သမုိင္းတေလွ်ာက္ ကမာၻ႔ အင္အားအျပင္းထန္ဆံုး ေျမငလွ်င္ ၁၀ ခု

Posted on

Via : MyitMaKha Media Group

၂၀၁၈ ခုႏွစ္ဟာ အရင္ႏွစ္ေတြနဲ႔ မတူဘဲ ငလွ်င္လႈပ္ခတ္မႈေတြ သိသိသာသာပိုၿပီး မ်ားျပားလာခဲ့ပါတယ္။ ၂၀၁၉ ခုႏွစ္မွာလည္း အင္အားပိုေကာင္းတဲ့ ငလွ်င္ေတြ လႈပ္ဦးမယ္လို႔ တခ်ဳိ႕ပညာရွင္ေတြက ဆိုပါတယ္။ ဒီလို ငလွ်င္ေတြ ပိုမိုလႈပ္ခတ္ရတဲ့ အေၾကာင္းကေတာ့ ကမာၻေျမႀကီးရဲ႕ လည္ပတ္မႈဟာ ေႏွးေကြးလာၿပီး ကမာၻ႔ အီေကြတာ ေဒသဟာ က်ဥ္းေျမာင္းလာတာေၾကာင့္ ျဖစ္တယ္လို႔ သိပၸံပညာရွင္ေတြက ဆိုပါတယ္။

အင္းအားျပင္းထန္တဲ့ ငလွ်င္ေတြ လႈပ္ခတ္ခဲ့တာ ဟိုးအရင္ကတည္းက လႈပ္ခတ္ခဲ့တာျဖစ္ၿပီး ေသဆံုးသူေတြ၊ ဒါဏ္ရာရသူေတြနဲ႔ ဒုကၡေရာက္သူေတြ အမ်ားအျပားရွိခဲ့ၾကပါတယ္။ ဒါေၾကာင့္ သမုိင္းတစ္ေလွ်ာက္ အင္အားအျပင္းထန္ဆံုး ငလွ်င္ေတြထဲက ၁၀ ခုကို ေဖာ္ျပေပးလိုက္ရပါတယ္။ ဒီငလွ်င္ေတြကေတာ့ အေမရိကန္အစိုးရရဲ့ သိပၸံသုေတသန ေအဂ်င္စီတစ္ခုျဖစ္တဲ့ အေမရိကန္ ဘူမိေဗဒ စစ္တမ္း (USGS)ကို အေျခခံၿပီး ေရးသားထားတာ ျဖစ္ပါတယ္။

၁၀။ ၂၀၁၂ ဆူမားၾတား ငလ်င္-၈.၂ရစ္ခ်က္တာစေကး

ေသဆံုးသူ ၁၀ ဦး၊ ဒဏ္ရာရသူ ၁၂ ဦး

အင္ဒိုနီးရွားနိုင္ငံ ဆူမားၾတားကၽြန္းမွာ ၂၀၁၂ ဧၿပီ ၁၁၊ ေဒသစံေတာ္ခ်ိန္ ၁၅ နာရီ ၃၈ မိနစ္က အင္အားျပင္းထန္လွထဲ ပင္လယ္ေရေအာက္ငလ်င္ တစ္ခုလႈပ္ခတ္ခဲ့ပါတယ္။ ဒီငလ်င္စတင္လႈပ္ခတ္ၿပီး ၂ နာရီအၾကာမွာပဲ ၈.၂ ရစ္ခ်က္တာစေကးရွိ ကုန္းတြင္းလႈပ္ခတ္မႈ စတင္လႈပ္ခတ္ပါတယ္။ ဒီငလ်င္ေၾကာင့္ ဆူနာမီ ေရလိႈင္းေတြကို ျဖစ္ေစႏိုင္မယ္လို႔ အာဏာပိုင္ေတြက စိုးရိမ္ခဲ့တာေၾကာင့္ အိႏၵိယသမုဒၵယာ တစ္ေလ်ွာက္ သတိေပးေၾကညာခ်က္ေတြထုတ္ျပန္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ျပန္လည္ရုပ္သိမ္းခဲ့ပါတယ္။ ဒီငလွ်င္ဟာ အင္အားျပင္းတဲ့ ငလ်င္တစ္ခု ျဖစ္ခဲ့ေပမယ့္လည္း လူေနထူထပ္ေသာေနရာနဲ႔ ေဝးလံခဲ့ၿပီး ဆူနာမီေရလိႈင္းေတြျဖစ္ေပၚျခင္းလည္း မရွိခဲ့ပါဘူး။

၉။ ၁၉၅၀ အာဆမ္-တိဘက္ ငလ်င္- ၈.၆ ရစ္ခ်က္စေကး

ဒီငလွ်င္ေၾကာင့္ ေသဆံုုးသူ ၁၅၀၀ နဲ႔ ၃၃၀၀ ၾကားရွိၿပီး လူေထာင္ေပါင္းမ်ားစြာ ဒဏ္ရာရခဲ့ပါတယ္။ ငလ်င္ဗဟိုခ်က္ဟာ တိဘတ္ႏိုင္ငံ ရီမာေဒသ နားမွာျဖစ္ခဲ့ၿပီး ရွီက်န္း-အိႏၵိယနယ္နိမိတ္တစ္ေလ်ွာက္ ၁၉၅၀ ၾသဂုတ္ ၁၅ ကလႈပ္ခတ္ခဲ့တာပါ။ ၁၉၅၀ အိႏၵိယႏိုင္ငံေျမာက္ပိုင္း နဲ႔ တိဘက္ ေဒသတစ္ေလ်ွာက္ လႈပ္ခတ္ခဲ့ေသာ ငလ်င္ေၾကာင့္ လူေပါင္္း ၁၅၀၀ နဲ႔ ၃၃၀၀ ၾကား ေသဆံုးခဲ့ရပါတယ္။ ငလ်င္လႈပ္ခတ္ၿပီးခ်ိန္မွာ ေျမၿပိဳက်မႈေၾကာင့္ ဆူဘန္စီရီျမစ္ေၾကာင္း တစ္ေလွ်ာက္ ပိတ္ဆို႔မႈေတြရွိခဲ့ပါတယ္။ ငလွ်င္လႈပ္ခတ္ခဲ့ၿပီး ၈ ရက္အၾကာမ်ာ သဘာဝဆည္ႀကီးက်ိဳးက်ခဲ့ကာ ၂၃ေပအျမင့္ရွိတဲ့ ေရလိႈင္းေတြျဖစ္ေပၚခဲ့ၿပီး ဒီေရလိႈင္းေတြေၾကာင့္ ေက်းရြာအမ်ားအျပား ေရလႊမ္းမိုးခံရကာ လူေပါင္း ၅၃၆ ဦးေသဆံုးခဲ့ရျပန္ပါတယ္။ လူဦးေရ ၅ သန္းဟာလည္း အိုးမဲ့အိမ္မဲ့ ျဖစ္ခဲ့ရပါတယ္။

