ကိုယ့္ထူးကုိယ္ခြ်န္ ခ်မ္းသာလာခဲ့ၾကတဲ့ အေမရိကန္ဘီလ်ံနာ သူေဌးႀကီး ၁၀ေယာက္

Posted on

ကမာၻတစ္၀န္း “အခြင့္အေရးေတြေပါမ်ားရာေျမ” လို႔ လူသိမ်ားၾကတဲ့ အေမရိကန္ႏိုင္ငံက ကုိယ့္ထူးကိုယ္ခၽြန္ၿပီး ႀကီးပြားခ်မ္းသာလာခဲ့ၾကတဲ့ဘီလ်ံနာ သူေဌးႀကီး ဆယ္ေယာက္ကို ေဖာ္ျပေပးလုိက္ပါတယ္။ ဘ၀အစပုိင္းမွာ ခက္ခဲၾကမ္းတမ္းမႈေတြကို ေက်ာ္ျဖတ္လာခဲ့ၾကၿပီးမွ ခ်မ္းသာၾကြယ္၀မႈေတြကုိ ပိုင္ဆိုင္ႏိုင္ခဲ့ၾကတဲ့ အေမရိကန္က အမ်ဳိးသား၊ အမ်ဳိးသမီး လုပ္ငန္းရွင္ႀကီးေတြရဲ႕ အေၾကာင္းပဲျဖစ္ပါတယ္။

၁၀။ Spanx တည္ေထာင္သူ နဲ႔ စီအီးအုိ Sara Blakely

ယခုလက္ရွိအခ်ိန္မွာ တစ္ႏွစ္ကို ေရာင္းအား ေဒၚလာ သန္း ၄၀၀ ရွိေနတဲ့ ေအာက္ခံအ၀တ္အစား ကုမၸဏီ Spanx ကို တည္ေထာင္သူနဲ႔ စီအီးအိုလည္း ျဖစ္ပါတယ္။ ႏိုင္ငံမွာ ကိုယ့္ထူးကိုယ္ခၽြန္ခ်မ္းသာလာတဲ့ အသက္အငယ္ဆံုးေသာ ဘီလ်ံနာလည္းျဖစ္ပါတယ္။ အသားတင္ၾကြယ္၀မႈ တန္ဖုိး ေဒၚလာ ၁ ဒသမ ၀၁ ဘီလီယံ ရွိပါတယ္။

၉။ Oprah Winfrey

Oprah Winfrey ကေတာ့ ၁၉၈၈ ခုႏွစ္ သူမ အသက္ ၃၀ အရြယ္က Harpo Studios ဆိုတဲ့လုပ္ငန္းကို ထူေထာင္ခဲ့ၿပီး ယင္းကေနတဆင့္ ယခုအခ်ိန္မွာေတာ့ တီဗီရိႈးေတြ၊ မဂၢဇင္းေတြ၊ ရုပ္ရွင္ေတြနဲ႔ Oprah Windfrey Network တို႔ အပါအ၀င္ ႀကီးမားတဲ့ မီဒီယာလုပ္ငန္းႀကီးအျဖစ္ ေျပာင္းလဲရပ္တည္ေနၿပီပဲျဖစ္ပါတယ္။ အသားတင္ ပိုင္ဆိုင္မႈတန္ဖုိး ေဒၚလာ ၂ ဒသမ ၉ ဘီလီယံ ရွိေနပါတယ္။

၈။ John Mitchell Systems ပူးတြဲတည္ေထာင္သူ John Paul DeJoria

ဆံသားထိန္းသိမ္းေရးကုမၸဏီ Redken ကေန အလုပ္ျပဳတ္ခဲ့ဖူးသည့္ John Paul DeJoria မွာ ၁၉၈၀ မွာေတာ့ Paul Mitchell Systems ကို ပူးတြဲတည္ေထာင္ခဲ့သူျဖစ္ပါတယ္။ ယင္းေနာက္ ၎၏ အမ်ဳိးသားသံုးရွန္ပူကို တစ္အိမ္တက္ဆင္းစနစ္နဲ႔ ေရာင္းခ်ခဲ့ဖူးၿပီး ယေန႔အခ်ိန္မွာေတာ့ ၎ရဲ႕ ကုမၸဏီမွာ တစ္ႏွစ္ေရာင္းအား ေဒၚလာ ၁ ဘီလီယံ ရွိေနၿပီျဖစ္ပါတယ္။ အသားတင္ၾကြယ္၀မႈတန္ဖုိးေဒၚလာ ၃ ဘီလီယံရွိပါတယ္။

