ရုိေမးနီးယားက နာမည္ေက်ာ္ ဒရက္ကူလာရဲတိုက္ႀကီး

Posted on

႐ိုေမးနီးယားႏိုင္ငံ (Romania) ဟာ ဥေရာပအေရွ႕ေတာင္ပိုင္းနဲ႔ အလယ္ပိုင္း လမ္းဆံုမွာတည္ရွိတယ္၊ ေဘာ္လကန္ကၽြမ္းဆြယ္ေျမာက္ပိုင္း၊ ဒူးနာ့ဘ္ျမစ္ရဲ႕ေအာက္ပိုင္းမွာရိွေနပါတယ္၊ ကာပါသီယန္ ေတာင္ကုန္းေဒသတစ္၀ိုက္အတိုင္းနဲ႔ အျပင္ဘက္မွာရွိၿပီးပင္လယ္နက္က ကာရံထားပါတယ္။ အေနာက္ဘက္မွာ ဆားရ္ဘီးယားနဲ႔ ဟန္ေဂရီက နယ္နမိတ္ထိစပ္ၿပီး အေရွ႕ေျမာက္မွာ ယူကရိန္းနဲ႔ ေမာ္ဒိုဗါျပည္သူ႕သမၼတႏိုင္ငံရွိၿပီး ေတာင္ဘက္မွာ ဘူလ္ေဂးရီးယားႏိုင္ငံတို႔ ရွိၾကတယ္။

ဧရိယာ ၂၃၈၃၉၁ စတုရန္းကီလိုမီတာ ရွိၿပီး ဥေရာပယူနီယံမွာ ကိုးခုေျမာက္အႀကီးဆံုးႏိုင္ငံပါ။ လူဦးေရသန္း ၂၁.၅ သန္းနဲ႔ အီးယူမွာ ခုႏွစ္ခုေျမာက္လူဦးေရမ်ားဆံုးႏိုင္ငံျဖစ္တယ္။ ၿမိဳ႕ေတာ္ ဘူခါရက္စ္ဟာ လူဦးေရ ၂ သန္း ရွိၿပီး အီးယူရဲ႕ ေျခာက္ႏိုင္ငံေျမာက္ အႀကီးဆံုး ၿမိဳ႕ေတာ္ပါ၊ ၂၀၀၇ မွာ အီးယူအဖြဲ႕ဝင္ႏိုင္ငံျဖစ္ခဲ့ပါတယ္။

ေရွးေရာမလူမ်ဳိးေတြကေနဆင္းသက္ခဲ့တယ္လို႔ ႐ိုးေမးနီးယန္းေတြက ဆိုၾကတယ္။ ၁၆ရာစုမွာ အီတလီခရီးသြားေတြဟာ ထရန္ဆဲလ္ေဗးနီးယား၊ ေမာ္လ္ေဒးဗီးယားနဲ႔ ဝဲလ္ေလးခီးယားတို႔ကို စတင္လည္ပတ္ခဲ့ၾကတယ္လို႔ ဆိုတယ္။ ဘရန္ခ႐ိုင္အနီးမွာရွိတဲ့ ဘရန္ရဲတိုက္ဟာ ဒရက္ကူလာရဲတိုက္ႀကီး လို႔ နာမည္ႀကီးလွပါတယ္။ ရုိေမးနီးယားရဲ႕အေက်ာ္ၾကားဆုံးရဲတုိက္ႀကီးလည္းျဖစ္ပါတယ္။ ခံတပ္ဟာ ထရန္ဆဲလ္ေဗးနီးယားနဲ႔ ဝဲလ္ေလးခီးယားအၾကားနယ္နမိတ္မွာ တည္ေဆာက္ထားခဲ့တယ္။

အိုင္းရစ္စာေရးဆရာ ဘရမ္စတိုကာရဲ႕ ဇာတ္ေကာင္ ေသြးစုတ္ဖုတ္ေကာင္ ေကာင့္ထ္ဒရက္ကူလာဟာ ၁၅ရာစုက အဲဒီ ရဲတိုက္ပိုင္ရွင္ ႐ိုးေမးနီးယန္းဗိုလ္ခ်ဳပ္၊ ဝဲလ္ေလးခီးယားၿမဳိ႕သား မင္းသား Vlad III the Impalerကို အသက္သြင္းထားခဲ့ပါတယ္။ Vlad III the Impaler (႐ိုးေမးနီးယန္းလို Vlad Țepeș) ကို အလြယ္သိၾကတာက ႐ိုးေမးနီးယန္းမ်ဳိး႐ိုးအမည္အတိုင္း Drăculea (Drakulya)၊ အဓိပၸါယ္က “နဂါးရဲ႕သား”လုိ႔ ဆိုၾကတယ္၊ Dracul ဟာ Dragon လို႔ အဓိပၸါယ္ရတယ္။ တျခားအဓိပၸါယ္တစ္ခုမွာလည္း evil လို႔ ေခၚဆိုၾကေသးတယ္လို႔ ဆိုတယ္။

