ပါရွားကဗ်ာဆရာၾကီး ရူမီ ေျပာသည့္ ဘ၀ေနနည္း

Posted on

ေရးသားသူ – Chelmo

သင့္ႏွလံုးသားရဲ႕ ဆန္းႀကယ္ေသာ ေခၚငင္ရာေနာက္သို႔ အသာတႀကည္ကေလး စီးေမ်ာလို႔ လိုက္ပါႀကည့္ပါ ၊ သင္ႏွစ္သက္ျမတ္ႏိုးေသာထိုအရာသည္ သင့္အား ဆိုးေသာအက်ိဳးကိုေပးလိမ့္မည္မဟုတ္။

ပါရွားလူမ်ိဳး ဂႏၵဝင္ဒႆနဆရာ ကဗ်ာဆရာႀကီး ရူမီ (Rumi) ဟာ သူေပ်ာ္ေမြ႔ခဲ့ရာ ၁၃ ရာစုနွစ္မွာသာမကပဲ မ်က္ေမွာက္ေခတ္အထိကိုပါ သူ႔ရဲ႕ ေျပာင္ေျမာက္လွတဲ့ စာေပအႏုပညာနဲ႔ အသိဥာဏ္ပညာအလင္းကို ေဆာင္က်ဥ္းေပးလ်က္ရွိေနပါတယ္။ ယခုအခ်ိန္ထိ အေမရိကန္ျပည္မွာ စာအုပ္အေရာင္းရဆံုးနဲ႔ အေက်ာ္ႀကားဆံုး ကဗ်ာဆရာ စာရင္းဝင္အျဖစ္ရွိေနဆဲရူမီဟာ လူ႔ေလာကႀကီးနဲ႔ပတ္သက္လို႔ ဘဝေနနည္းေတြနဲ႔ပတ္သက္လို႔ ေလ့လာသင္ယူမွတ္သားဖြယ္ရာ ဆန္းႀကယ္တဲ့အျမင္ေတြကို ခ်န္ထားရစ္ခဲ့ပါတယ္။

ယခုေဖာ္ျပေပးမွာကေတာ့ ရူမီရဲ႕ အေက်ာ္ႀကားဆံုး ဘဝဒႆနအဆီအႏွစ္ေတြပဲျဖစ္ပါတယ္။ မတူရာေတြစုႀကတဲ့ ေလာကျဖစ္တာနဲ႔အညီ ဆရာႀကီးနဲ႔ အျမင္တူသူရွိသလို အျမင္မတူသူေတြလဲရွိေနမွာပါ။ ဘယ္လိုပဲျဖစ္ျဖစ္ ဆရာႀကီးရဲ႕ ႀကီးက်ယ္ေသာပညာဥာဏ္စီးဆင္းမႈကေန အလိုရွိသလိုယူငင္သံုးစဲြႀကျပီး ကၽြန္ေတာ္တို႔ရဲ႕ဘဝေတြအတြက္အေျပာင္းအလဲ တစံုတရာ ျဖစ္ေပၚေစမယ္လို႔ ယံုႀကည္ပါတယ္။

၀၁. ႀကမ္းတမ္းခက္ထန္ေသာ ေလာကဓံရဲ႕ရိုက္ခတ္မႈေပါင္းမ်ားစြာဆီမွ ေရွာင္ခြာမေျပးပါနဲ႔ ၊ သူတို႔ဟာ အေကာင္းဆံုးဆရာေတြပါ။
ဘဝရဲ႕ဒဏ္ရာဒဏ္ခ်က္ေတြဟာ အေမွာင္ထဲကသင့္ကို အလင္းျပေပးတဲ့အရာေတြျဖစ္ပါတယ္။ လမင္းစႏၵာဟာညရဲ႕ေမွာင္မိုက္မႈကို ေႀကာက္ရံြ႕ျခင္းကင္းတဲ့အတြက္ေႀကာင့္သာ ေတာက္ပေသာအလင္းကို ျဖန္႔က်န့္ခြင့္ရပါတယ္။

