ေအာင္ျမင္ဖို႔အတြက္ သိထားသင့္တဲ့ အခ်က္ ၁၀ ခ်က္

Posted on

ေရးသားသူ – သီဟ(SFJ Strategy First Journal)

စီးပြားေရးလုပ္ငန္းေတြက လုပ္ငန္းႀကီးျဖစ္ဖို႔ ဦးစားေပးတယ္။ ေရွ႕ေဆာင္လမ္းျပသူက လူေတြကို ဦးစားေပးတယ္။ စြန္႔ဦးတီထြင္မႈလုပ္ငန္းေတြက လိုက္ေလ်ာညီေထြမႈကိုဦးစားေပးတယ္။ တီထြင္မႈ က ဆန္းသစ္ဖို႔ကိုဦးစားေပးတယ္။ ကိုယ္ဦးစားေပး လုပ္ေဆာင္တဲ့ အရာက ကိုယ္ဘယ္သူဆိုတာကို အဓိၸပါယ္ဖြင့္ပါတယ္။ ကိုယ့္ရဲ႕ ယံုၾကည္မႈ၊စီးပြားေရး၊ဦးေဆာင္ႏိုင္မႈ၊စြန္႔ဦးတီထြင္လုပ္ငန္း၊ ဆန္းသစ္တီထြင္မႈ ေတြမွာ ေအာင္ျမင္ဖို႔ဆိုရင္ ဘယ္အရာေတြကို အေလးထား၊ဦးစားေပးလုပ္ရမယ္ဆိုတာကို သိထားဖို႔လိုပါတယ္။ ဦးစားေပးဂ႐ုစိုက္ရမယ့္ အေၾကာင္းအရာ ၁၀ ခုကုိေဖာ္ျပထားပါတယ္။

၁။သူမ်ားေတြကိုဘယ္လို ဆက္ဆံလည္းဆိုတာကိုဂ႐ုစိုက္ပါ။

ကိုယ္အျမင့္ကိုတက္လွမ္းတဲ့အခ်ိန္မွာ လူေတြကို နင္းၿပီးတက္သြားမယ္ဆိုရင္ ကိုယ္အဆင္မေျပတဲ့အခ်ိန္ ျပန္လည္က်ဆံုးတဲ့အခ်ိန္မွာ သူတို႔ေတြဟာ ကူညီမႈရွိၾကမွာမဟုတ္ပါဘူး။ ၀မ္းေျမာက္၀မ္းသာလက္ခုပ္တီးေနပါလိမ့္မယ္။

၂။ သင့္ရဲ႕ တစ္ကုိယ္ရည္ တုိးတက္ဖုိ႔အတြက္ အေလးထားလုပ္ေဆာင္ပါ။

တကယ္လို႔ သင္ဟာ သင့္အိမ္မက္ေတြနဲ႔ ရည္မွန္းခ်က္ေတြဆီကို ယံုၾကည္မႈရွိရွိ ေလွ်ာက္လွမ္းသြားခ်င္တယ္ဆိုရင္ေတာ့ သင့္ရဲ႕ တစ္ကုိယ္ရည္ တုိးတက္ဖို႔လုပ္ေဆာင္တ့ဲေနရာမွာ အခ်ိန္နဲ႔ ခြန္အားေတြကို ႏွစ္ျမဳွပ္သံုးစြဲပါ။ တစ္ျခား အလုပ္ေတြမွာ သင္လုပ္ခဲ့တာထက္ ပုိၿပီး ျပင္းျပင္းထန္ထန္ အားစိုက္လုပ္ေဆာင္ဖို႔ သင္ယူပါ။

