မုိဟာမက္အလီ ၊ အဲလီဇဘက္ ၊ ဂရိဗုိလ္ခ်ဳပ္ပုိင္းရပ္စ္တုိ႔ရဲ႕ တုိက္ပြဲမ်ား

Posted on

ေရးသားသူ : Zarni Tun

၁၉၇၁ ခုႏွစ္ …လက္ေ၀ွ ့ပြဲ။
မုိဟာမက္အလီ နဲ ့ဂ်ိဳး ဖရာဇီယာ တို ့ကမာၻ ့ဟဲဗီး၀ိတ္ ဗိုလ္လုပြဲ မွာ ေတြ ့ၾကတယ္။ ႏွစ္ဦးလံုး အေကာင္းဆံုးအေနအထား ရွိေနခဲ့ပါတယ္။ အဲ့ဒီပြဲဟာ အလြန္ခက္ခက္ခဲခဲ ထိုးသတ္ရတဲ့ပြဲ ၊ လက္ေ၀ွ ့သမိုင္းမွာ စိတ္လႈပ္ရွားဖြယ္ အေကာင္းဆံုးပြဲ ၿဖစ္ခဲ့တယ္။ ၁၅ ခ်ီေၿမာက္မွာ ဖေရဇီယာက မုိဟာမက္အလီကို အလဲထိုး ႏိုင္ခဲ့မလိုလို ၿဖစ္ခဲ့ၿပီးမွ အမွတ္ႏွင့္ အႏိုင္ရသြားခဲ့ပါတယ္။ သို ့ေသာ္လည္း အဲ့ဒီပြဲမွာ ႏွစ္ေယာက္စလံုး ၿပင္းၿပင္းထန္ထန္ ထိခိုက္ခဲ့ၾကတယ္။ လက္သီးခ်က္မ်ားကို အၿပန္အလွန္ အထိုးခံ ခဲ့ၾကရတယ္။

ဒီလိုနဲ ့အလီက လက္စားၿပန္ေခ် ခ်င္တယ္၊ ၁၉၇၄ … အၿပန္အလွန္ ထိုးသတ္ခြင့္ ရၾကၿပန္တယ္။ ဒီတခါလည္း ၁၅ခ်ီ အထိ ထိုးသတ္ၾကၿပန္တယ္။ အလီက အမွတ္နဲ ့ပဲ အႏိုင္ရသြားတယ္။ ႏွစ္ေယာက္စလံုး စိတ္မၾကည္လင္ၾက၊ ၿပတ္သားတဲ့ ရလဒ္ ရလိုၾကတယ္။ ဒါေၾကာင့္ပဲ ၁၉၇၅ မနီလာမွာ ထိုးသတ္ခြင့္ရၾကၿပန္တယ္၊ ဒီပြဲမွာ အလီက ၁၄ခ်ီေၿမာက္မွာ အႏိုင္ရရွိတယ္၊ ဒါေပမယ့္ . . ဒါေပမယ့္ .. ႏွစ္ေယာက္စလံုး ၿပန္ၿပီး နာလန္မထူႏိုင္ၾကေတာ့၊ ၎တို ့ႏွစ္ဘက္လံုး အၾကီးအက်ယ္ထိခိုက္ခဲ့တယ္၊ အသက္ေမြးမႈ လုပ္ငန္းကို တိုေတာင္းေစခဲ့ပါတယ္ ။

၁၅၅၈ ခု … အဂၤလန္ကြ်န္းကေလးမွာ Elizabeth I နန္းတက္ခဲ့ပါတယ္။ ၿပည္တြင္းစစ္ေတြနဲ ့ဆိုးရြားတဲ့ဘ႑ာေရး အေနအထား.. အင္အားအရာမွာေတာ့ ဒုတိယတန္းစားႏိုင္ငံ။ ႏွစ္၂၀ၾကာ ၿဖည္းၿဖည္းခ်င္းတိုးတက္ခဲ့ရာက ၁၅၇၀ ေနာက္ပိုင္း အင္အားၾကီးႏိုင္ငံ စပိန္နဲ ့စစ္ၿဖစ္ဖို ့နီးစပ္လာခဲ့တယ္။ ၿဖစ္ခ်င္ေတာ့ စပိန္ဘုရင္ ဖိလစ္(Philip II)က ပရိုတက္စတင့္ ဘာသာ၀င္မ်ားကို ေၿပာင္းလဲပစ္ခ်င္တဲ့ ကသလစ္တစ္ေယာက္။ သူ ့လက္ေအာက္ခံ ပရိုတက္စတင့္ၿဖစ္တဲ့ ေဟာ္လန္နဲ ့ဘယ္ဂ်ီယံတို ့ရဲ ့ပုန္ကန္မႈကို ႏွိမ္နင္းရင္း အဂၤလန္ကိုလည္း သိမ္းပုိက္ဖို ့ရည္ရြယ္ထားတယ္။ ေရတို စီမံခ်က္ကေတာ့ အဲလိဇဘက္ကို လုပ္ၾကံဖို ့ၿဖစ္ၿပီး ေရရွည္စီမံထားတာက အလြန္ၾကီးမားၾကံ့ခိုင္လွတဲ့ ေရတပ္ၾကီး တည္ေဆာက္ၿပီး အဂၤလန္ကြ်န္းေလးကို အၿပဳတ္ ၿဖဳတ္ရန္ ၿဖစ္ပါတယ္…။

