စာကေလးတစ္ပုဒ္ (သုိ႔) ေစာင္ကေလး တစ္ထည္

Posted on

ဒီႏွစ္ ေဆာင္းတြင္းက ေတာ္ေတာ္ေအးတယ္။ မနက္ မနက္ဆုိရင္ ဆုိင္ကယ္စီးရတာ အရမ္းေအးတာပဲ။ ည (၈)နာရီေလာက္ဆုိရင္ အေအးဓာတ္က ၀င္လာျပီ။ ညအိပ္ရင္လည္း ထူထူထဲထဲေလး၀တ္ျပီး ‘ေစာင္’ ေသခ်ာျခဳံအိပ္ရတယ္။အျပင္မွာလည္း ႏွင္းေတြ က်ေနတယ္။ တရဳတ္အေႏြးထည္ထူထူနဲ႔ ေဘာင္းဘီပြပြကုိ ၀တ္ျပီး အိပ္ရာ ၀င္ရတယ္။

ဒီလုိနဲ ႔ ေဆာင္းတစ္ည တစ္ေရးႏုိးမွာ ကြ်န္ေတာ့္ရဲ ႔ နံေဘး အိပ္ေမာက်ေနတဲ့ ‘ခ်စ္ဇနီး’ကုိ ႀကည့္မိတယ္။ သူက တရုတ္ေစာင္ႀကီးကုိ ျခဳံ၊ ေခါင္းစြပ္ေတြ၊ ေျခ အိတ္ေတြနဲ ႔ အိပ္ေမာက်ေနလုိက္တာ။ ႏွစ္ႏွစ္ျခဳိက္ျခဳိက္ႀကီး အိပ္ေပ်ာ္ေနလုိက္တာ။၀တ္ထားတဲ့ အ၀တ္အစားေတြကလည္း ထူထူထဲထဲ လုံလုံျခဳံျခဳံနဲ ႔။ ကြ်န္ေတာ့္ကုိ ေက်ာေပးျပီး ဒူးကေလးကုိေကြးလုိ႔ အိပ္ေနလုိက္တာမ်ား။ ဒီေနရာမွာ ကြ်န္ေတာ့္ စိတ္ေတြဟာ ဟုိး…..လြန္ခဲ့တဲ့ ႏွစ္ေပါင္း (၂၀)ေက်ာ္ဆီကုိ ေရာက္သြားမိတယ္။

သူနဲ႔ ကြ်န္ေတာ္ ၁၉၈၉ ခုႏွစ္၊ ႏုိ၀င္ဘာလ (၂၆) ရက္ေန႔မွာ မဂၤလာေဆာင္ႀကတယ္။ ႏုိ၀င္ဘာျပီးေတာ့ ဒီဇင္ဘာ…။ ေဆာင္းညမ်ားကုိ ျဖတ္သန္းခဲ့ရတဲ့ မဂၤလာဦး အခ်ိန္ေပါ့။ အဲဒီတုန္းက ကြ်န္ေတာ့္ဘ၀မွာ ဘာကုိမွ မပုိင္ဆုိင္ေသးတဲ့ ကာလပါ။ ကြ်န္ေတာ္ ပုိင္ဆုိင္တဲ့ မဂၤလာဦးပစၥည္း မ်ားမ်ားစားစား မရွိေသးပါ။ ကြ်န္းကုတင္ေလးတစ္လုံးရယ္၊ ေခါင္းအုံးေလး တစ္ခုရယ္၊ဘုတလင္ေစာင္ကေလး တစ္ထည္ရယ္၊ သင္ျဖဴးအစုတ္ကေလး တစ္ခ်ပ္ရယ္၊ ပိတ္ျခင္ေထာင္ကေလး တစ္လုံးရယ္နဲ ႔ မဂၤလာဦးကာလေတြကုိ ရင္ခုန္လွဳိက္ေမာခဲ့ရတယ္။

ေသတၱာအစုတ္ကေလး တစ္လုံးရယ္၊ ခ်ိန္းခဏခဏ က်တတ္တဲ့ စက္ဘီးကေလးတစ္စီးရယ္၊အကၤ် ီအျဖဴေလးႏွစ္ထည္၊ခပ္ႏြမ္းႏြမ္းကခ်င္ပုဆုိးေလး ႏွစ္ထည္ရယ္၊ ေနာက္ျပီးေတာ့ ကြ်န္ေတာ္ခ်စ္တဲ့၊ ကြ်န္ေတာ္ ကုိယ္တုိင္ ရေအာင္ယူထားတဲ့ မိန္းမတစ္ေယာက္ရယ္… ဒါေတြဟာ ကြ်န္ေတာ့္ဘ၀ရဲ ႔ ပထမဆုံး မဂၤလာဦးပစၥည္းေတြပါ။

ဒီဇင္ဘာ ေဆာင္းကလည္း ခ်မ္းလုိက္တာ။ ညညအိပ္ရင္ ေခါင္းအုံးကေလးတစ္ခုကုိ အတူတူအုံးျပီး”ဘုတလင္ေစာင္”ကုိ ႏွစ္ေယာက္အတူ ျခဳံခဲ့ႀကတယ္။သိပ္ေအးလုိ႔ကြ်န္ေတာ္က ေကြးလုိက္ရင္ သူမ်ား ေစာင္လြတ္သြားေလမလားဆုိတဲ့ ညွာတာစိတ္နဲ ႔ ဘယ္ေလာက္ခ်မ္းခ်မ္းေကြးျပီး မအိပ္ခဲ့ဘူး။

