မုိင္၀က္အကြာအေ၀းကေန လူ႔အသားအေရကို ေလာင္ကြ်မ္းေစမယ့္ ေလဆာေရာင္ျခည္လက္နက္

Posted on

ျမင့္မားတဲ့နည္းပညာေတြအသံုးျပဳထားတဲ့ ေလဆာရိုင္ဖယ္လက္နက္ဆန္းတစ္ခုကို တရုတ္သိပၸံရွင္ေတြကတီထြင္လိုက္ျပီျဖစ္တဲ့ သတင္းတစ္ခုကို မၾကာေသးခင္ကပဲ တရုတ္မီဒီယာေတြက ထုတ္ျပန္ေၾကျငာခဲ့ၾကပါတယ္။ သတင္းေတြအရေတာ့ ဒီရိုင္ဖယ္လက္နက္ပစ္ခတ္လိုက္တဲ့အခါ ထြက္ေပၚလာေသာ မ်က္စိနဲ႔မျမင္ႏုိင္တဲ့ ေရာင္စဥ္တန္းဟာ လူေတြရဲ့ ကိုယ္ခႏၶာထဲက တစ္သ်ွဴးေတြကတစ္ဆင့္ လူအသားကိုမီးေလာင္ကြ်မ္းေစနုိင္ျပီး အလြန္ေဝးကြာတဲ့ မိုင္ဝက္ေလာက္က ပစ္ခတ္ရင္ေတာင္ ပစ္မွတ္အေပၚအက်ိဳးသက္ေရာက္မႈရွိေစနုိင္္တယ္ဆိုတဲ့ အေၾကာင္းျဖစ္ပါတယ္။

ဒီေလဆာရိုင္ဖယ္ကိုေတာ့ ZKZM-500 လို႔ အမည္ေပးထားျပီး Shaanxi ျပည္နယ္က အျမင္အာရံုနဲ႔ အတိုင္းအတာဆိုင္ရာ လက္နက္ထုတ္လုပ္ေရး နည္းပညာကုမၸဏီ Xian က တရုတ္သိပၸံပညာရွင္ေတြ ထုတ္လုပ္ခဲ့တာပါ။ တရုတ္ရဲတပ္ဖြဲ႔ရဲ့ အၾကမ္းဖက္တိုက္ဖ်က္ေရးတပ္ဖြဲ႔ဝင္ေတြအတြက္ ပုဂၢိဳလ္လိကကုမၸဏီတစ္ခုက ပထမဆံုးအေနနဲ႔ စုေပါင္းတည္ထြင္ေပးခဲ့တာပါ။ ဒီလက္နက္ဟာ အၾကမ္းဖက္စစ္ဆင္ေရးေတြမွာ ထိထိေရာက္ေရာက္အသံုးျပဳနုိင္ျပီး လူအသက္ကိုေသေစတဲ့လက္နက္ေတာ့မဟုတ္ဘူးလုိ႔ ဆုိပါတယ္။

ဥပမာ ဓါးစာခံမ်ားကို အၾကမ္းဖက္သမားေတြလက္ကေန ကယ္ထုတ္ရတဲ့အေျခအေနမွာ ရဲတပ္ဖြဲ႔ဝင္ေတြအေနနဲ႔ အခင္းျဖစ္ပြားရာေနရာရဲ့ အလြန္ေဝးကြာတဲ့အေနအထားကေန အၾကမ္းဖက္သမားေတြကို ဒီေလဆာရိုင္ဖယ္နဲ႔ စိတ္ၾကိဳက္အေနအထားကေန ပစ္ခတ္နုိင္ပါတယ္။ဒီလက္နက္ထိမွန္တဲ့အၾကမ္းဖက္သမားဟာ ယာယီအေနအထားမွာ မီးေလာင္ကြ်မ္းသြားမွာျဖစ္လို႔ ဒီအေျခအေနမွာ က်န္ရဲတပ္ဖြဲ႔ဝင္ေတြအေနနဲ႔ ဒီအၾကမ္းဖက္ျဖစ္စဥ္ကိုအလြယ္တကူ ဟန္႔တားနိုင္မွာပဲျဖစ္ပါတယ္။