အဲလိဇဘက္ကေတာ့ ေဘးကင္းတဲ့ စစ္ကိုပဲ လိုလားတယ္။ သူမ တည္ေဆာက္ခဲ့တဲ့ တည္ၿငိမ္မႈကို မပ်က္ၿပားေစလို၊ တပ္မေတာ္ၾကီးတစ္ခု အတြက္ ပိုက္ဆံ မၿဖဳန္းခ်င္၊ အမတ္ၾကီးမ်ားရဲ ့အၾကံေပးခ်က္မ်ားကို ဆန္ ့က်င္ၿပီး ပရိုတက္စတင့္ သူပုန္မ်ားအတြက္ စစ္ကူ အနည္းငယ္သာ လႊတ္ေပးၿပီး ဖိလစ္နဲ ့သင့္ေတာ္ေအာင္ ေပါင္းထားတယ္။ ဒီနည္းနဲ ့ၿဗိတိန္ေရတပ္အဖို ့ ရန္ပံုေငြစုေဆာင္းဖို ့အခ်ိန္ေတြရလာတယ္။ စပိန္ရဲ ့ဘ႑ာေရး အရိႈက္ကို တြယ္ဖို ့ၾကည့္ေနခဲ့တယ္…။ ဒီလိုနဲ ့ စစ္ေရးကြ်မ္းတဲ့ Sir Francis Drake ကို စပိန္ ဘ႑ာသယ္ သေဘၤာမ်ားဆီ လုယက္ဖို ့လႊတ္လိုက္တယ္၊ ဒရိတ္က လည္း ပင္လယ္ဓားၿပဟန္ ေဆာင္ကာ ပီပီၿပင္ၿပင္ပါဘဲ၊ သူ တစ္စီး တိုက္လိုက္တိုင္း အီတလီဘဏ္ေတြက ဖိလစ္အေပၚ အတိုးတစ္ခါ တက္တယ္။

ဖိလစ္က သေဘၤာေတြေဆာက္ဖို ့အီတလီက ေခ်းငွားထားတာေလ၊ သူ ့ရဲ ့အာမခံႏိုင္စြမ္းကေတာ့ တိုးခ်ဲ ့ေနတဲ့ အင္ပါယာ.. ကိုလိုနီကမာၻသစ္ေတြပဲေပါ့၊ ဒရိတ္ရဲ ့ လက္စြမ္းၿပမႈေၾကာင့္သူ ့ရဲ ့ကမာၻသစ္က ေငြေတြၿပတ္လတ္လာၿပီး ပရိုတက္စတင့္ အဂၤလန္ကို ေခ်မႈန္းဖို ့မွန္းထားတဲ့ ၁၅၈၂ခုႏွစ္ကေန ေရႊ ့ဆိုင္းလုိက္ရတယ္..။ စပိန္အမတ္ၾကီးေတြခမ်ာ သေဘၤာအေရအတြက္ ေလွ်ာ့ခ်ဖို ့ေလွ်ာက္တင္ေသာ္လည္း ဘုရင္မင္းၾကီး ဖိလစ္က သေဘာမတူ၊ အဂၤလန္ကို တိုက္ဖို ့ဟာ ဘာသာေရးၿဖစ္တယ္။ အေသးအဖြဲ ဘ႑ာေရးလို အေႏွာင့္အယွက္မ်ိဳး ေရႊနားေတာ္ မၾကားလို္…။ အဲ့ဒီေတာ့ ေငြထပ္ေခ်းတယ္။

ေနာက္ဆံုး ၁၅၈၈ ေႏြရာသီ စပိန္ေရတပ္ၾကီး အသင့္ၿဖစ္ေနေလၿပီ။ ရြက္သေဘၤာအၾကီးၾကီး အစင္း၂၀ အၿပင္ စုစုေပါင္း ၁၂၈ စင္း၊ သေဘၤာသား အမ်ားအၿပား၊ စစ္သားအမ်ားအၿပား၊ လူအသင့္၊ ရြက္အသင့္။ ေငြလည္းကုန္ၿပီ။ ဇူလိုင္ ဒုတိယပတ္မွာ စၿပီး Lisbon ၿမိဳ ့မွ စပိန္ ေရတပ္ၾကီး ရြက္ဖြင့္ေလၿပီ…။ သို ့ရာတြင္ အဲလိဇဘက္က စိတ္အသင့္ ေလအသင့္…။ ပိုၿမန္ၿပီး ပိုေသးတဲ့ ေရတပ္ငယ္တစ္တပ္ လႊတ္ၿပီး ၿပင္သစ္ဆိပ္ကမ္းမေရာက္မီ စပိန္တို ့အား ေႏွာင့္ယွက္ ဖ်က္ဆီးလိုက္တယ္။ စပိန္ရိကၡာနဲ ့သေဘၤာၾကီး အခ်ိဳ ့နစ္သူနစ္ ပရမ္းပတာၿဖစ္သြားၿပီး ကာေလး ဆိပ္ကမ္းမွာ ေက်ာက္ခ်ရပ္နားၾကတယ္။ ေဟာ္လန္နဲ ့ဘယ္ဂ်ီယံမွ စပိန္တပ္မ်ားကို ေစာင့္တယ္။