၃။ သင့္ရဲ႕ ရည္မွန္းခ်က္ေတြနဲ႔ပတ္သက္လို႔ အေလးထားလုပ္ေဆာင္ပါ။

ဆုိရိုးစကားတစ္ခုလုိပါပဲ၊ ” အစီအစဥ္တစ္ခု မေရးဆြဲထားရင္ ရည္မွန္းခ်က္ဆိုတာကလည္း ျဖစ္ခ်င္တဲ့ စိတ္ဆႏၵတစ္ခု သက္သက္ပဲျဖစ္ေနပါလိမ့္မယ္” ။ သင့္ရဲ႕ ရည္မွန္းခ်က္ေတြနဲ႔ ပတ္သက္လို႔ သင္အေလးထားအာရံုစိုက္လာခ်ိန္မွာေတာ့ အဲဒါေတြကို အေသးစိတ္သိရွိလုပ္ေဆာင္ဖို႔ သင္ႀကိဳးပမ္းပါလိမ့္မယ္။ အေသးစိတ္ အစီအစဥ္ေတြ ေရးဆြဲထားၿပီး ရည္မွန္းခ်က္ေတြကို အေလးထားလုပ္ေဆာင္ၾကသူေတြဟာ အေလးမထားတဲ့ သူေတြထက္စာရင္ အခ်ိန္တုိတုိအတြင္းမွာပဲ ေအာင္ျမင္ၿပီးစီးပါလိမ့္မယ္။

၄။ သင့္ကို ေၾကာက္လန္႔ေစတဲ့အရာေတြကို အေလးထား ၾကည့္ရႈပါ။

ကၽြန္ေတာ္တို႔အမ်ားစုဟာ ကၽြန္ေတာ္တို႔ကို စိတ္ပိုင္းဆိုင္ရာ ဒါမွမဟုတ္ ရုပ္ပိုင္းဆိုင္ရာအားျဖင့္ ေၾကာက္လန္႔ေစတဲ့ ေနရာေတြကို သြားဖို႔ ေရွာင္ၾကဥ္တတ္ၾကပါတယ္။ဒါေပမယ့္လည္း သင္ အဲဒီေၾကာက္လန္႔စရာေနရာတစ္ခုကို ေရာက္သြားခ်ိန္မွာေတာ့ သင္ဟာအေၾကာက္တရားနဲ႔ မိတ္ေဆြျဖစ္ၿပီး အဲဒါက သင္ယခင္ကထင္ထားသလို သိပ္ေၾကာက္စရာမေကာင္းဘူးဆိုတာကို စၿပီး သေဘာေပါက္လာႏိုင္ပါတယ္။

၅။ သင့္အခ်ိန္ကုိ ဘယ္လိုမ်ဳိးအသုံးခ်ေနလဲဆိုတဲ့အေပၚ အေလးထားၾကည့္ရႈပါ။

အခ်ိန္ဆိုတာ လြတ္လပ္ပါတယ္၊ ဒါေပမယ့္လည္း ေနာက္တစ္ႀကိမ္ျပန္အစားထုိးလို႔မရႏိုင္တဲ့ အရင္းအျမစ္တစ္ခုပါ၊ တစ္ခါဆံုးရံႈးၿပီးရင္ ေနာက္တစ္ႀကိမ္ ျပန္မရႏိုင္ေတာ့ပါဘူး။ အဲဒါေၾကာင့္ အခ်ိန္ကိုတန္ဖိုးႀကီး ပစၥည္းလိုမ်ဳိး သေဘာထား သံုးစြဲပါ။

၆။ သင္ေတြးေနတဲ့ အေတြးေတြအေပၚ အေလးထား ဂရုစုိက္ပါ။

ေအာင္ျမင္ဖို႔ဆိုရင္ သင့္အေနနဲ႔ သင္ေတြးေနတဲ့ အေတြးေတြနဲ႔ပတ္သက္လို႔ သတိျပဳမိဖို႔ေတာ့လိုပါလိမ့္မယ္။ သင့္ ႏႈတ္က ထြက္တဲ့ အသံကသင္ တစ္ေန႔တာအတြင္းမွာ အမ်ားစု သင္ ၾကားခဲ့ရတာတဲ့အရာေတြပဲ ျဖစ္ပါတယ္၊ ၿပီးေတာ့ သင္ လုပ္မယ့္အရာအေပၚမွာ သင့္အေတြးေတြက လႊမ္းမုိးထားပါလိမ့္မယ္။