၀၂. သင့္ရဲ႕စိတ္ခံစားမႈေတြကိုထိန္းခ်ဳပ္နိုင္ဖို႔အတြက္ ဘယ္အရာကိုမွ လြယ္လင့္တကူ မခံစားပါနဲ႔
ပြတ္တိုက္မႈတိုင္းကိုသာခံစားေဒါသထြက္ေနခဲ့ရင္သင္ဘယ္ေသာအခါမွ ေတာက္ေျပာင္လာလိမ့္မည္မဟုတ္။ ပူေဆြးဝမ္းနည္းမေနပါနဲ႔ ၊ သင္လက္လႊတ္ဆံုးရံႈးလိုက္ရတဲ့အရာတိုင္းဟာ တျခားပံုစံမ်ိဳးစံုနဲ႔ သင့္ထံေရာက္လာဦးမွာပါ။

၀၃.ဘယ္အရာမဆိုျဖစ္နိုင္တယ္၊ဒါဆိုဘာလို႔ေသးနုပ္တဲ့ကိစၥေတြအတြက္အခ်ိန္ကုန္ခံေနေတာ့မလဲ
အခ်ဳပ္အေနွာင္ေတြက ရုန္းထြက္ ၊ လြတ္လပ္ျခင္းကိုေဖြရွာ ၊ ​ေကာင္းကင္ႀကီးသာျဖစ္လိုက္စမ္းပါ။

၀၄.မိမိကိုယ္ကိုေျပာင္းလဲဖို႔သာအာရံုစိုက္လိုက္ပါ၊ဒါဆိုရင္ ေလာကႀကီးတစ္ခုလံုးကို ျခားနားေသာအျမင္ေတြနဲ႔ ျမင္တတ္လာပါလိမ့္မယ္
မေန႔ကကၽြန္ေတာ္သည္ ေတာ္၏ ၊ ထို႔ေႀကာင့္ ကမၻာႀကီးကိုေျပာင္းလဲပစ္ရန္ႀကိဳးစားခဲ့၏။ ယေန႔ကၽြန္ေတာ္သည္လည္းအသိဥာဏ္ပညာနွင့္ျပည့္စံု၏၊ထို႔ေႀကာင့္မိမိကိုယ္ကိုေကာင္းေအာင္သာႀကိဳးစား၏။

၀၅.မိမိနွလံုးသားေခၚေဆာင္ရာေနာက္သို႔သာလိုက္သြားပါ၊ ေရာက္သင့္ေရာက္ထိုက္ေသာေနရာကို ေရာက္မွာအေသခ်ာ
မိမိအသက္ဝိဥာဥ္က လိုလားေတာင့္တအပ္ေသာအရာကိုအေကာင္အထည္ေဖာ္ေသာအခါ ၊ ေပ်ာ္ရႊင္ျခင္းျမစ္တစ္စင္း ရင္တြင္းစီးဆင္းမွာ ၊ ေလာကမွာ အေရးပါဆံုးေသာအရာ။ မိမိနွလံုးသားထဲမွာဖေယာင္းတိုင္တစ္တိုင္ ၊ မီးညွိလို႔ထြန္းလင္းေစပါ။ အသက္ဝိဥာဥ္ထဲမွာ ကြက္လပ္တစ္ခု ၊ ျဖည့္တင္းလို႔ ျပည့္စံုေစပါ။

၀၆. အရာအားလံုးဟာ ခ်စ္ျခင္းတစ္ခုသာ
အခိုက္အတံ့တိုင္းကို နွစ္လိုဖြယ္ျဖစ္ေစတာ ၊ လွ်ိဳ႕ဝွက္ေသာ ေကာင္းကင္ဘံုနန္းတစ္ခုဆီပ်ံသန္းေရာက္ရွိေစဖို႔ရာ ၊ ခ်စ္ျခင္းတစ္ခုသာစြမ္းနိုင္တာ။