ဒီေလဆာလက္နက္ဟာ သိပၸံနည္းစနစ္တက်ထုတ္လုပ္ထားတာျဖစ္လို႔ အၾကမ္းဖက္စစ္ဆင္ေရးေတြမွာ ပိုမိုထိေရာက္မွာမွန္ေပမယ့္ အမ်ားစုကေတာ့ ဒီေလဆာရိုင္ဖယ္ဟာ ထြင္လံုးသာျဖစ္ျပီး အျပင္မွာတစ္ကယ္ျဖစ္လာႏုိင္ေခ်ေတာ့မရွိဘူးလို႔ ယံုၾကည္ေနၾကပါတယ္။ South China Morning Post(SCMP)သတင္းစာမွာတင္ျပထားတဲ့သတင္းအရဆိုရင္ ဒီေလဆာရိုင္ဖယ္ဟာAK47 နဲ႔ အရြယ္အစားတူညီျပီး စမတ္ဖုန္းေတြအတိုင္းအားသြင္းႏိုင္တဲ့လီသီယမ္ဘက္ထရီပါရွိပါတယ္။ ဒီလက္နက္မွာ ေလဆာ၁၀၀၀ capacity အထိ ရွိျပီး တစ္ခ်က္ပစ္ျပီး ေနာက္တစ္ခ်က္ပစ္ရန္ အခ်ိန္ (၂)စကၠန္႔ သာလုိပါတယ္။

ဒီရိုင္ဖယ္ဟာ တစ္ခ်က္ပစ္ရံုနဲ႔ေတာ့ လူတစ္ေယာက္ကိုမေသေစနုိင္ပါဘူး။ လူခႏၶာကိုယ္တစ္ခုလံုး ကိုယ္ေတာ့ ေခတၱေလာင္ကြ်မ္းသြားနိုင္ပါတယ္။ Xian နည္းပညာကုမၸဏီကထုတ္လုပ္တဲ့ ZKZM-500 ရိုင္ဖယ္ေသနတ္ေတြရဲ့ ျပင္းအားနဲ႔ အက်ိဳးသက္ေရာက္မႈေတြကို အၾကိမ္ၾကိမ္ စမ္းသပ္ခဲ့ဲျပီးမွ ထုတ္လုပ္ေရာင္းခ်မွာျဖစ္တယ္လုိ႔ သိရပါတယ္။ ဒီလက္နက္နဲ့ပတ္သတ္ျပီး စိတ္ဝင္စားစရာအခ်က္အလက္မ်ားစြာရွိေနလို႔ ဒါဟာအစိုးရရဲ့ဝါဒျဖန္႔ခ်ိေရးသက္သက္မဟုတ္ဘူးလို႔ ေတြးထင္ေနသူေတြလည္းရွိပါတယ္။

ဒီေလဆာရိုင္ဖယ္ဟာ ဘက္ထ ရီနဲ႔အားသြင္းျပီး ေလဆာစြမ္းအင္ကို ရယူရတာေၾကာင့္ သူကိုသံုးစြဲရခ်ိန္ဟာ အကန္႔အသတ္ရွိေနပါတယ္။ဆက္တိုက္အသံုးျပဳမယ္ဆိုရင္ ေလဆာကိုထုတ္လႊတ္လိုက္တဲ့အတြက္ Heat တက္လာမွာျဖစ္ၿပီး ရိုင္ဖယ္ရဲ့ မူလစြမ္းအင္ထုတ္ေပးတဲ့စနစ္ကို လာေရာက္ ရိုက္ခတ္မႈရွိေနတာပါ။ ဒါေၾကာင့္ပံုမွန္အေနအထားျဖစ္တဲ့(၈၀၀)မီတာေလာက္မွာပဲ ဒီလက္နက္ကို ကိုင္ေဆာင္အသံုးျပဳရမယ့္ သေဘာျဖစ္ေနပါတယ္။

ဒါအျပင္ ZKZM-500 ရိုင္ဖယ္ ဟာ Electronic transmission (လ်ွပ္စစ္ဆင့္ကူးျခင္းနည္းပညာနဲ႔) တည္ေဆာက္ထားတာျဖစ္လို႔ သတ္မွတ္ထားတဲ့အကြာအေဝးေက်ာ္လြန္သြားပါက ေလကဲ့သို႔ေသာၾကားခံပစၥည္းေတြေၾကာင့္ Signal(ေသနတ္မွပစ္လြတ္လိုက္ေသာစြမ္းအင္)ေတြသြားရာလမ္းတစ္ေလ်ာက္ အားေပ်ာ့သြားႏုိင္တယ္လုိ႔ ဆုိပါတယ္။ဒါကို Attenuation ျဖစ္စဥ္လို႔ေခၚပါတယ္။ ေလဆာဟာ က်ည္ဆန္လိုမဟုတ္တာေၾကာင့္ အကြာအေဝးပိုမ်ားလာေလေလ အားနည္းလာေလေလေလျဖစ္ပါတယ္။

