ဟစ္တလာရဲ႕လက္ရုံး နာမည္ေက်ာ္ လက္မရြံ႕ဗုိလ္ခ်ဳပ္တစ္ဦး

Posted on

ေရးသားသူ – ေအာင္ေကာင္းထက္ (GAD)

နာဇီ လုိ႔ ဆုိလုိက္တာနဲ႔ ကြ်န္ေတာ္တုိ႔အမ်ားစုသိၾကတာကေတာ့ ဟစ္တလာ နဲ႔ သူ႔ရဲ႕ဗုိလ္ခ်ဳပ္ႀကီးဟင္းမလား ျဖစ္ပါတယ္။ ဟင္းမလားထက္ ပုိရက္စက္တယ္လုိ႔ နာမည္ႀကီးတဲ့သူကေတာ့ ဗုိလ္ခ်ဳပ္ရိန္းဟတ္ေဟး ျဖစ္ပါတယ္။ အခုမွ်ေ၀မွာကေတာ့ သူ႔ရဲ႕အေၾကာင္းပါ။

Reinhard Tristan Eugen Heydrich ဟာ နာဇီေခါင္းေဆာင္ဟစ္တလာ ရဲ့ အားထားရတဲ့ ဗိုလ္ခ်ဳပ္တစ္ဦးျဖစ္ပါတယ္။ နာဇီဂ်ာမနီရဲ့လံုုျခံဳေရးနဲ႔ ေထာက္လွမ္းေရးအဖြဲ ့(SS)ရဲ့ အၾကီးအကဲ ဗိုလ္ခ်ဳပ္ရိန္းဟတ္ေဟးဒရပ္ဟာ (Butcher of Prague)ပရက္ဂ္ျမိဳ ့ရဲ့ သားသတ္သမားလို႔ အမည္တြင္တဲ့အထိ ရက္စက္ခဲ့သူျဖစ္ခဲ့တာပါ။ ဒုတိယကမာၻစစ္ရဲ႕ အရက္စက္ဆံုးေသာစစ္ေခါင္းေဆာင္ေတြထဲက တစ္ဦးအပါအဝင္ျဖစ္ျပီး ဂ်ဴးလူမ်ိဳးမ်ားကို အစုလိုက္အျပံဳလိုက္သတ္ခဲ့တဲ့ Holocaust ျဖစ္စဥ္ကို အဓိကၾကိဳးကိုင္ခဲ့သူပါ။

ဂ်ာမနီႏုိင္ငံရဲ႕ အာဏာကုိ ဟစ္တလာလက္ထဲေရာက္ရွိေအာင္ အဓိကဝန္းရံေပးခဲ့သူေတြထဲကတစ္ဦးျဖစ္ျပီး ဂ်ာမနီတို႔ အုပ္စိုးခဲ့တဲ့ေဒသတိုင္းကို သုသာန္တစ္စျပင္ျဖစ္သြားေအာင္ ဖန္တီးႏုိင္ခဲ့သူျဖစ္ပါတယ္။သူေၾကာင့္လူသိန္းနဲ႔ခ်ီ ေသဆံုးခဲ့ရျပီးသန္းနဲ႔ခ်ီဒုကၡေရာက္ခဲ့ရၾကပါတယ္။ အံ့ၾသသင့္စရာေကာင္းတာကေတာ့ လူမဆန္တဲ့လူသတ္ပြဲမ်ားစြာ ဖန္တီးခဲ့တဲ့ ရိန္းဟတ္ေဟးဒရပ္ဟာ နူးည့ံတဲ့ အႏုပညာရွင္တစ္
ေယာက္ျဖစ္ေနတာပါပဲ။

သူငယ္ငယ္က ဂီတကုိ အလြန္၀ါသနာပါခဲ့ၿပီး ၆ႏွစ္သားမွာတင္ တေယာထုိးတာနဲ႔ ပီယာႏုိကုိ ကြ််မ္းကြ်မ္းက်င္တီးတတ္ခဲ့တယ္။ နည္းနည္းႀကီးလာေတာ့ သူ႔ဟာ သိပၸံပညာရပ္ေတြကို အလြန္စိတ္၀င္စားၿပီး သူ႔အိပ္မက္က ဓာတုေဗဒပညာရွင္ျဖစ္ပါသတဲ့။  ေနာက္၀ါသနာကေတာ့ စုံေထာက္၀ထၳဳေတြကို အလြန္အမင္းႏွစ္သက္ျခင္းပါ။ သူဟာ ေရကူးကြ်မ္းက်င္သူ နဲ႔ ဓားသုိင္းကြ်မ္းက်င္သူတစ္ေယာက္လည္း ျဖစ္ပါတယ္။