တတိယေျမာက္ Vlad
ဒရက္ဂူလာမ်ားကဲ့သုိ႔ ၀င္ေရာက္အိပ္စက္ႏုိင္သည့္အေခါင္းမ်ား

တတိယေျမာက္ Vlad ဟာ ဒီေန႔ေခတ္ ႐ိုေမးနီးယားႏိုင္ငံ ဝယ္လာခ်ီယာေဒသက မင္းသားတစ္ပါးျဖစ္ၿပီး ေအာ္တိုမန္အင္ပါယာ လက္ေအာက္မွာ ေနခဲ့ရပါတယ္။ ဖခင္ျဖစ္သူ သစၥာေစာင့္သိေအာင္ဆိုၿပီး ေအာ္တိုမန္ေတြလက္ေအာက္မွာ ညီအစ္ကိုႏွစ္ေယာက္ ဓားစာခံေတြအျဖစ္ ေနခဲ့ၾကရတယ္။ ေနာက္ပိုင္း ဖခင္ျဖစ္တဲ့သူကို ဟန္ေဂရီ အုပ္ခ်ဳပ္ေရးမွဴးက လုပ္ႀကံၿပီး ဝယ္လာခ်ီယာလည္း က်ဴးေက်ာ္ခံရပါတယ္။ ဗလဒ္ဟာ ေအာ္တိုမန္ေတြရဲ႕ အကူအညီနဲ႔ ဝယ္လာခ်ီယာကို ရေအာင္ျပန္ယူၿပီး ေနာက္ပိုင္း ေအာင္ႏုိင္သြားတဲ့အခ်ိန္မွာ သူ႔ရဲ႕ၿပိဳင္ဘက္ ရန္သူေတြမွန္သမွ်ကို ဖမ္းမိတာနဲ႔ တံက်င္လွ်ဳိၿပီး သတ္ေလ့ရွိတယ္။ ဒီလိုရက္စက္တဲ့နည္းနဲ႔ ဗလဒ္ဟာ ဝယ္လာခ်ီယာကို သံုးႀကိမ္တိုင္ အုပ္စိုးႏိုင္ခဲ့တဲ့ မင္းသားတစ္ပါး ျဖစ္ခဲ့တယ္။

သူဟာ ေပါင္မုန္႔ကို သူ႔ရန္သူေတြရဲ႕ေသြးထဲႏွစ္ၿပီး စားေလ့ရွိတယ္လို႔ နာမည္ႀကီးပါတယ္။ ေနာက္ပိုင္း သူ႔အေၾကာင္းကို ဂ်ာမန္ဘာသာနဲ႔ထုတ္ေဝခဲ့ခ်ိန္မွာ ေရာင္းအားအေကာင္းဆံုး ျဖစ္ခဲ့တယ္။ သူဟာ ဗမ္ပိုင္းယား ဇာတ္လမ္းေတြရဲ႕ အစလို႔ ေျပာလို႔ရၿပီး သူ႔ရဲ႕မ်ဳိး႐ိုးနာမည္ဒရက္ကူလာကလည္း ဗမ္ပိုင္းယားမ်ဳိးႏြယ္လို႔ သတ္မွတ္ခံရတဲ့အထိ ျဖစ္ခဲ့ပါတယ္။

