နာဆာက ဆုရတဲ့ ျမန္မာအကာသသိပၸံပညာရွင္

Posted on

VOA Burmese News

Photo : Nyo Nyo Lwin မွ

ဒီတပတ္ ျမန္မာ့အေရးေဆြးေႏြးခန္းမွာ အႏၲရာယ္ကင္းကင္းနဲ႔ အာကာသခရီးစဥ္သြားႏုိင္ေအာင္ တီထြင္ႀကံဆသူေတြကို NASA က Silver Snoopy Award ခ်ီးျမွင့္ရာမွာ ၂၀၁၈ ခုႏွစ္အတြက္ Glen သုေတသနဌာနက ေဒါက္တာပေဒသာတင္ ရရွိပါတယ္။ ဆုမယူခင္ရက္ပိုင္းအတြင္း ဝါရွင္တန္ဒီစီကို ေရာက္ရိွလာတဲ့ ေဒါက္တာပေဒသာတင္ ကို ေဒၚခင္မ်ိဳးသက္က ေတြ႔ဆံုေမးျမန္းထားပါတယ္။

ေမး ။ ။ ဦးပေဒသာတင္ကို အခုလို VOA ကို လာေရာက္ေျဖၾကားေပးတဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ဦးပေဒသာတင္ ဒီလႏိုဝင္ဘာလထဲမွာ ဆုယူမယ္လို႔ သိရပါတယ္။

ေျဖ ။ ။ Silver Snoopy Award လို႔ ေခၚပါတယ္။ မွတ္တမ္းတင္ ဂုဏ္ျပဳတဲ့ ရင္ထိုးေလးတခုပါ။ အဲဒီရင္ထိုးေလးရဲ ႔ ပံုစံက ကမာၻေက်ာ္ နာမည္ရတဲ့၊ လူငယ္တိုင္းသိတဲ့ Charlie Brown ကာတြန္းထဲက အဲဒီေခြးရုပ္ေလးပါ။ အဲဒီေခြးရုပ္ေလးကို မွတ္တမ္းတင္ၿပီး၊ Silver Snoopy ဆိုေတာ့ ေငြအဆစ္နဲ႔လုပ္ထားတဲ့ necktie တို႔ ရင္ဘတ္အက်ၤ ီတို႔မွာတပ္တံဆိပ္ကေလးရယ္၊ ၿပီးေတာ့ အာကာသယာဥ္မွဴးေတြကိုယ္တိုင္ လက္မွတ္ထိုးၿပီးေတာ့ ေက်းဇူးတင္ေၾကာင္း၊ ဂုဏ္ျပဳေၾကာင္းဆိုတဲ့ စာရြက္စာတမ္းေလးႏွစ္ခုနဲ႔ အဲဒီဟာကိုေပးတဲ့ ဂုဏ္ျပဳမွတ္တမ္းလႊာပါ။

ေမး ။ ။ ဦးပေဒသာတင္ အခုလို ဒီဆုအတြက္ကို တသက္မွာ တခါပဲရတယ္လို႔ ေျပာပါတယ္။ ဆိုေတာ့ ဘာေၾကာင့္ တသက္မွာ တခါပဲ ေပးရတာလဲ။ အဲဒါကို ေျပာျပေပးပါ။

ေျဖ ။ ။ NASA မွာ က်ေနာ္ လုပ္ခဲ့တဲ့အခ်ိန္ပိုင္းအတြင္းမွာ ဒီလိုပဲ ထန္းပင္တက္လက္မွတ္ေတြကေတာ့ ေပးေနၾကပါ။ ဒါေပမဲ့ ဒီဂုဏ္ျပဳလႊာၾကေတာ့ သူ႔ရဲ ႔ထူးျခားမႈတခုက လုပ္ငန္းခြင္တသက္တာမွာ တႀကိမ္ပဲရတယ္။ ေနာက္ၿပီးေတာ့ လုပ္သက္ေပၚ မူမတည္ပါဘူး။ ၁၉၆၇-၆၈ ခုႏွစ္ေလာက္ကတည္းက အာကာသစူးစမ္းေလ့လာမႈမွာ လူလိုက္ပါတဲ့ဟာေတြ ပါလာပါတယ္။ အေမရိကန္ႏုိင္ငံရဲ ႔ အာကာသအစီအစဥ္ထဲမွာ Mecury ဆိုတဲ့ ဒံုးပ်ံယာဥ္မွာ ပထမဦးဆံုး လိုက္ပါတဲ့လူဟာ အာကာသယာဥ္မွဴးက Alan Shepard ျဖစ္ပါတယ္။ ပါသြားတဲ့ အာကာသယာဥ္မွဴးေတြအတြက္က အမ်ားႀကီးအသက္စြန္႔ၿပီးေတာ့ သြားရတယ္။ ဒံုးပ်ံႀကီးတခုေဆာက္တာ၊ အာကာသယာဥ္ထဲမွာပါတဲ့ အစိတ္အပိုင္းေတြ – အဲဒါေတြ အကုန္လံုးကို မပ်က္စီးေအာင္၊ မေပါက္ကြဲေအာင္ ဒါေတြကိုလုပ္ဖို႔က အင္ဂ်င္နီယာေတြ၊ သိပၸံပညာရွင္ေတြ၊ ဒံုးပ်ံေဆာက္တဲ့လူေတြအျပင္ ဒံုးပ်ံကို ပစ္တင္တဲ့လူေတြကအစ Operationers သူတို႔ေတြရဲ ႔ လက္ထဲမွာ အမ်ားႀကီး မူတည္ပါတယ္။

ဒီလူေတြက မိမိကိုေပးထားတဲ့ တာဝန္ေတြရဲ ႔ Beyond your assigned schedule ကိုယ့္ကိုေပးထားတဲ့ တာဝန္ထက္ပိုၿပီးေတာ့ အသက္ကိုစြန္႔ၿပီးေတာ့မွ သုေတသန လုပ္ရတဲ့ လူေတြပါသြားတဲ့အတြက္ သူတုိ႔အသက္မဆံုးပါရေအာင္ အဓိကထားပါတယ္။ အဲဒါ သိပ္အေရးႀကီးပါတယ္။ အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့ အေမရိကန္ႏုိင္ငံမွာရိွတဲ့ အမ်ဳိးသားေလေၾကာင္းနဲ႔ အာကာသသုေတသနဌာနကေန ဌာနေပါင္း (၉) ခု ရိွပါတယ္။ အဲဒီ (၉) ခုထဲမွာ က်ေနာ္လုပ္တာကေတာ့ Glen Research Center မွာပါ။ Center တခုကို တႏွစ္မွာ သံုးေလးေယာက္ေလာက္ ေပးပါတယ္။ အဲဒါကို Space Flight Awareness လို႔ ေခၚပါတယ္။