ဟိုးကေန အဂၤလန္သေဘၤာ ၈ စင္း ထပ္ၿပီး ရြက္ကုန္ဖြင့္ လာေနၿပန္တယ္။ ဒါေပမယ့္ အနားေရာက္ေတာ့ ေရထဲ ခုန္ခ်ကုန္ၾကတယ္၊ သေဘၤာခ်င္း ပစ္ တိုက္ထည့္လိုက္တယ္.. ရိုးရိုးေတာ့မဟုတ္ဘူး ၊ အဲ့ဒီ သေဘၤာ(၈)စင္းမွာ တင္လာတာ ေလာင္စာအၿပည့္။ ေရေပၚမီးေလ တပ္ပ်က္ၿပီေပါ့ ..စပိန္တို ့ေတာ္ေတာ္နာေနၿပီ၊ တိုက္စစ္ အတြက္လည္း မတတ္ႏိုင္ေတာ့။ စပိန္ကို ၿပန္ဖို ့တပ္ဆုတ္ တဲ့အခါ ေတာင္ဘက္သြားရင္ လိုက္တိုက္ခံရမွာမို ့ေၿမာက္သို ့ေခါင္းတည္ၿပီး စေကာ့တလန္နဲ ့အိုင္ယာလန္ကို ပတ္ၿပီး ထြက္သြားခဲ့ၾကတယ္၊ အဲလိဇဘက္က ထပ္မလိုက္ေတာ့ပါ..။ အဲ့ဒီေနရာက ရာသီဥတု အေၾကာင္းေတြးၿပီး မိုးကုပ္စက္၀ိုင္း ဆီသို ့လက္ပိုက္ ၍သာ ၾကည့္ေနခဲ့တယ္။

ဖိလစ္ရဲ ့့ဒုကၡိတေရတပ္ၾကီး အိမ္ၿပန္တဲ့အခါ က်န္ စစ္သားရဲ ့သံုးပံုႏွစ္ပံု ေရမွာ ေၾကြခဲ့ပါၿပီ။ အဲလိဇဘက္က သေဘၤာနဲနဲ လူနဲနဲသာ က်ဆံုးခဲ့ရတယ္၊ ဒါေပမယ့္ သူမ ၾကာၾကာမၿပံဳးပါဘူး၊ ေရတပ္မေတာ္ကို ခ်က္ခ်င္းဖ်က္လိုက္တယ္၊ ေဟာ္လန္နဲ ့ဘယ္ဂ်ီယံမွ စပိန္တပ္မ်ားထံ ခ်ီတက္ တိုက္ဖို ့တင္ၿပခ်က္ကိုလည္း ပယ္ခ်လိုက္တယ္၊ ဖိလစ္ကေတာ့ ဘ႑ာေရးခြ်တ္ၿခံဳက်ၿပီး အဂၤလန္အေပၚ ၾကံစည္ေနတာေတြလည္း လံုး၀ စြန္ ့လႊတ္ လိုက္ရေတာ့တယ္။

ပိုၿပီးေရွးက်တဲ့ ေနာက္အၿဖစ္အပ်က္တစ္ခုကေတာ့ ခရစ္မေပၚမီ ၂၈၁ ခုႏွစ္ ေရာမ(Roma)နဲ ့အီတလီအေရွ ့ဘက္ကမ္း က တာရန္တမ္(Tarentum) ၿမိဳ ့ေတာ္တို ့အၾကားက စစ္ပြဲပါ။ တာရန္တမ္းဟာ ဂရိၿမိဳ ့ေတာ္ စပါတာရဲ ့ကိုလိုနီၿဖစ္ၿပီး ထိုၿမိဳ ့သားတို ့က ဂရိစကားေၿပာကာ ယဥ္ေက်းေသာ စပါတန္မ်ားအၿဖစ္ ေနၾကတယ္။ အီတလီရဲ ့အၿခားၿမိဳ ့ေတြကိုေတာ့ ရိုင္းစိုင္းတယ္လို ့ယူဆၾကတယ္၊ ဒီအခ်ိန္မွာ ေရာမကေတာ့ တန္ခိုးၾကီးလာၿပီး အိမ္နီးခ်င္းေတြနဲ ့စစ္ၿဖစ္လာေနေသာ္လည္း အေၿမာ္အၿမင္ရွိတဲ့ ရိုမန္ေတြက တာရန္တမ္ နဲ ့ေတာ့ စစ္မၿဖစ္ပဲ တြန္ ့ဆုတ္ေနတယ္။ တာရန္တမ္ဟာ သူ ့ရဲ ့မဟာမိတ္ေတြကို ေရာမဆီ စစ္ခ်ီခိုင္းဖို ့ အလံုအေလာက္ ေထာက္ပံ့ႏိုင္စြမ္းရွိတယ္။ အဲ့အခ်ိန္က အီတလီမွာ အခ်မ္းသာဆံုးပါတဲ့…။

ေရာမကလည္း တာရန္တမ္ဟာ သူနဲ ့ေ၀းလြန္းေတာ့ ခ်က္ခ်င္းအႏ ၱရာယ္ မရွိေသးလို ့ယူဆထားတယ္၊ ဒါေပမယ့္ တစ္ေန ့မွာ တာရန္တမ္တို ့က ေရာမသေဘၤာအခ်ိဳ ့နဲ ့သေဘၤာသား အခ်ိဳ ့ကို ႏွစ္ၿမွဳပ္ ပစ္လိုက္ၿပီး ေရတပ္ဗိုလ္ခ်ဳပ္ကိုပါ သတ္ပစ္လိုက္တယ္.. ဒီကိစၥနဲ ့ပက္သက္ၿပီး ေလ်ာ္ေၾကးေတာင္းဖို ့လာတဲ့ ေရာမ သံအမတ္ၾကီးကို ပါ ေစာ္ကားလႊတ္လိုက္ၿပန္တယ္။ ခ်ဳပ္ေၿပာရရင္ ေရာမနဲ ့တာရန္တမ္ ေဆာ္ၾကေတာ့မယ္၊ ဒါေပမယ့္ တာရန္တမ္က ခ်မ္းသာၿပီး ဘယ္သူမွ စစ္မတိုက္ခ်င္ၾကဘူး၊ ဒါနဲ ့ပဲ Epirus နယ္က ဘုရင္ Pyrrhus ကိုအကူအညီေတာင္းတယ္၊ ပိုင္းရပ္စ္ဟာ သူ ့ရဲ ့ေအာင္ၿမင္မႈေတြေၾကာင့္ သူ ့ကို လင္းယုန္ၾကီးလို ့အမည္ တြင္ေနေစတယ္။

