ကမာၻေက်ာ္ ပူလစ္ဇာဆု ကိုျဖစ္ေပၚလာေစခဲ့သူ (သုိ႔) ဂ်ိဳးဇက္ ပူလစ္ဇာ

Posted on

ဂ်ိဳးဇက္ ပူလစ္ဇာသည္ ဟန္ေဂရီ ႏြယ္ဖြား အေမရိကန္ႏိုင္ငံသား ေရွ႕ေန၊ သတင္းေထာက္၊ သတင္းစာထုတ္ေဝ သူႏွင့္ သတင္းအေရးအသား တီထြင္သူ သတင္းစာ ပညာရွင္ျဖစ္ၿပီး သတင္းစာ ပညာျဖင့္ အက်င့္ပ်က္ ျခစားမႈမ်ားကို စြမ္းစြမ္းတမံ တိုက္ဖ်က္ခဲ့သူျဖစ္ သည္။ ပထမဆံုး သတင္းစာပညာ သင္ေက်ာင္း ထူေထာင္ခဲ့သူ ျဖစ္ၿပီး ပထမဆံုး သတင္းႏွင့္ သတင္းဓာတ္ပံု တို႔ အျဖစ္ သမိုင္း၊ ကဗ်ာ၊ ဂီတႏွင့္ ျပဇာတ္တို႔ အတြက္ ပူလစ္ဇာဆုကို တီထြင္ ေပးအပ္ ခဲ့သူျဖစ္သည္။

ဂ်ိဳးဇက္ပူလစ္ဇာကို ၁၈၄၇ ခုႏွစ္၊ ဧၿပီ ၁ဝ ရက္တြင္ ဩစႀတီးယားပိုင္ ဟန္ေဂရီႏိုင္ငံ မာကိုၿမိဳ႕တြင္ ဂ်ဴးလူမ်ိဳး ဖခင္ႏွင့္ ဂ်ာမန္ လူမ်ိဳး မိခင္တို႔မွ ေမြးဖြားခဲ့သည္။ ငယ္စဥ္က ဘူဒါပက္(စ)ၿမိဳ႕ တြင္ ပညာသင္ၾကား ခဲ့ၿပီး အသက္ ၁၄ ႏွစ္သားအရြယ္ တြင္ ဖခင္ကြယ္လြန္ခဲ့၍ မိသားစုဘဝ ဆင္းရဲမြဲေတသြားခဲ့သည္။ က်ည္ဆန္ အေျမာက္ဆန္ေတြ ရွိတဲ့ စစ္ပြဲေတြၾကားထဲမွာ သူ စစ္သားတစ္ေယာက္ျဖစ္ခ်င္ခဲ့သည္။ ထုိ႔ေၾကာင့္ အသက္ ၁၇ႏွစ္ အရြယ္တြင္ အိမ္မွထြက္ခဲ့သည္။ ပိန္လွီလြန္းတဲ့ခႏၶာကုိယ္နဲ႔ မ်က္စိမႈန္တာေၾကာင့္ ဟန္ေဂရီစစ္တပ္ ႏွင့္ ျပင္သစ္စစ္တပ္ ႏွစ္ခုလုံးက သူ႔အားျငင္းပယ္ခဲ့သည္။ ဥေရာပတစ္လႊား စစ္တပ္မ်ား သို႔ ဝင္ရန္ႀကိဳးစားခဲ့ေသးေသာ္လည္း က်န္းမာေရးေၾကာင့္ ဝင္ခြင့္မရခဲ့ေခ်။

ျပင္သစ္ႏုိင္ငံမွာ အေမရိကန္က စစ္သားလာစုရာ သူအေရြးခံခဲ့ရၿပီး သူ႔ဆႏၵျပည့္သြားခဲ့သည္။ ထုိ႔ေၾကာင့္ ၁၈၆၄ ခုႏွစ္တြင္ အေမရိကန္ ျပည္ေထာင္စုသို႔ ေရႊ႕ေျပာင္းၿပီး လင္ကြန္း၏ ျမင္းစီးတပ္တြင္ တာဝန္ထမ္းေဆာင္ခဲ့သည္။ ၈လၾကာတာ၀န္ထမ္းေဆာင္ခဲ့ၿပီး အေမရိကန္ျပည္တြင္းစစ္ ၿပီးေသာအခါ သူ၏ စစ္သားဘ၀လည္း နိဂုံးခ်ဳပ္သြားေတာ့သည္။ ျပင္သစ္ ႏွင့္ ဂ်ာမန္ဘာသာစကားသာ တတ္ေသာသူ႔အတြက္ ေကာင္းေကာင္းမြန္မြန္အလုပ္မရွိ။ ထုိ႔ေၾကာင့္ အၿငိမ္းစားေငြ နဲ႔ ဘ၀ကုိ ခက္ခဲစြာျဖတ္သန္းခဲ့ရသည္။ သုိ႔ေသာ္သူအရႈံးမေပးခဲ့။

