ျမန္မာ့သမုိင္းထဲက လင္းဇင္းျပည္ ဆုိတာ

Posted on

လင္းဇင္းျပည္ဆုိသည္မွာ ယခုလာအုိႏုိင္ငံျဖစ္သည္။ လာအိုဘုရင့္ႏိုင္ငံျဖစ္ေသာ လင္းဇင္းဘုရင့္ႏိုင္ငံကို ၁၃၅၄ခုႏွစ္တြင္ လာအိုဘုရင္ ဖငြန္ (Fa Ngum) မွ စတင္တည္ေထာင္ခဲ့သည္။ ေရွးမင္းမ်ိဳးႏြယ္ျဖစ္ေသာ မင္းသား ဖငြန္သည္ ကေမၻာဒီးယားသို႔ ထြက္ေျပးတိမ္းေရွာင္ေနရင္း ခမာဘုရင္၏ သမီးေတာ္ႏွင့္ လက္ထပ္ထိမ္းျမားခဲ့သည္။ ၁၃၄၉ တြင္ ဖငြန္သည္ လူသူစစ္သည္ဗိုလ္ပါ ၁၀,၀၀၀ ပါေသာ စစ္တပ္ႀကီးကို ဦးေဆာင္လ်က္ ကေမၻာဒီးယားျပည္ အန္ေကာမွ သူ၏လာအိုျပည္တြင္းသို႔ ျပန္လည္ဝင္ေရာက္ခဲ့သည္။

ဖငြန္သည္ သစၥာခံေသာနယ္မ်ားကို လာအိုအေခၚ မြမ္ (ျပည္နယ္)မ်ား အျဖစ္သိမ္းယူသတ္မွတ္လိုက္သည္။ ခမည္းေတာ္ႏွင့္ ေနာင္ေတာ္မ်ားထံမွ အာဏာသိမ္းယူကာ ၁၃၅၄ တြင္ ဗီယင္က်န္းၿမိဳ႕၌ လင္းဇင္းဘုရင္အျဖစ္ ဘိသိက္ခံခဲ့သည္။ ဆင္ေကာင္ေရတစ္သန္းဟု အဓိပၸါယ္ရေသာ လင္းဇင္းႏိုင္ငံအတြက္ နယ္ေျမခ်ဲ႕ထြင္ သိမ္းပိုက္ခဲ့ရာ ထိုေခတ္က အေရွ႕ေတာင္အာရွတြင္ အႀကီးမားဆုံးေသာ ဘုရင့္ႏိုင္ငံမ်ားတြင္ ပါဝင္ခဲ့သည္။

၁၃၅၄ မွ ၁၇၀၇ အထိ လင္ဇင္းျပည္

ဖငြန္အုပ္ခ်ဳပ္ေသာ အေစာပိုင္းႏွစ္မ်ားတြင္ အခက္အခဲမရွိေသာ္လည္း ေနာက္ပိုင္း (၆)ႏွစ္ (၁၃၆၂-၁၃၆၈) အတြင္း ေဒသတြင္း႐ိုးရာယုံၾကည္ကိုးကြယ္မႈျဖစ္ေသာ ေထရဝါဒ ဗုဒၶဘာသာ ႏွင့္ သူ၏ယုံၾကည္မႈျဖစ္ေသာ မဟာယာန ဗုဒၶဘာသာအၾကား ပဋိပကၡျဖစ္လာခဲ့သည္။ ဘုန္းႀကီးေက်ာင္းေပါင္းမ်ားစြာကို ဖ်က္ဆီးခဲ့သည္။ ျပင္းထန္စြာႏွိပ္ကြပ္ခဲ့သည္။ ၁၃၆၈တြင္ ဖငြန္၏ မိဖုရား ခမာမင္းသမီး ကြယ္လြန္သည္။ ထို႔ေနာက္တြင္ သူသည္ အယုဒၶယဘုရင္၏ သမီးေတာ္ႏွင့္ လက္ထပ္ခဲ့ျပန္သည္။ ထိုမင္းသမီးသည္ သူ၏ ၾကင္ယာေတာ္အေပၚ ဩဇာလႊမ္းမိုးႏိုင္ၿပီး အယုဒၵယမွ ဗုဒၵ႐ုပ္ပြားဆင္းတုေတာ္မ်ားကို ေနာင္တြင္ လြမ္ပရာဘြမ္ဟု အမည္တြင္မည့္ ပရာဘြမ္ၿမိဳ႕ေတာ္သို႔ ပင့္ေဆာင္လာခဲ့သည္။