ဒါနဲ ့ပိုင္းရပ္စ္ဘုရင္ တာရန္တမ္ ကိုရြက္လႊင့္ၿပီး ေရာက္လာတဲ့ သတင္းရရခ်င္းပဲ ရိုမန္ေတြက ပိုင္းရပ္စ္ကို အင္အားစုခ်ိန္ မေပးေတာ့ပဲ ခ်ီတက္လာခဲ့တယ္၊ ပိုင္းရပ္စ္က ရွိစုမဲ့စုေလးနဲ ့ Heraclea ၿမိဳ ့အနီး ခံတိုက္တယ္.. အင္အား မမွ်တာနဲ ့ ပိုင္းရပ္စ္က ၀ွက္ဖဲ ထုတ္သံုးလိုက္တယ္။ ဆင္နဲ ့တခါမွ ရင္မဆိုင္ဖူးတဲ့ ရိုမန္ေတြ ဆင္တပ္ ေအာက္မွာ ကြဲၿပဲၿပီး ဆုတ္သြားရတာေပါ့။ လင္းယုန္ၾကီးလည္း နာမည္ေက်ာ္သြားတယ္။ အခ်ိဳ ့ၿမိဳ ့ေတြက အကူတပ္ေတြ လႊတ္ေပးတာ ၊ က်ဆံုးအင္အား ထက္ေတာင္ပိုေသးတယ္၊ ဒါေပမယ့္ သူေသာကၿဖစ္စ ၿပဳလာတယ္၊ သူ ့ဗိုလ္ခ်ဳပ္ေတြနဲ ့၀ါရင့္ စစ္မႈထမ္းေတြ ေသတယ္။ ဒါေၾကာင့္ ရိုမန္ေတြနဲ ့အဲ့ဒီ ကြ်န္းဆြယ္ေနရာကို ခြဲယူဖို ့ညွိတယ္၊ …မရဘူး၊

ဘီစီ ၂၇၉မွာ ထပ္ ေဆာ္ၾကၿပန္တယ္။ Asculum ၿမိဳ ့နားမွာ..။ ဒီတစ္ခါ အင္အား မွ်ေနတယ္၊ ပထမတစ္ရက္.. ၿပင္းၿပင္းထန္ထန္ ပဲ… ရိုမန္ဘက္က သာသလိုပဲ..။ ဒုတိယေၿမာက္ေန ့…. ပိုင္းရပ္စ္က သူ ့အတြက္ ဗ်ဴဟာေၿမာက္တဲ့ အေနအထားကို ရိုမန္ေတြကို မွ်ားေခၚသြားတယ္.. ဆင္တပ္ေတြနဲ ့ပဲ အႏိုင္ ပိုင္း လိုက္တယ္။ ပိုင္းရပ္စ္ ႏိုင္သြားၿပီ။ ဒါေပမယ့္ သူ ့စိတ္ ညစ္ညဴးေနတယ္၊ အၿခားလူေတြလည္း ေသရတယ္၊ သူကိုယ္တုိင္လည္း ဒဏ္ရာေတြနဲ ့..။ Asculum တိုက္ပြဲရဲ ့ေအာင္ၿမင္မႈ အတြက္ သူ ့ကို ခ်ီးက်ဴးၾကတဲ့အခါ.. လင္းယုန္ၾကီးက ဘာေၿပာခဲ့လဲ ဆိုေတာ့
“က်ဳပ္တို ့ အဲ့ဒီလိုမ်ိဳး ေနာက္တစ္ၾကိမ္ ထပ္ႏိုင္လိုက္ရင္ က်ဳပ္တို ့…. ၿပဳတ္ၿပဳတ္ၿပဳန္း သြားလိမ့္မယ္” တဲ့…။ ထို ့ေနာက္တြင္ေတာ့ အၾကီးအက်ယ္ေပးဆပ္ၿပီးမွ ရရွိလာေသာ ေအာင္ၿမင္မႈ မ်ားကို Pyrrhic Victory ဟု တင္စားသံုးႏႈန္းၾကပါေတာ့တယ္။

ကြ်န္ေတာ္တို ့အားလံုး တိုက္ပြဲ၀င္ေနရပါတယ္။
၁။စားသံုးမႈေၾကာင့္ လိုအပ္လာေသာ ရုပ္ပိုင္းဆိုင္ရာ ထုတ္လုပ္မႈႏွင့္ သက္ဆိုင္ေသာ တိုက္ပြဲမ်ား၊
၂။အသိတရားေရး၊ အယူ၀ါဒေရးရာ၊ သိပံၸစေသာ သိမႈဆိုင္ရာ တိုက္ပြဲမ်ား၊
၃။ခတ္အဆက္ဆက္ သမိုင္းရွိသေလာက္ တည္ရွိခဲ့သည့္ အားၾကီးသူႏွင့္ အားႏြဲ ့သူအၾကား လူတန္းစား တိုက္ပြဲမ်ား၊