၀မ္းေရးအတြက္ ျမင္းထိန္း ၊ စားပြဲထုိး ၊ သေဘၤာေနာက္လုိက္ ၊ လယ္သမားစသည့္ ရရာ အလုပ္မ်ဳိးစုံကို လုပ္ကုိင္ခဲ့ၿပီး တစ္ဖက္တြင္ ဥပေဒပညာႏွင့္ အဂၤလိပ္စာကို ေလ့လာခဲ့သည္။ ဥပေဒဘြဲ႕ရရန္ စာ ၾကည့္တိုက္တြင္ အပတ္တကုတ္ေလ့ လာခဲ့ရာ ၁၈၆၈ ခုႏွစ္တြင္ ေရွ႕ေန ျဖစ္ခဲ့ေသာ္လည္း ေအာင္ျမင္မႈမရခဲ့ေပ။ သို႔ရာတြင္ ဝက္(စ)လစ္(ခ်)ပို႔(စ) သတင္းစာ (Westliteche) ၌ သတင္းေထာက္ အလုပ္ကုိ ရလုိက္ရာမွ သူ၏ဘ၀သည္လည္း ေျပာင္းလဲသြားေတာ့သည္။
“ကြ်န္ေတာ့္လုိ ဘာမွမသိ မတတ္ တဲ့ အုိးမဲ့အိမ္မဲ့တစ္ေယာက္က ဒီလုိအလုပ္ကိုရလုိက္တဲ့အတြက္ အိပ္မက္တစ္ခုလုိပဲထင္မိပါတယ္” လုိ႔ အဲဒီတုန္းက အသက္ ၂၁ႏွစ္ အရြယ္သာရွိေသးသည့္ ဂ်ဳိးဇက္က ေျပာခဲ့သည္။

ထုိအလုပ္တြင္ ေအာက္ေျခမွစ၍ အစြမ္းကုန္သူလုပ္ခဲ့သည္။ တစ္ေန႔ကို အနည္းဆုံး ၁၆နာရီခန္႔လုပ္သည္။ သူ႔စိတ္ထဲတြင္ အလုပ္…အလုပ္…အလုပ္သာ ရွိသည္။ သို႔ေသာ္ အဆင္ေျပလွသည္ေတာ့မဟုတ္ပဲ အားလုံး၏ႏွိမ္ျခင္းကုိ ခံခဲ့ရသည္။ ပိန္လွီတဲ့ခႏၶာကုိယ္ ၊ ထူထဲတဲ့မ်က္မွန္ ၊ ေကာက္လြန္းတဲ့ႏွာေခါင္း ႏွင့္ အထစ္ အထစ္ အဂၤလိပ္စကား တုိ႔ေၾကာင့္ တရုံးလုံးကသူ႔အား “အရုပ္ဆုိးတဲ့ဂ်ဴးေလး” ဟု ႏွိမ္၍ေခၚခဲ့ၾကသည္။ သုိ႔ေသာ္ သူစိတ္ဓာတ္မက်ခဲ့ပဲ ဆထက္ထမ္းပုိးႀကဳိးစားခဲ့သည္။ သူ႕ပင္ကိုယ္ဟန္ႏွင့္ ႀကိဳးစား အားထုတ္မႈေၾကာင့္ အထက္လူႀကီးမ်ား၏ ခ်ီးမြမ္းျခင္းကို ခံရၿပီး မၾကာမီမွာပင္ ေအာင္ျမင္ ေက်ာ္ၾကား လာခဲ့သည္။