ဒရက္ကူလာရဲတုိက္လုိ႔ေခၚတဲ့ ဘရန္ရဲတုိက္ကုိ ၁၃၇၇ခုႏွစ္ကေန နဲ႔ ၁၃၈၈ခုႏွစ္အထိ Transylvania နဲ႔ Wallachia ျပည္နယ္ေတြၾကားက Carpathian ေတာင္တန္းေပၚမွာ တည္ေဆာက္ခဲ့ပါတယ္။ တကယ္ေတာ့ ဒီရဲတုိက္ႀကီးေနရာမွာ အရင္ကတည္းက သစ္သားရဲတုိက္ႀကီး ရွိခဲ့ဖူးၿပီး ၁၂၄၂ခုႏွစ္မွာ မြန္ဂုိေတြရဲ႕ ဖ်က္ဆီးျခင္းကုိခံခဲ့ရပါတယ္။ ဒီရဲတုိက္ႀကီးရဲ႕မူလပုိင္ရွင္ေတြက ဂ်ာမန္လူမ်ဳိးစုတစ္စုျဖစ္တဲ့ Saxons of Kronstadt လူမ်ဳိးေတြပါ။ အဲဒီေနာက္ေတာ့ ေအာ္တုိမန္အင္ပါယာက က်ဴးေက်ာ္တဲ့အခါမွာ ဒီရဲတုိက္ႀကီးကုိ ခံတပ္အျဖစ္အသုံးျပဳခဲ့ၾကပါတယ္။ မင္းသား ဗလဒ္ဟာ ဒီေဒသကို က်ဴးေက်ာ္စဥ္က ဒီရဲတုိက္ႀကီးမွာေနထုိင္ခဲ့ဖူးၿပီး သူမေက်နပ္တဲ့သူမွန္သမွ်အား ရက္ရက္စက္စက္ျခင္းကို ဒီရဲတုိက္ႀကီးမွာပဲ ျပဳလုပ္ေလ့ရွိပါတယ္။

သူကုိယ္တုိင္လည္း ၁၄၆၂ခုႏွစ္မွာ ဟန္ေဂရီဘုရင္ရဲ႕ ဖမ္းဆီးျခင္းကိုခံခဲ့ရၿပီး ဒီရဲတုိက္ႀကီးမွာပဲ ႏွစ္လေလာက္အခ်ဳပ္ခံခဲ့ရပါတယ္။ ဒီရဲတုိက္ႀကီးဟာ ၁၆ရာစုကေန ၁၈ရာစု အထိ ရုိေမးနီးယားစစ္တပ္ရဲ႕ အေရးႀကီးတဲ့ အခန္းက႑ကေန ပါ၀င္ခဲ့ပါတယ္။ ပထမကမာၻစစ္ျဖစ္ၿပီးတဲ့ေနာက္မွာေတာ့ ရုိေမးနီးယားကုိ စည္းလုံးေစခဲ့တဲ့ ဘုရင္မ Marie ရဲ႕လက္ထဲကုိေရာက္ရွိလာခဲ့ပါတယ္။ ဘုရင္မလက္ထဲကတစ္ဆင့္ သမီးေတာ္ Ileana လက္ထဲသို႔ေရာက္ရွိခဲ့ပါတယ္။ ဒုတိယကမာၻစစ္အတြင္းမွာ မင္းသမီး Ileana က ဒီရဲတုိက္ကုိ ေဆးရုံတစ္ခုအျဖစ္ အသုံးျပဳေစခဲ့ပါတယ္။ ၁၉၄၈ခုႏွစ္မွာေတာ့ ကြန္ျမဴနစ္ေတြရဲ႕ သိမ္းပုိက္ျခင္းကိုခံခဲ့ရပါတယ္။ ၂၀၀၆ခုႏွစ္ ကြန္ျမဴနစ္စနစ္ခ်ဳပ္ၿငိမ္းသြားခ်ိန္မွာေတာ့ ဒီရဲတုိက္ႀကီးဟာ မင္းသမီး Ileana ရဲ႕သားျဖစ္သူ ဗိသုကာပညာရွင္ Dominic von Habsburg လက္ထဲကိုေရာက္ရွိလာပါေတာ့တယ္။