၀၇. သင္ဒီထက္မက စြမ္းေဆာင္နိုင္သည္ ၊ အားထုတ္ဖို႔သာလိုေပသည္
မိတ္ေဆြ…သင္သည္ ေကာင္းမြန္ျခင္း ယံုႀကည္မႈရွိျခင္းတို႔နွင့္ေမြးဖြားလာ၏ ၊ သင္သည္ စိတ္ကူးေကာင္းမ်ား ရည္မွန္းခ်က္အိပ္မက္မ်ားစြာတို႔ျဖင့္ေမြးဖြားလာ၏ ၊ သင့္တြင္ ႀကီးက်ယ္ျမင့္ျမတ္ျခင္းဆီ ပ်ံသန္းေရာက္ရွိရန္ အေတာင္တစ္စံုကိုလဲ ပိုင္ဆိုင္၏ ၊ ထို႔ေႀကာင့္ ေျမျပင္တြင္ တြားသြားရန္မလို ၊ ေတာင္ပံျဖန္႔က်က္ ေဝဟင္ထက္ဆီ ပ်ံသန္းဖို႔သာႀကိဳးစားပါေလ။

ေရာင္ဝါေတာက္ပျခင္းနွင့္ေမတၱာဂရုဏာတို႔အတြက္ ရွင္ေနမင္းကိုအတုယူေလာ့ ၊ သူတစ္ထူးတို႔၏ အျပစ္နွင့္အမွားမ်ားကို ဖံုးဖိအကာအကြယ္ေပးျခင္းတြင္ ညသခင္နွင့္ဆင္ျခင္ေလာ့ ၊ ရက္ေရာျခင္းတြင္ စိတ္နွစ္ဝင္ဖို႔ တသြင္သြင္စီးေသာ ေရယဥ္ေႀကာကိုပမာယူေလာ့ ၊ ႀကမ္းႀကဳတ္ျခင္းနွင့္ေဒါသမာန္ျပင္းထန္ျခင္းကို ေသျခင္းတရားနွင့္နိႈင္းယွဥ္ေလာ့ ၊ တည္ႀကည္မွ်တ ေအးျမျခင္းတြင္ ေျမပထဝီကိုအားက်ေလာ့။

၀၈.ဘဝလမ္းခရီးတြင္အေမွာင္ထုနွင့္ႀကံဳဆံုရခိုက္ ေတာက္ပေသာအလင္းကိုျပမည့္သူမ်ိဳးကိုသာ ေရြးခ်ယ္ေပါင္းသင္းရာ၏
သင့္အား ေႀကာက္လန္႔ျခင္းနွင့္ဝမ္းနည္းျခင္းကိုေပးေသာသူကိုေရွာင္ရွားရာ၏။ ေရာဂါဘယနွင့္ ေသျခင္းတရားဆီတြန္းပို႔မည့္သူမ်ိဳးကိုလဲ ဖယ္က်ဥ္ရာ၏။ မိမိဘဝကို မီးတင္ရိႈ႕ႀကည့္ပါ။ ဘယ္သူက ယပ္လာခတ္သလဲ ေတြ႔ပါလိမ့္မယ္။

၀၉. သင့္ရဲ႕အေတြးေတြကို အတည္မယူပါနဲ႔ ၊ သင့္ကို သူတို႔မပိုင္ဆိုင္ပါဘူး ၊ သင္သာသူတို႔ကိုပိုင္ဆိုင္ပါတယ္
စိုးရိမ္ပူပန္ျခင္းေတြကို ရွင္းပစ္ပါ။ သူတို႔ကို ဘယ္သူဖန္တီးတာလဲေတြးႀကည့္ပါ။ ေထာင္တံခါးဝႀကီးပြင့္ေနမွေတာ့ ဘာလို႔ အထဲမွာေနေနဦးမွာလဲ။ စဥ္းစားေတြးေတာလြန္ကဲျခင္းကို ထာဝရအိပ္စက္ခိုင္းလိုက္ပါ။ သင့္နွလံုးသားရဲ႕လေရာင္မွာ သူတို႔အရိပ္မစြန္းထင္းပါေစနဲ႔။ လႊင့္ပစ္လိုက္ပါ။

