အာခီးမီးဒီးစ္ ဆုိသည္မွာ

Posted on

အာခီမီးဒီးစ္ သည္ဂရိလူမ်ိဳး သခၤ်ာ ပညာရွင္၊ ႐ူပေဗဒ ပညာရွင္၊အင္ဂ်င္နီယာ၊ တီထြင္ပညာရွင္ ႏွင့္ နကၡတၱေဗဒပညာရွင္ႀကီး ျဖစ္သည္။သူသည္ Hydrostaticsႏွင့္ Statics စေသာ ႐ူပေဗဒ ပညာရပ္မ်ားကို အုတ္ျမစ္ခ် ေပးခဲ့သူျဖစ္ၿပီး ကုတ္နိယာမ သေဘာတရား ကို ေဖာ္ထုတ္ခဲ့သူလည္း ျဖစ္သည္။Seige engine ႏွင့္ Screw pump တို႔ကဲ့သို႔ေသာ ဆန္းသစ္သည့္ စက္ပစၥည္းမ်ားကို တီထြင္ခဲ့သည့္ အတြက္ေၾကာင့္လည္း သူ႔အား အင္ဂ်င္နီယာ တစ္ဦးအျဖစ္ သတ္မွတ္ၾကသည္။ ထပ္မံ ေတြ႕ရွိခ်က္မ်ားအရ အာခီမီးဒီးစ္သည္ ေၾကးမုံမွ အလင္းျပန္အားကို အသုံးျပၿပီး တစ္ဘက္ရန္သူ၏ စစ္သေဘၤာမ်ားကို မီးရွို႔ဖ်က္ဆီးနိုင္သည့္ အတတ္ပညာကိုလည္း တီထြင္ခဲ့သည္ဟု သိရသည္။

အာခီမီးဒီးစ္ကို လူသိမ်ားသည္မွာ သခၤ်ာပညာရွင္တစ္ဦးအျဖစ္ ျဖစ္ပါသည္။ ပါရာဘိုလာ မ်ဥ္းေကြးတစ္ခုေအာက္ရွိ ဧရိယာကို အနႏၲကိန္းစဥ္ ေပါင္းလာဒ္ျဖင့္ ရွာေဖြတြက္ခ်က္နိုင္သည့္ Method of Exhaustion ကို တီထြင္ ေဖာ္ထုတ္ခဲ့သူ ျဖစ္သည္။ ထို႔အျပင္ pi (π) ၏ တန္ဖိုးကိုလည္း ယခင္ကထက္ ပိုမိုတိက်ေအာင္ တြက္ထုတ္ ေပးနိုင္ခဲ့သည္။ဝက္အူရစ္ လွည့္ျခင္း နိယာမကို သူ၏အမည္ႏွင့္တြဲ၍ ေဖာ္ထုတ္ခဲ့သည္။ ထို႔အျပင္ ထုထည္တြက္နည္း ေဖာ္ျမဴလာ အမ်ားအျပားကိုလည္း ေဖာ္ထုတ္ေပးခဲ့သည္။

အာခီမီးဒီးစ္သည္ ဆိုင္ရာက်ဴးစ္ စစ္ပြဲအတြင္း ေရာမဘုရင္က သူ႔အားမသတ္ျဖတ္ရန္ အမိန႔္ေပးထားခဲ့ေသာ္လည္း ေရာမစစ္သားတစ္ေယာက္၏ သတ္ျဖတ္ျခင္းခံရကာ ေသဆုံးခဲ့ရသည္။ စက္လုံးတစ္ခု၏ထုထည္ႏွင့္ မ်က္ႏွာျပင္ ဧရိယာတို႔သည္ ၎ႏွင့္အခ်င္းဝက္ တူညီေသာ ထုလုံးရွည္မွန္ တစ္ခု၏ ထုထည္ႏွင့္ မ်က္ႏွာျပင္ ဧရိယာတို႔၏ သုံးပုံ ႏွစ္ပုံ ရွိေၾကာင္းကို အာခီမီးဒီးစ္က သက္ေသျပခဲ့သည္။ ယင္းသက္ေသျပခ်က္သည္ သခၤ်ာပညာရပ္တြင္ အႀကီးမားဆုံးေသာ တိုးတက္မႈႀကီးတစ္ခု ျဖစ္သည္။ သူ၏ေတြ႕ရွိခ်က္စာမ်ားကို ေအဒီ ၃၅၀ မတိုင္ခင္အထိ စုစည္း စာအုပ္ထုတ္ျခင္း မရွိခဲ့ေပ။ ေအဒီ ၆ ရာစု က်မွသာ သူ၏ပညာရပ္မ်ားကို လူအမ်ားသိေအာင္ ျဖန႔္ခ်ိနိုင္ခဲ့သည္။ ရီေနးဆြန္းေခတ္ တစ္ေလ်ာက္လုံး သိပၸံပညာရွင္ မ်ား အေပၚတြင္ သူ၏ အယူအဆ သေဘာတရားမ်ား လႊမ္းမိုးထားခဲ့သည္။

အတၳဳပၸတၱိအက်ဥ္း

အာခီမီးဒီးစ္ကို ဘီစီ ၂၈၇ ခန႔္က ေရွးေဟာင္း မဂၢနာဂေရစီယာျပည္လက္ေအာက္ခံ စစၥလီျပည္ဆိုင္ရာက်ဴးစ္ ၿမိဳ႕ တြင္ ေမြးဖြားခဲ့သည္။ ဘိုင္ဇန္တိုင္းဂရိေခတ္ က သမိုင္းပညာရွင္ ဂၽြန္ဇီဇီ ၏ မွတ္တမ္းအရ အာခီမီးဒီးစ္သည္ အသက္ ၇၅ ႏွစ္အထိ ေနထိုင္သြားရေၾကာင္း သိရသည္။ အာခီမီးဒီးစ္သည္ သူ၏ တီထြင္မွု တစ္ခုျဖစ္ေသာ သဲနာရီ ႏွင့္ ပတ္သက္၍ ေရးသားထားေသာ Sand Reckoners အမည္ရွိ စာတမ္းမ်ားတြင္ သူ၏ ဖခင္အမည္ကို နကၡတၱေဗဒပညာရွင္ ဖီးဒီးယပ္စ္ ဟု ေဖာ္ျပထားသည္။

