သဲေသာင္ျပင္ေပၚရွိ လိပ္ဥမ်ား (သုိ႔) အဟိတ္တိရစာၦန္ရဲ႕ မိခင္ေမတၱာ

Posted on

မ၊ သတၱဝါတို႕၏ ေမတၱာတရား အားၾကီးတတ္ပုံကို လိပ္မတို႕၏ သဘာဝျဖင့္လည္း သိႏိုင္ေပသည္။ ပင္လယ္လိပ္တို႔၏ သဘာဝမွာ ေရထဲတြင္အေနမ်ား၏။ သို႔ေသာ္ ဥ ဥေသာအခါတြင္မူ ေရတြင္ဥေလ့ မရွိေပ။ သဲေပါေသာ ကမ္းစပ္၌ ျဖစ္ေစ ၊ လူသူမေရာက္ေသာ ကြ်န္းမ်ား၌ျဖစ္ေစ ဥမ်ားကိုဥေလ့ရွိသည္။ ဤသို႔လာသည့္အခါ မ်ား၌ လိပ္မသည္ အလြန္လသာေသာညဥ့္မ်ားကို ေ႐ြးခ်ယ္ၿပီးလၽွင္ ေရမွ တက္လာသည္ႏွင့္တစ္ၿပိဳင္နက္ အနီးပတ္ဝန္းက်င္သို႔ သတိႀကီးစြာျဖင့္ၾကည့္ ၿပီးမွ ရန္သူမ်ားထြက္ေျပးေစရန္ ေႁမြကဲ့သို႔က်ယ္ေလာင္စြာ တြန္ျမည္သည္။

ကုန္းသို႔ေရာက္လၽွင္ ဒီေရမမီေသာေနရာ၊ ေျခာက္ေသြ႕ေသာ ေနရာကို ေ႐ြးခ်ယ္ၿပီးေသာ္ ခဏနားသည္။ ထုိ႔ေနာက္ ေရွ႕လက္ျပားမ်ားျဖင့္ ေျမကိုတူးဆြျခင္း၊ ေနာက္ ေျချဖင့္ က်စ္စာမ်ားကို ယက္ထုတ္ျခင္းတို႔ျဖင့္ တြင္းကို တတ္ႏုိင္သေလာက္ အတန္က်ယ္ၿပီး နက္စြာ တူးၿပီးေနာက္ ခဏနားျပန္သည္။ ျဖည္းျဖည္းခ်င္းပင္ပန္းႀကီးစြာ တူးရသျဖင့္ ထုိသို႔တူးသည့္အခ်ိန္သည္ နာရီအနည္းငယ္ၾကာတတ္သည္။ ထုိ႔ေနာက္ ထုိတြင္းထဲ၌ ဥေပါင္းတစ္ရာ၊ တစ္ရာေက်ာ္ခန္႔ကိုဥသည္။ ထို႔ေနာက္ ေျမကို ေနသားတက် ျပန္၍ တြင္းကုိ ဖုံးပစ္သည္။

ထုိသုိ႔ ဥဥျခင္းလုပ္ငန္း အလုံးစုံၿပီးေသာအခါ လိပ္မ၏ ဦးေခါင္း ၊ ကုိယ္လုံး ႏွင့္ မ်က္စိတုိ႔တြင္ သဲႏွင့္ အညစ္အေၾကးမ်ား ေပက်ံေနၿပီျဖစ္သည္။ မ်က္လုံးထဲသုိ႔ သဲမ်ား၀င္ျခင္းေၾကာင့္ လိပ္မမ်ားသည္ ထုိအခ်ိန္တြင္ မ်က္ရည္မ်ားစြာထြက္ေလ့ရွိသည္။ သုိ႔ရာတြင္ သူမ၏ လုပ္ငန္းမၿပီးေသး လိပ္ဥသိုက္မွန္း အျခားသူမ်ားမသိေအာင္ အနီးအနားရွိ သစ္ကုိင္း အခက္အလက္မ်ား ေကာက္ရုိးမ်ား သစ္ရြက္မ်ားျဖင့္ ဖုံးအုပ္ေသးသည္။

လုပ္ငန္းအကုန္ၿပီးစီးေသာအခါ လိပ္မႀကီးသည္ ေရထဲသို႔ ျပန္၍ဆင္း၏။ ပင္လယ္လိပ္တုိ႔သည္ ကုန္းေပၚတြင္ၾကာျမင့္စြာ ေနပါက ေသဆုံးသြားမည္ျဖစ္သည္။ ထုိ႔ေၾကာင့္ ယင္းဥတို႔ကို ဝပ္ျခင္းမရွိေပ။ သို႕ေသာ္ ထူးဆန္းသည္မွာ လိပ္မ၏ ေမတၱာေၾကာင့္ ယင္းဥတို႕ ေပါက္ဖြားလာၾကရ၏။ ဥ- ဥေသာ မိခင္လိပ္မၾကီး ေသဆုံးသြားလွ်င္မူ သဲေသာင္ျပင္မွ လိပ္ဥတို႕သည္လည္း လိပ္ေကာင္ေပါက္ကေလးမ်ား အျဖစ္သို႕ ေရာက္မလာေတာ့ဘဲ ပုပ္သိုးပ်က္စီးသြားသည္ဟူ၏။

