ဆုိိဗီယက္ျပည္ေထာင္စုႀကီး ၿပဳိကြဲခဲ့ေသာ အေၾကာင္းရင္းမ်ား

Posted on

ေရးသားသူ – ေအာင္ေကာင္းထက္(GAD)

ဒုတိယကမာၻစစ္ျပီးတဲ့ေနာက္ အေမရိကန္နည္းတူ စူပါအင္အားျကီးနိုင္ငံျဖစ္လာတဲ့ ဆိုဗီယက္ျပည္ေထာင္စုဟာ သမ ၼတ မင္ေခးေဂၚဘာေခ်ာ့လက္ထက္ ၁၉၉၁ ခုႏွွစ္ ဒီဇင္ဘာ၂၆ရက္ေန႔မွာ စတင္ျပိဳကြဲသြားခဲ့ပါတယ္။အဲဒီအခ်ိန္က ကမာၻလူဦးေရ တတိယအမ်ားဆံုးျဖစ္ျပီး လူထုအင္အားကိုအေျခတည္ကာ အဆင့္ဆင့္ဖြံျဖိဳးလာတဲ့ ဆိုဗီယက္ျပည္ေထာင္စုရဲ႕ အဆံုးသတ္က အေမရိကန္နဲ႔ စစ္ေအးတိုက္ပြဲကို အဆံုးသက္ေစခဲ့တာပါ။

အေမရိကန္နည္းတူ ႏ်ဴးကလိယလက္နက္ပိုင္ဆိုင္ခဲ့ျပီး ကမာၻအင္အားႀကီးနိင္ငံျဖစ္လာတဲ့ ဆိုဗီယက္ျပည္ေထာင္စုဟာ ၁၉၄၉ ခုႏွစ္ ကေန ၁၉၉၀ခုႏွစ္ အထိ ဥေရာပတိုက္တစ္ခုလံုးကို စိုးမိုးထားႏုိင္ခဲ့ပါတယ္။ ၁၉၉၁မွာေတာ့ ႏုိင္ငံ၁၅ႏုိင္ငံအထိ ခြဲထြက္ခြင့္ေပးခဲ့ရျပီး နာမည္ေက်ာ္ဆိုဗီယက္ယူနီယံဟာ ျပိဳလဲခဲ့ရပါတယ္။

ဆိုဗီယက္ျပည္ေထာင္စုဟာ ၁၉၁၇ခုႏွစ္ ေအာက္တိုဘာေတာ္လွန္ေရးက စတင္ ကာ တစ္ညီတစ္ညြတ္တည္း ေပါင္းစည္းခဲ့ျကတာျဖစ္ျပီး ေခါင္းေဆာင္ၾကီးစတာလင္ကေန စတင္ကာ မင္ေခးေဂၚဘာေခ်ာ့အထိ အုပ္ခ်ဳပ္ခဲ့တာျဖစ္ျ့ပီး အဲဒီတုန္းက ဆိုဗီယက္ျပည္ေထာင္စု၀င္နုိင္ငံမ်ားဟာ ၁။ရုရွား ၂။အာေမနီးယား ၃။တာမင္နစ္စတန္ ၄။ကာဂ်စ္စတန္ ၅။တာဂ်စ္စတန္ ၆။လက္ဗီးယား ၇။ေမာ္ေဒးဗီးယား ၈။အဇာဘိုင္ဂ်န္၉။လစ္သူေရးနီးယား ၁၀။ေဂ်ာ္ဂ်ီယာ ၁၁။ယူကရိန္း ၁၂။ကာဇက္စတန္ ၁၃။ဥဇဘက္ကစၥတန္ ၁၄။ဘီလာရု ၁၅။အက္တိုးနီးယားစတဲ့ ယေန႔ ကိုယ္ပိုင္အခ်ဳပ္အျခာအာဏာပိုင္ ႏုိင္ငံေတြ ပါ၀င္ခဲ့တာပါ။

ေအာက္တုိဘာေတာ္လွန္ေရး နွင့္ လီနင္

၁၉၁၇ခုႏွစ္မွာ ရုရွားနိုင္ငံဟာ ကြန္ျမဴနစ္စနစ္နဲ့ စတင္အုပ္ခ်ုဳပ္ခဲ့့ပါတယ္။ ဇာဘုရင္ရဲ့ ပေဒသရာဇ္ေခတ္ကို ပစ္ပယ္ျပီး ႏုိင္ငံေတာ္အာဏာကို ရယူခဲ့တဲ့ ဆိုဗီယက္ကြန္ျမဴနစ္ပါတီဟာ ဆိုဗီယက္ေတြကို ၇၂ ႏွစ္ၾကာ အုပ္ခ်ုဳပ္ခဲ့တာပါ။ ကြန္ျမဴနစ္ေတြဟာ ဗဟိုခ်ဳပ္ကိုင္ေရးစနစ္ေတြနဲ႔ သာ အုပ္ခ်ဳပ္ခဲ့တာျဖစ္ျပီး ျပည္ေထာင္စုမွာ ပါဝင္တဲ့သမၼတနိုင္ငံေတြကို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ေပးထားေပမယ့္ ႏုိင္ငံေရးအျမတ္ထုတ္မႈမ်ားစြာရွိေနျ့ပီး ႏုိင္ငံေတာ္အာဏာဟာ ေမာ္စကို မွာသာရွိတဲ့အတြက္ လူမ်ိဳးစုေတြအၾကား မေၾကမလည္ရွိလာရပါတယ္။

