မျပည့္မစုံဘ၀ေန တီထြင္မႈနဲ႔ လူထုကိုအက်ဳိးျပဳရင္း ကမာၻေက်ာ္ခဲ့တဲ့ လူငယ္ေလး

Posted on

သူ႔နာမည္က ကမ္ကြမ္ဘား(William Kamkwamba) ပါ။ အေရွ႕အာဖရိကမွာရွိတဲ့ ေမာ္လ၀ီႏုိင္ငံကျဖစ္ၿပီး အလြန္ဆင္းရဲတဲ့မိသားစုမွာ ေမြးဖြားခဲ့ပါတယ္။ ဆင္းရဲခက္ခဲစြာေက်ာင္းတက္ခဲ့ရၿပီး ၁၄ႏွစ္အရြယ္မွာေတာ့ ေက်ာင္းလခမေပးႏုိင္ေတာ့တဲ့အတြက္ ေက်ာင္းကေနထြက္လုိက္ၿပီး မိသားစုနဲ႔ အတူလယ္ယာလုပ္ငန္းမွာ ၀င္လုပ္ခဲ့ပါတယ္။

ေက်ာင္းမတက္ႏုိင္ေတာ့ေပမယ့္ ကမ္ကြမ္ဘားက စာဖတ္တာ၀ါသနာပါတယ္။ ဒါေၾကာင့္ သူတုိ႔ရြာမွာ ရွိတဲ့စာၾကည့္တုိက္ကုိ မၾကာခဏသြားကာ စာေတြဖတ္ေလ့ရွိတယ္။ သူ႔ရဲ႕ေနာက္အလုပ္တစ္ခုက ေရဒီယုိျပင္တာ ၊ ရြာက ေရဒီယုိျပင္ဆုိင္ေလးတစ္ခုမွာ သူလုပ္တယ္။ ဒါေပမယ့္ ေရဒီယုိျပင္တဲ့ဆီကေန ၀င္ေငြအနည္းငယ္သာရၿပီး သူ႔အတြက္မလုံေလာက္ဘူး။ အီလက္ထေရာနစ္ကုိ စိတ္၀င္စားလုိ႔ ခ်စ္လုိ႔သာ ဒီအလုပ္ကုိ သူလုပ္ခဲ့တာ။ စာဖတ္တာအျပင္ သူ၀ါသနာပါတဲ့ ေနာက္တစ္ခုက ေဆာ့တာ ။ ဒါေပမယ့္ သူေဆာ့တာက ရုိးရုိးေဆာ့တာမဟုတ္ပဲ သူငယ္ခ်င္းႏွစ္ေယာက္ျဖစ္တဲ့ Gilbert ၊ Geoffrey တုိ႔နဲ႔ အတူ အမႈိက္ပုံကေန ျပန္သုံးလုိ႔ရတဲ့အရာေတြကုိ အရုပ္လုပ္ရင္းေဆာ့တာ။

တစ္ေန႔ သူစာၾကည့္တုိက္မွာ စာဖတ္ရင္း စာအုပ္ေလးတစ္အုပ္သြားေတြ႔တယ္။ စာအုပ္နာမည္က စြမ္းအင္အသုံးခ်နည္း(Using Energy) တဲ့။ အီလက္ထေရာနစ္ နဲ႔ လွ်ပ္စစ္ကုိ ၀ါသနာပါတဲ့ ကမ္ကြမ္ဘား အရမ္းစိတ္၀င္စားၿပီး အဲဒီစာအုပ္ကုိ ေသေသခ်ာခ်ာဖတ္ခဲ့တယ္။ အဲဒီစာအုပ္ထဲမွာ ေလအားလွ်ပ္စစ္ထုတ္လုပ္နည္း အေၾကာင္းလည္းပါတယ္။ ဘာသာစကားအခက္အခဲကုိ Diagram ေတြ အသုံးျပဳၿပီး သူေလ့လာခဲ့တယ္။ သူ႔အတြက္ အရမ္းခက္ခဲခဲ့တယ္။ တကယ္လုိ႔သာ အဲဒီအခက္အခဲေၾကာင့္ သူလက္ေလွ်ာ့လုိက္မယ္ဆုိရင္ သာမန္ မာလ၀ီလူငယ္တစ္ေယာက္အျဖစ္နဲ႔ သူ႔ဘ၀ဟာ ကုန္ဆုံးသြားမွာျဖစ္တယ္။

