတြေဖာ္စပ္ထားတဲ့ အမ်ဳိးမ်ဳိးေသာ ငွက္ဖ်ားေပ်ာက္ေဆးျပင္းေတြကို တိုက္ေကြ်းပါေတာ့တယ္။တစ္ခါတည္း အျမစ္ျဖတ္ေဆးေတြျဖစ္တာေၾကာင့္ ျပင္းထန္လြန္ၿပီး ေန႔စဥ္ေသာက္သံုးေနရတာေၾကာင့္ ေသဆံုးသူအမ်ားအျပားရွိခဲ့ပါတယ္။က်န္ရွိတဲ့သူေတြမွာလည္း အာရုံေၾကာဆိုင္ရာ ေဝဒနာေတြကို ဆိုးရြားစြာခံစားရျပီး လႈပ္ရွားေျပာဆိုႏုိင္ျခင္း မရွိေအာင္ျဖစ္ခဲ့ရပါတယ္။

(၅)မီးေလာင္ဗံုးစမ္းသပ္ခ်က္

၁၉၄၃-၁၉၄၄ ခုႏွစ္မွာေတာ့ မီးေလာင္ဗံုးမွာပါတဲ့ ေဖာ့စေဖာ ရပ္ေလာင္ကြ်မ္းမႈကို ေဆးပညာနည္းအရကုသနိုင္မဲ့နည္းကို အက်ဥ္းသားေတြကိုအသံုးျပဳျပီး Buchenwald အက်ဥ္းေထာင္မွာ စမ္းသပ္ခဲ့ၾကပါတယ္။အရင္ဆံုး အက်ဥ္းသားေတြရဲ့အသားကို ေဖာစေဖာရပ္ဓာက္နဲ႔ ေလာင္ကြ်မ္းေစျပီး ဒဏ္ရာအနာတရျဖစ္လာကာမွ သူတုိ႔တီထြင္ထားတဲ့ ကုသနည္းအတိုင္း စမ္းသပ္ကုသၾကတာပါ။ အစမ္းသပ္ခံလူသားေတြအတြက္ေတာ့ မ်ားစြာေသာနာက်င္မႈကို မခ်ိမဆန္႔ခံစားခဲ့ၾကရပါတယ္။

သုတဇုန္

————————–

နာဇီတို့ရဲ့ အကျဉ်းသားများအပေါ် ထိတ်လန့်ဖွယ် စမ်းသပ်ချက်များ (unicode)

ဒုတိယကမ္ဘာစစ်အတွင်းက နာဇီတွေလုပ်ဆောင်ခဲ့တဲ့ ကြောက်ရွံထိတ်လန့်စရာ ရက်စက်မှုတွေဟာ အဆိုးရွားဆုံးဖြစ်ရပ်တွေဖြစ်ကြောင်းသိကြပြီးဖြစ်မှာပါ။ Holocust လို့ ခေါင်းစဉ်တပ်ထားတဲ့ လူမျိုးတုန်းသက်ဖြတ်မှုတွေဟာ သမိုင်းမှာအကျည်းတန်စေခဲ့ပြီး ဂျူးလူမျိုးသန်းနဲ့ချီပြီးသေဆုံးခဲ့ရပါတယ်။ နာဇီတို့ရဲ့ အမျိုးစုံသောရက်စက်မှုတွေထဲက အခြားလူသိနည်းတဲ့အကြောင်းအရာတွေရှိ ပါသေးတယ်။