သူကလည္း…. ဒီလုိပါဘဲ။ ဒီ ‘ေစာင္ကေလး’ တစ္ထည္ကုိ လုျပီး မျခဳံရက္ဘူး။ သူ ႔ရဲ ႔ ကိုယ္ေငြ ႔ေႏြးေႏြးေလးရယ္၊ကြ်န္ေတာ့္ရဲ႔ကုိယ္ေငြ႔ေႏြးေႏြးရယ္အသားခ်င္းထိလုိ႔ ေဆာင္းညေတြကုိ ေက်ာ္ျဖတ္ခဲ့ရတယ္။ သူ႔ရဲ ေႏြးေႏြးအိအိခႏၶာကုိယ္ေလးကုိဖက္ျပီးအိပ္စက္ခဲ့ရတယ္။ဘယ္ေလာက္ပဲေအးေအး ေစာင္တစ္ထည္ရဲ ႔ေအာက္မွာ ပုဆုိးအစုတ္ကေလးကုိ ၀တ္ထားတဲ့ ကြ်န္ေတာ္နဲ ႔ ထဘီခပ္ႏြမ္းႏြမ္းကုိ ၀တ္ထားတဲ့သူနဲ ႔ ေႏြးေထြးမွဳကုိ ႏွလုံးသားနဲ ျမင္ေအာင္ႀကည့္ျပီးရွာခဲ့ႀကတယ္။ရခဲ့ႀကတယ္။ ေက်းဇူးတင္စရာေကာင္းတဲ့ ေဆာင္းညမ်ားကုိ ရင္ထဲမွာ မွတ္မွတ္ထင္ထင္ရွိေနမိတယ္။ ‘ေစာင္ကေလး’ တစ္ထည္ရဲ ႔ေအာက္မွာ ညွာတာျခင္းေတြ၊ ေမတၱာတရားေတြ၊ ကုိယ္ခ်င္းစာျခင္းေတြ၊ စာနာစိတ္ေတြ ျဖစ္ေပၚေနခဲ့တယ္။ ညတစ္ေရးႏုိးရင္လည္း သူမ်ား ‘ေစာင္’ လြတ္ေနမလားလုိ႔ ခ်စ္တဲ့စိတ္နဲ ႔ သတိတရ ႀကည့္မိတယ္။ သူလည္း ကြ်န္ေတာ့္လုိပဲ ေနမွာပါ။

ေအးျမတဲ့ ေဆာင္းညေတြမွာ ဒီ ‘ေစာင္ကေလးတစ္ထည္’ေႀကာင့္ သူနဲ ႔ ကြ်န္ေတာ့္ႀကားမွာ နားလည္မွဳေတြ ရခဲ့ႀကတယ္။ မျပည့္စုံေသးတဲ့ ကာလမုိ႔လုိ႔ အခက္အခဲေတြ ႔တုိင္း စိတ္၀မ္းမကြဲဘဲ ေပ်ာ္ရႊင္စာ ေျဖရွင္းခဲ့ႀကတယ္။ ေစာင္ကေလး တစ္ထည္ေအာက္မွာ ရင္ခုန္ျခင္းေတြ၊ ႀကည္ႏူးျခင္းေတြ၊ႀကင္နာျခင္းေတြနဲ ႔ ေမွ်ာ္လင့္ခ်က္ေတြကုိ အတူတူ အိပ္မက္,မက္ခဲ့ႀကတယ္။ သူ ႔ရဲ ႔အိပ္မက္ဟာ ကြ်န္ေတာ့္ရဲ ႔ အိပ္မက္ပါပဲ။ ဒီလုိပါပဲ။ ကြ်န္ေတာ့္ရဲ ႔ အိပ္မက္ဟာလည္း သူ ႔ရဲ ႔ အိပ္မက္ ျဖစ္ခဲ့ပါတယ္။ ေခါင္းအုံးတစ္ခုေပၚမွာ အတူတူ ေခါင္းခ်ျပီး အိပ္စက္ခဲ့ႀကရတာဆုိေတာ့ ေမွ်ာ္လင့္ခ်က္ေတြလည္း တူခဲ့ႀကတယ္။

ထမင္းစားရင္လည္း စားပြဲခုံ အ၀ုိင္းေသးေသးေလးနဲ ႔အတူ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ႀကည့္လုိ႔ စားခဲ့ႀကတယ္။ ဘဲဥတစ္လုံးကုိ ခရမ္းခ်ဥ္သီးနဲ ႔ ခ်က္ျပီး တစ္ေယာက္တစ္ျခမ္း အတူတူ စားခဲ့ႀကတုန္းက ေပ်ာ္စရာေကာင္းလုိက္တာ။ ခရမ္းခ်ဥ္သီးအႏွစ္ကုိ သူ ႔ပန္းကန္၊ ကုိယ့္ပန္းကန္ အျပန္အလွန္ထည့္ေပးလုိ႔ ႀကည္ႏူးခဲ့ရတယ္။ စက္ဘီးအစုတ္ကေလးရဲ ႔ ကယ္ရီယာေပၚမွာ သူက ထုိင္၊ ကြ်န္ေတာ့္ခါးကုိဖက္၊ ရင္ခုန္စရာ ေကာင္းလုိက္တာ။ မျပည့္စုံျခင္းမွာလည္း ႀကည္ႏူးစရာေတြ၊ ေပ်ာ္ရႊင္စရာေတြရွိမွန္း အခုမွ ေတြးမိတယ္။ မႏၲေလးသူ၊ မႏၲေလးသားပီပီ ညေနစာကုိ လက္ဖက္သုပ္နဲ ႔ အတူစားခဲ့ႀကတာ ေတြးႀကည့္ရင္ လြမ္းေမာစရာပါ။