၈။ ၁၉၆၅ ရက္ ကၽြန္းစုမ်ား ငလ်င္- ၈.၇ ရစ္ခ်က္စေကး

ေသဆံုးသူမရွိ

၁၉၆၅ ေဖေဖာ္ဝါရီ ၄ ရက္ေန႔၊ ေဒသစံေတာ္ခ်ိန္ ည ၇ နာရီ ၁ မိနစ္မွာ အေမရိကန္ႏိုင္ငံ အလက္စကာျပည္နယ္ရဲ႕ အေနာက္ေတာင္ဖက္မွာတည္ရွိတဲ့ ရက္ ကၽြန္းစုေတြမွာ အင္းအားျပင္း ငလ်င္တစ္ခု လႈပ္ခတ္ခဲ့ပါတယ္။ ဒီငလ်င္ဟာ အလက္စကာ၊ ရွီမ ကၽြန္းစုရဲ့ ၃၃ ေပ အကြာမွာစတင္လႈပ္ခတ္ခဲ့ၿပီး ၃၃ ေပျမင့္တဲ့ ေရလိႈင္းေတြကို ျဖစ္ေစခဲ့ေပမယ့္ ေနေတြေနထိုင္ရာေဒသနဲ႔ အလွမ္းေ၀းကြာခဲ့လို႔ ထိခိုက္ပ်က္စီးမႈ အနည္းငယ္သာရွိခဲ့ပါတယ္။

၇။ ၁၉၀၆ အက္ကြာဒို-ကိုလံဘီယာ ငလ်င္- ၈.၈ ရစ္ခ်က္စေကး

ဒီငလွ်င္ေၾကာင့္ အနည္းဆံုးလူ ၅၀၀ ေသဆံုးခဲ့ပါတယ္။ အက္ကြာဒို-ကိုလံဘီယာ ငလ်င္ဟာ ၁၉၆၀ ဇန္နဝါရီလ ၃၁ ရက္ေန႔ ေဒသစံေတာ္ခ်ိန္ ညေန ၃ နာရီ ၃၆ မိနစ္အခ်ိန္က အက္ကြာဒိုကမ္းေျခေဒသမွာ လႈပ္ခတ္ခဲ့ပါတယ္။ ဒီငလ်င္ေၾကာင့္ ၁၆ ေပ အျမင့္ရွိတဲ့ ဆူနာမီေရလိႈင္း ျဖစ္လာၿပီး လူမ်ားစြာေသေၾကခဲ့ရပါတယ္။

၆။ ၂၀၁၀ ေမာလ္လီ ေဒသ ခ်ီလီငလ်င္- ၈.၈ ရစ္ခ်က္စေကး

ဒီငလွ်င္ေၾကာင့္ လူေပါင္း ၅၂၅ ဦးေသဆံုးၿပီး ၂၅ ဦးေပ်ာက္ဆံုးေနခဲ့ပါတယ္။ ခ်ီလီႏိုင္ငံ ေမာလ္လိီေဒသ ပလူေဟြၿမိဳ႕ရဲ့ ၁.၉ မိုင္အကြာမွာ၂၀၁၀ ခုႏွစ္ ေဖေဖာ္ဝါရီ ၂၇ ရက္ က အင္အားျပင္းထန္လွတဲ့ ငလ်င္တစ္ခု လႈပ္ခတ္ခဲ့ပါတယ္။ ေဒသစံေတာ္ခ်ိန္ ၃ နာရီ ၃၄ မိနစ္မွာ လႈပ္ခတ္ခဲ့တာျဖစ္ၿပီး အခ်ိန္၃ မိနစ္ၾကာတဲ့အထိ ျပင္းထန္စြာ လႈပ္ခတ္ခဲ့တာပါ။ ဒီငလ်င္ေၾကာင့္ျဖစ္ေပၚလာတဲ့ ဆူနာမီေရလိႈင္းေတြဟာ ခ်ီလီႏိုင္ငံရဲ့ ေတာင္ပိုင္းကမ္းေျခေဒသေတြကို ဖ်က္ဆီးသြားခဲ့ပါတယ္။ ဆူနာမီေရလိႈင္းေတြေၾကာင့္ Talcahuano ဆိပ္ကမ္းလည္းထိခိုက္ပ်က္စီးခဲ့ရပါတယ္။ ခ်ီလီႏိုင္ငံရဲ့ ၿမိဳ႕ေတာ္အတြင္းမွာ အေဆာက္အဦးေတြၿပိဳက်မႈေၾကာင့္ ေသဆံုးမႈမ်ားလည္း ရွိခဲ့ပါတယ္။ ေသဆံုးသူ ၅၂၅ ရွိခဲ့ၿပီး ၂၅ ဦးမွာ ေပ်ာက္ဆံုးခဲ့တယ္လို႔ ၂၀၁၁ ဇန္နဝါရီလအတြင္း အာဏာပိုင္ေတြက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

၅ ။ ၁၉၅၂ ခုႏွစ္ ကန္ခ်က္ကာ၊ ရုရွား ငလ်င္ (ရစ္ခ်က္စေကး ၉.၀)

ဒီငလွ်င္ေၾကာင့္ ေသဆံုးသူ လူဦးေရ ဟာ ခန္႔မွန္းေၿခ ၁၀၀၀၀ ကေန ၁၅၀၀၀ ဦးအထိ ရွိခဲ့ပါတယ္။ ၁၉၅၂ ခုႏွစ္ နိုဝင္ဘာလ ၄ရက္ေန႔ ေဒသစံေတာ္ခ်ိန္ ၄နာရီ ၅၈ မိနစ္အခ်ိန္မွာ ရုရွားရဲ့ အေရွ႕ဖက္ ကန္ခ်က္ကာ ကၽြန္းဆြယ္ ကမ္းရိုးတန္းကို အင္အားၿပင္းငလ်င္ ၁ ခုလႈပ္ခက္ခဲ့ပါတယ္။ ဒီငလ်င္ဟာ အၿမင့္ေပ ၁၅ မီတာနဲ႔ အထက္ရွိတဲ့ ဆူနာမီ ေရလႈိင္းလံုးႀကီးေတြကို ၿဖစ္ေပၚေစခဲ့ပါတယ္။ ဒါ့အၿပင္ ကန္ခ်က္ကာ ကၽြန္းဆြယ္နဲ႔ ကူေရး ကၽြန္းတို႔ ကိုၿပင္းထန္စြာ ထိခိုက္ေစခဲ့ၿပီး ခန္႔မွန္းေၿခ လူ ၁၀၀၀၀မွ ၁၅၀၀၀ အထိ ေသဆံုးခဲ့တယ္ လို႔ သိရပါတယ္။ ဟာဝိုင္ရီကၽြန္းကလဲ ဆူနာမီဒဏ္ခံလိုက္ရပင္မယ့္ ေသဆံုးမႈေတာ့ မရွိပါဘူး။ ဆူနာမီေရလႈိင္းေတြက ပီရူး၊ ခ်ီလီ၊ နဲ႔ နယူးဇီလန္တို႔အထိေရာက္ခဲ့ပါေသးတယ္။ အလူးရွင္း ကၽြန္း နဲ႔ ကယ္လီဖိုးနီးယား တို႔မွာေတာ့ ဆူနာမီေရလႈိင္းေတြဟာ ၁.၄ မီတာ (၄.၆ ေပ) အထိရွိခဲ့ပါတယ္။