ေမး ။ ။ ဦးပေဒသာတင္ ေျပာအရဆိုရင္ လူလိုက္ပါသြားတဲ့ အာကာသယာဥ္ေတြ၊ ယာဥ္မွဴးေတြ အႏၱရာယ္မရိွေအာင္၊ ၿပီးေတာ့ စမ္းသပ္သုေတသနလုပ္တဲ့ လူေတြပါ အႏၱရာယ္မရိွေအာင္ ဘယ္ေလာက္မ်ား အႏၱရာယ္ႀကီးပါသလဲ။ ဒီလိုမ်ဳိး အႏၱရာယ္ျဖစ္ၿပီိးေတာ့ ဥပမာေလးနဲ႔ နည္းနည္းေျပာျပေပးပါ။

ေျဖ ။ ။ ဥပမာဆိုလို႔ရိွရင္ ရုရွားႏုိင္ငံရဲ ႔ Roscosmos – Russian Space Agency ရဲ ႔ ဒံုးပ်ံကိုသံုးၿပီးေတာ့ လူလိုက္ပါတယ္။ မၾကာခင္လက ပ်က္က်သြားတာ ဒံုးပ်ံရဲ ႔ေအာက္မွာ ေလာင္စာေတြအျပည့္ထည့္ၿပီးေတာ့ ဒံုးပ်ံကို ပစ္တင္လိုက္တယ္။ သူ႔ရဲ ႔အေပၚမွာ ဘာရိွလဲဆိုေတာ့ စက္အစိတ္အပိုင္းရိွတဲ့ ဒီလြန္ပ်ံအာကာသ – အျပည္ျပည္ဆိုင္ရာ အာကာစခန္းမွာ သုေတသနလုပ္မယ့္ စက္ေတြလည္း ထည့္ေပးလိုက္တယ္။ ေနာက္ အဲဒီအေပၚရဲ ႔တဆင့္မွာ ဘာလဲဆိုေတာ့ လူႏွစ္ေယာက္ပါတဲ့ စီးႏွင္းလိုက္ပါတဲ့ ယာဥ္ကေလးပါတယ္။ အဲဒီယာဥ္ကေလးက အေပၚဆံုးမွာပါ။ အဲဒီအေပၚဆံုးမွာ ဘာရိွလဲဆိုေတာ့ ဒံုးပ်ံအေသးေလးတခု လုပ္ထားတယ္။ Emergency Escape Module လို႔ ေခၚပါတယ္။ အခုန Soyuz အာကာသယာဥ္ ပစ္တင္လိုက္တဲ့အခ်ိန္မွာ ဒုတိယအဆင့္မွာ ေလာင္းရမယ့္ ေလာင္စာက မေလာင္းဘဲနဲ႔ တစံုတခုျဖစ္တယ္။ မေလာင္းဘူးဆိုရင္ တစံုတခုေၾကာင့္ ေပါက္ကြဲေတာ့မယ္ဆိုတာကို သိတယ္။ သိတာနဲ႔ အေပၚဆံုးက Safety Vehicle – Rocket အေသးေလးကို ေတ့ၿပီးျဖဳတ္ခ်လိုက္ရတယ္။ ျဖဳတ္ခ်လိုက္ၿပီးေတာ့ သူနဲ႔လိုက္ပါတဲ့ လူႏွစ္ေယာက္နဲ႔ အေပၚက ဒံုးပ်ံေလးက ကမာၻေျမေပၚကိုျပန္ဆင္း၊ အခုနဟာႀကီးက ပ်က္က်သြားတယ္။

ေမး ။ ။ စမ္းသပ္ေနတဲ့အခါလဲ ေပါက္ကြဲမႈေတြ၊ အႏၱရာယ္ရိွတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီက အင္ဂ်င္နီယာေတြ အကုန္လံုး၊ စီစဥ္ခန္႔ခြဲတဲ့လူေတြ အကုန္လံုးကို ဒီဆုေတြ ေပးတယ္ဆိုေတာ့ – အတြင္းပိုင္းမွာ ပ်ံမတက္ဘဲနဲ႔ စမ္းသပ္မႈေတြ လုပ္ေဆာင္လား။ ဘယ္ေလာက္အႏၱရာယ္ႀကီးသလဲ။ ဘာေတြျဖစ္ခဲ့ပါလဲ။

ေျဖ ။ ။ အႏၱရာယ္ႀကီးတယ္။ ၁၉၆၇ ခုႏွစ္မွာ Soyuz No (1) အာကာသယာဥ္ထဲမွာ ေပါက္ကြဲၿပီးေတာ့ ပ်က္သြားဖူးပါတယ္။ ဒါက ကမာၻေပၚမွာ စမ္းသပ္ေနတဲ့အခ်ိန္မွာ ျဖစ္တာ။ ၁၉၆၈ ခုႏွစ္မွာ အဲဒီအာကာသယာဥ္ (၃) ဦး ပါၿပီးေတာ့ သူေတာ့မပ်ံခင္မွာ ဒီအာကာသယာဥ္ကို သူတုိ႔ အာကာသယာဥ္မွဴး (၃) ဦးကို ထည့္ၿပီးေတာ့ ေျမျပင္မွာစမ္းတာ – အဲဒီစမ္းတဲ့အခ်ိန္မွာပဲ လူလိုက္ပါတဲ့အခန္းထဲမွာ အာကာသယာဥ္ အစိတ္အပိုင္းေလးထဲမွာ ေအာက္စီဂ်င္အျပည့္ထည့္ထားတယ္ အသက္ရွဴလို႔ရေအာင္။ အဲဒီ သူတုိ႔စမ္းေနတဲ့အခ်ိန္မွာ လွ်ပ္စစ္ေရွာ့ျဖစ္ၿပီးေတာ့ မီးထေတာက္တယ္။ ေတာက္ၿပီးတာနဲ႔ ေပါက္ကြဲၿပီး အာကာသယာဥ္မွဴး (၃) ေယာက္လံုး ေသသြားတယ္။ ဒါက ၁၉၆၈ ခုႏွစ္မွာ။