အခုေတာ့… ျပည့္စုံတဲ့ ဘ၀တစ္ခုကုိ ပုိင္ဆုိင္ေနျပီ။ သူကလည္း သူ ႔ေစာင္ သူျခဳံလုိ႔၊ ကြ်န္ေတာ္ကလည္း ကြ်န္ေတာ့္ေစာင္ ကြ်န္ေတာ္ျခဳံလုိ႔။ သူကလည္း သူ ႔ေခါင္းအုံးနဲ ႔သူ၊ ကြ်န္ေတာ္ကလည္း ကြ်န္ေတာ့္ေခါင္းအုံးနဲ ႔ ကြ်န္ေတာ္။ သူကလည္း တရဳတ္ေဘာင္းဘီ အထူႀကီးနဲ ႔။ ကြ်န္ေတာ္ကလည္း သူ ႔လုိပါပဲ။ ‘ေျခာက္ေပ’ ပတ္လည္ ခုတင္တစ္ခုေပၚမွာ အတူအိပ္ျပီး အေနေ၀းေနႀကတယ္။ သူနဲ ႔ ကြ်န္ေတာ့္ႀကားမွာ ကုိယ္ရနံ ႔သင္းသင္းေလးေတြ၊ ရင္ေငြ ႔ ေႏြးေႏြးေတြ၊ တုိးတုိးညင္းညင္း ရင္ခုန္သံေတြ မႀကားရတာ အေတာ္ႀကာခဲ့ေပါ့။ အိပ္ေမာက်ေနတဲ့ သူ ႔ရဲ ႔မ်က္ႏွာေပၚမွာ ကြ်န္ေတာ့္ကုိ ညွာတာစရာ၊ စာနာစရာ မလုိေတာ့ဘူးဆုိတဲ့ အသိေႀကာင့္ ခက္ခက္ထန္ထန္ အိပ္ေနသလားလုိ႔ေတာင္ ထင္ေနမိတယ္။ ဟုတ္ပါတယ္။ နားလည္မွဳေပးစရာ မလုိေတာ့ဘူးကုိး။

ကြ်န္ေတာ္ကလည္း အလုပ္ရွဳပ္ ၊ သူကလည္း အလုပ္ရွဳပ္ ၊ ထမင္းလက္ဆုံ မစားရတာႀကာပါျပီ။ တကယ္လုိ႔ ထမင္း၀ုိင္းမွာ ဆုံျဖစ္ႀကရင္လည္း အလုပ္အေႀကာင္း၊ ေငြအေႀကာင္း ၊ ေအာင္ျမင္မွဳအေႀကာင္း ၊ ကုိယ့္ထက္သာသူေတြကုိ သူ ႔ထက္သာေအာင္ ဘာလုပ္ရမလဲ ဆုိတဲ့အေႀကာင္း၊ ဘယ္စတုိးဆုိင္က ပစၥည္းက ပုိျပီးေကာင္းတယ္ဆုိတဲ့ အေႀကာင္း ၊ ေရႊေစ်းက ဘယ္လုိ….၊ ေျမေစ်းအိမ္ေစ်းက ဘယ္လုိ… ဒါေတြပဲ ေျပာျဖစ္ႀကတယ္။

ေအာင္ျမင္မွဳေနာက္ကုိ လုိက္ရင္း၊ ေငြေနာက္ကုိ လုိက္ရင္း၊ သူနဲ ႔ ကြ်န္ေတာ့္အႀကားမွာ အိမ္ေထာင္ေရးရဲ ႔ အႏွစ္သာရေတြ အဓိပၸာယ္မဲ့သြားသလုိ ခံစားလာရတယ္။ ပိုင္ဆုိင္မွဳရဲ ႔ေနာက္မွာ သူ ႔ရဲ ႔အိပ္မက္နဲ ႔ ကြ်န္ေတာ့္ရဲ ႔ အိပ္မက္ မတူကြဲျပားေနတာကုိ သတိမျပဳမိခဲ့ႀကဘူး၊ ခုတင္တစ္လုံးေပၚမွာ အတူတူအိပ္ျပီး ယုံႀကည္ခ်က္ေတြ အတူတူ မျဖစ္ႀကေတာ့ဘူး။ ခုတင္တစ္လုံးေပၚမွာ အတူတူအိပ္ျပီး အိပ္မက္ေတြ မတူေတာ့တဲ့ဘ၀ကုိ ေရာက္မွန္းမသိ ေရာက္လာခဲ့ႀကရတယ္။

မျပည့္စုံတဲ့ အခ်ိန္တုန္းက အ၀တ္ေတြကုိ သူက ေလွ်ာ္တယ္။ ကြ်န္ေတာ္က မီးပူတုိက္တယ္။ ထမင္းစားျပီးရင္ သူက ပန္းကန္ေဆးတယ္။ ကြ်န္ေတာ္က စားပြဲခုံ သိမ္းတယ္။ သူက တံျမက္စည္း လွဲတယ္။ ကြ်န္ေတာ္က အမွဳိက္သိမ္းတယ္။ ေပ်ာ္စရာေကာင္းလုိက္တာ။
အခုေတာ့ ဒီအလုပ္ေတြကုိ အိမ္ေဖာ္ေတြက လုပ္ႀကတယ္။

မျပည့္စုံေသးတဲ့ အခ်ိန္တုန္းက စက္ဘီးတစ္စီးေပၚမွာ ကြ်န္ေတာ္ကနင္းတယ္။ သူက တြန္းတယ္။ ကုန္းအတက္ေတြ ႔ရင္ ကြ်န္ေတာ့္ကုိ အေမာေျပေအာင္ သူက သီခ်င္းဆုိျပတယ္။ ကြ်န္ေတာ္ကလည္း သူနဲ ႔အတူလုိက္ျပီး သီခ်င္းေတြအတူဆုိခဲ့တယ္။ ကုန္းအဆင္းကုိ ေရာက္ရင္လည္း ကြ်န္ေတာ့္ခါးကုိ သူက က်စ္က်စ္ပါေအာင္ ဖက္ထားတယ္။ အခုေတာ့ သူကလည္း သူ ႔ဆုိင္ကယ္နဲ႔သူ၊ ကြ်န္ေတာ္ကလည္း ကြ်န္ေတာ့္ဆုိင္ကယ္နဲ ႔ ကြ်န္ေတာ္…။ အိမ္ေထာင္ေရးရဲ ႔ အဓိပါၸယ္ဆုိတာ ဘာမ်ားလဲလုိ႔ မေတြးမိႏုိင္ေလာက္ေအာင္ကုိ ေငြေနာက္၊ စီးပြားေရးေနာက္၊ ေအာင္ျမင္မွဳေနာက္ကုိ ကြ်န္ေတာ္တုိ႔ လုိက္ေနႀကတယ္။

