ရုရွားျပည္က အရူးဘုရင္

Posted on

တခ်ိန္က ရုရွားျပည္ကုိ ဇာဘုရင္ေတြ စုိးစံအုပ္ခ်ဳပ္မင္းလုပ္ခဲ့ၾကပါတယ္။ မင္းက်င့္တရားနဲ႔အညီ ျပည္သူေတြကုိ ရင္၀ယ္သားကဲ့လုိ သနားေစာင့္ေရွာက္ခဲ့ၾကသူေတြရွိသလုိ ၊ အၾကင္နာကမင္းမဲ့ၿပီး ရက္ရက္စက္စက္အုပ္ခ်ဳပ္ခဲ့ၾကသူေတြလည္းရွိၾကပါတယ္။ အဲဒီဘုရင္ေတြထဲမွာ ပထမဇာဘုရင္ ေပါလ္(Tsar Paul I of Russia) ကေတာ့ တမူထူးျခားပါတယ္ခင္ဗ်။

သမုိင္းမွတ္တမ္းေတြမွာ သူ႔ကို ရူးသြပ္ေသာဇာဘုရင္ (Mad Tsar) လုိ႔ တင္စားေဖာ္ျပၾကတယ္။ သူ႔စိတ္ ၾကည္သာေနတဲ့အခုိက္ဆုိရင္ သေဘာေကာင္းသေလာက္ စိတ္မၾကည္သာဘူးဆုိတဲ့အခ်ိန္မွာေတာ့ ဘာကိုမွ ေရွ႕ေနာက္မၾကည့္ေတာ့ပါဘူး။ သူ႔အပါးမွာ ခစားအမႈထမ္းရတဲ့သူေတြအေနနဲ႔ မလြယ္ပါဘူး။ သူ႔အလုိလုိက္ သူ႔အႀကဳိက္ေဆာင္ၿပီး အမႈထမ္းေပမယ့္လည္း သူ႔စိတ္နဲ႔ အခန္႔မသင့္ရင္ မင္းျပစ္မင္းဒါဏ္ခံရတာပါပဲ။

သူ႔စိတ္ကလည္း အေျပာင္းအလဲသိပ္ျမန္တယ္။ စိတ္ေကာင္း၀င္ေနရင္းကေန ရုတ္တရက္ေဒါသတႀကီး ျဖစ္တတ္တယ္။ သူျဖစ္တဲ့ေဒါသက ထိမ္းမႏုိင္သိမ္းမရ အင္မတန္ ခက္ထန္ၾကမ္းၾကဳတ္တယ္။ သူ႔သေဘာထားကုိ ဘယ္သူမွ နားမလည္ၾကဘူး။ တစ္ခါတစ္ရံ ႀကီးေလးတဲ့ျပစ္မႈႀကီးကုိ က်ဴးလြန္ေပမယ့္ ခြင့္လႊတ္ခ်င္လႊတ္တယ္။ တခါတရံ ဘာမဟုတ္တဲ့ အေသးအဖြဲကိစၥေလးတစ္ခုကို ပုံႀကီးခ်ဲ႕ၿပီး ႀကီးေလးတဲ့အျပစ္ဒါဏ္ခ်ရင္ ခ်မွတ္တယ္။ ဒါေၾကာင့္လည္း သူ႔ကုိ ရူးသြပ္ေနေသာဇာဘုရင္လုိ႔ မွတ္တမ္းတင္ၾကတာေပါ့။

သူ႔မွာထူးျခားတာတစ္ခုရွိတယ္။ သူက သူ႔ရဲ႕တပ္မေတာ္နဲ႔ပတ္သတ္ရင္ စာအုပ္ႀကီးအတုိင္း စည္းကမ္းတင္းက်ပ္လြန္းတယ္။ တပ္မေတာ္နဲ႔ ပတ္သတ္တဲ့စိတ္ေရာဂါတစ္မ်ဳိး (Military maniac) ခံစားေနရတယ္လုိ႔ အမ်ားက ထင္ျမင္ယူဆၾကတယ္။ မွတ္တမ္းေတြမွာ ေဖာ္ျပၾကတယ္။