၇။ သင္ အလုပ္တစ္ခုခုကို အေကာင္းဆံုးနဲ႔ အေလးထားလုပ္ေဆာင္ပါ။

သင္ တစ္ခုခုကို အေကာင္းဆံုး လုပ္ေဆာင္ေနတာက သင္ အေတာ္ဆံုးျဖစ္ေနဖို႔ထက္ ပိုအေရးႀကီးပါတယ္။ အဲဒါက သင့္ရဲဲ႕စံခ်ိန္စံႏႈန္းေတြကို အနည္းငယ္ ေလ်ာ့က်သြားေစႏိုင္တဲ့ အလုပ္ကို အလြန္အကၽြံလုပ္ကိုင္ရတာမ်ဳိးနဲ႔ စိတ္ဖိစီးမႈေတြကို ရႏိုင္ေစေပမယ့္လည္း သင္ အေကာင္းဆံုးလုပ္ေနဖို႔က အေရးႀကီးဆံုးျဖစ္တယ္ဆိုတာကို
သိရွိသြားပါလိမ့္မယ္။

၈။ သင့္ကို တစ္ေလွ်ာက္လံုး ေဘးကေန ကူညီေပးခဲ့သူေတြကုိ အေလးထားဂရုစိုက္ပါ။

သင္ျဖတ္သန္းလာတဲ့ တစ္ေလွ်ာက္လံုးမွာ ေဘးကေန သင့္ကုိလမ္းညြန္ေပးခဲ့တဲ့၊ ပံ့ပုိးေပးခဲ့တဲ့၊ သြန္သင္ျပသေပးခဲ့တဲ့ သူေတြအေၾကာင္းကို စဥ္းစားေပးပါ။ သင့္ ရဲ႕ သူတို႔အေပၚမွာ တန္ဖုိးထားတယ္ဆိုတာကို ျပန္လည္ျပသေပးပါ။

၉။ သင့္ ေပ်ာ္ရႊင္မႈအတြက္ ဂရုစုိက္ပါ။

ေအာင္ျမင္မႈဆိုတာက ေပ်ာ္ရႊင္မႈနဲ႔ေတာ့ မတူပါဘူး၊ ဒါေပမယ့္လည္း ေပ်ာ္ရႊင္မႈက သင္ ေအာင္ျမင္မႈရဖို႔အတြက္ ကူညီႏိုင္ပါတယ္။ ၿပီးေတာ့ ေပ်ာ္ရႊင္မႈရဖို႔တစ္ခုတည္းေသာ နည္းလမ္းက အဲဒါကုိ အခ်ိန္အခိုက္အတန္႔ေလးေတြမွာ ဖန္တီးလိုက္ဖို႔ပါပဲ။

၁၀။ သင္ ဘယ္ေနရာမွာ ေရာက္ေနတာလဲဆုိတာကို အေလးထားပါ။

သင္ေရာက္ခ်င္တဲ့ေနရာနဲ႔ သင္ အခု အခုေရာက္ေနတဲ့ေနရာက ဆက္စပ္ေနပါသလား? ျဖစ္ႏိုင္ေခ်ေတြ အမ်ားႀကီးရွိေနတဲ့ ကမၻာႀကီးထဲမွာ သင္ စိတ္ကို ဖြင့္လွစ္လုိက္မယ္ဆိုရင္ အကန္႔ အသတ္မရွိတဲ့ အေတြးေတြနဲ႔ အိမ္မက္ေတြကို စိတ္ကူးအေကာင္ အထည္ေဖာ္ႏိုင္စြမ္းေတြ သင္ရလာပါလိမ့္မယ္။