ဒါတွေကတော့ ဂျာမန်အကျဉ်းထောင်တွေထဲက လူသားတွေကိုအစမ်းသပ်ခံတွေအဖြစ်ထားရှိပြီး သမရိုးကျမဟုတ်တဲ့ နည်းပညာတွေကိုစမ်းသပ်ခဲ့တာပါ။ရလဒ်အနေနဲ့ အစမ်းသပ်ခံတဲ့သူအဖို့မှာ အချိန်အကြာကြီးနာကျင်မှုကိုခံစားရပြီး နောက်ဆုံးမှာတော့ မချိမဆန့်သေဆုံးခဲ့ရတာပဲဖြစ်ပါတယ်။ဒီတစ်ခါတော့ နာဇီတို့ရဲ့ လူသားများအပေါ် အရက်စက်ဆုံးသောလက်တွေ့စမ်းသပ်ချက်တချို့ကို ဗဟုသုတ အနေနဲ့မျှဝေလိုက်ပါတယ်။

(၁) ပင်လယ်ရေစမ်းသပ်ချက်

ပင်လယ်ရေကို သောက်နိုင်/မသောက်နိုင် လက်တွေ့စမ်းသပ်ချက်ကိုတော့ Dachau စစ်ကြောရေးအကျဉ်းစခန်းက အကျဉ်းသားတွေနဲ့ စမ်းသပ်ခဲ့ပါတယ်။အကျဉ်းသားတွေကို အစားအစာနဲ့ ရေမတိုက်ကျွေးပဲ အုပ်စုလေးအုပ်စုခွဲထားလိုက်ပါတယ်။ပထမအုပ်စုကို ရေလုံးဝမတိုက်ပါဘူး။ ဒုတိယအုပ်စုကို ပင်လယ်ရေပဲတိုက်ပါတယ်။ တတိယအုပ်စုကိုတော့ Berka method(အဓိကသူတို့စမ်းသပ်တဲ့ နည်းလမ်းရရှိတဲ့ရေကို)သောက်စေပါတယ်။ စတုတ္ထအုပ်စုကိုတော့ ဆားမပျော်ဝင်အောင်စီမံထားတဲ့ ပင်လယ်ရေကို အတင်းအကျပ်သောက်စေပါတယ်။ မသောက်နိုင်တဲ့သူတွေကိုတော့ သွေးကြောထဲကို အပ်နဲ့ထိုးသွင်းစေပါတယ်။

လူသားတွေအတွက်ဘေးထွက်ဆိုးကျိုး အများကြီးပါပြီး စည်းစနစ်ကျနစွာ သန့်စင်ခြင်းမရှိတဲ့ရေကို နေ့စဉ်တိုက်ကျွေးခဲ့ရသူတွေဟာ ဝမ်းလျောခြင်း၊အကြောဆွဲရောဂါခံစားလာရခြင်း၊ သွေးလေခြောက်ခြားလာခြင်း၊ ရူးသွပ်သွားခြင်း နဲ့ နောက်ဆုံးမှာ သေဆုံးကုန်ကြရပါတယ်။ဒီစမ်းသပ်ချက်ဟာ အောင်မြင်မှုမရှိပဲ အသည်းနဲ့ ကျောရိုးဆိုင်ရာ ရောဂါတွေသာ ရရှိနိုင်တယ် လို့ နောက်ဆုံးမှာ နာဇီပညာရှင်တွေက မှတ်တမ်းတင်ခဲ့ကြပါတယ်။ ဒီစမ်းသပ်ချက်ဟာ အလွန်ဆိုးရွားခဲ့ပြီး အစမ်းသပ်ခံ အကျဉ်းသားအများစုဟာ ကြီးစွာပျက်စီးဆုံးရူံးခဲ့ရပါတယ်။