ႀကဳိးစားမႈႏွင့္ အစြမ္းအစတုိ႔ေၾကာင့္ တစ္ႏွစ္အၾကာတြင္ပင္ အားလုံး၀ုိင္းေထာက္ခံသျဖင့္ ပါတီဥကၠဌ ျဖစ္လာခဲ့သည္။ ၁၈၆၇ ခုႏွစ္တြင္ အေမရိကန္ႏိုင္ငံသားျဖစ္လာၿပီး ၁၈၇၁ ခုႏွစ္ တြင္ သတင္းစာအယ္ဒီတာႏွင့္ ပိုင္ရွင္ တစ္ပိုင္း ျဖစ္လာခဲ့သည္။ ၁၈၇၈ ခုႏွစ္ တြင္ အဂၤလိပ္စကားကုိ အထူးကြ်မ္းက်င္ခဲ့ၿပီျဖစ္ၿပီး ထူးခြ်န္တဲ့သတင္းသမားျဖစ္ရန္ ဆက္လက္ႀကဳိးစားခဲ့သည္။ ထုိ႔ေနာက္ စိန္႔လူဝီ ညေနခင္း သတင္းစာႏွင့္ စိန္႔လူဝီပို႔(စ)သတင္းစာ ၂ ေစာင္ကို ဝယ္ယူ ၿပီး “St Louis Post Dispatch” အျဖစ္ ေပါင္း၍ ထုတ္ေဝခဲ့ရာ ေအာင္ျမင္ခဲ့သည္။ ၁၈၈၃ ခုႏွစ္တြင္ “NewYork World” သတင္းစာကို စီမံ ထုတ္ေဝခဲ့ရာ လူစိတ္ဝင္စားမည့္ သဲထိတ္ရင္ဖို အျဖစ္အပ်က္မ်ား၊ အေသအခ်ာ ေလ့လာ ေထာက္ လွမ္းေရးသားေသာ သတင္းမ်ား၊ အက်င့္ပ်က္ျခစားမႈ တိုက္ဖ်က္ေရးႏွင့္ အလုပ္သမား ဦး စားေပး အာေဘာ္မ်ားေၾကာင့္ အထင္ကရ သတင္းစာႀကီး တစ္ေစာင္ျဖစ္ လာခဲ့သည္။

NewYork World အေဆာက္အအုံ

၁၈၆၉ ခုႏွစ္တြင္ ရီဗတ္ဘလီကန္ ပါတီမွ ေအာက္လႊတ္ေတာ္ အမတ္အျဖစ္ ဝင္ေရာက္အေရြးခံရာ အႏိုင္ရခဲ့ ေသာ္လည္း ရီပတ္ဘလီကန္ ပါတီတြင္း အက်င့္ပ်က္ျခစားမႈ မ်ားကို စိတ္ကုန္၍ ၁၈၈၄ ခုႏွစ္တြင္ ဒီမိုကရက္တစ္ပါတီ ကိုယ္စားလွယ္ အျဖစ္ ေျပာင္းလဲ အေရြးခံရာ အႏိုင္ရခဲ့ျပန္သည္။ သို႔ေသာ္ သတင္းစာ အလုပ္ပိသျဖင့္ ၁၈၈၆ ခုႏွစ္တြင္ ႏႈတ္ထြက္ခဲ့သည္။

ပူလစ္ဇာသည္ သတင္းစာ ပညာကို အဆင့္အတန္း ျမင့္မားေအာင္ ျမႇင့္တင္အားေပးခဲ့သူ ေရွ႕ေဆာင္ေရွ႕ရြက္ ပုဂၢိဳလ္ျဖစ္ကာ သတင္းစာပညာ ျဖင့္ လူ႔အဖြဲ႕အစည္း တြင္းမွ မတရားမႈမ်ား၊ အလြဲသံုးစားမႈမ်ားကို ျပဳျပင္ တည့္မတ္ ေပးႏိုင္ရမည္ဟု ယံုၾကည္သည္။ အမ်ားျပည္သူ၏ ထင္ျမင္ခ်က္ကို သတင္းစာမ်ားမွ ေဖာ္ထုတ္ေပး ရမည္ ဟု လံႈ႕ေဆာ္သည္။ သူမကြယ္လြန္မီ ရန္ပံုေငြတစ္ရပ္ မတည္ထားခဲ့ၿပီး သတင္းစာႏွင့္ စာေပဆိုင္ရာ ပူလစ္ဇာဆုမ်ား ခ်ီးျမႇင့္ရန္ ေသတမ္းစာ ေရးသားထားခဲ့သည္။

ပူလစ္ဇာသည္ ၁၉၁၁ ခုႏွစ္၌ သူ၏ ေဆာင္းရာသီေနအိမ္ ရွိရာ ေဂ်ာ္ဂ်ီယာျပည္နယ္ ဂ်က္ကဲ(လ)ကြ်န္းသို႔ သူပိုင္ လစ္ဘာတီရြက္ေလွျဖင့္ အသြား ေတာင္ ကယ္႐ိုလိုင္းနား ျပည္နယ္ ခ်ာ လက္စတန္ဆိပ္ကမ္းအေရာက္၊ ေအာက္တိုဘာ ၂၉ ရက္တြင္ ကြယ္လြန္ခဲ့သည္။ သူ၏ ေသတမ္းစာတြင္ ကိုလံဘီယာ တကၠသိုလ္ အတြက္ ေဒၚလာ ၂ သန္း လွဴဒါန္းခဲ့ရာ ပူလစ္ဇာ ကြယ္လြန္ၿပီးေနာက္ ၁ ႏွစ္အၾကာ ၁၉၁၂ ခုႏွစ္တြင္ ကိုလံဘီယာ သတင္းစာ အတတ္သင္ေက်ာင္း (Columbia School of Journalism) ကို တည္ ေထာင္ခဲ့သည္။