ဆိုဗီယက္ေတြနဲ့ ရည္ရြယ္ခ်က္ခ်င္းတူတဲ့ တရုတ္နိုင္ငံနဲ့ ဆက္ဆံေရးေကာင္းေတြရွိခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ႏုိင္ငံေရးအားျပိဳင္မွူေတြ ရွိလာခဲ့ပါတယ္။ ဒါအျပင္ ဆိုဗီယက္ျပည္ေထာင္စုရဲ့ ၾသဇာကို ဖီဆန္ေနတဲ့ ဟန္ေဂရီနဲ႔ ခ်က္နိုင္ငံေတြအေပၚ စစ္ေရးနည္းလမ္းနဲ႔ ေျဖရွင္းခဲ့တာေၾကာင့္ အျခားဆိုဗီယက္ျပည္ေထာင္စုဝင္နုိင္ငံေတြအတြက္ ျငိမ္းခ်မ္းစြာ အတူယွဥ္တြဲေရးကို ေမးခြန္းထုတ္စရာျဖစ္လာခဲ့ပါတယ္။တစ္ဖက္ကလည္း အေမရိကန္ျပည္ေထာင္စုနဲ႔ ယွဥ္ျပိဳင္ေနရတဲ့ ဆိုဗီယက္ေတြဟာ ၁၉၅၃ခုႏွစ္မွာ ႏ်ဴကလိယားလက္နက္ကို တီထြင္ႏုိင္ခဲ့ျပီး ၁၉၅၇ခုႏွစ္မွာျဂိဳလ္တုတစ္လံုးကို ေအာင္ျမင္စြာလႊတ္တင္ ႏုိင္ခဲ့ပါတယ္။

ဒါအျပင္ က်ဴဘားအေရးကိစၥမွာလည္း အေမရိကန္နဲ့ ထိပ္တိုက္ေတြဆံုခဲ့ျပီး ေနာက္ဆံုးမွာ အေလ်ာ့ေပးခဲ့ရပါတယ္။ က်ဴဘားကို ဆိုဗီယက္ကတင္ပို႔မယ့္ ဒံုးက်ည္သေဘာၤနဲ့ စပ္လ်ဥ္းျပီး အေမရိကန္နဲ့ ႏ်ဴးကလီးယားစစ္ပြဲ ျဖစ္ရမဲ့အေရးနဲ့ ရင္ဆိုင္ေနခဲ့ရပါတယ္။

ေနာက္ဆံုးမွာ အဲဒီတုန္းက ကုလသမဂၢအေထြေထြအတြင္းေရးမွဴးခ်ဳပ္ အျဖစ္တာဝန္ထမ္းေဆာင္ေနတဲ့ ဦးသန့္ရဲ့ၾကားဝင္ေစ့စပ္ေပးမွူေၾကာင့္ အဆင္ေျပသြားခဲ့ပါတယ္။ ဒါေပမယ့္ ဆိုဗီယက္ျပည္ေထာင္စုျပည္တြင္းမွာေတာ့ အဲဒီတုန္းကဆိုဗီယက္ျပည္ေထာင္စုရဲ့သမၼတ ခရူးရွက္ဟာ အေမရိကန္ရဲ့ သေဘာထားအတိုင္းေဆာင္ရြက္တယ္လို႔ ယုူဆျခင္းခံခဲ့ျပီး ေနာက္ဆံုးရာထူးကေန ႏႈက္ထြက္ခဲ့ရတဲ့အထိျဖစ္လာခဲ့ပါတယ္။ သူေနရာမွာ လီယိုနက္ဘရက္ဇညက္ က သမၼတျဖစ္လာခဲ့ပါတယ္။

က်ဴးဘားအေရးအခင္းမွာ ဆုိဗီယက္ နဲ႔ အေမရိကန္တုိ႔ကုိ ဦးသန္႔မွ ညွိႏႈိင္းေပးခဲ့စဥ္

၁၉၇၂ခုႏွစ္ ေမလမွာေတာ့ အေမရိကန္သမၼတနယ္ဆင္ဟာ ထိပ္သီးအစည္းအေဝးတက္ေရာက္ရန္ ဆိုဗီယက္ႏိုင္ငံကို ေရာက္ရွိလာျပီး လီယိုနက္ဘရပ္ဇညက္နဲ့ သြားေရာက္ေတြဆံုကာ ျငိမ္းခ်မ္းစြာအတူယွဥ္တြဲေရးကို တည္ေဆာက္ႏုိင္ခဲ့ပါတယ္။ အဲဒီအခ်ိန္က ဗီယက္နမ္စစ္ပြဲကာလအတြင္းျဖစ္ျပီး အေမရိကန္ျပည္ေထာင္စုက ဆိုဗီယက္ႏုိင္ငံရဲ့ မဟာမိတ္ေျမာက္ဗီယက္နမ္ကို တိုက္ခိုက္ေနတဲ့အခ်ိန္ျဖစ္ပါတယ္။ ဒီလိုသေဘာတူညီမွူေတြရရွိတာဟာ သူတို႔ႏွစ္နုိင္ငံၾကား ၂၅ႏွစ္ေက်ာ္ၾကာေအာင္ ျဖစ္ပြားေနတဲ့စစ္ေအးတိုက္ပြဲကို အဆံုးသတ္ဖို ့လမ္းစျဖစ္လာခဲ့ပါတယ္။

အဲဒီေတြ႔ဆုံမႈေနာက္ပိုင္း ႏွစ္နိုင္ငံလက္နက္ေလ်ာ့ခ်ေရး စီမံခ်က္ေတြကို အေကာင္အထည္ေဖာ္ေဆာင္ရြက္ခဲ့ၾကၿပီး ေျမျပင္အေျခစိုက္ တိုက္ခ်င္းပစ္ဒံုးက်ည္ေတြ၊ ဒံုးခြင္းဒံုး၊ေတြကို အကန္ ့အသက္နဲ့သာ ထားရွိဖို႔နဲ႔ ေရငုပ္သေဘာၤကပစ္တဲ့ ဒံုးလက္နက္ေတြကို ဖ်က္ဆီးပစ္ဖို ့သေဘာတူခဲ့ျကပါတယ္။