မိခင္လိပ္မၾကီး၏ အေဝး၌ရွိေသာ လိပ္ဥတို႕သည္ အဘယ္ေၾကာင့္ မိခင္လိပ္မၾကီး အသက္ရွင္ေနမွသာ မပ်က္မစီး ေပါက္ဖြားလာၾကျပီး မိခင္လိပ္မၾကီး ေသဆုံးသြားသည့္အခါတြင္ အဘယ္ေၾကာင့္ လိပ္ဥမ်ား ပုပ္ပ်က္သြားရသနည္း။ လိပ္ဥတို႕သည္ မိခင္လိပ္မၾကီးႏွင့္ ေတြ႕ထိ ဆက္စပ္မူ ကင္းသည္ မဟုတ္ေလာ။ ထို႕ေၾကာင့္ မိခင္လိပ္မၾကီး မရွိေသာ္လည္း ဥအျဖစ္မွ အေကာင္ေပါက္အျဖစ္ ေရာက္လာသင့္ေပသည္။

သို႔ေသာ္ တကယ့္လက္ေတြ႕တြင္ ယင္းသို႕ မျဖစ္ေပ။ ထိုအခ်က္သည္ပင္ မိခင္လိပ္မ၏ ေမတၱာကို နက္နက္႐ိႈင္း႐ိႈင္း ေဖာ္ျပလိုက္ျခင္းျဖစ္သည္။

ဤသို႔လွ်င္ အသိဉာဏ္မရွိေသာ အဟိတ္တိရစာၦန္မတို႔၌ပင္ ၾကီးမားေသာ ေမတၱာတရား ႏူးညံ့သိမ္ေမြ႕ေသာ ေမတၱာတရားတို႔ကို ေတြ႔ရပါက အသိဉာဏ္ရွိ၍ ေကာင္းမူ၊ ဆိုးမူ စသည္တို႕ကို စဥ္းစားဆင္ျခင္ ႏိႈင္းခ်ိန္တတ္ေသာ ဉာဏ္ၾကီးရွင္ လူသားျဖစ္သည့္ အမ်ိဳးသမီးတို႕၌ အဘယ္သို႕လွ်င္ ၾကီးမားႏူးညံ့ေသာ ေမတၱာတရာ မကိန္းေအာင္းဘဲ ရွိပါအံ့နည္း။ အဟိတ္တိရစာၦန္တို႔ထက္ သာလြန္ေသာ ေမတၱာတရားရွိရမည္သာ။ ထို႔ေၾကာင့္ မ ဗီဇျဖစ္ေသာ အမ်ိဳးသမီးတို႕သည္ ေမတၱာဓာတ္ အားၾကီးသူမ်ားျဖစ္ေၾကာင္း အသိအမွတ္ျပဳသင့္လွေပသည္။

” အမ်ိဳးသမီးဘဝႏွင့္ ဗုဒၶအျမင္ ” – အရွင္ေကာလိယ
Wikipedia

————————–

သဲသောင်ပြင်ပေါ်ရှိ လိပ်ဥများ (သို့) အဟိတ်တိရစ္ဆာန်ရဲ့ မိခင်မေတ္တာ (unicode)

မ၊ သတ္တဝါတို့၏ မေတ္တာတရား အားကြီးတတ်ပုံကို လိပ်မတို့၏ သဘာဝဖြင့်လည်း သိနိုင်ပေသည်။ ပင်လယ်လိပ်တို့၏ သဘာဝမှာ ရေထဲတွင်အနေများ၏။ သို့သော် ဥ ဥသောအခါတွင်မူ ရေတွင်ဥလေ့ မရှိပေ။ သဲပေါသော ကမ်းစပ်၌ ဖြစ်စေ ၊ လူသူမရောက်သော ကျွန်းများ၌ဖြစ်စေ ဥများကိုဥလေ့ရှိသည်။ ဤသို့လာသည့်အခါ များ၌ လိပ်မသည် အလွန်လသာသောညဉ့်များကို ရွေးချယ်ပြီးလျှင် ရေမှ တက်လာသည်နှင့်တစ်ပြိုင်နက် အနီးပတ်ဝန်းကျင်သို့ သတိကြီးစွာဖြင့်ကြည့် ပြီးမှ ရန်သူများထွက်ပြေးစေရန် မြွေကဲ့သို့ကျယ်လောင်စွာ တွန်မြည်သည်။

ကုန်းသို့ရောက်လျှင် ဒီရေမမီသောနေရာ၊ ခြောက်သွေ့သော နေရာကို ရွေးချယ်ပြီးသော် ခဏနားသည်။ ထို့နောက် ရှေ့လက်ပြားများဖြင့် မြေကိုတူးဆွခြင်း၊ နောက် ခြေဖြင့် ကျစ်စာများကို ယက်ထုတ်ခြင်းတို့ဖြင့် တွင်းကို တတ်နိုင်သလောက် အတန်ကျယ်ပြီး နက်စွာ တူးပြီးနောက် ခဏနားပြန်သည်။ ထိုသို့တူးသည့်အချိန်သည် နာရီအနည်းငယ်ကြာတတ်သည်။ ထို့နောက် ထိုတွင်းထဲ၌ ဥပေါင်းတစ်ရာ၊ တစ်ရာကျော်ခန့်ကိုဥသည်။ ထို့နောက် မြေကို နေသားတကျ ပြန်၍ တွင်းကို ဖုံးပစ်သည်။