၁၉၁၇ ခုႏွစ္တြင္ ပထမဆံုး ပူလစ္ဇာဆုမ်ားကို သူကိုယ္တိုင္ ေရြး ခ်ယ္လႊဲအပ္ခဲ့ေသာ အႀကံေပးအဖြဲ႕၏ ႀကီးၾကပ္မႈျဖင့္ စတင္ေပးအပ္ခဲ့ရာ ပူလစ္ဇာဆုမွာ အေမရိကန္ သတင္းစာ ေလာကတြင္ အျမင့္ဆံုး ဆုအျဖစ္ ယေန႔တိုင္ ကိုယ္စားျပဳႏိုင္ခဲ့သည္။ “ႏိုင္ငံရဲ႕ အနာဂတ္ကို ပံုသြင္းေပး ႏိုင္စြမ္းဟာ အနာဂတ္သတင္းစာ ဆရာ မ်ိဳးဆက္ေတြ ရဲ႕ လက္ထဲမွာရွိ ပါလိမ့္မယ္”ဟု အရည္အခ်င္းျမင့္ သတင္းစာ ပညာ၏ လိုအပ္ခ်က္ကို ပူလစ္ဇာ က ေထာက္ျပခဲ့ပါသည္။

၁၉၈၉ ခုႏွစ္တြင္ ဂ်ိဳးဇက္ ပူလစ္ဇာကို စိန္႔လူဝီ၏ ေက်ာ္ၾကားထင္ရွား သူမ်ား လမ္းမ (St.Louis Walk of Fame) တြင္ ထိုက္ထိုက္တန္တန္ စာရင္းသြင္း၍ ဂုဏ္ျပဳဆု ႏွင္းအပ္ခဲ့ပါသည္။ အုိးမဲ့အိမ္မဲ့ အေျခေနမဲ့ဘ၀မွ ကမာၻသိသတင္းစာတုိက္ပုိင္ရွင္ႀကီးျဖစ္လာခဲ့သူ ဂ်ဳိးဇက္ပူလစ္ဇာ၏ စကားတစ္ခြန္းမွာကား “ဘာပဲလုပ္လုပ္ တတ္ႏုိင္သမွ် အစြမ္းကုန္လုပ္ပါ” ဟူ၍ျဖစ္သည္။

ပူလစ္ဇာဆု(Pulitzer Prize)

မွန္ကန္ေသာအသံထြက္မွာ “Pull it, sir” တြင္ပါရွိေသာ Pull (ပူးလ္) အသံထြက္အတိုင္း ထြက္ရမည္ ျဖစ္သည္။ ထို႔ေၾကာင့္ ပူးလစ္ဇာဆု ဟုေခၚဆိုမွ မွန္ကန္ပါမည္။ ပူလစ္ဇာဆုသည္ အေမရိကန္ျပည္ေထာင္စုမွ ခ်ီးျမႇင့္ေသာ သတင္းႏွင့္ အႏုပညာဆိုင္ရာ ထိပ္တန္းဆုအျဖစ္ သတ္မွတ္ထားပါသည္။ သတင္းစာ၊ ဂ်ာနယ္၊ စာေပ၊ ဂီတအေရးအဖြဲ႕ စသည္တို႔တြင္ ထူးခြၽန္သူမ်ားကို ႏွစ္စဥ္ ဆုခ်ီးျမႇင့္သည္။