၄ ။ ၂၀၁၁ ခုႏွစ္ တိုဟိုကူ ငလ်င္ ( ရစ္ခ်က္စေကး ၉.၁)

ေသဆံုးသူ ၁၅၈၉၄ ဦး၊ ဒဏ္ရာရ ၆၁၅၂ ဦးေရ၊ ေပ်ာက္ဆံုးသူ ၂၅၆၂ ဦးေရ

၂၀၁၁ ခုႏွစ္ မတ္လ ၁၁ ေသာႀကာေန႔ ေဒသစံေတာ္ခ်ိန္ ၁၄နာရီ ၄၆ မိနစ္ဂ်ပန္ကၽြန္းဆြယ္မွာ ပင္လယ္ေရေအာက္ငလ်င္ လႈပ္ခတ္ခဲ့ပါတယ္။ ဒီငလ်င္ေႀကာင့္ ၄၀.၅မီတာ (၁၃၃ ေပ ) ရွိ ဆူနာမီေရလႈိင္းႀကီးမ်ား ၿဖစ္ေပၚလာၿပီး ကုန္းတြင္းပိုင္း ၆မိုင္ အကြာအထိ ဝင္ေရာက္ခဲ့ပါတယ္။ သမိုင္းတစ္ေလၽွာက္ လူေသမႈအမ်ားဆံုး ၿဖစ္ခဲ့တဲ့ ဒီငလ်င္က ဂ်ပန္ႏုိင္ငံအေနာက္ေၿမာက္ပိုင္း ရွိ အေဆာက္အအံုေတြ၊ လမ္းေတြ၊ ရထားလမ္းေတြ၊ေရေလွာင္ကန္ နဲ႔ ေလဆိပ္ေတြကို ပ်က္စီးေစခဲ့ပါတယ္။ အဆိုးဆံုးကေတာ့ ဆူနာမီေရလႈိုင္းေႀကာင့္ အဆင့္ ၇ ရွိတဲ့ အၿမင့္ဆံုး ႏ်ဳကလီးယား ေပါက္ကြဲမႈတစ္ခု ဖူကူရွီမားဒယ္ခ်ီ ရွိႏ်ဳကလီးယားစက္ရုံမွာ ၿဖစ္ေပၚခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္ မတ္လ ၁၀ ရက္ေန႔မွာေတာ့ ေသဆံုးသူ ၁၅၈၉၄ ဦး၊ ဒဏ္ရာရသူ ၆၁၅၂ ဦး နဲ႔ ေပ်ာက္ဆံုးသူ ၂၅၆၂ ဦးတို႔ရွိေႀကာင္း အတည္ၿပဳခဲ့ပါတယ္။

၃ ။ ၂၀၀၄ ခုႏွစ္ ဆူမားႀတား ငလ်င္ ( ရစ္ခ်က္စေကား ၉.၁)

ေသဆံုးသူ ၂၃၀ ၀၀၀ မွ ၂၈၀ ၀၀၀ ဦး၂၀၀၄ ခုႏွစ္ မွာၿဖစ္ေပၚခဲ့တဲ့

အိႏၵိယသမုဒၵရာငလ်င္ လို႔လူသိမ်ားတဲ့ ဆူးမားႀတားငလ်င္ကေတာ့ သမိုင္းတစ္ေလၽွာက္ လူေသမႈအမ်ားဆံုး သဘာဝေဘးအႏၱရာယ္ တစ္ခုပါပဲ။ အၿမင့္ဆံုးငလ်င္ စံခ်ိန္ေတြကိုခ်ိဳးေဖာက္ၿပီး အကြာအေဝး ၁၅၀၀ ကီလိုမီတာ (၉၀၀ မိုင္) အထိ ေရာက္ရွိခဲ့တဲ့ ဒီငလ်င္ကေတာ့ ၁၂နာရီ ၅၈မိနစ္ ေက်ာ္ေလာက္က အင္ဒိုနီးရွား ႏိုင္ငံ ဆူမားႀတားအေနာက္ဖက္ကမ္းေၿခကို ဗဟိုၿပဳ လႈပ္ခက္ခဲ့ၿခင္း ၿဖစ္ပါတယ္။ ရလဒ္အေနနဲ႔ အၿမင့္ေပ ၃၀ မီတာေက်ာ္ (ေပ ၁၀၀) ရွိ ဆူနာမီ လႈိင္းလံုးမ်ားေႀကာင့္ လူေပါင္းမ်ားစြာ ေသဆံုးခဲ့ပါတယ္။ ဒီငလ်င္ဟာ ၈မိနစ္ကေန ၁၀ မိႏွစ္ေလာက္ ႀကာတဲ့အထိ လႈပ္ခတ္ခဲ့ၿပီး ကမၻာေၿမကို ၁ စင္တီမီတာခန္႔ လႈပ္ရမ္းေစခဲ့ပါတယ္။ ငလ်င္ရဲ့ အဓိကအားဟာဆိုရင္ ေၿမေအာက္မွာၿဖစ္ၿပီး ဒီအားက ဟီရုိရွီးမား အဏုၿမဴဗံုး ေပါက္ကြဲၿခင္းထက္ အဆေပါင္း၁၅၀၀ ပိုမ်ားၿပီး အႀကီးမားဆံုး ႏ်ဴကလီးယား လက္နက္ေပါက္ကဲြမႈေလာက္ေတာ့ မၿပင္းထန္ပါဘူး။

၂ ။ ၁၉၆၄ အလက္စကာငလ်င္ (ရစ္ခ်က္စေကး ၉.၂)