South China Morning Post (SCMP)သတင္းစာရဲ့အဓိကေဖာ္ျပခ်င္တာကေတာ့ ၂၀၀၉ ခုနွစ္က အေမရိကန္ျပည္ေထာင္စုက အလားတူရိုင္ဖယ္လက္နက္မ်ိဳးတည္ေဆာက္ဖို႔ၾကိဳးစားခဲ့ေပမဲ့ ရလဒ္အေနနဲ႔ကေတာ့ သူတို႔ေသနက္ကထြက္ေပၚလာတဲ့ ေလဆာေရာင္ျခည္ဟာ လူအကၤ်ီကိုေတာင္ မထိုးေဖာက္နုိင္ပါဘူး။ ဒါေပမဲ့တရုတ္ ႏိုင္ငံကေတာ့ ဒီနည္းပညာကို ၾကီးၾကီးမားမားရင္းႏႈီးျမဳပ္ႏွံကာ သိပၸံပညာရပ္ဆိုင္ရာစမ္းသပ္မႈေတြျပဳလုပ္ျပီး အဆင့္ျမွင့္တင္ခဲ့ႏုိင္ခဲ့တယ္လုိ႔ ဆုိခ်င္တာပါ။

ဒါေပမဲ့ ဒီေလဆာလက္နက္ဟာ ပါတီပြဲက ေလေဘာလံုးေတြကို ေဖာက္ခနဲျမည္ေအာင္ ပစ္ေဖာက္ခဲ့ရင္ေတာင္ သူတို႔အေနနဲ႔ အ့ံျသရပါလိမ့္မယ္ဆိုတဲ့အေၾကာင္း ေဝဖန္သူအခ်ိဳ႕ကခနဲ႔ၾကပါတယ္။ ZKZM -500 ႐ိုင္ဖယ္ဟာ တကယ္ပဲ လူအဝတ္အစားေတြသာမက အသားတစ္သ်ဴးေတြကိုေလာင္ ကြၽမ္းႏိုင္ပါ့မလား ဆိုတာကေတာ့ သိပ္မၾကာခင္အခ်ိန္မွာ သိရေတာ့မွာျဖစ္ပါတယ္။

VIDEO

————————

မိုင်ဝက်အကွာအဝေးကနေ လူ့အသားအရေကို လောင်ကျွမ်းစေမယ့် လေဆာရောင်ခြည်လက်နက် (unicode)

မြင့်မားတဲ့နည်းပညာတွေအသုံးပြုထားတဲ့ လေဆာရိုင်ဖယ်လက်နက်ဆန်းတစ်ခုကို တရုတ်သိပ္ပံရှင်တွေကတီထွင်လိုက်ပြီဖြစ်တဲ့ သတင်းတစ်ခုကို မကြာသေးခင်ကပဲ တရုတ်မီဒီယာတွေက ထုတ်ပြန်ကြေငြာခဲ့ကြပါတယ်။ သတင်းတွေအရတော့ ဒီရိုင်ဖယ်လက်နက်ပစ်ခတ်လိုက်တဲ့အခါ ထွက်ပေါ်လာသော မျက်စိနဲ့မမြင်နိုင်တဲ့ ရောင်စဉ်တန်းဟာ လူတွေရဲ့ ကိုယ်ခန္ဓာထဲက တစ်သျှူးတွေကတစ်ဆင့် လူအသားကိုမီးလောင်ကျွမ်းစေနိုင်ပြီး အလွန်ဝေးကွာတဲ့ မိုင်ဝက်လောက်က ပစ်ခတ်ရင်တောင် ပစ်မှတ်အပေါ်အကျိုးသက်ရောက်မှုရှိစေနိုင်တယ်ဆိုတဲ့ အကြောင်းဖြစ်ပါတယ်။