ဟန္ေဂရီလူမ်ိဳး အေမရိကန္နိုင္ငံသား ပုံႏွိပ္ထုတ္ေဝသူ ဂ်ိဳးဇက္ပူလစ္ဇာ (Joseph Pulitzer)က စတင္ ရန္ပုံေငြေထာင္ၿပီး ၁၉၁၇ ခုႏွစ္မွာ စတင္ခ်ီးျမႇင့္ခဲ့ျခင္း ျဖစ္သည္။ နယူးေယာက္ၿမိဳ႕ ကိုလံဘီယာတကၠသိုလ္မွ ႀကီးၾကပ္ေ႐ြးခ်ယ္ ပါသည္။ အစပိုင္းတြင္ ဂ်ာနယ္ဘာသာရပ္အတြက္ သီးသန္႔ဆုျဖစ္ေသာ္လည္း ဓာတ္ပုံ ၊ ဂီတ ၊ ကာတြန္းစသည့္ က႑တုိ႔အတြက္ပါ တုိးခ်ဲ႕ခ်ီးျမွင့္ခဲ့ရာ လက္ရွိတြင္ က႑ ၂၁ ခုအတြက္ ႏွစ္စဥ္ ဆုခ်ီးျမႇင့္ေနၿပီျဖစ္သည္။ ဆုေပါင္းႏွစ္ဆယ္တြင္ ဆုေၾကးေငြသား အေမရိကန္ေဒၚလာ တစ္ေသာင္းစီခ်ီးျမႇင့္ၿပီး ျပည္သူ႕အက်ိဳးျပဳ ဂ်ာနယ္လစ္ဇင္ဆု အတြက္ ေ႐ႊတံဆိပ္ဆု ခ်ီးျမႇင့္သည္။

အတၳဳပၸတိၲအဘိဓာန္ (ေမာင္ဝံသံ)
VOA Burmese
Wikipedia

—————————————-

ကမ္ဘာကျော် ပူလစ်ဇာဆု ကိုဖြစ်ပေါ်လာစေခဲ့သူ (သို့) ဂျိုးဇက် ပူလစ်ဇာ (unicode)

ဂျိုးဇက် ပူလစ်ဇာသည် ဟန်ဂေရီ နွယ်ဖွား အမေရိကန်နိုင်ငံသား ရှေ့နေ၊ သတင်းထောက်၊ သတင်းစာထုတ်ဝေ သူနှင့် သတင်းအရေးအသား တီထွင်သူ သတင်းစာ ပညာရှင်ဖြစ်ပြီး သတင်းစာ ပညာဖြင့် အကျင့်ပျက် ခြစားမှုများကို စွမ်းစွမ်းတမံ တိုက်ဖျက်ခဲ့သူဖြစ် သည်။ ပထမဆုံး သတင်းစာပညာ သင်ကျောင်း ထူထောင်ခဲ့သူ ဖြစ်ပြီး ပထမဆုံး သတင်းနှင့် သတင်းဓာတ်ပုံ တို့ အဖြစ် သမိုင်း၊ ကဗျာ၊ ဂီတနှင့် ပြဇာတ်တို့ အတွက် ပူလစ်ဇာဆုကို တီထွင် ပေးအပ် ခဲ့သူဖြစ်သည်။

ဂျိုးဇက်ပူလစ်ဇာကို ၁၈၄၇ ခုနှစ်၊ ဧပြီ ၁ဝ ရက်တွင် ဩစတြီးယားပိုင် ဟန်ဂေရီနိုင်ငံ မာကိုမြို့တွင် ဂျူးလူမျိုး ဖခင်နှင့် ဂျာမန် လူမျိုး မိခင်တို့မှ မွေးဖွားခဲ့သည်။ ငယ်စဉ်က ဘူဒါပက်(စ)မြို့ တွင် ပညာသင်ကြား ခဲ့ပြီး အသက် ၁၄ နှစ်သားအရွယ် တွင် ဖခင်ကွယ်လွန်ခဲ့၍ မိသားစုဘဝ ဆင်းရဲမွဲတေသွားခဲ့သည်။ ကျည်ဆန် အမြောက်ဆန်တွေ ရှိတဲ့ စစ်ပွဲတွေကြားထဲမှာ သူ စစ်သားတစ်ယောက်ဖြစ်ချင်ခဲ့သည်။ ထို့ကြောင့် အသက် ၁၇နှစ် အရွယ်တွင် အိမ်မှထွက်ခဲ့သည်။ ပိန်လှီလွန်းတဲ့ခန္ဓာကိုယ်နဲ့ မျက်စိမှုန်တာကြောင့် ဟန်ဂေရီစစ်တပ် နှင့် ပြင်သစ်စစ်တပ် နှစ်ခုလုံးက သူ့အားငြင်းပယ်ခဲ့သည်။ ဥရောပတစ်လွှား စစ်တပ်များ သို့ ဝင်ရန်ကြိုးစားခဲ့သေးသော်လည်း ကျန်းမာရေးကြောင့် ဝင်ခွင့်မရခဲ့ချေ။