၁၃၇၃ တြင္ ဖငြန္သည္ မြမ္နန္ (Muang Nan) သို႔ ဆုတ္ခြာခဲ့သည္။ ယူနန္ျပည္သို႔ထြက္ေျပးတိမ္းေရွာင္ေနခဲ့ေသာ သားျဖစ္သူ အြန္ဟြမ္ (Oun Heuan) ျပန္လည္ေရာက္ရွိလာၿပီး ၁၃၉၃တြင္ ဖခင္ ဖငြန္ကြယ္လြန္ၿပီးေနာက္၌ ထိုင္းသုံးသိန္းဟု အမည္ရေသာ ဆမ္ဆင္နက္ထိုင္း (Samsenethai) ဟု ဘြဲ႕အမည္ခံကာ လန္ဆန္းျပည္ကို ဆက္လက္အုပ္ခ်ဳပ္ခဲ့သည္။ မဲေခါင္ေဒသတြင္ မြန္ဂိုတို႔၏ ဩဇာလႊမ္းမိုးမႈကို အဆုံးသတ္ေစခဲ့သည္။ လာအိုလူမ်ိဳး၊ ထိုင္းလူမ်ိဳးႏွင့္ အျခားလူနည္းစုတိုင္းရင္းသားမ်ားျဖင့္ ဖြဲ႕စည္းထားေသာ လင္းဇင္းျပည္သည္ ေနာင္ ႏွစ္ေပါင္း ၃၀၀ တိုင္ေအာင္ ၾကာျမင့္ခဲ့သည္။

လင္ဇင္းျပည္ကုိတည္ေထာင္သူ ဘုရင္ဖငြန္ (Fa Ngum)

ထိုေဒသတြင္ ဖငြန္ေသဆုံးၿပီးေနာက္ ဖငြန္၏သားအႀကီးဆုံးျဖစ္သူ အြန္ဟြမ္ (Oun Heuan)က ဆမ္ဆင္ထိုင္း (Samsenthai) ဟုဘြဲ႕အမည္ခံကာ တိုင္းျပည္ကို ၄၃ႏွစ္ၾကာ အုပ္ခ်ဳပ္ခဲ့သည္။ ၎မင္းလက္ထက္တြင္ လန္ဆန္းတိုင္းျပည္သည္ ကုန္သြယ္ေရးအခ်က္အခ်ာ ျဖစ္လာခဲ့သည္။ ၁၄၂၁ခုႏွစ္ အြန္ဟြမ္ ေသဆုံးၿပီးေနာက္တြင္ လင္းဇင္းျပည္ၿပိဳကြဲပ်က္စီးကာ စစ္ဘုရင္ႏိုင္ငံမ်ားအျဖစ္ ႏွစ္ေပါင္း(၁၀၀)ေက်ာ္ၾကာ တိုက္ခိုက္ေနခဲ့ၾကသည္။

ျမန္မာတို႔၏ က်ဴးေက်ာ္တိုက္ခိုက္ျခင္းမွ ေရွာင္ရွားႏိုင္ရန္အလို႔ငွာ ၁၅၂၀တြင္ နန္းတက္လာေသာ ဖိုတီဆာရပ္ (Photisarath) ဘုရင္သည္ ၿမိဳ႕ေတာ္ကို လြမ္ပရာဘြမ္မွ ဗီယင္က်န္းသို႔ ေျပာင္းေ႐ႊ႕ခဲ့သည္။ ဖိုတီဆာရပ္လုပ္ႀကံခံရၿပီးေနာက္ ၁၅၄၈တြင္ သားျဖစ္သူ ဆက္သာသီရပ္ နန္းတက္လာခဲ့သည္။ ဆက္သာသီရပ္သည္ ကေမၻာဒီးယားျပည္သို႔ စစ္ခ်ီရာမွ အျပန္လမ္းတြင္ ေပ်ာက္ဆုံးခဲ့ၿပီး လင္းဇင္းျပည္ တစ္ျဖည္းျဖည္း က်ဆုံးဆုတ္ယုတ္လာခဲ့သည္။