သမိုင္းပညာရွင္ ပလူးတပ္ေရးသားေသာ ေခတ္ၿပိဳင္ပုဂၢိဳလ္ထူးႀကီးမ်ား စာအုပ္တြင္ အာခီမီးဒီးစ္သည္ ဆိုင္ရာက်ဴးစ္ဘုရင္ ဒုတိယေျမာက္ဟီရိုးႏွင့္ ေဆြမ်ိဳး ေတာ္စပ္ေၾကာင္း ေဖာ္ျပထားသည္။ သူငယ္ရြယ္စဥ္က အီဂ်စ္ျပည္ အလက္ဇျႏၵီးယားၿမိဳ႕ တြင္ ပညာဆည္းပူး ခဲ့သည္ဟု ယူဆရသည္။ ဘီစီ ၂၁၂ တြင္ အာခီမီးဒီးစ္ ေသဆုံးခဲ့သည္။

ေရာမစစ္ဗိုလ္ခ်ဳပ္ မားကပ္စ္ ကေလာဒီးယပ္စ္ မာဆဲလပ္စ္ က ႏွစ္ႏွစ္ၾကာဝိုင္းရံ ပိတ္ဆို႔ၿပီးေနာက္ ဆိုင္ရာက်ဴးစ္ ၿမိဳ႕ကို သိမ္းပိုက္လိုက္သည္။ ထိုအခ်ိန္တြင္ အာခီမီးဒီးသည္ ေဂ်ာ္မက္ထရီ ပုစၧာတစ္ပုဒ္ကို စဥ္းစား အေျဖရွာေနခိုက္ ျဖစ္သည္။ ေရာမစစ္သားက သူ႔အား ဖမ္းဆီးလိုက္ၿပီး ဗိုလ္ခ်ဳပ္ မာဆဲလပ္စ္ႏွင့္ ေတြ႕ဆုံရန္ ေျပာဆိုရာ သူက သူ၏ပုစၧာစဥ္းစားေနဆဲျဖစ္၍ မေတြ႕လိုေၾကာင္း ျငင္းဆိုသည္တြင္ ေရာမစစ္သားက ေဒါသထြက္ကာ ဓားျဖင့္ ထိုးသတ္လိုက္သည္ဟု ပလူးတပ္ က ေရးသားခဲ့သည္။

ဗိုလ္ခ်ဳပ္ မာဆဲလပ္စ္သည္ အာခီမီးဒီးစ္ ေသဆုံးသြားသည့္ အတြက္ မ်ားစြာ ႏွေျမာတသျဖစ္ရသည္။ အာခီမီးဒီးစ္အား ပညာရွင္ တစ္ေယာက္အျဖစ္ သိရွိထားေသာေၾကာင့္ မသတ္ရန္ ႀကိဳတင္ အမိန႔္ေပးထားခဲ့သည္။ “ငါ့စက္ဝိုင္းေတြေပၚ တက္မနင္းပါနဲ႔”ဟူေသာ စကားကို အာခီမီးဒီးစ္ ေနာက္ဆုံး ေျပာဆိုခဲ့သည္ဟု အခ်ိဳ႕က ယူဆၾကေသာ္လည္း သမိုင္းပညာရွင္ ပလူးတပ္ ေရးေသာ စာအုပ္တြင္မူ မပါရွိေပ။ အာခီမီးဒီးစ္၏ ဂူဗိမၼာန္တြင္ ထုလုံးရွည္မွန္တစ္ခုအတြင္းစက္လုံးတစ္ခုကို ထည့္သြင္းထားသည့္ ႐ုပ္တုတစ္ခုကို စိုက္ထူထားသည္။

အာခီမီးဒီးစ္ ေသဆုံးၿပီး ႏွစ္ေပါင္း ၁၃၇ႏွစ္အၾကာ ဘီစီ ၇၅တြင္ ေရာမေခတ္နိုင္ငံေရးသုခမိန္ ဆီဇာရိုက အာခီမီးဒီးစ္ အေၾကာင္းၾကားသိရ၍ သူ၏ အုတ္ဂူအား ရွာေဖြခဲ့သည္။ ျခဳံႏြယ္ပိတ္ေပါင္းမ်ား ဖုံးအုပ္ေနေသာ အာခီမီးဒီးစ္၏ အုတ္ဂူကို ဆိုင္ရာက်ဴးစ္ၿမိဳ႕အနီးတြင္ ရွာေဖြ ေတြ႕ရွိခဲ့ၿပီး သန႔္ရွင္းေရးျပဳလုပ္ကာ အုတ္ဂူေပၚမွ စာသားမ်ားကို ဖတ္ရွုသြားသည္။ ဆိုင္ရာက်ဴးစ္စစ္ပြဲ အၿပီး ႏွစ္ေပါင္း ၇၀ အၾကာတြင္ ပိုလီးဘီးယပ္စ္ ေရးသားေသာ ဆိုင္ရာက်ဴးစ္စစ္ပြဲ အေၾကာင္း စာအုပ္တြင္ အာခီမီးဒီးစ္ႏွင့္ ပတ္သက္ေသာ အေၾကာင္းမ်ား ပါရွိ၍ သမိုင္းပညာရွင္ ပလူးတပ္ က ထပ္မံ ေရးသားႏုိင္ခဲ့ျခင္း ျဖစ္ပါသည္။ ဆိုင္ရာက်ဴးစ္ၿမိဳ႕ ကာကြယ္ေရးအတြက္ စစ္ပြဲဝင္ စက္ကိရိယာ လက္နက္ဆန္းမ်ားကိုလည္း အာခီမီးဒီးစ္က တီထြင္ေပးခဲ့ေၾကာင္း အဆိုပါ စာအုပ္တြင္ ေဖာ္ျပပါရွိပါသည္။