စသည့္တိုက္ပြဲမ်ားတြင္ ပါ၀င္လွ်က္ရွိၾကပါသည္။ သို ့ရာတြင္ ကြ်ႏု္ပ္တို ့တိုး ၀င္တိုင္းမွာ ပြတ္တိုက္မႈ အမ်ိဳးမ်ိဳးၾကံဳေတြ ့ရၿပီး ရရွိလာေသာ ေအာင္ၿမင္မႈမ်ားမွာလည္း ဒဏ္ရာဗလပြ ၿဖင့္ပင္ ၿဖစ္သည္၊ (အေခ်ာင္ ရရွိေသာ ေအာင္ၿမင္မႈမ်ားကို မဆုိလိုပါ၊ ထိုအေခ်ာင္သမားမ်ားအတြက္ ဆုဖလားမွာ ခြက္အလြတ္ၾကီး သက္သက္သာ ၿဖစ္သည္။ ဘယ္သူေသေသ ငါ မာရင္ၿပီးေရာ ဆိုသည့္ ငေတမ်ားမွာေတာ့ ႏိႈင္းရ တန္ဖိုး (ႏိႈင္းရေအာင္ၿမင္မႈ) မ်ားၿဖင့္သာ ေပ်ာ္ပိုက္ၾကေလသည္။ မိမိ အသုဘတြင္ မည္သူမွ် မလာမည္ကို မသိရွာၾကေပ။)
ထို ့ေၾကာင့္ ခမ္းခမ္းနားနား ကုန္းရုန္းၿပီးမွ ရရွိလာေသာ ေအာင္ၿမင္မႈမ်ား သည္ ေအာင္ႏိုင္သူအတြက္ၿဖစ္ေစ ရံႈးနိမ့္သူအတြက္ၿဖစ္ေစ ပကတိ တန္ဖိုး ရွိရမည္ဟု ယူဆပါသည္။


ဘယ်သူ နိုင်သွားပါသလဲ (unicode)

Via : Zarni Tun

၁၉၇၁ ခုနှစ် …လက်ဝှေ့ပွဲ။
မိုဟာမက်အလီ နဲ့ဂျိုး ဖရာဇီယာ တို့ကမ္ဘာ့ဟဲဗီးဝိတ် ဗိုလ်လုပွဲ မှာ တွေ့ကြတယ်။ နှစ်ဦးလုံး အကောင်းဆုံးအနေအထား ရှိနေခဲ့ပါတယ်။ အဲ့ဒီပွဲဟာ အလွန်ခက်ခက်ခဲခဲ ထိုးသတ်ရတဲ့ပွဲ ၊ လက်ဝှေ့သမိုင်းမှာ စိတ်လှုပ်ရှားဖွယ် အကောင်းဆုံးပွဲ ဖြစ်ခဲ့တယ်။ ၁၅ ချီမြောက်မှာ ဖရေဇီယာက မိုဟာမက်အလီကို အလဲထိုး နိုင်ခဲ့မလိုလို ဖြစ်ခဲ့ပြီးမှ အမှတ်နှင့် အနိုင်ရသွားခဲ့ပါတယ်။ သို့သော်လည်း အဲ့ဒီပွဲမှာ နှစ်ယောက်စလုံး ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ကြတယ်။ လက်သီးချက်များကို အပြန်အလှန် အထိုးခံ ခဲ့ကြရတယ်။

ဒီလိုနဲ့အလီက လက်စားပြန်ချေ ချင်တယ်၊ ၁၉၇၄ … အပြန်အလှန် ထိုးသတ်ခွင့် ရကြပြန်တယ်။ ဒီတခါလည်း ၁၅ချီ အထိ ထိုးသတ်ကြပြန်တယ်။ အလီက အမှတ်နဲ့ပဲ အနိုင်ရသွားတယ်။ နှစ်ယောက်စလုံး စိတ်မကြည်လင်ကြ၊ ပြတ်သားတဲ့ ရလဒ် ရလိုကြတယ်။ ဒါကြောင့်ပဲ ၁၉၇၅ မနီလာမှာ ထိုးသတ်ခွင့်ရကြပြန်တယ်၊ ဒီပွဲမှာ အလီက ၁၄ချီမြောက်မှာ အနိုင်ရရှိတယ်၊ ဒါပေမယ့် . . ဒါပေမယ့် .. နှစ်ယောက်စလုံး ပြန်ပြီး နာလန်မထူနိုင်ကြတော့၊ ၎င်းတို့နှစ်ဘက်လုံး အကြီးအကျယ်ထိခိုက်ခဲ့တယ်၊ အသက်မွေးမှု လုပ်ငန်းကို တိုတောင်းစေခဲ့ပါတယ် ။

၁၅၅၈ ခု … အင်္ဂလန်ကျွန်းကလေးမှာ Elizabeth I နန်းတက်ခဲ့ပါတယ်။ ပြည်တွင်းစစ်တွေနဲ့ဆိုးရွားတဲ့ဘဏ္ဍာရေး အနေအထား.. အင်အားအရာမှာတော့ ဒုတိယတန်းစားနိုင်ငံ။ နှစ်၂၀ကြာ ဖြည်းဖြည်းချင်းတိုးတက်ခဲ့ရာက ၁၅၇၀ နောက်ပိုင်း အင်အားကြီးနိုင်ငံ စပိန်နဲ့စစ်ဖြစ်ဖို့နီးစပ်လာခဲ့တယ်။ ဖြစ်ချင်တော့ စပိန်ဘုရင် ဖိလစ်(Philip II)က ပရိုတက်စတင့် ဘာသာဝင်များကို ပြောင်းလဲပစ်ချင်တဲ့ ကသလစ်တစ်ယောက်။ သူ့လက်အောက်ခံ ပရိုတက်စတင့်ဖြစ်တဲ့ ဟော်လန်နဲ့ဘယ်ဂျီယံတို့ရဲ့ပုန်ကန်မှုကို နှိမ်နင်းရင်း အင်္ဂလန်ကိုလည်း သိမ်းပိုက်ဖို့ရည်ရွယ်ထားတယ်။ ရေတို စီမံချက်ကတော့ အဲလိဇဘက်ကို လုပ်ကြံဖို့ဖြစ်ပြီး ရေရှည်စီမံထားတာက အလွန်ကြီးမားကြံ့ခိုင်လှတဲ့ ရေတပ်ကြီး တည်ဆောက်ပြီး အင်္ဂလန်ကျွန်းလေးကို အပြုတ် ဖြုတ်ရန် ဖြစ်ပါတယ်…။