၁၉၇၃ခုႏွစ္မွာ ဆိုဗီယက္သမၼတ ဘရက္ဇညက္ အေမရိကန္ကိုသြားေရာက္ခဲ့ျပီး ေနာက္ထပ္က်န္တဲ့ လက္နက္ေတြနဲ႔ ပတ္သတ္ၿပီး ဆက္လက္ေဆြးေႏြးခဲ့ၾကပါတယ္။ေနာက္ႏွစ္မွာလည္းအေမရိကန္ သမၼတနယ္ဆင္ကိုယ္တိုင္ ေမာ္စကို ကို သြားေရာက္ေဆြးေႏြးခဲ့ေပမယ့္ က်န္လက္နက္ေတြ ကန္႔သက္ေရးအတြက္ တိက်တဲ့ သေဘာတူညီမႈေတြ ရ႐ွိျခင္းေတာ့မ႐ွိခဲ့ပါဘူး။ ဒါေတြဟာ အေမရိကန္နဲ႔ ဆိုဗီယက္တို႔ရဲ႕ စစ္ေအးတိုက္ပြဲ အားၿပိဳင္မႈေတြျဖစ္ပါတယ္။

တနည္းအားျဖင့္ဒီမိုကေရစီနဲ႔ ကြန္ျပဴနစ္စနစ္တို႔ရဲ႕အားၿပိဳင္မႈေတြျဖစ္ၿပီး စစ္ေအးတိုက္ပြဲရဲ႕ အျပင္းထန္ဆံုးအခ်ိန္ေတြျဖစ္ခဲ့ပါတယ္။ ႏ်ဴးကလီးယားလက္နက္ပိုင္ဆိုင္သူေတြျဖစ္တာေၾကာင့္လည္း တစ္ကမာၻလံုးကေစာင့္ၾကည့္ေနခဲ့ရတာပါ။ စစ္ေရး ႏိုင္ငံေရး က႑စံုမွာအၿပိဳင္အဆိုင္ျဖစ္လာၿပီး သူတို႔ႏိုင္ငံေတြရဲ႕ ေထာက္လွမ္းေရးအဖြဲ႔ေတြျဖစ္တဲ့ CIA နဲ႔ KGB တို႔ဟာ အလြန္္အလုပ္မ်ားခဲ့ရပါတယ္။ ဒါေပမယ့္ စီးပြားေရးနဲ႔ တစ္ကမာၻလံုးကို ၾသဇာအာဏာျဖန္႔က်က္မႈမွာေတာ့ အေမရိကန္ဟာ ဆိုဗီယက္ထက္ ႏွာတစ္ဖ်ားသာလြန္ခဲ့ပါတယ္။

ယခင္တည္းက အမ်ိဳးသားလြတ္လပ္ေရးအတြက္ ကန္႔သတ္ျခင္းခံထားရတဲ့ ဆိုဗီယက္ျပည္ေထာင္စုဝင္ႏိုင္ငံေတြရဲ႕ မေၾကလည္မႈကို ေကာင္းေကာင္းသေဘာေပါက္တဲ့ အေမရိကန္ျပည္ေထာင္စုဟာ သူရဲ႕ CIA (ေထာက္လွမ္းေရးအဖြဲ႔)အမ်ားအျပားကို ယင္းနယ္ေျမထဲကိုစိမ့္ဝင္ေစကာ ဆိုဗီယက္ျပည္ေထာင္စုရဲ႕ျပည္တြင္းေရး႐ူပ္ေထြးေအာင္ လုပ္ပါေတာ့တယ္။ အဲလိုေနရာမ်ိဳးစံု နယ္ပယ္မ်ိဳးစံုကဖိအားေတြေၾကာင့္ ဆိုဗီယက္ျပည္ေထာင္စုႀကီး ၿပိဳကြဲေစဖို႔အေၾကာင္းဖန္လာခဲ့တာပါ။

၁၉၉၁ခုႏွစ္ အေရာက္မွာေတာ့ ကြန္ျမဴနစ္စနစ္နဲ့ ဆိုဗီယက္ျပည္ေထာင္စုကို ၇၂ႏွစ္ ၾကာေအာင္အုပ္ခ်ဳပ္ခဲ့တဲ့ ္ကြန္ျမဴနစ္ပါတီရဲ့ ဗဟိုဦးစီးမွူစနစ္ အင္အားခ်ည္နဲ႔လာျပီး ၿပိဳကြဲေတာ့မယ့္အခ်ိန္ကာလကို ေရာက္ရွိလာပါေတာ့တယ္။ ထူးထူးျခားျခားပဲ ကြန္ျမဴနစ္စနစ္နဲ့ အုပ္စိုးမွူဟာ ၇၂ႏွစ္ျကာျမင့္ခဲ့ျပီးေနာက္ ၇၂နာရီအတြင္းျပိဳလဲရပါေတာ့တယ္။ (၁၉.၈.၁၉၉၁)တနလာၤေန့မွာေတာ့ ဆိုဗီယက္ကြန္ျမဴနစ္ပါတီအတြင္း ေဘာ္ရွီဗစ္ပါတီဝင္ေတြက စတင္ျပီးအာဏာသိမ္းပါေတာ့တယ္။ သူတို ့ရဲ့ အေၾကာင္းျပခ်က္ကေတာ့ သမၼတ မင္ေခးေဂၚဘာေခ်ာ့ ပက္ထရယ္စရိုက္ေခၚ ျပဳျပင္ေရးဝါဒဟာ ဆိုဗီယက္ျပည္ေထာင္စုကိုပ်က္ဆီးျခင္းကို ဦးတည္ေနခဲ့လုိ႔ပါတဲ့။

မင္ေခးေဂါဘာေခ်ာ့

ဒါေၾကာင့္ႏုိင္ငံေတာ္အာဏာကို ဆိုဗီယက္အေရးေပၚစီမံကြပ္ကဲမွူေကာ္မတီက ထိန္းခ်ဳပ္လိုက္ျပီျဖစ္တဲ့အေၾကာင္း ကမာၻကိုေၾကျငာခဲ့ပါတယ္။ ဒါအျပင္ ဖြဲ ့စည္းပံုအေျခခံဥပေဒအရ ဒုတိယသမၼတ ဂနာဒီယာနာ့ ကသမၼတရဲ့ အာဏာအရပ္ရပ္ကို လြဲေျပာင္းရယူခဲ့တာပါ။ ဆိုဗီယက္ျပည္ေထာင္စုအတြင္းမွာလည္း ၁၉.၈.၁၉၉၁ မွစတင္ျပီး အေရးေပၚအေျခအေနအမိန္႔တစ္ရပ္ကို ေၾကျငာခဲ့တာပါ။ ဒီအာဏာသိမ္းျဖစ္စဥ္မွာ ဆိုဗီယက္အစိုးရထိပ္တန္းပုဂိၢဳလ္ (၈)ဦးအထိပါဝင္ခဲ့ပါတယ္။

