ျမန္မာ့သမုိင္းထဲက သည္းခံစိတ္ ႀကီးမားလြန္းတဲ့ ဆရာေတာ္ႀကီး

Posted on

မင္းတုန္းမင္းလက္ထက္က အေကာင္းျမင္ဝါဒ ရွိတဲ႔ေနရာမွာ ႏွစ္ပါးမရွိတဲ႔ မတၱရာဆရာေတာ္ ဆိုတာ ေပၚေပါက္ခဲ႔ဘူးတယ္။ မတၱရာ ဆရာေတာ္မွာ ထူးျခားတဲ့ အခ်က္ေတြ အမ်ားႀကိိးရိွတဲ့ အထဲက အံ့ၾသစရာ ေကာင္းေလာက္ေအာင္ သည္းခံႏုိင္ျခင္းက အထူးျခားဆံုး ျဖစ္လိမ့္မယ္။ တကယ္ေတာ့ ဆရာေတာ္ႀကီးဟာ ေတာရြာတစ္ရြာက သာမန္ ေက်ာင္းထိုင္ ဘုန္းႀကီး တစ္ပါးပါ ။

အေကာင္းျမင္ဝါဒ ရွိသူအတြက္ ခႏၲီပါရမီကို အလိုလို ျဖည္းျပီးသား ျဖစ္သြားသလို အေကာင္းျမင္ဝါဒကို အေျခခံၿပီး ျပည့္ဝလာတဲ႔ ခႏၲီပါရမီက ေတာရြာဘုန္းႀကီး ဘဝကေန မင္းကိုးကြယ္ခံ ဘုန္းႀကီး တစ္ပါးဘဝ ကို ေရာက္ေအာင္ ပို႔ေပးလိုက္တာပါ။ မင္းတုန္းမင္း တရားႀကီိိးကေတာင္ အေထာက္ေတာ္ေတြ လႊတ္ၿပီး ဆ႐ာေတာ္ဘုရား ဘယ္ေလာက္ သည္းခံႏုိင္လဲ ဆုိတာ စံုစမ္းယူရတဲ့ အထိပါ။

ဆ႐ာေတာ္က ေန႔လယ္ေန႔ခင္းမွာ ေက်ာင္းခါးပန္းကို ေခါင္းအံုးၿပီးေတာ့ က်ိန္းစက္ေလ့ရိွသတဲ့။ ဆရာေတာ္ က်ိန္းစက္တဲ့ အနားမွာ ေက်ာင္းသားေတြက ေျပးတမ္းလုိက္တမ္း ကစားေနၾကတယ္။ ဆရာေတာ္ ေခါင္းအံုးထားတဲ့ ေက်ာင္းခါးပန္းကုိ နင္းပီးေတာ့ ခုန္ခ်ေနၾကသတဲ့။ အဲဒါကို ဦးပၪၨင္းျမင္ေတာ့ ႐ိုက္မည္လုပ္တယ္။ ဆ႐ာေတာ္သိၿပီး ထလာရင္း-
” ေအာင္မယ္… ကိုပၪၨင္းတုိ႔ မ႐ိုက္ၾကပါနဲ႔၊ ကေလးေတြ ဘာသိမလဲ ၊ တုိ႔ငယ္ငယ္ ေက်ာင္းသားတုန္းကလည္း သူတုိ႔ထက္ပဲ ေဆာ့ေသးတယ္၊ မ႐ိုက္ၾကပါနဲ႔ ၊ သည္းခံပါ ၊ ငါလဲ အက်ိန္းမပ်က္ပါဘူး “လုိ႔ ေတာင္းပန္သတဲ့။

မင္းတုန္းမင္း လႊတ္လုိက္တဲ့ အေထာက္ေတာ္ေတြက ကပၸိယလုပ္ၿပီး ပထမတစ္ရက္မွာ ဆြမ္းေတြကို ေပ်ာ့စိျပီး ေကာ္လို ျဖစ္ေအာင္ ခ်က္ျပီး ကပ္ၾကတယ္ ။ ဆရာေတာ္ဟာ အျပစ္မေျပာဘူး ။ ၿမိန္ေရယွက္ေရ ဘုန္းေပးေနတယ္ ။ ဆြမ္းစားျပီးေတာ့ ကပၸိယေတြက အဆင္ေျပရဲ႕လား ဘုရား တဲ႔ ။ ဒီေတာ့ ဆရာေတာ္က
“သိပ္အဆင္ေျပတာပဲ ။ အခုလို ဆြမ္းေပ်ာ့ေပ်ာ့ေလး စားရေတာ့ အဝါးရ သက္သာတယ္တဲ႔ ။ “