ေသဆံုးသူ ၁၃၉ ဦး

“Good Friday” ငလ်င္လို႔ လူသိမ်ားတဲ့ အလက္စကာငလ်င္ဟာ ၁၉၆၄ ခုႏွစ္ မတ္လ ေသာႀကာေန႔ ေဒသစံေတာ္ခ်ိန္ ၃နာရီ ၃၆မိနစ္မွာ လႈပ္ခက္ခဲ့ပါတယ္။ ၄.၅ မိနစ္ခန္႔ႀကာၿမင့္ခဲ့တဲ့ ဒီငလ်င္ကေတာ့ အေမရိကန္သမိုင္းတစ္ေလၽွာက္ အားအေကာင္းဆံုးငလ်င္ၿဖစ္ခဲ့ပါတယ္။ ဆူနာမီေရလႈိင္းမ်ား အၿမင့္ေပ၂၇ေပခန္႔ထိၿဖစ္ေပၚခဲ့ၿပီး Chenega ေက်းရြာနွင့္ တျခားရြာေတြမွာရွိတဲ့ လူ ၂၃ ဦးေက်ာ္ေသဆံုးခဲ့ပါတယ္။ ဒ႔ါအၿပင္ ႀကီးမားတဲ့ ေရေအာက္ေၿမၿပိဳၿခင္းၿဖစ္ပြားခဲ့ၿခင္းေႀကာင့္ ဗယ္လ္ဒက္ၿမိဳ႕ သေဘာၤက်င္းနဲ႔ ဆိပ္ကမ္း ၿပိဳက်ခဲ့ၿပီး လူ ၃၀ ခန္႔ေသဆံုးခဲ့ပါတယ္။ လူေပါင္း ၁၃၉ ဦးခန္႔ ေသဆံုးတယ္တဲ့ ခန္႔မွန္းရတဲ့အထဲမွာ ၁၅ ဦးကသာငလ်င္ေႀကာင့္ၿဖစ္ၿပီး ဆူနာမီေႀကာင့္ေသဆံုးၿခင္းက အလက္စကာမွာ ၁၀၆ ဦး၊ အိုရီဂြန္မွာ ၅ ဦးနဲ႔ ကယ္လ္လီဖိုးနီးယားမွာ ၁၃ ဦးတို႔ ေသဆံုးခဲ့ပါတယ္။

၁ ။ ၁၉၆၀ ခုႏွစ္ ဗယ္လ္ဒီးဗီးယားငလ်င္ (ရစ္ခ်က္စေကး ၉.၅)

ေသဆံုးသူ ၁၀၀၀ မွ ၆၀၀၀ ဦး

မွတ္တမ္းတစ္ေလၽွာက္ အင္အားအေကာင္းဆံုးငလ်င္အၿဖစ္ လူသိမ်ားခဲ့တဲ့ ခ်ီလီငလ်င္လို႔သိႀကတဲ့ ဒီငလ်င္ဟာဆိုရင္ ေမလ ၂၂ ရက္ ေဒသစံေတာ္ခ်ိန္ ညေန ၃ နာရီ ၁၁မိနစ္ ခန္႔က ခ်ီလီကမ္းေၿခကေန မိုင္ေပါင္း ၁၀၀ ေက်ာ္ေဝးတဲ့ ဗယ္လ္ဒီးယားၿမိဳ႕ ကိုဦးတည္လႈပ္ခတ္ခဲ့တာပါ။ ၁၀ မိနစ္ ခန္႔ႀကာေအာင္လႈပ္ခက္ခဲ့တဲ့ ဒီငလ်င္ဟာ ၂၅မီတာေလာက္ၿမင့္တဲ့ ဆူနာမီေရလႈိင္းမ်ားကို ၿဖစ္ေပၚေစၿပီး ခ်ီလီကမ္းရိုးတန္းတစ္ေလွ်ာက္နဲ႔ ပစိဖိတ္သမုဒၵရာကို ၿဖတ္ၿပီး ဟာဝိုင္ယီကမ္းေၿခအထိ ပ်က္စီးခဲ့ပါတယ္။ ငလ်င္ဗဟိုခ်က္ကေန ကီလိုမီတာ ၁၀ ၀၀၀အကြာ ထိေအာင္ အၿမင့္ ၁၀.၇ မီတာ ရွိတဲ့ ေရလိႈင္းေတြနဲ႔ ရိုက္ခတ္ခဲ့ပါတယ္။ ဒီငလ်င္ေၾကာင့္ ေသဆံုးခဲ့သူ ဦးေရအေရအတြက္ဟာ မတိက်ေပမယ့္ ခန္႔မွန္းေၿခ ၁၀၀၀ ကေန ၆၀၀၀ႀကားရွိၿပီး ဒဏ္ရာရသူ ၃၀၀၀ခန္႔ ရွိမယ္လို႔ ခန္႔မွန္းရပါတယ္။

အထက္ပါ ငလွ်င္ ၁၀ ခုကေတာ့ အျပင္းထန္ဆုံးငလွ်င္ေတြျဖစ္ေပမယ့္ ေနရာကြာျခားခ်က္ေၾကာင့္ လူအေသအေပ်ာက္ကေတာ့ လူေနထူထပ္တဲ့ေနရာေတြမွာ လႈပ္ခဲ့တဲ့ငလွ်င္ေတြထက္စာရင္ နည္းပါးပါတယ္။ သမုိင္းတေလွ်ာက္ လူအေသအေပ်ာက္အမ်ားဆုံး ငလွ်င္ ၁၀ ခုကေတာေအာက္ပါအတုိင္းျဖစ္ပါတယ္။

၁။ ၁၅၅၆ခုႏွစ္ တရုတ္ႏုိင္ငံ Shaanxi ျပည္နယ္မွာလႈပ္ခဲ့တဲ့ ျပင္းအား ၈.၀ ရွိတဲ့ Shaanxi ငလွ်င္။(လူေပါင္း ၈.၂သိန္း မွ ၈.၃သိန္းၾကား ေသဆုံးခဲ့)

၂။ ၁၉၇၆ခုႏွစ္ တရုတ္ႏုိင္ငံ ဟဲေဘျပည္နယ္မွာလႈပ္ခဲ့တဲ့ ျပင္းအား ၇.၈ ရွိတဲ့ Tangshan ငလွ်င္ ။ (လူေပါင္း ၆သိန္းခြဲ ခန္႔ေသဆုံးခဲ့)

၃။ ၂၀၀၄ခုႏွစ္ မွာ လႈပ္ခဲ့တဲ့ ျပင္းအား ၉.၁-၉.၃ ရွိတဲ့ အိႏၵိယသမုဒၵရာငလွ်င္ ။ လူေပါင္း ၂၃၀၀၀၀ – ၂၈၀၀၀၀ ခန္႔ ေသဆုံးခဲ့ရ)

၄။ ၁၉၂၀ ခုႏွစ္ တရုတ္ႏုိင္ငံ Ningxia–Gansu ျပည္နယ္မွာ လႈပ္ခဲ့တဲ့ ျပင္းအား ၇.၈ ရွိတဲ့ Haiyuan ငလွ်င္ ။ (လူေပါင္း ၂၇၀၀၀၀ ခန္႔ေသဆုံးခဲ့)

