အမေရိကန်က နာမည်ကြီး အားကစားတစ်ခု (သို့) NBA ဆိုသည်မှာ

Posted on

အမေရိက အမျိုးသား ဘတ်စကတ်ဘောပြိုင်ပွဲ National Basketball Association (NBA)ဆိုတာ မြောက်အမေရိကတိုက်မှာရှိတဲ့ အမေရိကန်အခြေစိုက် ဆုကြေးစား အမျိုးသားဘတ်စကတ်ဘောပြိုင်ပွဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ အမေရိကန်အခြေစိုက်ဘတ်စကတ်ဘောအသင်း(၂၉)သင်းနဲ့ ကနေဒါနိုင်ငံအခြေစိုက်(၁) သင်းပါဝင်ယှဉ်ပြိုင်လျက်ရှိပါတယ်။ NBA ပြိုင်ပွဲတွေဟာ ကမ္ဘာအနှံ့ကစိတ်ဝင်တစားစောင့်ကြည့်ရတဲ့ ဆုကြေးစားအားကစားပြိုင်ပွဲတွေလည်းဖြစ်ပါတယ်။

NBA ဟာ အမေရိကန်ဘတ်စကတ်ဘောအဖွဲ့ချုပ်(USAB)ရဲ့ အဖွဲ့ဝင်သာမက FIBA လို့ သိကြတဲ့ နိုင်ငံတကာဘတ် ကတ်ဘောအဖွဲ့ချုပ်ရဲ့ အသိအမှတ်ပြုပြိုင်ပွဲတစ်ခုလည်းဖြစ်ပါတယ်။ ဒါအပြင်အမေရိကန်ပြည်ထောင်စုရဲ့အဓိက ဆုကြေးစားအားကစားပြိုင်ပွဲ(၄)မျိုးမှာ အပါအဝင်ဖြစ်တဲ့NBA ဟာ အာရှမှာတော့အောင်မြင်မှုမယ်မယ်ရရမရှိပဲ ဥရောပဘောလုံးအားပြိုင်ပွဲတွေကိုတော့ကျော်လွန်ခြင်းမရှိပါဘူး။

NBA ဘတ်စကတ်ဘောပြိုင်ပွဲဝင်တွေဟာ ကမ္ဘာပေါ်မှာ လစာအကောင်းဆုံးရရှိတဲ့ ကြေးစား အားကစားသမားတွေလည်းဖြစ်ပါတယ်။

NBAပြိုင်ပွဲတွေကိုတော့ ၁၉၄၆ခုနှစ် ဇွန်လ(၆)ရက်နေ့ ကနေစပြီး အမေရိကန် ဘတ်စကတ်ဘောပြိုင်ပွဲ(BAA)ဆိုပြီး နယူးယောက်မြို့မှာစတင်ကျင်းပခဲ့တာပါ။ စတင်ကျင်းပတုန်းက (၁၁)သင်းသာရှိခဲ့ပါတယ်။ နောက်(၃)နှစ်အကြာ ၁၉၄၉ခုနှစ် သြဂုတ်လ(၃)ရက် နေ့မှာတော့ နိုင်ငံတကာဘတ်စကတ်ဘောအဖွဲ့ချုပ်က အမေရိကန်နဲ့ ကနေဒါနိုင်ငံတွင်းက ဆုကြေးစားဘတ်စကတ်ဘောအသင်းတွေနဲ့ အမေရိကန်မှာပဲ လက်ရှိယှဉ်ပြိုင်လျက်ရှိတဲ့ အမျိုးသားဘတ်စကတ်ဘောပြိုင်ပွဲ(NBL) အသင်းတွေကိုစုပေါင်းပြီး NBA လို့ ခေါ်တဲ့အမေရိကန်အမျိုးသားဘတ်စကတ်ဘောပြိုင်ပွဲဖြစ်လာတာပါ။

ဒီပြိုင်ပွဲဟာနိုင်ငံတကာအသိအမှတ်ပြုပြိုင်ပွဲဖြစ်တာကြောင့် အသင်းတစ်သင်းဆီမှာ ရုံးတွေထားရှိပြီး အသေးစိတ်စီမံခန့်ခွဲရေးဝန်ထမ်းတွေထားရှိပါတယ်။ ရုံးအားလုံးကိုတော့ နယူးဟောက်မှာရှိတဲ့ အိုလံပစ်တာဝါမှာထားရှိတာပါ။ NBA Entertainment နဲ့ NBA TV ကဲ့သို့သော ရုပ်သံလိုင်းတွေကလည်း NBA အသင်းတွေရဲ့ လက်ရှိသတင်း(current news)တွေကို အချိန်နဲ့တစ်ပြေးညီ ကမ္ဘာတစ်ဝှမ်းလုံးက ဘတ်စကတ်ဘောဝါသနာရှင်တွေအတွက် ထုတ်လွှင့်ပြသလျက်ရှိနေပါတယ်။ ဒီစတူဒီယိုတွေကတော့အမေရိကန်နိုင်ငံ Secaucus,New Jersy ပြည်နယ်တွေမှာရှိတာပါ။