ေနာက္ေန႔က်ေတာ့ ကပၸိယေတြက ဆြမ္းေတြကို မာေနေအာင္ ခ်က္ျပီး ကပ္ၾကျပန္တယ္ ။ ဆရာေတာ္ကေတာ့ ဘာမွ အျပစ္မေျပာဘူး ။ၿမိန္ယွက္စြာ ဘုန္းေပးေနတာပဲ ။ ဆြမ္းစားျပီးတာနဲ႔ ကပၸိယေတြက ေမးတယ္ ။ ဆြမ္းဘုန္းရတာ အဆင္ေျပရဲ႕လား တဲ႔ ။
ဆရာေတာ္က , အဆင္ေျပတယ္ ။ ဆြမ္းေတြက မာဆတ္ဆတ္ေလး ဆိုေတာ့ ဝါးရတာ အရသာ ပိုေပၚတယ္တဲ႔ ။

ေနာက္ရက္က်ေတာ့ ဟင္းေတြထဲမွာ ဆားေတြ ငန္ေအာင္ခပ္ျပီး ကပ္ၾကျပန္တယ္ ။
ဆရာေတာ္က ဘာေျပာလည္းဆိုေတာ့
ဆားငန္ငန္ေလး ဘုန္းေပးရေတာ့ ေသြးေၾကတယ္ ။ ေသြးသန္႔တယ္တဲ႔ ။

ေနာက္ရက္က်ေတာ့ ဟင္းထဲမွာ ဆားမထည့္ဘဲ ကပ္ျပန္တယ္ ။
ဒီအခါက်ေတာ့ ဆရာေတာ္က
ဆားေပါ့ေပါ့ေလး စားရေတာ့ ေသြးတိုးေရာဂါကို ကာကြယ္ျပီးသား ျဖစ္တာေပါ့ တဲ႔ ။

အေထာက္ေတာ္ေတြက အမ်ိဳးမ်ဳိး စမ္းၿပီးေတာ့ လုပ္ၾကတာပဲ။ မခံႏုိင္စရာ ျဖစ္ေပမဲ့ ဆရာေတာ္က မေကာင္းဘူးလုိ႔ တစ္ခြန္းမွ မေျပာဘူး။ သည္းခံတာပဲ ၊ ဒီအေၾကာင္းကို မင္းတုန္းမင္းကို ျပန္ေလွွ်ာက္ေတာ့ မင္းတုန္းမင္းလည္း သိပ္ဝမ္းသာၿပီး ၾကည္ညိဳသြားတယ္။ ညီေတာ္ မင္းတပ္ျမဳိ႕စားကို နန္းေတာ္ကို ပင့္လုိ႔ရမရ ေလွ်ာက္ထား ခုိင္းတယ္။ ဆရာေတာ္ကလည္း –
“သာသနာ့ ဒါယကာ ပင့္တာကို ျငင္းစရာမရိွပါဘူး” ဟု မိန္႔ေတာ္မူလိုက္တယ္။