(၂) အဆိပ်အတောက်ဆိုင်ရာ စမ်းသပ်ချက်

ဒီစမ်းသပ်ချက်ကို ပိုလန်နိုင်ငံက နာမည်ကျော် ဘရန်းရှဝတ်(Buchenwald)အကျဉ်းစခန်းက ဂျူးအကျဉ်းသားတွေနဲ့ စမ်းသပ်ခဲ့တာပါ။၁၉၄၃ ခုနှစ်မှာ ယင်းအကျဉ်းထောင်မှာရှိတဲ့ အကျဉ်သားအချို့ကို အဆိပ်တွေလျို့ဝှက်တိုက်ကျွေးပြီး အဆိပ်ရဲ့ပြင်းအားကို လူတစ်ဦးချင်းရဲ့ခံနိုင်ရည်အားနဲ့ အချိုးကျတွက်ချက်ပြီး စမ်းသပ်ခဲ့တာပါ။ အဆိပ်ကိုတော့ အစားအစာတွေထဲထည့်သွင်းပြီး ကျွေးခဲ့တာပါ။ လူအများစုကတော့ အဆိပ်ဒဏ်ကြောင့် အချိန်အနည်းငယ်မှာသေဆုံးခဲ့ပါတယ်။ သေဆုံးပြီးသူတွေကို ပြန်လည်ခွဲစိတ်ပြီး အစာအိမ်ထဲရောက်ရှိသွားတဲ့ အဆိပ်ပမာဏကို တိုင်းတာကြတာပါ။ တစ်နှစ်ခန့်ကြာတဲ့အခါမှာတော့ အစားအစာနဲ့တောင် မစမ်းသပ်တော့ပဲ ဒီအဆိပ်ပါတဲ့သေနတ်ကျည်ဆံနဲ့ အကျဉ်းသားတွေကိုပတ်ခတ်ပြီး ရုပ်အလောင်းတွေကိုပြန်လည်ခွဲစိတ်ကာ သူတို့တီထွင်တဲ့အဆိပ်ရဲ့ပြင်းအား အချက်အလက်ကိုရယူပါတော့တယ်။ ဒီစမ်းသပ်ချက်ကို ကြားသိရတဲ့သူတိုင်းအံဩတုန်လှုပ်ကြမှာပဲ ဖြစ်ပါတယ်။

(၃) အရိုး၊ ကြွက်သား နဲ့ ဦးနှောက်ပြန်လည်အစားထိုးကုသခြင်း နဲ့ အရိုးအဆစ်ပွားခြင်း

ဒီစမ်းသပ်ချက်ကိုတော့ Ravensbruck အကျဉ်းထောင်က ဖမ်းဆီးခံအကျဉ်းသားတွေနဲ့ တစ်နှစ်လောက် စမ်းသပ်ခဲ့တာပဲဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဦးနှောက်ခွဲစိတ်ခြင်း အပါအဝင် လူခန္ဓာကိုယ်မှာရှိတဲ့ အစိတ်အပိုင်းတွေကို ပြောင်းလဲတပ်ဆင်နိုင်ရန်အတွက် ဖြစ်ပါတယ်။အကြောင်းတစ်ခုခုကြောင့် ဆုံးရူံးသွားရတဲ့ လူခန္ဓာကိုယ်နေရာအသီးသီးက အရိုးတွေကို အပင်တွေမှာကိုင်းကူးသလို ခန္ဓာကိုယ်အတွင်းကပဲ အသစ်ပြန်လည်ထွက်ပေါ်လာနိုင်တဲ့ ကုထုံးကို အကောင်အထည်ဖော်ချင်နေတာပါ။

အောင်မြင်မယ့် အနေအထားမရှိတာကို သိပေမယ့် အတင်းဇွတ်ရှေတိုးသလိုစမ်းသပ်ခဲ့ကြပါတယ်။ နာဇီဆရာဝန်တွေဟာ အကျဉ်းသားတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းက အရိုး၊ကြွက်သား၊အစိတ်အပိုင်းများစွာကို ခွဲစိတ်ရယူပြီး အခြားလှီးဖြတ်ပြီးအကျဉ်းသားတွေရဲ့ အစိတ်အပိုင်းတွေနဲ့ စမ်းသပ်အစားထိုးခဲ့ပါတယ်။ဒီစမ်းချက်မှာ များစွာသောအကျဉ်းသားတွေဟာ မခံမရပ်နိုင်အောင် ဝေဒနာခံစားရပြီး အသက်မသေခဲ့ရင်တောင် ဒုက္ခိတတစ်ယောက်အဖြစ် ကျန်သက်တမ်းတွေမှာ နေသွားကြရပါတယ်။