၇။ Howard Schultz ( Starbucks စီအီးအုိေဟာင္း)

Starbucks ရဲ႕ စီအီးအိုျဖစ္ခဲ့တဲ့ သူေဌးႀကီး Howard Schultz ဟာဆုိရင္ ျဖစ္မွ ျဖစ္ႏိုင္ပါ့မလားဆုိတဲ့ေတြကို ေအာင္ျမင္ေအာင္လုပ္ျပခ်င္တဲ့ ရည္မွန္းခ်က္ေတြနဲ႔ ႀကိဳးစားခဲ့သူတစ္ဦးျဖစ္ပါတယ္။ ၎ စီအီးအို ျဖစ္ၿပီးေနာက္ ကမၻာတစ္၀န္း ယေန႔ခ်ိန္အထိ Starbucksဆိုင္ေပါင္း ၂၄,၅၀၀ ထိ တိုးခ်ဲ႕ဖြင့္လွစ္ထားႏိုင္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ ့ႏိုင္ငံေရးဘက္ကုိ ကူးဖို႔အတြက္ စီအီးအုိအျဖစ္မွႏႈတ္ထြက္ခဲ့သူလည္း ျဖစ္ပါတယ္။ အသားတင္ ပိုင္ဆိုင္မႈတန္ဖုိး ေဒၚလာ ၃ ဒသမ ၁ ဘီလီယံ ရွိပါတယ္။

၆။ Do Won Chang (Forever 21 တည္ေထာင္သူ)

၁၉၈၄ ခုႏွစ္က Do Won Chang မွာ Los Angeles မွာ Fashion 21 လို႔ေခၚတဲ့ စတုိးဆိုင္ေသးတစ္ခုကို စတင္ဖြင့္လွစ္ခဲ့ၿပီး ယင္းဟာ ပထမတစ္ႏွစ္မွာပဲ ေရာင္းအား ေဒၚလာ ၇၀၀,၀၀၀ ရွိခဲ့ပါတယ္။ ယခုအခါမွာေတာ့ ကမၻာတစ္၀န္း စတိုးဆုိင္ေပါင္း ၇၉၀ ထိ ရွိေနၿပီး တစ္ႏွစ္ ေရာင္းအား ေဒၚလာ ၄ ဒသမ ၄ ဘီလီယံထိ ရိွေနတဲ့ Forever 21 လက္လီလုပ္ငန္းႀကီးကို တည္ေထာင္ခဲ့သူ ျဖစ္ပါတယ္။ သူေဌးႀကီး Do Won Chang ဟာဆုိရင္ ယခုအခါမွာေတာ့ အသားတင္ၾကြယ္၀မႈတန္ဖုိး ေဒၚလာ ၆ ဒသမ ၅ ဘီလီယံ ရွိေနၿပီျဖစ္ပါတယ္။

၅။ WhatsApp တည္ေထာင္သူ Jan Koum

ကမၻာေပၚမွာ လူေပါင္း ၁ ဘီလီယံေက်ာ္ သံုးေနၾကတဲ့ လူႀကိဳက္ အမ်ားဆံုး chat app ျဖစ္တဲ့ WhatsApp ကို တည္ေထာင္ သူျဖစ္ပါတယ္။၂၀၁၄ ခုႏွစ္က Facebook က WhatsApp ကို ေဒၚလာ ၁၉ ဘီလီယံေက်ာ္ျဖင့္ ၀ယ္ယူခ်ိန္တြင္ Koum မွာ ေန႔ခ်င္းညခ်င္း ဘီလ်ံနာအျဖစ္သို႔ ေရာက္ရွိခဲ့သူျဖစ္ပါတယ္။ အသားတင္ၾကြယ္၀မႈတန္ဖုိး ေဒၚလာ ၈ ဒသမ ၅ ဘီလီယံ ရွိပါတယ္။

၄။ Continental Resoures စီအီးအို Harold Hamm

Oklahoma အေျခစိုက္ Continental Resources ရဲ႕စီအီးအုိ ျဖစ္သူအသက္ ၇၁ ႏွစ္အရြယ္သူေဌးႀကီး Hamm မွာ ၂၀၁၂ ခုႏွစ္က တိုင္းမ္မဂၢဇင္း၏ ၾသဇာလႊမ္းမိုးမႈအရွိဆံုး ပုဂၢိဳလ္တစ္ဦးအျဖစ္ေဖာ္ျပခံရသူျဖစ္ပါတယ္။ အသားတင္ ၾကြယ္၀မႈတန္ဖုိး ေဒၚလာ ၁၁ ဒသမ ၃ ဘီလီယံရွိပါတယ္။