အဲလိဇဘက်ကတော့ ဘေးကင်းတဲ့ စစ်ကိုပဲ လိုလားတယ်။ သူမ တည်ဆောက်ခဲ့တဲ့ တည်ငြိမ်မှုကို မပျက်ပြားစေလို၊ တပ်မတော်ကြီးတစ်ခု အတွက် ပိုက်ဆံ မဖြုန်းချင်၊ အမတ်ကြီးများရဲ့အကြံပေးချက်များကို ဆန့်ကျင်ပြီး ပရိုတက်စတင့် သူပုန်များအတွက် စစ်ကူ အနည်းငယ်သာ လွှတ်ပေးပြီး ဖိလစ်နဲ့သင့်တော်အောင် ပေါင်းထားတယ်။ ဒီနည်းနဲ့ဗြိတိန်ရေတပ်အဖို့ ရန်ပုံငွေစုဆောင်းဖို့အချိန်တွေရလာတယ်။ စပိန်ရဲ့ဘဏ္ဍာရေး အရှိုက်ကို တွယ်ဖို့ကြည့်နေခဲ့တယ်…။ ဒီလိုနဲ့ စစ်ရေးကျွမ်းတဲ့ Sir Francis Drake ကို စပိန် ဘဏ္ဍာသယ် သင်္ဘောများဆီ လုယက်ဖို့လွှတ်လိုက်တယ်၊ ဒရိတ်က လည်း ပင်လယ်ဓားပြဟန် ဆောင်ကာ ပီပီပြင်ပြင်ပါဘဲ၊ သူ တစ်စီး တိုက်လိုက်တိုင်း အီတလီဘဏ်တွေက ဖိလစ်အပေါ် အတိုးတစ်ခါ တက်တယ်။

ဖိလစ်က သင်္ဘောတွေဆောက်ဖို့အီတလီက ချေးငှားထားတာလေ၊ သူ့ရဲ့အာမခံနိုင်စွမ်းကတော့ တိုးချဲ့နေတဲ့ အင်ပါယာ.. ကိုလိုနီကမ္ဘာသစ်တွေပဲပေါ့၊ ဒရိတ်ရဲ့ လက်စွမ်းပြမှုကြောင့်သူ့ရဲ့ကမ္ဘာသစ်က ငွေတွေပြတ်လတ်လာပြီး ပရိုတက်စတင့် အင်္ဂလန်ကို ချေမှုန်းဖို့မှန်းထားတဲ့ ၁၅၈၂ခုနှစ်ကနေ ရွှေ့ဆိုင်းလိုက်ရတယ်..။ စပိန်အမတ်ကြီးတွေခမျာ သင်္ဘောအရေအတွက် လျှော့ချဖို့လျှောက်တင်သော်လည်း ဘုရင်မင်းကြီး ဖိလစ်က သဘောမတူ၊ အင်္ဂလန်ကို တိုက်ဖို့ဟာ ဘာသာရေးဖြစ်တယ်။ အသေးအဖွဲ ဘဏ္ဍာရေးလို အနှောင့်အယှက်မျိုး ရွှေနားတော် မကြားလ်ို…။ အဲ့ဒီတော့ ငွေထပ်ချေးတယ်။

နောက်ဆုံး ၁၅၈၈ နွေရာသီ စပိန်ရေတပ်ကြီး အသင့်ဖြစ်နေလေပြီ။ ရွက်သင်္ဘောအကြီးကြီး အစင်း၂၀ အပြင် စုစုပေါင်း ၁၂၈ စင်း၊ သင်္ဘောသား အများအပြား၊ စစ်သားအများအပြား၊ လူအသင့်၊ ရွက်အသင့်။ ငွေလည်းကုန်ပြီ။ ဇူလိုင် ဒုတိယပတ်မှာ စပြီး Lisbon မြို့မှ စပိန် ရေတပ်ကြီး ရွက်ဖွင့်လေပြီ…။ သို့ရာတွင် အဲလိဇဘက်က စိတ်အသင့် လေအသင့်…။ ပိုမြန်ပြီး ပိုသေးတဲ့ ရေတပ်ငယ်တစ်တပ် လွှတ်ပြီး ပြင်သစ်ဆိပ်ကမ်းမရောက်မီ စပိန်တို့အား နှောင့်ယှက် ဖျက်ဆီးလိုက်တယ်။ စပိန်ရိက္ခာနဲ့သင်္ဘောကြီး အချို့နစ်သူနစ် ပရမ်းပတာဖြစ်သွားပြီး ကာလေး ဆိပ်ကမ်းမှာ ကျောက်ချရပ်နားကြတယ်။ ဟော်လန်နဲ့ဘယ်ဂျီယံမှ စပိန်တပ်များကို စောင့်တယ်။