(၄) ငှက်ဖျားရောဂါစမ်းသပ်ချက်

နာဇီတွေဟာ သူတို့ရဲ့စမ်းသပ်ချက်တွေကို ဒုတိယကမ္ဘာစစ်ဖြစ်နေတဲ့ ကာလအတွင်း သုံးနှစ်ကျော်လောက်အထိ စမ်းသပ်ခဲ့ပါတယ်။ရှေတန်းစစ်မျက်နှာတွေမှာ တိုက်ခိုက်နေရတဲ့ ဂျာမနီစစ်သည်တွေဟာ ငှက်ဖျားရောဂါကြောင့် သေကြေပျက်ဆီးမှုများလာတာကြောင့် နာဇီတာဝန်ရှိသူတွေဟာ ဒီစမ်းသပ်ချက်ကို ဆောင်ရွက်ရဖို့ဖြစ်လာတာပါ။ Dachau အကျဉ်းစခန်းမှာရှိတဲ့ ကျန်းမာရေးကောင်းမွန်သော အကျဉ်းသား(၁၀၀၀)ခန့်ကို ငှက်ဖျားရောဂါဖြစ်စေတဲ့ခြင်တွေရဲ့ ကိုက်ခဲခြင်းကိုခံရအောင် အရင်စီမံပါတယ်။

မကြာခင်မှာပဲ ဒီလူတွေဟာ ငှက်ဖျားရောဂါစတင်ခံစားလာရပါတော့တယ်။ အဲဒီနောက်မှာတော့ နာဇီဆရာဝန်တွေဖော်စပ်ထားတဲ့ အမျိုးမျိုးသော ငှက်ဖျားပျောက်ဆေးပြင်းတွေကို တိုက်ကျွေးပါတော့တယ်။တစ်ခါတည်း အမြစ်ဖြတ်ဆေးတွေဖြစ်တာကြောင့် ပြင်းထန်လွန်ပြီး နေ့စဉ်သောက်သုံးနေရတာကြောင့် သေဆုံးသူအများအပြားရှိခဲ့ပါတယ်။ကျန်ရှိတဲ့သူတွေမှာလည်း အာရုံကြောဆိုင်ရာ ဝေဒနာတွေကို ဆိုးရွားစွာခံစားရပြီး လှုပ်ရှားပြောဆိုနိုင်ခြင်း မရှိအောင်ဖြစ်ခဲ့ရပါတယ်။

(၅)မီးလောင်ဗုံးစမ်းသပ်ချက်

၁၉၄၃-၁၉၄၄ ခုနှစ်မှာတော့ မီးလောင်ဗုံးမှာပါတဲ့ ဖော့စဖော ရပ်လောင်ကျွမ်းမှုကို ဆေးပညာနည်းအရကုသနိုင်မဲ့နည်းကို အကျဉ်းသားတွေကိုအသုံးပြုပြီး Buchenwald အကျဉ်းထောင်မှာ စမ်းသပ်ခဲ့ကြပါတယ်။အရင်ဆုံး အကျဉ်းသားတွေရဲ့အသားကို ဖောစဖောရပ်ဓာက်နဲ့ လောင်ကျွမ်းစေပြီး ဒဏ်ရာအနာတရဖြစ်လာကာမှ သူတို့တီထွင်ထားတဲ့ ကုသနည်းအတိုင်း စမ်းသပ်ကုသကြတာပါ။ အစမ်းသပ်ခံလူသားတွေအတွက်တော့ များစွာသောနာကျင်မှုကို မချိမဆန့်ခံစားခဲ့ကြရပါတယ်။

သုတဇုန်

Leave a Reply