အာခီးမီးဒီးစ္ရဲ႕ ဂူသခၤ်ဳိင္း

ရွာေဖြေတြ႕ရွိမႈမ်ားႏွင့္ တီထြင္မႈမ်ား

အားခီးမီးဒီးသည္ မကၠင္းနစ္ပညာ(စက္ပညာ)ကို နက္နက္နဲနဲ လိုက္စား ေရးသားခဲ့ၿပီးလၽွင္ နည္းသစ္နည္း ဆန္းမ်ားကို ႀကံစည္တီထြင္သည့္ဘက္တြင္ အေက်ာ္ၾကားဆုံးေသာ ပညာရွိႀကီးအျဖစ္ျဖင့္လည္း ထင္ရွားခဲ့ေလသည္။ အားအနည္းငယ္ စိုက္ထုတ္႐ုံမၽွျဖင့္ အဆမတန္ ႀကီးမားေသာ ဝန္စည္ပစၥည္းမ်ားကို ေရႊ႕ေျပာင္း ခ်ီပင့္နိုင္သည့္ကုတ္၏ စြမ္းရည္သတၱိကို ပထမဦးစြာ သေဘာေပါက္ေတြ႕ရွိသူမွာ အားခီးမီးဒီးျဖစ္သည္။

သူသည္ ကုန္တင္ကုန္ခ်ရာတြင္ အလြန္အက်ိဳးမ်ား အသုံးဝင္လ်က္ရွိေသာ စက္သီးတြဲမ်ားကိုလည္း ႀကံစည္ တီထြင္ခဲ့ေလသည္။ အီဂ်စ္ျပည္တြင္ ေရတင္ရန္အတြက္ အားခီးမီးဒီး တီထြင္ေပးခဲ့ေသာ ကိရိယာတစ္မ်ိဳးမွာ ယခုထက္တိုင္ေအာင္ အသုံးမ်ားလ်က္ ရွိေပေသးရာ အဆိုပါကိရိယာမွာ လြန္ပူပုံ ဝက္အူရစ္ႏွင့္သဏၭာန္တူသျဖင့္ အားခီးမီးဒီးဝက္အူဟူ၍ အမည္တြင္ရစ္ေလသည္။

ဆာရာက်ဴၿမိဳ႕ေတာ္ မက်ဆုံးမီ ေရာမစစ္သည္ေတာ္ မ်ား သုံးႏွစ္သုံးမိုးတိုင္တိုင္ ႀကိဳးစားဝိုင္းရံထားလ်က္ရွိစဥ္အခ်ိန္အတြင္း၌လည္း အားခီးမီးဒီးသည္ ေရာမ စစ္သေဘၤာမ်ားကို မွန္ျဖင့္ ျပန္ဟပ္ေစေသာ ေနေရာင္ျခည္ျဖင့္ ထိုးျပမီးေလာင္ေစနိုင္သည့္နည္းကိုပင္ ႀကံစည္ခဲ့ေသးသည္ဟု အဆိုရွိေလသည္။ အားခီးမီးဒီးႏွင့္စပ္လ်ဥ္း၍ ယေန႔တိုင္ မေမ့နိုင္ေအာင္ စိတ္ဝင္စားဖြယ္ေကာင္းသည့္ အျဖစ္အပ်က္တစ္ခုမွာ ဆာရာ က်ဳၿမိဳ႕ေတာ္လမ္းမတစ္ေလၽွာက္တြင္ ေတြ႕ၿပီ ေတြ႕ၿပီဟု ဝတ္လစ္စလစ္ႏွင့္ ေအာ္ဟစ္ေျပးခဲ့သည့္ အျဖစ္ အပ်က္ပင္ ျဖစ္ေလသည္။

ျဖစ္ပုံမွာ အခါတစ္ပါး၌ ဆာရာက်ဳၿမိဳ႕ေတာ္၏ဘုရင္ ဒုတိယ ဟီအာရိုသည္ ေရႊပန္းထိမ္ဆရာတစ္ဦးအား လိုသမၽွေရႊကို ခ်ိန္တြယ္ထုပ္ေပးၿပီး သရဖူတစ္လုံးကို အလုပ္ခိုင္းေလသည္။ သို႔ရာတြင္ သရဖူၿပီး၍ ဘုရင္ကို ဆက္သေသာအခါ ေရႊခိုး၍ သတၱဳေရာထည့္လိုက္သည္ဆိုသည့္ ယနံ့မကင္းစရာ စြပ္စြဲသံမ်ား ေပၚထြက္လာေလသည္။ ဘုရင္လည္း အားခီးမီးဒီးကိုဆင့္ေခၚ၍ အဆိုပါ သရဖူရွိေရႊ စစ္မစစ္ကို စမ္းသပ္ရန္ လႊဲအပ္ေလရာ အားခီးမီးဒီးမွာ ထိုအခ်ိန္မွစ၍ ေရႊခိုးျပႆနာ ေဖာ္ထုတ္ေရး အတြက္ ေန႔ေရာညဉ့္ပါ ေတြးေတာယင္းျဖင့္သာ အခ်ိန္ကုန္ ေလေတာ့သည္။

တစ္ေန႔ေသာ္ အားခီးမီးဒီးသည္ ေရခ်ိဳးရန္အတြက္ ေရခ်ိဳးခန္းသို႔သြား၍ မိမိကိုယ္ကို ေရစည္ထဲသို႔ ႏွစ္လိုက္စဥ္ လၽွံက်လာေသာေရကိုျမင္ရာမွ မိမိျပႆနာအတြက္ သဲလြန္စကို ရရွိၿပီးလၽွင္ အထက္တြင္ ေဖာ္ျပခဲ့သည့္အတိုင္း ဝတ္လစ္စလစ္ ႏွင့္ ေတြ႕ၿပီ ေတြ႕ၿပီ ဟု ေအာ္ဟစ္ယင္း ထေျပးေလေတာ့သည္။ အိမ္ေရာက္လၽွင္ေရာက္ျခင္း အားခီးမီးဒီးသည္ သရဖူအျပင္ သရဖူႏွင့္အေလးခ်ိန္ညီေသာ ေရႊတုံးကို ေရအျပည့္ထည့္ထားေသာ အင္တုံတြင္ တစ္လွည့္စီႏွစ္ၾကည့္ၿပီးေနာက္ လၽွံက်ေသာ ေရ၏ အရြယ္ပမာဏကို တိုင္းတာၾကည့္သည္။ သရဖူႏွင့္ေရႊတုံး မွာ အေလးခ်ိန္ခ်င္းညီသျဖင့္ အကယ္၍ ႏွစ္ခုစလုံး ေရႊခ်ည္း သက္သက္သာျဖစ္ပါက လၽွံက်လာေသာေရ၏ အရြယ္ထုခ်င္းမွာလည္း တူညီရေပမည္။ သို႔ေသာ္ သရဖူကို ႏွစ္စဥ္ လၽွံက်လာေသာေရ၏အရြယ္ထုက ႀကီးမားေနသည္ကို ေတြ႕ရေလရာ သရဖူရွိေရႊမွာ ေရႊမစစ္ပဲ တစ္ခုခုေရာထားေၾကာင္း ထင္ရွား၍ ေနေလေတာ့သည္။