၁၇၉၉ခုႏွစ္ တစ္နံနက္မွာေပါ့ ၊ သူက သူ႔ရဲ႕ကုိယ္ရံေတာ္တပ္ဖြဲ႔ကုိ စစ္ေဆးေနတယ္။ ပထမေတာ့ အေကာင္းပါပဲ။ ဒါေပမယ့္ အဲလုိစစ္ေဆးေနရင္း စစ္သားတစ္ေယာက္ရဲ႕ အကၤ်ီကုိ လွမ္းၾကည့္လုိက္တယ္။ အဲဒီစစ္သားက သူ႔အကၤ်ီမွာ ၾကယ္သီးတစ္လုံးကုိ တပ္မထားဘူး။ ဧကရာဇ္မင္းျမတ္ရဲ႕မ်က္ႏွာက နီျမန္းသြားတယ္။ ေဒါသအျပင္းအထန္ထြက္သြားတယ္။ ရုတ္တရက္ထြက္ေပၚလာတဲ့ ေဒါသေၾကာင့္ သူ႔ကုိယ္ရံေတာ္တပ္ဖြဲ႔ကုိ အမိန္႔ေပးလုိက္တယ္။
“တပ္ဖြဲ႔ ေနာက္လွည့္…ခ်ီတက္”

“ဘယ္ကိုခ်ီတက္ရမွာပါလဲ…အရွင္မင္းႀကီး”
“ဆုိက္ေဘးရီးယားထိ ခ်ီတက္”

ဆုိက္ေဘးရီးယားဆုိတာ ရုရွားျပည္မွာ ရာသီဥတုအဆုိးရြားဆုံးေနရာျဖစ္တယ္။ အျပစ္ဒါဏ္က်ခံေနသူေတြ ရာဇ၀တ္သားေတြကုိ ပုိ႔လႊတ္ရာေနရာျဖစ္တယ္။ အလြန္အတိဒုကၡေရာက္စြာ ေနထုိင္ရတဲ့ ေနရာေပါ့။ ၿပီးေတာ့ အဲဒီေနရာက အခုအမိန္႔ေပးေနတဲ့ ေမာ္စကိုၿမဳိ႕ေတာ္နဲ႔ မုိင္ ၂၀၀၀ ေ၀းတယ္။

သူ႔ရဲ႕ကုိယ္ရံေတာ္တပ္ဟာ အထူးဖြဲ႔စည္းထားတဲ့ လက္ေရြးစင္တပ္ျဖစ္တယ္။ တစ္တုိင္းျပည္လုံးမွာရွိတဲ့ တပ္မေတာ္သားေတြအနက္ အေတာ္ဆုံး ၊ အရဲရင့္ဆုံး ၊ သစၥာအရွိဆုံးဆုိတဲ့ လူေတြကုိ ေရြးခ်ယ္ၿပီး ဖြဲ႔စည္းထားတာျဖစ္တယ္။ သူ႔ရဲ႕လက္ေရြးစင္ ကုိယ္ရံေတာ္တပ္ဖြဲ႔၀င္ တပ္သား ၄၀၀ ဟာ ခ်က္ခ်င္းပဲ သူ႔အမိန္႔ကိုနာခံတယ္။ အမိန္႔အတုိင္း ခ်က္ခ်င္းခ်ီတက္တယ္။

