လႊငါးမန္းတုိ႔ အေၾကာင္း သိေကာင္းစရာ

Posted on

လႊငါးမန္းေတြဟာ (Pristiophoriformes) ငါးမန္းမ်ိဳးစိတ္ဝင္ေတြျဖစ္ၾကျပီး သူတို႔ရဲ့ လႊပံုစံရွိတဲ့ ႏႈတ္သီးေတြေၾကာင့္လူသိမ်ားၾကပါတယ္။ဒီငမန္းေတြမွာမတူညီတဲ့မ်ိဳးစိတ္(၉)မ်ိဳးခန္႔ရွိျပီး ဂ်ပန္၊ ေတာင္အာဖရိက၊ ၾသစေတးလ်ပင္လယ္ျပင္ေတြမွာ အမ်ားဆုံးေတြ႔ရေလ့ရွိပါတယ္။ ရွည္လ်ားတဲ့ လႊပံုစံႏႈတ္သီးေတြနဲ႔အတူ အသြားႏွစ္ဘက္ရွိၿပီး ခြ်န္ထက္ေနတဲ့သြားေတြဟာ သားေကာင္ကို ဟတ္တက္ခြဲျပီး ခဏခ်င္းမွာ သူအစာအျဖစ္ဖန္တီးႏုိင္ပါတယ္။

လႊငါးမန္းေတြဟာ အပူ/အေအးမ်ွတတဲ့ ပင္လယ္ကမ္းေျခဧရိယာေတြမွာ သာအေနမ်ားျပီးေရအနက္ေပ(၁၃၀) ခန္႔ေလာက္မွာ ေနထိုင္ၾကတာကို ေတြ႔ရပါတယ္။ဒီငမန္းေတြဟာ သူတို႔ရဲ့အစာအတြက္ လူအပါအဝင္ သက္ရွိေတာ္ေတာ္မ်ားမ်ားကို သတ္ျဖတ္တတ္ၾကပါတယ္။ လြန္ခဲ့တဲ့ဆယ္စုႏွစ္ ႏွစ္ခုေလာက္ကတည္းက ငါးဖမ္းသူေတြဟာ ဒီငါးမန္းေတြကိုစီးပြားျဖစ္ဖမ္းဆီးလာတာေၾကာင့္ ယေန႔အခ်ိန္မွာေတာ့ ဒီလႊငမန္းအေရအတြက္က အလြန္နည္းပါးသြားခဲ့ျပီ ျဖစ္ပါတယ္။ ဒါေပမဲ့ဒီငမန္းေတြကို မ်ိဳးတုန္းေပ်ာက္ကြယ္သြားႏုိင္တဲ့ ေရသတၱဝါမ်ိဳးစိတ္ဝင္မ်ားစာရင္းမွာေတာ့ ထည့္သြင္းေဖာ္ျပေပးထားျခင္း မရွိေသးပါဘူး။

Longnose sawshark

လႊငါးမန္းတို႔ရဲ႕ စိတ္၀င္စားဖြယ္အခ်က္မ်ား

(၁) လႊငမန္းေတြဟာ ခႏၶာကုိယ္အလ်ား (၅)ေပအထိရွည္လ်ားၾကျပီး (၁၈.၇)ေပါင္အထိ အေလးခ်ိန္ရွိိၾကပါတယ္။ အမေတြဟာ အထီးေတြထက္ အနည္းငယ္ အေကာင္ပိုႀကီးေလ့ရွိပါတယ္။

(၂) လႊငါးမန္းေတြရဲ႕ ခႏၶာကိုယ္ကုိ ထိပ္ခြ်န္အေၾကးခြံ(placoid scales) နဲ႔ ဖုံးအုပ္ထားပါတယ္။ လႊငါးမန္းေတြရဲ႕အေရာင္ကေတာ့ အညဳိဘက္ကိုသန္းေနတဲ့ အ၀ါျဖစ္ၿပီး သူတုိ႔ကုိ ေရေအာက္သဲၾကမ္းျပင္မွာဆုိရင္ အလြယ္တကူ ျမင္ေတြ႔ႏုိင္ဖုိ႔ခက္ပါတယ္။

(၃) လႊငမန္းေတြမွာ ရွည္လ်ားတဲ့ႏူတ္သီးေတြနဲ႔ ခြ်န္ထက္တဲ့သြားေတြရွိပါတယ္(သြားအႀကီးေတြၾကားမွာ သြားငယ္ေလးေတြေပါက္ေနေလ့ရွိပါတယ္)

(၄) လႊငါမန္းေတြရဲ့ရွည္လ်ားတဲ့ႏူတ္သီးအလယ္မွာ ႏူတ္ခမ္းေမႊးလို႔ေျပာရမယ့္ အေမႊးတစ္စံုပါရွိပါတယ္။ ဒါေတြဟာသူတို႔ရဲ႕ အာရံုခံကိရိယာေတြျဖစ္ျပီး သားေကာင္ရဲ့လူပ္ရွားမႈေတြကို အာရံုခံနိုင္ပါတယ္။