၅။ ေအဒီ ၅၂၆ ဘုိင္ဇန္တုိင္းအင္ပါယာလက္ထက္ တူရကီ Antioch ၿမဳိ႕မွာလႈပ္ခဲ့တဲ့ ျပင္းအား ၇.၀ ရွိတဲ့ Antioch ငလွ်င္ ။(လူေပါင္း ၂၄၀၀၀၀ ခန္႔ေသဆုံးခဲ့ရ)

၆။ ၁၁၃၈ခုႏွစ္ ဆီရီးယားႏုိင္ငံ အလက္ပုိၿမဳိ႕မွာလႈပ္ခဲ့တဲ့ အလက္ပုိငလွ်င္။(လူေပါင္း ၂၃၀၀၀၀ခန္႔ေသဆုံးခဲ့)

၇။ ၂၀၁၀ ခုႏွစ္ ေဟတီမွာလႈပ္ခဲ့တဲ့ ျပင္းအား ၇.၀ ရွိ ေဟတီငလွ်င္။ (လူေပါင္း ၁၆၀၀၀၀ – ၃၁၆၀၀၀ ခန္႔ေသဆုံးခဲ့ရ)

၈။ ၁၃၀၃ခုႏွစ္ ေဟာင္ေကာင္မွာလႈပ္ခဲ့တဲ့ ျပင္းအား ၈.၀ ရွိ ေဟာင္ေကာင္ငလွ်င္။ (လူေပါင္း ၂သိန္းခန္႔ေသဆုံးခဲ့)

၉။ ေအဒီ ၈၅၆ခုႏွစ္ အီရန္ႏုိင္ငံ Damghan ၿမဳိ႕မွာလႈပ္ခဲ့တဲ့ ျပင္းအား ၇.၉ ရွိတဲ့ Damghan ငလွ်င္ ။ (လူေပါင္း ၂သိန္းခန္႔ ေသဆုံးခဲ့)

၁၀။ ေအဒီ ၈၉၃ခုႏွစ္ အီရန္ႏုိင္ငံ Ardabil ၿမဳိ႕မွာလႈပ္ခဲ့တဲ့ Ardabil ငလွ်င္။ (လူေပါင္း ၁၅၀၀၀၀ ခန္႔ေသဆုံးခဲ့)

Myit Ma Kha Media Group

————————-

သမိုင်းတလျှောက် ကမ္ဘာ့ အင်အားအပြင်းထန်ဆုံး မြေငလျှင် ၁၀ ခု (unicode)

Via : MyitMaKha Media Group

၂၀၁၈ ခုနှစ်ဟာ အရင်နှစ်တွေနဲ့ မတူဘဲ ငလျှင်လှုပ်ခတ်မှုတွေ သိသိသာသာပိုပြီး များပြားလာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာလည်း အင်အားပိုကောင်းတဲ့ ငလျှင်တွေ လှုပ်ဦးမယ်လို့ တချို့ပညာရှင်တွေက ဆိုပါတယ်။ ဒီလို ငလျှင်တွေ ပိုမိုလှုပ်ခတ်ရတဲ့ အကြောင်းကတော့ ကမ္ဘာမြေကြီးရဲ့ လည်ပတ်မှုဟာ နှေးကွေးလာပြီး ကမ္ဘာ့ အီကွေတာ ဒေသဟာ ကျဉ်းမြောင်းလာတာကြောင့် ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

အင်းအားပြင်းထန်တဲ့ ငလျှင်တွေ လှုပ်ခတ်ခဲ့တာ ဟိုးအရင်ကတည်းက လှုပ်ခတ်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေ၊ ဒါဏ်ရာရသူတွေနဲ့ ဒုက္ခရောက်သူတွေ အများအပြားရှိခဲ့ကြပါတယ်။ ဒါကြောင့် သမိုင်းတစ်လျှောက် အင်အားအပြင်းထန်ဆုံး ငလျှင်တွေထဲက ၁၀ ခုကို ဖော်ပြပေးလိုက်ရပါတယ်။ ဒီငလျှင်တွေကတော့ အမေရိကန်အစိုးရရဲ့ သိပ္ပံသုတေသန အေဂျင်စီတစ်ခုဖြစ်တဲ့ အမေရိကန် ဘူမိဗေဒ စစ်တမ်း (USGS)ကို အခြေခံပြီး ရေးသားထားတာ ဖြစ်ပါတယ်။

၁၀။ ၂၀၁၂ ဆူမားတြား ငလျင်

သေဆုံးသူ ၁၀ ဦး၊ ဒဏ်ရာရသူ ၁၂ ဦး

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းမှာ ၂၀၁၂ ဧပြီ ၁၁၊ ဒေသစံတော်ချိန် ၁၅ နာရီ ၃၈ မိနစ်က အင်အားပြင်းထန်လှထဲ ပင်လယ်ရေအောက်ငလျင် တစ်ခုလှုပ်ခတ်ခဲ့ပါတယ်။ ဒီငလျင်စတင်လှုပ်ခတ်ပြီး ၂ နာရီအကြာမှာပဲ ၈.၂ ရစ်ချက်တာစကေးရှိ ကုန်းတွင်းလှုပ်ခတ်မှု စတင်လှုပ်ခတ်ပါတယ်။ ဒီငလျင်ကြောင့် ဆူနာမီ ရေလှိုင်းတွေကို ဖြစ်စေနိုင်မယ်လို့ အာဏာပိုင်တွေက စိုးရိမ်ခဲ့တာကြောင့် အိန္ဒိယသမုဒ္ဒယာ တစ်လျှောက် သတိပေးကြေညာချက်တွေထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ ဒီငလျှင်ဟာ အင်အားပြင်းတဲ့ ငလျင်တစ်ခု ဖြစ်ခဲ့ပေမယ့်လည်း လူနေထူထပ်သောနေရာနဲ့ ဝေးလံခဲ့ပြီး ဆူနာမီရေလှိုင်းတွေဖြစ်ပေါ်ခြင်းလည်း မရှိခဲ့ပါဘူး။

