၆နာရီနဲ႔ အၿပီးေဆာက္ႏုိင္တဲ့ အလန္းစား အိမ္ေလးတစ္လုံး

Posted on

ပုံမွန္အားျဖင့္ ခုိင္ခန္႔တဲ့ အိမ္တစ္လုံးကိုေဆာက္ဖုိ႔ဆုိတာ ၃ ၄ ရက္ကေန စလုိ႔ လခ်ီၿပီးၾကာျမင့္တတ္ပါတယ္။ ဒါေပမယ့္ အီတလီက M.A.Di ဆုိတဲ့ ကုမၸဏီကေတာ့ အခ်ိန္ ၆နာရီတည္းနဲ႔ ဒီလုိအိမ္ေလးေတြကိုေဆာက္ႏုိင္တဲ့ အစြမ္းရွိပါတယ္။ ဒီကုမၸဏီဟာ အိမ္အေသးစားေလးေတြကုိ ျမင့္မားနဲ႔နည္းပညာအကူအညီနဲ႔ အစအဆုံးေဆာက္လုပ္ေပးတဲ့ ကုမၸဏီျဖစ္ပါတယ္။

ဒီလုိအိမ္ေလးေတြကို မည္သည့္ေျမညီမွာမဆုိေဆာက္လုပ္ႏုိင္စြမ္းရွိပါတယ္။ ေအာက္ေျခေဖာင္ေဒးရွင္း အခုိင္အခန္႔မရွိပဲ ေဆာက္လုပ္ထားေပမယ့္ အထူးနည္းပညာနဲ႔ ခ်ိတ္ဆက္ေဆာက္လုပ္ထားတဲ့အတြက္ ဒီအိမ္ေတြဟာ ျပင္းထန္တဲ့ ငလွ်င္ေတြလႈပ္ရင္ေတာင္ ခံႏုိင္တဲ့အစြမ္္းရွိပါတယ္။

အရည္အေသြးျမင့္ အိမ္ေဆာက္ပစၥည္းေတြကုိ သုံးထားၿပီး စတုရန္းေပ ၂၉၀ေပ ေပၚမွာ ေဆာက္လုပ္ထားတဲ့ ဒီအိမ္ေလးရဲ႕ ေစ်းႏႈန္းက ေဒၚလာ ၃၃၀၀၀ ျဖစ္ပါတယ္။ ဒီေငြဟာ ကြ်န္ေတာ္တုိ႔ႏုိင္ငံအတြက္ ေစ်းႀကီးတယ္လုိ႔ ထင္ရေပမယ့္ ႏုိင္ငံႀကီးေတြအတြက္ေတာ့ အေတာ္တန္တဲ့ေစ်းႏႈန္းျဖစ္ပါတယ္။

အိမ္အလုံးတုိင္းမွာ အေျခခံအရာေတြျဖစ္တဲ့ ေရခ်ဳိးခန္း အိမ္သာ ၊ မီးဖုိေခ်ာင္ ၊ ေလွကား စတာေတြပါ၀င္မွာျဖစ္ပါတယ္။ ဒါ့အျပင္လွ်ပ္စစ္အတြက္ ဆုိလာပန္နယ္ေတြပါရွိၿပီး ေရဆုိးစြန္႔ထုတ္စနစ္ ၊ မီးအလွဆင္ျခင္း စတာေတြလည္း တပါတည္းပါရွိပါတယ္။ ေနရာက်ဥ္းေပမယ့္ စနစ္တက်ဒီဇုိင္းဆြဲၿပီး ေဆာက္လုပ္ထားတာျဖစ္တာေၾကာင့္ ေနမယ့္သူေတြအတြက္ သက္ေတာင့္သက္သာရွိေစမွာ ျဖစ္ပါတယ္။

တကယ္ေတာ့ ၆နာရီၾကာရျခင္းဟာ ဒီအိမ္တစ္လုံးလုံးကုိ အစအဆုံးတည္ေဆာက္တာ မဟုတ္ပဲ အဆင္သင့္ဖန္တီးၿပီးသား အိမ္ေဆာက္ပစၥည္းေတြကုိ တပ္ဆင္တယ္ လုိ႔သာဆုိရမွာပါ။ ဒီလုိ အိမ္တစ္လုံးလုံးတပ္ဆင္ဖုိ႔အတြက္ ၀န္ထမ္းအမ်ားႀကီးမလုိပဲ ၃ေယာက္ကေန ၅ေယာက္ခန္႔ အထိသာ လုိအပ္ပါတယ္။ M.A.Di ကုမၸဏီဟာ ဒီလုိအိမ္ေလးေတြကို ကမာၻ႔အႏွံ႔အျပားက ႏုိင္ငံေတြထံ တင္ပုိ႔ေဆာက္လုပ္ေပးလွ်က္ရွိပါတယ္။ ပုိ႔ေဆာင္ခ်ိန္ကေတာ့ ဒီဇုိင္းဆြဲၿပီးတဲ့ေနာက္ ရက္ေပါင္း ၆၀အတြင္း မွာတဲ့ေနရာဆီ ေရာက္ရွိမွာျဖစ္ပါတယ္။

ဒီလုိ ၆နာရီအတြင္းေဆာက္လုပ္ထားတဲ့ အိမ္ေလးေတြရဲ႕ ဒီဇုိင္းနဲ႔ တပ္ဆင္ပုံအဆင့္ဆင့္ကုိ ေအာက္က ပုံနဲ႔ ဗီဒီယုိေတြမွာ ၾကည့္ရႈ႕ႏုိင္ပါတယ္။