ငယ္စဥ္က ရိန္းဟတ္ေဟး

သူကို ၁၉၀၄ခုႏွစ္ မတ္လ(၇)ရက္ေန႔က ဂ်ာမနီႏုိင္ငံ ေဟာ္ေလးျမိဳ ့မွာ အႏုပညာရွင္ေတြျဖစ္ၾကတဲ့ သီခ်င္းေရးဆရာ ေအာ္ပရာအဆိုေတာ္ ရစ္ခ်က္ဘရူႏုိ ေဟးဒရက္နဲ႔ အဲလိဇဘတ္ေဟးဒရပ္ တို႔က ေမြးဖြားခဲ့ပါတယ္။သူဟာ ၁၉၁၉ခုႏွစ္မွာ ဂ်ာမန္အမ်ိဳးသားကာကြယ္ေရးအဖြဲ ့ခ်ဳပ္နဲ႔ ဂ်ဳးဆန္႔က်င္ေရးအဖြဲ ့Freikorpsအဖြဲ ့ဝင္တစ္ဦးျဖစ္လာခဲ့ပါတယ္။၁၉၂၂ ခုႏွစ္မွာေတာ့ ဂ်ာမန္ေရတပ္မွာ စတင္အမႈထမ္းခဲ့ပါတယ္။

ဂ်ာမန္ေရတပ္မွာ တာဝန္ထမ္းေဆာင္ေနရင္း နာဇီအဖြဲ ့ဝင္တစ္ဦးျဖစ္တဲ့ လီနာဗြန္ေအာ္စတန္နဲ႔ ခ်စ္ၾကိဳက္ခဲ့ပါတယ္။ လီနာနဲ႔ ခ်စ္ၾကိဳက္ေနစဥ္မွာ သူ႔႔ရည္းစားေဟာင္းတစ္ဦး(စစ္သေဘာၤတည္ေဆာက္ေရးညြန္ၾကားေရးမွဴးရဲ့ သမီးျဖစ္သူက)ေဟးဒရပ္ဟာသူမနဲ႔႔ လူသိရွင္ၾကားတြဲျပီးကာမွ လက္ထပ္ရန္ျငင္းဆိုခဲ့တယ္လုိ႔ တိုင္ၾကားခဲ့ပါတယ္။ ေဟးဒရပ္မွာ အျပစ္ရွိေၾကာင္းေတြ ့ရွိခဲ့တာေၾကာင့္ ေရတပ္ကေနထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။ သူကေတာ့ လီနာကိုပဲလက္ထပ္ယူခဲ့ပါတယ္။

ေရတပ္ကေနထြက္ခဲ့ရတဲ့ ေဟးဒရပ္ဟာ မၾကာခင္မွာပဲနာဇီပါတီရဲ့ တန္ျပန္ေထာက္လွမ္းေရးအဖြဲ ့(SS)အဖြဲ ့ဝင္တစ္ဦးျဖစ္လာခဲ့တာပါ။ သူဟာ ဟစ္တလာရဲ႕လက္ရံုးတစ္ဆူျဖစ္တဲ့ (SS)အျကီးအကဲ ဟင္းမလားနဲ ့ေတြ ့ဆံုခြင့္ရရွိျပီးတဲ့ေနာက္ သူရဲ့နုိင္ငံေရးခံယူခ်က္ကို ဟင္းမလားကသေဘာက်သြားတာေၾကာင့္ ယင္းအဖြဲ႔အၾကီးအမွဴးအျဖစ္ ခန္႔အပ္ျခင္းခံခဲ့ရပါတယ္။ ေဟးဒရပ္ရဲ့အဓိကတာဝန္ကေတာ့ နာဇီပါတီရဲ့ ျပိဳင္ဘက္ႏုိင္ငံေရးသမားေတြရဲ႕ အားနည္းခ်က္ကို လိုက္လံရွာေဖြေရးနဲ႔ ဟစ္တလာရဲ့အာ ဏာရယူေရးလမ္းေၾကာင္းကို ပိုမိုျမန္ဆန္ေအာင္ ေထာက္ပ့ံေပးဖို႔အတြက္သာျဖစ္ပါတယ္။

၁၉၃၃မွာေတာ့ဟစ္တလာ ဂ်ာမနီရဲ့အဓိပတိျဖစ္လာတဲ့အခါ ဟင္းမလားဟာျမဴးနစ္ျမိဳ႔ရဲ့ ရဲအရာရွိခ်ဳပ္ျဖစ္လာခဲ့ပါတယ္။ ေဟးဒရပ္ကေတာ့ ႏိုင္ငံေရးနဲ႔ ပတ္သတ္တဲ့အမႈေတြကို ကိုင္တြယ္ရတဲ့ အမွတ္(၄)ရဲတပ္ဖြဲ႔ အႀကီးအကဲျဖစ္လာပါတယ္။ ေဟးဒရပ္ဟာ သူဆရာျဖစ္တဲ့ ဟင္းမလားထက္ (၄)ႏွစ္တိတိငယ္ပါတယ္။ သူတို႔ဆရာတပည့္ႏွစ္ဦးဟာ တက္ညီလက္ညီနဲ႔ ဟစ္တလာရဲ့ ႏိုင္ငံေရးအတိုက္အခံေတြကို ရက္ရက္စက္စက္ ဖယ္ရွားခဲ့ၾကတာမို႔ ဟစ္တလာရဲ့ အထူးယံုၾကည္ျခင္းကို ခံခဲ့ရသူေတြျဖစ္ပါတယ္။ မၾကာမီမွာပဲေဟးဒရပ္ဟာ ဂ်ာမန္ေထာက္လွမ္းေရးအဖြဲ႔(SD)ရဲ့ အၾကီးအကဲျဖစ္လာပါတယ္။ ၁၉၃၄ခုႏွစ္မွာေတာ့ သူဟာတန္ျပန္ေထာက္လွမ္းေရးဌာန(SS)ရဲ့ အႀကီးအကဲ ျဖစ္လာျပန္ပါတယ္။