ႀကဳိးစားဖတ္ရင္းနဲ႔ အခ်ိန္အေတာ္ၾကာတဲ့ေနာက္မွာ ဒီစာအုပ္ကုိ သူဖတ္ႏုိင္သြားတယ္။ စာအုပ္ကုိ အႀကိမ္ႀကိမ္ဖတ္ၿပီးတဲ့ေနာက္ ေလအားလွ်ပ္စစ္ရဲ႕အလုပ္လုပ္ပုံကို သူနားလည္သြားတယ္။ ေလအားလွ်ပ္စစ္ တာဘုိင္ငယ္ေလးကို သူ႔ဘာသာေဆာက္ခ်င္လာတယ္။ ပုိက္ဆံမရွိတဲ့အတြက္ လုိအပ္တဲ့ပစၥည္းကို ဘယ္လုိ၀ယ္ရမလဲ..သူအႀကံထုတ္တယ္။ ေနာက္ဆုံးသတိရသြားတာက သူနဲ႔ သူ႔သူငယ္ခ်င္းေတြ ေဆာ့ေနက် အမႈိက္ပုံ။ ဟုတ္ၿပီ အမႈိက္ပုံက ပစၥည္းအေဟာင္းေတြနဲ႔ ေဆာက္လုိ႔ရရင္ရမွာ…။

သူေတြးၿပီးတာနဲ႔ သူ႔စိတ္ကူးကုိ စတင္အေကာင္အထည္ေဖာ္တယ္။ သူငယ္ခ်င္းႏွစ္ဦးနဲ႔ အတူ အမႈိက္ပုံထဲကေန ေလအားလွ်ပ္စစ္တာဘုိင္ေဆာက္လုိ႔ရႏုိင္တဲ့ ပစၥည္းေတြကုိ ရွာၾကည့္တယ္။ အဓိကေတာ့ စက္ဘီး နဲ႔ ဆုိင္ကယ္ အေဟာင္းေတြရဲ႕ စြန္႔ပစ္ပစၥည္းအေဟာင္း အစိတ္အပုိင္းေတြပဲ။ အေျခခံေလာက္သာ သိၿပီး သင္ျပေပးမယ့္သူမရွိပဲ စာအုပ္ထဲကအတုိင္း ရွာႀကံတည္ေဆာက္ရတာျဖစ္တဲ့အတြက္ အစပုိင္းမွာ အႀကိမ္ႀကိမ္အဆင္မေျပခဲ့ဘူး။ သူဇြဲမေလွ်ာ့ခဲ့ဘူး။ ပစၥည္းအေဟာင္းေတြနဲ႔ အမ်ဳိးမ်ဳိးအဖုံဖုံ စမ္းသပ္ခဲ့တယ္။

ေနာက္ဆုံးမွာေတာ့ တကယ္အလုပ္ျဖစ္တဲ့ ေလအားလွ်ပ္စစ္တာဘုိင္ငယ္ေလးကို သူတည္ေဆာက္ႏုိင္ခဲ့တယ္။ အဲဒီတာဘုိင္ငယ္ကေလးကေန သူ႔အိမ္ကုိ မီးေပးႏုိင္ခဲ့တယ္။ ေနာက္ပုိင္းမွာေတာ့ သူဟာ ပစၥည္းအေဟာင္းေတြနဲ႔ လွ်ပ္စစ္တာဘုိင္ေတြ တည္ေဆာက္ၿပီး သူ႔ရြာတစ္ရြာလုံးကုိ ေလအားလွ်ပ္စစ္ကေန မီးေပးႏုိင္ခဲ့တယ္။ သူ႔ရဲ႕အေၾကာင္းကုိ အနီးအနားရြာေတြက တစ္ဆင့္ၿမဳိ႕ေတြအထိ ပ်ံ႕ႏွံ႔သြားခဲ့ၿပီးတဲ့ေနာက္ ၂၀၀၆ခုႏွစ္မွာ မာလာ၀ီႏုိင္ငံရဲ႕ Daily Time သတင္းစာမွာ ပါလာခဲ့တဲ့အထိ လူသိမ်ားသြားခဲ့တယ္။ အဲဒီကေနတစ္ဆင့္ ၂၀၀၇ခုႏွစ္ တန္ဇန္းနီးယားမွာျပဳလုပ္တဲ့ ကမာၻေက်ာ္ TED ကြန္ဖရင့္မွာ သူ႔ရဲ႕အေတြ႔အႀကဳံနဲ႔ အိပ္မက္ေတြကို ေဟာေျပာခြင့္ရခဲ့တယ္။