ဟိုးကနေ အင်္ဂလန်သင်္ဘော ၈ စင်း ထပ်ပြီး ရွက်ကုန်ဖွင့် လာနေပြန်တယ်။ ဒါပေမယ့် အနားရောက်တော့ ရေထဲ ခုန်ချကုန်ကြတယ်၊ သင်္ဘောချင်း ပစ် တိုက်ထည့်လိုက်တယ်.. ရိုးရိုးတော့မဟုတ်ဘူး ၊ အဲ့ဒီ သင်္ဘော(၈)စင်းမှာ တင်လာတာ လောင်စာအပြည့်။ ရေပေါ်မီးလေ တပ်ပျက်ပြီပေါ့ ..စပိန်တို့တော်တော်နာနေပြီ၊ တိုက်စစ် အတွက်လည်း မတတ်နိုင်တော့။ စပိန်ကို ပြန်ဖို့တပ်ဆုတ် တဲ့အခါ တောင်ဘက်သွားရင် လိုက်တိုက်ခံရမှာမို့မြောက်သို့ခေါင်းတည်ပြီး စကော့တလန်နဲ့အိုင်ယာလန်ကို ပတ်ပြီး ထွက်သွားခဲ့ကြတယ်၊ အဲလိဇဘက်က ထပ်မလိုက်တော့ပါ..။ အဲ့ဒီနေရာက ရာသီဥတု အကြောင်းတွေးပြီး မိုးကုပ်စက်ဝိုင်း ဆီသို့လက်ပိုက် ၍သာ ကြည့်နေခဲ့တယ်။

ဖိလစ်ရဲ့ဒုက္ခိတရေတပ်ကြီး အိမ်ပြန်တဲ့အခါ ကျန် စစ်သားရဲ့သုံးပုံနှစ်ပုံ ရေမှာ ကြွေခဲ့ပါပြီ။ အဲလိဇဘက်က သင်္ဘောနဲနဲ လူနဲနဲသာ ကျဆုံးခဲ့ရတယ်၊ ဒါပေမယ့် သူမ ကြာကြာမပြုံးပါဘူး၊ ရေတပ်မတော်ကို ချက်ချင်းဖျက်လိုက်တယ်၊ ဟော်လန်နဲ့ဘယ်ဂျီယံမှ စပိန်တပ်များထံ ချီတက် တိုက်ဖို့တင်ပြချက်ကိုလည်း ပယ်ချလိုက်တယ်၊ ဖိလစ်ကတော့ ဘဏ္ဍာရေးချွတ်ခြုံကျပြီး အင်္ဂလန်အပေါ် ကြံစည်နေတာတွေလည်း လုံး၀ စွန့်လွှတ် လိုက်ရတော့တယ်။

ပိုပြီးရှေးကျတဲ့ နောက်အဖြစ်အပျက်တစ်ခုကတော့ ခရစ်မပေါ်မီ ၂၈၁ ခုနှစ် ရောမ(Roma)နဲ့အီတလီအရှေ့ဘက်ကမ်း က တာရန်တမ်(Tarentum) မြို့တော်တို့အကြားက စစ်ပွဲပါ။ တာရန်တမ်းဟာ ဂရိမြို့တော် စပါတာရဲ့ကိုလိုနီဖြစ်ပြီး ထိုမြို့သားတို့က ဂရိစကားပြောကာ ယဉ်ကျေးသော စပါတန်များအဖြစ် နေကြတယ်။ အီတလီရဲ့အခြားမြို့တွေကိုတော့ ရိုင်းစိုင်းတယ်လို့ယူဆကြတယ်၊ ဒီအချိန်မှာ ရောမကတော့ တန်ခိုးကြီးလာပြီး အိမ်နီးချင်းတွေနဲ့စစ်ဖြစ်လာနေသော်လည်း အမြော်အမြင်ရှိတဲ့ ရိုမန်တွေက တာရန်တမ် နဲ့တော့ စစ်မဖြစ်ပဲ တွန့်ဆုတ်နေတယ်။ တာရန်တမ်ဟာ သူ့ရဲ့မဟာမိတ်တွေကို ရောမဆီ စစ်ချီခိုင်းဖို့ အလုံအလောက် ထောက်ပံ့နိုင်စွမ်းရှိတယ်။ အဲ့အချိန်က အီတလီမှာ အချမ်းသာဆုံးပါတဲ့…။

ရောမကလည်း တာရန်တမ်ဟာ သူနဲ့ဝေးလွန်းတော့ ချက်ချင်းအန ၱရာယ် မရှိသေးလို့ယူဆထားတယ်၊ ဒါပေမယ့် တစ်နေ့မှာ တာရန်တမ်တို့က ရောမသင်္ဘောအချို့နဲ့သင်္ဘောသား အချို့ကို နှစ်မြှုပ် ပစ်လိုက်ပြီး ရေတပ်ဗိုလ်ချုပ်ကိုပါ သတ်ပစ်လိုက်တယ်.. ဒီကိစ္စနဲ့ပက်သက်ပြီး လျော်ကြေးတောင်းဖို့လာတဲ့ ရောမ သံအမတ်ကြီးကို ပါ စော်ကားလွှတ်လိုက်ပြန်တယ်။ ချုပ်ပြောရရင် ရောမနဲ့တာရန်တမ် ဆော်ကြတော့မယ်၊ ဒါပေမယ့် တာရန်တမ်က ချမ်းသာပြီး ဘယ်သူမှ စစ်မတိုက်ချင်ကြဘူး၊ ဒါနဲ့ပဲ Epirus နယ်က ဘုရင် Pyrrhus ကိုအကူအညီတောင်းတယ်၊ ပိုင်းရပ်စ်ဟာ သူ့ရဲ့အောင်မြင်မှုတွေကြောင့် သူ့ကို လင်းယုန်ကြီးလို့အမည် တွင်နေစေတယ်။