ေနာက္ လြန္ပ်ံအာကာသယာဥ္ ႏွစ္ေခါက္ပ်က္ဖူးတယ္။ တခုက ဘာလဲဆိုေတာ့ ၁၉၈၆ ခုႏွစ္မွာ Challenger အာကာသယာဥ္ – အဲဒီမွာ အာကာသယာဥ္မွဴး (၇) ဦး ပါပါတယ္။ အာကာသယာဥ္ကို ေမာင္းႏွင္တဲ့လူ၊ ပဲ့ထိန္းတဲ့လူအျပင္ အာကာသသုေတသနလုပ္မယ့္လူ (၃) ေယာက္လည္း ပါပါတယ္။ အားလံုးေပါင္း (၇) ေယာက္စလံုးက တက္ၿပီး (၁၅) စကၠန္႔၊ စကၠန္႔ (၂၀) အတြင္းမွာ ဒံုးပ်ံက ေပါက္ကြဲသြားတယ္။ ေပါက္ကြဲရတဲ့အေၾကာင္းက ဒံုးပ်ံကို အေပၚကိုလႊတ္တင္ဖို႔အတြက္ T… က ဘာပါလာလဲဆိုေတာ့ Liquid Oxygen လိုဟာမ်ဳိး အဲဒါေတြပါတယ္။ သူတို႔ပိုက္ေတြကို ဆက္တဲ့ေနရာေတြမွာ ဘာေတြရိွလဲဆိုရင္ Rubber O-ring သိပ္ေအးတဲ့အခ်ိန္ၾကေတာ့ အဲဒီ Rubber O-ring က အႏုတ္ ၂၀၀ နီးပါးေလာက္ရိွတဲ့ အပူခ်ိန္ေလာက္မွာ သူက အက္သြားတယ္။ အဲဒီ Rubber O-ring ေလး ပဲ့ထြက္သြားတဲ့အတြက္ အဲဒီအခ်ိန္မွာ Oxygen ေတြက အျပင္ကို လွ်ံထြက္ၿပီးေတာ့ ေပါက္သြားခဲ့တယ္။ အကုန္လံုး အသက္ေပးလိုက္ရတယ္။

ေမး ။ ။ ဒီလိုမ်ဳိး အင္မတန္ အႏၱရာယ္ႀကီးတဲ့ သုေတသနေတြ လုပ္ေနၿပီး၊ ဒီလိုေပးတဲ့ဆုကို အခုဘယ္လိုပံုစံမ်ဳိးနဲ႔ ေစာေစာကေျပာတဲ့ Snoopy အရုပ္ေလးပါတဲ့ ဆုတံဆိပ္ ေငြဆုတံဆိပ္နဲ႔ ဂုဏ္ျပဳလက္မွတ္ေတြကို ထူးထူးျခားျခား ေပးတယ္လို႔ေျပာပါတယ္။ ဘယ္လိုပံုစံေလးနဲ႔ ေပးသလဲ သိပါရေစ။

ေျဖ ။ ။ အာကာသယာဥ္မွဴးေတြကိုယ္တိုင္ ေပးပါတယ္။ အဲဒီေတာ့ အာကာသယာဥ္မွဴးေတြက မရဘူး။ ဒါေပမဲ့ သူတုိ႔အသက္မဆံုးေအာင္၊ သူတုိ႔အသက္အႏၱရာယ္ကို ကာကြယ္ေအာင္၊ ေနာက္ၿပီးေတာ့ Mission တခုလံုး ေအာင္ျမင္ေအာင္၊ ၿပီးေတာ့ ကုန္က်စရိတ္ အနည္းဆံုးျဖစ္ေအာင္ – ဘာျဖစ္လို႔လဲဆိုေတာ့ သန္းနဲ႔ခ်ီၿပီးေတာ့ ကုန္က်တယ္။ က်ေနာ္လုပ္တဲ့ သုေတသနတခုဆိုရင္ ငါးႏွစ္ေျခာက္ႏွစ္ေလာက္ လုပ္ရတယ္။ ခုႏွစ္သန္းနဲ႔ ဆယ္သန္းၾကားမွာ ကုန္ပါတယ္။ အဲဒီလို သုေတသနေတြကို ေအာင္ျမင္ေအာင္ လုပ္ရတာရယ္။ အသက္အႏၱရာယ္ မျဖစ္ေအာင္လုပ္ရတဲ့အတြက္ အာကာသယာဥ္မွဴးေတြကိုယ္တိုင္ ဒီတံဆိပ္ကေလးကို သူတုိ႔ အာကာသပ်ံကတည္းက သယ္သြားတယ္။ လက္မွတ္ကေလးေတြလည္း သယ္သြားတယ္။ ဟိုအေပၚေရာက္မွ လက္မွတ္ထိုး၊ တံဆိပ္ကေလးေတြ ျပန္ယူလာၿပီး၊ ျပန္ေရာက္တဲ့အခါ .. ‘ငါတို႔ေတာ့ အသက္ရွင္ေသးတယ္ဆိုၿပီးေတာ့’ လုပ္ေပးတဲ့ လူေတြအကုန္လံုးထဲက ထူးခၽြန္တဲ့လူေတြ၊ ႀကိဳးစားေပးတဲ့ လူေတြအတြက္ကို သူတုိ႔ကိုယ္တုိင္ လက္ဆြဲႏႈတ္ဆက္ၿပီး၊ လက္မွတ္ေပးပါတယ္။

ေမး ။ ။ ျမန္မာႏုိင္ငံက အခုမွ တိုးတက္ေအာင္ လုပ္ေနတဲ့ႏုိင္ငံပါ။ ဆိုေတာ့ အာကာသအထိ သြားဖို႔၊ လူေရာက္ဖို႔တုိ႔၊ သုေတသန စမ္းသပ္တာေတြက ျမန္မာႏုိင္ငံအတြက္ ဘယ္အခ်ိန္ေလာက္မ်ား လက္လွမ္းမီလာႏိုင္မလဲ။ အဲဒီလိုမ်ဳိး လက္လွမ္းမီလာႏိုင္ေအာင္ ျမန္မာႏုိင္ငံအေနနဲ႔ ဘာေတြလုပ္ဖို႔လိုသလဲ။ အႀကံေပးပါ။