နာမည္ေက်ာ္ Wall Street ဂ်ာနယ္မွာလည္း သူ႔အေၾကာင္းပါလာတယ္။ ကမာၻ႔ႏုိင္ငံအခ်ဳိ႕က သူ႔ကုိသတိထားမိသြားတယ္။ ေက်ာင္းထြက္ခဲ့ရတဲ့ ကမ္ကြမ္ဘား ေထာက္ပံ့သူေတြရဲ႕အကူအညီနဲ႔ African Bible ေကာလိပ္မွာ ေက်ာင္းတက္ခြင့္ျပန္ရခဲ့တယ္။ အဲဒီကေနတစ္ဆင့္ အေမရိကန္နည္းပညာရွင္မ်ားရဲ႕ ပံ့ပိုးမႈနဲ႔ နာမည္ေက်ာ္ Dartmouth ေကာလိပ္မွာတက္ခြင့္ရခဲ့ၿပီးတဲ့ေနာက္ ၂၀၁၄ခုႏွစ္မွာ ဘြဲ႔ရခဲ့တယ္။

အဲဒီကေနစလုိ႔ သိပၸံ နဲ႔ နည္းပညာေဟာေျပာပြဲေတြမွာ သူဟာ မပါမျဖစ္ပါလာခဲ့ၿပီး ၂၀၁၃ခုႏွစ္ တုိမ္းမ္မဂၢဇင္းရဲ႕ ကမာၻႀကီးကုိေျပာင္းလဲခဲ့တဲ့ လူ ၃၀ စာရင္းမွာလည္း သူ႔နာမည္ပါ၀င္လာခဲ့တယ္။ သူ႔အထၳဳပတၱိ The Boy Who Harnessed the Wind စာအုပ္ကုိလည္း ေရးခဲ့တယ္။ လက္ရွိအခ်ိန္မွာေတာ့ ကမ္ကြမ္ဘားဟာ ေအာင္ျမင္တဲ့ အင္ဂ်င္နီယာ ၊ စာေရးသူ ၊ ေဟာေျပာသူတစ္ေယာက္အျဖစ္ ရပ္တည္ေနရင္း မျပည့္စုံတဲ့ ေနရာေဒသေတြအတြက္ နည္းပညာအကူအညီေပးတဲ့ ပရဟိတပေရာဂ်က္ေတြကုိ လုပ္ကုိင္လွ်က္ရွိပါတယ္။ ဘယ္အေျခအေနပဲေရာက္ေရာက္ စိတ္ကူးစိတ္သန္း နဲ႔ လုံ႔လ၀ိရိယသာရွိရင္ ေအာင္ျမင္ႏုိင္ေၾကာင္း မျပည့္မစုံ နဲ႔ ေက်ာင္းထြက္ခဲ့ရတဲ့ ဒီလူငယ္ေလးက သက္ေသျပသြားခဲ့တယ္။

သုတဇုန္


မပြည့်မစုံဘ၀နေ လူထုကိုအကျိုးပြုရင်း ကမ္ဘာကျော်ခဲ့တဲ့ လူငယ်လေး (unicode)

သူ့နာမည်က ကမ်ကွမ်ဘား(William Kamkwamba) ပါ။ အရှေ့အာဖရိကမှာရှိတဲ့ မော်လဝီနိုင်ငံကဖြစ်ပြီး အလွန်ဆင်းရဲတဲ့မိသားစုမှာ မွေးဖွားခဲ့ပါတယ်။ ဆင်းရဲခက်ခဲစွာကျောင်းတက်ခဲ့ရပြီး ၁၄နှစ်အရွယ်မှာတော့ ကျောင်းလခမပေးနိုင်တော့တဲ့အတွက် ကျောင်းကနေထွက်လိုက်ပြီး မိသားစုနဲ့ အတူလယ်ယာလုပ်ငန်းမှာ ဝင်လုပ်ခဲ့ပါတယ်။