သူကေတာ့ အိပ္ေနလုိက္တာ…။ အျပင္မွာက ႏွင္းေတြက်ေနတယ္။ ရင္ခုန္စရာ ေဆာင္းညေတြဟာ အခုေတာ့ အထီးက်န္တဲ့ ေဆာင္းညေတြ ျဖစ္ေနခဲ့ျပီေလ။ ေငြေႀကးေတြ၊ ေအာင္ျမင္မွဳေတြ၊ ပုိင္ဆုိင္မွဳေတြဟာ အတုိင္းအတာ တစ္ခုထိေတာ့ အဓိပၸာယ္ရွိပါတယ္။ ဒါေပမဲ့ ဘ၀တစ္ခုရဲ ႔ ျပည့္စုံမွဳအစစ္မဟုတ္ပါဘူး။ မိသားစုဘ၀ဆုိတာ ေငြေတြပုံေပးရုံနဲ႔ မျပည့္စုံပါဘူး။ တုိက္ႀကီးေတြ၊ ကားႀကီးေတြ၊ ျခံ၀င္းႀကီးေတြနဲ ႔ အိမ္ေထာင္ေရးဘ၀ကုိ တည္ေဆာက္လုိ႔မရပါဘူး။ေႏြးေထြးမွဳေတြ၊စာနာမွဳေတြ၊ ေမတၱာတရားေတြ၊ ညွာတာစိတ္ေတြနဲ ႔ တည္ေဆာက္ရတယ္ဆုိတာအခုမွ ေတြးမိတယ္။

ကြ်န္ေတာ့္ စာသင္ခန္းနဲ ႔ကပ္လ်က္ ေလးထပ္တုိက္ပုိင္ရွင္ တရုတ္မႀကီးေျပာတဲ့စကားကုိ ေဖာက္သည္ခ်ပါရေစ။

”ဦးဘုန္း….ငါ မေပ်ာ္ဘူး။ ဟုိတုန္းက ေပ်ာ္တယ္။ အခု မေပ်ာ္ဘူး။ ဟုိတုန္းက ေမွာ္ထဲမွာ ဆင္းဆင္းရဲရဲေနရတာ ေပ်ာ္စရာေကာင္းတယ္။ ဆင္းရဲတုန္းက ေယာကၤ်ားေတြဟာ အိမ္ေထာင္ေရးအေပၚ သစၥာရွိတယ္။ ေငြေႀကးလည္း ခ်မ္းသာလာေရာ သစၥာမရွိေတာ့ဘူး။ ငါ့သားသမီးေတြလည္း အတူတူပဲ။ ငါဆင္းရဲတုန္းက သူတုိ႔ အရမ္းလိမၼာႀကတယ္။ ငါတုိ႔လည္း ခ်မ္းသာလာေရာ သူတုိ႔လည္း မုိက္မဲကုန္ႀကတယ္။

ငါ့ေယာကၤ်ားဆုိ ေငြေနာက္လုိက္ေနတာ။ ခရီးသြားေနတာ။ အခု ငါတုိက္ေတြ ကားေတြ၊ ေငြေတြနဲ႔ အထီးက်န္သလုိ ခံစားရတယ္။ ေငြရွိရင္ ျပည့္စုံျပီလုိ႔ ငါထင္ခဲ့တာ။ ေငြရွိတုိင္း မျပည့္စုံဘူး။ ေအာင္ျမင္မွဳရတုိင္း မျပည့္စုံဘူး။ ‘စုိင္းထီးဆုိင္’ သီခ်င္း ႀကားဖူးလား။ ‘ေရဆန္မွာေခ်ာ ၊ ေရစုန္မွာ ေမာ’ အဲဒီသီခ်င္း ငါ အရမ္းႀကဳိက္တယ္။ ေရဆန္တုန္းက အတူတူ ေလွာ္ခဲ့ႀကတယ္။ ေမာတယ္။ ဒါေပမဲ့ ေပ်ာ္တယ္။ ေရစုန္ကုိလည္း ႀကဳံေရာ သူကလည္း ေလွာ္ခ်င္ရာေလွာ္။ ငါကလည္း ေလွာ္ခ်င္ရာေလွာ္နဲ႔။ ဘ၀ႀကီးက အဓိပၸာယ္မရွိပါဘူး။ ငါ့ကုိ တုိက္ႀကီးေတြ၊ ကားႀကီးေတြနဲ ႔ ေနရလုိ႔ ေပ်ာ္တယ္မ်ား ထင္ေနသလား။ ငါမေပ်ာ္ဘူး။ အရင္တုန္းက ဘ၀ဟာ ေငြမျပည့္စုံေပမဲ့ငါ ေပ်ာ္တယ္”

အခုေတာ့… တစ္ေယာက္ကုိ ေစာင္တစ္ထည္စီနဲ ႔ ဒီဇင္ဘာရဲ ႔ ေဆာင္းညမ်ားမွာ သူနဲ ႔ကြ်န္ေတာ္ ‘စိတ္ခ်င္းေ၀း’ေန ၾကတယ္။