ဘုရင္မ Marie

လက္ရွိအခ်ိန္မွာေတာ့ ဒီရဲတုိက္ႀကီးကို ျပတုိက္တစ္ခုအျဖစ္ဖြင့္လွစ္ထားၿပီး မည္သူမဆုိ၀င္ေရာက္ေလ့လာ ၾကည့္ရႈ႕ခြင့္ရေနၿပီျဖစ္ပါတယ္။ ခမ္းနားလွတဲ့ ဗိသုကာလက္ရာေတြနဲ႔ တည္ေဆာက္ထားတဲ့ ဒီရဲတုိက္ႀကီးထဲမွာေတာ့ ဘုရင္မ Marie စုေဆာင္းထားတဲ့ ပရိေဘာဂပစၥည္းေတြကို ျမင္ေတြ႔ရမွာပဲျဖစ္ပါတယ္။ ဒီရဲတုိက္ႀကီးကုိယေန႔တုိင္ ခုိင္ခန္႔လွပေနေစဖုိ႔ အႀကိမ္ေပါင္းမ်ားစြာ ျပင္ဆင္ခဲ့ရပါတယ္။ ႏွစ္စဥ္ေထာင္ေပါင္းမ်ားစြာေသာ ကမာၻလွည့္ခရီးသြားေတြလာေရာက္ေလ့ရွိၿပီး ေသြးစုပ္ဖုတ္ေကာင္စိတ္၀င္စားသူမ်ားလည္း မၾကာခဏလာေရာက္ေလ့ရွိတဲ့ ေနရာတစ္ေနရာ ျဖစ္ပါေတာ့တယ္။

PhyoPhyo(My-World)
Ustoday
Wow Box
Wikipedia

————————–

ရိုမေးနီးယားက နာမည်ကျော် ဒရက်ကူလာရဲတိုက်ကြီး (unicode)

ရိုမေးနီးယားနိုင်ငံ (Romania) ဟာ ဥရောပအရှေ့တောင်ပိုင်းနဲ့ အလယ်ပိုင်း လမ်းဆုံမှာတည်ရှိတယ်၊ ဘော်လကန်ကျွမ်းဆွယ်မြောက်ပိုင်း၊ ဒူးနာ့ဘ်မြစ်ရဲ့အောက်ပိုင်းမှာရှိနေပါတယ်၊ ကာပါသီယန် တောင်ကုန်းဒေသတစ်ဝိုက်အတိုင်းနဲ့ အပြင်ဘက်မှာရှိပြီးပင်လယ်နက်က ကာရံထားပါတယ်။ အနောက်ဘက်မှာ ဆားရ်ဘီးယားနဲ့ ဟန်ဂေရီက နယ်နမိတ်ထိစပ်ပြီး အရှေ့မြောက်မှာ ယူကရိန်းနဲ့ မော်ဒိုဗါပြည်သူ့သမ္မတနိုင်ငံရှိပြီး တောင်ဘက်မှာ ဘူလ်ဂေးရီးယားနိုင်ငံတို့ ရှိကြတယ်။

ဧရိယာ ၂၃၈၃၉၁ စတုရန်းကီလိုမီတာ ရှိပြီး ဥရောပယူနီယံမှာ ကိုးခုမြောက်အကြီးဆုံးနိုင်ငံပါ။ လူဦးရေသန်း ၂၁.၅ သန်းနဲ့ အီးယူမှာ ခုနှစ်ခုမြောက်လူဦးရေများဆုံးနိုင်ငံဖြစ်တယ်။ မြို့တော် ဘူခါရက်စ်ဟာ လူဦးရေ ၂ သန်း ရှိပြီး အီးယူရဲ့ ခြောက်နိုင်ငံမြောက် အကြီးဆုံး မြို့တော်ပါ၊ ၂၀၀၇ မှာ အီးယူအဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပါတယ်။

ရှေးရောမလူမျိုးတွေကနေဆင်းသက်ခဲ့တယ်လို့ ရိုးမေးနီးယန်းတွေက ဆိုကြတယ်။ ၁၆ရာစုမှာ အီတလီခရီးသွားတွေဟာ ထရန်ဆဲလ်ဗေးနီးယား၊ မော်လ်ဒေးဗီးယားနဲ့ ဝဲလ်လေးခီးယားတို့ကို စတင်လည်ပတ်ခဲ့ကြတယ်လို့ ဆိုတယ်။ ဘရန်ခရိုင်အနီးမှာရှိတဲ့ ဘရန်ရဲတိုက်ဟာ ဒရက်ကူလာရဲတိုက်ကြီး လို့ နာမည်ကြီးလှပါတယ်။ ရိုမေးနီးယားရဲ့အကျော်ကြားဆုံးရဲတိုက်ကြီးလည်းဖြစ်ပါတယ်။ ခံတပ်ဟာ ထရန်ဆဲလ်ဗေးနီးယားနဲ့ ဝဲလ်လေးခီးယားအကြားနယ်နမိတ်မှာ တည်ဆောက်ထားခဲ့တယ်။