တစ္ခဏအတြင္းမွာပဲ သင္ အေျပာင္းအလဲတစ္ခုခု လုပ္ခ်င္တဲ့ေနရာ ဒါမွမဟုတ္ အသစ္တစ္ခုခုရဖို႔ စူးစမ္းရွာေဖြခ်င္တဲ့ နယ္ပယ္တစ္ခုခုကို သင္ေတြ႕ၿပီဆိုရင္ေတာ့ သင့္အခ်ိန္ေတြ၊ စြမ္းအားေတြကို စတင္အသံုးျပဳပါ၊ အဲဒီ နယ္ပယ္ကို သြားဖို႔အတြက္ အေလးထားလုပ္ေဆာင္ပါ၊ ၿပီးေတာ့ ဘာေတြျဖစ္လာမလဲဆိုတာကို ဆက္ေစာင့္ၾကည့္ပါ။

သီဟ(SFJ Strategy First Journal)


အောင်မြင်ဖို့အတွက် သိထားသင့်တဲ့ အချက် ၁၀ ချက် (unicode)

ရေးသားသူ – သီဟ(SFJ Strategy First Journal)

စီးပွားရေးလုပ်ငန်းတွေက လုပ်ငန်းကြီးဖြစ်ဖို့ ဦးစားပေးတယ်။ ရှေ့ဆောင်လမ်းပြသူက လူတွေကို ဦးစားပေးတယ်။ စွန့်ဦးတီထွင်မှုလုပ်ငန်းတွေက လိုက်လျောညီထွေမှုကိုဦးစားပေးတယ်။ တီထွင်မှု က ဆန်းသစ်ဖို့ကိုဦးစားပေးတယ်။ ကိုယ်ဦးစားပေး လုပ်ဆောင်တဲ့ အရာက ကိုယ်ဘယ်သူဆိုတာကို အဓ္ပိပါယ်ဖွင့်ပါတယ်။ ကိုယ့်ရဲ့ ယုံကြည်မှု၊စီးပွားရေး၊ဦးဆောင်နိုင်မှု၊စွန့်ဦးတီထွင်လုပ်ငန်း၊ ဆန်းသစ်တီထွင်မှု တွေမှာ အောင်မြင်ဖို့ဆိုရင် ဘယ်အရာတွေကို အလေးထား၊ဦးစားပေးလုပ်ရမယ်ဆိုတာကို သိထားဖို့လိုပါတယ်။ ဦးစားပေးဂရုစိုက်ရမယ့် အကြောင်းအရာ ၁၀ ခုကိုဖော်ပြထားပါတယ်။

၁။သူများတွေကိုဘယ်လို ဆက်ဆံလည်းဆိုတာကိုဂရုစိုက်ပါ။

ကိုယ်အမြင့်ကိုတက်လှမ်းတဲ့အချိန်မှာ လူတွေကို နင်းပြီးတက်သွားမယ်ဆိုရင် ကိုယ်အဆင်မပြေတဲ့အချိန် ပြန်လည်ကျဆုံးတဲ့အချိန်မှာ သူတို့တွေဟာ ကူညီမှုရှိကြမှာမဟုတ်ပါဘူး။ ဝမ်းမြောက်ဝမ်းသာလက်ခုပ်တီးနေပါလိမ့်မယ်။

၂။ သင့်ရဲ့ တစ်ကိုယ်ရည် တိုးတက်ဖို့အတွက် အလေးထားလုပ်ဆောင်ပါ။
တကယ်လို့ သင်ဟာ သင့်အိမ်မက်တွေနဲ့ ရည်မှန်းချက်တွေဆီကို ယုံကြည်မှုရှိရှိ လျှောက်လှမ်းသွားချင်တယ်ဆိုရင်တော့ သင့်ရဲ့ တစ်ကိုယ်ရည် တိုးတက်ဖို့လုပ်ဆောင်တဲ့နေရာမှာ အချိန်နဲ့ ခွန်အားတွေကို နှစ်မြုွပ်သုံးစွဲပါ။ တစ်ခြား အလုပ်တွေမှာ သင်လုပ်ခဲ့တာထက် ပိုပြီး ပြင်းပြင်းထန်ထန် အားစိုက်လုပ်ဆောင်ဖို့ သင်ယူပါ။