နာဇီပါတီရဲ႕ ခါးပိုက္ေဆာင္တပ္ေတြျဖစ္တဲ့ (SS) နဲ႔ (SD)အဖြဲ႔ေတြမွာ အလွည့္က်တာဝန္ထမ္းေဆာင္ရင္း အေၾကာက္တရားနဲ႔ ဂ်ာမနီနိုင္ငံကို ဟစ္တလာအလိုက် တိုက္ရိုက္အေကာင္အထည္ ေဖာ္ႏုိင္ခဲ့ပါတယ္။၁၉၃၆ခုႏွစ္မွာေတာ့ ဟင္းမလားဟာ ဂ်ာမနီနိုင္ငံရဲ့ စစ္တပ္မဟုတ္ေသာ လက္နက္ကိုင္အားလံုးရဲ့ ေခါင္းေဆာင္ျဖစ္လာခဲ့ျပီး ေဟးဒရပ္ကေတာ့ ဂ်ာမန္ရဲတပ္ဖြဲ႔(Gestapo)နဲ႔ မႈခင္းရဲတပ္ဖြဲ႔ေတြကို ကိုင္တြယ္ခြင့္ရခဲ့ပါတယ္။

၁၉၃၈ခုႏွစ္မွာျပဳလုပ္ခဲ့တဲ့ ပုဂၢိဳလ္ေရးဆန္ဆန္နဲ႔ လူမ်ိဳးေရးခြဲျခားမႈကို အေျခခံထားတဲ့ ဂ်ာမန္စစ္တပ္တြင္းသန္႔ရွင္ေရး Missionေတြကိုဦးေဆာင္ခဲ့သူဟာ ေဟးဒရပ္ပဲျဖစ္ခဲ့ျပန္ပါတယ္။ ဒီနည္းကိုစတာလင္ကဆိုဗီယက္တပ္နီေတြမွာလည္း က်င့္သံုးခဲ့ပါတယ္။ ဒီမစ္ရွင္မွာ ေဟးဒရပ္ဟာ ဂ်ာမနီထိပ္တန္းစစ္ေခါင္းေဆာင္ ရာနဲ႔ခ်ီျပီး အက်ဥ္းခ်ခဲ့ပါတယ္။ ၁၉၃၈ခုႏွစ္ ႏုိဝင္ဘာမွာျဖစ္ပြားခဲ့တဲ့ kristallnacht ျဖစ္စဥ္မွာ သူဟာ ဂ်ဴလူမ်ိဳးေထာင္ေပါင္းမ်ားစြာကို သူတို႔အေျခစိုက္စခန္း ေနအိမ္ေတြကေန Ghettos စခန္းေတြဆီ အဓမၼပို႔ေဆာင္ဖို႔ အမိန္႔ေပးခဲ့တာပါ။

၁၉၃၉မွာေတာ့ သူဟာ ဂ်ာမန္လံုျခံဳေရးအဖြဲ အၾကီးအကဲျဖစ္လာပါတယ္။Gleiwitz ေရဒီယိုအသံလြင့္ဌာန တိုက္ခိုက္ခံရျခင္းကို အေၾကာင္းျပျပီး ပိုလန္နိုင္ငံကို၀င္ေရာက္တိုက္ခိုက္တဲ့အခါမွာလည္း တစ္ဖက္ကေန အသံလြင့္ဌာနကို ဝင္ေရာက္တိုက္ခိုက္ရန္အမိန္႔ေပးခဲ့သူက ေဟးဒရပ္ပဲျဖစ္ေနပါတယ္။ ေဟးဒရပ္နဲ႔ အေဒါ့အုိက္ခမန္းတို႔က ဦးေဆာင္ျပီး ဂ်ာမနီနဲ႔ ၾသစတီးယားက ဂ်ဴးေတြကိုပိုလန္ နိုင္ငံထဲမွာရွိတဲ့ Ghettos စစ္ေဆးေရးစခန္းေတြဆီ အဓမၼပို႔ေဆာင္ေစခဲ့ပါတယ္။

ဒီစခန္းေတြမွာ ဥေရာပတစ္ခြင္က ဂ်ဴးလူမ်ိဳးသန္းနဲ႔ခ်ီ စုစည္းထားျပီး အစုလိုက္အျပံဳလိုက္သက္ျဖတ္တဲ့ Einsatzgruppen လို လူသက္အဖြဲ႔မ်ားကိုလည္း ေဟးဒရပ္ကိုယ္တိုင္ဖြ႔ဲစည္းေပးခဲ့တာပါ။ ဒါအျပင္ Ghettos စခန္းေတြမွာ ဂ်ာမန္ေတြရဲ့ အာဏာသက္ေရာက္ဖို႔ Judenrate(ဂ်ဴးလူမ်ိဳးေကာင္စီ)ေတြကို ဖြဲ႔စည္းရန္ခြင့္ျပဳ ခဲ့ပါတယ္။ ဒါအျပင္ ပိုလန္နိုင္ငံရွိ Nisko နဲ Lublin ေဒသေတြကို ဂ်ဴးေတြရဲ့သီးသန္႔ေနရာအျဖစ္ သတ္မွတ္ေပးဖို႔နဲ႔ ဥေရာပတိုက္တစ္ခုလံုးက ဂ်ဴးေတြကို အိႏၵိယသမုဒၵရာထဲက မာဒါဂါစကာက်ြန္းကို နယ္ႏွင္ဒဏ္ေပးရန္ အဆိုျပဳခဲ့ေပမယ့္ ဟစ္တလာက သူ႔အစီစဥ္ကိုလက္မခံခဲ့ပါဘူး။