ေျဖ ။ ။ အဓိက ဘာလဲဆိုရင္ ပညာေရးက႑ကို အားေပးဖို႔ သိပ္အေရးႀကီးပါတယ္။ တိုးတက္တဲ့ ႏုိင္ငံေတြအကုန္လံုးမွာရိွတဲ့ သိပၸံပညာရွင္ေတြ၊ လူမႈေရးနဲ႔ ေလ့လာေရး သုေတသနပညာရွင္ေတြ က်ေနာ္နဲ႔ အၿမဲတမ္းႀကံဳတဲ့အခါ ေမးပါတယ္။ ေမးတဲ့အခါ မင္းတို႔တိုင္းျပည္ ေတာ္ေတာ္ကို ခ်မ္းသာတယ္။ ဘာေၾကာင့္ခ်မ္းသာလဲ။ အဓိက ဘာလဲေမးလို႔ရိွရင္ သူတုိ႔က တခုပဲ ေျပာတယ္ – Education တတ္တဲ့၊ သိတဲ့၊ နားလည္တဲ့ ပညာရွင္ေတြ အမ်ားႀကီးေမြးထုတ္ေပးဖို႔ လုိပါတယ္။ သုေတသန လုပ္ဖို႔အတြက္ကေတာ့ ႏုိင္ငံအေနနဲ႔ အမ်ားႀကီးကုန္က်ေပးရပါတယ္။ ဒီလို သုေတသနမ်ဳိးကို တကၠသိုလ္အဆင့္မွာ လုပ္ေနတဲ့ သုေတသနေတြကေန အာကာသသုေတသနက ခြဲထြက္သြားတာပါ။ အဓိက က်ေနာ္လုပ္ေနတဲ့ သုေတသနဆုိရင္ ရူပေဗဒ၊ ဓာတုေဗဒနဲ႔ ပတ္သက္တဲ့ သုေတသနေတြ အမ်ားဆံုးပါ။ က်ေနာ္လည္း ဗမာျပည္မွာ ေမြးခဲ့တာပါ။ ဗမာတုိင္းရင္းသားအစစ္။ ဒီလို သုေတသနမ်ဳိးကို တတ္ကၽြမ္းႏိုင္တဲ့အဆင့္အထိကို ႀကိဳးစားလိုက္ရင္ အားလံုးေအာင္ျမင္မွာပါ။ ျဖစ္ႏုိင္ပါတယ္။ ျဖစ္ႏုိင္ေခ်အမ်ားႀကီး ရိွပါတယ္။

ေမး ။ ။ ဆိုေတာ့ အာကာသသိပၸံ ပညာထဲမွာ သိပၸံပညာရပ္နဲ႔ ပတ္သက္တဲ့ အခြဲေတြ – ဘယ္ဟာမ်ဳိးကို ျမန္မာႏုိင္ငံမွာ ဦးစားေပးသင္ဖို႔ လိုတယ္လို႔ ထင္ပါလဲ။ ဥပမာ ရူပေဗဒနဲ႔ ဓာတုေဗဒေတြက လိုတယ္ေပါ့။

ေျဖ ။ ။ တေနရာပဲေျပာမယ္ အဲဒါ ဘာလဲဆိုေတာ့ ေနာက္ (၁၅) ႏွစ္၊ အႏွစ္ (၂၀) ဆိုရင္ အဂၤါၿဂိဳဟ္ေပၚကို လူသြားရေတာ့မယ္။ လူသြားတယ္ဆိုရင္ ဆန္အိတ္ေတြ၊ ဆီပံုးေတြ သယ္သြားလို႔မရဘူး။ အဲဒီအခါၾကေတာ့ စိုက္ပ်ဳိးေရး သုေတသနေတြ အမ်ားႀကီးပါလာပါၿပီ။ ဗမာျပည္က စိုက္ပ်ဳိးေရးအေျခခံေတာ့ စိုက္ပ်ဳိးေရးသုေတသနလို ေနရာမ်ဳိးမွာ အမ်ားႀကီး သုေတသနလုပ္လို႔ ရပါတယ္။ အဲဒီကေန ခြဲထြက္သြားၿပီးေတာ့ Space Agriculture လို႔ ေခၚပါတယ္။ ၿပီးတဲ့အခါ Sustainable တျခားၿဂိဳဟ္ေတြေပၚ ေရာက္သြားတဲ့အခါ စိုက္လို႔ပ်ဳိးလို႔မရတဲ့ေနရာမွာ စိုက္လို႔ပ်ဳိးလို႔ရေအာင္ ဘယ္လုိလုပ္မလဲဆိုတဲ့ သုေတသနေတြ ပါလာပါတယ္။ ဒါေတြကို လုပ္ဖို႔အတြက္ အေျခခံက ဘာလဲဆိုေတာ့ စိုက္ပ်ဳိးေရးပဲျဖစ္ျဖစ္၊ ဇီဝေဗဒပဲျဖစ္ျဖစ္၊ သတၱေဗဒပဲျဖစ္ျဖစ္ – ဒါေတြကို ကိုယ္ဝါသနာပါရာ၊ ကိုယ္ကၽြမ္းက်င္တဲ့ေနရာမွာ ဒီထက္ပိုၿပီးေတာ့ နားလည္ေအာင္၊ ပိုၿပီးအဆင့္ျမင့္ျမင့္ တက္ကၽြမ္းနားလည္ေအာင္ ႀကိဳးစားလို႔ရိွရင္ ဒါေတြက ပါလာမွာပါ။

ေမး ။ ။ ဆိုေတာ့ ျမန္မာႏုိင္ငံက နားေထာင္ေနတဲ့ ပရိသတ္ေတြကို ဒီလိုမ်ဳိး အာကာသနဲ႔ ပတ္သက္ၿပီးေတာ့ ဦးပေဒသာတင္အေနနဲ႔ ဘာမ်ား အားေပးခ်င္ပါလဲ။