တကယ္ေတာ့…
ျပည့္စုံမွဳမွာလည္း အထီးက်န္မွဳေတြ ရွိေနပါလား။ ေအာင္ျမင္မွဳမွာလည္း က်ရွဳံးမွဳေတြနဲ ႔ပါလား။ ပုိင္ဆုိင္မွဳမွာလည္း လုိအပ္ခ်က္ေတြနဲ ႔ပါလား။ မျပည့္စုံမွဳမွာရွိတဲ့ ႀကင္နာျခင္း၊ ေႏြးေထြးျခင္း၊ စာနာျခင္း၊ ညွာတာျခင္း၊ နားလည္ျခင္း၊ ေမတၱာစိတ္ေတြကုိ ျမင္ေအာင္ႀကည့္ျပီး ကုိယ့္ဘ၀ကုိယ္ ေက်နပ္ႀကရေအာင္ဗ်ာ။

ဒါေႀကာင့္ ေစာင္ကေလးတစ္ထည္ေအာက္မွာ တူညီတဲ့ အိပ္မက္တစ္ခုကုိ ပုိင္ဆုိင္ခြင့္ရခဲ့တဲ့ ေဆာင္းညေတြကုိ တမ္းတရင္းနဲ ႔ အဲဒီေန႔ညက အိပ္မေပ်ာ္ခဲ့ပါဘူးဗ်ာ။

ဆရာ ဦးဘုန္း (ဓာတု) ၏ အေဖ့အိမ္ စာအုပ္မွ ေစာင္ကေလးတစ္ထည္ ၀တၳဳတုိျဖစ္ပါသည္။

————————-

စောင်ကလေး တစ်ထည် (unicode)

ဒီနှစ် ဆောင်းတွင်းက တော်တော်အေးတယ်။ မနက် မနက်ဆိုရင် ဆိုင်ကယ်စီးရတာ အရမ်းအေးတာပဲ။ ည (၈)နာရီလောက်ဆိုရင် အအေးဓာတ်က ဝင်လာပြီ။ ညအိပ်ရင်လည်း ထူထူထဲထဲလေးဝတ်ပြီး ‘စောင်’ သေချာခြုံအိပ်ရတယ်။အပြင်မှာလည်း နှင်းတွေ ကျနေတယ်။ တရုတ်အနွေးထည်ထူထူနဲ့ ဘောင်းဘီပွပွကို ဝတ်ပြီး အိပ်ရာ ဝင်ရတယ်။

ဒီလိုနဲ့ ဆောင်းတစ်ည တစ်ရေးနိုးမှာ ကျွန်တော့်ရဲ့ နံဘေး အိပ်မောကျနေတဲ့ ‘ချစ်ဇနီး’ကို ကြည့်မိတယ်။ သူက တရုတ်စောင်ကြီးကို ခြုံ၊ ခေါင်းစွပ်တွေ၊ ခြေ အိတ်တွေနဲ့ အိပ်မောကျနေလိုက်တာ။ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်နေလိုက်တာ။ဝတ်ထားတဲ့ အဝတ်အစားတွေကလည်း ထူထူထဲထဲ လုံလုံခြုံခြုံနဲ့။ ကျွန်တော့်ကို ကျောပေးပြီး ဒူးကလေးကိုကွေးလို့ အိပ်နေလိုက်တာများ။ ဒီနေရာမှာ ကျွန်တော့် စိတ်တွေဟာ ဟိုး…..လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀)ကျော်ဆီကို ရောက်သွားမိတယ်။

သူနဲ့ ကျွန်တော် ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့မှာ မင်္ဂလာဆောင်ကြတယ်။ နိုဝင်ဘာပြီးတော့ ဒီဇင်ဘာ…။ ဆောင်းညများကို ဖြတ်သန်းခဲ့ရတဲ့ မင်္ဂလာဦး အချိန်ပေါ့။ အဲဒီတုန်းက ကျွန်တော့်ဘဝမှာ ဘာကိုမှ မပိုင်ဆိုင်သေးတဲ့ ကာလပါ။ ကျွန်တော် ပိုင်ဆိုင်တဲ့ မင်္ဂလာဦးပစ္စည်း များများစားစား မရှိသေးပါ။ ကျွန်းကုတင်လေးတစ်လုံးရယ်၊ ခေါင်းအုံးလေး တစ်ခုရယ်၊ဘုတလင်စောင်ကလေး တစ်ထည်ရယ်၊ သင်ဖြူးအစုတ်ကလေး တစ်ချပ်ရယ်၊ ပိတ်ခြင်ထောင်ကလေး တစ်လုံးရယ်နဲ့ မင်္ဂလာဦးကာလတွေကို ရင်ခုန်လှိုက်မောခဲ့ရတယ်။

သေတ္တာအစုတ်ကလေး တစ်လုံးရယ်၊ ချိန်းခဏခဏ ကျတတ်တဲ့ စက်ဘီးကလေးတစ်စီးရယ်၊အင်္ကျ ီအဖြူလေးနှစ်ထည်၊ခပ်နွမ်းနွမ်းကချင်ပုဆိုးလေး နှစ်ထည်ရယ်၊ နောက်ပြီးတော့ ကျွန်တော်ချစ်တဲ့၊ ကျွန်တော် ကိုယ်တိုင် ရအောင်ယူထားတဲ့ မိန်းမတစ်ယောက်ရယ်… ဒါတွေဟာ ကျွန်တော့်ဘဝရဲ့ ပထမဆုံး မင်္ဂလာဦးပစ္စည်းတွေပါ။