သမိုင္းပညာရွင္ေတြကေတာ့ ေဟးဒရပ္ရဲ့ျဖစ္မလာႏုိင္တဲ့အစီစဥ္ေတြဟာ နာဇီေတြက ဂ်ဴးလူမ်ိဳးေတြကို ပိုမိုသတ္ျဖတ္ရန္ တြန္းအားေပးေနသလိုျဖစ္ေနခဲ့တယ္ လို႔ယံုၾကည္ခဲ့တာပါ။၁၉၄၁ ခုႏွစ္ ဇူလိုင္လမွာေတာ့ နာဇီပါတီရဲ့ ဒုတိယအာဏာအရွိဆံုးျဖစ္တဲ့ ဂိုအာရင္းဟာ ဂ်ာမန္လက္ေအာက္ခံနယ္ေျမေတြရွိ ဂ်ဴးလူမ်ိဳးအားလံုးကို သုတ္သင္ရန္ ေဟးဒရပ္ကို တာဝန္ေပခဲ့ပါတယ္။ Final Solution လို႔ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့ လူသက္စီမံကိန္းေအာင္ျမင္ရန္ လိုအပ္တဲ့အုပ္ခ်ဳပ္ေရးအာဏာအားလံုး ေဟးဒရပ္ထံအပ္ႏွင္းခဲ့ပါတယ္။

၁၉၄၂ခုႏွစ္ ဇန္နဝါရီ္လ မွာေဟးဒရပ္ဟာဘာလင္ၿမိဳ႕မွာ႐ွိတဲ့ ဝမ္ဆီးအရပ္မွာ ညီလာခံတစ္ခုက်င္းပၿပီး ဒီညီလာခံမွာ ဂ်ဴးလူမ်ိဳးအားလံုးကို အျမစ္ျဖဳတ္မဲ့အေသးစိတ္အစီစဥ္ေတြကိုခ်ျပခဲ့ပါတယ္။ ကမာၻေက်ာ္ ငရဲစခန္းေတြျဖစ္တဲ့ ေအာ့ဇဝတ္ ဘူခ်န္ေဝါ ေဟာ္သည္ဇင္စတဲ့ လူသတ္စခန္းေတြဟာ ဒီညီလာခံကေနေပါက္ဖြားလာခဲ့တာပါ။ ၁၉၄၁ခုႏွစ္မွာေတာ့ ေဟးဒရပ္ကို Behemia နဲ႔ Moravia(ယခုခ်က္ကိုစလိုဗားကီးယား)ရဲ႕ အာဏာပိုင္အုပ္ခ်ဳပ္ေရးမႉးအျဖစ္ ခန္႔အပ္ခဲ့ပါတယ္။

သူရဲ႕တာဝန္ကေတာ့ ဒုတိယကမာၻစစ္ ဆင္ႏြဲေနတဲ့နာဇီတပ္ေတြလိုအပ္တဲ့ စစ္လက္နက္ကိရိယာ ရိကၡာေတြကို အလ်င္မီေအာင္ ထုတ္လုပ္ေပးႏိုင္ရန္ နဲ႔ နာဇီပါတီကိုဆန္႔က်င္သူမ်ားကို အျမစ္ျပတ္ေခ်မူန္းရန္ပဲျဖစ္ပါတယ္။ သူဟာ ခ်က္ကိုစလိုဗားကီးယားရဲ႕စီးပြားေရးအားလံုးကိုခ်ဳပ္ကိုင္ၿပီး ဟစ္တလာအလို႐ွိသလို ေဆာင္ရြက္ႏိုင္ခဲ့တဲ့အျပင္ ႏိုင္ငံရဲ႕လူမူေရး ယဥ္ေက်းမႈ တို႔ကို စနစ္တက်ဖ်က္ဆီးႏိုင္ခဲ့ပါတယ္။

မၾကာခင္မွာပဲ နာဇီေခါင္းေဆာင္ဟစ္တလာ အားထားရတဲ့ ေဟးဒရပ္ရဲ႕ ေနာက္ဆံုးေန႔ရက္ေတြ ေရာက္႐ွိလာခဲ့ပါတယ္။ ၁၉၄၂ခုႏွစ္ ေမလ ၂၇မွာေတာ့ ေဟးဒရပ္ဟာ ကိုယ္ရံေတာ္စစ္သည္မ်ား လိုက္ပါျခင္းမျပဳေစပဲ ဟစ္တလာနဲ႔ ေတြဖုိ႔ ဂ်ာမနီႏိုင္ငံကိုကားနဲ႔ သြားေရာက္ခဲ့ပါတယ္။ အဲဒီအခ်ိန္မွာပဲ သူ႔ကိုလုပ္ၾကံရန္ လ်ိဳ႕ဝွက္ေရာက္႐ွိေနတဲ့ ခ်က္လူမ်ိဳးလက္ေရြးစင္စစ္သည္ႏွစ္ဦးျဖစ္တဲ့ ကူဘစ္နဲ႔ ဂက္ဆစ္တို႔ရဲ႕ တိုက္ခိုက္မႈကိုခံရၿပီး ျပင္းထန္စြာဒဏ္ရာရ႐ွိသြားခဲ့ပါတယ္။