လူ႔ဘဝဟာ တည္းခိုအိမ္နဲ႔တူတူပဲ။ မနက္တိုင္းဟာ အသစ္ေရာက္လာတဲ့ဧည့္သည္။ ေပ်ာ္ရႊင္မႈ ဝမ္းနည္းမႈေတြဟာ မေမွ်ာ္လင့္ထားတဲ့ဧည့္သည္။ အားလံုးကို ႀကိဳဆိုျပီး ဧည့္ဝတ္ေက်လိုက္ပါ။ ေလးေလးစားစားဆက္ဆံပါ။ တလဲြတေခ်ာ္အေတြးေတြ ရွက္ရံြ႕ရျခင္းေတြ ကံဆိုးမိုးေမွာင္က်ျခင္းေတြကို ဟားတိုက္ရယ္ေမာျခင္းတံခါးဝမွာေတြ႔ဆံုျပီး အထဲဝင္ခြင့္ေပးလိုက္ပါ။ ဘယ္သူပဲလာလာ တရိုတေသဧည့္ခံပါ။ ဘာေႀကာင့္ဆိုေတာ့ သူတို႔တေတြဟာ သင့္ကိုပိုျပီးေကာင္းမြန္ျမင့္ျမတ္တဲ့ေနရာတစ္ခုဆီ ပို႔ေဆာင္ေပးမွာမလို႔ပါပဲ။

၁၀. တစ္ခဏေလးေတာ့ တိတ္တိတ္ဆိတ္ဆိတ္ထိုင္ေနႀကည့္ ၊ အရာအားလံုးဟာ အဓိပၸါယ္ရွိတာေတြ႔ရလိမ့္မယ္
တိတ္ဆိတ္ျငိမ္သက္ျခင္းေတြမွာ ဆဲြေဆာင္မႈအျပည့္ရွိတယ္။ သိုးေမႊးထိုးတာေလးခဏရပ္ျပီး ျပီးျပီးသားအဆင္ေလး လွမလွျပန္ႀကည့္ပါဦးလား။ တိတ္ဆိတ္ျငိမ္သက္ျခင္းဟာ ဘုရားရွင္ရဲ႕ဘာသာစကားပဲ။ က်န္တဲ့အရာေတြဟာ ခပ္ညံ့ညံ့ ဘာသာျပန္ဆိုမႈေတြပါ။

၁၁. မ်က္လံုးအစံုကိုဖြင့္ျပီး ကိုယ့္မွာဘာေတြရွိေနသလဲသတိထားႀကည့္ပါဦး
စႀကာဝဠာတစ္ခုလံုးက အရာရာတိုင္း သင့္ဆီမွာရွိနွင့္ျပီးသား။ ကိုယ့္ဆီကပဲ ကိုယ္ျပန္ေတာင္းဆိုရမွာ။ ငါဟာ ရူးသြပ္ျခင္းနႈတ္ခမ္းပါးမွာ ေနေနမိတာပဲ။ ဘာ့ေႀကာင့္လဲဆိုတဲ့ အေႀကာင္းျပခ်က္ေတြပဲ လိုက္ရွာေနမိတယ္။ တံခါးတစ္ခုကို ပြင့္လာမလားလို႔ ထပ္ခါတလဲလဲေခါက္ေနမိတယ္။ ေႀသာ္…ငါက တံခါးအတြင္းဘက္က ေခါက္ေနမိတာကိုး။ တစ္ခန္းဝင္တစ္ခန္းထြက္နဲ႔ စိန္လည္ဆဲြႀကီးကို သင္လိုက္ရွာေနတယ္။ သင့္လည္ပင္းမွာရွိေနတာ သတိမထားမိဘူးမဟုတ္လား။