ဒီလေဆာရိုင်ဖယ်ကိုတော့ ZKZM-500 လို့ အမည်ပေးထားပြီး Shaanxi ပြည်နယ်က အမြင်အာရုံနဲ့ အတိုင်းအတာဆိုင်ရာ လက်နက်ထုတ်လုပ်ရေး နည်းပညာကုမ္ပဏီ Xian က တရုတ်သိပ္ပံပညာရှင်တွေ ထုတ်လုပ်ခဲ့တာပါ။ တရုတ်ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်တိုက်ဖျက်ရေးတပ်ဖွဲ့ဝင်တွေအတွက် ပုဂ္ဂိုလ်လိကကုမ္ပဏီတစ်ခုက ပထမဆုံးအနေနဲ့ စုပေါင်းတည်ထွင်ပေးခဲ့တာပါ။ ဒီလက်နက်ဟာ အကြမ်းဖက်စစ်ဆင်ရေးတွေမှာ ထိထိရောက်ရောက်အသုံးပြုနိုင်ပြီး လူအသက်ကိုသေစေတဲ့လက်နက်တော့မဟုတ်ဘူးလို့ ဆိုပါတယ်။

ဥပမာ ဓါးစာခံများကို အကြမ်းဖက်သမားတွေလက်ကနေ ကယ်ထုတ်ရတဲ့အခြေအနေမှာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အခင်းဖြစ်ပွားရာနေရာရဲ့ အလွန်ဝေးကွာတဲ့အနေအထားကနေ အကြမ်းဖက်သမားတွေကို ဒီလေဆာရိုင်ဖယ်နဲ့ စိတ်ကြိုက်အနေအထားကနေ ပစ်ခတ်နိုင်ပါတယ်။ဒီလက်နက်ထိမှန်တဲ့အကြမ်းဖက်သမားဟာ ယာယီအနေအထားမှာ မီးလောင်ကျွမ်းသွားမှာဖြစ်လို့ ဒီအခြေအနေမှာ ကျန်ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ဒီအကြမ်းဖက်ဖြစ်စဉ်ကိုအလွယ်တကူ ဟန့်တားနိုင်မှာပဲဖြစ်ပါတယ်။

ဒီလေဆာလက်နက်ဟာ သိပ္ပံနည်းစနစ်တကျထုတ်လုပ်ထားတာဖြစ်လို့ အကြမ်းဖက်စစ်ဆင်ရေးတွေမှာ ပိုမိုထိရောက်မှာမှန်ပေမယ့် အများစုကတော့ ဒီလေဆာရိုင်ဖယ်ဟာ ထွင်လုံးသာဖြစ်ပြီး အပြင်မှာတစ်ကယ်ဖြစ်လာနိုင်ချေတော့မရှိဘူးလို့ ယုံကြည်နေကြပါတယ်။ South China Morning Post(SCMP)သတင်းစာမှာတင်ပြထားတဲ့သတင်းအရဆိုရင် ဒီလေဆာရိုင်ဖယ်ဟာAK47 နဲ့ အရွယ်အစားတူညီပြီး စမတ်ဖုန်းတွေအတိုင်းအားသွင်းနိုင်တဲ့လီသီယမ်ဘက်ထရီပါရှိပါတယ်။ ဒီလက်နက်မှာ လေဆာ၁၀၀၀ capacity အထိ ရှိပြီး တစ်ချက်ပစ်ပြီး နောက်တစ်ချက်ပစ်ရန် အချိန် (၂)စက္ကန့် သာလိုပါတယ်။

ဒီရိုင်ဖယ်ဟာ တစ်ချက်ပစ်ရုံနဲ့တော့ လူတစ်ယောက်ကိုမသေစေနိုင်ပါဘူး။ လူခန္ဓာကိုယ်တစ်ခုလုံး ကိုယ်တော့ ခေတ္တလောင်ကျွမ်းသွားနိုင်ပါတယ်။ Xian နည်းပညာကုမ္ပဏီကထုတ်လုပ်တဲ့ ZKZM-500 ရိုင်ဖယ်သေနတ်တွေရဲ့ ပြင်းအားနဲ့ အကျိုးသက်ရောက်မှုတွေကို အကြိမ်ကြိမ် စမ်းသပ်ခဲ့ပြီးမှ ထုတ်လုပ်ရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီလက်နက်နဲ့ပတ်သတ်ပြီး စိတ်ဝင်စားစရာအချက်အလက်များစွာရှိနေလို့ ဒါဟာအစိုးရရဲ့ဝါဒဖြန့်ချိရေးသက်သက်မဟုတ်ဘူးလို့ တွေးထင်နေသူတွေလည်းရှိပါတယ်။