NBA နဲ့ ပတ်သတ်လို့ စိတ်ဝင်စားစရာအချို့

(၁) သာမန် NBA ဘတ်စကတ်ကစားသမားတစ်ယောက်ရဲ့ တစ်နှစ် လစာဟာ အမေရိကန်ဒေါ်လာ(၅၆၀၀၀)လောက်ရရှိနေတာပါ။ တစ်နှစ်အတွင်း လစာအများဆုံးရခဲ့သူကတော့ Golden State Warriors အသင်းက Stephen Curry ဖြစ်ပြီး သူဟာတစ်နှစ်အတွက်လစာ ဒေါ်လာ ၃၄.၆သန်း ရရှိခဲ့ပါတယ်။

(၂) ပီတာမာရာဘစ်ဆိုတဲ့ NBA ဘတ်စကတ်ဘော သမားတစ်ဦးဟာ သူ(၂၆)နှစ်အရွယ် ၁၉၇၄ခုနှစ်က အင်တာဗျူးတစ်ခုမှာ ဒီ NBA ဘတ်စကတ်ဘောသမားအဖြစ်(၁၀)နှစ်အထိမကစားချင်ပါဘူး ဘာလို့လဲဆိုရင် ဒီလိုသာကစားနေရရင် အသက်(၄၀)လောက်ရောက်ရင် နှလုံးရောဂါနဲ့သေသွားနိုင် လို့ပါလို့ဖြေကြားခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲသူဟာ NBAဘတ်စကတ်ဘော သမားတစ်ဦးအဖြစ်(၁၀)နှစ်အထိကစားခဲ့ပြီး သူအသက်(၄၀)အရွယ်မှာပဲနှလုံးရောဂါနဲ့ ဆုံးပါးခဲ့ရပါတယ်။

(၃)NBAကတာဝန်ရှိသူတွေဟာ နာမည်ကျော် NBA ဘတ်စကတ်ဘောသမားတစ်ဦးဖြစ်တဲ့ မိုက်ကယ်ဂျော်ဒန်ကို အားကစားကုမ္မဏီတစ်ခုဖြစ်တဲ့(Nike)ရဲ့ ကုန်ပစ္စည်းတွေကို စပွန်ဆာယူပြီးကစားပွဲတွေမှာ ဝတ်ဆင်ပြီးကစားတာကို အစကပိတ်ပင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ဂျော်ဒန် ကငြင်းဆန်ခဲ့ပြီးဝတ်ဆင်ကစားခဲ့ရာ Nike ကလည်း ဂျော်ဒန်အတွက် သူကစားခဲ့တဲ့ တစ်ပွဲချင်းစီအလိုက် ကျသင့်တဲ့ဒါဏ်ငွေကိုပေးဆောင်ခဲ့ပါတယ်။

(၄) NBA ဘတ်စကတ်သမိုင်းတစ်လျောက်မှာ အသင်းအတွက်အမှတ်ပေါင်း(၃၈၃၈၇) မှတ်နဲ့ အမှတ်အများဆုံးရယူပေးနိုင်ခဲ့တဲ့ kareemAbdulJabaar ဟာ နာမည်ကျော် NBA ဘတ်စကတ်ဘောသမားတစ်ဦးဘဝက အနားယူသွားခဲ့တဲ့အခါမှာတော့ ထင်ရှားတဲ့သမိုင်း စာရေးဆရာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူဟာအမေရိကန်အစိုးရရဲ့ ယဉ်ကျေးမှုဆိုင်ရာ သံတမန်တစ်ဦးအဖြစ်ခန့်အပ်ခြင်းကိုလည်း ခံခဲ့ရပါတယ်။

(၅) kareem Abdul -Jabaarဟာ သူရဲ့ NBA ကြေးစားဘတ်စကတ်ဘောသမားသက်တမ်းနှစ်(၂၀)အတွင်းမှာ တစ်ချက်ပစ် သုံးမှတ်ရရှိအောင် ၁ကြိမ်သာ စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။