ပြင်သစ်နိုင်ငံမှာ အမေရိကန်က စစ်သားလာစုရာ သူအရွေးခံခဲ့ရပြီး သူ့ဆန္ဒပြည့်သွားခဲ့သည်။ ထို့ကြောင့် ၁၈၆၄ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုသို့ ရွှေ့ပြောင်းပြီး လင်ကွန်း၏ မြင်းစီးတပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၈လကြာတာဝန်ထမ်းဆောင်ခဲ့ပြီး အမေရိကန်ပြည်တွင်းစစ် ပြီးသောအခါ သူ၏ စစ်သားဘဝလည်း နိဂုံးချုပ်သွားတော့သည်။ ပြင်သစ် နှင့် ဂျာမန်ဘာသာစကားသာ တတ်သောသူ့အတွက် ကောင်းကောင်းမွန်မွန်အလုပ်မရှိ။ ထို့ကြောင့် အငြိမ်းစားငွေ နဲ့ ဘဝကို ခက်ခဲစွာဖြတ်သန်းခဲ့ရသည်။ သို့သော်သူအရှုံးမပေးခဲ့။

ဝမ်းရေးအတွက် မြင်းထိန်း ၊ စားပွဲထိုး ၊ သင်္ဘောနောက်လိုက် ၊ လယ်သမားစသည့် ရရာ အလုပ်မျိုးစုံကို လုပ်ကိုင်ခဲ့ပြီး တစ်ဖက်တွင် ဥပဒေပညာနှင့် အင်္ဂလိပ်စာကို လေ့လာခဲ့သည်။ ဥပဒေဘွဲ့ရရန် စာ ကြည့်တိုက်တွင် အပတ်တကုတ်လေ့ လာခဲ့ရာ ၁၈၆၈ ခုနှစ်တွင် ရှေ့နေ ဖြစ်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။ သို့ရာတွင် ဝက်(စ)လစ်(ချ)ပို့(စ) သတင်းစာ (Westliteche) ၌ သတင်းထောက် အလုပ်ကို ရလိုက်ရာမှ သူ၏ဘဝသည်လည်း ပြောင်းလဲသွားတော့သည်။
“ကျွန်တော့်လို ဘာမှမသိ မတတ် တဲ့ အိုးမဲ့အိမ်မဲ့တစ်ယောက်က ဒီလိုအလုပ်ကိုရလိုက်တဲ့အတွက် အိပ်မက်တစ်ခုလိုပဲထင်မိပါတယ်” လို့ အဲဒီတုန်းက အသက် ၂၁နှစ် အရွယ်သာရှိသေးသည့် ဂျိုးဇက်က ပြောခဲ့သည်။

ထိုအလုပ်တွင် အောက်ခြေမှစ၍ အစွမ်းကုန်သူလုပ်ခဲ့သည်။ တစ်နေ့ကို အနည်းဆုံး ၁၆နာရီခန့်လုပ်သည်။ သူ့စိတ်ထဲတွင် အလုပ်…အလုပ်…အလုပ်သာ ရှိသည်။ သို့သော် အဆင်ပြေလှသည်တော့မဟုတ်ပဲ အားလုံး၏နှိမ်ခြင်းကို ခံခဲ့ရသည်။ ပိန်လှီတဲ့ခန္ဓာကိုယ် ၊ ထူထဲတဲ့မျက်မှန် ၊ ကောက်လွန်းတဲ့နှာခေါင်း နှင့် အထစ် အထစ် အင်္ဂလိပ်စကား တို့ကြောင့် တရုံးလုံးကသူ့အား “အရုပ်ဆိုးတဲ့ဂျူးလေး” ဟု နှိမ်၍ခေါ်ခဲ့ကြသည်။ သို့သော် သူစိတ်ဓာတ်မကျခဲ့ပဲ ဆထက်ထမ်းပိုးကြိုးစားခဲ့သည်။ သူ့ပင်ကိုယ်ဟန်နှင့် ကြိုးစား အားထုတ်မှုကြောင့် အထက်လူကြီးများ၏ ချီးမွမ်းခြင်းကို ခံရပြီး မကြာမီမှာပင် အောင်မြင် ကျော်ကြား လာခဲ့သည်။