ေျဖ ။ ။ အားေပးခ်င္တာကေတာ့ တခ်ိန္ၾကလို႔ရိွရင္ .. .မၾကာမီ အခ်ိန္အတြင္းမွာ က်ေနာ္တို႔တုိင္းျပည္ကေန ကမာၻႀကီးအတြက္ ၿငိမ္းခ်မ္းစြာ အသံုးျပဳႏုိင္မယ့္ သုေတသနလုပ္မယ့္၊ အာကာသထဲမွာ သုေတသနလုပ္ႏုိင္မယ့္ လုပ္ငန္းမ်ဳိးကို ေအာင္ျမင္ေအာင္၊ ျဖစ္ေပၚလာေအာင္ ကိုယ့္တိုင္းျပည္ကို ကိုယ္စားျပဳတဲ့လူေတြ အမ်ားႀကီးေပၚေပါက္လာေအာင္ ႀကိဳးစားေစခ်င္ပါတယ္။ ျဖစ္ႏုိင္စြမ္းလည္း ရိွပါတယ္။ ဗမာျပည္မွာလုပ္ႏိုင္တဲ့ လူေတြအမ်ားႀကီးရိွပါတယ္။ သူတုိ႔အေနနဲ႔ ေက်ာင္းသူေက်ာင္းသားေတြ၊ ပညာရွင္ေတြ အကုန္လံုး အမ်ားႀကီးေမြးထုတ္ေပးပါ။ ေမြးထုတ္ၿပီးေတာ့ ႀကိဳးစားၿပီးေတာ့ ဒီဘက္က ႏိုင္ငံတကာနဲ႔ ပူးေပါင္းေဆာင္ရြက္ၿပီးေတာ့ သုေတသနလုပ္ႏုိင္ၾကပါေစလုိ႔ ေမွ်ာ္လင့္ပါတယ္။

ေဒါက္တာပေဒသာတင္ရဲ႕ အေၾကာင္းကို မဖတ္ရေသးရင္ ဒီမွာ(https://wp.me/p92H0W-zU) သြားဖတ္ႏုိင္ပါတယ္။

VIDEO

VOA Burmese News

——————-

နာဆာက ဆုရတဲ့ မြန်မာအကာသသိပ္ပံပညာရှင်

ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ အန္တရာယ်ကင်းကင်းနဲ့ အာကာသခရီးစဉ်သွားနိုင်အောင် တီထွင်ကြံဆသူတွေကို NASA က Silver Snoopy Award ချီးမြှင့်ရာမှာ ၂၀၁၈ ခုနှစ်အတွက် Glen သုတေသနဌာနက ဒေါက်တာပဒေသာတင် ရရှိပါတယ်။ ဆုမယူခင်ရက်ပိုင်းအတွင်း ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ ဒေါက်တာပဒေသာတင် ကို ဒေါ်ခင်မျိုးသက်က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ဦးပဒေသာတင်ကို အခုလို VOA ကို လာရောက်ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဦးပဒေသာတင် ဒီလနိုဝင်ဘာလထဲမှာ ဆုယူမယ်လို့ သိရပါတယ်။

ဖြေ ။ ။ Silver Snoopy Award လို့ ခေါ်ပါတယ်။ မှတ်တမ်းတင် ဂုဏ်ပြုတဲ့ ရင်ထိုးလေးတခုပါ။ အဲဒီရင်ထိုးလေးရဲ့ ပုံစံက ကမ္ဘာကျော် နာမည်ရတဲ့၊ လူငယ်တိုင်းသိတဲ့ Charlie Brown ကာတွန်းထဲက အဲဒီခွေးရုပ်လေးပါ။ အဲဒီခွေးရုပ်လေးကို မှတ်တမ်းတင်ပြီး၊ Silver Snoopy ဆိုတော့ ငွေအဆစ်နဲ့လုပ်ထားတဲ့ necktie တို့ ရင်ဘတ်အင်္ကျ ီတို့မှာတပ်တံဆိပ်ကလေးရယ်၊ ပြီးတော့ အာကာသယာဉ်မှူးတွေကိုယ်တိုင် လက်မှတ်ထိုးပြီးတော့ ကျေးဇူးတင်ကြောင်း၊ ဂုဏ်ပြုကြောင်းဆိုတဲ့ စာရွက်စာတမ်းလေးနှစ်ခုနဲ့ အဲဒီဟာကိုပေးတဲ့ ဂုဏ်ပြုမှတ်တမ်းလွှာပါ။

မေး ။ ။ ဦးပဒေသာတင် အခုလို ဒီဆုအတွက်ကို တသက်မှာ တခါပဲရတယ်လို့ ပြောပါတယ်။ ဆိုတော့ ဘာကြောင့် တသက်မှာ တခါပဲ ပေးရတာလဲ။ အဲဒါကို ပြောပြပေးပါ။

ဖြေ ။ ။ NASA မှာ ကျနော် လုပ်ခဲ့တဲ့အချိန်ပိုင်းအတွင်းမှာ ဒီလိုပဲ ထန်းပင်တက်လက်မှတ်တွေကတော့ ပေးနေကြပါ။ ဒါပေမဲ့ ဒီဂုဏ်ပြုလွှာကြတော့ သူ့ရဲ့ထူးခြားမှုတခုက လုပ်ငန်းခွင်တသက်တာမှာ တကြိမ်ပဲရတယ်။ နောက်ပြီးတော့ လုပ်သက်ပေါ် မူမတည်ပါဘူး။ ၁၉၆၇-၆၈ ခုနှစ်လောက်ကတည်းက အာကာသစူးစမ်းလေ့လာမှုမှာ လူလိုက်ပါတဲ့ဟာတွေ ပါလာပါတယ်။ အမေရိကန်နိုင်ငံရဲ့ အာကာသအစီအစဉ်ထဲမှာ Mecury ဆိုတဲ့ ဒုံးပျံယာဉ်မှာ ပထမဦးဆုံး လိုက်ပါတဲ့လူဟာ အာကာသယာဉ်မှူးက Alan Shepard ဖြစ်ပါတယ်။ ပါသွားတဲ့ အာကာသယာဉ်မှူးတွေအတွက်က အများကြီးအသက်စွန့်ပြီးတော့ သွားရတယ်။ ဒုံးပျံကြီးတခုဆောက်တာ၊ အာကာသယာဉ်ထဲမှာပါတဲ့ အစိတ်အပိုင်းတွေ – အဲဒါတွေ အကုန်လုံးကို မပျက်စီးအောင်၊ မပေါက်ကွဲအောင် ဒါတွေကိုလုပ်ဖို့က အင်ဂျင်နီယာတွေ၊ သိပ္ပံပညာရှင်တွေ၊ ဒုံးပျံဆောက်တဲ့လူတွေအပြင် ဒုံးပျံကို ပစ်တင်တဲ့လူတွေကအစ Operationers သူတို့တွေရဲ့ လက်ထဲမှာ အများကြီး မူတည်ပါတယ်။