ဒီဇင်ဘာ ဆောင်းကလည်း ချမ်းလိုက်တာ။ ညညအိပ်ရင် ခေါင်းအုံးကလေးတစ်ခုကို အတူတူအုံးပြီး”ဘုတလင်စောင်”ကို နှစ်ယောက်အတူ ခြုံခဲ့ကြတယ်။သိပ်အေးလို့ကျွန်တော်က ကွေးလိုက်ရင် သူများ စောင်လွတ်သွားလေမလားဆိုတဲ့ ညှာတာစိတ်နဲ့ ဘယ်လောက်ချမ်းချမ်းကွေးပြီး မအိပ်ခဲ့ဘူး။

သူကလည်း…. ဒီလိုပါဘဲ။ ဒီ ‘စောင်ကလေး’ တစ်ထည်ကို လုပြီး မခြုံရက်ဘူး။ သူ့ရဲ့ ကိုယ်ငွေ့နွေးနွေးလေးရယ်၊ကျွန်တော့်ရဲ့ကိုယ်ငွေ့နွေးနွေးရယ်အသားချင်းထိလို့ ဆောင်းညတွေကို ကျော်ဖြတ်ခဲ့ရတယ်။ သူ့ရဲ နွေးနွေးအိအိခန္ဓာကိုယ်လေးကိုဖက်ပြီးအိပ်စက်ခဲ့ရတယ်။ဘယ်လောက်ပဲအေးအေး စောင်တစ်ထည်ရဲ့အောက်မှာ ပုဆိုးအစုတ်ကလေးကို ဝတ်ထားတဲ့ ကျွန်တော်နဲ့ ထဘီခပ်နွမ်းနွမ်းကို ဝတ်ထားတဲ့သူနဲ့ နွေးထွေးမှုကို နှလုံးသားနဲ မြင်အောင်ကြည့်ပြီးရှာခဲ့ကြတယ်။ရခဲ့ကြတယ်။ ကျေးဇူးတင်စရာကောင်းတဲ့ ဆောင်းညများကို ရင်ထဲမှာ မှတ်မှတ်ထင်ထင်ရှိနေမိတယ်။ ‘စောင်ကလေး’ တစ်ထည်ရဲ့အောက်မှာ ညှာတာခြင်းတွေ၊ မေတ္တာတရားတွေ၊ ကိုယ်ချင်းစာခြင်းတွေ၊ စာနာစိတ်တွေ ဖြစ်ပေါ်နေခဲ့တယ်။ ညတစ်ရေးနိုးရင်လည်း သူများ ‘စောင်’ လွတ်နေမလားလို့ ချစ်တဲ့စိတ်နဲ့ သတိတရ ကြည့်မိတယ်။ သူလည်း ကျွန်တော့်လိုပဲ နေမှာပါ။

အေးမြတဲ့ ဆောင်းညတွေမှာ ဒီ ‘စောင်ကလေးတစ်ထည်’ကြောင့် သူနဲ့ ကျွန်တော့်ကြားမှာ နားလည်မှုတွေ ရခဲ့ကြတယ်။ မပြည့်စုံသေးတဲ့ ကာလမို့လို့ အခက်အခဲတွေ့တိုင်း စိတ်ဝမ်းမကွဲဘဲ ပျော်ရွှင်စာ ဖြေရှင်းခဲ့ကြတယ်။ စောင်ကလေး တစ်ထည်အောက်မှာ ရင်ခုန်ခြင်းတွေ၊ ကြည်နူးခြင်းတွေ၊ကြင်နာခြင်းတွေနဲ့ မျှော်လင့်ချက်တွေကို အတူတူ အိပ်မက်,မက်ခဲ့ကြတယ်။ သူ့ရဲ့အိပ်မက်ဟာ ကျွန်တော့်ရဲ့ အိပ်မက်ပါပဲ။ ဒီလိုပါပဲ။ ကျွန်တော့်ရဲ့ အိပ်မက်ဟာလည်း သူ့ရဲ့ အိပ်မက် ဖြစ်ခဲ့ပါတယ်။ ခေါင်းအုံးတစ်ခုပေါ်မှာ အတူတူ ခေါင်းချပြီး အိပ်စက်ခဲ့ကြရတာဆိုတော့ မျှော်လင့်ချက်တွေလည်း တူခဲ့ကြတယ်။

ထမင်းစားရင်လည်း စားပွဲခုံ အဝိုင်းသေးသေးလေးနဲ့အတူ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လို့ စားခဲ့ကြတယ်။ ဘဲဥတစ်လုံးကို ခရမ်းချဉ်သီးနဲ့ ချက်ပြီး တစ်ယောက်တစ်ခြမ်း အတူတူ စားခဲ့ကြတုန်းက ပျော်စရာကောင်းလိုက်တာ။ ခရမ်းချဉ်သီးအနှစ်ကို သူ့ပန်းကန်၊ ကိုယ့်ပန်းကန် အပြန်အလှန်ထည့်ပေးလို့ ကြည်နူးခဲ့ရတယ်။ စက်ဘီးအစုတ်ကလေးရဲ့ ကယ်ရီယာပေါ်မှာ သူက ထိုင်၊ ကျွန်တော့်ခါးကိုဖက်၊ ရင်ခုန်စရာ ကောင်းလိုက်တာ။ မပြည့်စုံခြင်းမှာလည်း ကြည်နူးစရာတွေ၊ ပျော်ရွှင်စရာတွေရှိမှန်း အခုမှ တွေးမိတယ်။ မန္တလေးသူ၊ မန္တလေးသားပီပီ ညနေစာကို လက်ဖက်သုပ်နဲ့ အတူစားခဲ့ကြတာ တွေးကြည့်ရင် လွမ်းမောစရာပါ။