ဒါနဲ႔ မဟာဒါန္ဝန္ကို ေလွေတာ္နဲ႔ သြားပင့္ေစတယ္။ မတၱရာျမဳိ႕မွာ သီတင္းသံုးေနရာက ေရႊတေခ်ာင္း အတုိင္း ဆရာေတာ္ ႂကြလာေတာ့ လမ္းမွာ ဝါးရင္းတုတ္ရြာကို ေရာက္တဲ့အခါ ဘုရင္လႊတ္ထားတဲ့ သူေတြက ေလွကို အကပ္ခုိင္းၿပီး အမိန္႔စာကို ျပသတဲ့။
“ဆရာေတာ္ဘုရားမွာ သက္ေတာ္ႀကီး ရင့္ၿပိိီမုိ႔ မတၱရာ ေက်ာင္းတုိက္မွာပဲ ျပန္သီတင္းသံုးရန္ ေလွ်ာက္ထားလုိက္သည္” ဆုိေတာ့ ဆရာေတာ္က –
“အင္း … ဟုတ္ေပတယ္ ၊ ငါ့မလဲ ေခြးႏုိ႔စို႔သလုိ ပညာသင္ေနၾကတဲ့ တပည့္ေတြ ပညာႏုိ႔ရည္ငတ္ရင္ ဝမ္းနည္းၾကမယ္ ၊ ျပန္ၿပီး ေနရရင္ သူတုိ႔ ဝမ္းသာၾကလိမ့္မယ္ “လုိ႔ မိန္႔သတဲ့ ။

ေနာက္တစ္လေလာက္ၾကာေတာ့ မင္းတုန္းမင္းက အုတ္ဝန္ကို နန္းဦိးေက်ာင္းေဆာင္ ေဆာက္ခုိင္းတယ္။ ၿပီးတာနဲ႔ မတၱရာ ဆရာေတာ္ကို သံေတာ္ဆင့္ေတြ လႊတ္ၿပီး အပင့္ခုိင္းတယ္။ ဒိိီေတာ့ ဆရာေတာ္က –
“အင္း … မဟာမုနိဘုရားႀကီး မဖူးရတာၾကာၿပီ ၊ သည္တစ္ခါေတာ့ ဆုိက္ဆုိက္ျမဳိက္ျမဳိက္ ဖူးရေတာ့မယ္ “လုိ႔ မိန္႔ၿပီးႂကြလာတယ္။ နန္းဦးေက်ာင္း ေရစက္ခ်ပြဲမွာ ဆရာေတာ္ တရားေဟာလုိက္တာ ညေန သံုးနာရီေလာက္ကေန မုိးစုန္းစုန္းခ်ဳပ္တဲ့ အထိပဲတဲ့။ မင္းတုန္းမင္းႀကီးနဲ႔တကြ နန္းတြင္းသူ နန္းတြင္းသားေတြ ညစဥ္ တရားနာလာၾကသတဲ့။

ေနာက္ေတာ့ မင္းတုန္းမင္းႀကီးက ေက်ာင္းအနီးမွာ ထန္းရြက္မုိးတဲေက်ာင္း ေဆာက္ၿပီး ပင့္ေတာ့ ဆရာေတာ္က –
“အင္း … ဟုတ္ေပတယ္ ၊ တက္ရဆင္းရဆုိတာ လူအုိျဖစ္ေတာ့ သတိထားရတယ္ ၊ ေအာက္ေျမျပင္မွာပဲ ေကာင္းမယ့္”လုိ႔ မိန္႔သတဲ့။

ထန္းရြက္တဲေက်ာင္းမွာ တစ္လေလာက္ၾကာေတာ့ –
“ေက်ာင္းေပၚတက္ၿပီး သီတင္းသံုးပါ “လုိ႔ ေလွ်ာက္တယ္။ ဒီေတာ့လည္း –
“ေက်ာင္းႀကီးေပၚမွာေတာ့ မုိးလံုေလလံု ေကာင္းတာပဲ ၊ သည္ထန္းရြက္ေက်ာင္းမွာေတာ့ မုိးလံုေလလံုမဟုတ္ဘူး ၊ တရားနာပရိသတ္ ေျမျပင္မွာ နာရလုိ႔ အေအးမိၿပီး ဥတုပ်က္မွာ စိုးရတယ္”လုိ႔ မိန္႔သတဲ့။