၁၆၃၇ခုႏွစ္တြင္ နန္းတက္လာေသာ ဆိုရီငါေဗာင္ဆာ (Sourigna Vongsa) လက္ထက္တြင္ လန္ဆန္းျပည္သည္ နယ္စပ္ေဒသမ်ား ခ်ဲ႕ထြင္ႏိုင္ခဲ့ၿပီး ၎အုပ္စိုးေသာအခ်ိန္ကာလကို လာအိုတို႔၏ေ႐ႊေခတ္ဟုဆိုႏိုင္သည္။ ၎ေသဆုံးၿပီးေနာက္ ဆက္ခံမည့္သူမရွိသည့္အတြက္ လင္းဇင္းတိုင္းျပည္သည္ သုံးျခမ္းကြဲခဲ့သည္။ ၁၇၆၃မွ ၁၇၆၉ခုႏွစ္မ်ားတြင္ လာအိုေျမာက္ပိုင္းသည္ ျမန္မာတို႔၏ သိမ္းပိုက္အုပ္ခ်ဳပ္ျခင္းခံရၿပီး လြမ္ပရာဘြမ္သည္ ျမန္မာတို႔၏ လက္ေအာက္ခံ ျပည္နယ္တစ္ခု ျဖစ္ခဲ့သည္။ ခ်မ္ပါဆက္မွာလည္း ထိုင္းတို႔၏ လက္ေအာက္သို႔ က်ေရာက္ခဲ့သည္။

ထိုင္းတို႔က ေခ်ာင္အႏုေဗာင္ကို ဗီယင္က်န္းဘုရင္ခံအျဖစ္ ခန္႔အပ္ခဲ့ၿပီးေနာက္ ၎မင္းသည္ လာအိုအႏုပညာ၊ စာေပတို႔ကို အားေပးခဲ့ၿပီး လြမ္ပရာဘြမ္ႏွင့္လည္း ဆက္ဆံေရးတိုးတက္ေအာင္ ႀကိဳးပမ္းခဲ့သည္။ ၎ကို ထိုင္းတို႔ထံ သစၥာခံရန္ဖိအားေပးခံရေသာ္လည္း လက္မခံပဲ ပုန္ကန္ခဲ့သျဖင့္ ထိုင္းတို႔က ဗီယင္က်န္းကို သိမ္းပိုက္ၿပီး အႏုေဗာင္ကို အက်ဥ္းသားအျဖစ္ ဘန္ေကာက္သို႔ ေခၚေဆာင္ခဲ့သည္။

ဖငြန္၏ အဆက္အႏြယ္ျဖစ္သူမ်ားသည္ ဖငြန္ေသဆုံးၿပီးေနာက္ ႏွစ္ေပါင္း (၆၀၀) ၾကာသည့္အခ်ိန္တြင္ ထီးနန္ဆက္ခံခဲ့ျပန္သည္။ ၁၇ ရာစုႏွစ္ကုန္အထိ လက္ေအာက္ခံနယ္စားမ်ားျဖင့္ လန္ဆန္းျပည္ႀကီး လြတ္လပ္စြာတည္ရွိေနခဲ့သည္။ သို႔ရာတြင္ သမိုင္းမွတ္တမ္းမ်ားအရ ဗီယက္နမ္တို႔က (၁၄၇၈-၇၉) တြင္လည္းေကာင္း၊ ထိုင္းတို႔က ၁၅၃၆တြင္လည္းေကာင္း၊ ျမန္မာတို႔က (၁၅၇၁-၁၆၂၁) တြင္လည္းေကာင္း တိုက္ခိုက္ျခင္းကို ခံခဲ့ရေသးသည္။

၁၉ရာစုေႏွာင္းပိုင္းတြင္ လြမ္ပရာဘြမ္သည္ တ႐ုတ္အလံနက္ (Blag Flag) တို႔၏ ဖ်က္ဆီးျခင္းကိုခံခဲ့ရၿပီး ျပင္သစ္တို႔က လာအိုဘုရင္ အြန္ခမ္ (Oun Kham) ကို ကယ္တင္ခဲ့သည္။ ယင္းေနာက္ ျပင္သစ္တို႔က ျပင္သစ္အင္ဒိုခ်ိဳင္းနား ကိုလိုနီနယ္အတြင္းသြတ္သြင္းၿပီး ျပင္သစ္အေစာင့္အေရွာက္ခံႏိုင္ငံ အျဖစ္ သတ္မွတ္ခဲ့သည္။ ၁၉၅၄တြင္ စည္းမ်ဥ္းခံဘုရင္စနစ္ျဖင့္ လုံးဝလြတ္လပ္ေရး မေၾကညာမီအခ်ိန္ထိ လာအိုႏိုင္ငံကို ျပင္သစ္တို႔က အုပ္ခ်ဳပ္ခဲ့သည္။