၃။ Soros Fund Management ဥကၠဌ George Soros

ေမြးရပ္ေျမ ဟန္ေဂရီသို႔ နာဇီတိ႔ု က်ဴးေက်ာ္၀င္ေရာက္စဥ္ကအသက္ ၁၃ ႏွစ္သားအရြယ္သာရွိေသး ၿပီးထြက္ေျပးလာခဲ့တဲ့ သူေဌးႀကီး George Soros အေနနဲ႔ ယခုေအာင္ျမင္သည့္လုပ္ငန္းႀကီးျဖစ္တဲ့ Soros Fund Management ကို ထူေထာင္ထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ အသားတင္ ၾကြယ္၀မႈတန္ဖုိး ေဒၚလာ ၂၄ ဒသမ ၉ ဘီလီယံ ရွိပါတယ္။

၂။ Las Vegas Sands စီအီးအုိ Sheldon Adelson

တကၠဆီဒရိုင္ဘာတစ္ဦး၏ သားျဖစ္သူ Sheldon Adelson မွာ ၎ ၁၂ ႏွစ္သားအရြယ္က လမ္းေပၚတြင္ သတင္းစာေရာင္းသမား ကေလးတစ္ဦးအျဖစ္မွ ကမၻာ့အႀကီးဆံုး ကာစီႏိုနဲ႔ အပန္းေျဖစခန္း လုပ္ငန္း ကုမၸဏီ Las Vegas Sands စီအီးအို ထိ တက္လွမ္းလာခဲ့သူျဖစ္ပါတယ္။ ယခုအခါ အသားတင္ၾကြယ္၀မႈတန္ဖုိး ေဒၚလာ ၃၂ ဒသမ ၂ ဘီလီယံ ရွိေနၿပီျဖစ္ပါတယ္။

၁။ Oracle ပူးတြဲတည္ေထာင္သူႏွင့္ စီအီးအုိေဟာင္း Larry Ellison

ယေန႔အခ်ိန္တြင္ Microsoft ၿပီးရင္ ကမၻာ့ဒုတိယေျမာက္အႀကီးဆံုး ေဆာ့၀ဲထုတ္လုပ္သူ ကုမၸဏီ Oracle ကို ပူးတြဲတည္ေထာင္သူျဖစ္ပါတယ္။ ၁၉၇၇ ခုႏွစ္က Software Development Laboratories (SDL) (ေနာင္တြင္ Oracle ဟု အမည္ေျပာင္း) ကုိ အရင္းအႏွီးေဒၚလာ ၂,၀၀၀ တည္းျဖင့္ စတင္တည္ေထာင္ခဲ့ပါတယ္။ အသားတင္ ၾကြယ္၀မႈတန္ဖုိး ေဒၚလာ ၄၈ ဒသမ ၃ ဘီလီယံ ရွိပါတယ္။

SFJ Strategy First Journal


ကိုယ့်ထူးကိုယ်ချွန် ချမ်းသာလာခဲ့ကြတဲ့ အမေရိကန်ဘီလျံနာ သူဌေးကြီး ၁၀ယောက် (unicode)

ကမ္ဘာတစ်ဝန်း “အခွင့်အရေးတွေပေါများရာမြေ” လို့ လူသိများကြတဲ့ အမေရိကန်နိုင်ငံက ကိုယ့်ထူးကိုယ်ချွန်ပြီး ကြီးပွားချမ်းသာလာခဲ့ကြတဲ့ဘီလျံနာ သူဌေးကြီး ဆယ်ယောက်ကို ဖော်ပြပေးလိုက်ပါတယ်။ ဘဝအစပိုင်းမှာ ခက်ခဲကြမ်းတမ်းမှုတွေကို ကျော်ဖြတ်လာခဲ့ကြပြီးမှ ချမ်းသာကြွယ်ဝမှုတွေကို ပိုင်ဆိုင်နိုင်ခဲ့ကြတဲ့ အမေရိကန်က အမျိုးသား၊ အမျိုးသမီး လုပ်ငန်းရှင်ကြီးတွေရဲ့ အကြောင်းပဲဖြစ်ပါတယ်။