ထိုသို့ ဥဥခြင်းလုပ်ငန်း အလုံးစုံပြီးသောအခါ လိပ်မ၏ ဦးခေါင်း ၊ ကိုယ်လုံး နှင့် မျက်စိတို့တွင် သဲနှင့် အညစ်အကြေးများ ပေကျံနေပြီဖြစ်သည်။ မျက်လုံးထဲသို့ သဲများဝင်ခြင်းကြောင့် လိပ်မများသည် ထိုအချိန်တွင် မျက်ရည်များစွာထွက်လေ့ရှိသည်။ သို့ရာတွင် သူမ၏ လုပ်ငန်းမပြီးသေး လိပ်ဥသိုက်မှန်း အခြားသူများမသိအောင် အနီးအနားရှိ သစ်ကိုင်း အခက်အလက်များ ကောက်ရိုးများ သစ်ရွက်များဖြင့် ဖုံးအုပ်သေးသည်။

လုပ်ငန်းအကုန်ပြီးစီးသောအခါ လိပ်မကြီးသည် ရေထဲသို့ ပြန်၍ဆင်း၏။ ပင်လယ်လိပ်တို့သည် ကုန်းပေါ်တွင်ကြာမြင့်စွာ နေပါက သေဆုံးသွားမည်ဖြစ်သည်။ ထို့ကြောင့် ယင်းဥတို့ကို ဝပ်ခြင်းမရှိပေ။ သို့သော် ထူးဆန်းသည်မှာ လိပ်မ၏ မေတ္တာကြောင့် ယင်းဥတို့ ပေါက်ဖွားလာကြရ၏။ ဥ- ဥသော မိခင်လိပ်မကြီး သေဆုံးသွားလျှင်မူ သဲသောင်ပြင်မှ လိပ်ဥတို့သည်လည်း လိပ်ကောင်ပေါက်ကလေးများ အဖြစ်သို့ ရောက်မလာတော့ဘဲ ပုပ်သိုးပျက်စီးသွားသည်ဟူ၏။

မိခင်လိပ်မကြီး၏ အဝေး၌ရှိသော လိပ်ဥတို့သည် အဘယ်ကြောင့် မိခင်လိပ်မကြီး အသက်ရှင်နေမှသာ မပျက်မစီး ပေါက်ဖွားလာကြပြီး မိခင်လိပ်မကြီး သေဆုံးသွားသည့်အခါတွင် အဘယ်ကြောင့် လိပ်ဥများ ပုပ်ပျက်သွားရသနည်း။ လိပ်ဥတို့သည် မိခင်လိပ်မကြီးနှင့် တွေ့ထိ ဆက်စပ်မူ ကင်းသည် မဟုတ်လော။ ထို့ကြောင့် မိခင်လိပ်မကြီး မရှိသော်လည်း ဥအဖြစ်မှ အကောင်ပေါက်အဖြစ် ရောက်လာသင့်ပေသည်။

သို့သော် တကယ့်လက်တွေ့တွင် ယင်းသို့ မဖြစ်ပေ။ ထိုအချက်သည်ပင် မိခင်လိပ်မ၏ မေတ္တာကို နက်နက်ရှိုင်းရှိုင်း ဖော်ပြလိုက်ခြင်းဖြစ်သည်။

ဤသို့လျှင် အသိဉာဏ်မရှိသော အဟိတ်တိရစ္ဆာန်မတို့၌ပင် ကြီးမားသော မေတ္တာတရား နူးညံ့သိမ်မွေ့သော မေတ္တာတရားတို့ကို တွေ့ရပါက အသိဉာဏ်ရှိ၍ ကောင်းမူ၊ ဆိုးမူ စသည်တို့ကို စဉ်းစားဆင်ခြင် နှိုင်းချိန်တတ်သော ဉာဏ်ကြီးရှင် လူသားဖြစ်သည့် အမျိုးသမီးတို့၌ အဘယ်သို့လျှင် ကြီးမားနူးညံ့သော မေတ္တာတရာ မကိန်းအောင်းဘဲ ရှိပါအံ့နည်း။ အဟိတ်တိရစ္ဆာန်တို့ထက် သာလွန်သော မေတ္တာတရားရှိရမည်သာ။ ထို့ကြောင့် မ ဗီဇဖြစ်သော အမျိုးသမီးတို့သည် မေတ္တာဓာတ် အားကြီးသူများဖြစ်ကြောင်း အသိအမှတ်ပြုသင့်လှပေသည်။

” အမျိုးသမီးဘဝနှင့် ဗုဒ္ဓအမြင် ” – အရှင်ကောလိယ
Wikipedia

Leave a Reply