ထုိ႔ေနာက္ ၁၉၅၃မွ ၁၉၇၅အတြင္း လာအိုဘုရင့္ႏိုင္ငံ (Kingdom of Laos) ျဖစ္ခဲ့သည္။ ၁၉၇၅တြင္ ကြန္ျမဴနစ္ ပက္သက္လာအို (Pathet Lao) မ်ားက အာဏာသိမ္းယူခဲ့ၿပီး လာအိုျပည္သူ႕ဒီမိုကရက္တစ္သမၼတႏိုင္ငံ (Lao People’s Democratic Republic) ကို တည္ေထာင္ခဲ့သည္မွာ ယေန႔တုိင္ေအာင္ပင္ျဖစ္သည္။

Country Study – Kingdom of Laos
Myanmar Wikipedia

———————————

မြန်မာ့သမိုင်းထဲက လင်းဇင်းပြည် ဆိုတာ (unicode)

လင်းဇင်းပြည်ဆိုသည်မှာ ယခုလာအိုနိုင်ငံဖြစ်သည်။ လာအိုဘုရင့်နိုင်ငံဖြစ်သော လင်းဇင်းဘုရင့်နိုင်ငံကို ၁၃၅၄ခုနှစ်တွင် လာအိုဘုရင် ဖငွန် (Fa Ngum) မှ စတင်တည်ထောင်ခဲ့သည်။ ရှေးမင်းမျိုးနွယ်ဖြစ်သော မင်းသား ဖငွန်သည် ကမ္ဘောဒီးယားသို့ ထွက်ပြေးတိမ်းရှောင်နေရင်း ခမာဘုရင်၏ သမီးတော်နှင့် လက်ထပ်ထိမ်းမြားခဲ့သည်။ ၁၃၄၉ တွင် ဖငွန်သည် လူသူစစ်သည်ဗိုလ်ပါ ၁၀,၀၀၀ ပါသော စစ်တပ်ကြီးကို ဦးဆောင်လျက် ကမ္ဘောဒီးယားပြည် အန်ကောမှ သူ၏လာအိုပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။

ဖငွန်သည် သစ္စာခံသောနယ်များကို လာအိုအခေါ် မွမ် (ပြည်နယ်)များ အဖြစ်သိမ်းယူသတ်မှတ်လိုက်သည်။ ခမည်းတော်နှင့် နောင်တော်များထံမှ အာဏာသိမ်းယူကာ ၁၃၅၄ တွင် ဗီယင်ကျန်းမြို့၌ လင်းဇင်းဘုရင်အဖြစ် ဘိသိက်ခံခဲ့သည်။ ဆင်ကောင်ရေတစ်သန်းဟု အဓိပ္ပါယ်ရသော လင်းဇင်းနိုင်ငံအတွက် နယ်မြေချဲ့ထွင် သိမ်းပိုက်ခဲ့ရာ ထိုခေတ်က အရှေ့တောင်အာရှတွင် အကြီးမားဆုံးသော ဘုရင့်နိုင်ငံများတွင် ပါဝင်ခဲ့သည်။

ဖငွန်အုပ်ချုပ်သော အစောပိုင်းနှစ်များတွင် အခက်အခဲမရှိသော်လည်း နောက်ပိုင်း (၆)နှစ် (၁၃၆၂-၁၃၆၈) အတွင်း ဒေသတွင်းရိုးရာယုံကြည်ကိုးကွယ်မှုဖြစ်သော ထေရဝါဒ ဗုဒ္ဓဘာသာ နှင့် သူ၏ယုံကြည်မှုဖြစ်သော မဟာယာန ဗုဒ္ဓဘာသာအကြား ပဋိပက္ခဖြစ်လာခဲ့သည်။ ဘုန်းကြီးကျောင်းပေါင်းများစွာကို ဖျက်ဆီးခဲ့သည်။ ပြင်းထန်စွာနှိပ်ကွပ်ခဲ့သည်။ ၁၃၆၈တွင် ဖငွန်၏ မိဖုရား ခမာမင်းသမီး ကွယ်လွန်သည်။ ထို့နောက်တွင် သူသည် အယုဒ္ဓယဘုရင်၏ သမီးတော်နှင့် လက်ထပ်ခဲ့ပြန်သည်။ ထိုမင်းသမီးသည် သူ၏ ကြင်ယာတော်အပေါ် ဩဇာလွှမ်းမိုးနိုင်ပြီး အယုဒ္ဒယမှ ဗုဒ္ဒရုပ်ပွားဆင်းတုတော်များကို နောင်တွင် လွမ်ပရာဘွမ်ဟု အမည်တွင်မည့် ပရာဘွမ်မြို့တော်သို့ ပင့်ဆောင်လာခဲ့သည်။