သင့္ကိုယ္သင္ ဘာလဲသိလား။ သင္ဟာ တုနိႈင္းမရတဲ့စာတစ္ပုဒ္ျဖစ္လာမယ့္ ဇာတ္ညြန္း။ ႀကီးက်ယ္ျမင့္ျမတ္တဲ့ မ်က္နွာတစ္ခုထင္ဟပ္ေနတဲ့ ေႀကးမံုျပင္။ ဘာေတြကိုလိုက္ျပီးေတာင္းဆိုေနတာလဲ။ အဲဒါဟာသင္ကိုယ္တိုင္ပဲေလ။

————————-

ပါးရှားကဗျာဆရာကြီး ရူမီ ပြောသည့် ဘ၀နေနည်း (unicode)

ရေးသားသူ – Chelmo

သင့်နှလုံးသားရဲ့ ဆန်းကြယ်သော ခေါ်ငင်ရာနောက်သို့ အသာတကြည်ကလေး စီးမျောလို့ လိုက်ပါကြည့်ပါ ၊ သင်နှစ်သက်မြတ်နိုးသောထိုအရာသည် သင့်အား ဆိုးသောအကျိုးကိုပေးလိမ့်မည်မဟုတ်။

ပါရှားလူမျိုး ဂန္ဒဝင်ဒဿနဆရာ ကဗျာဆရာကြီး ရူမီ (Rumi) ဟာ သူပျော်မွေ့ခဲ့ရာ ၁၃ ရာစုနှစ်မှာသာမကပဲ မျက်မှောက်ခေတ်အထိကိုပါ သူ့ရဲ့ ပြောင်မြောက်လှတဲ့ စာပေအနုပညာနဲ့ အသိဥာဏ်ပညာအလင်းကို ဆောင်ကျဉ်းပေးလျက်ရှိနေပါတယ်။ ယခုအချိန်ထိ အမေရိကန်ပြည်မှာ စာအုပ်အရောင်းရဆုံးနဲ့ အကျော်ကြားဆုံး ကဗျာဆရာ စာရင်းဝင်အဖြစ်ရှိနေဆဲရူမီဟာ လူ့လောကကြီးနဲ့ပတ်သက်လို့ ဘဝနေနည်းတွေနဲ့ပတ်သက်လို့ လေ့လာသင်ယူမှတ်သားဖွယ်ရာ ဆန်းကြယ်တဲ့အမြင်တွေကို ချန်ထားရစ်ခဲ့ပါတယ်။

ယခုဖော်ပြပေးမှာကတော့ ရူမီရဲ့ အကျော်ကြားဆုံး ဘဝဒဿနအဆီအနှစ်တွေပဲဖြစ်ပါတယ်။ မတူရာတွေစုကြတဲ့ လောကဖြစ်တာနဲ့အညီ ဆရာကြီးနဲ့ အမြင်တူသူရှိသလို အမြင်မတူသူတွေလဲရှိနေမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာကြီးရဲ့ ကြီးကျယ်သောပညာဥာဏ်စီးဆင်းမှုကနေ အလိုရှိသလိုယူငင်သုံးစွဲကြပြီး ကျွန်တော်တို့ရဲ့ဘဝတွေအတွက်အပြောင်းအလဲ တစုံတရာ ဖြစ်ပေါ်စေမယ်လို့ ယုံကြည်ပါတယ်။

၀၁. ကြမ်းတမ်းခက်ထန်သော လောကဓံရဲ့ရိုက်ခတ်မှုပေါင်းများစွာဆီမှ ရှောင်ခွာမပြေးပါနဲ့ ၊ သူတို့ဟာ အကောင်းဆုံးဆရာတွေပါ။
ဘဝရဲ့ဒဏ်ရာဒဏ်ချက်တွေဟာ အမှောင်ထဲကသင့်ကို အလင်းပြပေးတဲ့အရာတွေဖြစ်ပါတယ်။ လမင်းစန္ဒာဟာညရဲ့မှောင်မိုက်မှုကို ကြောက်ရွံ့ခြင်းကင်းတဲ့အတွက်ကြောင့်သာ တောက်ပသောအလင်းကို ဖြန့်ကျန့်ခွင့်ရပါတယ်။