၃။ သင့်ရဲ့ ရည်မှန်းချက်တွေနဲ့ပတ်သက်လို့ အလေးထားလုပ်ဆောင်ပါ။

ဆိုရိုးစကားတစ်ခုလိုပါပဲ၊ ” အစီအစဉ်တစ်ခု မရေးဆွဲထားရင် ရည်မှန်းချက်ဆိုတာကလည်း ဖြစ်ချင်တဲ့ စိတ်ဆန္ဒတစ်ခု သက်သက်ပဲဖြစ်နေပါလိမ့်မယ်” ။ သင့်ရဲ့ ရည်မှန်းချက်တွေနဲ့ ပတ်သက်လို့ သင်အလေးထားအာရုံစိုက်လာချိန်မှာတော့ အဲဒါတွေကို အသေးစိတ်သိရှိလုပ်ဆောင်ဖို့ သင်ကြိုးပမ်းပါလိမ့်မယ်။ အသေးစိတ် အစီအစဉ်တွေ ရေးဆွဲထားပြီး ရည်မှန်းချက်တွေကို အလေးထားလုပ်ဆောင်ကြသူတွေဟာ အလေးမထားတဲ့ သူတွေထက်စာရင် အချိန်တိုတိုအတွင်းမှာပဲ အောင်မြင်ပြီးစီးပါလိမ့်မယ်။

၄။ သင့်ကို ကြောက်လန့်စေတဲ့အရာတွေကို အလေးထား ကြည့်ရှုပါ။

ကျွန်တော်တို့အများစုဟာ ကျွန်တော်တို့ကို စိတ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာအားဖြင့် ကြောက်လန့်စေတဲ့ နေရာတွေကို သွားဖို့ ရှောင်ကြဉ်တတ်ကြပါတယ်။ဒါပေမယ့်လည်း သင် အဲဒီကြောက်လန့်စရာနေရာတစ်ခုကို ရောက်သွားချိန်မှာတော့ သင်ဟာအကြောက်တရားနဲ့ မိတ်ဆွေဖြစ်ပြီး အဲဒါက သင်ယခင်ကထင်ထားသလို သိပ်ကြောက်စရာမကောင်းဘူးဆိုတာကို စပြီး သဘောပေါက်လာနိုင်ပါတယ်။

၅။ သင့်အချိန်ကို ဘယ်လိုမျိုးအသုံးချနေလဲဆိုတဲ့အပေါ် အလေးထားကြည့်ရှုပါ။

အချိန်ဆိုတာ လွတ်လပ်ပါတယ်၊ ဒါပေမယ့်လည်း နောက်တစ်ကြိမ်ပြန်အစားထိုးလို့မရနိုင်တဲ့ အရင်းအမြစ်တစ်ခုပါ၊ တစ်ခါဆုံးရှုံးပြီးရင် နောက်တစ်ကြိမ် ပြန်မရနိုင်တော့ပါဘူး။ အဲဒါကြောင့် အချိန်ကိုတန်ဖိုးကြီး ပစ္စည်းလိုမျိုး သဘောထား သုံးစွဲပါ။

၆။ သင်တွေးနေတဲ့ အတွေးတွေအပေါ် အလေးထား ဂရုစိုက်ပါ။

အောင်မြင်ဖို့ဆိုရင် သင့်အနေနဲ့ သင်တွေးနေတဲ့ အတွေးတွေနဲ့ပတ်သက်လို့ သတိပြုမိဖို့တော့လိုပါလိမ့်မယ်။ သင့် နှုတ်က ထွက်တဲ့ အသံကသင် တစ်နေ့တာအတွင်းမှာ အများစု သင် ကြားခဲ့ရတာတဲ့အရာတွေပဲ ဖြစ်ပါတယ်၊ ပြီးတော့ သင် လုပ်မယ့်အရာအပေါ်မှာ သင့်အတွေးတွေက လွှမ်းမိုးထားပါလိမ့်မယ်။