၁၀။ Spanx တည်ထောင်သူ နဲ့ စီအီးအို Sara Blakely

ယခုလက်ရှိအချိန်မှာ တစ်နှစ်ကို ရောင်းအား ဒေါ်လာ သန်း ၄၀၀ ရှိနေတဲ့ အောက်ခံအဝတ်အစား ကုမ္ပဏီ Spanx ကို တည်ထောင်သူနဲ့ စီအီးအိုလည်း ဖြစ်ပါတယ်။ နိုင်ငံမှာ ကိုယ့်ထူးကိုယ်ချွန်ချမ်းသာလာတဲ့ အသက်အငယ်ဆုံးသော ဘီလျံနာလည်းဖြစ်ပါတယ်။ အသားတင်ကြွယ်ဝမှု တန်ဖိုး ဒေါ်လာ ၁ ဒသမ ၀၁ ဘီလီယံ ရှိပါတယ်။

၉။ Oprah Winfrey

Oprah Winfrey ကတော့ ၁၉၈၈ ခုနှစ် သူမ အသက် ၃၀ အရွယ်က Harpo Studios ဆိုတဲ့လုပ်ငန်းကို ထူထောင်ခဲ့ပြီး ယင်းကနေတဆင့် ယခုအချိန်မှာတော့ တီဗီရှိုးတွေ၊ မဂ္ဂဇင်းတွေ၊ ရုပ်ရှင်တွေနဲ့ Oprah Windfrey Network တို့ အပါအဝင် ကြီးမားတဲ့ မီဒီယာလုပ်ငန်းကြီးအဖြစ် ပြောင်းလဲရပ်တည်နေပြီပဲဖြစ်ပါတယ်။ အသားတင် ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ ရှိနေပါတယ်။

၈။ John Mitchell Systems ပူးတွဲတည်ထောင်သူJohn Paul DeJoria

ဆံသားထိန်းသိမ်းရေးကုမ္ပဏီ Redken ကနေ အလုပ်ပြုတ်ခဲ့ဖူးသည့် John Paul DeJoria မှာ ၁၉၈၀ မှာတော့ Paul Mitchell Systems ကို ပူးတွဲတည်ထောင်ခဲ့သူဖြစ်ပါတယ်။ ယင်းနောက် ၎င်း၏ အမျိုးသားသုံးရှန်ပူကို တစ်အိမ်တက်ဆင်းစနစ်နဲ့ ရောင်းချခဲ့ဖူးပြီး ယနေ့အချိန်မှာတော့ ၎င်းရဲ့ ကုမ္ပဏီမှာ တစ်နှစ်ရောင်းအား ဒေါ်လာ ၁ ဘီလီယံ ရှိနေပြီဖြစ်ပါတယ်။ အသားတင်ကြွယ်ဝမှုတန်ဖိုးဒေါ်လာ ၃ ဘီလီယံရှိပါတယ်။

၇။ Howard Schultz ( Starbucks စီအီးအိုဟောင်း)

Starbucks ရဲ့ စီအီးအိုဖြစ်ခဲ့တဲ့ သူဌေးကြီး Howard Schultz ဟာဆိုရင် ဖြစ်မှ ဖြစ်နိုင်ပါ့မလားဆိုတဲ့တွေကို အောင်မြင်အောင်လုပ်ပြချင်တဲ့ ရည်မှန်းချက်တွေနဲ့ ကြိုးစားခဲ့သူတစ်ဦးဖြစ်ပါတယ်။ ၎င်း စီအီးအို ဖြစ်ပြီးနောက် ကမ္ဘာတစ်ဝန်း ယနေ့ချိန်အထိ Starbucksဆိုင်ပေါင်း ၂၄,၅၀၀ ထိ တိုးချဲ့ဖွင့်လှစ်ထားနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့နိုင်ငံရေးဘက်ကို ကူးဖို့အတွက် စီအီးအိုအဖြစ်မှနှုတ်ထွက်ခဲ့သူလည်း ဖြစ်ပါတယ်။ အသားတင် ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံ ရှိပါတယ်။

၆။ Do Won Chang (Forever 21 တည်ထောင်သူ)