အားခီးမီးဒီးသည္ ဤကဲ့သို႔ သရဖူမွ ေရႊခိုးမွုကို ေဖာ္ထုတ္သြားၿပီးေနာက္ အဆိုပါျပႆနာကို ေျဖရွင္းရာမွ သဘာဝစည္းတစ္ခုကို ေတြ႕ရွိေလသည္။ ထိုစည္းအရမွာ ပစၥည္းတစ္ခုသည္ အရည္တစ္ခုတြင္ နစ္သြားေသာ အခါ အေလးခ်ိန္ေလ်ာ့သြား၍ ဤေလ်ာ့သြားေသာ အေလးခ်ိန္သည္ ထိုပစၥည္းအတြက္ ေနရာဖယ္ေပးရေသာ အရည္ထု၏ အေလးခ်ိန္ႏွင့္တူညီသည္။ ထိုစည္းမွာ ယေန႔ထက္တိုင္ အားခီးမီးဒီး၏စည္း ဟူ၍ တြင္လ်က္ ရွိေလသည္။

အာခီမီးဒီးစ္၏ ဥပေဒသ

ၿငိမ္သက္တည္ၿမဲေနေသာ အရည္တြင္ တစ္ပိုင္းတစ္စ သို႔မဟုတ္ လုံးလုံးလ်ားလ်ား ျမဳပ္ေနသည့္ မည္သည့္အရာဝတၳဳကိုမဆို ေပၚေနေအာင္ ေထာက္ပံ့ေပးထားသည့္အားသည္ ထိုအရာဝတၳဳက အစားဝင္ေနရာယူျခင္းခံလိုက္ရသည့္ အရည္၏ အေလးခ်ိန္ႏွင့္ ညီမၽွသည္။

ေရတြင္ေပါေလာေမ်ာျခင္းႏွင့္ ပတ္သက္သည့္ သေဘာတရားမ်ား

အျခားစကားမ်ားျဖင့္ ေျပာရလၽွင္ အရည္၏ မ်က္ႏွာျပင္ေပၚတြင္ ေပါေလာေမ်ာေနသည့္ အရာဝတၳဳ (ေလွကဲ့သို႔) သို႔မဟုတ္ ေပါေလာျမဳပ္ေနသည့္ အရာဝတၳဳမ်ား (ေရထဲရွိ ေရငုပ္သေဘၤာ) မ်ားတြင္ အရာဝတၳဳ၏ အေလးခ်ိန္သည္ အစားထိုးခံလိုက္ရသည့္ အရည္၏ အေလးခ်ိန္ႏွင့္ ညီမၽွသည္။ ေပါေလာေမ်ာေနပါက အရာဝတၳဳ၏ အေလးခ်ိန္သည္ ထိုအရာဝတၳဳအတြက္ အစားထိုးခံလိုက္ရသည့္ အရည္၏ အေလးခ်ိန္ႏွင့္ ညီမၽွသည္။ အေလးခ်ိန္ ၁ တန္ေလးေသာ သံတုံးတစ္တုံး ရွိသည္ ဆိုပါစို႔။ သံတုံး၏ သိပ္သည္းဆသည္ ေရ၏ သိပ္သည္းဆထက္ ရွစ္ဆနီးပါး ပိုမ်ား၏။ ၎သည္ ေရတြင္ ျမဳပ္သည့္အခါ ေရကို ၁/၈ တန္သာလၽွင္ ဖယ္ရွားႏိုင္သည္။ ထို႔ေၾကာင့္ ေရသည္ ထိုသံတုံးကို ေပါေလာေပၚေနေအာင္ မလုပ္ႏိုင္ေပ။

ထိုသံတုံးကိုပင္ ပန္းကန္ျပားပုံစံသို႔ ပုံစံေျပာင္းသည္ဟု ယူဆပါ။ ထိုအခ်ိန္တြင္လည္း အေလးခ်ိန္သည္ ၁ တန္ ျဖစ္၏။ ၎ကို ေရထဲတြင္ ခ်လိုက္ပါက ၎သည္ သံတုံးခ်စဥ္ကထက္ ပိုမိုမ်ားျပားေသာ ေရတို႔ကို အစားထိုးေနရာယူသြားသည္ကို ေတြ႕ရမည္။ သံပန္းကန္ျပားသည္ ပိုမိုနက္႐ႈိင္းစြာ နစ္ဝင္ေလေလ ပိုမိုမ်ားေသာ ေရတို႔တြင္ အစားဝင္ ေနရာယူေလ ျဖစ္ၿပီး ေဖာ့ဂုဏ္အားသည္လည္း ပိုမိုႀကီးမားမည္ ျဖစ္၏။ ေဖာ့ဂုဏ္အားသည္ ၁ တန္ႏွင့္ ညီမၽွပါက ပန္းကန္ျပားသည္ နစ္ျမဳပ္လိမ့္မည္ ျဖစ္၏။