ကျောင်းမတက်နိုင်တော့ပေမယ့် ကမ်ကွမ်ဘားက စာဖတ်တာဝါသနာပါတယ်။ ဒါကြောင့် သူတို့ရွာမှာ ရှိတဲ့စာကြည့်တိုက်ကို မကြာခဏသွားကာ စာတွေဖတ်လေ့ရှိတယ်။ သူ့ရဲ့နောက်အလုပ်တစ်ခုက ရေဒီယိုပြင်တာ ၊ ရွာက ရေဒီယိုပြင်ဆိုင်လေးတစ်ခုမှာ သူလုပ်တယ်။ ဒါပေမယ့် ရေဒီယိုပြင်တဲ့ဆီကနေ ဝင်ငွေအနည်းငယ်သာရပြီး သူ့အတွက်မလုံလောက်ဘူး။ အီလက်ထရောနစ်ကို စိတ်ဝင်စားလို့ ချစ်လို့သာ ဒီအလုပ်ကို သူလုပ်ခဲ့တာ။ စာဖတ်တာအပြင် သူဝါသနာပါတဲ့ နောက်တစ်ခုက ဆော့တာ ။ ဒါပေမယ့် သူဆော့တာက ရိုးရိုးဆော့တာမဟုတ်ပဲ သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Gilbert ၊ Geoffrey တို့နဲ့ အတူ အမှိုက်ပုံကနေ ပြန်သုံးလို့ရတဲ့အရာတွေကို အရုပ်လုပ်ရင်းဆော့တာ။

တစ်နေ့ သူစာကြည့်တိုက်မှာ စာဖတ်ရင်း စာအုပ်လေးတစ်အုပ်သွားတွေ့တယ်။ စာအုပ်နာမည်က စွမ်းအင်အသုံးချနည်း(Using Energy) တဲ့။ အီလက်ထရောနစ် နဲ့ လျှပ်စစ်ကို ဝါသနာပါတဲ့ ကမ်ကွမ်ဘား အရမ်းစိတ်ဝင်စားပြီး အဲဒီစာအုပ်ကို သေသေချာချာဖတ်ခဲ့တယ်။ အဲဒီစာအုပ်ထဲမှာ လေအားလျှပ်စစ်ထုတ်လုပ်နည်း အကြောင်းလည်းပါတယ်။ ဘာသာစကားအခက်အခဲကို Diagram တွေ အသုံးပြုပြီး သူလေ့လာခဲ့တယ်။ သူ့အတွက် အရမ်းခက်ခဲခဲ့တယ်။ တကယ်လို့သာ အဲဒီအခက်အခဲကြောင့် သူလက်လျှော့လိုက်မယ်ဆိုရင် သာမန် မာလဝီလူငယ်တစ်ယောက်အဖြစ်နဲ့ သူ့ဘဝဟာ ကုန်ဆုံးသွားမှာဖြစ်တယ်။ ကြိုးစားဖတ်ရင်းနဲ့ အချိန်အတော်ကြာတဲ့နောက်မှာ ဒီစာအုပ်ကို သူဖတ်နိုင်သွားတယ်။
စာအုပ်ကို အကြိမ်ကြိမ်ဖတ်ပြီးတဲ့နောက် လေအားလျှပ်စစ်ရဲ့အလုပ်လုပ်ပုံကို သူနားလည်သွားတယ်။ လေအားလျှပ်စစ် တာဘိုင်ငယ်လေးကို သူ့ဘာသာဆောက်ချင်လာတယ်။ ပိုက်ဆံမရှိတဲ့အတွက် လိုအပ်တဲ့ပစ္စည်းကို ဘယ်လိုဝယ်ရမလဲ..သူအကြံထုတ်တယ်။ နောက်ဆုံးသတိရသွားတာက သူနဲ့ သူ့သူငယ်ချင်းတွေ ဆော့နေကျ အမှိုက်ပုံ။ ဟုတ်ပြီ အမှိုက်ပုံက ပစ္စည်းအဟောင်းတွေနဲ့ ဆောက်လို့ရရင်ရမှာ…။

သူတွေးပြီးတာနဲ့ သူ့စိတ်ကူးကို စတင်အကောင်အထည်ဖော်တယ်။ သူငယ်ချင်းနှစ်ဦးနဲ့ အတူ အမှိုက်ပုံထဲကနေ လေအားလျှပ်စစ်တာဘိုင်ဆောက်လို့ရနိုင်တဲ့ ပစ္စည်းတွေကို ရှာကြည့်တယ်။ အဓိကတော့ စက်ဘီး နဲ့ ဆိုင်ကယ် အဟောင်းတွေရဲ့ စွန့်ပစ်ပစ္စည်းအဟောင်း အစိတ်အပိုင်းတွေပဲ။ အခြေခံလောက်သာ သိပြီး သင်ပြပေးမယ့်သူမရှိပဲ စာအုပ်ထဲကအတိုင်း ရှာကြံတည်ဆောက်ရတာဖြစ်တဲ့အတွက် အစပိုင်းမှာ အကြိမ်ကြိမ်အဆင်မပြေခဲ့ဘူး။ သူဇွဲမလျှော့ခဲ့ဘူး။ ပစ္စည်းအဟောင်းတွေနဲ့ အမျိုးမျိုးအဖုံဖုံ စမ်းသပ်ခဲ့တယ်။ နောက်ဆုံးမှာတော့ တကယ်အလုပ်ဖြစ်တဲ့ လေအားလျှပ်စစ်တာဘိုင်ငယ်လေးကို သူတည်ဆောက်နိုင်ခဲ့တယ်။ အဲဒီတာဘိုင်ငယ်ကလေးကနေ သူ့အိမ်ကို မီးပေးနိုင်ခဲ့တယ်။