၉။ ၁၉၅၀ အာဆမ်-တိဘက် ငလျင်- ၈.၆ ရစ်ချက်စကေး

ဒီငလျှင်ကြောင့် သေဆုံးသူ ၁၅၀၀ နဲ့ ၃၃၀၀ ကြားရှိပြီး လူထောင်ပေါင်းများစွာ ဒဏ်ရာရခဲ့ပါတယ်။ ငလျင်ဗဟိုချက်ဟာ တိဘတ်နိုင်ငံ ရီမာဒေသ နားမှာဖြစ်ခဲ့ပြီး ရှီကျန်း-အိန္ဒိယနယ်နိမိတ်တစ်လျှောက် ၁၉၅၀ ဩဂုတ် ၁၅ ကလှုပ်ခတ်ခဲ့တာပါ။ ၁၉၅၀ အိန္ဒိယနိုင်ငံမြောက်ပိုင်း နဲ့ တိဘက် ဒေသတစ်လျှောက် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် လူပေါင်း ၁၅၀၀ နဲ့ ၃၃၀၀ ကြား သေဆုံးခဲ့ရပါတယ်။ ငလျင်လှုပ်ခတ်ပြီးချိန်မှာ မြေပြိုကျမှုကြောင့် ဆူဘန်စီရီမြစ်ကြောင်း တစ်လျှောက် ပိတ်ဆို့မှုတွေရှိခဲ့ပါတယ်။ ငလျှင်လှုပ်ခတ်ခဲ့ပြီး ၈ ရက်အကြာမျာ သဘာဝဆည်ကြီးကျိုးကျခဲ့ကာ ၂၃ပေအမြင့်ရှိတဲ့ ရေလှိုင်းတွေဖြစ်ပေါ်ခဲ့ပြီး ဒီရေလှိုင်းတွေကြောင့် ကျေးရွာအများအပြား ရေလွှမ်းမိုးခံရကာ လူပေါင်း ၅၃၆ ဦးသေဆုံးခဲ့ရပြန်ပါတယ်။ လူဦးရေ ၅ သန်းဟာလည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

၈။ ၁၉၆၅ ရက် ကျွန်းစုများ ငလျင်- ၈.၇ ရစ်ချက်စကေး

သေဆုံးသူမရှိ

၁၉၆၅ ဖေဖော်ဝါရီ ၄ ရက်နေ့၊ ဒေသစံတော်ချိန် ည ၇ နာရီ ၁ မိနစ်မှာ အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်ရဲ့ အနောက်တောင်ဖက်မှာတည်ရှိတဲ့ ရက် ကျွန်းစုတွေမှာ အင်းအားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။ ဒီငလျင်ဟာ အလက်စကာ၊ ရှီမ ကျွန်းစုရဲ့ ၃၃ ပေ အကွာမှာစတင်လှုပ်ခတ်ခဲ့ပြီး ၃၃ ပေမြင့်တဲ့ ရေလှိုင်းတွေကို ဖြစ်စေခဲ့ပေမယ့် နေတွေနေထိုင်ရာဒေသနဲ့ အလှမ်းဝေးကွာခဲ့လို့ ထိခိုက်ပျက်စီးမှု အနည်းငယ်သာရှိခဲ့ပါတယ်။

၇။ ၁၉၀၆ အက်ကွာဒို-ကိုလံဘီယာ ငလျင်- ၈.၈ ရစ်ချက်စကေး

ဒီငလျှင်ကြောင့် အနည်းဆုံးလူ ၅၀၀ သေဆုံးခဲ့ပါတယ်။ အက်ကွာဒို-ကိုလံဘီယာ ငလျင်ဟာ ၁၉၆၀ ဇန်နဝါရီလ ၃၁ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီ ၃၆ မိနစ်အချိန်က အက်ကွာဒိုကမ်းခြေဒေသမှာ လှုပ်ခတ်ခဲ့ပါတယ်။ ဒီငလျင်ကြောင့် ၁၆ ပေ အမြင့်ရှိတဲ့ ဆူနာမီရေလှိုင်း ဖြစ်လာပြီး လူများစွာသေကြေခဲ့ရပါတယ်။

၆။ ၂၀၁၀ မောလ်လီ ဒေသ ချီလီငလျင်- ၈.၈ ရစ်ချက်စကေး

ဒီငလျှင်ကြောင့် လူပေါင်း ၅၂၅ ဦးသေဆုံးပြီး ၂၅ ဦးပျောက်ဆုံးနေခဲ့ပါတယ်။ ချီလီနိုင်ငံ မောလ်လီဒေသ ပလူဟွေမြို့ရဲ့ ၁.၉ မိုင်အကွာမှာ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် က အင်အားပြင်းထန်လှတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။ ဒေသစံတော်ချိန် ၃ နာရီ ၃၄ မိနစ်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး အချိန်၃ မိနစ်ကြာတဲ့အထိ ပြင်းထန်စွာ လှုပ်ခတ်ခဲ့တာပါ။ ဒီငလျင်ကြောင့်ဖြစ်ပေါ်လာတဲ့ ဆူနာမီရေလှိုင်းတွေဟာ ချီလီနိုင်ငံရဲ့ တောင်ပိုင်းကမ်းခြေဒေသတွေကို ဖျက်ဆီးသွားခဲ့ပါတယ်။ ဆူနာမီရေလှိုင်းတွေကြောင့် Talcahuano ဆိပ်ကမ်းလည်းထိခိုက်ပျက်စီးခဲ့ရပါတယ်။ ချီလီနိုင်ငံရဲ့ မြို့တော်အတွင်းမှာ အဆောက်အဦးတွေပြိုကျမှုကြောင့် သေဆုံးမှုများလည်း ရှိခဲ့ပါတယ်။ သေဆုံးသူ ၅၂၅ ရှိခဲ့ပြီး ၂၅ ဦးမှာ ပျောက်ဆုံးခဲ့တယ်လို့ ၂၀၁၁ ဇန်နဝါရီလအတွင်း အာဏာပိုင်တွေက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

၅ ။ ၁၉၅၂ ခုနှစ် ကန်ချက်ကာ၊ ရုရှား ငလျင် (ရစ်ချက်စကေး ၉.၀)

ဒီငလျှင်ကြောင့် သေဆုံးသူ လူဦးရေ ဟာ ခန့်မှန်းခြေ ၁၀၀၀၀ ကနေ ၁၅၀၀၀ ဦးအထိ ရှိခဲ့ပါတယ်။ ၁၉၅၂ ခုနှစ် နိုဝင်ဘာလ ၄ရက်နေ့ ဒေသစံတော်ချိန် ၄နာရီ ၅၈ မိနစ်အချိန်မှာ ရုရှားရဲ့ အရှေ့ဖက် ကန်ချက်ကာ ကျွန်းဆွယ် ကမ်းရိုးတန်းကို အင်အားပြင်းငလျင် ၁ ခုလှုပ်ခက်ခဲ့ပါတယ်။ ဒီငလျင်ဟာ အမြင့်ပေ ၁၅ မီတာနဲ့ အထက်ရှိတဲ့ ဆူနာမီ ရေလှိုင်းလုံးကြီးတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါ့အပြင် ကန်ချက်ကာ ကျွန်းဆွယ်နဲ့ ကူရေး ကျွန်းတို့ ကိုပြင်းထန်စွာ ထိခိုက်စေခဲ့ပြီး ခန့်မှန်းခြေ လူ ၁၀၀၀ဝမှ ၁၅၀၀၀ အထိ သေဆုံးခဲ့တယ် လို့ သိရပါတယ်။ ဟာဝိုင်ရီကျွန်းကလဲ ဆူနာမီဒဏ်ခံလိုက်ရပင်မယ့် သေဆုံးမှုတော့ မရှိပါဘူး။ ဆူနာမီရေလှိုင်းတွေက ပီရူး၊ ချီလီ၊ နဲ့ နယူးဇီလန်တို့အထိရောက်ခဲ့ပါသေးတယ်။ အလူးရှင်း ကျွန်း နဲ့ ကယ်လီဖိုးနီးယား တို့မှာတော့ ဆူနာမီရေလှိုင်းတွေဟာ ၁.၄ မီတာ (၄.၆ ပေ) အထိရှိခဲ့ပါတယ်။