မည္သည့္ေလွမဆို ထိုေလွက အစားဝင္ေနရာယူလိုက္သည့္ ေရ၏အေလးခ်ိန္သည္ ထိုေလွ၏ အေလးခ်ိန္ႏွင့္ ညီသည္။ အစားဝင္ေနရာယူသည့္ ေရ၏ အေလးခ်ိန္သည္ အရာတၳဳ၏ အေလးခ်ိန္ႏွင့္ ညီမၽွသည္ကို ေပါေလာေပၚျခင္း ဥပေဒသ ဟု ေခၚသည္။ သေဘၤာမ်ား၊ ေရငုပ္သေဘၤာမ်ား တည္ေဆာက္ရာတြင္ အစားဝင္ေနရာယူသည့္ ေရ၏ အေလးခ်ိန္သည္ ၎အရာတို႔၏ အေလးခ်ိန္ႏွင့္ အနည္းဆုံး တူညီေနရန္ လိုသည္။ အေလးခ်ိန္ ၁၀၀၀၀ တန္ ရွိေသာ သေဘၤာကိုယ္ထည္သည္ လုံေလာက္စြာ က်ယ္ရန္၊ ရွည္ရန္၊ နက္ရန္ လိုအပ္သည္။ သို႔မွသာ ၁၀၀၀၀ တန္ ရွိသည့္ ေရကို အစားထိုးဝင္ေရာက္ႏိုင္မွာ ျဖစ္ၿပီး မနစ္ျမဳပ္မွာလည္း ျဖစ္သည္။

ကိုးကား
ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၁၄)
Myanmar Wikipedia


အာခီးမီးဒီးစ် ဆိုသည်မှာ (unicode)

အာခီမီးဒီးစ် သည်ဂရိလူမျိုး သင်္ချာ ပညာရှင်၊ ရူပဗေဒ ပညာရှင်၊အင်ဂျင်နီယာ၊ တီထွင်ပညာရှင် နှင့် နက္ခတ္တဗေဒပညာရှင်ကြီး ဖြစ်သည်။သူသည် Hydrostaticsနှင့် Statics စသော ရူပဗေဒ ပညာရပ်များကို အုတ်မြစ်ချ ပေးခဲ့သူဖြစ်ပြီး ကုတ်နိယာမ သဘောတရား ကို ဖော်ထုတ်ခဲ့သူလည်း ဖြစ်သည်။Seige engine နှင့် Screw pump တို့ကဲ့သို့သော ဆန်းသစ်သည့် စက်ပစ္စည်းများကို တီထွင်ခဲ့သည့် အတွက်ကြောင့်လည်း သူ့အား အင်ဂျင်နီယာ တစ်ဦးအဖြစ် သတ်မှတ်ကြသည်။ ထပ်မံ တွေ့ရှိချက်များအရ အာခီမီးဒီးစ်သည် ကြေးမုံမှ အလင်းပြန်အားကို အသုံးပြပြီး တစ်ဘက်ရန်သူ၏ စစ်သင်္ဘောများကို မီးရှို့ဖျက်ဆီးနိုင်သည့် အတတ်ပညာကိုလည်း တီထွင်ခဲ့သည်ဟု သိရသည်။

အာခီမီးဒီးစ်ကို လူသိများသည်မှာ သင်္ချာပညာရှင်တစ်ဦးအဖြစ် ဖြစ်ပါသည်။ ပါရာဘိုလာ မျဉ်းကွေးတစ်ခုအောက်ရှိ ဧရိယာကို အနန္တကိန်းစဉ် ပေါင်းလာဒ်ဖြင့် ရှာဖွေတွက်ချက်နိုင်သည့် Method of Exhaustion ကို တီထွင် ဖော်ထုတ်ခဲ့သူ ဖြစ်သည်။ ထို့အပြင် pi (π) ၏ တန်ဖိုးကိုလည်း ယခင်ကထက် ပိုမိုတိကျအောင် တွက်ထုတ် ပေးနိုင်ခဲ့သည်။ဝက်အူရစ် လှည့်ခြင်း နိယာမကို သူ၏အမည်နှင့်တွဲ၍ ဖော်ထုတ်ခဲ့သည်။ ထို့အပြင် ထုထည်တွက်နည်း ဖော်မြူလာ အများအပြားကိုလည်း ဖော်ထုတ်ပေးခဲ့သည်။

အာခီမီးဒီးစ်သည် ဆိုင်ရာကျူးစ် စစ်ပွဲအတွင်း ရောမဘုရင်က သူ့အားမသတ်ဖြတ်ရန် အမိန့်ပေးထားခဲ့သော်လည်း ရောမစစ်သားတစ်ယောက်၏ သတ်ဖြတ်ခြင်းခံရကာ သေဆုံးခဲ့ရသည်။ စက်လုံးတစ်ခု၏ထုထည်နှင့် မျက်နှာပြင် ဧရိယာတို့သည် ၎င်းနှင့်အချင်းဝက် တူညီသော ထုလုံးရှည်မှန် တစ်ခု၏ ထုထည်နှင့် မျက်နှာပြင် ဧရိယာတို့၏ သုံးပုံ နှစ်ပုံ ရှိကြောင်းကို အာခီမီးဒီးစ်က သက်သေပြခဲ့သည်။ ယင်းသက်သေပြချက်သည် သင်္ချာပညာရပ်တွင် အကြီးမားဆုံးသော တိုးတက်မှုကြီးတစ်ခု ဖြစ်သည်။ သူ၏တွေ့ရှိချက်စာများကို အေဒီ ၃၅၀ မတိုင်ခင်အထိ စုစည်း စာအုပ်ထုတ်ခြင်း မရှိခဲ့ပေ။ အေဒီ ၆ ရာစု ကျမှသာ သူ၏ပညာရပ်များကို လူအများသိအောင် ဖြန့်ချိနိုင်ခဲ့သည်။ ရီနေးဆွန်းခေတ် တစ်လျောက်လုံး သိပ္ပံပညာရှင် များ အပေါ်တွင် သူ၏ အယူအဆ သဘောတရားများ လွှမ်းမိုးထားခဲ့သည်။