၁၃၇၃ တွင် ဖငွန်သည် မွမ်နန် (Muang Nan) သို့ ဆုတ်ခွာခဲ့သည်။ ယူနန်ပြည်သို့ထွက်ပြေးတိမ်းရှောင်နေခဲ့သော သားဖြစ်သူ အွန်ဟွမ် (Oun Heuan) ပြန်လည်ရောက်ရှိလာပြီး ၁၃၉၃တွင် ဖခင် ဖငွန်ကွယ်လွန်ပြီးနောက်၌ ထိုင်းသုံးသိန်းဟု အမည်ရသော ဆမ်ဆင်နက်ထိုင်း (Samsenethai) ဟု ဘွဲ့အမည်ခံကာ လန်ဆန်းပြည်ကို ဆက်လက်အုပ်ချုပ်ခဲ့သည်။ မဲခေါင်ဒေသတွင် မွန်ဂိုတို့၏ ဩဇာလွှမ်းမိုးမှုကို အဆုံးသတ်စေခဲ့သည်။ လာအိုလူမျိုး၊ ထိုင်းလူမျိုးနှင့် အခြားလူနည်းစုတိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသော လင်းဇင်းပြည်သည် နောင် နှစ်ပေါင်း ၃၀၀ တိုင်အောင် ကြာမြင့်ခဲ့သည်။

ထိုဒေသတွင် ဖငွန်သေဆုံးပြီးနောက် ဖငွန်၏သားအကြီးဆုံးဖြစ်သူ အွန်ဟွမ် (Oun Heuan)က ဆမ်ဆင်ထိုင်း (Samsenthai) ဟုဘွဲ့အမည်ခံကာ တိုင်းပြည်ကို ၄၃နှစ်ကြာ အုပ်ချုပ်ခဲ့သည်။ ၎င်းမင်းလက်ထက်တွင် လန်ဆန်းတိုင်းပြည်သည် ကုန်သွယ်ရေးအချက်အချာ ဖြစ်လာခဲ့သည်။ ၁၄၂၁ခုနှစ် အွန်ဟွမ် သေဆုံးပြီးနောက်တွင် လင်းဇင်းပြည်ပြိုကွဲပျက်စီးကာ စစ်ဘုရင်နိုင်ငံများအဖြစ် နှစ်ပေါင်း(၁၀၀)ကျော်ကြာ တိုက်ခိုက်နေခဲ့ကြသည်။

မြန်မာတို့၏ ကျူးကျော်တိုက်ခိုက်ခြင်းမှ ရှောင်ရှားနိုင်ရန်အလို့ငှာ ၁၅၂ဝတွင် နန်းတက်လာသော ဖိုတီဆာရပ် (Photisarath) ဘုရင်သည် မြို့တော်ကို လွမ်ပရာဘွမ်မှ ဗီယင်ကျန်းသို့ ပြောင်းရွှေ့ခဲ့သည်။ ဖိုတီဆာရပ်လုပ်ကြံခံရပြီးနောက် ၁၅၄၈တွင် သားဖြစ်သူ ဆက်သာသီရပ် နန်းတက်လာခဲ့သည်။ ဆက်သာသီရပ်သည် ကမ္ဘောဒီးယားပြည်သို့ စစ်ချီရာမှ အပြန်လမ်းတွင် ပျောက်ဆုံးခဲ့ပြီး လင်းဇင်းပြည် တစ်ဖြည်းဖြည်း ကျဆုံးဆုတ်ယုတ်လာခဲ့သည်။