ရုရွားေျမာက္ပုိင္း လူသူေလးပါးမေနႏုိင္တဲ့ ကႏာၱရအရပ္သုိ႔ ခ်ီတက္ၾကတာျဖစ္တယ္။ ေဖာက္ထားတဲ့ လမ္းမရွိဘူး။ ေတာအထပ္ထပ္ ေတာင္အသြယ္သြယ္ကို ေက်ာ္ျဖတ္ရတယ္။ လ်ဳိေျမာင္ေခ်ာက္ကမ္းပါးေတြကုိ ျဖတ္ရတယ္။ ျမစ္ေတြ အင္းေတြကို ျဖတ္ကူးရတယ္။ ဒါပမယ့္ စစ္သားေတြအတြက္ လုံေလာက္တဲ့ အစားအေသာက္ စားနပ္ရိကၡာမရွိဘူး။ ျပင္းထန္လြန္းတဲ့ ရာသီဥတုဒါဏ္ကုိ ခံႏုိင္တဲ့အ၀တ္အစား အသုံးအေဆာင္ေတြမပါဘူး။

ဒါေပမယ့္ သူတုိ႔ဟာ အမိန္႔အတုိင္းခ်ီတက္ၾကတယ္။ ေနာက္ပိုင္းမွာေတာ့ သူတုိ႔အေၾကာင္းကို ဘာသံမွမၾကားရေတာ့ပါဘူး။ ဒီျဖစ္ရပ္နဲ႔ ပတ္သတ္ၿပီး သမုိင္းဆရာေတြက ဘုရင္ေပးတဲ့အမိန္႔ကုိ “ေပးခဲ့ဖူးသမွ် အမိန္႔ေတြထဲမွာ အရူးသြပ္ဆုံးအမိန္႔” (The craziest command ever given) လုိ႔ မွတ္တမ္းတင္ခဲ့ၾကသလုိ စစ္သည္ေတာ္ေတြရဲ႕ ခ်ီတက္ရမႈကိုေတာ့ ေသရြာခရီးသုိ႔ ခ်ီတက္ျခင္း (The death march) လုိ႔ ေရးသားခဲ့ၾကတယ္။ အရူးဘုရင္တစ္ျဖစ္လဲ Paul I of Russia ဟာ ရုရွားျပည္ကို ၅ႏွစ္သာ အုပ္စုိးသြားႏုိင္တယ္။ အေၾကာင္းကေတာ့ ၅ႏွစ္ျပည့္တဲ့အခ်ိန္မွာ သူ႔အိပ္ခန္းထဲမွာ လုပ္ႀကံသတ္ျဖတ္ခံခဲ့ရလုိ႔ျဖစ္တယ္။

ေမာင္သိန္းလြင္
န၀ေဒးရသစုံ စာေပမဂၢဇင္း

ဆရာေမာင္သိန္းလြင္ရဲ႕ ထူးဆန္းေထြလာ ဤကမာၻ စာအုပ္မွ

—————————–

ရုရှားပြည်က အရူးဘုရင် (unicode)

တချိန်က ရုရှားပြည်ကို ဇာဘုရင်တွေ စိုးစံအုပ်ချုပ်မင်းလုပ်ခဲ့ကြပါတယ်။ မင်းကျင့်တရားနဲ့အညီ ပြည်သူတွေကို ရင်ဝယ်သားကဲ့လို သနားစောင့်ရှောက်ခဲ့ကြသူတွေရှိသလို ၊ အကြင်နာကမင်းမဲ့ပြီး ရက်ရက်စက်စက်အုပ်ချုပ်ခဲ့ကြသူတွေလည်းရှိကြပါတယ်။ အဲဒီဘုရင်တွေထဲမှာ ပထမဇာဘုရင် ပေါလ်(Tsar Paul I of Russia) ကတော့ တမူထူးခြားပါတယ်ခင်ဗျ။

သမိုင်းမှတ်တမ်းတွေမှာ သူ့ကို ရူးသွပ်သောဇာဘုရင် (Mad Tsar) လို့ တင်စားဖော်ပြကြတယ်။ သူ့စိတ် ကြည်သာနေတဲ့အခိုက်ဆိုရင် သဘောကောင်းသလောက် စိတ်မကြည်သာဘူးဆိုတဲ့အချိန်မှာတော့ ဘာကိုမှ ရှေ့နောက်မကြည့်တော့ပါဘူး။ သူ့အပါးမှာ ခစားအမှုထမ်းရတဲ့သူတွေအနေနဲ့ မလွယ်ပါဘူး။ သူ့အလိုလိုက် သူ့အကြိုက်ဆောင်ပြီး အမှုထမ်းပေမယ့်လည်း သူ့စိတ်နဲ့ အခန့်မသင့်ရင် မင်းပြစ်မင်းဒါဏ်ခံရတာပါပဲ။