အခုတော့… ပြည့်စုံတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နေပြီ။ သူကလည်း သူ့စောင် သူခြုံလို့၊ ကျွန်တော်ကလည်း ကျွန်တော့်စောင် ကျွန်တော်ခြုံလို့။ သူကလည်း သူ့ခေါင်းအုံးနဲ့သူ၊ ကျွန်တော်ကလည်း ကျွန်တော့်ခေါင်းအုံးနဲ့ ကျွန်တော်။ သူကလည်း တရုတ်ဘောင်းဘီ အထူကြီးနဲ့။ ကျွန်တော်ကလည်း သူ့လိုပါပဲ။ ‘ခြောက်ပေ’ ပတ်လည် ခုတင်တစ်ခုပေါ်မှာ အတူအိပ်ပြီး အနေဝေးနေကြတယ်။ သူနဲ့ ကျွန်တော့်ကြားမှာ ကိုယ်ရနံ့သင်းသင်းလေးတွေ၊ ရင်ငွေ့ နွေးနွေးတွေ၊ တိုးတိုးညင်းညင်း ရင်ခုန်သံတွေ မကြားရတာ အတော်ကြာခဲ့ပေါ့။ အိပ်မောကျနေတဲ့ သူ့ရဲ့မျက်နှာပေါ်မှာ ကျွန်တော့်ကို ညှာတာစရာ၊ စာနာစရာ မလိုတော့ဘူးဆိုတဲ့ အသိကြောင့် ခက်ခက်ထန်ထန် အိပ်နေသလားလို့တောင် ထင်နေမိတယ်။ ဟုတ်ပါတယ်။ နားလည်မှုပေးစရာ မလိုတော့ဘူးကိုး။

ကျွန်တော်ကလည်း အလုပ်ရှုပ် ၊ သူကလည်း အလုပ်ရှုပ် ၊ ထမင်းလက်ဆုံ မစားရတာကြာပါပြီ။ တကယ်လို့ ထမင်းဝိုင်းမှာ ဆုံဖြစ်ကြရင်လည်း အလုပ်အကြောင်း၊ ငွေအကြောင်း ၊ အောင်မြင်မှုအကြောင်း ၊ ကိုယ့်ထက်သာသူတွေကို သူ့ထက်သာအောင် ဘာလုပ်ရမလဲ ဆိုတဲ့အကြောင်း၊ ဘယ်စတိုးဆိုင်က ပစ္စည်းက ပိုပြီးကောင်းတယ်ဆိုတဲ့ အကြောင်း ၊ ရွှေဈေးက ဘယ်လို….၊ မြေဈေးအိမ်ဈေးက ဘယ်လို… ဒါတွေပဲ ပြောဖြစ်ကြတယ်။

အောင်မြင်မှုနောက်ကို လိုက်ရင်း၊ ငွေနောက်ကို လိုက်ရင်း၊ သူနဲ့ ကျွန်တော့်အကြားမှာ အိမ်ထောင်ရေးရဲ့ အနှစ်သာရတွေ အဓိပ္ပာယ်မဲ့သွားသလို ခံစားလာရတယ်။ ပိုင်ဆိုင်မှုရဲ့နောက်မှာ သူ့ရဲ့အိပ်မက်နဲ့ ကျွန်တော့်ရဲ့ အိပ်မက် မတူကွဲပြားနေတာကို သတိမပြုမိခဲ့ကြဘူး၊ ခုတင်တစ်လုံးပေါ်မှာ အတူတူအိပ်ပြီး ယုံကြည်ချက်တွေ အတူတူ မဖြစ်ကြတော့ဘူး။ ခုတင်တစ်လုံးပေါ်မှာ အတူတူအိပ်ပြီး အိပ်မက်တွေ မတူတော့တဲ့ဘဝကို ရောက်မှန်းမသိ ရောက်လာခဲ့ကြရတယ်။

မပြည့်စုံတဲ့ အချိန်တုန်းက အဝတ်တွေကို သူက လျှော်တယ်။ ကျွန်တော်က မီးပူတိုက်တယ်။ ထမင်းစားပြီးရင် သူက ပန်းကန်ဆေးတယ်။ ကျွန်တော်က စားပွဲခုံ သိမ်းတယ်။ သူက တံမြက်စည်း လှဲတယ်။ ကျွန်တော်က အမှိုက်သိမ်းတယ်။ ပျော်စရာကောင်းလိုက်တာ။
အခုတော့ ဒီအလုပ်တွေကို အိမ်ဖော်တွေက လုပ်ကြတယ်။

မပြည့်စုံသေးတဲ့ အချိန်တုန်းက စက်ဘီးတစ်စီးပေါ်မှာ ကျွန်တော်ကနင်းတယ်။ သူက တွန်းတယ်။ ကုန်းအတက်တွေ့ရင် ကျွန်တော့်ကို အမောပြေအောင် သူက သီချင်းဆိုပြတယ်။ ကျွန်တော်ကလည်း သူနဲ့အတူလိုက်ပြီး သီချင်းတွေအတူဆိုခဲ့တယ်။ ကုန်းအဆင်းကို ရောက်ရင်လည်း ကျွန်တော့်ခါးကို သူက ကျစ်ကျစ်ပါအောင် ဖက်ထားတယ်။ အခုတော့ သူကလည်း သူ့ဆိုင်ကယ်နဲ့သူ၊ ကျွန်တော်ကလည်း ကျွန်တော့်ဆိုင်ကယ်နဲ့ ကျွန်တော်…။ အိမ်ထောင်ရေးရဲ့ အဓိပ္ပါယ်ဆိုတာ ဘာများလဲလို့ မတွေးမိနိုင်လောက်အောင်ကို ငွေနောက်၊ စီးပွားရေးနောက်၊ အောင်မြင်မှုနောက်ကို ကျွန်တော်တို့ လိုက်နေကြတယ်။