ဆရာေတာ္ဘုရားက သက္ေတာ္ ၆၅ ၊ ဝါေတာ္ ၄၅ ေရာက္ေတာ့ ညပိုင္းမွာ ဦးပၪၨင္းေတြ ဝတ္ျဖည့္တဲ့အခါ ဆရာေတာ္ဘုရားရဲ႕ ေျခေထာက္က ဆတ္ခနဲ ဆတ္ခနဲလႉပ္သတဲ့။ ဒါနဲ႔ ဦးပၪၨင္းေတြက သင္းပိုင္ကို လွန္ၾကည့္ၾကေတာ့ ေျခသလံုးမွာ လက္သီးဆုပ္ေလာက္ရိွတဲ့ အနာႀကီး ၊ ေလာက္ေတြ တဖြားဖြားနဲ႔တဲ့။ ဦးပၪၨင္းေတြက အနာကို ႐ွင္းမယ္လုပ္ေတာ့ –
“ေအာင္မယ္ …. ေမာင္ပၪၨင္းတုိ႔ သူတုိ႔ အုိးအိမ္တည္ေနတာကို မဖ်က္ဆီးၾကပါနဲ႔ ၊ သူတုိ႔ ဒုကၡျဖစ္ပါလိမ့္မယ္။ သည္းခံၾကပါ”လို႔ မိန္႔သတဲ့ ။

တစ္လေလာက္ၾကာေတာ့ ဆရာေတာ္ မထႏုိင္ေတာ့ဘူး ၊ အနာကလည္း ေလာက္ေတြ စားလုိ႔ ဒူး႐ိုးေတာင္ ေပၚလာၿပီ။ ဒူးေခါင္းအထက္ ေပါင္ဖ်ားထိေအာင္ အနာႀကီးလာေတာ့ ဘုရင့္ထံ စာသြင္းၿပီး ေျပာၾကတယ္။ ဘုရင္လည္း လာၾကည့္ၿပီး ဒီေလာက္အနာႀကီး ေပါက္လုိ႔ ေလာက္ကိုက္ ေလာက္ထုိးေနတာ သည္းခံႏုိင္တာ အံ့ၾသစရာႀကီးပဲလုိ႔ မိန္႔ေတာ္မူသတဲ့။

အနာက သည္းေနေတာ့ ကုသလို႔ မရေတာ့ဘူး။ ဆယ္ရက္ေလာက္ ၾကာတဲ့အခါ ညတစ္ခ်က္တီးေလာက္မွာ အထက္ေကာင္းကင္က တူရိယာသံေတြ ၾကားရသတဲ့။ နိမိတ္ထူးတာနဲ႔ စံုစမ္းၾကည့္ေတာ့ မတၱရာ ဆရာေတာ္ႀကိ္ီး ပ်ံလြန္ေတာ္မူေၾကာင္း သိရတယ္။ ဆရာေတာ့္ စ်ာပနာကို မင္းတုန္းမင္းႀကီးက အႀကီးအက်ယ္ က်င္းပပူေဇာ္ပါတယ္။ အ႐ိုးေပၚေအာက္ကေတာ့ အနာႀကီးျဖစ္ၿပီး ေလာက္ထုိး ေလာက္ကုိက္ခံ ေနႏုိင္တာေတာ့ ဆရာေတာ္ရဲ႕ သည္းခံတရားမွာ အံ့ၾသစရာ အေကာင္းဆံုး ျဖစ္ပါေတာ့တယ္။

———————————

မြန်မာ့သမိုင်းထဲက သည်းခံစိတ် ကြီးမားလွန်းတဲ့ ဆရာတော်ကြီး (unicode)

မင်းတုန်းမင်းလက်ထက်က အကောင်းမြင်ဝါဒ ရှိတဲ့နေရာမှာ နှစ်ပါးမရှိတဲ့ မတ္တရာဆရာတော် ဆိုတာ ပေါ်ပေါက်ခဲ့ဘူးတယ်။ မတ္တရာ ဆရာတော်မှာ ထူးခြားတဲ့ အချက်တွေ အများကြိးရှိတဲ့ အထဲက အံ့ဩစရာ ကောင်းလောက်အောင် သည်းခံနိုင်ခြင်းက အထူးခြားဆုံး ဖြစ်လိမ့်မယ်။ တကယ်တော့ ဆရာတော်ကြီးဟာ တောရွာတစ်ရွာက သာမန် ကျောင်းထိုင် ဘုန်းကြီး တစ်ပါးပါ ။ အကောင်းမြင်ဝါဒ ရှိသူအတွက် ခန္တီပါရမီကို အလိုလို ဖြည်းပြီးသား ဖြစ်သွားသလို အကောင်းမြင်ဝါဒကို အခြေခံပြီး ပြည့်ဝလာတဲ့ ခန္တီပါရမီက တောရွာဘုန်းကြီး ဘဝကနေ မင်းကိုးကွယ်ခံ ဘုန်းကြီး တစ်ပါးဘဝ ကို ရောက်အောင် ပို့ပေးလိုက်တာပါ။ မင်းတုန်းမင်း တရားကြိးကတောင် အထောက်တော်တွေ လွှတ်ပြီး ဆရာတော်ဘုရား ဘယ်လောက် သည်းခံနိုင်လဲ ဆိုတာ စုံစမ်းယူရတဲ့ အထိပါ။