ကြိုးစားမှုနှင့် အစွမ်းအစတို့ကြောင့် တစ်နှစ်အကြာတွင်ပင် အားလုံးဝိုင်းထောက်ခံသဖြင့် ပါတီဥက္ကဌ ဖြစ်လာခဲ့သည်။ ၁၈၆၇ ခုနှစ်တွင် အမေရိကန်နိုင်ငံသားဖြစ်လာပြီး ၁၈၇၁ ခုနှစ် တွင် သတင်းစာအယ်ဒီတာနှင့် ပိုင်ရှင် တစ်ပိုင်း ဖြစ်လာခဲ့သည်။ ၁၈၇၈ ခုနှစ် တွင် အင်္ဂလိပ်စကားကို အထူးကျွမ်းကျင်ခဲ့ပြီဖြစ်ပြီး ထူးချွန်တဲ့သတင်းသမားဖြစ်ရန် ဆက်လက်ကြိုးစားခဲ့သည်။ ထို့နောက် စိန့်လူဝီ ညနေခင်း သတင်းစာနှင့် စိန့်လူဝီပို့(စ)သတင်းစာ ၂ စောင်ကို ဝယ်ယူ ပြီး “St Louis Post Dispatch” အဖြစ် ပေါင်း၍ ထုတ်ဝေခဲ့ရာ အောင်မြင်ခဲ့သည်။ ၁၈၈၃ ခုနှစ်တွင် “NewYork World” သတင်းစာကို စီမံ ထုတ်ဝေခဲ့ရာ လူစိတ်ဝင်စားမည့် သဲထိတ်ရင်ဖို အဖြစ်အပျက်များ၊ အသေအချာ လေ့လာ ထောက် လှမ်းရေးသားသော သတင်းများ၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနှင့် အလုပ်သမား ဦး စားပေး အာဘော်များကြောင့် အထင်ကရ သတင်းစာကြီး တစ်စောင်ဖြစ် လာခဲ့သည်။

၁၈၆၉ ခုနှစ်တွင် ရီဗတ်ဘလီကန် ပါတီမှ အောက်လွှတ်တော် အမတ်အဖြစ် ဝင်ရောက်အရွေးခံရာ အနိုင်ရခဲ့ သော်လည်း ရီပတ်ဘလီကန် ပါတီတွင်း အကျင့်ပျက်ခြစားမှု များကို စိတ်ကုန်၍ ၁၈၈၄ ခုနှစ်တွင် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် အဖြစ် ပြောင်းလဲ အရွေးခံရာ အနိုင်ရခဲ့ပြန်သည်။ သို့သော် သတင်းစာ အလုပ်ပိသဖြင့် ၁၈၈၆ ခုနှစ်တွင် နှုတ်ထွက်ခဲ့သည်။

ပူလစ်ဇာသည် သတင်းစာ ပညာကို အဆင့်အတန်း မြင့်မားအောင် မြှင့်တင်အားပေးခဲ့သူ ရှေ့ဆောင်ရှေ့ ရွက် ပုဂ္ဂိုလ်ဖြစ်ကာ သတင်းစာပညာ ဖြင့် လူ့အဖွဲ့အစည်း တွင်းမှ မတရားမှုများ၊ အလွဲသုံးစားမှုများကို ပြုပြင် တည့်မတ် ပေးနိုင်ရမည်ဟု ယုံကြည်သည်။ အများပြည်သူ၏ ထင်မြင်ချက်ကို သတင်းစာများမှ ဖော်ထုတ်ပေး ရမည် ဟု လှုံ့ဆော်သည်။ သူမကွယ်လွန်မီ ရန်ပုံငွေတစ်ရပ် မတည်ထားခဲ့ပြီး သတင်းစာနှင့် စာပေဆိုင်ရာ ပူလစ်ဇာဆုများ ချီးမြှင့်ရန် သေတမ်းစာ ရေးသားထားခဲ့သည်။

ပူလစ်ဇာသည် ၁၉၁၁ ခုနှစ်၌ သူ၏ ဆောင်းရာသီနေအိမ် ရှိရာ ဂျော်ဂျီယာပြည်နယ် ဂျက်ကဲ(လ)ကျွန်းသို့ သူပိုင် လစ်ဘာတီရွက်လှေဖြင့် အသွား တောင် ကယ်ရိုလိုင်းနား ပြည်နယ် ချာ လက်စတန်ဆိပ်ကမ်းအရောက်၊ အောက်တိုဘာ ၂၉ ရက်တွင် ကွယ်လွန်ခဲ့သည်။ သူ၏ သေတမ်းစာတွင် ကိုလံဘီယာ တက္ကသိုလ် အတွက် ဒေါ်လာ ၂ သန်း လှူဒါန်းခဲ့ရာ ပူလစ်ဇာ ကွယ်လွန်ပြီးနောက် ၁ နှစ်အကြာ ၁၉၁၂ ခုနှစ်တွင် ကိုလံဘီယာ သတင်းစာ အတတ်သင်ကျောင်း (Columbia School of Journalism) ကို တည် ထောင်ခဲ့သည်။