၄ ။ ၂၀၁၁ ခုနှစ် တိုဟိုကူ ငလျင် ( ရစ်ချက်စကေး ၉.၁)

သေဆုံးသူ ၁၅၈၉၄ ဦး၊ ဒဏ်ရာရ ၆၁၅၂ ဦးရေ၊ ပျောက်ဆုံးသူ ၂၅၆၂ ဦးရေ

၂၀၁၁ ခုနှစ် မတ်လ ၁၁ သောကြာနေ့ ဒေသစံတော်ချိန် ၁၄နာရီ ၄၆ မိနစ်ဂျပန်ကျွန်းဆွယ်မှာ ပင်လယ်ရေအောက်ငလျင် လှုပ်ခတ်ခဲ့ပါတယ်။ ဒီငလျင်ကြောင့် ၄၀.၅မီတာ (၁၃၃ ပေ ) ရှိ ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်လာပြီး ကုန်းတွင်းပိုင်း ၆မိုင် အကွာအထိ ဝင်ရောက်ခဲ့ပါတယ်။ သမိုင်းတစ်လျှောက် လူသေမှုအများဆုံး ဖြစ်ခဲ့တဲ့ ဒီငလျင်က ဂျပန်နိုင်ငံအနောက်မြောက်ပိုင်း ရှိ အဆောက်အအုံတွေ၊ လမ်းတွေ၊ ရထားလမ်းတွေ၊ရေလှောင်ကန် နဲ့ လေဆိပ်တွေကို ပျက်စီးစေခဲ့ပါတယ်။ အဆိုးဆုံးကတော့ ဆူနာမီရေလှိုင်းကြောင့် အဆင့် ၇ ရှိတဲ့ အမြင့်ဆုံး နျုကလီးယား ပေါက်ကွဲမှုတစ်ခု ဖူကူရှီမားဒယ်ချီ ရှိနျုကလီးယားစက်ရုံမှာ ဖြစ်ပေါ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာတော့ သေဆုံးသူ ၁၅၈၉၄ ဦး၊ ဒဏ်ရာရသူ ၆၁၅၂ ဦး နဲ့ ပျောက်ဆုံးသူ ၂၅၆၂ ဦးတို့ရှိကြောင်း အတည်ပြုခဲ့ပါတယ်။

၃ ။ ၂၀၀၄ ခုနှစ် ဆူမားတြား ငလျင် ( ရစ်ချက်စကေား ၉.၁)

သေဆုံးသူ ၂၃၀ ၀၀၀ မှ ၂၈၀ ၀၀၀ ဦး၂၀၀၄ ခုနှစ် မှာဖြစ်ပေါ်ခဲ့တဲ့

အိန္ဒိယသမုဒ္ဒရာငလျင် လို့လူသိများတဲ့ ဆူးမားတြားငလျင်ကတော့ သမိုင်းတစ်လျှောက် လူသေမှုအများဆုံး သဘာဝဘေးအန္တရာယ် တစ်ခုပါပဲ။ အမြင့်ဆုံးငလျင် စံချိန်တွေကိုချိုးဖောက်ပြီး အကွာအဝေး ၁၅၀၀ ကီလိုမီတာ (၉၀၀ မိုင်) အထိ ရောက်ရှိခဲ့တဲ့ ဒီငလျင်ကတော့ ၁၂နာရီ ၅၈မိနစ် ကျော်လောက်က အင်ဒိုနီးရှား နိုင်ငံ ဆူမားတြားအနောက်ဖက်ကမ်းခြေကို ဗဟိုပြု လှုပ်ခက်ခဲ့ခြင်း ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ အမြင့်ပေ ၃၀ မီတာကျော် (ပေ ၁၀၀) ရှိ ဆူနာမီ လှိုင်းလုံးများကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ပါတယ်။ ဒီငလျင်ဟာ ၈မိနစ်ကနေ ၁၀ မိနှစ်လောက် ကြာတဲ့အထိ လှုပ်ခတ်ခဲ့ပြီး ကမ္ဘာမြေကို ၁ စင်တီမီတာခန့် လှုပ်ရမ်းစေခဲ့ပါတယ်။ ငလျင်ရဲ့ အဓိကအားဟာဆိုရင် မြေအောက်မှာဖြစ်ပြီး ဒီအားက ဟီရိုရှီးမား အဏုမြူဗုံး ပေါက်ကွဲခြင်းထက် အဆပေါင်း၁၅၀၀ ပိုများပြီး အကြီးမားဆုံး နျူကလီးယား လက်နက်ပေါက်ကွဲမှုလောက်တော့ မပြင်းထန်ပါဘူး။

၂ ။ ၁၉၆၄ အလက်စကာငလျင် (ရစ်ချက်စကေး ၉.၂)

သေဆုံးသူ ၁၃၉ ဦး

“Good Friday” ငလျင်လို့ လူသိများတဲ့ အလက်စကာငလျင်ဟာ ၁၉၆၄ ခုနှစ် မတ်လ သောကြာနေ့ ဒေသစံတော်ချိန် ၃နာရီ ၃၆မိနစ်မှာ လှုပ်ခက်ခဲ့ပါတယ်။ ၄.၅ မိနစ်ခန့်ကြာမြင့်ခဲ့တဲ့ ဒီငလျင်ကတော့ အမေရိကန်သမိုင်းတစ်လျှောက် အားအကောင်းဆုံးငလျင်ဖြစ်ခဲ့ပါတယ်။ ဆူနာမီရေလှိုင်းများ အမြင့်ပေ၂၇ပေခန့်ထိဖြစ်ပေါ်ခဲ့ပြီး Chenega ကျေးရွာနှင့် တခြားရွာတွေမှာရှိတဲ့ လူ ၂၃ ဦးကျော်သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ကြီးမားတဲ့ ရေအောက်မြေပြိုခြင်းဖြစ်ပွားခဲ့ခြင်းကြောင့် ဗယ်လ်ဒက်မြို့ သဘောၤကျင်းနဲ့ ဆိပ်ကမ်း ပြိုကျခဲ့ပြီး လူ ၃၀ ခန့်သေဆုံးခဲ့ပါတယ်။ လူပေါင်း ၁၃၉ ဦးခန့် သေဆုံးတယ်တဲ့ ခန့်မှန်းရတဲ့အထဲမှာ ၁၅ ဦးကသာငလျင်ကြောင့်ဖြစ်ပြီး ဆူနာမီကြောင့်သေဆုံးခြင်းက အလက်စကာမှာ ၁၀၆ ဦး၊ အိုရီဂွန်မှာ ၅ ဦးနဲ့ ကယ်လ်လီဖိုးနီးယားမှာ ၁၃ ဦးတို့ သေဆုံးခဲ့ပါတယ်။