(၆) နာမည်ကျော် NBA ဘတ်စကတ်ဘောသမားတစ်ဦးဖြစ်တဲ့ Tim Duncan ဟာ ၁၉၉၂ခုနှစ် အမေရိကန်ရေကူးအသင်းရဲ့ ပမာဏလက်ရွေးစင်တစ်ဦးဖြစ်ခဲ့ပါတယ်။ အိုလံပစ်ရေကူးအသင်းမှာ ရွေးချယ်ခြင်းခံခဲ့ရပေမဲ့ အမေရိကန်ပြည်ထောင်စုမှာတိုက်ခိုက်ခဲ့တဲ့ ဟူဂိုဟာရီကိန်းမုန်တိုင်းကြောင့် သူလေ့ကျင့်တဲ့ ရေကူးကန်ပျက်ဆီးခဲ့ရပါတယ်။ သူဟာငမန်းရန်ကို ကြောက်ရွံတဲ့ဗီဇရှိတာကြောင့်လည်း ပင်လယ်သမုဒ္ဒရာတွေမှာ ရေကူးခြင်းမပြုခဲ့ပါဘူး။ ရေကူးချန်ပီယံမဖြစ်တော့တဲ့သူဟာ နောက်ပိုင်းတော့ နာမည်ကျော် NBA ဘတ်စကတ်ဘောသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။

(၇) နာမည်ကျော် San Antonio Spurs အသင်းရဲ့ ဘတ်စကတ်ဘောသမားတစ်ဦးဖြစ်တဲ့ Tim duncan ဟာ NBA ကစားသမားဘဝနဲ့ ငွေကြေးများစွာရရှိမဲ့အခြေအနေကိုစွန်လွတ်ခဲ့ရပြီး လေးနှစ်တိတိ တက္ကသိုလ်ကျောင်းသားဘဝနဲ့ ဖြတ်သန်းခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မိခင်မသေဆုံးခင်မှာ သူဟာဘွဲ့ရပညာတတ်တစ်ယောက်ဖြစ်ရမယ်လို့ ကတိပေးခဲ့တာကြောင့်ပါ။

(၈) လေ့လာတွက်ချက်မှုတွေအရ အနားယူခဲ့တဲ့ NBA ကစားသမား၆၀ရာခိုင်နူန်းဟာ အနားယူပြီး(၅)နှစ်မှာတော့ ငွေကြေးဖြုန်းတီးမှုများစွာပြုလုပ်ပြီး စိတ်ထဲရှိတဲ့အတိုင်းသာနေထိုင်ခဲ့ကြပါတယ်။

(၉) အမေရိကန်ပြည်ထောင်စုက အရပ် (၇)ပေရှည်တဲ့ယောင်္ကျားလေးအများစုဟာသာမန်အမျိုးသားတွေထက် NBA ကြေးစားဘတ်စကတ်ဘောသမားဖြစ်ရန် (၁၇)ရာခိုင်နူန်းအခွင့်အရေးပိုရှိကြပါတယ်။

(၁၀) အနားယူသွားပြီဖြစ်တဲ့ နာမည်ကျော် NBA ဘတ်စကတ်ဘောသမား Shaquille O’Neal ဟာလည်း သူရဲ့ကြေးစားကစားသမားသက်တမ်းတစ်လျောက် တစ်ချက်ပစ် သုံးမှတ်ရရှိအောင် ၁ကြိမ်သာ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

(၁၁) NBA သမိုင်းတလျှောက် အရပ်အရှည်ဆုံးသူကတော့ ရိုမေးနီးယားနိုင်ငံသား Gheorghe Muresan ဖြစ်ပြီး သူဟာ အရပ် ၇ပေ ၇လက်မရှိပါတယ်။ သမိုင်းတလျှောက် အရပ်အပုဆုံးကစားသမားကတော့ Muggsy Bogues ဖြစ်ပြီး သူ့အရပ်ဟာ ၅ပေ ၃လက်မပဲ ရှိပါတယ်။

(၁၂) NBA သမိုင်းတလျှောက် အအောင်မြင်ဆုံးအသင်းအဖြစ်သတ်မှတ်ခံထားရတာကတော့ မိုက်ကယ်ဂျော်ဒန်ပါဝင်ခဲ့တဲ့ Chicago Bulls အသင်းပဲ ဖြစ်ပါတယ်။

(၁၃) NBA သမိုင်းတလျှောက် အချမ်းသာဆုံးကစားသမားကတော့ လူသိအများဆုံးဖြစ်တဲ့ မိုက်ကယ်ဂျော်ဒန်ဖြစ်ပြီး လက်ရှိသူ့ရဲ့ပိုင်ဆိုင်မှုက ဒေါ်လာ ၁.၇ဘီလျံ ဖြစ်ပါတယ်။

Leave a Reply