သူတို ့ဟာ ေၾကျငာခ်က္ကို ဆိုဗီယက္ျပသူေတြလိုက္နာရန္ ရုရွားပါလီမန္အေဆာက္အအံု ၊ ကြန္ျမဴနစ္ပါတီရံုးစိုက္တဲ့ ကရင္မလင္နန္းေတာ္အပါအဝင္ ေမာ္စကိုၿမဳိ႕ရဲ႕အထင္ကရေနရာေတာ္ေတာ္မ်ားမ်ားမွာ လက္နက္မ်ိဳးစံုတပ္ဆင္ထားတဲ့ ဆိုဗီယက္တပ္ေတြကို ခ်ထားခဲ့ကာ ျပည္သူလူထု လူစုလူေဝးနဲ႔ လႈပ္ရွားမရေအာင္ စီမံခဲ့ပါတယ္။ဒါအျပင္ခရိုမိုင္းနီးယားကို ေရာက္ေနတဲ့ သမၼတေဂၚဘာေခ်ာ့ကိုလည္း အက်ယ္ခ်ဳပ္ခ်ထားခဲ့ပါတယ္။

မၾကာခင္မွာပဲေထာင္ေသာင္းခ်ီတဲ့ ဆိုဗီယက္ျပည္သူေတြဟာ လမ္းေပၚထြက္လာျပီး အာဏာသိမ္းအဖြဲ႔ကိုဆန္ ့က်င္ခဲ့ၾကပါတယ္။ ဒီအခ်ိန္မွာဆိုဗီယက္ျပည္နယ္ခြဲတစ္ခုျဖစ္တဲ့ ရုရွားသမၼတေဘာ္ဘီေယာ့ဆင္္ကဲ့သို ့ လူထုေခါင္းေဆာင္တစ္ဦးေပၚေပါက္လာခဲ့ျပီး သူဟာရုရွားပါလီမန္အေဆာက္အအံုမွာ အာဏာဖီဆန္ေရးဌာနခ်ဳပ္ဖြင့့္ျပီး အာဏာသိမ္းအဖြဲကိုျပင္းထန္စြာဆန္ ့က်င္ခဲ့ပါတယ္။ ဒီအာဏာသိမ္းျဖစ္စဥ္ဟာ တစ္ကမာၻလံုးကိုရိုက္ခတ္မွူျဖစ္ေစျပီး အထူးသျဖင့္ ႏ်ဴးကလီးယားလက္နက္ လ်ဳိ႕ဝွက္ထိန္းခ်ဳပ္ေရးစကားဝွက္ေတြ အၾကမ္းဖက္သမားမ်ားဆီေရာက္ရွိျပီး မလိုလားအပ္တဲ့အေၾကာင္းအရာေတြျဖစ္ေစနိုင္တာေၾကာင့္ အလြန္ဆိုးရြားတဲ့ အေျခေနတစ္ရပ္ျဖစ္ခဲ့တာပါ။

ကမာၻစီးပြားေရးကိုပါရိုက္ခတ္မွူေတြရွိလာခဲ့ျပီး စေကာ့ေဈးကြက္က်ဆင္းသြားကာ ေဒၚလာတန္ဖိုးထိုးတက္သြားခဲ့ပါတယ္။ ဒါေၾကာင့္ အဲဒီအခ်ိန္တုန္းက အေမရိကန္သမၼတေဂ်ာ့ဘုရွ္အပါအဝင္ ကမာၻထိပ္တန္းေခါင္းေဆာင္အေတာ္မ်ားမ်ားက ဒီအာဏာသိမ္းမွုကို ရွဳံခ်ခဲ့ၾကပါတယ္။ဆိုဗီယက္ျပည္သူ ေသာင္းေပါင္းမ်ားစြာဟာ ေန႔ေရာညပါ လမ္းေပၚထြက္ဆႏၵျပခဲ့ၾကျပီး ဆႏၵျပေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ေဘာ္ဘီေယာ့ဆင္ကို လူထုေထာက္ခံမွူမ်ားျပားလာခဲ့ပါတယ္။

(၂၁.၈.၁၉၉၁)မွာေတာ့ ေဘာ္ဘီေရာ့ဆင္က လက္နက္ကိုင္အဖြဲ ့အားလံုး မိမိလက္ေအာက္တြင္ေရာက္ရွိျပီးျဖစ္ေၾကာင္း ေၾကျငာခဲ့ပါတယ္။ ထို႔ေနာက္အာဏာသိမ္းေခါင္းေဆာင္(၇)ဦးကို ေမာ္စကိုအက်ဥ္းေထာင္တြင္ဖမ္းဆီးထားခဲ့ပါတယ္။ က်န္တစ္ဦးျဖစ္တဲ့ျပည္ထဲေရးဝန္ၾကီး ေဘာရစ္ပူဂိုကေတာ့ မိမိကိုယ္ကိုမိမိေသနတ္နဲ့ပစ္သက္ျပီး အဆံုးစီရင္သြားခဲ့ပါတယ္။ ဒါေၾကာင့္ အာဏာသိမ္းေခါင္းေဆာင္ေတြရဲ့ လွူပ္ရွားမွူဟာ(၃)ရက္အတြင္း ခ်ဳပ္ျငိမ္းခဲ့ရပါတယ္။