(၅) လႊငါးမန္းေတြရဲ့ေက်ာဘက္မွာ ဆူးေတာင္နွစ္ခုရွိပါတယ္။ စအိုနဲ႔ ဆက္ေနတဲ့ဆူးေတာင္ကေတာ့ အနည္းငယ္ေသးပါတယ္။ လႊငါးမန္းေတြမွာသူရဲ့မ်ိဳးရိုးဗီဇကိုလိုက္ျပီး Gills (၅)စံကေန(၆)စံုအထိ ေက်ာဘက္ေဘးမွာရွိေနပါတယ္။

Japanese Sawshark

(၆) လႊငါးမန္းေတြနဲ႔ လႊငါးေတြဟာ သာမန္အားျဖင့္တူညီေနတယ္လို႕ထင္ရေပမဲ့အမွန္ေတာ့ကြဲျပားျခားနားခ်က္ေတြ အမ်ားၾကီးရွိေနပါတယ္။ လႊပံုစံငါးေတြဟာ အရြယ္အစားၾကီးမားေပမဲ့ ငါးနူတ္ခမ္းေမႊး(အာရံုခံကိရိယာ)မပါရွိပါဘူး။ သူတို႔ရဲ့ေရယက္ေတြဟာ ခႏၶာကိုယ္ရဲ့ေအာက္ဘက္မွာ တည္ရွိေနတာပါ။

(၇) အျခားငါးမန္းမ်ဳိးစိတ္ေတြလိုပဲ လႊငါးမန္းေတြမွာ သားေကာင္ကိုရွာေဖြႏုိင္တဲ့ လ်ွပ္
စစ္ဓာက္အားပါဝင္တဲ့ ampullae of lorenzini အဂၤါပါရွိပါတယ္။

(၈) လႊငါးမန္းေတြဟာ သူတို႔ရဲ့ လႊသြားပံုႏႈတ္သီးကိုအသံုးျပဳျပီး သားေကာင္ကို သတ္ျဖတ္ၾကပါတယ္။ သူရဲ႕ခြ်န္ထက္တဲ့သြားေတြပါရွိတဲ့ႏႈတ္သီးကို ဘယ္ညာလူပ္ရမ္းျပီးခုတ္ခ်က္ျပင္းျပင္းနဲ႔ သားေကာင္ကိုသတ္ျဖတ္ျပီး ေနာက္ဆံုးမွာျမိဳခ်ၾကတာပါ။

(၉) အသားစားသတၱဝါေတြျဖစ္တဲ့ လႊငါးမန္းေတြ အၿမဲစားသံုးတဲ့အစားစာကေတာ့ငါးအမ်ိဳးမ်ိဳး၊ အခြြံမာေရသတၱဝါေတြနဲ႔ ကင္းမြန္စတဲ့ ေရေနသတၱဝါေတြျဖစ္ပါတယ္

(၁၀) လႊငါးမန္းေတြဟာတစ္ေကာင္တည္းလည္းေနထိုင္ၾကသလို အုပ္စုဖြဲ႔ျပီးလည္းေနေလ့ရွိပါတယ္။

(၁၁) လႊငါးမန္းေတြဟာ ရာသီအလိုက္ ပင္လယ္ကမ္းေျခဧရိယာေတြမွာ မိတ္လိုက္ေလ့ရွိၾကပါတယ္။ အမေတြဟာ(၂)ႏွစ္ကိုတစ္ၾကိမ္သာမိတ္လိုက္ၾကပါတယ္။

(၁၂) လႊငါးမန္းေတြဟာ Ovoviviparous animalေတြျဖစ္ပါတယ္။ အဓိပၸါယ္ကေတာ့ငါးမန္းအမေတြဟာ(၁၂)လ ကာလကိုယ္ဝန္ေဆာင္ျပီးေနာက္ ဥဥေပမယ့္ ဒီဥေတြကိုခႏၶာကိုယ္ထဲမွာ ထားရွိတာပဲျဖစ္ၿပီး အေကာင္ေပါက္ေတာ့မွအျပင္ဘက္ကိုထြက္လာတာပဲျဖစ္ပါတယ္။ ငါးမန္းမတစ္ေကာင္ဟာ(၃)ေကာင္ကေန (၂၂)ေကာင္အထိ ေမြးဖြားပါတယ္။