အတ္ထုပ္ပတ္တိအကျဉ်း

အာခီမီးဒီးစ်ကို ဘီစီ ၂၈၇ ခန့်က ရှေးဟောင်း မဂ္ဂနာဂရေစီယာပြည်လက်အောက်ခံ စစ္စလီပြည်ဆိုင်ရာကျူးစ် မြို့ တွင် မွေးဖွားခဲ့သည်။ ဘိုင်ဇန်တိုင်းဂရိခေတ် က သမိုင်းပညာရှင် ဂျွန်ဇီဇီ ၏ မှတ်တမ်းအရ အာခီမီးဒီးစ်သည် အသက် ၇၅ နှစ်အထိ နေထိုင်သွားရကြောင်း သိရသည်။ အာခီမီးဒီးစ်သည် သူ၏ တီထွင်မှု တစ်ခုဖြစ်သော သဲနာရီ နှင့် ပတ်သက်၍ ရေးသားထားသော Sand Reckoners အမည်ရှိ စာတမ်းများတွင် သူ၏ ဖခင်အမည်ကို နက္ခတ္တဗေဒပညာရှင် ဖီးဒီးယပ်စ် ဟု ဖော်ပြထားသည်။

သမိုင်းပညာရှင် ပလူးတပ်ရေးသားသော ခေတ်ပြိုင်ပုဂ္ဂိုလ်ထူးကြီးများ စာအုပ်တွင် အာခီမီးဒီးစ်သည် ဆိုင်ရာကျူးစ်ဘုရင် ဒုတိယမြောက်ဟီရိုးနှင့် ဆွေမျိုး တော်စပ်ကြောင်း ဖော်ပြထားသည်။ သူငယ်ရွယ်စဉ်က အီဂျစ်ပြည် အလက်ဇန္ဒြီးယားမြို့ တွင် ပညာဆည်းပူး ခဲ့သည်ဟု ယူဆရသည်။ ဘီစီ ၂၁၂ တွင် အာခီမီးဒီးစ် သေဆုံးခဲ့သည်။ ရောမစစ်ဗိုလ်ချုပ် မားကပ်စ် ကလောဒီးယပ်စ် မာဆဲလပ်စ် က နှစ်နှစ်ကြာဝိုင်းရံ ပိတ်ဆို့ပြီးနောက် ဆိုင်ရာကျူးစ် မြို့ကို သိမ်းပိုက်လိုက်သည်။ ထိုအချိန်တွင် အာခီမီးဒီးသည် ဂျော်မက်ထရီ ပုစ္ဆာတစ်ပုဒ်ကို စဉ်းစား အဖြေရှာနေခိုက် ဖြစ်သည်။ ရောမစစ်သားက သူ့အား ဖမ်းဆီးလိုက်ပြီး ဗိုလ်ချုပ် မာဆဲလပ်စ်နှင့် တွေ့ဆုံရန် ပြောဆိုရာ သူက သူ၏ပုစ္ဆာစဉ်းစားနေဆဲဖြစ်၍ မတွေ့လိုကြောင်း ငြင်းဆိုသည်တွင် ရောမစစ်သားက ဒေါသထွက်ကာ ဓားဖြင့် ထိုးသတ်လိုက်သည်ဟု ပလူးတပ် က ရေးသားခဲ့သည်။

ဗိုလ်ချုပ် မာဆဲလပ်စ်သည် အာခီမီးဒီးစ် သေဆုံးသွားသည့် အတွက် များစွာ နှမြောတသဖြစ်ရသည်။ အာခီမီးဒီးစ်အား ပညာရှင် တစ်ယောက်အဖြစ် သိရှိထားသောကြောင့် မသတ်ရန် ကြိုတင် အမိန့်ပေးထားခဲ့သည်။ “ငါ့စက်ဝိုင်းတွေပေါ် တက်မနင်းပါနဲ့”ဟူသော စကားကို အာခီမီးဒီးစ် နောက်ဆုံး ပြောဆိုခဲ့သည်ဟု အချို့က ယူဆကြသော်လည်း သမိုင်းပညာရှင် ပလူးတပ် ရေးသော စာအုပ်တွင်မူ မပါရှိပေ။ အာခီမီးဒီးစ်၏ ဂူဗိမ္မာန်တွင် ထုလုံးရှည်မှန်တစ်ခုအတွင်းစက်လုံးတစ်ခုကို ထည့်သွင်းထားသည့် ရုပ်တုတစ်ခုကို စိုက်ထူထားသည်။

အာခီမီးဒီးစ် သေဆုံးပြီး နှစ်ပေါင်း ၁၃၇နှစ်အကြာ ဘီစီ ၇၅တွင် ရောမခေတ်နိုင်ငံရေးသုခမိန် ဆီဇာရိုက အာခီမီးဒီးစ် အကြောင်းကြားသိရ၍ သူ၏ အုတ်ဂူအား ရှာဖွေခဲ့သည်။ ခြုံနွယ်ပိတ်ပေါင်းများ ဖုံးအုပ်နေသော အာခီမီးဒီးစ်၏ အုတ်ဂူကို ဆိုင်ရာကျူးစ်မြို့အနီးတွင် ရှာဖွေ တွေ့ရှိခဲ့ပြီး သန့်ရှင်းရေးပြုလုပ်ကာ အုတ်ဂူပေါ်မှ စာသားများကို ဖတ်ရှုသွားသည်။ ဆိုင်ရာကျူးစ်စစ်ပွဲ အပြီး နှစ်ပေါင်း ၇၀ အကြာတွင် ပိုလီးဘီးယပ်စ် ရေးသားသော ဆိုင်ရာကျူးစ်စစ်ပွဲ အကြောင်း စာအုပ်တွင် အာခီမီးဒီးစ်နှင့် ပတ်သက်သော အကြောင်းများ ပါရှိ၍ သမိုင်းပညာရှင် ပလူးတပ် က ထပ်မံ ရေးသားနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ဆိုင်ရာကျူးစ်မြို့ ကာကွယ်ရေးအတွက် စစ်ပွဲဝင် စက်ကိရိယာ လက်နက်ဆန်းများကိုလည်း အာခီမီးဒီးစ်က တီထွင်ပေးခဲ့ကြောင်း အဆိုပါ စာအုပ်တွင် ဖော်ပြပါရှိပါသည်။