ဒါနဲ့ပိုင်းရပ်စ်ဘုရင် တာရန်တမ် ကိုရွက်လွှင့်ပြီး ရောက်လာတဲ့ သတင်းရရချင်းပဲ ရိုမန်တွေက ပိုင်းရပ်စ်ကို အင်အားစုချိန် မပေးတော့ပဲ ချီတက်လာခဲ့တယ်၊ ပိုင်းရပ်စ်က ရှိစုမဲ့စုလေးနဲ့ Heraclea မြို့အနီး ခံတိုက်တယ်.. အင်အား မမျှတာနဲ့ ပိုင်းရပ်စ်က ဝှက်ဖဲ ထုတ်သုံးလိုက်တယ်။ ဆင်နဲ့တခါမှ ရင်မဆိုင်ဖူးတဲ့ ရိုမန်တွေ ဆင်တပ် အောက်မှာ ကွဲပြဲပြီး ဆုတ်သွားရတာပေါ့။ လင်းယုန်ကြီးလည်း နာမည်ကျော်သွားတယ်။ အချို့မြို့တွေက အကူတပ်တွေ လွှတ်ပေးတာ ၊ ကျဆုံးအင်အား ထက်တောင်ပိုသေးတယ်၊ ဒါပေမယ့် သူသောကဖြစ်စ ပြုလာတယ်၊ သူ့ဗိုလ်ချုပ်တွေနဲ့ဝါရင့် စစ်မှုထမ်းတွေ သေတယ်။ ဒါကြောင့် ရိုမန်တွေနဲ့အဲ့ဒီ ကျွန်းဆွယ်နေရာကို ခွဲယူဖို့ညှိတယ်၊ …မရဘူး၊

ဘီစီ ၂၇၉မှာ ထပ် ဆော်ကြပြန်တယ်။ Asculum မြို့နားမှာ..။ ဒီတစ်ခါ အင်အား မျှနေတယ်၊ ပထမတစ်ရက်.. ပြင်းပြင်းထန်ထန် ပဲ… ရိုမန်ဘက်က သာသလိုပဲ..။ ဒုတိယမြောက်နေ့…. ပိုင်းရပ်စ်က သူ့အတွက် ဗျူဟာမြောက်တဲ့ အနေအထားကို ရိုမန်တွေကို မျှားခေါ်သွားတယ်.. ဆင်တပ်တွေနဲ့ပဲ အနိုင် ပိုင်း လိုက်တယ်။ ပိုင်းရပ်စ် နိုင်သွားပြီ။ ဒါပေမယ့် သူ့စိတ် ညစ်ညူးနေတယ်၊ အခြားလူတွေလည်း သေရတယ်၊ သူကိုယ်တိုင်လည်း ဒဏ်ရာတွေနဲ့..။ Asculum တိုက်ပွဲရဲ့အောင်မြင်မှု အတွက် သူ့ကို ချီးကျူးကြတဲ့အခါ.. လင်းယုန်ကြီးက ဘာပြောခဲ့လဲ ဆိုတော့
“ကျုပ်တို့ အဲ့ဒီလိုမျိုး နောက်တစ်ကြိမ် ထပ်နိုင်လိုက်ရင် ကျုပ်တို့…. ပြုတ်ပြုတ်ပြုန်း သွားလိမ့်မယ်” တဲ့…။ ထို့နောက်တွင်တော့ အကြီးအကျယ်ပေးဆပ်ပြီးမှ ရရှိလာသော အောင်မြင်မှု များကို Pyrrhic Victory ဟု တင်စားသုံးနှုန်းကြပါတော့တယ်။

ကျွန်တော်တို့အားလုံး တိုက်ပွဲဝင်နေရပါတယ်။
၁။စားသုံးမှုကြောင့် လိုအပ်လာသော ရုပ်ပိုင်းဆိုင်ရာ ထုတ်လုပ်မှုနှင့် သက်ဆိုင်သော တိုက်ပွဲများ၊
၂။အသိတရားရေး၊ အယူဝါဒရေးရာ၊ သိပ္ပံစသော သိမှုဆိုင်ရာ တိုက်ပွဲများ၊
၃။ခတ်အဆက်ဆက် သမိုင်းရှိသလောက် တည်ရှိခဲ့သည့် အားကြီးသူနှင့် အားနွဲ့သူအကြား လူတန်းစား တိုက်ပွဲများ၊

စသည့်တိုက်ပွဲများတွင် ပါဝင်လျှက်ရှိကြပါသည်။ သို့ရာတွင် ကျွန်ုပ်တို့တိုး ဝင်တိုင်းမှာ ပွတ်တိုက်မှု အမျိုးမျိုးကြုံတွေ့ရပြီး ရရှိလာသော အောင်မြင်မှုများမှာလည်း ဒဏ်ရာဗလပွ ဖြင့်ပင် ဖြစ်သည်၊ (အချောင် ရရှိသော အောင်မြင်မှုများကို မဆိုလိုပါ၊ ထိုအချောင်သမားများအတွက် ဆုဖလားမှာ ခွက်အလွတ်ကြီး သက်သက်သာ ဖြစ်သည်။ ဘယ်သူသေသေ ငါ မာရင်ပြီးရော ဆိုသည့် ငတေများမှာတော့ နှိုင်းရ တန်ဖိုး (နှိုင်းရအောင်မြင်မှု) များဖြင့်သာ ပျော်ပိုက်ကြလေသည်။ မိမိ အသုဘတွင် မည်သူမျှ မလာမည်ကို မသိရှာကြပေ။)
ထို့ကြောင့် ခမ်းခမ်းနားနား ကုန်းရုန်းပြီးမှ ရရှိလာသော အောင်မြင်မှုများ သည် အောင်နိုင်သူအတွက်ဖြစ်စေ ရှုံးနိမ့်သူအတွက်ဖြစ်စေ ပကတိ တန်ဖိုး ရှိရမည်ဟု ယူဆပါသည်။

Leave a Reply