(၁၃) လႊငါးမန္းေတြဟာသူတို႔ကေလးငယ္ေတြကို အရြယ္ေရာက္လာတဲ့အထိ ေစာင့္ေရွာက္ၾကပါတယ္။ သူတို႔ကိုယ္သူတို႔ ကာကြယ္ေစာင့္ေရွာက္နိုင္ျပီျဖစ္တဲ့ အသက္(၂)ႏွစ္အရြယ္အထိ ေစာင့္ၾကည့္ေလ့ရွိၾကပါတယ္။

(၁၄) လႊငါးမန္းေတြဟာ အသက္(၁၅)ႏွစ္ခန္႔အထိ ေနထိုင္ရွင္သန္နိုင္ၾကပါတယ္။

VIDEO

သုတဇုန္

—————————

လွှငါးမန်းတို့ အကြောင်း သိကောင်းစရာ (unicode)

လွှငါးမန်းတွေဟာ (Pristiophoriformes) ငါးမန်းမျိုးစိတ်ဝင်တွေဖြစ်ကြပြီး သူတို့ရဲ့ လွှပုံစံရှိတဲ့ နှုတ်သီးတွေကြောင့်လူသိများကြပါတယ်။ဒီငမန်းတွေမှာမတူညီတဲ့မျိုးစိတ်(၉)မျိုးခန့်ရှိပြီး ဂျပန်၊ တောင်အာဖရိက၊ ဩစတေးလျပင်လယ်ပြင်တွေမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ ရှည်လျားတဲ့ လွှပုံစံနှုတ်သီးတွေနဲ့အတူ အသွားနှစ်ဘက်ရှိပြီး ချွန်ထက်နေတဲ့သွားတွေဟာ သားကောင်ကို ဟတ်တက်ခွဲပြီး ခဏချင်းမှာ သူအစာအဖြစ်ဖန်တီးနိုင်ပါတယ်။

လွှငါးမန်းတွေဟာ အပူ/အအေးမျှတတဲ့ ပင်လယ်ကမ်းခြေဧရိယာတွေမှာ သာအနေများပြီးရေအနက်ပေ(၁၃၀) ခန့်လောက်မှာ နေထိုင်ကြတာကို တွေ့ရပါတယ်။ဒီငမန်းတွေဟာ သူတို့ရဲ့အစာအတွက် လူအပါအဝင် သက်ရှိတော်တော်များများကို သတ်ဖြတ်တတ်ကြပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ် နှစ်ခုလောက်ကတည်းက ငါးဖမ်းသူတွေဟာ ဒီငါးမန်းတွေကိုစီးပွားဖြစ်ဖမ်းဆီးလာတာကြောင့် ယနေ့အချိန်မှာတော့ ဒီလွှငမန်းအရေအတွက်က အလွန်နည်းပါးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ဒီငမန်းတွေကို မျိုးတုန်းပျောက်ကွယ်သွားနိုင်တဲ့ ရေသတ္တဝါမျိုးစိတ်ဝင်များစာရင်းမှာတော့ ထည့်သွင်းဖော်ပြပေးထားခြင်း မရှိသေးပါဘူး။

လွှငါးမန်းတို့ရဲ့ စိတ်ဝင်စားဖွယ်အချက်များ

(၁) လွှငမန်းတွေဟာ ခန္ဓာကိုယ်အလျား (၅)ပေအထိရှည်လျားကြပြီး (၁၈.၇)ပေါင်အထိ အလေးချိန်ရှိကြပါတယ်။ အမတွေဟာ အထီးတွေထက် အနည်းငယ် အကောင်ပိုကြီးလေ့ရှိပါတယ်။

(၂) လွှငါးမန်းတွေရဲ့ ခန္ဓာကိုယ်ကို ထိပ်ချွန်အကြေးခွံ(placoid scales) နဲ့ ဖုံးအုပ်ထားပါတယ်။ လွှငါးမန်းတွေရဲ့အရောင်ကတော့ အညိုဘက်ကိုသန်းနေတဲ့ အဝါဖြစ်ပြီး သူတို့ကို ရေအောက်သဲကြမ်းပြင်မှာဆိုရင် အလွယ်တကူ မြင်တွေ့နိုင်ဖို့ခက်ပါတယ်။

(၃) လွှငမန်းတွေမှာ ရှည်လျားတဲ့နူတ်သီးတွေနဲ့ ချွန်ထက်တဲ့သွားတွေရှိပါတယ်(သွားအကြီးတွေကြားမှာ သွားငယ်လေးတွေပေါက်နေလေ့ရှိပါတယ်)

(၄) လွှငါမန်းတွေရဲ့ရှည်လျားတဲ့နူတ်သီးအလယ်မှာ နူတ်ခမ်းမွှေးလို့ပြောရမယ့် အမွှေးတစ်စုံပါရှိပါတယ်။ ဒါတွေဟာသူတို့ရဲ့ အာရုံခံကိရိယာတွေဖြစ်ပြီး သားကောင်ရဲ့လူပ်ရှားမှုတွေကို အာရုံခံနိုင်ပါတယ်။