ေဟးဒရပ္ရဲ႕ဝမ္းဗိုက္ကို ဗံုးစမွန္ခဲ့တာေၾကာင့္ ပရက္ၿမိဳ႕ေဆးရံုကို တက္ေရာက္ကုသခဲ့ေပမယ့္ ဒဏ္ရာျပင္းထန္တာေၾကာင့္ ဇြန္လ ၄ရက္ေန႔မွာ ကြယ္လြန္သြားခဲ့ပါတယ္။ သူေသဆံုးတာကို ကလဲ့စားေခ်တဲ့အေနနဲ႔ ဟစ္တလာရဲ႕အမိန္႔အရ ေဟးဒရစ္ရဲ႕ Gestapo တပ္ဖြဲ႔ဝင္ေတြဟာ Lidice ေက်းရြာမွာ႐ွိတဲ့ ရာေပါင္းမ်ားစြာေသာ ခ်က္လူမ်ိဳးေတြကို တစ္ရြာလံုးနီးပါးသတ္ျဖတ္ခဲ့ၾကပါေတာ့တယ္။

—————————–

ဟစ်တလာရဲ့လက်ရုံး လက်မရွံ့ဗိုလ်ချုပ်တစ်ဦး (သို့) ရိန်းဟတ်ဟေး (unicode)

နာဇီ လို့ ဆိုလိုက်တာနဲ့ ကျွန်တော်တို့အများစုသိကြတာကတော့ ဟစ်တလာ နဲ့ သူ့ရဲ့ဗိုလ်ချုပ်ကြီးဟင်းမလား ဖြစ်ပါတယ်။ ဟင်းမလားထက် ပိုရက်စက်တယ်လို့ နာမည်ကြီးတဲ့သူကတော့ ဗိုလ်ချုပ်ရိန်းဟတ်ဟေး ဖြစ်ပါတယ်။ အခုမျှဝေမှာကတော့ သူ့ရဲ့အကြောင်းပါ။

Reinhard Tristan Eugen Heydrich ဟာ နာဇီခေါင်းဆောင်ဟစ်တလာ ရဲ့ အားထားရတဲ့ ဗိုလ်ချုပ်တစ်ဦးဖြစ်ပါတယ်။ နာဇီဂျာမနီရဲ့လုံခြုံရေးနဲ့ ထောက်လှမ်းရေးအဖွဲ့(SS)ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ရိန်းဟတ်ဟေးဒရပ်ဟာ (Butcher of Prague)ပရက်ဂ်မြို့ရဲ့ သားသတ်သမားလို့ အမည်တွင်တဲ့အထိ ရက်စက်ခဲ့သူဖြစ်ခဲ့တာပါ။ ဒုတိယကမ္ဘာစစ်ရဲ့ အရက်စက်ဆုံးသောစစ်ခေါင်းဆောင်တွေထဲက တစ်ဦးအပါအဝင်ဖြစ်ပြီး ဂျူးလူမျိုးများကို အစုလိုက်အပြုံလိုက်သတ်ခဲ့တဲ့ Holocaust ဖြစ်စဉ်ကို အဓိကကြိုးကိုင်ခဲ့သူပါ။

ဂျာမနီနိုင်ငံရဲ့ အာဏာကို ဟစ်တလာလက်ထဲရောက်ရှိအောင် အဓိကဝန်းရံပေးခဲ့သူတွေထဲကတစ်ဦးဖြစ်ပြီး ဂျာမနီတို့ အုပ်စိုးခဲ့တဲ့ဒေသတိုင်းကို သုသာန်တစ်စပြင်ဖြစ်သွားအောင် ဖန်တီးနိုင်ခဲ့သူဖြစ်ပါတယ်။သူကြောင့်လူသိန်းနဲ့ချီ သေဆုံးခဲ့ရပြီးသန်းနဲ့ချီဒုက္ခရောက်ခဲ့ရကြပါတယ်။ အံ့ဩသင့်စရာကောင်းတာကတော့ လူမဆန်တဲ့လူသတ်ပွဲများစွာ ဖန်တီးခဲ့တဲ့ ရိန်းဟတ်ဟေးဒရပ်ဟာ နူးညံ့တဲ့ အနုပညာရှင်တစ်
ယောက်ဖြစ်နေတာပါပဲ။ သူငယ်ငယ်က ဂီတကို အလွန်ဝါသနာပါခဲ့ပြီး ၆နှစ်သားမှာတင် တယောထိုးတာနဲ့ ပီယာနိုကို ကျွ်မ်းကျွမ်းကျင်တီးတတ်ခဲ့တယ်။ နည်းနည်းကြီးလာတော့ သူ့ဟာ သိပ္ပံပညာရပ်တွေကို အလွန်စိတ်ဝင်စားပြီး သူ့အိပ်မက်က ဓာတုဗေဒပညာရှင်ဖြစ်ပါသတဲ့။  နောက်ဝါသနာကတော့ စုံထောက်ဝထ္ထုတွေကို အလွန်အမင်းနှစ်သက်ခြင်းပါ။ သူဟာ ရေကူးကျွမ်းကျင်သူ နဲ့ ဓားသိုင်းကျွမ်းကျင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။