ဆိုဗီယက္ကြန္ျမဴနစ္ပါတီရဲ့ ထိပ္တန္းေခါင္းေဆာင္အခ်ိဳ့ဟာ ဒီအာဏာသိမ္းျဖစ္စဥ္ကို တားျမစ္ခဲ့ျခင္းမရွိတာေျကာင့္ျပည္သူလူထုကမ်ားစြာ ေဒါသထြက္ခဲ့ျကတယ္။ ပါတီထိပ္တန္းပုဂၢိဳလ္ေတြအၾကား ေက်လည္မွူမရွိတာေၾကာင့္လည္း ပါတီရဲ့အေထြေထြအတြင္းေရးမွဴးခ်ုဳပ္ မင္ေခးေဂၚဘာေခ်ာ့က ရာထူးကနူတ္ထြက္ေၾကာင္းေၾကျငာခဲ့ျပီး ဗဟိုေကာ္မတီနဲ႔ ပါတီရဲ့အာဏာပိုင္ အဖြဲ႔အစည္း အရပ္ရပ္ကို ဖ်က္သိမ္းလိုက္ျပီျဖစ္ေၾကာင္း ေၾကျငာခဲ့ရပါေတာ့တယ္။

ေနာက္ဆံုးမွာေတာ့့ ၆.၉.၁၉၉၁ မွာ က်င္းပတဲ့ ဆိုဗီယက္ျပည္သူလြတ္ေတာ္ခ်ဳပ္အစည္းအေဝးကေန ဆိုဗီယက္ျပည္ေထာင္စုမွ သီးျခားအခ်ဳပ္အျခာအာဏာပိုင္ ၁၅နိုင္ငံအျဖစ္ ခြဲထြက္ဖြဲစည္းရန္ အဆိုကို ေထာက္ခံမဲ (၁၆၉၄)မဲ ကန္႔ကြက္မဲ(၂၄)မဲနဲ ့အတည္ျပဳခဲ့ျပီး ေနာက္ဆိုဗီယက္ျပည္ေထာင္စုဟာ ကမာၻေျမပံုေပၚကေန ေပ်ာက္ကြယ္သြားရပါေတာ့တယ္။

1. Armenia 2. Azerbaijan 3. Belarus 4. Estonia 5. Georgia 6. Kazakhstan 7. Kyrgyzstan 8. Latvia 9. Lithuania 10. Moldova 11. Russia 12. Tajikistan 13. Turkmenistan 14. Ukraine 15. Uzbekistan

သုတဇုန္

————————

ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲခဲ့ရပုံ (unicode)

ရေးသားသူ – အောင်ကောင်းထက်

ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် အမေရိကန်နည်းတူ စူပါအင်အားကြီးနိုင်ငံဖြစ်လာတဲ့ ဆိုဗီယက်ပြည်ထောင်စုဟာ သမ ၼတ မင်ခေးဂေါ်ဘာချော့လက်ထက် ၁၉၉၁ ခုနှစ် ဒီဇင်ဘာ၂၆ရက်နေ့မှာ စတင်ပြိုကွဲသွားခဲ့ပါတယ်။အဲဒီအချိန်က ကမ္ဘာလူဦးရေ တတိယအများဆုံးဖြစ်ပြီး လူထုအင်အားကိုအခြေတည်ကာ အဆင့်ဆင့်ဖွံဖြိုးလာတဲ့ ဆိုဗီယက်ပြည်ထောင်စုရဲ့ အဆုံးသတ်က အမေရိကန်နဲ့ စစ်အေးတိုက်ပွဲကို အဆုံးသက်စေခဲ့တာပါ။ အမေရိကန်နည်းတူ နျူးကလိယလက်နက်ပိုင်ဆိုင်ခဲ့ပြီး ကမ္ဘာအင်အားကြီးနိင်ငံဖြစ်လာတဲ့ ဆိုဗီယက်ပြည်ထောင်စုဟာ ၁၉၄၉ ခုနှစ် ကနေ ၁၉၉ဝခုနှစ် အထိ ဥရောပတိုက်တစ်ခုလုံးကို စိုးမိုးထားနိုင်ခဲ့ပါတယ်။ ၁၉၉၁မှာတော့ နိုင်ငံ၁၅နိုင်ငံအထိ ခွဲထွက်ခွင့်ပေးခဲ့ရပြီး နာမည်ကျော်ဆိုဗီယက်ယူနီယံဟာ ပြိုလဲခဲ့ရပါတယ်။

ဆိုဗီယက်ပြည်ထောင်စုဟာ ၁၉၁၇ခုနှစ် အောက်တိုဘာတော်လှန်ရေးက စတင် ကာ တစ်ညီတစ်ညွတ်တည်း ပေါင်းစည်းခဲ့ကြတာဖြစ်ပြီး ခေါင်းဆောင်ကြီးစတာလင်ကနေ စတင်ကာ မင်ခေးဂေါ်ဘာချော့အထိ အုပ်ချုပ်ခဲ့တာဖြစ်ျ့ပီး အဲဒီတုန်းက ဆိုဗီယက်ပြည်ထောင်စုဝင်နိုင်ငံများဟာ ၁။ရုရှား ၂။အာမေနီးယား ၃။တာမင်နစ်စတန် ၄။ကာဂျစ်စတန် ၅။ကာဂျစ်စီယာ ၆။လက်ဗီးယား ၇။မော်ဒေးဗီးယား ၈။အဇာဘိုင်ဂျန်၉။လစ်သူရေးနီးယား ၁၀။ဂျော်ဂျီယာ ၁၁။ယူကရိန်း ၁၂။ကာဇက်စတန် ၁၃။ဥဇဘက်ကစ္စတန် ၁၄။ဆိုင်လိုဂို ၁၅။အက်တိုးနီးယားစတဲ့ ယနေ့ ကိုယ်ပိုင်အချုပ်အခြာအာဏာပိုင် နိုင်ငံတွေ ပါဝင်ခဲ့တာပါ။