ဒီလူတွေက မိမိကိုပေးထားတဲ့ တာဝန်တွေရဲ့ Beyond your assigned schedule ကိုယ့်ကိုပေးထားတဲ့ တာဝန်ထက်ပိုပြီးတော့ အသက်ကိုစွန့်ပြီးတော့မှ သုတေသန လုပ်ရတဲ့ လူတွေပါသွားတဲ့အတွက် သူတို့အသက်မဆုံးပါရအောင် အဓိကထားပါတယ်။ အဲဒါ သိပ်အရေးကြီးပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ အမေရိကန်နိုင်ငံမှာရှိတဲ့ အမျိုးသားလေကြောင်းနဲ့ အာကာသသုတေသနဌာနကနေ ဌာနပေါင်း (၉) ခု ရှိပါတယ်။ အဲဒီ (၉) ခုထဲမှာ ကျနော်လုပ်တာကတော့ Glen Research Center မှာပါ။ Center တခုကို တနှစ်မှာ သုံးလေးယောက်လောက် ပေးပါတယ်။ အဲဒါကို Space Flight Awareness လို့ ခေါ်ပါတယ်။

မေး ။ ။ ဦးပဒေသာတင် ပြောအရဆိုရင် လူလိုက်ပါသွားတဲ့ အာကာသယာဉ်တွေ၊ ယာဉ်မှူးတွေ အန္တရာယ်မရှိအောင်၊ ပြီးတော့ စမ်းသပ်သုတေသနလုပ်တဲ့ လူတွေပါ အန္တရာယ်မရှိအောင် ဘယ်လောက်များ အန္တရာယ်ကြီးပါသလဲ။ ဒီလိုမျိုး အန္တရာယ်ဖြစ်ပြိးတော့ ဥပမာလေးနဲ့ နည်းနည်းပြောပြပေးပါ။

ဖြေ ။ ။ ဥပမာဆိုလို့ရှိရင် ရုရှားနိုင်ငံရဲ့ Roscosmos – Russian Space Agency ရဲ့ ဒုံးပျံကိုသုံးပြီးတော့ လူလိုက်ပါတယ်။ မကြာခင်လက ပျက်ကျသွားတာ ဒုံးပျံရဲ့အောက်မှာ လောင်စာတွေအပြည့်ထည့်ပြီးတော့ ဒုံးပျံကို ပစ်တင်လိုက်တယ်။ သူ့ရဲ့အပေါ်မှာ ဘာရှိလဲဆိုတော့ စက်အစိတ်အပိုင်းရှိတဲ့ ဒီလွန်ပျံအာကာသ – အပြည်ပြည်ဆိုင်ရာ အာကာစခန်းမှာ သုတေသနလုပ်မယ့် စက်တွေလည်း ထည့်ပေးလိုက်တယ်။ နောက် အဲဒီအပေါ်ရဲ့တဆင့်မှာ ဘာလဲဆိုတော့ လူနှစ်ယောက်ပါတဲ့ စီးနှင်းလိုက်ပါတဲ့ ယာဉ်ကလေးပါတယ်။ အဲဒီယာဉ်ကလေးက အပေါ်ဆုံးမှာပါ။ အဲဒီအပေါ်ဆုံးမှာ ဘာရှိလဲဆိုတော့ ဒုံးပျံအသေးလေးတခု လုပ်ထားတယ်။ Emergency Escape Module လို့ ခေါ်ပါတယ်။ အခုန Soyuz အာကာသယာဉ် ပစ်တင်လိုက်တဲ့အချိန်မှာ ဒုတိယအဆင့်မှာ လောင်းရမယ့် လောင်စာက မလောင်းဘဲနဲ့ တစုံတခုဖြစ်တယ်။ မလောင်းဘူးဆိုရင် တစုံတခုကြောင့် ပေါက်ကွဲတော့မယ်ဆိုတာကို သိတယ်။ သိတာနဲ့ အပေါ်ဆုံးက Safety Vehicle – Rocket အသေးလေးကို တေ့ပြီးဖြုတ်ချလိုက်ရတယ်။ ဖြုတ်ချလိုက်ပြီးတော့ သူနဲ့လိုက်ပါတဲ့ လူနှစ်ယောက်နဲ့ အပေါ်က ဒုံးပျံလေးက ကမ္ဘာမြေပေါ်ကိုပြန်ဆင်း၊ အခုနဟာကြီးက ပျက်ကျသွားတယ်။

မေး ။ ။ စမ်းသပ်နေတဲ့အခါလဲ ပေါက်ကွဲမှုတွေ၊ အန္တရာယ်ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီက အင်ဂျင်နီယာတွေ အကုန်လုံး၊ စီစဉ်ခန့်ခွဲတဲ့လူတွေ အကုန်လုံးကို ဒီဆုတွေ ပေးတယ်ဆိုတော့ – အတွင်းပိုင်းမှာ ပျံမတက်ဘဲနဲ့ စမ်းသပ်မှုတွေ လုပ်ဆောင်လား။ ဘယ်လောက်အန္တရာယ်ကြီးသလဲ။ ဘာတွေဖြစ်ခဲ့ပါလဲ။

ဖြေ ။ ။ အန္တရာယ်ကြီးတယ်။ ၁၉၆၇ ခုနှစ်မှာ Soyuz No (1) အာကာသယာဉ်ထဲမှာ ပေါက်ကွဲပြီးတော့ ပျက်သွားဖူးပါတယ်။ ဒါက ကမ္ဘာပေါ်မှာ စမ်းသပ်နေတဲ့အချိန်မှာ ဖြစ်တာ။ ၁၉၆၈ ခုနှစ်မှာ အဲဒီအာကာသယာဉ် (၃) ဦး ပါပြီးတော့ သူတော့မပျံခင်မှာ ဒီအာကာသယာဉ်ကို သူတို့ အာကာသယာဉ်မှူး (၃) ဦးကို ထည့်ပြီးတော့ မြေပြင်မှာစမ်းတာ – အဲဒီစမ်းတဲ့အချိန်မှာပဲ လူလိုက်ပါတဲ့အခန်းထဲမှာ အာကာသယာဉ် အစိတ်အပိုင်းလေးထဲမှာ အောက်စီဂျင်အပြည့်ထည့်ထားတယ် အသက်ရှူလို့ရအောင်။ အဲဒီ သူတို့စမ်းနေတဲ့အချိန်မှာ လျှပ်စစ်ရှော့ဖြစ်ပြီးတော့ မီးထတောက်တယ်။ တောက်ပြီးတာနဲ့ ပေါက်ကွဲပြီး အာကာသယာဉ်မှူး (၃) ယောက်လုံး သေသွားတယ်။ ဒါက ၁၉၆၈ ခုနှစ်မှာ။