ဆရာတော်က နေ့လယ်နေ့ခင်းမှာ ကျောင်းခါးပန်းကို ခေါင်းအုံးပြီးတော့ ကျိန်းစက်လေ့ရှိသတဲ့။ ဆရာတော် ကျိန်းစက်တဲ့ အနားမှာ ကျောင်းသားတွေက ပြေးတမ်းလိုက်တမ်း ကစားနေကြတယ်။ ဆရာတော် ခေါင်းအုံးထားတဲ့ ကျောင်းခါးပန်းကို နင်းပီးတော့ ခုန်ချနေကြသတဲ့။ အဲဒါကို ဦးပဉ္ဇင်းမြင်တော့ ရိုက်မည်လုပ်တယ်။ ဆရာတော်သိပြီး ထလာရင်း-
” အောင်မယ်… ကိုပဉ္ဇင်းတို့ မရိုက်ကြပါနဲ့၊ ကလေးတွေ ဘာသိမလဲ ၊ တို့ငယ်ငယ် ကျောင်းသားတုန်းကလည်း သူတို့ထက်ပဲ ဆော့သေးတယ်၊ မရိုက်ကြပါနဲ့ ၊ သည်းခံပါ ၊ ငါလဲ အကျိန်းမပျက်ပါဘူး “လို့ တောင်းပန်သတဲ့။

မင်းတုန်းမင်း လွှတ်လိုက်တဲ့ အထောက်တော်တွေက ကပ္ပိယလုပ်ပြီး ပထမတစ်ရက်မှာ ဆွမ်းတွေကို ပျော့စိပြီး ကော်လို ဖြစ်အောင် ချက်ပြီး ကပ်ကြတယ် ။ ဆရာတော်ဟာ အပြစ်မပြောဘူး ။ မြိန်ရေယှက်ရေ ဘုန်းပေးနေတယ် ။ ဆွမ်းစားပြီးတော့ ကပ္ပိယတွေက အဆင်ပြေရဲ့လား ဘုရား တဲ့ ။
ဒီတော့ ဆရာတော်က
“သိပ်အဆင်ပြေတာပဲ ။ အခုလို ဆွမ်းပျော့ပျော့လေး စားရတော့ အဝါးရ သက်သာတယ်တဲ့ ။ ”

နောက်နေ့ကျတော့ ကပ္ပိယတွေက ဆွမ်းတွေကို မာနေအောင် ချက်ပြီး ကပ်ကြပြန်တယ် ။ ဆရာတော်ကတော့ ဘာမှ အပြစ်မပြောဘူး ။မြိန်ယှက်စွာ ဘုန်းပေးနေတာပဲ ။ ဆွမ်းစားပြီးတာနဲ့ ကပ္ပိယတွေက မေးတယ် ။ ဆွမ်းဘုန်းရတာ အဆင်ပြေရဲ့လား တဲ့ ။
ဆရာတော်က , အဆင်ပြေတယ် ။ ဆွမ်းတွေက မာဆတ်ဆတ်လေး ဆိုတော့ ဝါးရတာ အရသာ ပိုပေါ်တယ်တဲ့ ။

နောက်ရက်ကျတော့ ဟင်းတွေထဲမှာ ဆားတွေ ငန်အောင်ခပ်ပြီး ကပ်ကြပြန်တယ် ။
ဆရာတော်က ဘာပြောလည်းဆိုတော့
ဆားငန်ငန်လေး ဘုန်းပေးရတော့ သွေးကြေတယ် ။ သွေးသန့်တယ်တဲ့ ။