၁၉၈၄ ခုနှစ်က Do Won Chang မှာ Los Angeles မှာ Fashion 21 လို့ခေါ်တဲ့ စတိုးဆိုင်သေးတစ်ခုကို စတင်ဖွင့်လှစ်ခဲ့ပြီး ယင်းဟာ ပထမတစ်နှစ်မှာပဲ ရောင်းအား ဒေါ်လာ ၇၀၀,၀၀၀ ရှိခဲ့ပါတယ်။ ယခုအခါမှာတော့ ကမ္ဘာတစ်ဝန်း စတိုးဆိုင်ပေါင်း ၇၉၀ ထိ ရှိနေပြီး တစ်နှစ် ရောင်းအား ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံထိ ရှိနေတဲ့ Forever 21 လက်လီလုပ်ငန်းကြီးကို တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ သူဌေးကြီး Do Won Chang ဟာဆိုရင် ယခုအခါမှာတော့ အသားတင်ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံ ရှိနေပြီဖြစ်ပါတယ်။

၅။ WhatsApp တည်ထောင်သူ Jan Koum

ကမ္ဘာပေါ်မှာ လူပေါင်း ၁ ဘီလီယံကျော် သုံးနေကြတဲ့ လူကြိုက် အများဆုံး chat app ဖြစ်တဲ့ WhatsApp ကို တည်ထောင် သူဖြစ်ပါတယ်။၂၀၁၄ ခုနှစ်က Facebook က WhatsApp ကို ဒေါ်လာ ၁၉ ဘီလီယံကျော်ဖြင့် ဝယ်ယူချိန်တွင် Koum မှာ နေ့ချင်းညချင်း ဘီလျံနာအဖြစ်သို့ ရောက်ရှိခဲ့သူဖြစ်ပါတယ်။ အသားတင်ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံ ရှိပါတယ်။

၄။ Continental Resoures စီအီးအို Harold Hamm

Oklahoma အခြေစိုက် Continental Resources ရဲ့စီအီးအို ဖြစ်သူအသက် ၇၁ နှစ်အရွယ်သူဌေးကြီး Hamm မှာ ၂၀၁၂ ခုနှစ်က တိုင်းမ်မဂ္ဂဇင်း၏ ဩဇာလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ်ဖော်ပြခံရသူဖြစ်ပါတယ်။ အသားတင် ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ ၁၁ ဒသမ ၃ ဘီလီယံရှိပါတယ်။

၃။ Soros Fund Management ဥက္ကဌ George Soros

မွေးရပ်မြေ ဟန်ဂေရီသို့ နာဇီတို့ ကျူးကျော်ဝင်ရောက်စဉ်ကအသက် ၁၃ နှစ်သားအရွယ်သာရှိသေး ပြီးထွက်ပြေးလာခဲ့တဲ့ သူဌေးကြီး George Soros အနေနဲ့ ယခုအောင်မြင်သည့်လုပ်ငန်းကြီးဖြစ်တဲ့ Soros Fund Management ကို ထူထောင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ အသားတင် ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ ၂၄ ဒသမ ၉ ဘီလီယံ ရှိပါတယ်။

၂။ Las Vegas Sands စီအီးအို Sheldon Adelson

တက္ကဆီဒရိုင်ဘာတစ်ဦး၏ သားဖြစ်သူ Sheldon Adelson မှာ ၎င်း ၁၂ နှစ်သားအရွယ်က လမ်းပေါ်တွင် သတင်းစာရောင်းသမား ကလေးတစ်ဦးအဖြစ်မှ ကမ္ဘာ့အကြီးဆုံး ကာစီနိုနဲ့ အပန်းဖြေစခန်း လုပ်ငန်း ကုမ္ပဏီ Las Vegas Sands စီအီးအို ထိ တက်လှမ်းလာခဲ့သူဖြစ်ပါတယ်။ ယခုအခါ အသားတင်ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ ၃၂ ဒသမ ၂ ဘီလီယံ ရှိနေပြီဖြစ်ပါတယ်။

၁။ Oracle ပူးတွဲတည်ထောင်သူနှင့် စီအီးအိုဟောင်း Larry Ellison

ယနေ့အချိန်တွင် Microsoft ပြီးရင် ကမ္ဘာ့ဒုတိယမြောက်အကြီးဆုံး ဆော့ဝဲထုတ်လုပ်သူ ကုမ္ပဏီ Oracle ကို ပူးတွဲတည်ထောင်သူဖြစ်ပါတယ်။ ၁၉၇၇ ခုနှစ်က Software Development Laboratories (SDL) (နောင်တွင် Oracle ဟု အမည်ပြောင်း) ကို အရင်းအနှီးဒေါ်လာ ၂,၀၀၀ တည်းဖြင့် စတင်တည်ထောင်ခဲ့ပါတယ်။ အသားတင် ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ ၄၈ ဒသမ ၃ ဘီလီယံ ရှိပါတယ်။

SFJ Strategy First Journal

Leave a Reply