၁၉၁၇ ခုနှစ်တွင် ပထမဆုံး ပူလစ်ဇာဆုများကို သူကိုယ်တိုင် ရွေး ချယ်လွှဲအပ်ခဲ့သော အကြံပေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် စတင်ပေးအပ်ခဲ့ရာ ပူလစ်ဇာဆုမှာ အမေရိကန် သတင်းစာ လောကတွင် အမြင့်ဆုံး ဆုအဖြစ် ယနေ့တိုင် ကိုယ်စားပြုနိုင်ခဲ့သည်။ “နိုင်ငံရဲ့ အနာဂတ်ကို ပုံသွင်းပေး နိုင်စွမ်းဟာ အနာဂတ်သတင်းစာ ဆရာ မျိုးဆက်တွေ ရဲ့ လက်ထဲမှာရှိ ပါလိမ့်မယ်”ဟု အရည်အချင်းမြင့် သတင်းစာ ပညာ၏ လိုအပ်ချက်ကို ပူလစ်ဇာ က ထောက်ပြခဲ့ပါသည်။

၁၉၈၉ ခုနှစ်တွင် ဂျိုးဇက် ပူလစ်ဇာကို စိန့်လူဝီ၏ ကျော်ကြားထင်ရှား သူများ လမ်းမ (St.Louis Walk of Fame) တွင် ထိုက်ထိုက်တန်တန် စာရင်းသွင်း၍ ဂုဏ်ပြုဆု နှင်းအပ်ခဲ့ပါသည်။ အိုးမဲ့အိမ်မဲ့ အခြေနေမဲ့ဘဝမှ ကမ္ဘာသိသတင်းစာတိုက်ပိုင်ရှင်ကြီးဖြစ်လာခဲ့သူ ဂျိုးဇက်ပူလစ်ဇာ၏ စကားတစ်ခွန်းမှာကား “ဘာပဲလုပ်လုပ် တတ်နိုင်သမျှ အစွမ်းကုန်လုပ်ပါ” ဟူ၍ဖြစ်သည်။

ပူလစ်ဇာဆု(Pulitzer Prize)

မှန်ကန်သောအသံထွက်မှာ “Pull it, sir” တွင်ပါရှိသော Pull (ပူးလ်) အသံထွက်အတိုင်း ထွက်ရမည် ဖြစ်သည်။ ထို့ကြောင့် ပူးလစ်ဇာဆု ဟုခေါ်ဆိုမှ မှန်ကန်ပါမည်။ ပူလစ်ဇာဆုသည် အမေရိကန်ပြည်ထောင်စုမှ ချီးမြှင့်သော သတင်းနှင့် အနုပညာဆိုင်ရာ ထိပ်တန်းဆုအဖြစ် သတ်မှတ်ထားပါသည်။ သတင်းစာ၊ ဂျာနယ်၊ စာပေ၊ ဂီတအရေးအဖွဲ့ စသည်တို့တွင် ထူးချွန်သူများကို နှစ်စဉ် ဆုချီးမြှင့်သည်။

ဟန်ဂေရီလူမျိုး အမေရိကန်နိုင်ငံသား ပုံနှိပ်ထုတ်ဝေသူ ဂျိုးဇက်ပူလစ်ဇာ (Joseph Pulitzer)က စတင် ရန်ပုံငွေထောင်ပြီး ၁၉၁၇ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ နယူးယောက်မြို့ ကိုလံဘီယာတက္ကသိုလ်မှ ကြီးကြပ်ရွေးချယ် ပါသည်။ အစပိုင်းတွင် ဂျာနယ်ဘာသာရပ်အတွက် သီးသန့်ဆုဖြစ်သော်လည်း ဓာတ်ပုံ ၊ ဂီတ ၊ ကာတွန်းစသည့် ကဏ္ဍတို့အတွက်ပါ တိုးချဲ့ချီးမြှင့်ခဲ့ရာ လက်ရှိတွင် ကဏ္ဍ ၂၁ ခုအတွက် နှစ်စဉ် ဆုချီးမြှင့်နေပြီဖြစ်သည်။ ဆုပေါင်းနှစ်ဆယ်တွင် ဆုကြေးငွေသား အမေရိကန်ဒေါ်လာ တစ်သောင်းစီချီးမြှင့်ပြီး ပြည်သူ့အကျိုးပြု ဂျာနယ်လစ်ဇင်ဆု အတွက် ရွှေတံဆိပ်ဆု ချီးမြှင့်သည်။

အတ္ထုပ္ပတ္တိအဘိဓာန် (မောင်ဝံသံ)
Wikipedia

Leave a Reply