နောက်ရက်ကျတော့ ဟင်းထဲမှာ ဆားမထည့်ဘဲ ကပ်ပြန်တယ် ။
ဒီအခါကျတော့ ဆရာတော်က
ဆားပေါ့ပေါ့လေး စားရတော့ သွေးတိုးရောဂါကို ကာကွယ်ပြီးသား ဖြစ်တာပေါ့ တဲ့ ။

အထောက်တော်တွေက အမျိုးမျိုး စမ်းပြီးတော့ လုပ်ကြတာပဲ။ မခံနိုင်စရာ ဖြစ်ပေမဲ့ ဆရာတော်က မကောင်းဘူးလို့ တစ်ခွန်းမှ မပြောဘူး။ သည်းခံတာပဲ ၊ ဒီအကြောင်းကို မင်းတုန်းမင်းကို ပြန်လျှောက်တော့ မင်းတုန်းမင်းလည်း သိပ်ဝမ်းသာပြီး ကြည်ညိုသွားတယ်။ ညီတော် မင်းတပ်မြို့စားကို နန်းတော်ကို ပင့်လို့ရမရ လျှောက်ထား ခိုင်းတယ်။ ဆရာတော်ကလည်း –
“သာသနာ့ ဒါယကာ ပင့်တာကို ငြင်းစရာမရှိပါဘူး” ဟု မိန့်တော်မူလိုက်တယ်။

ဒါနဲ့ မဟာဒါန်ဝန်ကို လှေတော်နဲ့ သွားပင့်စေတယ်။ မတ္တရာမြို့မှာ သီတင်းသုံးနေရာက ရွှေတချောင်း အတိုင်း ဆရာတော် ကြွလာတော့ လမ်းမှာ ဝါးရင်းတုတ်ရွာကို ရောက်တဲ့အခါ ဘုရင်လွှတ်ထားတဲ့ သူတွေက လှေကို အကပ်ခိုင်းပြီး အမိန့်စာကို ပြသတဲ့။
“ဆရာတော်ဘုရားမှာ သက်တော်ကြီး ရင့်ပြီမို့ မတ္တရာ ကျောင်းတိုက်မှာပဲ ပြန်သီတင်းသုံးရန် လျှောက်ထားလိုက်သည်” ဆိုတော့ ဆရာတော်က –
“အင်း … ဟုတ်ပေတယ် ၊ ငါ့မလဲ ခွေးနို့စို့သလို ပညာသင်နေကြတဲ့ တပည့်တွေ ပညာနို့ရည်ငတ်ရင် ဝမ်းနည်းကြမယ် ၊ ပြန်ပြီး နေရရင် သူတို့ ဝမ်းသာကြလိမ့်မယ် “လို့ မိန့်သတဲ့ ။

နောက်တစ်လလောက်ကြာတော့ မင်းတုန်းမင်းက အုတ်ဝန်ကို နန်းဥိးကျောင်းဆောင် ဆောက်ခိုင်းတယ်။ ပြီးတာနဲ့ မတ္တရာ ဆရာတော်ကို သံတော်ဆင့်တွေ လွှတ်ပြီး အပင့်ခိုင်းတယ်။ ဒီတော့ ဆရာတော်က –
“အင်း … မဟာမုနိဘုရားကြီး မဖူးရတာကြာပြီ ၊ သည်တစ်ခါတော့ ဆိုက်ဆိုက်မြိုက်မြိုက် ဖူးရတော့မယ် “လို့ မိန့်ပြီးကြွလာတယ်။ နန်းဦးကျောင်း ရေစက်ချပွဲမှာ ဆရာတော် တရားဟောလိုက်တာ ညနေ သုံးနာရီလောက်ကနေ မိုးစုန်းစုန်းချုပ်တဲ့ အထိပဲတဲ့။ မင်းတုန်းမင်းကြီးနဲ့တကွ နန်းတွင်းသူ နန်းတွင်းသားတွေ ညစဉ် တရားနာလာကြသတဲ့။