၁၉၁၇ခုနှစ်မှာ ရုရှားနိုင်ငံဟာ ကွန်မြူနစ်စနစ်နဲ့ စတင်အုပ်ချုပ်ခဲ့ပါတယ်။ဇာဘုရင်ရဲ့ ပဒေသရာဇ်ခေတ်ကို ပစ်ပယ်ပြီး နိုင်ငံတော်အာဏာကို ရယူခဲ့တဲ့ ဆိုဗီယက်ကွန်မြူနစ်ပါတီဟာ ဆိုဗီယက်တွေကို ၇၂ နှစ်ကြာ အုပ်ချုပ်ခဲ့တာပါ။ ကွန်မြူနစ်တွေဟာ ဗဟိုချုပ်ကိုင်ရေးစနစ်တွေနဲ့ သာ အုပ်ချုပ်ခဲ့တာဖြစ်ပြီး ပြည်ထောင်စုမှာ ပါဝင်တဲ့သမ္မတနိုင်ငံတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားပေမယ့် နိုင်ငံရေးအမြတ်ထုတ်မှုများစွာရှိနေျ့ပီး နိုင်ငံတော်အာဏာဟာ မော်စကို မှာသာရှိတဲ့အတွက် လူမျိုးစုတွေအကြား မကြေမလည်ရှိလာရပါတယ်။

ဆိုဗီယက်တွေနဲ့ ရည်ရွယ်ချက်ချင်းတူတဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းတွေရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ နိုင်ငံရေးအားပြိုင်မှူတွေ ရှိလာခဲ့ပါတယ်။ဒါအပြင် ဆိုဗီယက်ပြည်ထောင်စုရဲ့ ဩဇာကို ဖီဆန်နေတဲ့ ဟန်ဂေရီနဲ့ ချက်နိုင်ငံတွေအပေါ် စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းခဲ့တာကြောင့် အခြားဆိုဗီယက်ပြည်ထောင်စုဝင်နိုင်ငံတွေအတွက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးကို မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။တစ်ဖက်ကလည်း အမေရိကန်ပြည်ထောင်စုနဲ့ ယှဉ်ပြိုင်နေရတဲ့ ဆိုဗီယက်တွေဟာ ၁၉၅၃ခုနှစ်မှာ နျူကလိယားလက်နက်ကို တီထွင်နိုင်ခဲ့ပြီး ၁၉၅၇ခုနှစ်မှာဂြိုလ်တုတစ်လုံးကို အောင်မြင်စွာလွှတ်တင် နိုင်ခဲ့ပါတယ်။

ဒါအပြင် ကျူဘားအရေးကိစ္စမှာလည်း အမေရိကန်နဲ့ ထိပ်တိုက်တွေဆုံခဲ့ပြီး နောက်ဆုံးမှာ အလျော့ပေးခဲ့ရပါတယ်။ ကျူဘားကို ဆိုဗီယက်ကတင်ပို့မယ့် ဒုံးကျည်သဘောၤနဲ့ စပ်လျဉ်းပြီး အမေရိကန်နဲ့ နျူးကလီးယားစစ်ပွဲ ဖြစ်ရမဲ့အရေးနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။နောက်ဆုံးမှာ အဲဒီတုန်းက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဦးသန့်ရဲ့ကြားဝင်စေ့စပ်ပေးမှူကြောင့် အဆင်ပြေသွားခဲ့ပါတယ်။ဒါပေမယ့် ဆိုဗီယက်ပြည်ထောင်စုပြည်တွင်းမှာတော့ အဲဒီတုန်းကဆိုဗီယက်ပြည်ထောင်စုရဲ့သမ္မတ ခရူးရှက်ဟာ အမေရိကန်ရဲ့ သဘောထားအတိုင်းဆောင်ရွက်တယ်လို့ ယူဆခြင်းခံခဲ့ပြီး နောက်ဆုံးရာထူးကနေ နှုက်ထွက်ခဲ့ရတဲ့အထိဖြစ်လာခဲ့ပါတယ်။သူနေရာမှာ လီယိုနက်ဘရက်ဇညက် က သမ္မတဖြစ်လာခဲ့ပါတယ်။

၁၉၇၂ခုနှစ် မေလမှာတော့ အမေရိကန်သမ္မတနယ်ဆင်ဟာ ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဆိုဗီယက်နိုင်ငံကို ရောက်ရှိလာပြီး လီယိုနက်ဘရပ်ဇညက်နဲ့ သွားရောက်တွေဆုံကာ ငြိမ်းချမ်းစွာအတူယှဉ်တွဲရေးကို တည်ဆောက်နိုင်ခဲ့ပါတယ်။ အဲဒီအချိန်က ဗီယက်နမ်စစ်ပွဲကာလအတွင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုက ဆိုဗီယက်နိုင်ငံရဲ့ မဟာမိတ်မြောက်ဗီယက်နမ်ကို တိုက်ခိုက်နေတဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုသဘောတူညီမှူတွေရရှိတာဟာ သူတို့နှစ်နိုင်ငံကြား ၂၅နှစ်ကျော်ကြာအောင် ဖြစ်ပွားနေတဲ့စစ်အေးတိုက်ပွဲကို အဆုံးသတ်ဖို့လမ်းစဖြစ်လာခဲ့ပါတယ်။

အဲဒီတွေ့ဆုံမှုနောက်ပိုင်း နှစ်နိုင်ငံလက်နက်လျော့ချရေး စီမံချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပြီး မြေပြင်အခြေစိုက် တိုက်ချင်းပစ်ဒုံးကျည်တွေ၊ ဒုံးခွင်းဒုံး၊တွေကို အကန့်အသက်နဲ့သာ ထားရှိဖို့နဲ့ ရေငုပ်သဘောၤကပစ်တဲ့ ဒုံးလက်နက်တွေကို ဖျက်ဆီးပစ်ဖို့သဘောတူခဲ့ကြပါတယ်။၁၉၇၃ခုနှစ်မှာ ဆိုဗီယက်သမ္မတ ဘရက်ဇညက် အမေရိကန်ကိုသွားရောက်ခဲ့ပြီး နောက်ထပ်ကျန်တဲ့ လက်နက်တွေနဲ့ ပတ်သတ်ပြီး ဆက်လက်ဆွေးနွေးခဲ့ကြပါတယ်။နောက်နှစ်မှာလည်းအမေရိကန် သမ္မတနယ်ဆင်ကိုယ်တိုင် မော်စကို ကို သွားရောက်ဆွေးနွေးခဲ့ပေမယ့် ကျန်လက်နက်တွေ ကန့်သက်ရေးအတွက် တိကျတဲ့ သဘောတူညီမှုတွေ ရရှိခြင်းတော့မရှိခဲ့ပါဘူး။
ဒါတွေဟာ အမေရိကန်နဲ့ ဆိုဗီယက်တို့ရဲ့ စစ်အေးတိုက်ပွဲ အားပြိုင်မှုတွေဖြစ်ပါတယ်။