ရှာဖွေတွေ့ရှိမှုများနှင့် တီထွင်မှုများ

အားခီးမီးဒီးသည် မက္ကင်းနစ်ပညာ(စက်ပညာ)ကို နက်နက်နဲနဲ လိုက်စား ရေးသားခဲ့ပြီးလျှင် နည်းသစ်နည်း ဆန်းများကို ကြံစည်တီထွင်သည့်ဘက်တွင် အကျော်ကြားဆုံးသော ပညာရှိကြီးအဖြစ်ဖြင့်လည်း ထင်ရှားခဲ့လေသည်။ အားအနည်းငယ် စိုက်ထုတ်ရုံမျှဖြင့် အဆမတန် ကြီးမားသော ဝန်စည်ပစ္စည်းများကို ရွှေ့ပြောင်း ချီပင့်နိုင်သည့်ကုတ်၏ စွမ်းရည်သတ္တိကို ပထမဦးစွာ သဘောပေါက်တွေ့ရှိသူမှာ အားခီးမီးဒီးဖြစ်သည်။

သူသည် ကုန်တင်ကုန်ချရာတွင် အလွန်အကျိုးများ အသုံးဝင်လျက်ရှိသော စက်သီးတွဲများကိုလည်း ကြံစည် တီထွင်ခဲ့လေသည်။ အီဂျစ်ပြည်တွင် ရေတင်ရန်အတွက် အားခီးမီးဒီး တီထွင်ပေးခဲ့သော ကိရိယာတစ်မျိုးမှာ ယခုထက်တိုင်အောင် အသုံးများလျက် ရှိပေသေးရာ အဆိုပါကိရိယာမှာ လွန်ပူပုံ ဝက်အူရစ်နှင့်သဏ္ဌာန်တူသဖြင့် အားခီးမီးဒီးဝက်အူဟူ၍ အမည်တွင်ရစ်လေသည်။

ဆာရာကျူမြို့တော် မကျဆုံးမီ ရောမစစ်သည်တော် များ သုံးနှစ်သုံးမိုးတိုင်တိုင် ကြိုးစားဝိုင်းရံထားလျက်ရှိစဉ်အချိန်အတွင်း၌လည်း အားခီးမီးဒီးသည် ရောမ စစ်သင်္ဘောများကို မှန်ဖြင့် ပြန်ဟပ်စေသော နေရောင်ခြည်ဖြင့် ထိုးပြမီးလောင်စေနိုင်သည့်နည်းကိုပင် ကြံစည်ခဲ့သေးသည်ဟု အဆိုရှိလေသည်။ အားခီးမီးဒီးနှင့်စပ်လျဉ်း၍ ယနေ့တိုင် မမေ့နိုင်အောင် စိတ်ဝင်စားဖွယ်ကောင်းသည့် အဖြစ်အပျက်တစ်ခုမှာ ဆာရာ ကျုမြို့တော်လမ်းမတစ်လျှောက်တွင် တွေ့ပြီ တွေ့ပြီဟု ဝတ်လစ်စလစ်နှင့် အော်ဟစ်ပြေးခဲ့သည့် အဖြစ် အပျက်ပင် ဖြစ်လေသည်။

ဖြစ်ပုံမှာ အခါတစ်ပါး၌ ဆာရာကျုမြို့တော်၏ဘုရင် ဒုတိယ ဟီအာရိုသည် ရွှေပန်းထိမ်ဆရာတစ်ဦးအား လိုသမျှရွှေကို ချိန်တွယ်ထုပ်ပေးပြီး သရဖူတစ်လုံးကို အလုပ်ခိုင်းလေသည်။ သို့ရာတွင် သရဖူပြီး၍ ဘုရင်ကို ဆက်သသောအခါ ရွှေခိုး၍ သတ္တုရောထည့်လိုက်သည်ဆိုသည့် ယနံ့မကင်းစရာ စွပ်စွဲသံများ ပေါ်ထွက်လာလေသည်။ ဘုရင်လည်း အားခီးမီးဒီးကိုဆင့်ခေါ်၍ အဆိုပါ သရဖူရှိရွှေ စစ်မစစ်ကို စမ်းသပ်ရန် လွှဲအပ်လေရာ အားခီးမီးဒီးမှာ ထိုအချိန်မှစ၍ ရွှေခိုးပြဿနာ ဖော်ထုတ်ရေး အတွက် နေ့ရောညဉ့်ပါ တွေးတောယင်းဖြင့်သာ အချိန်ကုန် လေတော့သည်။

တစ်နေ့သော် အားခီးမီးဒီးသည် ရေချိုးရန်အတွက် ရေချိုးခန်းသို့သွား၍ မိမိကိုယ်ကို ရေစည်ထဲသို့ နှစ်လိုက်စဉ် လျှံကျလာသောရေကိုမြင်ရာမှ မိမိပြဿနာအတွက် သဲလွန်စကို ရရှိပြီးလျှင် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ဝတ်လစ်စလစ် နှင့် တွေ့ပြီ တွေ့ပြီ ဟု အော်ဟစ်ယင်း ထပြေးလေတော့သည်။ အိမ်ရောက်လျှင်ရောက်ခြင်း အားခီးမီးဒီးသည် သရဖူအပြင် သရဖူနှင့်အလေးချိန်ညီသော ရွှေတုံးကို ရေအပြည့်ထည့်ထားသော အင်တုံတွင် တစ်လှည့်စီနှစ်ကြည့်ပြီးနောက် လျှံကျသော ရေ၏ အရွယ်ပမာဏကို တိုင်းတာကြည့်သည်။ သရဖူနှင့်ရွှေတုံး မှာ အလေးချိန်ချင်းညီသဖြင့် အကယ်၍ နှစ်ခုစလုံး ရွှေချည်း သက်သက်သာဖြစ်ပါက လျှံကျလာသောရေ၏ အရွယ်ထုချင်းမှာလည်း တူညီရပေမည်။ သို့သော် သရဖူကို နှစ်စဉ် လျှံကျလာသောရေ၏အရွယ်ထုက ကြီးမားနေသည်ကို တွေ့ရလေရာ သရဖူရှိရွှေမှာ ရွှေမစစ်ပဲ တစ်ခုခုရောထားကြောင်း ထင်ရှား၍ နေလေတော့သည်။