နောက်တော့ မင်းတုန်းမင်းကြီးက ကျောင်းအနီးမှာ ထန်းရွက်မိုးတဲကျောင်း ဆောက်ပြီး ပင့်တော့ ဆရာတော်က –
“အင်း … ဟုတ်ပေတယ် ၊ တက်ရဆင်းရဆိုတာ လူအိုဖြစ်တော့ သတိထားရတယ် ၊ အောက်မြေပြင်မှာပဲ ကောင်းမယ့်”လို့ မိန့်သတဲ့။

ထန်းရွက်တဲကျောင်းမှာ တစ်လလောက်ကြာတော့ –
“ကျောင်းပေါ်တက်ပြီး သီတင်းသုံးပါ “လို့ လျှောက်တယ်။ ဒီတော့လည်း –
“ကျောင်းကြီးပေါ်မှာတော့ မိုးလုံလေလုံ ကောင်းတာပဲ ၊ သည်ထန်းရွက်ကျောင်းမှာတော့ မိုးလုံလေလုံမဟုတ်ဘူး ၊ တရားနာပရိသတ် မြေပြင်မှာ နာရလို့ အအေးမိပြီး ဥတုပျက်မှာ စိုးရတယ်”လို့ မိန့်သတဲ့။

ဆရာတော်ဘုရားက သက်တော် ၆၅ ၊ ဝါတော် ၄၅ ရောက်တော့ ညပိုင်းမှာ ဦးပဉ္ဇင်းတွေ ဝတ်ဖြည့်တဲ့အခါ ဆရာတော်ဘုရားရဲ့ ခြေထောက်က ဆတ်ခနဲ ဆတ်ခနဲလှူပ်သတဲ့။ ဒါနဲ့ ဦးပဉ္ဇင်းတွေက သင်းပိုင်ကို လှန်ကြည့်ကြတော့ ခြေသလုံးမှာ လက်သီးဆုပ်လောက်ရှိတဲ့ အနာကြီး ၊ လောက်တွေ တဖွားဖွားနဲ့တဲ့။ ဦးပဉ္ဇင်းတွေက အနာကို ရှင်းမယ်လုပ်တော့ –
“အောင်မယ် …. မောင်ပဉ္ဇင်းတို့ သူတို့ အိုးအိမ်တည်နေတာကို မဖျက်ဆီးကြပါနဲ့ ၊ သူတို့ ဒုက္ခဖြစ်ပါလိမ့်မယ်။ သည်းခံကြပါ”လို့ မိန့်သတဲ့ ။

တစ်လလောက်ကြာတော့ ဆရာတော် မထနိုင်တော့ဘူး ၊ အနာကလည်း လောက်တွေ စားလို့ ဒူးရိုးတောင် ပေါ်လာပြီ။ ဒူးခေါင်းအထက် ပေါင်ဖျားထိအောင် အနာကြီးလာတော့ ဘုရင့်ထံ စာသွင်းပြီး ပြောကြတယ်။ ဘုရင်လည်း လာကြည့်ပြီး ဒီလောက်အနာကြီး ပေါက်လို့ လောက်ကိုက် လောက်ထိုးနေတာ သည်းခံနိုင်တာ အံ့ဩစရာကြီးပဲလို့ မိန့်တော်မူသတဲ့။

အနာက သည်းနေတော့ ကုသလို့ မရတော့ဘူး။ ဆယ်ရက်လောက် ကြာတဲ့အခါ ညတစ်ချက်တီးလောက်မှာ အထက်ကောင်းကင်က တူရိယာသံတွေ ကြားရသတဲ့။ နိမိတ်ထူးတာနဲ့ စုံစမ်းကြည့်တော့ မတ္တရာ ဆရာတော်က်ြီး ပျံလွန်တော်မူကြောင်း သိရတယ်။ ဆရာတော့် ဈာပနာကို မင်းတုန်းမင်းကြီးက အကြီးအကျယ် ကျင်းပပူဇော်ပါတယ်။ အရိုးပေါ်အောက်ကတော့ အနာကြီးဖြစ်ပြီး လောက်ထိုး လောက်ကိုက်ခံ နေနိုင်တာတော့ ဆရာတော်ရဲ့ သည်းခံတရားမှာ အံ့ဩစရာ အကောင်းဆုံး ဖြစ်ပါတော့တယ်။

Leave a Reply