၀၂. သင့်ရဲ့စိတ်ခံစားမှုတွေကိုထိန်းချုပ်နိုင်ဖို့အတွက် ဘယ်အရာကိုမှ လွယ်လင့်တကူ မခံစားပါနဲ့
ပွတ်တိုက်မှုတိုင်းကိုသာခံစားဒေါသထွက်နေခဲ့ရင်သင်ဘယ်သောအခါမှ တောက်ပြောင်လာလိမ့်မည်မဟုတ်။ ပူဆွေးဝမ်းနည်းမနေပါနဲ့ ၊ သင်လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့အရာတိုင်းဟာ တခြားပုံစံမျိုးစုံနဲ့ သင့်ထံရောက်လာဦးမှာပါ။

၀၃.ဘယ်အရာမဆိုဖြစ်နိုင်တယ်၊ဒါဆိုဘာလို့သေးနုပ်တဲ့ကိစ္စတွေအတွက်အချိန်ကုန်ခံနေတော့မလဲ
အချုပ်အနှောင်တွေက ရုန်းထွက် ၊ လွတ်လပ်ခြင်းကိုဖွေရှာ ၊ ​ကောင်းကင်ကြီးသာဖြစ်လိုက်စမ်းပါ။

၀၄.မိမိကိုယ်ကိုပြောင်းလဲဖို့သာအာရုံစိုက်လိုက်ပါ၊ဒါဆိုရင် လောကကြီးတစ်ခုလုံးကို ခြားနားသောအမြင်တွေနဲ့ မြင်တတ်လာပါလိမ့်မယ်
မနေ့ကကျွန်တော်သည် တော်၏ ၊ ထို့ကြောင့် ကမ္ဘာကြီးကိုပြောင်းလဲပစ်ရန်ကြိုးစားခဲ့၏။ ယနေ့ကျွန်တော်သည်လည်းအသိဥာဏ်ပညာနှင့်ပြည့်စုံ၏၊ထို့ကြောင့်မိမိကိုယ်ကိုကောင်းအောင်သာကြိုးစား၏။

၀၅.မိမိနှလုံးသားခေါ်ဆောင်ရာနောက်သို့သာလိုက်သွားပါ၊ ရောက်သင့်ရောက်ထိုက်သောနေရာကို ရောက်မှာအသေချာ
မိမိအသက်ဝိဥာဉ်က လိုလားတောင့်တအပ်သောအရာကိုအကောင်အထည်ဖော်သောအခါ ၊ ပျော်ရွှင်ခြင်းမြစ်တစ်စင်း ရင်တွင်းစီးဆင်းမှာ ၊ လောကမှာ အရေးပါဆုံးသောအရာ။ မိမိနှလုံးသားထဲမှာဖယောင်းတိုင်တစ်တိုင် ၊ မီးညှိလို့ထွန်းလင်းစေပါ။ အသက်ဝိဥာဉ်ထဲမှာ ကွက်လပ်တစ်ခု ၊ ဖြည့်တင်းလို့ ပြည့်စုံစေပါ။

၀၆. အရာအားလုံးဟာ ချစ်ခြင်းတစ်ခုသာ
အခိုက်အတံ့တိုင်းကို နှစ်လိုဖွယ်ဖြစ်စေတာ ၊ လျှို့ဝှက်သော ကောင်းကင်ဘုံနန်းတစ်ခုဆီပျံသန်းရောက်ရှိစေဖို့ရာ ၊ ချစ်ခြင်းတစ်ခုသာစွမ်းနိုင်တာ။