သူ့စိတ်ကလည်း အပြောင်းအလဲသိပ်မြန်တယ်။ စိတ်ကောင်းဝင်နေရင်းကနေ ရုတ်တရက်ဒေါသတကြီး ဖြစ်တတ်တယ်။ သူဖြစ်တဲ့ဒေါသက ထိမ်းမနိုင်သိမ်းမရ အင်မတန် ခက်ထန်ကြမ်းကြုတ်တယ်။ သူ့သဘောထားကို ဘယ်သူမှ နားမလည်ကြဘူး။ တစ်ခါတစ်ရံ ကြီးလေးတဲ့ပြစ်မှုကြီးကို ကျူးလွန်ပေမယ့် ခွင့်လွှတ်ချင်လွှတ်တယ်။ တခါတရံ ဘာမဟုတ်တဲ့ အသေးအဖွဲကိစ္စလေးတစ်ခုကို ပုံကြီးချဲ့ပြီး ကြီးလေးတဲ့အပြစ်ဒါဏ်ချရင် ချမှတ်တယ်။ ဒါကြောင့်လည်း သူ့ကို ရူးသွပ်နေသောဇာဘုရင်လို့ မှတ်တမ်းတင်ကြတာပေါ့။

သူ့မှာထူးခြားတာတစ်ခုရှိတယ်။ သူက သူ့ရဲ့တပ်မတော်နဲ့ပတ်သတ်ရင် စာအုပ်ကြီးအတိုင်း စည်းကမ်းတင်းကျပ်လွန်းတယ်။ တပ်မတော်နဲ့ ပတ်သတ်တဲ့စိတ်ရောဂါတစ်မျိုး (Military maniac) ခံစားနေရတယ်လို့ အများက ထင်မြင်ယူဆကြတယ်။ မှတ်တမ်းတွေမှာ ဖော်ပြကြတယ်။

၁၇၉၉ခုနှစ် တစ်နံနက်မှာပေါ့ ၊ သူက သူ့ရဲ့ကိုယ်ရံတော်တပ်ဖွဲ့ကို စစ်ဆေးနေတယ်။ ပထမတော့ အကောင်းပါပဲ။ ဒါပေမယ့် အဲလိုစစ်ဆေးနေရင်း စစ်သားတစ်ယောက်ရဲ့ အင်္ကျီကို လှမ်းကြည့်လိုက်တယ်။ အဲဒီစစ်သားက သူ့အင်္ကျီမှာ ကြယ်သီးတစ်လုံးကို တပ်မထားဘူး။ ဧကရာဇ်မင်းမြတ်ရဲ့မျက်နှာက နီမြန်းသွားတယ်။ ဒေါသအပြင်းအထန်ထွက်သွားတယ်။ ရုတ်တရက်ထွက်ပေါ်လာတဲ့ ဒေါသကြောင့် သူ့ကိုယ်ရံတော်တပ်ဖွဲ့ကို အမိန့်ပေးလိုက်တယ်။
“တပ်ဖွဲ့ နောက်လှည့်…ချီတက်”

“ဘယ်ကိုချီတက်ရမှာပါလဲ…အရှင်မင်းကြီး”
“ဆိုက်ဘေးရီးယားထိ ချီတက်”