နောက် လွန်ပျံအာကာသယာဉ် နှစ်ခေါက်ပျက်ဖူးတယ်။ တခုက ဘာလဲဆိုတော့ ၁၉၈၆ ခုနှစ်မှာ Challenger အာကာသယာဉ် – အဲဒီမှာ အာကာသယာဉ်မှူး (၇) ဦး ပါပါတယ်။ အာကာသယာဉ်ကို မောင်းနှင်တဲ့လူ၊ ပဲ့ထိန်းတဲ့လူအပြင် အာကာသသုတေသနလုပ်မယ့်လူ (၃) ယောက်လည်း ပါပါတယ်။ အားလုံးပေါင်း (၇) ယောက်စလုံးက တက်ပြီး (၁၅) စက္ကန့်၊ စက္ကန့် (၂၀) အတွင်းမှာ ဒုံးပျံက ပေါက်ကွဲသွားတယ်။ ပေါက်ကွဲရတဲ့အကြောင်းက ဒုံးပျံကို အပေါ်ကိုလွှတ်တင်ဖို့အတွက် T… က ဘာပါလာလဲဆိုတော့ Liquid Oxygen လိုဟာမျိုး အဲဒါတွေပါတယ်။ သူတို့ပိုက်တွေကို ဆက်တဲ့နေရာတွေမှာ ဘာတွေရှိလဲဆိုရင် Rubber O-ring သိပ်အေးတဲ့အချိန်ကြတော့ အဲဒီ Rubber O-ring က အနုတ် ၂၀၀ နီးပါးလောက်ရှိတဲ့ အပူချိန်လောက်မှာ သူက အက်သွားတယ်။ အဲဒီ Rubber O-ring လေး ပဲ့ထွက်သွားတဲ့အတွက် အဲဒီအချိန်မှာ Oxygen တွေက အပြင်ကို လျှံထွက်ပြီးတော့ ပေါက်သွားခဲ့တယ်။ အကုန်လုံး အသက်ပေးလိုက်ရတယ်။

မေး ။ ။ ဒီလိုမျိုး အင်မတန် အန္တရာယ်ကြီးတဲ့ သုတေသနတွေ လုပ်နေပြီး၊ ဒီလိုပေးတဲ့ဆုကို အခုဘယ်လိုပုံစံမျိုးနဲ့ စောစောကပြောတဲ့ Snoopy အရုပ်လေးပါတဲ့ ဆုတံဆိပ် ငွေဆုတံဆိပ်နဲ့ ဂုဏ်ပြုလက်မှတ်တွေကို ထူးထူးခြားခြား ပေးတယ်လို့ပြောပါတယ်။ ဘယ်လိုပုံစံလေးနဲ့ ပေးသလဲ သိပါရစေ။

ဖြေ ။ ။ အာကာသယာဉ်မှူးတွေကိုယ်တိုင် ပေးပါတယ်။ အဲဒီတော့ အာကာသယာဉ်မှူးတွေက မရဘူး။ ဒါပေမဲ့ သူတို့အသက်မဆုံးအောင်၊ သူတို့အသက်အန္တရာယ်ကို ကာကွယ်အောင်၊ နောက်ပြီးတော့ Mission တခုလုံး အောင်မြင်အောင်၊ ပြီးတော့ ကုန်ကျစရိတ် အနည်းဆုံးဖြစ်အောင် – ဘာဖြစ်လို့လဲဆိုတော့ သန်းနဲ့ချီပြီးတော့ ကုန်ကျတယ်။ ကျနော်လုပ်တဲ့ သုတေသနတခုဆိုရင် ငါးနှစ်ခြောက်နှစ်လောက် လုပ်ရတယ်။ ခုနှစ်သန်းနဲ့ ဆယ်သန်းကြားမှာ ကုန်ပါတယ်။ အဲဒီလို သုတေသနတွေကို အောင်မြင်အောင် လုပ်ရတာရယ်။ အသက်အန္တရာယ် မဖြစ်အောင်လုပ်ရတဲ့အတွက် အာကာသယာဉ်မှူးတွေကိုယ်တိုင် ဒီတံဆိပ်ကလေးကို သူတို့ အာကာသပျံကတည်းက သယ်သွားတယ်။ လက်မှတ်ကလေးတွေလည်း သယ်သွားတယ်။ ဟိုအပေါ်ရောက်မှ လက်မှတ်ထိုး၊ တံဆိပ်ကလေးတွေ ပြန်ယူလာပြီး၊ ပြန်ရောက်တဲ့အခါ .. ‘ငါတို့တော့ အသက်ရှင်သေးတယ်ဆိုပြီးတော့’ လုပ်ပေးတဲ့ လူတွေအကုန်လုံးထဲက ထူးချွန်တဲ့လူတွေ၊ ကြိုးစားပေးတဲ့ လူတွေအတွက်ကို သူတို့ကိုယ်တိုင် လက်ဆွဲနှုတ်ဆက်ပြီး၊ လက်မှတ်ပေးပါတယ်။

မေး ။ ။ မြန်မာနိုင်ငံက အခုမှ တိုးတက်အောင် လုပ်နေတဲ့နိုင်ငံပါ။ ဆိုတော့ အာကာသအထိ သွားဖို့၊ လူရောက်ဖို့တို့၊ သုတေသန စမ်းသပ်တာတွေက မြန်မာနိုင်ငံအတွက် ဘယ်အချိန်လောက်များ လက်လှမ်းမီလာနိုင်မလဲ။ အဲဒီလိုမျိုး လက်လှမ်းမီလာနိုင်အောင် မြန်မာနိုင်ငံအနေနဲ့ ဘာတွေလုပ်ဖို့လိုသလဲ။ အကြံပေးပါ။