အိုင်းရစ်စာရေးဆရာ ဘရမ်စတိုကာရဲ့ ဇာတ်ကောင် သွေးစုတ်ဖုတ်ကောင် ကောင့်ထ်ဒရက်ကူလာဟာ ၁၅ရာစုက အဲဒီ ရဲတိုက်ပိုင်ရှင် ရိုးမေးနီးယန်းဗိုလ်ချုပ်၊ ဝဲလ်လေးခီးယားမြို့သား မင်းသား Vlad III the Impalerကို အသက်သွင်းထားခဲ့ပါတယ်။ Vlad III the Impaler (ရိုးမေးနီးယန်းလို Vlad Țepeș) ကို အလွယ်သိကြတာက ရိုးမေးနီးယန်းမျိုးရိုးအမည်အတိုင်း Drăculea (Drakulya)၊ အဓိပ္ပါယ်က “နဂါးရဲ့သား”လို့ ဆိုကြတယ်၊ Dracul ဟာ Dragon လို့ အဓိပ္ပါယ်ရတယ်။ တခြားအဓိပ္ပါယ်တစ်ခုမှာလည်း evil လို့ ခေါ်ဆိုကြသေးတယ်လို့ ဆိုတယ်။

တတိယမြောက် Vlad ဟာ ဒီနေ့ခေတ် ရိုမေးနီးယားနိုင်ငံ ဝယ်လာချီယာဒေသက မင်းသားတစ်ပါးဖြစ်ပြီး အော်တိုမန်အင်ပါယာ လက်အောက်မှာ နေခဲ့ရပါတယ်။ ဖခင်ဖြစ်သူ သစ္စာစောင့်သိအောင်ဆိုပြီး အော်တိုမန်တွေလက်အောက်မှာ ညီအစ်ကိုနှစ်ယောက် ဓားစာခံတွေအဖြစ် နေခဲ့ကြရတယ်။ နောက်ပိုင်း ဖခင်ဖြစ်တဲ့သူကို ဟန်ဂေရီ အုပ်ချုပ်ရေးမှူးက လုပ်ကြံပြီး ဝယ်လာချီယာလည်း ကျူးကျော်ခံရပါတယ်။ ဗလဒ်ဟာ အော်တိုမန်တွေရဲ့ အကူအညီနဲ့ ဝယ်လာချီယာကို ရအောင်ပြန်ယူပြီး နောက်ပိုင်း အောင်နိုင်သွားတဲ့အချိန်မှာ သူ့ရဲ့ပြိုင်ဘက် ရန်သူတွေမှန်သမျှကို ဖမ်းမိတာနဲ့ တံကျင်လျှိုပြီး သတ်လေ့ရှိတယ်။ ဒီလိုရက်စက်တဲ့နည်းနဲ့ ဗလဒ်ဟာ ဝယ်လာချီယာကို သုံးကြိမ်တိုင် အုပ်စိုးနိုင်ခဲ့တဲ့ မင်းသားတစ်ပါး ဖြစ်ခဲ့တယ်။

သူဟာ ပေါင်မုန့်ကို သူ့ရန်သူတွေရဲ့သွေးထဲနှစ်ပြီး စားလေ့ရှိတယ်လို့ နာမည်ကြီးပါတယ်။ နောက်ပိုင်း သူ့အကြောင်းကို ဂျာမန်ဘာသာနဲ့ထုတ်ဝေခဲ့ချိန်မှာ ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့တယ်။ သူဟာ ဗမ်ပိုင်းယား ဇာတ်လမ်းတွေရဲ့ အစလို့ ပြောလို့ရပြီး သူ့ရဲ့မျိုးရိုးနာမည်ဒရက်ကူလာကလည်း ဗမ်ပိုင်းယားမျိုးနွယ်လို့ သတ်မှတ်ခံရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဒရက်ကူလာရဲတိုက်လို့ခေါ်တဲ့ ဘရန်ရဲတိုက်ကို ၁၃၇၇ခုနှစ်ကနေ နဲ့ ၁၃၈၈ခုနှစ်အထိ Transylvania နဲ့ Wallachia ပြည်နယ်တွေကြားက Carpathian တောင်တန်းပေါ်မှာ တည်ဆောက်ခဲ့ပါတယ်။ တကယ်တော့ ဒီရဲတိုက်ကြီးနေရာမှာ အရင်ကတည်းက သစ်သားရဲတိုက်ကြီး ရှိခဲ့ဖူးပြီး ၁၂၄၂ခုနှစ်မှာ မွန်ဂိုတွေရဲ့ ဖျက်ဆီးခြင်းကိုခံခဲ့ရပါတယ်။ ဒီရဲတိုက်ကြီးရဲ့မူလပိုင်ရှင်တွေက ဂျာမန်လူမျိုးစုတစ်စုဖြစ်တဲ့ Saxons of Kronstadt လူမျိုးတွေပါ။ အဲဒီနောက်တော့ အော်တိုမန်အင်ပါယာက ကျူးကျော်တဲ့အခါမှာ ဒီရဲတိုက်ကြီးကို ခံတပ်အဖြစ်အသုံးပြုခဲ့ကြပါတယ်။ မင်းသား ဗလဒ်ဟာ ဒီဒေသကို ကျူးကျော်စဉ်က ဒီရဲတိုက်ကြီးမှာနေထိုင်ခဲ့ဖူးပြီး သူမကျေနပ်တဲ့သူမှန်သမျှအား ရက်ရက်စက်စက်ခြင်းကို ဒီရဲတိုက်ကြီးမှာပဲ ပြုလုပ်လေ့ရှိပါတယ်။