၀၇. သင်ဒီထက်မက စွမ်းဆောင်နိုင်သည် ၊ အားထုတ်ဖို့သာလိုပေသည်
မိတ်ဆွေ…သင်သည် ကောင်းမွန်ခြင်း ယုံကြည်မှုရှိခြင်းတို့နှင့်မွေးဖွားလာ၏ ၊ သင်သည် စိတ်ကူးကောင်းများ ရည်မှန်းချက်အိပ်မက်များစွာတို့ဖြင့်မွေးဖွားလာ၏ ၊ သင့်တွင် ကြီးကျယ်မြင့်မြတ်ခြင်းဆီ ပျံသန်းရောက်ရှိရန် အတောင်တစ်စုံကိုလဲ ပိုင်ဆိုင်၏ ၊ ထို့ကြောင့် မြေပြင်တွင် တွားသွားရန်မလို ၊ တောင်ပံဖြန့်ကျက် ဝေဟင်ထက်ဆီ ပျံသန်းဖို့သာကြိုးစားပါလေ။

ရောင်ဝါတောက်ပခြင်းနှင့်မေတ္တာဂရုဏာတို့အတွက် ရှင်နေမင်းကိုအတုယူလော့ ၊ သူတစ်ထူးတို့၏ အပြစ်နှင့်အမှားများကို ဖုံးဖိအကာအကွယ်ပေးခြင်းတွင် ညသခင်နှင့်ဆင်ခြင်လော့ ၊ ရက်ရောခြင်းတွင် စိတ်နှစ်ဝင်ဖို့ တသွင်သွင်စီးသော ရေယဉ်ကြောကိုပမာယူလော့ ၊ ကြမ်းကြုတ်ခြင်းနှင့်ဒေါသမာန်ပြင်းထန်ခြင်းကို သေခြင်းတရားနှင့်နှိုင်းယှဉ်လော့ ၊ တည်ကြည်မျှတ အေးမြခြင်းတွင် မြေပထဝီကိုအားကျလော့။

၀၈.ဘဝလမ်းခရီးတွင်အမှောင်ထုနှင့်ကြုံဆုံရခိုက် တောက်ပသောအလင်းကိုပြမည့်သူမျိုးကိုသာ ရွေးချယ်ပေါင်းသင်းရာ၏
သင့်အား ကြောက်လန့်ခြင်းနှင့်ဝမ်းနည်းခြင်းကိုပေးသောသူကိုရှောင်ရှားရာ၏။ ရောဂါဘယနှင့် သေခြင်းတရားဆီတွန်းပို့မည့်သူမျိုးကိုလဲ ဖယ်ကျဉ်ရာ၏။ မိမိဘဝကို မီးတင်ရှို့ကြည့်ပါ။ ဘယ်သူက ယပ်လာခတ်သလဲ တွေ့ပါလိမ့်မယ်။

၀၉. သင့်ရဲ့အတွေးတွေကို အတည်မယူပါနဲ့ ၊ သင့်ကို သူတို့မပိုင်ဆိုင်ပါဘူး ၊ သင်သာသူတို့ကိုပိုင်ဆိုင်ပါတယ်
စိုးရိမ်ပူပန်ခြင်းတွေကို ရှင်းပစ်ပါ။ သူတို့ကို ဘယ်သူဖန်တီးတာလဲတွေးကြည့်ပါ။ ထောင်တံခါးဝကြီးပွင့်နေမှတော့ ဘာလို့ အထဲမှာနေနေဦးမှာလဲ။ စဉ်းစားတွေးတောလွန်ကဲခြင်းကို ထာဝရအိပ်စက်ခိုင်းလိုက်ပါ။ သင့်နှလုံးသားရဲ့လရောင်မှာ သူတို့အရိပ်မစွန်းထင်းပါစေနဲ့။ လွှင့်ပစ်လိုက်ပါ။