ဖြေ ။ ။ အဓိက ဘာလဲဆိုရင် ပညာရေးကဏ္ဍကို အားပေးဖို့ သိပ်အရေးကြီးပါတယ်။ တိုးတက်တဲ့ နိုင်ငံတွေအကုန်လုံးမှာရှိတဲ့ သိပ္ပံပညာရှင်တွေ၊ လူမှုရေးနဲ့ လေ့လာရေး သုတေသနပညာရှင်တွေ ကျနော်နဲ့ အမြဲတမ်းကြုံတဲ့အခါ မေးပါတယ်။ မေးတဲ့အခါ မင်းတို့တိုင်းပြည် တော်တော်ကို ချမ်းသာတယ်။ ဘာကြောင့်ချမ်းသာလဲ။ အဓိက ဘာလဲမေးလို့ရှိရင် သူတို့က တခုပဲ ပြောတယ် – Education တတ်တဲ့၊ သိတဲ့၊ နားလည်တဲ့ ပညာရှင်တွေ အများကြီးမွေးထုတ်ပေးဖို့ လိုပါတယ်။ သုတေသန လုပ်ဖို့အတွက်ကတော့ နိုင်ငံအနေနဲ့ အများကြီးကုန်ကျပေးရပါတယ်။ ဒီလို သုတေသနမျိုးကို တက္ကသိုလ်အဆင့်မှာ လုပ်နေတဲ့ သုတေသနတွေကနေ အာကာသသုတေသနက ခွဲထွက်သွားတာပါ။ အဓိက ကျနော်လုပ်နေတဲ့ သုတေသနဆိုရင် ရူပဗေဒ၊ ဓာတုဗေဒနဲ့ ပတ်သက်တဲ့ သုတေသနတွေ အများဆုံးပါ။ ကျနော်လည်း ဗမာပြည်မှာ မွေးခဲ့တာပါ။ ဗမာတိုင်းရင်းသားအစစ်။ ဒီလို သုတေသနမျိုးကို တတ်ကျွမ်းနိုင်တဲ့အဆင့်အထိကို ကြိုးစားလိုက်ရင် အားလုံးအောင်မြင်မှာပါ။ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ချေအများကြီး ရှိပါတယ်။

မေး ။ ။ ဆိုတော့ အာကာသသိပ္ပံ ပညာထဲမှာ သိပ္ပံပညာရပ်နဲ့ ပတ်သက်တဲ့ အခွဲတွေ – ဘယ်ဟာမျိုးကို မြန်မာနိုင်ငံမှာ ဦးစားပေးသင်ဖို့ လိုတယ်လို့ ထင်ပါလဲ။ ဥပမာ ရူပဗေဒနဲ့ ဓာတုဗေဒတွေက လိုတယ်ပေါ့။

ဖြေ ။ ။ တနေရာပဲပြောမယ် အဲဒါ ဘာလဲဆိုတော့ နောက် (၁၅) နှစ်၊ အနှစ် (၂၀) ဆိုရင် အင်္ဂါဂြိုဟ်ပေါ်ကို လူသွားရတော့မယ်။ လူသွားတယ်ဆိုရင် ဆန်အိတ်တွေ၊ ဆီပုံးတွေ သယ်သွားလို့မရဘူး။ အဲဒီအခါကြတော့ စိုက်ပျိုးရေး သုတေသနတွေ အများကြီးပါလာပါပြီ။ ဗမာပြည်က စိုက်ပျိုးရေးအခြေခံတော့ စိုက်ပျိုးရေးသုတေသနလို နေရာမျိုးမှာ အများကြီး သုတေသနလုပ်လို့ ရပါတယ်။ အဲဒီကနေ ခွဲထွက်သွားပြီးတော့ Space Agriculture လို့ ခေါ်ပါတယ်။ ပြီးတဲ့အခါ Sustainable တခြားဂြိုဟ်တွေပေါ် ရောက်သွားတဲ့အခါ စိုက်လို့ပျိုးလို့မရတဲ့နေရာမှာ စိုက်လို့ပျိုးလို့ရအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ သုတေသနတွေ ပါလာပါတယ်။ ဒါတွေကို လုပ်ဖို့အတွက် အခြေခံက ဘာလဲဆိုတော့ စိုက်ပျိုးရေးပဲဖြစ်ဖြစ်၊ ဇီဝဗေဒပဲဖြစ်ဖြစ်၊ သတ္တဗေဒပဲဖြစ်ဖြစ် – ဒါတွေကို ကိုယ်ဝါသနာပါရာ၊ ကိုယ်ကျွမ်းကျင်တဲ့နေရာမှာ ဒီထက်ပိုပြီးတော့ နားလည်အောင်၊ ပိုပြီးအဆင့်မြင့်မြင့် တက်ကျွမ်းနားလည်အောင် ကြိုးစားလို့ရှိရင် ဒါတွေက ပါလာမှာပါ။

မေး ။ ။ ဆိုတော့ မြန်မာနိုင်ငံက နားထောင်နေတဲ့ ပရိသတ်တွေကို ဒီလိုမျိုး အာကာသနဲ့ ပတ်သက်ပြီးတော့ ဦးပဒေသာတင်အနေနဲ့ ဘာများ အားပေးချင်ပါလဲ။

ဖြေ ။ ။ အားပေးချင်တာကတော့ တချိန်ကြလို့ရှိရင် .. .မကြာမီ အချိန်အတွင်းမှာ ကျနော်တို့တိုင်းပြည်ကနေ ကမ္ဘာကြီးအတွက် ငြိမ်းချမ်းစွာ အသုံးပြုနိုင်မယ့် သုတေသနလုပ်မယ့်၊ အာကာသထဲမှာ သုတေသနလုပ်နိုင်မယ့် လုပ်ငန်းမျိုးကို အောင်မြင်အောင်၊ ဖြစ်ပေါ်လာအောင် ကိုယ့်တိုင်းပြည်ကို ကိုယ်စားပြုတဲ့လူတွေ အများကြီးပေါ်ပေါက်လာအောင် ကြိုးစားစေချင်ပါတယ်။ ဖြစ်နိုင်စွမ်းလည်း ရှိပါတယ်။ ဗမာပြည်မှာလုပ်နိုင်တဲ့ လူတွေအများကြီးရှိပါတယ်။ သူတို့အနေနဲ့ ကျောင်းသူကျောင်းသားတွေ၊ ပညာရှင်တွေ အကုန်လုံး အများကြီးမွေးထုတ်ပေးပါ။ မွေးထုတ်ပြီးတော့ ကြိုးစားပြီးတော့ ဒီဘက်က နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ သုတေသနလုပ်နိုင်ကြပါစေလို့ မျှော်လင့်ပါတယ်။

VOA Burmese News

Leave a Reply