တနည်းအားဖြင့်ဒီမိုကရေစီနဲ့ ကွန်ပြူနစ်စနစ်တို့ရဲ့အားပြိုင်မှုတွေဖြစ်ပြီး စစ်အေးတိုက်ပွဲရဲ့ အပြင်းထန်ဆုံးအချိန်တွေဖြစ်ခဲ့ပါတယ်။ နျူးကလီးယားလက်နက်ပိုင်ဆိုင်သူတွေဖြစ်တာကြောင့်လည်း တစ်ကမ္ဘာလုံးကစောင့်ကြည့်နေခဲ့ရတာပါ။ စစ်ရေး နိုင်ငံရေး ကဏ္ဍစုံမှာအပြိုင်အဆိုင်ဖြစ်လာပြီး သူတို့နိုင်ငံတွေရဲ့ ထောက်လှမ်းရေးအဖွဲ့တွေဖြစ်တဲ့ CIA နဲ့ KGB တို့ဟာ အလွန်အလုပ်များခဲ့ရပါတယ်။ ဒါပေမယ့် စီးပွားရေးနဲ့ တစ်ကမ္ဘာလုံးကို ဩဇာအာဏာဖြန့်ကျက်မှုမှာတော့ အမေရိကန်ဟာ ဆိုဗီယက်ထက် နှာတစ်ဖျားသာလွန်ခဲ့ပါတယ်။

ယခင်တည်းက အမျိုးသားလွတ်လပ်ရေးအတွက် ကန့်သတ်ခြင်းခံထားရတဲ့ ဆိုဗီယက်ပြည်ထောင်စုဝင်နိုင်ငံတွေရဲ့ မကြေလည်မှုကို ကောင်းကောင်းသဘောပေါက်တဲ့ အမေရိကန်ပြည်ထောင်စုဟာ သူရဲ့ CIA (ထောက်လှမ်းရေးအဖွဲ့)အများအပြားကို ယင်းနယ်မြေထဲကိုစိမ့်ဝင်စေကာ ဆိုဗီယက်ပြည်ထောင်စုရဲ့ပြည်တွင်းရေးရူပ်ထွေးအောင် လုပ်ပါတော့တယ်။ အဲလိုနေရာမျိုးစုံ နယ်ပယ်မျိုးစုံကဖိအားတွေကြောင့် ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲစေဖို့အကြောင်းဖန်လာခဲ့တာပါ။

၁၉၉၁ခုနှစ် အရောက်မှာတော့ ကွန်မြူနစ်စနစ်နဲ့ ဆိုဗီယက်ပြည်ထောင်စုကို ၇၂နှစ် ကြာအောင်အုပ်ချုပ်ခဲ့တဲ့ ္ကွန်မြူနစ်ပါတီရဲ့ ဗဟိုဦးစီးမှူစနစ် အင်အားချည်နဲ့လာပြီး ပြိုကွဲတော့မယ့်အချိန်ကာလကို ရောက်ရှိလာပါတော့တယ်။ ထူးထူးခြားခြားပဲ ကွန်မြူနစ်စနစ်နဲ့ အုပ်စိုးမှူဟာ ၇၂နှစ်ကြာမြင့်ခဲ့ပြီးနောက် ၇၂နာရီအတွင်းပြိုလဲရပါတော့တယ်။ (၁၉.၈.၁၉၉၁)တနလာၤနေ့မှာတော့ ဆိုဗီယက်ကွန်မြူနစ်ပါတီအတွင်း ဘော်ရှီဗစ်ပါတီဝင်တွေက စတင်ပြီးအာဏာသိမ်းပါတော့တယ်။ သူတို့ရဲ့ အကြောင်းပြချက်ကတော့ သမ္မတ မင်ခေးဂေါ်ဘာချော့ ပက်ထရယ်စရိုက်ခေါ် ပြုပြင်ရေးဝါဒဟာ ဆိုဗီယက်ပြည်ထောင်စုကိုပျက်ဆီးခြင်းကို ဦးတည်နေခဲ့လို့ပါတဲ့။

ဒါကြောင့်နိုင်ငံတော်အာဏာကို ဆိုဗီယက်အရေးပေါ်စီမံကွပ်ကဲမှူကော်မတီက ထိန်းချုပ်လိုက်ပြီဖြစ်တဲ့အကြောင်း ကမ္ဘာကိုကြေငြာခဲ့ပါတယ်။ ဒါအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုတိယသမ္မတ ဂနာဒီယာနာ့ ကသမ္မတရဲ့ အာဏာအရပ်ရပ်ကို လွဲပြောင်းရယူခဲ့တာပါ။ ဆိုဗီယက်ပြည်ထောင်စုအတွင်းမှာလည်း ၁၉.၈.၁၉၉၁ မှစတင်ပြီး အရေးပေါ်အခြေအနေအမိန့်တစ်ရပ်ကို ကြေငြာခဲ့တာပါ။ ဒီအာဏာသိမ်းဖြစ်စဉ်မှာ ဆိုဗီယက်အစိုးရထိပ်တန်းပုဂ္ဂိုလ် (၈)ဦးအထိပါဝင်ခဲ့ပါတယ်။ သူတို့ဟာ ကြေငြာချက်ကို ဆိုဗီယက်ပြသူတွေလိုက်နာရန် ရုရှားပါလီမန်အဆောက်အအုံ ၊ ကွန်မြူနစ်ပါတီရုံးစိုက်တဲ့ ကရင်မလင်နန်းတော်အပါအဝင် မော်စကိုမြို့ရဲ့အထင်ကရနေရာတော်တော်များများမှာ လက်နက်မျိုးစုံတပ်ဆင်ထားတဲ့ ဆိုဗီယက်တပ်တွေကို ချထားခဲ့ကာ ပြည်သူလူထု လူစုလူဝေးနဲ့ လှုပ်ရှားမရအောင် စီမံခဲ့ပါတယ်။ဒါအပြင်ခရိုမိုင်းနီးယားကို ရောက်နေတဲ့ သမ္မတဂေါ်ဘာချော့ကိုလည်း အကျယ်ချုပ်ချထားခဲ့ပါတယ်။