ဆိုက်ဘေးရီးယားဆိုတာ ရုရှားပြည်မှာ ရာသီဥတုအဆိုးရွားဆုံးနေရာဖြစ်တယ်။ အပြစ်ဒါဏ်ကျခံနေသူတွေ ရာဇဝတ်သားတွေကို ပို့လွှတ်ရာနေရာဖြစ်တယ်။ အလွန်အတိဒုက္ခရောက်စွာ နေထိုင်ရတဲ့ နေရာပေါ့။ ပြီးတော့ အဲဒီနေရာက အခုအမိန့်ပေးနေတဲ့ မော်စကိုမြို့တော်နဲ့ မိုင် ၂၀၀၀ ဝေးတယ်။

သူ့ရဲ့ကိုယ်ရံတော်တပ်ဟာ အထူးဖွဲ့စည်းထားတဲ့ လက်ရွေးစင်တပ်ဖြစ်တယ်။ တစ်တိုင်းပြည်လုံးမှာရှိတဲ့ တပ်မတော်သားတွေအနက် အတော်ဆုံး ၊ အရဲရင့်ဆုံး ၊ သစ္စာအရှိဆုံးဆိုတဲ့ လူတွေကို ရွေးချယ်ပြီး ဖွဲ့စည်းထားတာဖြစ်တယ်။ သူ့ရဲ့လက်ရွေးစင် ကိုယ်ရံတော်တပ်ဖွဲ့ဝင် တပ်သား ၄၀၀ ဟာ ချက်ချင်းပဲ သူ့အမိန့်ကိုနာခံတယ်။ အမိန့်အတိုင်း ချက်ချင်းချီတက်တယ်။ ရုရှားမြောက်ပိုင်း လူသူလေးပါးမနေနိုင်တဲ့ ကန္တာရအရပ်သို့ ချီတက်ကြတာဖြစ်တယ်။ ဖောက်ထားတဲ့ လမ်းမရှိဘူး။ တောအထပ်ထပ် တောင်အသွယ်သွယ်ကို ကျော်ဖြတ်ရတယ်။ လျိုမြောင်ချောက်ကမ်းပါးတွေကို ဖြတ်ရတယ်။ မြစ်တွေ အင်းတွေကို ဖြတ်ကူးရတယ်။ ဒါပမယ့် စစ်သားတွေအတွက် လုံလောက်တဲ့ အစားအသောက် စားနပ်ရိက္ခာမရှိဘူး။ ပြင်းထန်လွန်းတဲ့ ရာသီဥတုဒါဏ်ကို ခံနိုင်တဲ့အဝတ်အစား အသုံးအဆောင်တွေမပါဘူး။

ဒါပေမယ့် သူတို့ဟာ အမိန့်အတိုင်းချီတက်ကြတယ်။ နောက်ပိုင်းမှာတော့ သူတို့အကြောင်းကို ဘာသံမှမကြားရတော့ပါဘူး။ ဒီဖြစ်ရပ်နဲ့ ပတ်သတ်ပြီး သမိုင်းဆရာတွေက ဘုရင်ပေးတဲ့အမိန့်ကို “ပေးခဲ့ဖူးသမျှ အမိန့်တွေထဲမှာ အရူးသွပ်ဆုံးအမိန့်” (The craziest command ever given) လို့ မှတ်တမ်းတင်ခဲ့ကြသလို စစ်သည်တော်တွေရဲ့ ချီတက်ရမှုကိုတော့ သေရွာခရီးသို့ ချီတက်ခြင်း (The death march) လို့ ရေးသားခဲ့ကြတယ်။ အရူးဘုရင်တစ်ဖြစ်လဲ Paul I of Russia ဟာ ရုရှားပြည်ကို ၅နှစ်သာ အုပ်စိုးသွားနိုင်တယ်။ အကြောင်းကတော့ ၅နှစ်ပြည့်တဲ့အချိန်မှာ သူ့အိပ်ခန်းထဲမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရလို့ဖြစ်တယ်။

မောင်သိန်းလွင်
န၀ဒေးရသစုံ စာပေမဂ္ဂဇင်း

ဆရာမောင်သိန်းလွင်ရဲ့ ထူးဆန်းထွေလာ ဤကမ္ဘာ စာအုပ်မှ

Leave a Reply