၇။ သင် အလုပ်တစ်ခုခုကို အကောင်းဆုံးနဲ့ အလေးထားလုပ်ဆောင်ပါ။

သင် တစ်ခုခုကို အကောင်းဆုံး လုပ်ဆောင်နေတာက သင် အတော်ဆုံးဖြစ်နေဖို့ထက် ပိုအရေးကြီးပါတယ်။ အဲဒါက သင့်ရဲ့စံချိန်စံနှုန်းတွေကို အနည်းငယ် လျော့ကျသွားစေနိုင်တဲ့ အလုပ်ကို အလွန်အကျွံလုပ်ကိုင်ရတာမျိုးနဲ့ စိတ်ဖိစီးမှုတွေကို ရနိုင်စေပေမယ့်လည်း သင် အကောင်းဆုံးလုပ်နေဖို့က အရေးကြီးဆုံးဖြစ်တယ်ဆိုတာကို
သိရှိသွားပါလိမ့်မယ်။

၈။ သင့်ကို တစ်လျှောက်လုံး ဘေးကနေ ကူညီပေးခဲ့သူတွေကို အလေးထားဂရုစိုက်ပါ။

သင်ဖြတ်သန်းလာတဲ့ တစ်လျှောက်လုံးမှာ ဘေးကနေ သင့်ကိုလမ်းညွန်ပေးခဲ့တဲ့၊ ပံ့ပိုးပေးခဲ့တဲ့၊ သွန်သင်ပြသပေးခဲ့တဲ့ သူတွေအကြောင်းကို စဉ်းစားပေးပါ။ သင့် ရဲ့ သူတို့အပေါ်မှာ တန်ဖိုးထားတယ်ဆိုတာကို ပြန်လည်ပြသပေးပါ။

၉။ သင့် ပျော်ရွှင်မှုအတွက် ဂရုစိုက်ပါ။

အောင်မြင်မှုဆိုတာက ပျော်ရွှင်မှုနဲ့တော့ မတူပါဘူး၊ ဒါပေမယ့်လည်း ပျော်ရွှင်မှုက သင် အောင်မြင်မှုရဖို့အတွက် ကူညီနိုင်ပါတယ်။ ပြီးတော့ ပျော်ရွှင်မှုရဖို့တစ်ခုတည်းသော နည်းလမ်းက အဲဒါကို အချိန်အခိုက်အတန့်လေးတွေမှာ ဖန်တီးလိုက်ဖို့ပါပဲ။

၁၀။ သင် ဘယ်နေရာမှာ ရောက်နေတာလဲဆိုတာကို အလေးထားပါ။

သင်ရောက်ချင်တဲ့နေရာနဲ့ သင် အခု အခုရောက်နေတဲ့နေရာက ဆက်စပ်နေပါသလား? ဖြစ်နိုင်ချေတွေ အများကြီးရှိနေတဲ့ ကမ္ဘာကြီးထဲမှာ သင် စိတ်ကို ဖွင့်လှစ်လိုက်မယ်ဆိုရင် အကန့် အသတ်မရှိတဲ့ အတွေးတွေနဲ့ အိမ်မက်တွေကို စိတ်ကူးအကောင် အထည်ဖော်နိုင်စွမ်းတွေ သင်ရလာပါလိမ့်မယ်။

တစ်ခဏအတွင်းမှာပဲ သင် အပြောင်းအလဲတစ်ခုခု လုပ်ချင်တဲ့နေရာ ဒါမှမဟုတ် အသစ်တစ်ခုခုရဖို့ စူးစမ်းရှာဖွေချင်တဲ့ နယ်ပယ်တစ်ခုခုကို သင်တွေ့ပြီဆိုရင်တော့ သင့်အချိန်တွေ၊ စွမ်းအားတွေကို စတင်အသုံးပြုပါ၊ အဲဒီ နယ်ပယ်ကို သွားဖို့အတွက် အလေးထားလုပ်ဆောင်ပါ၊ ပြီးတော့ ဘာတွေဖြစ်လာမလဲဆိုတာကို ဆက်စောင့်ကြည့်ပါ။

သီဟ(SFJ Strategy First Journal)

Leave a Reply