ဒီလေဆာရိုင်ဖယ်ဟာ ဘက်ထ ရီနဲ့အားသွင်းပြီး လေဆာစွမ်းအင်ကို ရယူရတာကြောင့် သူကိုသုံးစွဲရချိန်ဟာ အကန့်အသတ်ရှိနေပါတယ်။ဆက်တိုက်အသုံးပြုမယ်ဆိုရင် လေဆာကိုထုတ်လွှတ်လိုက်တဲ့အတွက် Heat တက်လာမှာဖြစ်ပြီး ရိုင်ဖယ်ရဲ့ မူလစွမ်းအင်ထုတ်ပေးတဲ့စနစ်ကို လာရောက် ရိုက်ခတ်မှုရှိနေတာပါ။ ဒါကြောင့်ပုံမှန်အနေအထားဖြစ်တဲ့(၈၀၀)မီတာလောက်မှာပဲ ဒီလက်နက်ကို ကိုင်ဆောင်အသုံးပြုရမယ့် သဘောဖြစ်နေပါတယ်။

ဒါအပြင် ZKZM-500 ရိုင်ဖယ် ဟာ Electronic transmission (လျှပ်စစ်ဆင့်ကူးခြင်းနည်းပညာနဲ့) တည်ဆောက်ထားတာဖြစ်လို့ သတ်မှတ်ထားတဲ့အကွာအဝေးကျော်လွန်သွားပါက လေကဲ့သို့သောကြားခံပစ္စည်းတွေကြောင့် Signal(သေနတ်မှပစ်လွတ်လိုက်သောစွမ်းအင်)တွေသွားရာလမ်းတစ်လျောက် အားပျော့သွားနိုင်တယ်လို့ ဆိုပါတယ်။ဒါကို Attenuation ဖြစ်စဉ်လို့ခေါ်ပါတယ်။ လေဆာဟာ ကျည်ဆန်လိုမဟုတ်တာကြောင့် အကွာအဝေးပိုများလာလေလေ အားနည်းလာလေလေလေဖြစ်ပါတယ်။

South China Morning Post (SCMP)သတင်းစာရဲ့အဓိကဖော်ပြချင်တာကတော့ ၂၀၀၉ ခုနှစ်က အမေရိကန်ပြည်ထောင်စုက အလားတူရိုင်ဖယ်လက်နက်မျိုးတည်ဆောက်ဖို့ကြိုးစားခဲ့ပေမဲ့ ရလဒ်အနေနဲ့ကတော့ သူတို့သေနက်ကထွက်ပေါ်လာတဲ့ လေဆာရောင်ခြည်ဟာ လူအင်္ကျီကိုတောင် မထိုးဖောက်နိုင်ပါဘူး။ ဒါပေမဲ့တရုတ် နိုင်ငံကတော့ ဒီနည်းပညာကို ကြီးကြီးမားမားရင်းနှီုးမြုပ်နှံကာ သိပ္ပံပညာရပ်ဆိုင်ရာစမ်းသပ်မှုတွေပြုလုပ်ပြီး အဆင့်မြှင့်တင်ခဲ့နိုင်ခဲ့တယ်လို့ ဆိုချင်တာပါ။

ဒါပေမဲ့ ဒီလေဆာလက်နက်ဟာ ပါတီပွဲက လေဘောလုံးတွေကို ဖောက်ခနဲမြည်အောင် ပစ်ဖောက်ခဲ့ရင်တောင် သူတို့အနေနဲ့ အံ့ဩရပါလိမ့်မယ်ဆိုတဲ့အကြောင်း ဝေဖန်သူအချို့ကခနဲ့ကြပါတယ်။ ZKZM -500 ရိုင်ဖယ်ဟာ တကယ်ပဲ လူအဝတ်အစားတွေသာမက အသားတစ်သျူးတွေကိုလောင် ကျွမ်းနိုင်ပါ့မလား ဆိုတာကတော့ သိပ်မကြာခင်အချိန်မှာ သိရတော့မှာဖြစ်ပါတယ်။

Leave a Reply