အားခီးမီးဒီးသည် ဤကဲ့သို့ သရဖူမှ ရွှေခိုးမှုကို ဖော်ထုတ်သွားပြီးနောက် အဆိုပါပြဿနာကို ဖြေရှင်းရာမှ သဘာဝစည်းတစ်ခုကို တွေ့ရှိလေသည်။ ထိုစည်းအရမှာ ပစ္စည်းတစ်ခုသည် အရည်တစ်ခုတွင် နစ်သွားသော အခါ အလေးချိန်လျော့သွား၍ ဤလျော့သွားသော အလေးချိန်သည် ထိုပစ္စည်းအတွက် နေရာဖယ်ပေးရသော အရည်ထု၏ အလေးချိန်နှင့်တူညီသည်။ ထိုစည်းမှာ ယနေ့ထက်တိုင် အားခီးမီးဒီး၏စည်း ဟူ၍ တွင်လျက် ရှိလေသည်။

အာခီမီးဒီးစ်၏ ဥပဒေသ

ငြိမ်သက်တည်မြဲနေသော အရည်တွင် တစ်ပိုင်းတစ်စ သို့မဟုတ် လုံးလုံးလျားလျား မြုပ်နေသည့် မည်သည့်အရာဝတ္ထုကိုမဆို ပေါ်နေအောင် ထောက်ပံ့ပေးထားသည့်အားသည် ထိုအရာဝတ္ထုက အစားဝင်နေရာယူခြင်းခံလိုက်ရသည့် အရည်၏ အလေးချိန်နှင့် ညီမျှသည်။

ရေတွင်ပေါလောမျောခြင်းနှင့် ပတ်သက်သည့် သဘောတရားများ

အခြားစကားများဖြင့် ပြောရလျှင် အရည်၏ မျက်နှာပြင်ပေါ်တွင် ပေါလောမျောနေသည့် အရာဝတ္ထု (လှေကဲ့သို့) သို့မဟုတ် ပေါလောမြုပ်နေသည့် အရာဝတ္ထုများ (ရေထဲရှိ ရေငုပ်သင်္ဘော) များတွင် အရာဝတ္ထု၏ အလေးချိန်သည် အစားထိုးခံလိုက်ရသည့် အရည်၏ အလေးချိန်နှင့် ညီမျှသည်။ ပေါလောမျောနေပါက အရာဝတ္ထု၏ အလေးချိန်သည် ထိုအရာဝတ္ထုအတွက် အစားထိုးခံလိုက်ရသည့် အရည်၏ အလေးချိန်နှင့် ညီမျှသည်။ အလေးချိန် ၁ တန်လေးသော သံတုံးတစ်တုံး ရှိသည် ဆိုပါစို့။ သံတုံး၏ သိပ်သည်းဆသည် ရေ၏ သိပ်သည်းဆထက် ရှစ်ဆနီးပါး ပိုများ၏။ ၎င်းသည် ရေတွင် မြုပ်သည့်အခါ ရေကို ၁/၈ တန်သာလျှင် ဖယ်ရှားနိုင်သည်။ ထို့ကြောင့် ရေသည် ထိုသံတုံးကို ပေါလောပေါ်နေအောင် မလုပ်နိုင်ပေ။

ထိုသံတုံးကိုပင် ပန်းကန်ပြားပုံစံသို့ ပုံစံပြောင်းသည်ဟု ယူဆပါ။ ထိုအချိန်တွင်လည်း အလေးချိန်သည် ၁ တန် ဖြစ်၏။ ၎င်းကို ရေထဲတွင် ချလိုက်ပါက ၎င်းသည် သံတုံးချစဉ်ကထက် ပိုမိုများပြားသော ရေတို့ကို အစားထိုးနေရာယူသွားသည်ကို တွေ့ရမည်။ သံပန်းကန်ပြားသည် ပိုမိုနက်ရှိုင်းစွာ နစ်ဝင်လေလေ ပိုမိုများသော ရေတို့တွင် အစားဝင် နေရာယူလေ ဖြစ်ပြီး ဖော့ဂုဏ်အားသည်လည်း ပိုမိုကြီးမားမည် ဖြစ်၏။ ဖော့ဂုဏ်အားသည် ၁ တန်နှင့် ညီမျှပါက ပန်းကန်ပြားသည် နစ်မြုပ်လိမ့်မည် ဖြစ်၏။

မည်သည့်လှေမဆို ထိုလှေက အစားဝင်နေရာယူလိုက်သည့် ရေ၏အလေးချိန်သည် ထိုလှေ၏ အလေးချိန်နှင့် ညီသည်။ အစားဝင်နေရာယူသည့် ရေ၏ အလေးချိန်သည် အရာတ္ထု၏ အလေးချိန်နှင့် ညီမျှသည်ကို ပေါလောပေါ်ခြင်း ဥပဒေသ ဟု ခေါ်သည်။ သင်္ဘောများ၊ ရေငုပ်သင်္ဘောများ တည်ဆောက်ရာတွင် အစားဝင်နေရာယူသည့် ရေ၏ အလေးချိန်သည် ၎င်းအရာတို့၏ အလေးချိန်နှင့် အနည်းဆုံး တူညီနေရန် လိုသည်။ အလေးချိန် ၁၀၀၀၀ တန် ရှိသော သင်္ဘောကိုယ်ထည်သည် လုံလောက်စွာ ကျယ်ရန်၊ ရှည်ရန်၊ နက်ရန် လိုအပ်သည်။ သို့မှသာ ၁၀၀၀၀ တန် ရှိသည့် ရေကို အစားထိုးဝင်ရောက်နိုင်မှာ ဖြစ်ပြီး မနစ်မြုပ်မှာလည်း ဖြစ်သည်။

ကိုးကား
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
Myanmar Wikipedia

Leave a Reply