လူ့ဘဝဟာ တည်းခိုအိမ်နဲ့တူတူပဲ။ မနက်တိုင်းဟာ အသစ်ရောက်လာတဲ့ဧည့်သည်။ ပျော်ရွှင်မှု ဝမ်းနည်းမှုတွေဟာ မမျှော်လင့်ထားတဲ့ဧည့်သည်။ အားလုံးကို ကြိုဆိုပြီး ဧည့်ဝတ်ကျေလိုက်ပါ။ လေးလေးစားစားဆက်ဆံပါ။ တလွဲတချော်အတွေးတွေ ရှက်ရွံ့ရခြင်းတွေ ကံဆိုးမိုးမှောင်ကျခြင်းတွေကို ဟားတိုက်ရယ်မောခြင်းတံခါးဝမှာတွေ့ဆုံပြီး အထဲဝင်ခွင့်ပေးလိုက်ပါ။ ဘယ်သူပဲလာလာ တရိုတသေဧည့်ခံပါ။ ဘာကြောင့်ဆိုတော့ သူတို့တတွေဟာ သင့်ကိုပိုပြီးကောင်းမွန်မြင့်မြတ်တဲ့နေရာတစ်ခုဆီ ပို့ဆောင်ပေးမှာမလို့ပါပဲ။

၁၀. တစ်ခဏလေးတော့ တိတ်တိတ်ဆိတ်ဆိတ်ထိုင်နေကြည့် ၊ အရာအားလုံးဟာ အဓိပ္ပါယ်ရှိတာတွေ့ရလိမ့်မယ်
တိတ်ဆိတ်ငြိမ်သက်ခြင်းတွေမှာ ဆွဲဆောင်မှုအပြည့်ရှိတယ်။ သိုးမွှေးထိုးတာလေးခဏရပ်ပြီး ပြီးပြီးသားအဆင်လေး လှမလှပြန်ကြည့်ပါဦးလား။ တိတ်ဆိတ်ငြိမ်သက်ခြင်းဟာ ဘုရားရှင်ရဲ့ဘာသာစကားပဲ။ ကျန်တဲ့အရာတွေဟာ ခပ်ညံ့ညံ့ ဘာသာပြန်ဆိုမှုတွေပါ။

၁၁. မျက်လုံးအစုံကိုဖွင့်ပြီး ကိုယ့်မှာဘာတွေရှိနေသလဲသတိထားကြည့်ပါဦး
စကြာဝဠာတစ်ခုလုံးက အရာရာတိုင်း သင့်ဆီမှာရှိနှင့်ပြီးသား။ ကိုယ့်ဆီကပဲ ကိုယ်ပြန်တောင်းဆိုရမှာ။ ငါဟာ ရူးသွပ်ခြင်းနှုတ်ခမ်းပါးမှာ နေနေမိတာပဲ။ ဘာ့ကြောင့်လဲဆိုတဲ့ အကြောင်းပြချက်တွေပဲ လိုက်ရှာနေမိတယ်။ တံခါးတစ်ခုကို ပွင့်လာမလားလို့ ထပ်ခါတလဲလဲခေါက်နေမိတယ်။ ဪ…ငါက တံခါးအတွင်းဘက်က ခေါက်နေမိတာကိုး။ တစ်ခန်းဝင်တစ်ခန်းထွက်နဲ့ စိန်လည်ဆွဲကြီးကို သင်လိုက်ရှာနေတယ်။ သင့်လည်ပင်းမှာရှိနေတာ သတိမထားမိဘူးမဟုတ်လား။

သင့်ကိုယ်သင် ဘာလဲသိလား။ သင်ဟာ တုနှိုင်းမရတဲ့စာတစ်ပုဒ်ဖြစ်လာမယ့် ဇာတ်ညွန်း။ ကြီးကျယ်မြင့်မြတ်တဲ့ မျက်နှာတစ်ခုထင်ဟပ်နေတဲ့ ကြေးမုံပြင်။ ဘာတွေကိုလိုက်ပြီးတောင်းဆိုနေတာလဲ။ အဲဒါဟာသင်ကိုယ်တိုင်ပဲလေ။

Leave a Reply