နောက်ပိုင်းမှာတော့ သူဟာ ပစ္စည်းအဟောင်းတွေနဲ့ လျှပ်စစ်တာဘိုင်တွေ တည်ဆောက်ပြီး သူ့ရွာတစ်ရွာလုံးကို လေအားလျှပ်စစ်ကနေ မီးပေးနိုင်ခဲ့တယ်။ သူ့ရဲ့အကြောင်းကို အနီးအနားရွာတွေက တစ်ဆင့်မြို့တွေအထိ ပျံ့နှံ့သွားခဲ့ပြီးတဲ့နောက် ၂၀၀၆ခုနှစ်မှာ မာလာဝီနိုင်ငံရဲ့ Daily Time သတင်းစာမှာ ပါလာခဲ့တဲ့အထိ လူသိများသွားခဲ့တယ်။ အဲဒီကနေတစ်ဆင့် ၂၀၀၇ခုနှစ် တန်ဇန်းနီးယားမှာပြုလုပ်တဲ့ ကမ္ဘာကျော် TED ကွန်ဖရင့်မှာ သူ့ရဲ့အတွေ့အကြုံနဲ့ အိပ်မက်တွေကို ဟောပြောခွင့်ရခဲ့တယ်။ နာမည်ကျော် Wall Street ဂျာနယ်မှာလည်း သူ့အကြောင်းပါလာတယ်။ ကမ္ဘာ့နိုင်ငံအချို့က သူ့ကိုသတိထားမိသွားတယ်။ ကျောင်းထွက်ခဲ့ရတဲ့ ကမ်ကွမ်ဘား ထောက်ပံ့သူတွေရဲ့အကူအညီနဲ့ African Bible ကောလိပ်မှာ ကျောင်းတက်ခွင့်ပြန်ရခဲ့တယ်။ အဲဒီကနေတစ်ဆင့် အမေရိကန်နည်းပညာရှင်များရဲ့ ပံ့ပိုးမှုနဲ့ နာမည်ကျော် Dartmouth ကောလိပ်မှာတက်ခွင့်ရခဲ့ပြီးတဲ့နောက် ၂၀၁၄ခုနှစ်မှာ ဘွဲ့ရခဲ့တယ်။

အဲဒီကနေစလို့ သိပ္ပံ နဲ့ နည်းပညာဟောပြောပွဲတွေမှာ သူဟာ မပါမဖြစ်ပါလာခဲ့ပြီး ၂၀၁၃ခုနှစ် တိုမ်းမ်မဂ္ဂဇင်းရဲ့ ကမ္ဘာကြီးကိုပြောင်းလဲခဲ့တဲ့ လူ ၃၀ စာရင်းမှာလည်း သူ့နာမည်ပါဝင်လာခဲ့တယ်။ သူ့အထ္ထုပတ္တိ The Boy Who Harnessed the Wind စာအုပ်ကိုလည်း ရေးခဲ့တယ်။ လက်ရှိအချိန်မှာတော့ ကမ်ကွမ်ဘားဟာ အောင်မြင်တဲ့ အင်ဂျင်နီယာ ၊ စာရေးသူ ၊ ဟောပြောသူတစ်ယောက်အဖြစ် ရပ်တည်နေရင်း မပြည့်စုံတဲ့ နေရာဒေသတွေအတွက် နည်းပညာအကူအညီပေးတဲ့ ပရဟိတပရောဂျက်တွေကို လုပ်ကိုင်လျှက်ရှိပါတယ်။ ဘယ်အခြေအနေပဲရောက်ရောက် စိတ်ကူးစိတ်သန်း နဲ့ လုံ့လဝိရိယသာရှိရင် အောင်မြင်နိုင်ကြောင်း မပြည့်မစုံ နဲ့ ကျောင်းထွက်ခဲ့ရတဲ့ ဒီလူငယ်လေးက သက်သေပြသွားခဲ့တယ်။

သုတဇုန်

Leave a Reply