သူကို ၁၉၀၄ခုနှစ် မတ်လ(၇)ရက်နေ့က ဂျာမနီနိုင်ငံ ဟော်လေးမြို့မှာ အနုပညာရှင်တွေဖြစ်ကြတဲ့ သီချင်းရေးဆရာ အော်ပရာအဆိုတော် ရစ်ချက်ဘရူနို ဟေးဒရက်နဲ့ အဲလိဇဘတ်ဟေးဒရပ် တို့က မွေးဖွားခဲ့ပါတယ်။သူဟာ ၁၉၁၉ခုနှစ်မှာ ဂျာမန်အမျိုးသားကာကွယ်ရေးအဖွဲ့ချုပ်နဲ့ ဂျုးဆန့်ကျင်ရေးအဖွဲ့Freikorpsအဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့ပါတယ်။၁၉၂၂ ခုနှစ်မှာတော့ ဂျာမန်ရေတပ်မှာ စတင်အမှုထမ်းခဲ့ပါတယ်။ ဂျာမန်ရေတပ်မှာ တာဝန်ထမ်းဆောင်နေရင်း နာဇီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လီနာဗွန်အော်စတန်နဲ့ ချစ်ကြိုက်ခဲ့ပါတယ်။ လီနာနဲ့ ချစ်ကြိုက်နေစဉ်မှာ သူ့ရည်းစားဟောင်းတစ်ဦး(စစ်သဘောၤတည်ဆောက်ရေးညွန်ကြားရေးမှူးရဲ့ သမီးဖြစ်သူက)ဟေးဒရပ်ဟာသူမနဲ့ လူသိရှင်ကြားတွဲပြီးကာမှ လက်ထပ်ရန်ငြင်းဆိုခဲ့တယ်လို့ တိုင်ကြားခဲ့ပါတယ်။ ဟေးဒရပ်မှာ အပြစ်ရှိကြောင်းတွေ့ရှိခဲ့တာကြောင့် ရေတပ်ကနေထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ သူကတော့ လီနာကိုပဲလက်ထပ်ယူခဲ့ပါတယ်။

ရေတပ်ကနေထွက်ခဲ့ရတဲ့ ဟေးဒရပ်ဟာ မကြာခင်မှာပဲနာဇီပါတီရဲ့ တန်ပြန်ထောက်လှမ်းရေးအဖွဲ့(SS)အဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့တာပါ။ သူဟာ ဟစ်တလာရဲ့လက်ရုံးတစ်ဆူဖြစ်တဲ့ (SS)အကြီးအကဲ ဟင်းမလားနဲ့တွေ့ဆုံခွင့်ရရှိပြီးတဲ့နောက် သူရဲ့နိုင်ငံရေးခံယူချက်ကို ဟင်းမလားကသဘောကျသွားတာကြောင့် ယင်းအဖွဲ့အကြီးအမှူးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ ဟေးဒရပ်ရဲ့အဓိကတာဝန်ကတော့ နာဇီပါတီရဲ့ ပြိုင်ဘက်နိုင်ငံရေးသမားတွေရဲ့ အားနည်းချက်ကို လိုက်လံရှာဖွေရေးနဲ့ ဟစ်တလာရဲ့အာ ဏာရယူရေးလမ်းကြောင်းကို ပိုမိုမြန်ဆန်အောင် ထောက်ပံ့ပေးဖို့အတွက်သာဖြစ်ပါတယ်။

၁၉၃၃မှာတော့ဟစ်တလာ ဂျာမနီရဲ့အဓိပတိဖြစ်လာတဲ့အခါ ဟင်းမလားဟာမြူးနစ်မြို့ရဲ့ ရဲအရာရှိချုပ်ဖြစ်လာခဲ့ပါတယ်။ ဟေးဒရပ်ကတော့ နိုင်ငံရေးနဲ့ ပတ်သတ်တဲ့အမှုတွေကို ကိုင်တွယ်ရတဲ့ အမှတ်(၄)ရဲတပ်ဖွဲ့ အကြီးအကဲဖြစ်လာပါတယ်။ ဟေးဒရပ်ဟာ သူဆရာဖြစ်တဲ့ ဟင်းမလားထက် (၄)နှစ်တိတိငယ်ပါတယ်။ သူတို့ဆရာတပည့်နှစ်ဦးဟာ တက်ညီလက်ညီနဲ့ ဟစ်တလာရဲ့ နိုင်ငံရေးအတိုက်အခံတွေကို ရက်ရက်စက်စက် ဖယ်ရှားခဲ့ကြတာမို့ ဟစ်တလာရဲ့ အထူးယုံကြည်ခြင်းကို ခံခဲ့ရသူတွေဖြစ်ပါတယ်။ မကြာမီမှာပဲဟေးဒရပ်ဟာ ဂျာမန်ထောက်လှမ်းရေးအဖွဲ့(SD)ရဲ့ အကြီးအကဲဖြစ်လာပါတယ်။ ၁၉၃၄ခုနှစ်မှာတော့ သူဟာတန်ပြန်ထောက်လှမ်းရေးဌာန(SS)ရဲ့ အကြီးအကဲ ဖြစ်လာပြန်ပါတယ်။