မကြာခင်မှာပဲထောင်သောင်းချီတဲ့ ဆိုဗီယက်ပြည်သူတွေဟာ လမ်းပေါ်ထွက်လာပြီး အာဏာသိမ်းအဖွဲ့ကိုဆန့်ကျင်ခဲ့ကြပါတယ်။ ဒီအချိန်မှာဆိုဗီယက်ပြည်နယ်ခွဲတစ်ခုဖြစ်တဲ့ ရုရှားသမ္မတဘော်ဘီယော့ဆင်ကဲ့သို့ လူထုခေါင်းဆောင်တစ်ဦးပေါ်ပေါက်လာခဲ့ပြီး သူဟာရုရှားပါလီမန်အဆောက်အအုံမှာ အာဏာဖီဆန်ရေးဌာနချုပ်ဖွင့်ပြီး အာဏာသိမ်းအဖွဲကိုပြင်းထန်စွာဆန့်ကျင်ခဲ့ပါတယ်။ ဒီအာဏာသိမ်းဖြစ်စဉ်ဟာ တစ်ကမ္ဘာလုံးကိုရိုက်ခတ်မှူဖြစ်စေပြီး အထူးသဖြင့် နျူးကလီးယားလက်နက် လျို့ဝှက်ထိန်းချုပ်ရေးစကားဝှက်တွေ အကြမ်းဖက်သမားများဆီရောက်ရှိပြီး မလိုလားအပ်တဲ့အကြောင်းအရာတွေဖြစ်စေနိုင်တာကြောင့် အလွန်ဆိုးရွားတဲ့ အခြေနေတစ်ရပ်ဖြစ်ခဲ့တာပါ။

ကမ္ဘာစီးပွားရေးကိုပါရိုက်ခတ်မှူတွေရှိလာခဲ့ပြီး စကော့ဈေးကွက်ကျဆင်းသွားကာ ဒေါ်လာတန်ဖိုးထိုးတက်သွားခဲ့ပါတယ်။ ဒါကြောင့် အဲဒီအချိန်တုန်းက အမေရိကန်သမ္မတဂျော့ဘုရှ်အပါအဝင် ကမ္ဘာထိပ်တန်းခေါင်းဆောင်အတော်များများက ဒီအာဏာသိမ်းမှုကို ရှုံချခဲ့ကြပါတယ်။ဆိုဗီယက်ပြည်သူ သောင်းပေါင်းများစွာဟာ နေ့ရောညပါ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်တဲ့ဘော်ဘီယော့ဆင်ကို လူထုထောက်ခံမှူများပြားလာခဲ့ပါတယ်။ (၂၁.၈.၁၉၉၁)မှာတော့ ဘော်ဘီရော့ဆင်က လက်နက်ကိုင်အဖွဲ့အားလုံး မိမိလက်အောက်တွင်ရောက်ရှိပြီးဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ ထို့နောက်အာဏာသိမ်းခေါင်းဆောင်(၇)ဦးကို မော်စကိုအကျဉ်းထောင်တွင်ဖမ်းဆီးထားခဲ့ပါတယ်။ ကျန်တစ်ဦးဖြစ်တဲ့ပြည်ထဲရေးဝန်ကြီး ဘောရစ်ပူဂိုကတော့ မိမိကိုယ်ကိုမိမိသေနတ်နဲ့ပစ်သက်ပြီး အဆုံးစီရင်သွားခဲ့ပါတယ်။ ဒါကြောင့် အာဏာသိမ်းခေါင်းဆောင်တွေရဲ့ လှူပ်ရှားမှူဟာ(၃)ရက်အတွင်း ချုပ်ငြိမ်းခဲ့ရပါတယ်။

ဆိုဗီယက်ကွန်မြူနစ်ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်အချို့ဟာ ဒီအာဏာသိမ်းဖြစ်စဉ်ကို တားမြစ်ခဲ့ခြင်းမရှိတာကြောင့်ပြည်သူလူထုကများစွာ ဒေါသထွက်ခဲ့ကြတယ်။ ပါတီထိပ်တန်းပုဂ္ဂိုလ်တွေအကြား ကျေလည်မှူမရှိတာကြောင့်လည်း ပါတီရဲ့အထွေထွေအတွင်းရေးမှူးချုပ် မင်ခေးဂေါ်ဘာချော့က ရာထူးကနူတ်ထွက်ကြောင်းကြေငြာခဲ့ပြီး ဗဟိုကော်မတီနဲ့ ပါတီရဲ့အာဏာပိုင် အဖွဲ့အစည်း အရပ်ရပ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေငြာခဲ့ရပါတော့တယ်။

နောက်ဆုံးမှာတော့ ၆.၉.၁၉၉၁ မှာ ကျင်းပတဲ့ ဆိုဗီယက်ပြည်သူလွတ်တော်ချုပ်အစည်းအဝေးကနေ ဆိုဗီယက်ပြည်ထောင်စုမှ သီးခြားအချုပ်အခြာအာဏာပိုင် ၁၅နိုင်ငံအဖြစ် ခွဲထွက်ဖွဲစည်းရန် အဆိုကို ထောက်ခံမဲ (၁၆၉၄)မဲ ကန့်ကွက်မဲ(၂၄)မဲနဲ့အတည်ပြုခဲ့ပြီး နောက်ဆိုဗီယက်ပြည်ထောင်စုဟာ ကမ္ဘာမြေပုံပေါ်ကနေ ပျောက်ကွယ်သွားရပါတော့တယ်။

Leave a Reply