၁၆၃၇ခုနှစ်တွင် နန်းတက်လာသော ဆိုရီငါဗောင်ဆာ (Sourigna Vongsa) လက်ထက်တွင် လန်ဆန်းပြည်သည် နယ်စပ်ဒေသများ ချဲ့ထွင်နိုင်ခဲ့ပြီး ၎င်းအုပ်စိုးသောအချိန်ကာလကို လာအိုတို့၏ရွှေခေတ်ဟုဆိုနိုင်သည်။ ၎င်းသေဆုံးပြီးနောက် ဆက်ခံမည့်သူမရှိသည့်အတွက် လင်းဇင်းတိုင်းပြည်သည် သုံးခြမ်းကွဲခဲ့သည်။ ၁၇၆၃မှ ၁၇၆၉ခုနှစ်များတွင် လာအိုမြောက်ပိုင်းသည် မြန်မာတို့၏ သိမ်းပိုက်အုပ်ချုပ်ခြင်းခံရပြီး လွမ်ပရာဘွမ်သည် မြန်မာတို့၏ လက်အောက်ခံ ပြည်နယ်တစ်ခု ဖြစ်ခဲ့သည်။ ချမ်ပါဆက်မှာလည်း ထိုင်းတို့၏ လက်အောက်သို့ ကျရောက်ခဲ့သည်။

ထိုင်းတို့က ချောင်အနုဗောင်ကို ဗီယင်ကျန်းဘုရင်ခံအဖြစ် ခန့်အပ်ခဲ့ပြီးနောက် ၎င်းမင်းသည် လာအိုအနုပညာ၊ စာပေတို့ကို အားပေးခဲ့ပြီး လွမ်ပရာဘွမ်နှင့်လည်း ဆက်ဆံရေးတိုးတက်အောင် ကြိုးပမ်းခဲ့သည်။ ၎င်းကို ထိုင်းတို့ထံ သစ္စာခံရန်ဖိအားပေးခံရသော်လည်း လက်မခံပဲ ပုန်ကန်ခဲ့သဖြင့် ထိုင်းတို့က ဗီယင်ကျန်းကို သိမ်းပိုက်ပြီး အနုဗောင်ကို အကျဉ်းသားအဖြစ် ဘန်ကောက်သို့ ခေါ်ဆောင်ခဲ့သည်။

ဖငွန်၏ အဆက်အနွယ်ဖြစ်သူများသည် ဖငွန်သေဆုံးပြီးနောက် နှစ်ပေါင်း (၆၀၀) ကြာသည့်အချိန်တွင် ထီးနန်ဆက်ခံခဲ့ပြန်သည်။ ၁၇ ရာစုနှစ်ကုန်အထိ လက်အောက်ခံနယ်စားများဖြင့် လင်းဇင်းပြည်ကြီး လွတ်လပ်စွာတည်ရှိနေခဲ့သည်။ သို့ရာတွင် သမိုင်းမှတ်တမ်းများအရ ဗီယက်နမ်တို့က (၁၄၇၈-၇၉) တွင်လည်းကောင်း၊ ထိုင်းတို့က ၁၅၃၆တွင်လည်းကောင်း၊ မြန်မာတို့က (၁၅၇၁-၁၆၂၁) တွင်လည်းကောင်း တိုက်ခိုက်ခြင်းကို ခံခဲ့ရသေးသည်။

၁၉ရာစုနှောင်းပိုင်းတွင် လွမ်ပရာဘွမ်သည် တရုတ်အလံနက် (Blag Flag) တို့၏ ဖျက်ဆီးခြင်းကိုခံခဲ့ရပြီး ပြင်သစ်တို့က လာအိုဘုရင် အွန်ခမ် (Oun Kham) ကို ကယ်တင်ခဲ့သည်။ ယင်းနောက် ပြင်သစ်တို့က ပြင်သစ်အင်ဒိုချိုင်းနား ကိုလိုနီနယ်အတွင်းသွတ်သွင်းပြီး ပြင်သစ်အစောင့်အရှောက်ခံနိုင်ငံ အဖြစ် သတ်မှတ်ခဲ့သည်။ ၁၉၅၄တွင် စည်းမျဉ်းခံဘုရင်စနစ်ဖြင့် လုံးဝလွတ်လပ်ရေး မကြေညာမီအချိန်ထိ လာအိုနိုင်ငံကို ပြင်သစ်တို့က အုပ်ချုပ်ခဲ့သည်။

ထို့နောက် ၁၉၅၃မှ ၁၉၇၅အတွင်း လာအိုဘုရင့်နိုင်ငံ (Kingdom of Laos) ဖြစ်ခဲ့သည်။ ၁၉၇၅တွင် ကွန်မြူနစ် ပက်သက်လာအို (Pathet Lao) များက အာဏာသိမ်းယူခဲ့ပြီး လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ (Lao People’s Democratic Republic) ကို တည်ထောင်ခဲ့သည်မှာ ယနေ့တိုင်အောင်ပင်ဖြစ်သည်။

Country Study – Kingdom of Laos
Myanmar Wikipedia

Leave a Reply