နာဇီပါတီရဲ့ ခါးပိုက်ဆောင်တပ်တွေဖြစ်တဲ့ (SS) နဲ့ (SD)အဖွဲ့တွေမှာ အလှည့်ကျတာဝန်ထမ်းဆောင်ရင်း အကြောက်တရားနဲ့ ဂျာမနီနိုင်ငံကို ဟစ်တလာအလိုကျ တိုက်ရိုက်အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။၁၉၃၆ခုနှစ်မှာတော့ ဟင်းမလားဟာ ဂျာမနီနိုင်ငံရဲ့ စစ်တပ်မဟုတ်သော လက်နက်ကိုင်အားလုံးရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့ပြီး ဟေးဒရပ်ကတော့ ဂျာမန်ရဲတပ်ဖွဲ့(Gestapo)နဲ့ မှုခင်းရဲတပ်ဖွဲ့တွေကို ကိုင်တွယ်ခွင့်ရခဲ့ပါတယ်။

၁၉၃၈ခုနှစ်မှာပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ရေးဆန်ဆန်နဲ့ လူမျိုးရေးခွဲခြားမှုကို အခြေခံထားတဲ့ ဂျာမန်စစ်တပ်တွင်းသန့်ရှင်ရေး Missionတွေကိုဦးဆောင်ခဲ့သူဟာ ဟေးဒရပ်ပဲဖြစ်ခဲ့ပြန်ပါတယ်။ ဒီနည်းကိုစတာလင်ကဆိုဗီယက်တပ်နီတွေမှာလည်း ကျင့်သုံးခဲ့ပါတယ်။ ဒီမစ်ရှင်မှာ ဟေးဒရပ်ဟာ ဂျာမနီထိပ်တန်းစစ်ခေါင်းဆောင် ရာနဲ့ချီပြီး အကျဉ်းချခဲ့ပါတယ်။ ၁၉၃၈ခုနှစ် နိုဝင်ဘာမှာဖြစ်ပွားခဲ့တဲ့ kristallnacht ဖြစ်စဉ်မှာ သူဟာ ဂျူလူမျိုးထောင်ပေါင်းများစွာကို သူတို့အခြေစိုက်စခန်း နေအိမ်တွေကနေ Ghettos စခန်းတွေဆီ အဓမ္မပို့ဆောင်ဖို့ အမိန့်ပေးခဲ့တာပါ။

၁၉၃၉မှာတော့ သူဟာ ဂျာမန်လုံခြုံရေးအဖွဲ အကြီးအကဲဖြစ်လာပါတယ်။Gleiwitz ရေဒီယိုအသံလွင့်ဌာန တိုက်ခိုက်ခံရခြင်းကို အကြောင်းပြပြီး ပိုလန်နိုင်ငံကိုဝင်ရောက်တိုက်ခိုက်တဲ့အခါမှာလည်း တစ်ဖက်ကနေ အသံလွင့်ဌာနကို ဝင်ရောက်တိုက်ခိုက်ရန်အမိန့်ပေးခဲ့သူက ဟေးဒရပ်ပဲဖြစ်နေပါတယ်။ ဟေးဒရပ်နဲ့ အဒေါ့အိုက်ခမန်းတို့က ဦးဆောင်ပြီး ဂျာမနီနဲ့ ဩစတီးယားက ဂျူးတွေကိုပိုလန် နိုင်ငံထဲမှာရှိတဲ့ Ghettos စစ်ဆေးရေးစခန်းတွေဆီ အဓမ္မပို့ဆောင်စေခဲ့ပါတယ်။

ဒီစခန်းတွေမှာ ဥရောပတစ်ခွင်က ဂျူးလူမျိုးသန်းနဲ့ချီ စုစည်းထားပြီး အစုလိုက်အပြုံလိုက်သက်ဖြတ်တဲ့ Einsatzgruppen လို လူသက်အဖွဲ့များကိုလည်း ဟေးဒရပ်ကိုယ်တိုင်ဖွဲ့စည်းပေးခဲ့တာပါ။ ဒါအပြင် Ghettos စခန်းတွေမှာ ဂျာမန်တွေရဲ့ အာဏာသက်ရောက်ဖို့ Judenrate(ဂျူးလူမျိုးကောင်စီ)တွေကို ဖွဲ့စည်းရန်ခွင့်ပြု ခဲ့ပါတယ်။ ဒါအပြင် ပိုလန်နိုင်ငံရှိ Nisko နဲ Lublin ဒေသတွေကို ဂျူးတွေရဲ့သီးသန့်နေရာအဖြစ် သတ်မှတ်ပေးဖို့နဲ့ ဥရောပတိုက်တစ်ခုလုံးက ဂျူးတွေကို အိန္ဒိယသမုဒ္ဒရာထဲက မာဒါဂါစကာကျွန်းကို နယ်နှင်ဒဏ်ပေးရန် အဆိုပြုခဲ့ပေမယ့် ဟစ်တလာက သူ့အစီစဉ်ကိုလက်မခံခဲ့ပါဘူး။