သူကတော့ အိပ်နေလိုက်တာ…။ အပြင်မှာက နှင်းတွေကျနေတယ်။ ရင်ခုန်စရာ ဆောင်းညတွေဟာ အခုတော့ အထီးကျန်တဲ့ ဆောင်းညတွေ ဖြစ်နေခဲ့ပြီလေ။ ငွေကြေးတွေ၊ အောင်မြင်မှုတွေ၊ ပိုင်ဆိုင်မှုတွေဟာ အတိုင်းအတာ တစ်ခုထိတော့ အဓိပ္ပာယ်ရှိပါတယ်။ ဒါပေမဲ့ ဘဝတစ်ခုရဲ့ ပြည့်စုံမှုအစစ်မဟုတ်ပါဘူး။ မိသားစုဘဝဆိုတာ ငွေတွေပုံပေးရုံနဲ့ မပြည့်စုံပါဘူး။ တိုက်ကြီးတွေ၊ ကားကြီးတွေ၊ ခြံဝင်းကြီးတွေနဲ့ အိမ်ထောင်ရေးဘဝကို တည်ဆောက်လို့မရပါဘူး။နွေးထွေးမှုတွေ၊စာနာမှုတွေ၊ မေတ္တာတရားတွေ၊ ညှာတာစိတ်တွေနဲ့ တည်ဆောက်ရတယ်ဆိုတာအခုမှ တွေးမိတယ်။

ကျွန်တော့် စာသင်ခန်းနဲ့ကပ်လျက် လေးထပ်တိုက်ပိုင်ရှင် တရုတ်မကြီးပြောတဲ့စကားကို ဖောက်သည်ချပါရစေ။

”ဦးဘုန်း….ငါ မပျော်ဘူး။ ဟိုတုန်းက ပျော်တယ်။ အခု မပျော်ဘူး။ ဟိုတုန်းက မှော်ထဲမှာ ဆင်းဆင်းရဲရဲနေရတာ ပျော်စရာကောင်းတယ်။ ဆင်းရဲတုန်းက ယောင်္ကျားတွေဟာ အိမ်ထောင်ရေးအပေါ် သစ္စာရှိတယ်။ ငွေကြေးလည်း ချမ်းသာလာရော သစ္စာမရှိတော့ဘူး။ ငါ့သားသမီးတွေလည်း အတူတူပဲ။ ငေါ ဆင်းရဲတုန်းက သူတို့ အရမ်းလိမ္မာကြတယ်။ ငါတို့လည်း ချမ်းသာလာရော သူတို့လည်း မိုက်မဲကုန်ကြတယ်။

ငါ့ယောင်္ကျားဆို ငွေနောက်လိုက်နေတာ။ ခရီးသွားနေတာ။ အခု ငါတိုက်တွေ ကားတွေ၊ ငွေတွေနဲ့ အထီးကျန်သလို ခံစားရတယ်။ ငွေရှိရင် ပြည့်စုံပြီလို့ ငါထင်ခဲ့တာ။ ငွေရှိတိုင်း မပြည့်စုံဘူး။ အောင်မြင်မှုရတိုင်း မပြည့်စုံဘူး။ ‘စိုင်းထီးဆိုင်’ သီချင်း ကြားဖူးလား။ ‘ရေဆန်မှာချော ၊ ရေစုန်မှာ မော’ အဲဒီသီချင်း ငေါ အရမ်းကြိုက်တယ်။ ရေဆန်တုန်းက အတူတူ လှော်ခဲ့ကြတယ်။ မောတယ်။ ဒါပေမဲ့ ပျော်တယ်။ ရေစုန်ကိုလည်း ကြုံရော သူကလည်း လှော်ချင်ရာလှော်။ ငါကလည်း လှော်ချင်ရာလှော်နဲ့။ ဘ၀ကြီးက အဓိပ္ပာယ်မရှိပါဘူး။ ငါ့ကို တိုက်ကြီးတွေ၊ ကားကြီးတွေနဲ့ နေရလို့ ပျော်တယ်များ ထင်နေသလား။ ငါမပျော်ဘူး။ အရင်တုန်းက ဘဝဟာ ငွေမပြည့်စုံပေမဲ့ငါ ပျော်တယ်”

အခုတော့… တစ်ယောက်ကို စောင်တစ်ထည်စီနဲ့ ဒီဇင်ဘာရဲ့ ဆောင်းညများမှာ သူနဲ့ကျွန်တော် ‘စိတ်ချင်းဝေး’နေ ကြတယ်။

တကယ်တော့…
ပြည့်စုံမှုမှာလည်း အထီးကျန်မှုတွေ ရှိနေပါလား။ အောင်မြင်မှုမှာလည်း ကျရှုံးမှုတွေနဲ့ပါလား။ ပိုင်ဆိုင်မှုမှာလည်း လိုအပ်ချက်တွေနဲ့ပါလား။ မပြည့်စုံမှုမှာရှိတဲ့ ကြင်နာခြင်း၊ နွေးထွေးခြင်း၊ စာနာခြင်း၊ ညှာတာခြင်း၊ နားလည်ခြင်း၊ မေတ္တာစိတ်တွေကို မြင်အောင်ကြည့်ပြီး ကိုယ့်ဘဝကိုယ် ကျေနပ်ကြရအောင်ဗျာ။

ဒါကြောင့် စောင်ကလေးတစ်ထည်အောက်မှာ တူညီတဲ့ အိပ်မက်တစ်ခုကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ ဆောင်းညတွေကို တမ်းတရင်းနဲ့ အဲဒီနေ့ညက အိပ်မပျော်ခဲ့ပါဘူးဗျာ။

ဆရာ ဦးဘုန်း (ဓာတု) ၏ အဖေ့အိမ် စာအုပ်မှ စောင်ကလေးတစ်ထည် ဝတ္ထုတိုဖြစ်ပါသည်။

Leave a Reply