၆နာရီအတြင္း အဆင့္အဆင့္ေဆာက္လုပ္ခဲ့တဲ့ ဗီဒီယုိ

————————————–

၆နာရီနဲ့ အပြီးဆောက်နိုင်တဲ့ အလန်းစား အိမ်လေးတစ်လုံး (unicode)

ပုံမှန်အားဖြင့် ခိုင်ခန့်တဲ့ အိမ်တစ်လုံးကိုဆောက်ဖို့ဆိုတာ ၃ ၄ ရက်ကနေ စလို့ လချီပြီးကြာမြင့်တတ်ပါတယ်။ ဒါပေမယ့် အီတလီက M.A.Di ဆိုတဲ့ ကုမ္ပဏီကတော့ အချိန် ၆နာရီတည်းနဲ့ ဒီလိုအိမ်လေးတွေကိုဆောက်နိုင်တဲ့ အစွမ်းရှိပါတယ်။ ဒီကုမ္ပဏီဟာ အိမ်အသေးစားလေးတွေကို မြင့်မားနဲ့နည်းပညာအကူအညီနဲ့ အစအဆုံးဆောက်လုပ်ပေးတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

ဒီလိုအိမ်လေးတွေကို မည်သည့်မြေညီမှာမဆိုဆောက်လုပ်နိုင်စွမ်းရှိပါတယ်။ အောက်ခြေဖောင်ဒေးရှင်း အခိုင်အခန့်မရှိပဲ ဆောက်လုပ်ထားပေမယ့် အထူးနည်းပညာနဲ့ ချိတ်ဆက်ဆောက်လုပ်ထားတဲ့အတွက် ဒီအိမ်တွေဟာ ပြင်းထန်တဲ့ ငလျှင်တွေလှုပ်ရင်တောင် ခံနိုင်တဲ့အစွမ်းရှိပါတယ်။ အရည်အသွေးမြင့် အိမ်ဆောက်ပစ္စည်းတွေကို သုံးထားပြီး စတုရန်းပေ ၂၉၀ပေ ပေါ်မှာ ဆောက်လုပ်ထားတဲ့ ဒီအိမ်လေးရဲ့ ဈေးနှုန်းက ဒေါ်လာ ၃၃၀၀၀ ဖြစ်ပါတယ်။ ဒီငွေဟာ ကျွန်တော်တို့နိုင်ငံအတွက် ဈေးကြီးတယ်လို့ ထင်ရပေမယ့် နိုင်ငံကြီးတွေအတွက်တော့ အတော်တန်တဲ့ဈေးနှုန်းဖြစ်ပါတယ်။

အိမ်အလုံးတိုင်းမှာ အခြေခံအရာတွေဖြစ်တဲ့ ရေချိုးခန်း အိမ်သာ ၊ မီးဖိုချောင် ၊ လှေကား စတာတွေပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင်လျှပ်စစ်အတွက် ဆိုလာပန်နယ်တွေပါရှိပြီး ရေဆိုးစွန့်ထုတ်စနစ် ၊ မီးအလှဆင်ခြင်း စတာတွေလည်း တပါတည်းပါရှိပါတယ်။ နေရာကျဉ်းပေမယ့် စနစ်တကျဒီဇိုင်းဆွဲပြီး ဆောက်လုပ်ထားတာဖြစ်တာကြောင့် နေမယ့်သူတွေအတွက် သက်တောင့်သက်သာရှိစေမှာ ဖြစ်ပါတယ်။

တကယ်တော့ ၆နာရီကြာရခြင်းဟာ ဒီအိမ်တစ်လုံးလုံးကို အစအဆုံးတည်ဆောက်တာ မဟုတ်ပဲ အဆင်သင့်ဖန်တီးပြီးသား အိမ်ဆောက်ပစ္စည်းတွေကို တပ်ဆင်တယ် လို့သာဆိုရမှာပါ။ ဒီလို အိမ်တစ်လုံးလုံးတပ်ဆင်ဖို့အတွက် ဝန်ထမ်းအများကြီးမလိုပဲ ၃ယောက်ကနေ ၅ယောက်ခန့် အထိသာ လိုအပ်ပါတယ်။ M.A.Di ကုမ္ပဏီဟာ ဒီလိုအိမ်လေးတွေကို ကမ္ဘာ့အနှံ့အပြားက နိုင်ငံတွေထံ တင်ပို့ဆောက်လုပ်ပေးလျှက်ရှိပါတယ်။ ပို့ဆောင်ချိန်ကတော့ ဒီဇိုင်းဆွဲပြီးတဲ့နောက် ရက်ပေါင်း ၆ဝအတွင်း မှာတဲ့နေရာဆီ ရောက်ရှိမှာဖြစ်ပါတယ်။

ဒီလို ၆နာရီအတွင်းဆောက်လုပ်ထားတဲ့ အိမ်လေးတွေရဲ့ ဒီဇိုင်းနဲ့ တပ်ဆင်ပုံအဆင့်ဆင့်ကို အောက်က ပုံနဲ့ ဗီဒီယိုတွေမှာ ကြည့်ရှု့နိုင်ပါတယ်။

Leave a Reply