သမိုင်းပညာရှင်တွေကတော့ ဟေးဒရပ်ရဲ့ဖြစ်မလာနိုင်တဲ့အစီစဉ်တွေဟာ နာဇီတွေက ဂျူးလူမျိုးတွေကို ပိုမိုသတ်ဖြတ်ရန် တွန်းအားပေးနေသလိုဖြစ်နေခဲ့တယ် လို့ယုံကြည်ခဲ့တာပါ။၁၉၄၁ ခုနှစ် ဇူလိုင်လမှာတော့ နာဇီပါတီရဲ့ ဒုတိယအာဏာအရှိဆုံးဖြစ်တဲ့ ဂိုအာရင်းဟာ ဂျာမန်လက်အောက်ခံနယ်မြေတွေရှိ ဂျူးလူမျိုးအားလုံးကို သုတ်သင်ရန် ဟေးဒရပ်ကို တာဝန်ပေခဲ့ပါတယ်။ Final Solution လို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လူသက်စီမံကိန်းအောင်မြင်ရန် လိုအပ်တဲ့အုပ်ချုပ်ရေးအာဏာအားလုံး ဟေးဒရပ်ထံအပ်နှင်းခဲ့ပါတယ်။

၁၉၄၂ခုနှစ် ဇန်နဝါရီ်လ မှာဟေးဒရပ်ဟာဘာလင်မြို့မှာရှိတဲ့ ဝမ်ဆီးအရပ်မှာ ညီလာခံတစ်ခုကျင်းပပြီး ဒီညီလာခံမှာ ဂျူးလူမျိုးအားလုံးကို အမြစ်ဖြုတ်မဲ့အသေးစိတ်အစီစဉ်တွေကိုချပြခဲ့ပါတယ်။ ကမ္ဘာကျော် ငရဲစခန်းတွေဖြစ်တဲ့ အော့ဇဝတ် ဘူချန်ဝေါ ဟော်သည်ဇင်စတဲ့ လူသတ်စခန်းတွေဟာ ဒီညီလာခံကနေပေါက်ဖွားလာခဲ့တာပါ။ ၁၉၄၁ခုနှစ်မှာတော့ ဟေးဒရပ်ကို Behemia နဲ့ Moravia(ယခုချက်ကိုစလိုဗားကီးယား)ရဲ့ အာဏာပိုင်အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခဲ့ပါတယ်။ သူရဲ့တာဝန်ကတော့ ဒုတိယကမ္ဘာစစ် ဆင်နွဲနေတဲ့နာဇီတပ်တွေလိုအပ်တဲ့ စစ်လက်နက်ကိရိယာ ရိက္ခာတွေကို အလျင်မီအောင် ထုတ်လုပ်ပေးနိုင်ရန် နဲ့ နာဇီပါတီကိုဆန့်ကျင်သူများကို အမြစ်ပြတ်ချေမူန်းရန်ပဲဖြစ်ပါတယ်။ သူဟာ ချက်ကိုစလိုဗားကီးယားရဲ့စီးပွားရေးအားလုံးကိုချုပ်ကိုင်ပြီး ဟစ်တလာအလိုရှိသလို ဆောင်ရွက်နိုင်ခဲ့တဲ့အပြင် နိုင်ငံရဲ့လူမူရေး ယဉ်ကျေးမှု တို့ကို စနစ်တကျဖျက်ဆီးနိုင်ခဲ့ပါတယ်။

မကြာခင်မှာပဲ နာဇီခေါင်းဆောင်ဟစ်တလာ အားထားရတဲ့ ဟေးဒရပ်ရဲ့ နောက်ဆုံးနေ့ရက်တွေ ရောက်ရှိလာခဲ့ပါတယ်။ ၁၉၄၂ခုနှစ် မေလ ၂၇မှာတော့ ဟေးဒရပ်ဟာ ကိုယ်ရံတော်စစ်သည်များ လိုက်ပါခြင်းမပြုစေပဲ ဟစ်တလာနဲ့ တွေဖို့ ဂျာမနီနိုင်ငံကိုကားနဲ့ သွားရောက်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ သူ့ကိုလုပ်ကြံရန် လျို့ဝှက်ရောက်ရှိနေတဲ့ ချက်လူမျိုးလက်ရွေးစင်စစ်သည်နှစ်ဦးဖြစ်တဲ့ ကူဘစ်နဲ့ ဂက်ဆစ်တို့ရဲ့ တိုက်ခိုက်မှုကိုခံရပြီး ပြင်းထန်စွာဒဏ်ရာရရှိသွားခဲ့ပါတယ်။ဟေးဒရပ်ရဲ့ဝမ်းဗိုက်ကို ဗုံးစမှန်ခဲ့တာကြောင့် ပရက်မြို့ဆေးရုံကို တက်ရောက်ကုသခဲ့ပေမယ့် ဒဏ်ရာပြင်းထန်တာကြောင့် ဇွန်လ ၄ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူသေဆုံးတာကို ကလဲ့စားချေတဲ့အနေနဲ့ ဟစ်တလာရဲ့အမိန့်အရ ဟေးဒရစ်ရဲ့ Gestapo တပ်ဖွဲ့ဝင်တွေဟာ Lidice ကျေးရွာမှာရှိတဲ့ ရာပေါင်းများစွာသော ချက်လူမျိုးတွေကို တစ်ရွာလုံးနီးပါးသတ်ဖြတ်ခဲ့ကြပါတော့တယ်။

Leave a Reply