သူကိုယ်တိုင်လည်း ၁၄၆၂ခုနှစ်မှာ ဟန်ဂေရီဘုရင်ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ဒီရဲတိုက်ကြီးမှာပဲ နှစ်လလောက်အချုပ်ခံခဲ့ရပါတယ်။ ဒီရဲတိုက်ကြီးဟာ ၁၆ရာစုကနေ ၁၈ရာစု အထိ ရိုမေးနီးယားစစ်တပ်ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ပထမကမ္ဘာစစ်ဖြစ်ပြီးတဲ့နောက်မှာတော့ ရိုမေးနီးယားကို စည်းလုံးစေခဲ့တဲ့ ဘုရင်မ Marie ရဲ့လက်ထဲကိုရောက်ရှိလာခဲ့ပါတယ်။ ဘုရင်မလက်ထဲကတစ်ဆင့် သမီးတော် Ileana လက်ထဲသို့ရောက်ရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ မင်းသမီး Ileana က ဒီရဲတိုက်ကို ဆေးရုံတစ်ခုအဖြစ် အသုံးပြုစေခဲ့ပါတယ်။ ၁၉၄၈ခုနှစ်မှာတော့ ကွန်မြူနစ်တွေရဲ့ သိမ်းပိုက်ခြင်းကိုခံခဲ့ရပါတယ်။ ၂၀၀၆ခုနှစ် ကွန်မြူနစ်စနစ်ချုပ်ငြိမ်းသွားချိန်မှာတော့ ဒီရဲတိုက်ကြီးဟာ မင်းသမီး Ileana ရဲ့သားဖြစ်သူ ဗိသုကာပညာရှင် Dominic von Habsburg လက်ထဲကိုရောက်ရှိလာပါတော့တယ်။

လက်ရှိအချိန်မှာတော့ ဒီရဲတိုက်ကြီးကို ပြတိုက်တစ်ခုအဖြစ်ဖွင့်လှစ်ထားပြီး မည်သူမဆိုဝင်ရောက်လေ့လာ ကြည့်ရှု့ခွင့်ရနေပြီဖြစ်ပါတယ်။ ခမ်းနားလှတဲ့ ဗိသုကာလက်ရာတွေနဲ့ တည်ဆောက်ထားတဲ့ ဒီရဲတိုက်ကြီးထဲမှာတော့ ဘုရင်မ Marie စုဆောင်းထားတဲ့ ပရိဘောဂပစ္စည်းတွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဒီရဲတိုက်ကြီးကိုယနေ့တိုင် ခိုင်ခန့်လှပနေစေဖို့ အကြိမ်ပေါင်းများစွာ ပြင်ဆင်ခဲ့ရပါတယ်။ နှစ်စဉ်ထောင်ပေါင်းများစွာသော ကမ္ဘာလှည့်ခရီးသွားတွေလာရောက်လေ့ရှိပြီး သွေးစုပ်ဖုတ်ကောင်စိတ်ဝင်စားသူများလည်း မကြာခဏလာရောက်လေ့ရှိတဲ့ နေရာတစ်နေရာ ဖြစ်ပါတော့တယ်။

PhyoPhyo(My-World)
Ustoday
Wow Box
Wikipedia

Leave a Reply