(၅) လွှငါးမန်းတွေရဲ့ကျောဘက်မှာ ဆူးတောင်နှစ်ခုရှိပါတယ်။ စအိုနဲ့ ဆက်နေတဲ့ဆူးတောင်ကတော့ အနည်းငယ်သေးပါတယ်။ လွှငါးမန်းတွေမှာသူရဲ့မျိုးရိုးဗီဇကိုလိုက်ပြီး Gills (၅)စံကနေ(၆)စုံအထိ ကျောဘက်ဘေးမှာရှိနေပါတယ်။

(၆) လွှငါးမန်းတွေနဲ့ လွှငါးတွေဟာ သာမန်အားဖြင့်တူညီနေတယ်လို့ထင်ရပေမဲ့အမှန်တော့ကွဲပြားခြားနားချက်တွေ အများကြီးရှိနေပါတယ်။ လွှပုံစံငါးတွေဟာ အရွယ်အစားကြီးမားပေမဲ့ ငါးနူတ်ခမ်းမွှေး(အာရုံခံကိရိယာ)မပါရှိပါဘူး။ သူတို့ရဲ့ရေယက်တွေဟာ ခန္ဓာကိုယ်ရဲ့အောက်ဘက်မှာ တည်ရှိနေတာပါ။

(၇) အခြားငါးမန်းမျိုးစိတ်တွေလိုပဲ လွှငါးမန်းတွေမှာ သားကောင်ကိုရှာဖွေနိုင်တဲ့ လျှပ်
စစ်ဓာက်အားပါဝင်တဲ့ ampullae of lorenzini အင်္ဂါပါရှိပါတယ်။

(၈) လွှငါးမန်းတွေဟာ သူတို့ရဲ့ လွှသွားပုံနှုတ်သီးကိုအသုံးပြုပြီး သားကောင်ကို သတ်ဖြတ်ကြပါတယ်။ သူရဲ့ချွန်ထက်တဲ့သွားတွေပါရှိတဲ့နှုတ်သီးကို ဘယ်ညာလူပ်ရမ်းပြီးခုတ်ချက်ပြင်းပြင်းနဲ့ သားကောင်ကိုသတ်ဖြတ်ပြီး နောက်ဆုံးမှာမြိုချကြတာပါ။

(၉) အသားစားသတ္တဝါတွေဖြစ်တဲ့ လွှငါးမန်းတွေ အမြဲစားသုံးတဲ့အစားစာကတော့ငါးအမျိုးမျိုး၊ အခွံမာရေသတ္တဝါတွေနဲ့ ကင်းမွန်စတဲ့ ရေနေသတ္တဝါတွေဖြစ်ပါတယ်

(၁၀) လွှငါးမန်းတွေဟာတစ်ကောင်တည်းလည်းနေထိုင်ကြသလို အုပ်စုဖွဲ့ပြီးလည်းနေလေ့ရှိပါတယ်။

(၁၁) လွှငါးမန်းတွေဟာ ရာသီအလိုက် ပင်လယ်ကမ်းခြေဧရိယာတွေမှာ မိတ်လိုက်လေ့ရှိကြပါတယ်။ အမတွေဟာ(၂)နှစ်ကိုတစ်ကြိမ်သာမိတ်လိုက်ကြပါတယ်။

(၁၂) လွှငါးမန်းတွေဟာ Ovoviviparous animalတွေဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ငါးမန်းအမတွေဟာ(၁၂)လ ကာလကိုယ်ဝန်ဆောင်ပြီးနောက် ဥဥပေမယ့် ဒီဥတွေကိုခန္ဓာကိုယ်ထဲမှာ ထားရှိတာပဲဖြစ်ပြီး အကောင်ပေါက်တော့မှအပြင်ဘက်ကိုထွက်လာတာပဲဖြစ်ပါတယ်။ ငါးမန်းမတစ်ကောင်ဟာ(၃)ကောင်ကနေ (၂၂)ကောင်အထိ မွေးဖွားပါတယ်။

(၁၃) လွှငါးမန်းတွေဟာသူတို့ကလေးငယ်တွေကို အရွယ်ရောက်လာတဲ့အထိ စောင့်ရှောက်ကြပါတယ်။ သူတို့ကိုယ်သူတို့ ကာကွယ်စောင့်ရှောက်နိုင်ပြီဖြစ်တဲ့ အသက်(၂)နှစ်အရွယ်အထိ စောင့်ကြည့်လေ့ရှိကြပါတယ်။

(၁၄) လွှငါးမန်းတွေဟာ အသက်(၁၅)နှစ်ခန့်အထိ နေထိုင်ရှင်သန်နိုင်ကြပါတယ်။

Leave a Reply