၁ ။ ၁၉၆၀ ခုနှစ် ဗယ်လ်ဒီးဗီးယားငလျင် (ရစ်ချက်စကေး ၉.၅)

သေဆုံးသူ ၁၀၀၀ မှ ၆၀၀၀ ဦး

မှတ်တမ်းတစ်လျှောက် အင်အားအကောင်းဆုံးငလျင်အဖြစ် လူသိများခဲ့တဲ့ ချီလီငလျင်လို့သိကြတဲ့ ဒီငလျင်ဟာဆိုရင် မေလ ၂၂ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီ ၁၁မိနစ် ခန့်က ချီလီကမ်းခြေကနေ မိုင်ပေါင်း ၁၀၀ ကျော်ဝေးတဲ့ ဗယ်လ်ဒီးယားမြို့ ကိုဦးတည်လှုပ်ခတ်ခဲ့တာပါ။ ၁၀ မိနစ် ခန့်ကြာအောင်လှုပ်ခက်ခဲ့တဲ့ ဒီငလျင်ဟာ ၂၅မီတာလောက်မြင့်တဲ့ ဆူနာမီရေလှိုင်းများကို ဖြစ်ပေါ်စေပြီး ချီလီကမ်းရိုးတန်းတစ်လျှောက်နဲ့ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ပြီး ဟာဝိုင်ယီကမ်းခြေအထိ ပျက်စီးခဲ့ပါတယ်။ ငလျင်ဗဟိုချက်ကနေ ကီလိုမီတာ ၁၀ ၀၀ဝအကွာ ထိအောင် အမြင့် ၁၀.၇ မီတာ ရှိတဲ့ ရေလှိုင်းတွေနဲ့ ရိုက်ခတ်ခဲ့ပါတယ်။ ဒီငလျင်ကြောင့် သေဆုံးခဲ့သူ ဦးရေအရေအတွက်ဟာ မတိကျပေမယ့် ခန့်မှန်းခြေ ၁၀၀၀ ကနေ ၆၀၀၀ကြားရှိပြီး ဒဏ်ရာရသူ ၃၀၀ဝခန့် ရှိမယ်လို့ ခန့်မှန်းရပါတယ်။

အထက်ပါ ငလျှင် ၁၀ ခုကတော့ အပြင်းထန်ဆုံးငလျှင်တွေဖြစ်ပေမယ့် နေရာကွာခြားချက်ကြောင့် လူအသေအပျောက်ကတော့ လူနေထူထပ်တဲ့နေရာတွေမှာ လှုပ်ခဲ့တဲ့ငလျှင်တွေထက်စာရင် နည်းပါးပါတယ်။ သမိုင်းတလျှောက် လူအသေအပျောက်အများဆုံး ငလျှင် ၁၀ ခုကတောအောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ၁၅၅၆ခုနှစ် တရုတ်နိုင်ငံ Shaanxi ပြည်နယ်မှာလှုပ်ခဲ့တဲ့ ပြင်းအား ၈.၀ ရှိတဲ့ Shaanxi ငလျှင်။(လူပေါင်း ၈.၂သိန်း မှ ၈.၃သိန်းကြား သေဆုံးခဲ့)

၂။ ၁၉၇၆ခုနှစ် တရုတ်နိုင်ငံ ဟဲဘေပြည်နယ်မှာလှုပ်ခဲ့တဲ့ ပြင်းအား ၇.၈ ရှိတဲ့ Tangshan ငလျှင် ။ (လူပေါင်း ၆သိန်းခွဲ ခန့်သေဆုံးခဲ့)

၃။ ၂၀၀၄ခုနှစ် မှာ လှုပ်ခဲ့တဲ့ ပြင်းအား ၉.၁-၉.၃ ရှိတဲ့ အိန္ဒိယသမုဒ္ဒရာငလျှင် ။ လူပေါင်း ၂၃၀၀၀၀ – ၂၈၀၀၀၀ ခန့် သေဆုံးခဲ့ရ)

၄။ ၁၉၂၀ ခုနှစ် တရုတ်နိုင်ငံ Ningxia–Gansu ပြည်နယ်မှာ လှုပ်ခဲ့တဲ့ ပြင်းအား ၇.၈ ရှိတဲ့ Haiyuan ငလျှင် ။ (လူပေါင်း ၂၇၀၀၀၀ ခန့်သေဆုံးခဲ့)

၅။ အေဒီ ၅၂၆ ဘိုင်ဇန်တိုင်းအင်ပါယာလက်ထက် တူရကီ Antioch မြို့မှာလှုပ်ခဲ့တဲ့ ပြင်းအား ၇.၀ ရှိတဲ့ Antioch ငလျှင် ။(လူပေါင်း ၂၄၀၀၀၀ ခန့်သေဆုံးခဲ့ရ)

၆။ ၁၁၃၈ခုနှစ် ဆီရီးယားနိုင်ငံ အလက်ပိုမြို့မှာလှုပ်ခဲ့တဲ့ အလက်ပိုငလျှင်။(လူပေါင်း ၂၃၀၀၀ဝခန့်သေဆုံးခဲ့)

၇။ ၂၀၁၀ ခုနှစ် ဟေတီမှာလှုပ်ခဲ့တဲ့ ပြင်းအား ၇.၀ ရှိ ဟေတီငလျှင်။ (လူပေါင်း ၁၆၀၀၀၀ – ၃၁၆၀၀၀ ခန့်သေဆုံးခဲ့ရ)

၈။ ၁၃၀၃ခုနှစ် ဟောင်ကောင်မှာလှုပ်ခဲ့တဲ့ ပြင်းအား ၈.၀ ရှိ ဟောင်ကောင်ငလျှင်။ (လူပေါင်း ၂သိန်းခန့်သေဆုံးခဲ့)

၉။ အေဒီ ၈၅၆ခုနှစ် အီရန်နိုင်ငံ Damghan မြို့မှာလှုပ်ခဲ့တဲ့ ပြင်းအား ၇.၉ ရှိတဲ့ Damghan ငလျှင် ။ (လူပေါင်း ၂သိန်းခန့် သေဆုံးခဲ့)

၁၀။ အေဒီ ၈၉၃ခုနှစ် အီရန်နိုင်ငံ Ardabil မြို့မှာလှုပ်ခဲ့တဲ့ Ardabil ငလျှင်။ (လူပေါင်း ၁၅၀၀၀၀ ခန့်သေဆုံးခဲ့)

Myit Ma Kha Media Group

Leave a Reply